---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Showing posts with label Islam. Show all posts
Showing posts with label Islam. Show all posts

Monday, December 10, 2012

Awaken in the Dream Story

Once a man saw in his dream, that a lion was chasing him. The man ran to a tree, climbed on to it and sat on a branch. He looked down and saw that the lion was still there waiting for him. The man then looked to his side where the branch he was sitting on was attached to the tree and saw that two rats were circling around and eating the branch. One rat was black and the other one was white. The branch will fall on the ground very soon.

The man then looked below again with fear and discovered that a big black snake had come and settled directly under him.The snake opened its mouth right under the man so that he will fall into it. The man then looked up to see if there was anything that he could hold on to.

He saw another branch with a honeycomb. Drops of honey were falling from it. The man wanted to taste one of the drops. So, he put his tongue out and tasted one of the falling drops of honey. The honey was amazing in taste. So, he wanted to taste another drop and then anotherand as a result, he got lost into the sweetness of the honey. He forgot about the two rats eating his branch away, the lion on the ground and the snake that is sitting right under him. Suddenly when the branch broke he remembered all the dangers woke up from his sleep.

Since this was an unique dream, the man went to a pious scholar of Islam to know its meaning. The scholar said "The lion you saw is your death. It always chases you and goes where ever you go. The two rats, one black and one white, are the night and the day. Black one is the night and the white one is the day. They circle around, coming one after another, to eat your time as they take you closer to death. The big black snake with a dark mouth is your grave. It's there, just waiting for you to fall into it. The honeycomb is this world and the sweet drops of honey are the luxuries of this world. We like to taste a little of the luxuries of this world and it's very sweet. Then we want to taste little more and then more. Meanwhile, we get lost into it and we forget about our time, we forget about our death and we forget about our grave."

May Allah wake us up from the sleep and save us before it's too late.Ameen Summa-Ameeen

Thursday, October 25, 2012

ထူးကဲမြင့်မြတ်သောညများ

တမန်တော်မြတ် (ဆွ) မိန့်တော်မူသည်မှာ ညကြီး ၅ ညရှိပေသည်။
ထိုညများမှာ ဒိုအာတောင်းဆုပြုပါက ပယ်ချခြင်းခံရမည်မဟုတ်ပေ။
ယင်းတို့မှာ
.
၁။ ဂျူမူအာ သောကြာည
၂။ ရဂျဗ်လ၏ ပထမည
၃။ ရှအ်ဗန်လ၏ ၁၅ ရက်ည
၎။ အီဒုရ်ဖီသရ်ညနှင့်
၅။ အီဒုလ်အဿွဟာည များဖြစ်သည်။
.
ထိုညများတွင် ဒိုအာကဗူလ်ဖြစ်သောကြောင့် အထူးဂရုစိုက် အလေးထားကာ နိုးနိုးကြားကြားဧဗာဒသ်လုပ်နေရမည်။
.
သောကြာညဆိုသည်မှာ ကြာသပတေးနှင့် သောကြာ ကြားညကို ဆိုလိုသည်။
ထူးကဲမြင့်မြတ်သောညများနှင့် နဖိလ်နမာဇ်များမှ

Friday, September 2, 2011

Quran, Hadith and Du'a 1




Ref : google

Wednesday, November 17, 2010

Happy Eid Mubarak

Saturday, November 13, 2010

ကုရ်ဘာနီ မပြုပိုင်သော သားကောင်များ

.
၁ . နားရွက်ပြတ်နေသော သေားကောင်အား ကုရ်ဘာနီ ပြုခြင်း မပိုင်။ (အာလမ်ဂီရိကျမ်း၊ တွဲ- ၄၊ စာ ၈၁)

၂. လျှာပြတ်၍ မိမိအစားအစာကို မစားသောက်နိုင်သော သားကောင် (အာလမ်ဂီရိကျမ်း၊ တွဲ -၄၊ စာ ၈၀)

၃. သိုး၊ ဆိတ်တို့တွင် နို့တိုင် တစ်တိုင် ကန်းနေသော သားကောင် (ရှာမီကျမ်း၊ တွဲ - ၅၊ စာ - ၂၁၃)

၎. ကျွဲ၊ နွားတို့တွင် နို့တိုင် ကန်းနေသော သားကောင်။ ထိုနည်းတူစွာ နို့အုံဖြတ်ထားရသော သားကောင်၊ နို့အုံတွင် ဒဏ်ရာရရှိနေပြီး နွားငယ်အား နို့မတိုက်နိုင်ဖြစ်နေခြင်း၊ ရောဂါထင်ရှားစွာရှိနေသော သားကောင်များကို ကုရ်ဘာနီ မပြုပိုင်ပါ။ (အာလမ်ဂီရိကျမ်း၊ တွဲ-၄၊ စာ-၈၀)

