---
အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည်
Showing posts with label Foods and Drink. Show all posts
Showing posts with label Foods and Drink. Show all posts
Friday, December 28, 2012
“အစ္စလာမ် နှင့် အစားအစာ”
- “တွိုင်ယိဗါတ်” သန့် ရှင်းစင်ကြယ် ၍ “ဟလာလ်”တရားဝင် ခွင့်ပြုထားသော အစားအစာသည်
(၁) သက္က၀ါ တရားနှင့်ယုံကြည်ချက် အပေါ်တိုက်ရိုက်ဆက်စပ်ခြင်း-
ထို့ ပြင်တ၀ အသင်တို့ သည် မိမိတို့ အား အလ္လာဟ်အရှင်မြတ်က ပေးသနားတော်မူသည်များအနက်မှ(စားသုံး)ခွင့်ပြုထားတော်မူသော သန့် စင်သောအရာများကို စားသုံးကြလေကုန်။ ၄င်းပြင်အသင်တို့ သည် မိမိတို့ သက်ဝင်ယုံကြည်လျက်ရှိကြကုန်သော အလ္လာဟ်အရှင်မြတ်အားသာ ကြောက်ရွံကြလေကုန်။ကုရ်အာန် (5း88)
(၂) “အေဘာဒသ်”တစ်ရပ်ဖြစ်ခြင်း-
သို့ ရာတွင် အသင်တို့ သည် မိမိတို့ အား အလ္လာဟ်အရှင်မြတ်က ချီးမြင့်ပေးသနားတော်မူသောအရာများအနက် သန့် ရှင်းစင်ကြယ် သော၊စားသုံးခွင့်ပြုတော်မူသော၊အရာများကိုစားသုံးကြလေကုန်။ ထိုမှတပါး အသင်တို့ သည် အလ္လာဟ်အရှင်မြတ်ကိုသာ ခ၀ပ်ကိုးကွယ် ကြပါလျှင် ထိုအရှင်မြတ်၏ကျေးဇူးတော်များနှင့်စပ်လျဉ်း၍ ကျေးဇူးတင်ရှိကြလေကုန်။ ကုရ်အာန် (16း114)
.
“ကျမ်းမြတ်ကုရ်အာန်မှ “ဟလာလ်”သတ်မှတ်ခွင့်ပြုထားသော အစားအစာ”
- နွယ်ပင်များ၊ကောက်ပဲသီးနှံများ၊သစ်သီးဝလံများ၊သစ်ဥ/သစ်ဖုများ၊ စားသုံးခွင့်ပြုထားခြင်း၊ ကြည့်-ကုရ်အာန် (6း141)
- ခြေလေးချောင်းတိရစ္ဆာန် များကိုစားသုံးခွင့်ပြုထားခြင်း၊ကြည့်-ကုရ်အာန် (6း142)
- နို့ ရည် ကိုသောက်သုံးရန်ခွင့်ပြုထားခြင်း၊ကြည့်-ကုရ်အာန် (166း6)
- ပျားရည်ကို ဆေးဝါးအဖြစ်သောက်သုံးရန်ခွင့်ပြုထားခြင်း၊ ကြည့်-ကုရ်အာန် (166း9)
- ရေသတ္တ၀ါများကိုစားသုံးခွင့်ပြုထားခြင်း၊ကြည့်-ကုရ်အာန် (16း14)
.
