---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Thursday, February 18, 2010

ဆွစ်ဇာလန်မှ မီနာရသ် ပိတ်ပင်ရေး နှိုးဆော်ခဲ့သူနိုင်ငံရေးသမား အစ္စလာမ်ဘာသာ ကူးပြောင်း

ဆွစ်ဇာလန်နိုင်ငံတွင် အစ္စလာမ် တရားဟောစင်မြင့်များ ဆောက်လုပ်ခွင့် ပိတ်ပင်ရန် အဓိက နှိုးဆော်ခဲ့သူ ထင်ရှားကျော်ကြားသည့် နိုင်ငံရေးသမား တစ်ဦးသည် ယခုအခါ အစ္စလာမ် ဘာသာဝင်အဖြစ် ခံယူလိုက်ကြောင်း သိရသည်။ ဆွစ်ဇာလန်၏ အကြီးမားဆုံး နိုင်ငံရေးပါတီတစ်ခုလည်းဖြစ်သော အတိုက်အခံ ဆွစ်ပြည်သူ့ပါတီ (SVP) မှ ဩဇာကြီးမားသော နိုင်ငံရေးသမား တစ်ဦးဖြစ်သူ ဒင်နီ ရယ်လ်စထရစ်ခ်ျ (Daniel Streich) သည် SVP မှ ဦးဆောင်စည်းရုံးသည့် အစ္စလာမ် တရားဟောစင်မြင့်များ တည်ဆောက်ခွင့် ပိတ်ပင်ရေး ဥပဒေကို အတည်ပြုနိုင်အောင် အဓိက ကြီးမှူးနှိုးဆော်ခဲ့သူလည်းဖြစ်သည်။

ယမန်နှစ်က ယင်းဥပဒေကို အတည်ပြု ပြဌာန်းလိုက်ပြီးနောက် နိုဝင်ဘာလတွင် စထရစ်ခ်ျသည် SVP မှ နှုတ်ထွက်လာခဲ့ပြီး ယင်း၏ နိုင်ငံရေးပါတီဟောင်းက အစ္စလာမ် ဘာသာရေးအား အဓိက အတိုက်အခံ ပြုလုပ်နေခြင်းအား စတင်ဆန့်ကျင်လာခဲ့သည်။ စထရစ်ခ်ျက မိမိသည် SVPနှင့်အတူ ယင်းဥပဒေကို အတည်ပြုနိုင်အောင် ကြိုးပမ်းခဲ့မှုများအတွက် နောင်တရလာမိကြောင်းလည်း ပြောကြားခဲ့သည်။ “ကနဦး အဆိုတင်သွင်းမှု အောင်မြင်သွားတာနဲ့ ဒီဥပဒေ အတည်ဖြစ်လာဖို့ သေချာနေပြီဆိုတာ ကျွန်တော်သဘောပေါက်ခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ကျွန်တော်ဟာ နက်နက်နဲနဲ ခံစားမှုတစ်ခု ၀င်လာခဲ့ပါတယ်။ ကျွန်တော်ဟာ နိုင်ငံရေးသမားတစ်ယောက်အဖြစ် နှစ်ပေါင်း (၃၀)ကျော် ကျင်လည်ခဲ့တာပါ။ ဒါပေမယ့် အစ္စလာမ်ဘာသာဝင်တွေရဲ့ ယုံကြည်ကိုးကွယ်မှုကို ဆွစ်ဇာလန်မှာ ဖိနှိပ်မှုတွေဖြစ်လာအောင် လုပ်ခဲ့မိပါပြီ”ဟု စထရစ်ခ်ျကဆိုသည်။ ယင်းသည် ယခင်က ခရစ်ယာန် ဘာသာဝင်တစ်ဦး ဖြစ်ခဲ့ပြီး ဆွစ်တပ်မတော်၏ ညွှန်ကြားရေးမှူး တစ်ဦးလည်းဖြစ်သည်။

ယခုအခါတွင်တော့ စထရစ်ခ်ျသည် ကုရ်အာန်ကျမ်းစာနှင့် အစ္စလာမ် အဆုံးအမများကို စနစ်တကျ လေ့လာသင်ယူပြီးနောက် ၎င်း၏ယုံကြည်ကိုးကွယ်မှုကို အစ္စလာမ်ဘာသာရေးအတွက် အပြည့်အ၀ စိတ်နှစ်ကာ မြှုပ်နှံလိုက်ပြီဖြစ်သည်။ “အစ္စလာမ်ဘာသာဟာ ကျွန်တော့်အတွက်တော့ ဘ၀မှာ ကြုံရမယ့် မေးခွန်းတွေကို လက်တွေ့ကျကျ အဖြေပေးခဲ့ပါတယ်။ အမှန်ပြောရရင် ဒီလိုအဖြေမျိုးတွေကို ခရစ်ယာန်ဘာသာမှာ ကျွန်တော်လုံးဝ မတွေ့ခဲ့ဖူးပါဘူး”ဟု စထရစ်ခ်ျက ၀န်ခံခဲ့သည်။ စထရစ်ခ်ျသည် ယခုအခါ ဘာသာရေး ကိုင်းရှိုင်းလှသည့် အစ္စလာမ် ဘာသာဝင်တစ်ဦး ဖြစ်လာပြီး ဗလီသို့ နေ့စဉ်သွားရောက်ကာ ကုရ်အာန်ကျမ်းမြတ်ကို တစ်နေ့(၅)ကြိမ် ရွတ်ဖတ်ပူဇော်လျက်ရှိသည်။ SVP ပါတီကမူ စထရစ်ခ်ျ အစ္စလာမ်ဘာသာဝင်အဖြစ်သို့ ကူးပြောင်းခံယူသွားခြင်းအတွက် စိုးရိမ်မိကြောင်း ကြေညာထားခဲ့သည်။

Ref : ww.hikmah.info

1 comment:

Sit Mone's Mosaic Thoughts said...

Salam
Happy new year.
I have copied this to be posted in my blog.
rgd,
AKG