---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Sunday, May 31, 2009

မွတ်စလင်မ်အမျိုးသ္မီးများ၏ ဗလီတွင်စွလာတ်ဝတ်ပြုခြင်းနှင့်ပတ်သက်၍

Arab Muslim
Brunei Muslim
بِسْمِ اللَّهِ الرَّحْمَـٰنِ الرَّحِيمِ

وَمَن يَعْمَلْ مِنَ الصَّالِحَاتِ مِن ذَكَرٍ أَوْ أُنثَىٰ وَهُوَ مُؤْمِنٌ فَأُولَـٰئِكَ يَدْخُلُونَ الْجَنَّةَ وَلَا يُظْلَمُونَ نَقِيرًا

သို့ရာတွင်မည်သူမဆို ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ကောင်းမြတ်သော ကျင့်ဝတ်တို့ကိုကျင့်မူအံ့၊ ၎င်းပြင်သူတို့သည် 'မုအ်မင်န်' သက်ဝင်ယုံကြည်သူလည်းဖြစ်အံ့၊ သို့ဖြစ်လျှင် ထိုကဲ့သို့သောသူတို့သည် 'ဂျန္နတ်' အမတသုခဘုံသို့ဝင်ရောက် (စံမြန်း) ကြရမည့်အပြင် ထိုသူတို့သည် နှိတ်စက်ညှင်းပန်းခြင်းကိုလည်းစိုးစဉ်းမျှခံကြရမည်မဟုတ်ပေ။ (ကုရ်အာန် ၄:၁၂၄ အမျိုးသ္မီးများကဏ္ဍ)

မာစ့်ဂျစ်ဒ်ခေါ်ပလီသည် အမျိုးသား အမျိုးသ္မီးများအတွက်ဖြစ်သည်။အစ္စလာမ်၏သဘောတရားမှာ အကယ်၍ဗလီသည် မွတ်စလင်မ်များအတွက် မရှိမဖြစ်လိုအပ်သော နေရာတစ်ခုဖြစ်လျှင် အမျိုးသား အမျိုးသ္မီး နှစ်ဦးစလုံးအတွက်လိုအပ်သောနေရာဖြစ်နေပါသည်။ တမန်တော်မြတ် (ဆွ) လက်ထက်မှာလည်း မွတ်စလင်မ်အသိုင်းအဝိုင်းမှ အမျိုးသား အမျိုးသ္မီး များပလီတွင်စွလာတ်ဝတ်ပြုခဲ့ပါသည်။ ခိုင်လုံသောသက်သေအရ တမန်တော်မြတ်မှ မိန့်ဆိုခဲ့သည်မှာ စွလာတ် ဝတ်ပြုတဲ့အချိန်မှာ မိခင်များနှင့်လိုက်လာသော ခလေးငယ်များ၏ငိုသံကိုမကြာခဏကြားခဲ့ရသည်။ ဗလီများတွင်ဝင်ပေါက်တံခါး ခပ်များများ ရှိကြသည်။ တစ်နေ့၌တမန်တော်မြတ်က ဤတံခါးပေါက်ကို အမျိုးသမီးများအတွက်ထားလိုက်ပါဟုမိန့်ကြားခဲ့ပါသည်။ အဓိပ္ပယ်မှာအမျိုးသမီးများထိုတံခါးမှဝင်ရန် ဖွင့်ထားပေးရန်ဖြစ်သည်။

အစ္စလာမ်သာသနာတော်တွင် အမျိုးသား အမျိုးသ္မီး များရောနှောနေထိုင်ကြသည်ကို အားမပေးထားပါ။ အဝတ်အထည်ဝတ်ရာမှာလည်းကောင်း၊ လမ်းလျှောက်ရာတွင်လည်းကောင်း၊ စကားပြောရာတွင်လည်းကောင်း ရိုးသားမှုရှိရန် သင့်တင့်လျောက်ပတ်မှုရှိရန် ရှူထောင့်စုံမှ လေးနက်စွာ ဂရုစိုက်ကြည့်ရပါသည်။ လူအများကြားတွင် ဝတ်ထားသော အဝတ်အထည်ပုံစံ၊ အရောင်၊ စကားပြောပုံတို့သည် တစ်ဘက်သား၏ ကာမစိတ်ကိုဆွဲဆောင်မှုမဖြစ်စေရပါ။ ထို့ကြောင့်မွတ်စလင်မ် (Muslim Jurists)တရားရေးဆိုင်ရာများမှ မွတ်စလင်မ်အမျိုးသ္မီးများ၏ ဗလီတွင်သောကြာဂျွမ္မအာဟ်စွလာတ်ဝတ်ပြုလိုသော ဆန္ဒအပေါ်သဘောကွဲလွဲမှု များရှိနေသည်။