“ကုရ်အာန်ကျမ်းမြတ်မှ “ဟရာမ်”တားမြစ်ထားသောအစားအစာများ”
- အလိုအလျောက် သေသော တိရစ္ဆာန်သည်၎င်း၊သွေးသည်၎င်း၊ ၀က်တိရစ္ဆာန်၏အသားသည်၎င်း၊အလ္လာဟ်အရှင်မြတ်မှတပါး အခြားကို ရည်စူးထားသော တိရစ္ဆာန်သည်၎င်း၊လည်မျို(ညှစ်၍ဖြစ်စေ၊ လိမ်၍ဖြစ်စေ)သေရသောတိရစ္ဆာန်သည်၎င်း၊ရိုက်နှက်၍ဖြစ်စေ ထိခိုက်၍ဖြစ်စေသေသော တိရစ္ဆာန်သည်၎င်း၊မြင့်ရာမှကျ၍သေသော တိရစ္ဆာန်သည်၎င်း၊ဦးချိုဖြင့်ဝှေ့ ခတ်ခြင်းခံရ၍သေသော တိရစ္ဆာန်သည် ၄င်း၊(အသက်မထွက်မှီတရားတော်နှင့်အညီ)အသင်တို့  “ဇဗ်ဟ်” လှီးဖြတ်နိုင်ခဲ့သော တိရစ္ဆာန်များမှအပ သားရဲတိရစ္ဆာန်များကိုက်ခဲ သတ်ဖြတ်ထားသော တိရစ္ဆာန်သည်၎င်း၊အသင်တို့ အပေါ်၌ “ဟရာမ်” ဟူ၍တားမြစ်ထားပြီးဖြစ်သည်။ရုပ်ပွါးဆင်းတုများထားရှိရာဌာနများတွင် ပူဇော်သက္ကာပြုရန် လှီးဖြတ်ထားသော တိရစ္ဆာန်သည်၎င်း၊မဲမြှားတို့ ဖြင့် အသင်တို့ ဝေစုဝေပုံ ခွဲခြင်းသည်၎င်း၊အသင်တို့ အဘို့ (စားသုံးခြင်းမပြုကြရန်) “ဟရာမ်”တားမြစ်ထားပြီးဖြစ်ချေသည်။ ဤသည်တို့ ကား ပြစ်မှုဒုစရိုက်များပင်တည်း။ ကုရ်အာန် (53း)
.
“ဟရာမ်”အဖြစ်တားမြစ်ထားသော်လည်း အခြေအနေတစ်ရပ်ပေါ်မူတည်၍ တပ်မက်ကျူးလွန်ခြင်းမရှိဘဲ စားသုံးခြင်းကိုခွင့်ပြုထားသည်။ ကုရ်အာန် (16း 115)
.
ထို့ ကြောင့် မွတ်စလင်မ် တစ်ဦးအနေဖြင့် မိမိစားသုံးသည့် (အရာ)အစားအစာသည်
(၁) “ဟလာလ်”အလ္လာဟ်အရှင်မြတ်က ခွင့်ပြုထားပြီးဖြစ်ရမည်။
(၂) “တွိုင်ယိဗါတ်”သန့် ရှင်းစင်ကြယ်မှုရှိရမည်။
အစားအစာတစ်ခုသည် “တွိုင်ယိဗါတ်” သန့် ရှင်းစင်ကြယ်မှုရှိသော်လည်း “ဟလာလ်”ခွင့်ပြုထားခြင်းမရှိလျှင် “ဟရာမ်”စားသုံးခွင့်မရှိချေ။ထို့ အတူ “ဟလာလ်”ခွင့်ပြုထားသော်လည်း “တွိုင်ယိဗါတ်”သန့် ရှင်းစင်ကြယ်ခြင်းမရှိလျှင် စားသုံးခွင့်မရှိချေ။
.
