tag:blogger.com,1999:blog-5330845426403802283.post8687554361410983411..comments2023-08-07T15:26:13.087+02:00Comments on မြန်မာမွတ်စ်လင်မ် စည်းလုံးခြင်း၏အင်အား: အမျိုးသ္မီးများ သောကြာဆွလာ့သ်ဝတ်ပြုရန် တောင်းဆိုလာပါလျှင်Unknownnoreply@blogger.comBlogger1125tag:blogger.com,1999:blog-5330845426403802283.post-5923092044573631892010-09-09T20:50:54.387+02:002010-09-09T20:50:54.387+02:00(အမျိုးသ္မီးများနှင့်ဗလီဝတ်ကျောင်း)
ကျမ်းတော်မြတ်က...(အမျိုးသ္မီးများနှင့်ဗလီဝတ်ကျောင်း) <br />ကျမ်းတော်မြတ်ကုရ်အာန်တွင် ၀ုဇူရေသန့်စင်ရာ၌ လည်းကောင်း။(၅း၆)ဆွီယမ်ဥပုဒ် စောင့်ထိမ်းရာ၌ လည်းကောင်း။(၂း၁၈၃)ဆွလာသ်တည်ဆောက်ရာ၌ လည်းကောင်း။(၄း၄၃)ဂျွမ္မာဟ်နေ့ ဗလီဝတ်ကျောင်း များကိုအပြေးအလွား လာကြရန်အမိန့်ပေး နှိုးဆော် ရာတွင်လည်းကောင်း။(၆၂း၉) ယောက်ျား မိန်းမခွဲ ခြားမှုမရှိသောအရဗီဝေါဟာရ(ယာအိုက်ယိုဟလ်လ ဇီနအားမနု)(အိုသက်ဝင်ယုံကြည်သူအ ပေါင်းတို့) ဟူ၍ ကျမ်းတော်မြတ်ကုရ်အာန် တစ်အုပ်လုံးတွင် ထိုကဲ့သို့ သုံးထားပေသည်။ ထို့အတွက် ကြောင့် ကမ္ဘာတစ်ဝှမ်းရှိဗလီဝတ်ကျောင်း အားလုံးတွင်အမျိုး သမီးများသည် အမျိုးသားများနည်းတူဆွ လာသ်ငါး ကြိမ် ဂျွမ္မာနှင့်အီးဒ်ဆွလာသ်များကို တည် ဆောက် လျှက်ရှိကြသည်။ <br />စာရေးသူသည် ၁၉၉၉ခုနှစ်က အီဂျစ်နှိုင်ငံကိုင်ရိုမြို့ ရှိ (ဂျာမေအလ်အဇ်ဟရ်)အစ္စလာမ့်တက္ကသိုလ်တွင် စွန္နီမွတ်စလင်မ်တို့၏ ဖေကာဟ်ဓမ္မသတ်(၄)မျိုးနှင့် ရှီယာများ၏ ဂျာဖရီယာဖေကာဟ်ဓမ္မသတ် ကိုပါသင် ကြားပေးသူပါမေက္ခ ဒေါက်တာအဗဒွလ်ရအွဖ် ဆွာဗ ရီ အားအမျိုးသ္မီးများ ဗလီဝတ်ကျောင်းများတွင် ဆွ လာသ်တည်ဆောက်မှု နှင့်စပ်လျှင်း၍ ဖေကာဟ် ဓမ္မသတ်များ၏ အဆိုကိုမေးခဲ့ပါသည်။ ဆရာအပါအ ၀င်နိုင်ငံစုံမှ သင်တန်းတက်ရောက် လာကြသော ပညာရှင်များသည် တစ်အံ့တသြဖြစ်သွားကြသည်။ ထိုအခါဆရာက သင်တန်းပေးနေသော စင်မြင့်မှစာ ရေးသူအနားသို့ ဆင်းလာ၍တစ်အံ့တသြ မေးခွန်း တစ်ခုမေးသည်။ ကမ္ဘာတွင်မိန်းကလေးများ မတက်ရ သောဗလီဟူ၍လည်းကောင်း၊ မိန်းကလေးမ၀င်ရ သောသင်းချိုင်းဟူ၍ လည်းကောင်းရှိပါသလား။ ကျမ်းမြတ်ကုရ်အာန်က ပြဌာန်းထားသော အလ္လာဟ် အရှင်၏ဥပဒေ တစ်ရပ်ကိုတမန်တော်မြတ် ကြီးပင် လျှင်တားပိုင်ခွင့်မရှိတဲ့အတွက် မည်သည့်ဖေကာ ပညာရှင်များနဲ့ မည်သည့်လူသားတစ် ဦးတစ်ဦးတစ် ယောက်ကမျှ အမျိုးသမီးများဗလီဝတ် ကျောင်းများ တွင်တက်ရောက် ၀တ်ပြုခြင်းနှင့်သင်းချိုင်း များတွင် ဇနာဇာ ဆွလားသ်တည်ဆောက်ခြင်းကို တားပိုင်ခွင့် မရှိဟူ၍ နိုင်ငံတစ်ကာမှ သင်တန်းတက် ရောက် လျှက်ရှိသော ပညာရှင်သုံးဆယ်ကျော်နှင့် မြန်မာ ကိုယ်စားလည်(၄)ဦးတို့၏အရှေ့ တွင်ဖြေကြားသွား ပါသည်။ <br />ထိုပညာရှင်ကြီးက မီးမောင်းထိုးပြသော အခြားတစ် ချက်မှာ- ကာဘာ ၀တ်ကျောင်းတော်နှင့် နဗ၀ီတမန် တော်မြတ်ကြီး၏ ကျောင်းတော်တွင် တမန်တော် ခေတ်မှယနေ့တိုင် အမျိုးသမီးများသည် အမျိုးသား များနည်းတူဆွလာသ်တည်ဆောက်လျှက်ရှိကြောင်း အခိုင်အ မာထောက်ပြခဲ့သည်။<br />ဦးစိုးလွင်(ငြိမ်းချမ်းလျှပ်စစ်)us lwinhttps://www.blogger.com/profile/14576140809243654879noreply@blogger.com