တမန်တော်မြတ် (ဆွ) မှမိန့်ကြားခဲ့သည်မှာ အလ္လာဟ်အရှင်မြတ်၏ ဗန်ဒါများဖြစ်သည့် အမျိုးသ္မီးများအား အလ္လာဟ်အရှင်မြတ်၏ မာစ့်ဂျစ်ဒ်သို့လာကြသည်ကို မဟန့်တားကြလေနှင့်။ ၎င်းတို့အား ရေမွှေးနန့်သာများမထည့်ဘဲ မာစ့်ဂျစ်ဒ်တွင်းသို့ဝင်ကြစေကုန်။ သို့သော်သူမများ၏အိမ်တွင်း၌ စွလာတ်ဝတ်ပြုချင်းသည် သူမတို့အတွက်အကောင်းဆုံးဖြစ်၏။ (အဗူ ဓါဝူးဒ်ကျမ်း)

အကျယ်တဝင့်ဖတ်ရန် :
http://www.tamilislam.com/ENGLISH/human_rights/Islamdiscouragewomen.htm

အမျိုးသ္မီးများတွင်အိမ်အလုပ်တစ်ဘက်နှင့်ကြောင့် အိမ်တွင်စွလာတ်ဝတ်ပြုမှုသည်သူမ
တို့အတွက်အကောင်းဆုံးဟူ၍အဓိပ္ပါယ်တစ်နည်းရသည်။်

ဗလီတွင်းသို့အမျိုးသ္မီးများဝင်လျှင် ဟီဂျာဗ်ခေါ်ခေါင်းစည်းပဝါ၊ လုံခြုံသောအဝတ်အထည် များနှင့်ဝင်သင့်သည်။ အလ္လာဟ်အရှင်မြတ်၏အိမ်ကိုသွားရောက်သောကြောင့်လည်းကောင်း၊ အစ္စလာမ်မှသင်ကြားထားသော အမျိုးသ္မီးများ
ကာယ အိနြေ္ဒိရေထိန်းသိမ်းရန်အတွက်လည်းကောင်းဖြစ်ပါသည်။ အဝတ်အရှည်ဝတ်သော်လည်းတင်းကြပ်နေသောအဝတ်မျိုးကိုလည်းရှောင်ရပါမည်။ ဤသို့ဝတ်ဆင်ခြင်းသည် ဗလီသို့သွားရာတွင်မှမဟုတ် ဖြစ်နိုင်ပါကနေ့စဉ်မွတ်စလင်မ်အမျိုးသ္မီးများကျင့်သုံးသင့်သည့်တာဝန်ဖြစ်ပါသည်။ ချက်ခြင်းမပြောင်းလည်းနိုင်သေးသော်လည်း အတိုဝတ်နေကျမှ အဝတ်အရှည် လေးတွေစဝတ်ကြည့်ပါ။ ကြည့်ရတာမွတ်စလင်မ်အမျိုးသ္မီးပုံစံလေးနှင့်ကျက်သရေလည်းရှိတယ် smart လည်းဖြစ်ပါတယ်။

မှတ်ချက် : အမျိုးသ္မီးများ ရာသီပန်းပွင့်သောရက်ကုန်ပြီး ဂျနာဗာဟ်ရေချိုးပြီးမှသာလျှင် ဗလီတွင်းသို့ဝင်ရပါမည်။ ကိုယ်မသန့်သောအချိန် ဗလီတွင်းသို့မဝင်ရပါ။

The Prophet (peace and blessings of Allaah be upon him) said: “I do not make the mosque permissible for menstruating women and those in a state of ritual impurity.”
http://www.islam-qa.com/en/ref/183/A%20menstruating%20woman