၅. ကျွဲ၊ နွားတို့တွင် နို့တိုင် တစ်တိုင်ကန်း၍ ခြောက်နေခဲ့သော် ကုရ်ဘာနီ ပြုပိုင်၏ ။ သို့သော် နှစ်တိုင်ကန်းပြီး ခြောက်သွေ့နေခဲ့သော် သို့မဟုတ် ပြတ်နေခဲ့သော် ကုရ်ဘာနီ မပြုပိုင်ပါ။ (ကေဖာယသွလ်မွဖ်သီကျမ်း၊ တွဲ - ၈၊ စာ -၁၈၇)

၆. ဖို + မ အင်္ဂါ ဇာတ်ပါသော ဆိတ်မ ကုရ်ဘာနီ မပြုပိုင်။ ခဆွီ (သင်းကွတ်) သားကောင် ပိုင်၏ ။ (အဇီဇွလ်ဖသ၀ါကျမ်း၊ တွဲ - ၁၊ စာ - ၇၁၄)

၇. သားကောင်၏ မျက်စိ နှစ်ဖက်လုံး ကန်းနေမှု၊ (သို့မဟုတ်) မျက်လုံးတစ်လုံးကန်း၍ တစ်လုံးမြင်ရပြီး၊ ၄င်းမြင်နေရသော မျက်စိသည် သုံးပုံ တစ်ပုံ (သို့မဟုတ်) ထို့ထက်ပင် မမြင်ရတော့ပါမူ၊ အလားတူ နားရွက်၏ သုံးပုံတစ်ပုံ (သို့မဟုတ်) ထို့ထက်ပင် ပို၍ ပြတ်နေပါက ၄င်းသားကောင်တို့အား ကုရ်ဘာနီ ပြုခြင်း မပိုင်။

၈. သားကောင်သည် ခြေသုံးခြောင်းနှင့်သာ သွားလာနိုင်ပြီး စတုတ္ထခြေဖြင့် ထောက်ပင် မထောက်နိုင်ပေ။ (သို့မဟုတ်) စတုတ္ထခြေဖြင့် ထောင်နိုင်ရုံသာ ရှိ၍ ၄င်းခြေဖြင့် မသွားနိုင် ဖြစ်နေသော် ယင်းသားကောင်အား ကုရ်ဘာနီ ပြုပိုင်ခွင့် မရှိပေ။ အကယ်၍ ထိုခြေသည် သွားလာသည့်အခါ မြေပေါ်တွင် ထောက်၍ သွားနိုင်ပြီး သွားရာတွင် ၄င်းခြေကို အားပြုနိုင်လျက် ထော့နဲ့ ထော့နဲ့ သွားနိုင်လျင် ထိုသားကောင်အား ကုရ်ဘာနီ ပြုပိုင်၏ ။
(ရဒ်ဒွလ်မုဟ်သားရ်ကျမ်း၊ တွဲ - ၅၊ စာ- ၃၁၆)

၉. သားကောင်သည် အလွန်ပိန်ချုံး၍ အရိုးပေါ် အရည်တင်ဖြစ်နေသည့် အဖြစ် (သို့မဟုတ်) ဇဗဟ် လည်လှီးသော နေရာအထိ မိမိကိုယ်တိုင် မသွားနိုင်ပါက ယင်းသားကောင်အား ကု၇်ဘာနီ ပြုလုပ်ခြင်း မပိုင်ပေ။ သို့သော် ရောဂါကြောင့် မဟုတ်ပဲ ပင်ကိုယ်ကပင် ပိန်သည့် အမျိုးဖြစ်ပါက ပိုင်သွားသည်။သို့သော် ၀၀ဖြိုးဖြိုး သားကောင်အား ကုရ်ဘာနီပြုလုပ်ခြင်းသည် သာပို၍ ကောင်း၏ ။ (ရဒ်ဒွလ်မုဟ်သားရ်ကျမ်း၊ တွဲ - ၅၊ စာ - ၂၈၂)

၁၀. သွားမရှိသော သားကောင်အား ကုရ်ဘာနီပြုခြင်းမပိုင်၊ အကယ်၍ ကျန်ရှိနေသောသွားများ သည် ကျိုးသည့်သွားထက် များနေလျှင်ကုရ်ဘာနီ ပိုင်၏ ။ (ဒွရ်ရေ့မွခ်သာရ်ကျမ်း၊ တွဲ -၅၊ စာ - ၃၂၂)

