---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Saturday, March 7, 2009

မိုဟာမ္မတ်(ဆွ) အားထိမ်းမြားခြင်းနှင့်ပတ်သက်၍ဘာသာခြားများရှုတ်ချ မှုများကိုပြန်လည်ရှင်းလင်းခြင်း

.
တမန်တော်မြတ် မိုဟာမ္မတ်(ဆွ) အားကြင်ယာတော်များနှင့်ထိမ်းမြားခြင်းနှင့်ပတ်သက်၍ဘာသာခြားများရှုတ်ချကန့်ကွက်မှု
များကိုပြန်လည် ရှင်းလင်းခြင်း

In defence of Islam မှကောက်နှုတ်တင်ပြသည်။ တမန်တော်မြတ် မိုဟာမ္မတ် (ဆွ.အ.ဝ) ၏ လူငယ်ဘဝတစ်လျောက်လုံးတွင် ကြင်ယာတော် ခဒီဂျာ သခင်မတစ်ဦးတည်းနှင့်သာထိမ်းမြားခဲ့သည်။ လူငယ်ဘဝတွင် ယောင်္ကျားများ၏ ကာမဂုဏ် စိတ်အမြင့်ဆုံးဖြစ်နေလင့်ကစား တမန်တော်မြတ်ကား ကြင်ယာတော် တစ်ဦးတည်းကိုသာထိမ်းမြားလက်ထပ်ခဲ့သည်။

ထိုခေတ်အချိန်ကာလတွင် တမန်တော်မြတ် နေထိုင်ခဲ့သောပတ်ဝန်းကျင်တွင် ဇနီးမိန်းမ များများယူကြခြင်းသည် သာမန်ဓလေ့ထုံးစံတစ်ရပ်ဖြစ်ခဲ့သည်။ ထို့အပြင်အိမ်ထောင်ကွဲခြင်းမှာလည်းအလွန်လွယ်ကူခဲ့သည်။ သို့သော်တမန်တော်မြတ်သည် ကြင်ယာတော် တစ်ဦးတည်းကိုသာထိမ်းမြားလက်ထပ်ခဲ့သည်။

ထို့အပြင်တမန်တော်မြတ် ထိမ်းမြားလက်ထပ်ခဲ့သော ကြင်ယာတော်မှာ တမန်တော်မြတ်ထက်လည်းအသက်ကြီးသူဖြစ်သည်။
** ခဒီဂျာသခင်မသည် တမန်တော်မြတ်နှင့် ထိမ်းမြားချိန်၌ သက်တော် ၄၀ ရှိပြီဖြစ်သည်။ မုဆိုးမလည်း ဖြစ်သည်။ အကယ်၍တမန်တော်မြတ်သည် စွတ်စွဲခံရသလို တဏှာရမ္မက်ကြီးသူဆိုလျှင် တမန်တော်မြတ်၏နုပျိုနေသော သက်တော် ၂၅ နှစ်အရွယ်မှာ မုဆိုးမ အသက်ကြီးသူနှင့်အဘယ်ကြောင့်ထိမ်းမြားနိုင်မည်နည်း။ ဤသို့ထိမ်းမြားခဲ့ခြင်းသည် အမျိုးသ္မီးကိုညှာတာခြင်း၊ မုဆိုးမအား လေးစားခြင်းတို့ကြောင့်ဖြစ်သည်။ **

တမန်တော်မြတ် မိုဟာမ္မတ် (ဆွ.အ.ဝ) သည် အိမ်ထောင်သက် ၂၅ နှစ်လုံးလုံး ၎င်း ကြင်ယာတော်အတွက် သစ္စာရှိသောခင်ပွန်းအဖြစ် အတူနေထိုင်ခဲ့သည်။ ထိုအတောအတွင်းကာလမှာလည်း အခြားမည်သည့်အမျိုးသ္မီးကိုမျှ ထိမ်းမြားလက်ထပ်ခြင်းမပြုခဲ့ပါ။ ခဒီဂျာ သခင်မသေဆုံးသွားတဲ့အထိသစ္စာရှိ
ရှ
ိ အတူတူနေထိုင်ခဲ့ပေသည်။ ထိုအချိန်တွင် တမန်တော်မြတ် မိုဟာမ္မတ် (ဆွ.အ.ဝ)၏ သက်တော်မှာ ၅၀ ရှိပြီဖြစ်သည်။