ရန်ကုန်မြို့တွင် ၅၉ လမ်းဗလီ၊ တစ်ခြမ်းပဲ့ဗလီ (အောင်ဆန်းကွင်းအနီး) နှင့် ဆဗာရှားဒါရ်ဂါဗလီတို့တွင် အမျိုးသ္မီးများစွလာတ်ဝတ်ပြုကြသည်။ ထိုဗလီများတွင်အမျိုးသ္မီးများ စွလာတ်ဝတ်ပြုရန်သီးသန့်အခန်းလည်းရှိပါသည်။ ထို့ပြင် တစ်ခြားနိုင်ငံ များဖြစ်ကြသော ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗရူနိုင်း၊ တရုတ် Saudi Arabia, Jorden, Iran, Sweden, England, America နိုင်ငံ များမှဗလီများတွင်အမျိုးသ္မီးများ စွလာတ်ဝတ်ပြုလေ့ရှိကြပါသည်။

တစ်ချို့ နိုင်ငံများ၏ဓလေ့ထုံးတန်းအရ (Traditional and Culture) အမျိုးသ္မီးများမာစ့်ဂျစ်ဒ်တွင်စွလာတ်ဝတ်ပြုခြင်းမရှိကြပါ။ ဥပမာ တူရကီ၊ ဗော့စ်နီးယား၊ အိန္ဒယ၊ ပါကစ်စတန် စသဖြင့်နိုင်ငံများဖြစ်ကြပါသည်။

ဗလီတွင် စွလာတ်ဝတ်ပြုခြင်းဖြင့် ခုသ်ဗာဟ်နားထောင်ရခြင်း၊ ကိုယ်မသိနားမလည်သောအစ္စလာမ်အ
ကြောင်းအရာများနားလည်လာခြင်း၊ ဗလီတွင်မွတ်စလင်မ် ညီအစ်မများနှင့် အတူစွလာတ်ဝတ်ပြုရခြင်း၊ ခင်မင်မှုရခြင်း၊ ရမ်မဒန် လမြတ်တွင်မွတ်စလင်မ်များအတူ ဝါဖြေကြခြင်း၊ သာရာဝီအတူဖတ်ကြခြင်း၊ အီးဒ်စွလာတ်အတူဖတ်ကြခြင်း၊ သာသနာရေး လုပ်ငန်းဆောင်များ အကြောင်း (activities) သိရှိနားလည် ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြခြင်း၊ ခလေးများ (ကိုယ့်မျိုးဆက်သစ်များ) ကို အစ္စလာမ်သာသနာသင်ခန်းစာများသင်ယူစေခြင်း၊ သာရေး၊ နာရေး ဝိုင်းဝန်းကူညီကြခြင်း၊ မွတ်စလင်မ်မောင်နှမများပိုမိုချစ်ခင်စည်းလုံးညီညွတ်ကြခြင်းစသဖြင့်အကျိုးကျေးဇူး
များစွာရရှိပါသည်။

စာဖတ်သူများရွှင်လန်းချန်းမြေ့ကြပါစေ။
အာမီးန်။

Friday, May 22, 2009

JUMAADA-AL-ULAA

DEFINITION
This is the first month of summer, and "Jumada" literally means dry. This month has no special rules and no specific customs arepracticed during it.

SIGNIFICANT EVENTS
The Battle "Moota" took place in 8 AH, awar against infidels in which the Holy Prophet (SAW) did not participate. The battle is named after a famous city in Syria (Moota). Zaid Ibn Haritha (RA) was the first appointed General by the Holy Prophet (SAW)
In the same battle Khalid ibn Walid (4th general of the Battle of Moota) was proclaimed by the Holy Prophet (SAW) as being "one of the swords of Allah"
The Holy Prophet (SAW) married his first beloved wife Khadijah (RA) 15 years prior to Prophecy

DEATHS
- Zaid Ibn Haritha (RA), Ja'far Ibn Abi Talib (RA) and Abdullah Ibn Rawaahah met martyrdom in 8 AH
- Abdullah Ibn Uthman (RA) passed away
- Abdul Muttalib, the grandfather of the Holy Prophet (SAW) passed away 32 years prior to prophecy

MATTER OF IMPORTANCE

Please click on the picture

Friday, May 8, 2009

ဂြိုဟ်နက္ခတ်များလှည့်ပတ်လျက်ရှိသောလမ်းကြောင်းများ



စူရာ အလ်-အန်ဗီယာ (နဗီတမန်တော်များကဏ္ဍ)
စင်စစ်ထိုအရှင်မြတ်သည်ပင် ညဥ့်ကိုလည်းကောင်း၊ နေ့ကိုလည်းကောင်း၊ နေကိုလည်းကောင်း၊ လကိုလည်းကောင်း ဖန်ဆင်းတော်မူခဲ့သော အရှင်ဖြစ်တော်မူ၏။ (ထိုဂြိုဟ်နက္ခတ်) အသီးသီးတို့သည် (မိမိတို့သက်ဆိုင်ရာ) ဂြိုဟ်နက္ခတ်လမ်းအသီးသီးတွင် လှည့်ပတ်သွားလာလှူပ်ရှားလျက်ပင် ရှိကြကုန်သတည်း။ (ကုရ်အာန် ၂၁:၃၃)