၁၁. မွေးရာပါ နားရွက်မပါသော သားကောင်အား ကုရ်ဘာနီ ပြုခြင်း မပိုင်။ အကယ်၍ နားရွက်သည် သုံးပုံတစ်ပုံ (သို့မဟုတ်) သည့်ထက်ပိုပြီး ပြတ်နေပါ ကလည်း မပိုင်ပေ။ သို့သော် မွေးရာပါနားရွက်ပါပြီး အနည်းငယ်သေးနေပါက ကုရ်ဘာနီ ပိုင်သွားသည်။ (ဒွရ်ရေ့မွခ်သာရ်ကျမ်း၊ တွဲ - ၂၊ စာ -၃၂၂)

၁၂. မွေးရာပါဦးချိုမပေါက်လာသော (သို့မဟုတ်) ဦးချိုကျိုးနေသော သားကောင်အား ကုရ်ဘာနီ ပြုပိုင်၏ ။ သို့သော် ဦးချိုသည် အမြစ်မှကျိုးသွားမည်၊ (သို့မဟုတ်) ကျွတ်သွားမည်။ ၄င်းနောက်ထိုကျိုးသော နေရာမှဒဏ်ရာဒဏ်ချက်သည် ဦးနှောက်ထိတိုင်ရောက်ရှိသွားသော် ယင်းသားကောင်အား ကုရ်ဘာနီ ပြုခွင့်မရှိတော့ပေ။ ( ဖသ၀ါရဟီမီကျမ်း၊ တွဲ - ၆၊ စာ - ၁၆၁)


By Hay Shan

Sunday, September 12, 2010

Eid al-Fitr 2010


Saturday, September 4, 2010

အမျိုးသ္မီးများ သောကြာဆွလာ့သ်ဝတ်ပြုရန် တောင်းဆိုလာပါလျှင်

Photo: Masjid Haroom, Bangkok

စူရာဟ်နေစာဟ် အာယသ် ၅၉ ၌ အလ္လာ့ဟ်အရှင်မြတ်၏အမိန့်တော်များကိုလိုက်နာကြလေကုန်၊ ထိုနည်းတူစွာရစူလ်တမန်တော်၏အမိန့်တော်များကိုလည်းကောင်း၊ အာဏာပိုင်များ၏ အမိန့်ကိုလည်းကောင်း လိုက်နာကြလေကုန်ဟူ၍မိန့်ဆိုထားသည်။

' အုလစ်လ်အမ်ရီ ' အာဏာပိုင်များဟူသည် မည်သူများနည်း။ ဤတွင်အဆိုကွဲပြားလျှက်ရှိ၏။ အချို့ကတိုင်းပြည်ကို စီမံအုပ်ချုပ်သောအစိုးရများကို ဆိုလိုသည်ဟူ၍လည်းကောင်း၊ အချို့က အာလင်မ်ပညာရှိသုခမိန်များကိုဆိုလိုသည်၍လည်းကောင်း၊ အချို့ကတရားသူကြီးများကိုဆိုလိုသည်ဟူ၍လည်းကောင်း၊ အချို့က စစ်သူကြီးများကို ဆိုလိုသည်ဟူ၍လည်းကောင်း၊ အမျိုးမျိုးယူဆကြသည်။

ကုရ်အာန်ကျမ်းလာ မုက္ခပါဌ်တော်အရ အထက်ပါ ပုဂ္ဂိုလ်အားအားလုံးကိုလည်း ဆိုနိုင်ပေသည်။ ရှူ-ဂျဆ်ဆွာဆ်

ဆက်၍ထိုအာယတ်တွင်လည်း ဆက်လက်၍မိန့်ဆိုသည်မှာ '' မိမိတို့အချင်းချင်း အငြင်းပွါးသောပြဿနာကို အလ္လာဟ်အရှင်မြတ် အထံတော်သို့ လွှဲအပ်ချင်းဟူသည် အလ္လာဟ်အရှင်မြတ်၏ ကျမ်းမြတ်နှင့်အညီလိုက်နာကျင့်သုံးခြင်းကိုဆိုလိုသည်။

တမန်တော်မြတ်ထံတော်လွှဲအပ်ခြင်းဟူသည် တမန်တော်မြတ်သက်တော်ထင်ရှားရှိစဉ် တမန်တော်မြတ်ထံတော်ချဉ်းကပ်၍ တမန်တော်မြတ်၏ အမိန့်ဩဝါဒတော်နှင့်အညီလိုက်နာကျင့်သုံးခြင်းကိုလည်းကောင်း တမန်တော်မြတ်ကွယ်လွန်အနိစ္စရောက်ပြီးနောက်တွင်မူ တမန်တော်မြတ်၏ ဟာဒီးစ်ဩဝါဒတော်နှင့်အညီ လိုက်နာကျင့်သုံးခြင်းကိုလည်းကောင်း ဆိုလိုသည်။