ထိုသက်တော် ( ၅၀ ) နောက်ပိုင်းတွင် တမန်တော်မြတ်သည်အခြားကြင်ယာတော်များအား လူမှူရေး၊ နိုင်ငံရေး ရည်ရွယ်ချက်များဖြင့်သာ ထိမ်းမြားလက်ထပ်ခဲ့သည်။ ထိုသို့လက်ထပ်ရာမှာ အကျင့်စာရိတ္တကောင်းမွန်သော အမျိုးသ္မီးများအား ဂုဏ်ပြုလိုသောအကြောင်းကြောင့်၎င်း မျိုးနွယ်အုပ်စုများကို ဂုဏ်ပြုလိုသောအကြောင်းကြောင့်၎င်း ထိမ်းမြားခဲ့ခြင်းဖြစ်သည်။ ထိုမှတစ်ဆင့်အစ္စလာမ် ဘာသာသည် ထိုမျိုးနွယ်အုပ်စုများတွင် တစ်နည်းပြန့်နှံ့သွားခဲ့သည်။

တမန်တော်မြတ်သည် ကိုရိုက်ရှ် မျိုးနွယ်မှ ကြင်ယာတော် ၆ ဦးနှင့် တစ်ခြားသော အာရဗ်မျိုးနွယ်စုများမှ ကြင်ယာတော် ၅ ဦး၊ စုစုပေါင်း ကြင်ယာတော် ၁၁ ဦးနှင့်ထိမ်းမြားလက်ထပ်ခဲ့သည်။ အာအေရှာ သခင်မမှအပ ကျန်သောကြင်ယာတော်များမှာ မုဆိုးမနှင့်တစ်ခုလပ်များဖြစ်ကြပြီး ၎င်းတို့အားဂုဏ်ပြုရန်ထိမ်းမြားပေးခဲ့ခြင်းဖြစ်သည်။ ယခင်ခေတ်ကာလတွင် ထိုကဲ့သို့သော မုဆိုးမနှင့်တစ်ခုလပ်အမျိုးသ္မီးများကိုမည်သူမှ လက်မထပ်ကြပဲ ပြစ်ပယ်ထားကြသည်။

တမန်တော်မြတ်၏ ကြင်ယာတော်များအားလုံးသည် အာအေရှာ သခင်မမှအပ ငယ်ငယ်ရွယ်ရွယ်များလည်းမဟုတ်ပါ။ လှပသောသူများလည်းမဟုတ်ပါ။ သို့ပါ၍ တမန်တော်မြတ်အား အဘယ်ကြောင့် တဏှာရမ္မက်ကြီးသူဟုစွတ်စွဲနိုင်အံ့နည်း။ တမန်တော်မြတ်သည် လူသားတစ်ဦးဖြစ်သည်။ ဘုရားမဟုတ်ပါ။ တမန်တော်မြတ်မှာလည်း လူသားကဲ့သို့ သားသ္မီးလိုချင်သောဆန္ဒရှိပေလိမ့်မည်။ ထိုဆန္ဒကြောင့် ထိမ်းမြားလက်ထပ်ချင်သောဆန္ဒရှိပေလိမ့်မည်။ ခဒီဂျာသခင်မနှင့်မွေးဖွားခဲ့သော သား ၂ ဦးနှင့်သ္မီး၃ဦးသေဆုံးသွားခဲ့သည်။ အငယ်ဆုံးသ္မီးတော် ဖွာတေမာသခင်မတစ်ဦးတည်းသာ အသက်ရှင်ခဲ့သည်။