Post by IYS member Ko Ye Han
Sunday, May 1, 2011
ဂျပန် Teriyaki ကြက်သားကြော်
ကြော်နည်း
-----------
၁) ကြက်သားရင်အုံ ၃၀၀ ဂရမ်
၂) Teriyaki sauce ထမင်းစားဇွန်း ၃ ဇွန်း
၃) နာနတ်ယို (pineapple marmalade) လက်ဖက်ရည်ဇွန်း ၂ ဇွန်း ခွဲ
၎) ဆီ
ကြက်သားကို အသင့်အတင့်အရွယ်တုံးပါ။
ဆီပူမှာထည့်ကြော်ပြီး Teriyaki sauce ထည့်မွှေပေးပါ။
ကြက်သားကျက်ခါနီးမှာ နာနတ်ယို (pineapple marmalade) ထည့်ပြီးမွှေပါ။
ကြက်သား Teriyaki sauce၊ နာနတ်ယိုတို့နဲ့စေးကပ်လာရင် စားသုံးနိုင်ပါပြီ။ ကြော်ရတာအလွန်လွယ်ကူပြီး Teriyaki ကို ဆလပ်ရွက် ၊ ထမင်းပူ၊ ဆန်ပြုတ်တို့နဲ့အတူစားနိုင်ပါတယ်။ နေမကောင်းရာမှ နလန်ထူစသူများ၊ အစားအသောက်အရသာပျက်နေသူများကိုလုပ်ကျွေးရန်သင့်တော်တဲ့ Teriyaki ဖြစ်ပါတယ်။
Friday, March 18, 2011
ထိုင်းခရမ်းချည်သီးငါးပိချက်
-----------
၁) ကြက်သွန်ပါးပါးလှီး
၂) ကြက်သား အနည်းငယ်ကိုနုတ်နုတ်စင်း
၃) ၃၈၀ ဂရမ် ခရမ်းချည်သီးအနစ် (သံဘူး)
၎) နွနွင်းမှုန့်
၅) ဆား
၆) သကြား
၇) ငံပြာရည်
၈) ထိုင်း ပုဇွန်ငါးပိ (ဟာလလ်တံဆိတ်ပါ)
၉) ငရုတ်သီး တစ်တောင့် ထောင်း
၁၀) ငရုတ်အကျက်မှုန့် half teaspoon (အစပ်ကြိုက်ရင် ပိုထည့်နိုင်သည်)
၁၁) ဆီ
်၁၂) နံနံပင်ပါးပါးလှီး
ဆီပူထဲမှာ ကြက်သွန်ကိုကြော်ပါ၊ ပျော့လာရင် နွနွင်းမှုန့်၊ ဆားတို့နဲ့နယ်ထားတဲ့ကြက်သားနုတ်နုတ်စင်းကို ကျွတ်ခါနီးထိကြော်ပါ။ ကြော်ပြီးပုဂံတစ်ခုမှာဖယ်ထားပါ။ ကြက်ကြော်ဆီထဲမှာပဲ ခရမ်းချည်သီးအနစ် ကို နံပတ် ၄ - ၁၀ တို့နဲ့ ဆီပြန်တဲ့အထိ မကြာခဏ မွှေပေးပြီးကြော်ပါ။ ဆီပြန်လာရင် ကြက်နုတ်နုတ်စင်းကြော်ကိုရောမွှေပေးပါ။ အိုးကိုမီးဖိုကချပြီး ခရမ်းချည်သီးငါးပိချက်ပေါ်မှာနံနံပင်ဖြူးထည့်ပါ။
ခရမ်းချည်သီးငါးပိချက်ကို တို့စရာ ဆလပ်ရွက်၊ သခွါးသီးတို့နဲ့မြိန်ရည်ရှက်ရည်စားသုံးနိုင်ပါပြီ။
မှတ်ချက် : ထိုင်းလူမျိုးတွေက ခရမ်းချည်သီးငါးပိချက်ကို haram အသားနဲ့ချက်ကြတယ်။ ထိုင်းမွတ်စလင်မ်မှကြက်သားနဲ့ချက်တာမို့ ထိုင်းသွားလည်တတ်တဲ့လူတွေ သတိထားကြပါ။ ခရမ်းချည်သီးငါးပိချက်ကို ထိုင်းဘာသာစကားနဲ့ နမ်းဖလစ်က်အောင်ဂ်လို့ခေါ်ပါတယ်။
Sunday, November 21, 2010
ခင်မင်တဲ့ မောင်နှမတွေ အတွက် Yen ta fo တရုတ်ခေါက်ဆွဲ



တရုတ်ခေါက်ဆွဲချက်နည်းကို မေးတဲ့သူလေးတွေတိုးလာလို့ ဒီနေ့အားချိန်ရှိတုန်း ရေးပြီးပို့စ် တင်ပေးလိုက်ပါတယ်