ဤသည့်အချက်ကိုထောက်ရှူ့ခြင်းအားဖြင့် အစ္စလာမ်သာသနာတော်တွင် ကုရ်အာန်ကျမ်းမြတ်နှင့် တမန်တော်မြတ်၏ဟာဒီးစ်ဩဝါဒများသည် အဓိကဖြစ်ကြောင်း အထင်အရှားသိရပေသည်။

အီဂျိဗ်နိုင်ငံ အာလ်အာဇာ တက္ကသိုလ်မှ မုဖ်သီအာဟ်လင်မ်ပညာရှင်များက တညီတညွတ်တည်းဆုံးဖြတ်ချက်အရ ကုရ်အာန်ကျမ်းမြတ်နှင့် ဒွိဟသံသယမဖြစ်နိုင်သော တမန်တော်မြတ်၏ ဟာဒီးစ်ဩဝါဒတော်များကိုသာလျှင် တရားဝင်ခိုင်လုံသော ဟာဒီးစ်များအဖြစ်လက်ခံသည်။

A note from the annual int.Islamic conference of Egypt 2009.

Authenticity of the hadiths rely on ”Quran”
”No Hadith is a Hadith if contradict with the basic principle of the Holy Quran”
Prof; Dr. Sayed Tantawi
Rector of Al-Azhar University
Cairo, Egypt.
By brother M.AHNAF

ထို့ကြောင့် အမျိုးသ္မီးများဗလီ၌ ဆွလာ့သ်ဝတ်ပြုသော ကိစ္စတွင် ဟာဒီးစ်အဆိုများသည် ကုရ်အာန်ကျမ်းမြတ်နှင့်ဆန့်ကျင်လျှက်ရှိသည်ကိုတွေ့ရသည်။

ဟာဒီးစ်အဆိုတစ်ရပ်တွင်အမျိုးသ္မီးများ သောကြာဆွလာ့သ်ဝတ်ပြုရန် တောင်းဆိုလာပါလျှင် သက်ဆိုင်ရာ အာလင်မ်ပညာရှင်များနှင့် အာဏာပိုင်များမှ ငြင်းဆိုခွင့်မရှိကြောင်းလာရှိသည်။ ထိုအဆိုအရဆိုလျှင် အမျိုးသ္မီးများဗလီ၌ ဆွလာ့သ်ဝတ်ပြုခြင်းကို ကန့်ကွက်ဟန့်တားပိုင်ခွင့်မရှိပေ။

ဆိုလိုသည်မှာအစ္စလာမ်သည် လွယ်ကူသောအမြင်ကျယ်သော သာသနာဖြစ်သည်။ တရားသေဝါဒကိုအမြဲတန်းဆန့်ကျင်၍ တရားရှင်ဝါဒကို ကျင့်သုံးသော သာသနာဖြစ်သည်။

Special thanks to Than

Wednesday, April 21, 2010

Tasbeeh


ကုရ်အာန်သည်နှစ်ဘဝ၏သော့ဖြစ်သည်။



Friday, April 16, 2010

စောဒက-အစ္စလာမ့်ဂျိဇ်ယာဟ်

အစ္စလာမ်အပေါ် အမြင်မကြည်လင်သူများအတွက် စောဒကတစ်ခု။ ဒီကြားထဲ အစွန်းရောက် တို့က မဆီမဆိုင်
အစ္စလာမ်နာမည်ယူ အဓိပ္ပာယ်မဲ့စွာ တလွဲအသုံးပြုနေသောစနစ်။ ကျွန်တော်တို့ အစ္စလာမ်အမှန်တရားများဆီသို့
ဖိတ်ခေါ်မှုပေါ့လျော့လစ်ဟင်းမှုကြောင့် အစ္စလာမ်အကြောင်း တို့မိခေါက်မိသော ညီနောင်များအဖို့
အထင်လွဲစရာအကောင်းဆုံး။ ဂျိဇ်ယာဟ်ခေါ် လူခွန်။ နာမည်ကြားရုံမျှဖြင့် အော့နှလုံးနာစရာကောင်းသော
စကားလုံးပင်။

ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်း စာမျက်နှာများကို ပြန်လှန်ကြည်မည်ဆိုလျှင်လည်း ပဒေသရာဇ်၊
နယ်ချဲ့တို့၏စနစ်ဆိုးအဖြစ် တွေ့ ရပေမည်။ သို့သော်သမိုင်းစာမျက်နှာများ၏လူခွန်နှင့်အစ္စလာမ့်ဂျိဇ်ယာဟ်
ဘာကွာခြားသနည်း။ အသင် ကိုင်တိုင် နှလုံးသားကိုခ၀ါချ၍စာမြည်းကြည့်လိုက်ပါ။
အော် ဒါဟာ တစ်ဆူတည်းဖြစ်တော်မူသော လူသားအားလုံးတို့အရှင်ရဲ့ဘာသာတရားမခွဲခြားလူသားအခြေပြု
ကိုင်းကျွန်းမှီကျွန်းကိုင်းမှီ ညီအစ်ကို ရင်းဝါဒ အပြည့်ပေါ်စေသည့်ငြိမ်းချမ်းရေးဦးတည် လမ်းစဉ်ပါကလားဟုဆိုကာ
သြချရပေလိမ့်မည်။ ကမ္ဘာ့သမိုင်းတလျှောက် လူသားမဆန်ဆုံးသော
စနစ်ဆိုးကြီးကို အစ္စလာမ်က အမည်မပြောင်းဘဲ လူသားအဆန်ဆုံး ဖြစ်စေခဲ့သည်။ ကုရ်အာန်ကျမ်းတော်မြတ်၏
နောင်တရခြင်းကဏ္ဍအရ မူစလင် မဟုတ်သူ(၃)မျိုးရှိသည်။

(၁) မူစလင်တို့ကို ရန်လိုတိုက်ခိုက်သူများ
(၂) မူစလင်တို့နှင့်ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုထားသော ရောင်းရင်းများနှင့်
(၃) အစ္စလာမ့်နိုင်ငံတော်တွင် မူစလင်တို့နှင့်
အေးအတူ ပူအမျှ ယှဉ်တွဲနေထိုင်ကြသော မူစလင်မဟုတ်သည့် အစ္စလာမ့်နိုင်ငံသားများ (ဇင်မီ)တို့

ဖြစ်ကြသည်။

အစ္စလာမ့်နိုင်ငံတော်ကြီးသည် မူစလင်များနှင့်သာမက နိုင်ငံအေးရိပ်အောက်ရှိ ဇင်မီတို့နှင့်လည်း သက်ဆိုင်ပေသည်။
မိမိတို့နေထိုင်ခိုလှုံရာ နိုင်ငံတော်တွင် အရေးကြုံလာပါက မူစလင်နိုင်ငံသား များရော ဇင်မီနိုင်ငံသားများကပါ
နိုင်ငံသားကောင်းများပီပီ ကာကွယ်စောင့်ရှောက်ရပေမည်။ အစ္စလာမ့်နိုင်ငံတော်ကို မူစလင်တို့သာပိုင်သည်၊
ဇင်မီတို့နှင့်မဆိုင်ဟူ၍ အစ္စလာမ်သာသနာက မသွန် သင်ပေ။ ဘာသာစွဲမထားဘဲ နိုင်ငံသားဖြစ်မှုအပေါ်အခြေခံကာ
ဇင်မီတို့အားလည်း နိုင်ငံတော် ကာကွယ်စောင့်ရှောက်မှုတွင် ပါဝင်ခွင့်အပြည့်အ၀ ပေးထားသည်။ သို့သော်
အစ္စလာမ်သာသနာ၏ မည်သည့်နေရာတွင် မှ အဓမ္မစနစ်မရှိဆိုသည့်အတိုင်း ဤကာကွယ်ရေးတွင်လည်း
အတင်းအကြပ် အဓမ္မပါဝင်စေမှု မရှိပေ။ ဇင်မီတစ်ဦးအနေနှင့် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံတော်ကာကွယ်ရေး
တွင် အသက်သွေးချွေး မပေးဆပ်လိုပါက မိမိချမ်းသာလျှင် ချမ်းသာသည့်အလျှောက် ဆင်းရဲလျှင်
ဆင်းရဲသည့်အလျှောက် သတ်မှတ်ထားသော ငွေကြေးပမာဏတစ်ခုနှင့် ပါဝင်သည့်ညီနောင်များအား တစ်တပ်တစ်အား
ထောက်ပံ့ကူညီခွင့်ပေးထားပေသည်။ ဤထောက်ပံ့ကူညီငွေကို အစ္စလာမ်တွင် ဂျိဇ်ယာဟ်ဟုခေါ်ပေသည်။
သမိုင်းစာမျက်နှာများ၏အရင့်သီးဆုံးစကားလုံးကိုအစ္စလာမ်က အဓိပ္ပာယ် လုံးလုံးပြောင်းပစ်လိုက်သည်။ အဓိပ္ပာယ်မှာ
အရှေ့နှင့်အနောက်ကဲ့သို့ဆန့်ကျင်၍ မိုးနှင့်မြေသို့ကွာခြား သွားသည်။ ရက်စက်မှုများဖြင့် ချယ်မှုန်းထားသော လူခွန်ကို
ညီအစ်ကိုရင်းဝါဒဖြင့်ဆေး၍ မိမိနိုင်ငံ တော်ကာကွယ်ရေးနှင့်လူမှုဖူလုံရေးရန်ပုံငွေအတွက် ထည့်ဝင်ကူငွေအဖြစ်
ပြောင်းပစ်လိုက်သည်။ မူစလင်နိုင်ငံသားတစ်ယောက် အနေနှင့်မူ ထိုသို့ရွေးချယ်ပိုင်ခွင့်မရှိဘဲ အရေးကြုံလာပါက
အသက် သွေးချွေးပေးကိုပေးဆပ်ရပေမည်။ သို့မဟုတ်က သူသည် အရေခြုံမူစလင်အဖြစ်သို့ ရောက်ရှိသွား ပေမည်။

မူစလင်နိုင်ငံသားတစ်ဦးသည် နိုင်ငံကာကွယ်ရေးတာဝန်သာမက အစ္စလာမ့်သာသနာ တော်၏ မဏ္ဍိုင်ကြီးများအနက်
တစ်ခုဖြစ်သော တရားဝင်ဒါနကြေး (ဇကာသ်)ကိုလည်း ပေးကိုပေးရ ပေသည်။ အံ့သြဖို့ကောင်းသည်မှာ
မူစလင်တစ်ဦးပေးရသော တရားဝင်ဒါနကြေးပမာဏသည် ဇင်မီတစ်ယောက်၏ထည့်ဝင်ကြေး
ဂျိဇ်ယာဟ်ထက်ပိုများခြင်းပင် ဖြစ်သည်။ အထူးအခွင့်အရေး အနေနှင့် ဇင်မီတစ်ဦးသည် နိုင်ငံကာကွယ်ရေးတွင်
တိုက်ရိုက်မပါဝင်လိုသော်လည်း စေတနာ သဒ္ဓါတရားထက်သန်၍ မူစလင်တစ်ဦးနည်းတူ ဇကာသ်
တရားဝင်ဒါနကြေးပေးမည်ဆိုပါကလည်း ပေးနိုင်ပေသည်။ ထိုအခါမျိုးတွင် အစ္စလာမ့်နိုင်ငံတော်အုပ် ချုပ်သူအနေဖြင့်
ထိုစိတ်စေတနာ ထက်သန်သူ ဇင်မီအား ဇကာသ်၏ ပမာဏစည်းကမ်းများကို ရှင်းပြပြီး လက်ခံသဘောတူပါက
ထိုဇင်မီတံမှ ဇကာသ်ကောက်ခံနိုင်သည်။ ထိုဇင်မီသည် ဂျိဇ်ယာဟ် ပေးစရာ အသက်သွေးချွေး
ပေးဆပ်စရာမလိုတော့ပေ။ အစ္စလာမ့်နိုင်ငံတော်ကြီး၏ ဒုတိယမြောက် ဆက်ခံသူ သာဝကြီးအုမရ် သခင်လက်ထက်၌
အာရဗ်ခရစ်ယာန်ဘာသာဝင် ဇင်မီများက ဂျိဇ်ယာဟ် ပေးဆောင်ရန် ငြင်းဆိုခဲ့ပြီး ဇကာသ်ပေးရန် တောင်းဆိုခဲ့သဖြင့်
သခင်က သဘောတူ လက်ခံခဲ့လေ သည်။ အစ္စလာမ့်ပညာရှိကြီး အိမာမ် ရှာဖာအီသခင်ကလည်း ဇင်မီတစ်ဦးအနေဖြင့်
အစ္စလာမ့်က သတ်မှတ်ထားသော ဇကာသ်ပေးနိုင်လောက်သည့် ဥစ္စာပစ္စည်းပိုင်ဆိုင်ပါက ဂျိဇ်ယာဟ်အစား
ဇကာသ်စနစ်ဖြင့် ပေးလို၍ တောင်းဆိုပါက ခွင့်ပြုပိုင်ကြောင်း ဓမ္မသတ်ပေးထားပေသည်။

ထို့ပြင် “အလ္လာဟ်” အရှင်မြတ်၏ နောက်ဆုံးတမန်တော် မုဟမ္မဒ်သခင်(ဆွ)က နိုင်ငံကာကွယ်ရေးတွင်လည်း မပါဝင်နိုင်၊ ထောက်ပံ့
ကြေးငွေလည်း မပေးဆောင်နိုင်သော ရောဂါဝေဒနာရှင် ဒုက္ခသည်များ၊ သက်ကြီး ရွယ်အိုများ၊ အမျိုးသမီးများ၊
ကလေးသူငယ်များနှင့် အသက်မွေးဝမ်းကျောင်းမှုမပြုဘဲ အမြဲတစေ တရားဘာဝနာ ပွားများနေသူ
ဘာသာခြားရဟန်းဘုန်းတော်ကြီးများကို ဂျိဇ်ယာဟ်ကောက်ခံခြင်း မပြု ရန်တားမြစ် ထားပြီး နိုင်ငံသား
ဇင်မီတစ်ဦးအနဖြင့် နေမကောင်းဖြစ် အားနည်းကာ အလုပ်မလုပ်နိုင် ပါက သူနှင့် သူ့မိသားစုအား
အစ္စလာမ်နိုင်ငံတော်၏ ပြည့်သူဘဏ္ဍာတိုက်မှ ထောက်ပံ့ပေးရမည်ဖြစ်ကြောင်း မူစလင်တို့ကို သွန်သင်ခဲ့ပေသည်။
ငြိမ်းချမ်းရေးကာလတွင် ထိုထည့်ဝင်ငွေ ဂျိဇ်ယာဟ်ကို နိုင်ငံတော်စည်ပင်ဖွံ့ဖြိုးရေးအတွက် လိုအပ်သည့်နေရာများတွင်
အသုံးပြုပေသည်။ ဤသို့ သစ္စာ စောင့်သိသူ နိုင်ငံ့သားကောင်းဇင်မီများကို အစ္စလာမ့်နိုင်ငံတော်ကြီးနှင့်
တစ်မြေတည်းနေ မူစလင် ညီအစ်ကိုများကလည်း ညီနောင်ဇင်မီတို့၏ အသက်အိုးအိမ်စည်းစိမ် ကိုးကွယ်ယုံကြည်မှု
ဘာသာရေး အခြေခံအဆောက်အအုံများကို အာမခံချက်အပြည့်ပေးကာ မိမိတို့၏အသက်နှင့်လဲ၍ ကာကွယ်
စောင့်ရှောက်ခြင်းဖြင့် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ကျေးဇူးတုံ့ပြန်ကြပေသည်။ ထို့ကြောင့် ဂျိဇ်ယာဟ်ဆို သည်မှာ
အစ္စလာမ့်အတွက် မူစလင်များနှင့် တစ်မြေတည်းနေ တစ်ရေတည်းသောက် ဘာသာခြား ညီနောင်များအကြား
ညီရင်းအစ်ကိုစိတ်ဓာတ်ကို ပေါင်းကူးထားပေးသော တံတားသဖွယ်ဖြစ်ပြီး နိုင်ငံ သားကောင်းတစ်ဦး၏
မိမိနိုင်ငံတော်အပေါ် သစ္စာစောင့်သိမှု၏ ပြယုဂ်လည်းဖြစ်ပေတော့သည်။ ။

ကိုး -Non- Muslims in the Shari'ah of Islam by Salim Al-Bahrasawy

ဘာသာပြန် Ababeel
Link : Islam Yaungche network

Saturday, February 20, 2010

အဖန်ဆင်းခံ ပုရွက်ဆိတ်၏ ထူးခြားချက်များ

The fact of creation documentary ဗီဒီအို နဲ့အတူ သောကြာနေ့ ခုသ်ွဗဟ်ကိုတင်ပြလိုက်ပါတယ်။
.