စူရာ ယာစီန်
၎င်းပြင်နေသည် (လည်းသက်သေလက္ခဏာတစ်ရပ်)ပင်။ ထိုနေသည် မိမိ (သွားလာရာ) လမ်းအတိုင်းသွား (လာ) လျက်ရှိနေလေ၏။ ဤသည်ကားအလွန်တရာ နိုင်နင်းလွှမ်းမိုးတော်မူသော အကြွင်းမဲ့သိရှိတော်မူသောအရှင်မြတ်၏ တိုင်းတာသတ်မှတ်ချက်ပင်ဖြစ်၏။ (ကုရ်အာန် ၃၆:၃၈)

စူရာ အလ်-အဇ်ဇရ်ရီယာ (လွင့်ပါးစေသောလေများကဏ္ဍ)
(ငါအရှင်မြတ်သည်) လမ်းကြောင်းများရှိသော မိုးကောင်းကင်ကိုသက်သေထူတော်မူ၏။ (ကုရ်အာန် ၅၁:၇)

အဆင့်ဆင့်ယုံကြည်မှူ
အေးလ်မွလ်ယကီးန် ဆိုသည်မှာစာပေကျမ်းကန်များမှရရှိသော အသိပညာများမှတစ်ဆင့် အလ္လာဟ်အရှင်မြတ်အားယုံကြည်ခြင်း။

အိုင်းနွလ်ယကီးန် ဆိုသည်မှာ မျက်မြင်ကြုံတွေ့မှူများမှတစ်ဆင့် အလ္လာဟ်အရှင်မြတ်အားယုံကြည်ခြင်းဖြစ်သည်။

နောက်ဆုံးယုံကြည်ချက်မှာ ဟာက်ကွလ်ယကီးန် ဟုခေါ်သည်။ ဟာက်ကွလ်ယကီးန် ဆိုသည်မှာ အမှန်ကိုအမှန်အတိုင်းသိမြင်ပြီး အလ္လာဟ်အရှင်မြတ်အားယုံကြည်ခြင်းဖြစ်သည်။

ဒီပို့စ်အတွက်ဝိုင်းကူသော Dr. Than အားအထူးဘဲကျေးဇူးတင်ပါသည်။

Monday, May 4, 2009

စူရသွရ် အလ်ဟဒီးယ် (သံကဏ္ဍ)




ထိုမှတစ်ပါး ငါအရှင်မြတ်သည် သံသတ္တုကို ချပေးတော်မူခဲ့၏။ ယင်းသံသတ္တု၌ ကြီးကျယ်ပြင်းထန်လှသော စွမ်းအင်ရှိပေသည်။ လူသားတို့အဖို့အကျိုးကျေးဇူးများလည်းရှိသည်။

ထိုမှတစ်ပါး မည်သူသည် မမြင်ဘဲလျက် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်များလည်းကောင်း၊ ကူညီသည်ကို အလ္လာဟ်အရှင်မြတ်သည် သိတော်မူအံ့သောငှါ (ချပေးတော်မူခြင်းလည်းဖြစ်သည်)။ မလွဲဧကန် အလ္လာဟ်အရှင်မြတ်မှာမူကား အလွန်တရာ နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်မြတ်ဖြစ်တော်မူပေသတည်း။ ကုရ်အာန် (၅၇:၂၅)

Sunday, May 3, 2009

မိုးခုနစ်ထပ်



ထိုနောက် ထိုအသျှင်မြတ်သည် ယင်းမိုးကောင်းကင်ကို နှစ်ရက်နှင့် မိုးခုနစ်ထပ် ပြုလုပ်တော်မူခဲ့၏။ ထိုမှတပါး မိုးကောင်းကင်အသီးသီး၌ ၎င်းနှင့်သက်ဆိုင် သင့်မြတ်သော အမိန့်တော်ကိုထုတ်ပြန်တော်မူခဲ့၏။ (ကုရ်အာန် ၄၁: ၁၂)