ဓလေ့ထုံးတမ်းများအရဥစ္စာဓနချမ်းသာကြွယ်ဝသော လူများသာလျှင် ဇနီးမိန်းမအများယူလေ့ရှိသည်။ တမန်တော်မြတ်ကဲ့သို့ ချို့တဲ့သောသူသည် လူမှူရေး၊ နိုင်ငံရေး အတွက်ရည်စူးပြီး ထိုကြင်ယာတော်များနှင့်ထိမ်းမြားခဲ့ခြင်းဖြစ်သည်။ တမန်တော်မြတ်သည်၎င်း ကြင်ယာတော်များနှင့် ညီညီမျှမျှတရားမျှတစွာဖြင့်ပေါင်းသင်းနေထိုင်ခဲ့လေသည်။ မည်သည့်ကြင်ယာတော်ကိုမျှ ခွဲခြားဆက်ဆံခြင်းမပြုခဲ့ပါ။

ဒီစာအုပ်ရေးသူ Vieccia Vaglieri မေးထားသည်မှာ ဘာသာခြားများသည် တမန်တော်မြတ်အား ကြင်ယာတော်များနှင့်ထိမ်းမြားလက်ထပ်ခြင်းနှင့် စပ်လျဉ်း၍ကန့်ကွက်နေကြခြင်းမှာ တမန်တော်မြတ်၏ ဘဝတစ်လျှောက်လုံးတွင် ပွင့်ပွင့်လင်းလင်း ရှင်းရှင်းနေထိုင်ပြခဲ့သောကြောင့်လား သို့မဟုတ်ရှေးယခင်ကတမန်တော်များအကြောင်းကိုအသေအချာဂဂဏဏမသိကြခဲ့လို့ ပဲလား။

**သို့မဟုတ် သူတစ်ပါးအားမုန်းတီးမှုက ကိုယ့်သမိုင်းကိုယ်မေ့နေကြလို့လား **

မှတ်ချက် : ရှေးယခင်မှမွတ်စ်လင်မ် မဟုတ်သောဘာသာခြားဘုရင်များမှာလည်း နိုင်ငံရေး၊ လူမျိုးရေးအတွက် ရည်ရွယ်၍ ကြင်ယာတော်အမြောက်အများနှင့် ထိမ်းမြားခဲ့သည်မှာ သမိုင်းထင်ရှားတွေ့ရှိရပါသည်။

ဥပမာ : အနော်ရထာ၊ ကျန်စစ်မင်း၊ ဘုရင့်နောင်၊ မင်းတုန်းမင်း၊ သီပေါမင်း တို့သည်ကြင်ယာတော်အမြောက်အများယူခဲ့ကြပေသည်။ ထိုဘုရင်များသည် မြန်မာနိုင်ငံ၌ဗုဒ္ဓဘာသာ ထွန်းကား တိုးတက်ရေးအတွက်
ကြိုးပမ်းသောဘုရင်များလည်းဖြစ်ကြသည်။ ထို့အတူ အိန္ဒိယ၊ တရုပ်၊ ထိုင်း နိုင်ငံများတွင်လည်း ထိုနည်း၎င်း တွေ့ရှိရသည်။ လူတွင်မည်သို့ပင်အမှန်တရားကိုရှင်းပြစေကာမူ ထိုသူ၏ယင်ထဲတွင်အမုန်းရှိနေသမျှကာလပတ်လုံး သူတစ်ပါးအားအပြစ်ရှာခြင်းမှရပ် ကြမည်မဟုတ်။

ရေးသားသူ Veccia Vaglieri (A famous Italian Orientalist) ၏ In defence of Islam စာအုပ်မှ ကျွန်ုပ်ဘာသာပြန်ဆိုသည်။

တမန်တော်မြတ်၏ဩဝါဒတော်တွင်လာရှိသည်မှာ : လူတွင်အသားတုံးတစ်တုံးရှိသည်။ ကိုယ်ကောင်းလျှင် ထိုအသားတုံးသည်ဖြူမည်။ ကိုယ်ဆိုးလျှင် ထိုအသားတုံးသည်မည်းမည်။ ထိုအသားတုံးသည် နှလုံးသားပင်ဖြစ်သည်။

- The Encyclopeadia Britannica book : Mohammed was the most succefull of all religious personalities.

- Thomas Carlyle : Prophet Mohammed (PBUH) his sincerity .... Such sincerity, as we named it, has in very truth something of divine. Heros and hero book page 71.

- Mahatama Gandhi : The more I study the more I discover that the strenght of Islam does not lie in the sword. A sikh journalist in '' Nawan hindustans '' Delhi.

No comments: