---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Saturday, September 4, 2010

အမျိုးသ္မီးများ သောကြာဆွလာ့သ်ဝတ်ပြုရန် တောင်းဆိုလာပါလျှင်

Photo: Masjid Haroom, Bangkok

စူရာဟ်နေစာဟ် အာယသ် ၅၉ ၌ အလ္လာ့ဟ်အရှင်မြတ်၏အမိန့်တော်များကိုလိုက်နာကြလေကုန်၊ ထိုနည်းတူစွာရစူလ်တမန်တော်၏အမိန့်တော်များကိုလည်းကောင်း၊ အာဏာပိုင်များ၏ အမိန့်ကိုလည်းကောင်း လိုက်နာကြလေကုန်ဟူ၍မိန့်ဆိုထားသည်။

' အုလစ်လ်အမ်ရီ ' အာဏာပိုင်များဟူသည် မည်သူများနည်း။ ဤတွင်အဆိုကွဲပြားလျှက်ရှိ၏။ အချို့ကတိုင်းပြည်ကို စီမံအုပ်ချုပ်သောအစိုးရများကို ဆိုလိုသည်ဟူ၍လည်းကောင်း၊ အချို့က အာလင်မ်ပညာရှိသုခမိန်များကိုဆိုလိုသည်၍လည်းကောင်း၊ အချို့ကတရားသူကြီးများကိုဆိုလိုသည်ဟူ၍လည်းကောင်း၊ အချို့က စစ်သူကြီးများကို ဆိုလိုသည်ဟူ၍လည်းကောင်း၊ အမျိုးမျိုးယူဆကြသည်။

ကုရ်အာန်ကျမ်းလာ မုက္ခပါဌ်တော်အရ အထက်ပါ ပုဂ္ဂိုလ်အားအားလုံးကိုလည်း ဆိုနိုင်ပေသည်။ ရှူ-ဂျဆ်ဆွာဆ်

ဆက်၍ထိုအာယတ်တွင်လည်း ဆက်လက်၍မိန့်ဆိုသည်မှာ '' မိမိတို့အချင်းချင်း အငြင်းပွါးသောပြဿနာကို အလ္လာဟ်အရှင်မြတ် အထံတော်သို့ လွှဲအပ်ချင်းဟူသည် အလ္လာဟ်အရှင်မြတ်၏ ကျမ်းမြတ်နှင့်အညီလိုက်နာကျင့်သုံးခြင်းကိုဆိုလိုသည်။

တမန်တော်မြတ်ထံတော်လွှဲအပ်ခြင်းဟူသည် တမန်တော်မြတ်သက်တော်ထင်ရှားရှိစဉ် တမန်တော်မြတ်ထံတော်ချဉ်းကပ်၍ တမန်တော်မြတ်၏ အမိန့်ဩဝါဒတော်နှင့်အညီလိုက်နာကျင့်သုံးခြင်းကိုလည်းကောင်း တမန်တော်မြတ်ကွယ်လွန်အနိစ္စရောက်ပြီးနောက်တွင်မူ တမန်တော်မြတ်၏ ဟာဒီးစ်ဩဝါဒတော်နှင့်အညီ လိုက်နာကျင့်သုံးခြင်းကိုလည်းကောင်း ဆိုလိုသည်။

ဤသည့်အချက်ကိုထောက်ရှူ့ခြင်းအားဖြင့် အစ္စလာမ်သာသနာတော်တွင် ကုရ်အာန်ကျမ်းမြတ်နှင့် တမန်တော်မြတ်၏ဟာဒီးစ်ဩဝါဒများသည် အဓိကဖြစ်ကြောင်း အထင်အရှားသိရပေသည်။

အီဂျိဗ်နိုင်ငံ အာလ်အာဇာ တက္ကသိုလ်မှ မုဖ်သီအာဟ်လင်မ်ပညာရှင်များက တညီတညွတ်တည်းဆုံးဖြတ်ချက်အရ ကုရ်အာန်ကျမ်းမြတ်နှင့် ဒွိဟသံသယမဖြစ်နိုင်သော တမန်တော်မြတ်၏ ဟာဒီးစ်ဩဝါဒတော်များကိုသာလျှင် တရားဝင်ခိုင်လုံသော ဟာဒီးစ်များအဖြစ်လက်ခံသည်။

A note from the annual int.Islamic conference of Egypt 2009.

Authenticity of the hadiths rely on ”Quran”
”No Hadith is a Hadith if contradict with the basic principle of the Holy Quran”
Prof; Dr. Sayed Tantawi
Rector of Al-Azhar University
Cairo, Egypt.
By brother M.AHNAF

ထို့ကြောင့် အမျိုးသ္မီးများဗလီ၌ ဆွလာ့သ်ဝတ်ပြုသော ကိစ္စတွင် ဟာဒီးစ်အဆိုများသည် ကုရ်အာန်ကျမ်းမြတ်နှင့်ဆန့်ကျင်လျှက်ရှိသည်ကိုတွေ့ရသည်။

ဟာဒီးစ်အဆိုတစ်ရပ်တွင်အမျိုးသ္မီးများ သောကြာဆွလာ့သ်ဝတ်ပြုရန် တောင်းဆိုလာပါလျှင် သက်ဆိုင်ရာ အာလင်မ်ပညာရှင်များနှင့် အာဏာပိုင်များမှ ငြင်းဆိုခွင့်မရှိကြောင်းလာရှိသည်။ ထိုအဆိုအရဆိုလျှင် အမျိုးသ္မီးများဗလီ၌ ဆွလာ့သ်ဝတ်ပြုခြင်းကို ကန့်ကွက်ဟန့်တားပိုင်ခွင့်မရှိပေ။

ဆိုလိုသည်မှာအစ္စလာမ်သည် လွယ်ကူသောအမြင်ကျယ်သော သာသနာဖြစ်သည်။ တရားသေဝါဒကိုအမြဲတန်းဆန့်ကျင်၍ တရားရှင်ဝါဒကို ကျင့်သုံးသော သာသနာဖြစ်သည်။

Special thanks to Than

1 comment:

us lwin said...

(အမျိုးသ္မီးများနှင့်ဗလီဝတ်ကျောင်း)
ကျမ်းတော်မြတ်ကုရ်အာန်တွင် ၀ုဇူရေသန့်စင်ရာ၌ လည်းကောင်း။(၅း၆)ဆွီယမ်ဥပုဒ် စောင့်ထိမ်းရာ၌ လည်းကောင်း။(၂း၁၈၃)ဆွလာသ်တည်ဆောက်ရာ၌ လည်းကောင်း။(၄း၄၃)ဂျွမ္မာဟ်နေ့ ဗလီဝတ်ကျောင်း များကိုအပြေးအလွား လာကြရန်အမိန့်ပေး နှိုးဆော် ရာတွင်လည်းကောင်း။(၆၂း၉) ယောက်ျား မိန်းမခွဲ ခြားမှုမရှိသောအရဗီဝေါဟာရ(ယာအိုက်ယိုဟလ်လ ဇီနအားမနု)(အိုသက်ဝင်ယုံကြည်သူအ ပေါင်းတို့) ဟူ၍ ကျမ်းတော်မြတ်ကုရ်အာန် တစ်အုပ်လုံးတွင် ထိုကဲ့သို့ သုံးထားပေသည်။ ထို့အတွက် ကြောင့် ကမ္ဘာတစ်ဝှမ်းရှိဗလီဝတ်ကျောင်း အားလုံးတွင်အမျိုး သမီးများသည် အမျိုးသားများနည်းတူဆွ လာသ်ငါး ကြိမ် ဂျွမ္မာနှင့်အီးဒ်ဆွလာသ်များကို တည် ဆောက် လျှက်ရှိကြသည်။
စာရေးသူသည် ၁၉၉၉ခုနှစ်က အီဂျစ်နှိုင်ငံကိုင်ရိုမြို့ ရှိ (ဂျာမေအလ်အဇ်ဟရ်)အစ္စလာမ့်တက္ကသိုလ်တွင် စွန္နီမွတ်စလင်မ်တို့၏ ဖေကာဟ်ဓမ္မသတ်(၄)မျိုးနှင့် ရှီယာများ၏ ဂျာဖရီယာဖေကာဟ်ဓမ္မသတ် ကိုပါသင် ကြားပေးသူပါမေက္ခ ဒေါက်တာအဗဒွလ်ရအွဖ် ဆွာဗ ရီ အားအမျိုးသ္မီးများ ဗလီဝတ်ကျောင်းများတွင် ဆွ လာသ်တည်ဆောက်မှု နှင့်စပ်လျှင်း၍ ဖေကာဟ် ဓမ္မသတ်များ၏ အဆိုကိုမေးခဲ့ပါသည်။ ဆရာအပါအ ၀င်နိုင်ငံစုံမှ သင်တန်းတက်ရောက် လာကြသော ပညာရှင်များသည် တစ်အံ့တသြဖြစ်သွားကြသည်။ ထိုအခါဆရာက သင်တန်းပေးနေသော စင်မြင့်မှစာ ရေးသူအနားသို့ ဆင်းလာ၍တစ်အံ့တသြ မေးခွန်း တစ်ခုမေးသည်။ ကမ္ဘာတွင်မိန်းကလေးများ မတက်ရ သောဗလီဟူ၍လည်းကောင်း၊ မိန်းကလေးမ၀င်ရ သောသင်းချိုင်းဟူ၍ လည်းကောင်းရှိပါသလား။ ကျမ်းမြတ်ကုရ်အာန်က ပြဌာန်းထားသော အလ္လာဟ် အရှင်၏ဥပဒေ တစ်ရပ်ကိုတမန်တော်မြတ် ကြီးပင် လျှင်တားပိုင်ခွင့်မရှိတဲ့အတွက် မည်သည့်ဖေကာ ပညာရှင်များနဲ့ မည်သည့်လူသားတစ် ဦးတစ်ဦးတစ် ယောက်ကမျှ အမျိုးသမီးများဗလီဝတ် ကျောင်းများ တွင်တက်ရောက် ၀တ်ပြုခြင်းနှင့်သင်းချိုင်း များတွင် ဇနာဇာ ဆွလားသ်တည်ဆောက်ခြင်းကို တားပိုင်ခွင့် မရှိဟူ၍ နိုင်ငံတစ်ကာမှ သင်တန်းတက် ရောက် လျှက်ရှိသော ပညာရှင်သုံးဆယ်ကျော်နှင့် မြန်မာ ကိုယ်စားလည်(၄)ဦးတို့၏အရှေ့ တွင်ဖြေကြားသွား ပါသည်။
ထိုပညာရှင်ကြီးက မီးမောင်းထိုးပြသော အခြားတစ် ချက်မှာ- ကာဘာ ၀တ်ကျောင်းတော်နှင့် နဗ၀ီတမန် တော်မြတ်ကြီး၏ ကျောင်းတော်တွင် တမန်တော် ခေတ်မှယနေ့တိုင် အမျိုးသမီးများသည် အမျိုးသား များနည်းတူဆွလာသ်တည်ဆောက်လျှက်ရှိကြောင်း အခိုင်အ မာထောက်ပြခဲ့သည်။
ဦးစိုးလွင်(ငြိမ်းချမ်းလျှပ်စစ်)