ဒီနေ့ Yen ta fo တရုတ်ခေါက်ဆွဲချက်စားဖြစ်ပါတယ်။ တရုတ်လူမျိုးတွေ Asia ကို migrant လုပ်သွားတုန်းက Yen ta fo လည်းပါသွားတာပေါ့။ Thai - Malaysia မှာ မွတ်စလင်မ်ဆိုင်မဟုတ်ရင်တော့ ကိုယ်မစားတဲ့ အသားတွေပါတယ်နော်။ Asiaသွားလည်တတ်တဲ့သူတွေ သတိတော့ထားပေါ့။
About Yen ta fo
------------------
Yen ta fo Noodle is came from chinese langue “ Ngueng Ngoue Foo” when go to taijew chinese , They call Yueng Tao Foo , Then to Thai , we call Yen ta fo
Ngueng Ngoue Foo is mean bean – cured cheese
ဒီခေါက်ဆွဲက မြန်မာပြည်ကိုမရောက်ဘူးထင်ပါတယ်။ တရုတ် Taijew ဘက် ကအစာပါ။ Taijew လူမျိုးတွေက ထိုင်းနဲ့မလေးကို migrant လုပ်ခဲ့ကြတယ်လေ။ တရုတ်ခေါက်ဆွဲကို soup ရည်နဲ့စားသုံးကြတာ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံတွေမှာ များတယ်။ မြန်မာပြည်မှာခေါက်ဆွဲကြော်များတယ်လို့ထင်ပါတယ်။
တရုတ်ခေါက်ဆွဲချက်နည်း
--------------------------
၁) ကြက်သားရင်အုံသားကိုပါးပါးလှီး ပြီး ငရုတ်ကောင်း မှုန့် (black pepper)၊ ကြက်သွန်ဖြူမှုန့်၊ ဆား၊ ငံပြာရည်တို့နဲ့ နယ်ပြီး နာရီဝက်လောက် နှပ်ထားပါ။ ပြီးရင် ဆီနဲ့အဲဒီကြက်သားတွေကိုကြော် အိုးမှာမကပ်အောင် နဲနဲမွှေပေး။ ကြက်သားကျက်လာရင် soup ဖြစ်အောင် ရေထည့် ဆား-ငံပြာရည်ထပ်ဖြည့်ပြီး soup ရေပွက်ပွက်ဆူလာရင် အိုးကို မီးဖိုကချလို့ရပါပြီ။
၂) ကော်ပြန့်ကြော်ပါ (vegetable spring roll) မမီးက လုပ်ပြီးသားကော်ပြန့်ကို ထိုင်းဆိုင်ကဝယ်ပြီးကြော်တယ်။
၃) တရုတ် ဟာလာလ် ငဖယ်တုံး (chiu chow fish cake) ကိုပါးပါးလှီးပြီးကြော်ပါ။
၎) ရေနွေးတည်ထားပါ ရေနွေးဆူလာရင် ကန်စွန်းရွက် အရိုးလေးတွေကို အဲဒီအိုးထဲထည့်ပြီး အရင်ပြုတ် ၅ မိနစ်ကြာရင် အရွက်တွေပါထည့်ပြုတ်ပါ။
၅) ပြုတ်ပြီးသားမုန့်ဖတ်ကို ကိုယ်စားသလောက်ပုဂံထဲထည့်၊
ကြက်သားပြုတ် နဲ့ soup ရေထည့်၊
ကော်ပြန့်ကြော်နဲ့ တရုတ်ငဖယ်ကြော်တွေကို အရွယ်အသင့်အတင့် ကပ်ကျေးနဲ့ဖြတ်ပြီးထည့်၊
yen ta fo sauce (halal) အနီရောင်ကို လက်ဖက်ရည်ဇွန်း ၃ဇွန်းထည့်၊
ပြုတ်ထားတဲ့ကန်စွန်းရွက်အရိုးအရွက်တွေထည့်၊
ငရုတ်သီးမှုန့်ထည့်၊
ငရုတ်ဆီ လက်ဖက်ရည်ဇွန်း တစ်ဝက် အစပ်ကြိုက်ရင်လည်း ၁ ဇွန်းထည့်၊
ဆား ငံပြာရည် လိုရင်ထပ်ထည့်၊
သံပုရာရည်/ရှောက်ရည်ညှစ်ထည့်
အားလုံးကိုပုဂံထဲမှာ ရောသမမွှေပြီး မြိန်မြိန်ရှက်ရှက် သုံးဆောင်လို့ရပါပြီ။
Hope you enjoy :)
အားလုံးကိုခင်မင်တတ်တဲ့
မမီး
Subscribe to:
Posts (Atom)