Myanmar Muslim Association of Malaysia
သောကြာနေ့ ခုသ်ွဗဟ် ၅/၂၀၁၀
Safar 1431
ကျေးဇူးသိတတ်ခြင်း
.
(တမန်တော်စုလိုင်မာန်နှင့်ပုရွက်ဆိတ်)
GRATEFULNESS (PROPHET SULAIMAANT & THE ANT) ချီးမွမ်းခြင်းအပေါင်းတို့သည်စကြာ
ဠာလောကခပ်သိမ်းအားပြုစုပျိုးထောင်တော်မူသောအနှိုင်းမဲ့ကိုးကွယ်ရာမြတ်အလ္လာဟ် အတွက်သာဖြစ်တော်မူပါ၏။ ထိုအရှင်မြတ် စေလွှတ်တော်မူသောလူသားအလင်းပြနဗီတမန်တော်အပေါင်းနှင့်နောက်ဆုံးတမန်တော်ချုပ် မုဟမ္မဒ်သခင်(ဆွ)အပေါ်သို့ ငြိမ်းချမ်းသာယာမှု အဖြာဖြာသက်ရောက်ပါစေ။
.
ညီနောင် ညီအစ်မအပေါင်းတို့ခင်ဗျား---(အတ်စ္စလာမုအလိုင်းကွန်း၊ ၀ရဟ်မသုလ်လါးဟိ၊ ၀ဗရကားသုဟ်)ဒီအပတ်မှာ ကျွန်တော့်အနေနဲ့ ကျေးဇူးတရားသိတတ်ခြင်းဆိုတဲ့အကြောင်းကို တင်ပြလိုပါတာယ်။ ဘာကြောင့်လဲဆိုတော့ “ကုဖ်ရ်”´ဆိုတဲ့သဘောမှာ
(၁) အမှန်တရားကိုငြင်းပယ်ခြင်း
(၂)အမှန်တရားကိုဖုံးကွယ်ခြင်းနဲ့
(၃)ကျေးဇူးကန်းခြင်းဆိုတာတွေ ပါဝင်ပါတယ်။
ကိုယ့်အပေါ်မှာရှိတဲ့ ကျေးဇူးတရားကို မသိတတ်တာလည်းမကောင်းဘူး။ ကျေးဇူးကန်းတာကတော့ ပိုဆိုးတာပေါ့။ ဒါကြောင့် ကျေးဇူးတရားသိတတ်ခြင်း (Shukr ရှုက်ရ်) ဟာ လူ့ကိုယ်ကျင့်တရားမှာအရေးကြီးပါတယ်။ဒီအကြောင်းကို တမန်တော်စူလိုင်မာန်နဲ့ ပုရွက်ဆိတ်ကလေးရဲ့သာဓကကိုအကြောင်းပြုပြီး တင်ပြလိုပါတယ်။
တမန်တော်မူစာ(အလိုင်)ဟာ အီဂျစ်ရဲ့ကျွန်ဘ၀ရောက်နေခဲ့တဲ့ အစ္စရေးလ်လူမျိုးတွေကိုကယ်တင်ခဲ့ပြီးဆိုင်းနိုင်းကျွန်းဆွယ်ကိုရောက်ရှိလာခဲ့ကြပါတယ်။ အလ္လာဟ့်ဘက်ကထူးဆန်းတဲ့ကူညီမှုတွေလည်းရခဲ့ကြပါတယ်။
.
ဒါပေမယ့်အစ္စရေးလ်လူမျိုးတွေဟာအနှိုင်းမဲ့ ကိုးကွယ်ရာမြတ်အလ္လာဟ်ရဲ့ကျေးဇူး၊ တမန်တော်မူဟာ(အလိုင်)နဲ့ တမန်တော်ဟာရွန် (အလိုင်)တို့ရဲ့ကျေးဇူးကို လစ်လျူရှုပြီးရွှေနွားရုပ်သွန်းလုပ်ပြီးကိုးကွယ်မှု၊အရက်သေစာသောက်စားမှုစတဲ့ ကိုယ်ကျင့်တရားဖေါက်ဖျက်မှုတွေပြုလာခဲ့ကြပါတယ်။
လွတ်လပ်တဲ့နိုင်ငံ ထူထောင်ဖို့ အမျိုးသားစိတ်ဓါတ်ပါပျောက်ဆုံးပြီး တမန်တော်မူစာ(အလိုင်)ကို ``အလ္လာဟ်နဲ့ အသင် ရန်သူတွေကိုသွားတိုက်ကြပါ။ ပြီးမှ ငါတို့ကိုခေါ်ပါ´´လို့တောင် တာဝန်မဲ့တဲ့စကား၊ စော်ကားတဲ့စကားမျိုးတွေ ပြောလာခဲ့ကြတဲ့အတွက် အလ္လာဟ်ကသူတို့ကို နှစ်ပေါင်း(၄၀) ကန္တာရထဲမှာ ပစ်ထားလိုက်ပါတယ်။ မိမိရဲ့တမန်တော်တွေကိုလည်း ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ (ကုရ်အာန်၊ ၂၀း၈၆-၉၇)
ဒီလိုနဲ့ ကျေးဇူးကန်းပြီး အမှန်တရားကို မလိုလားတဲ့မျိုးဆက်တစ်ခု ကျော်လွန်ပြီး မျိုး ဆက်သစ်ထဲမှာတမန်တော်ဒါဝူဒ်(အလိုင်)ကိုပေါ်ထွန်းစေခဲ့ပါတယ်။အနှိုင်းမဲ့ကိုးကွယ်ရာမြတ်အလ္လာဟ်ရဲ့အမိန့်ကိုနာခံပြီးလွတ်လပ်တဲ့ဒေသတစ်ခုကို ထူထောင်ခဲ့ကြပါတယ်။ တမန် တော်ဒါဝူဒ်(အလိုင်)ကွယ်လွန်တဲ့အခါ သားတော်တွေထဲကစုလိုင်မာန်(အလိုင်)သခင်ကို အလ္လာဟ်က တမန်တော်တာဝန်နဲ့ ဘုရင်တာဝန်(၂)ခုစလုံး ချီးမြှင့်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်က“၎င်းပြင် စုလိုင်မာန်သည် ဒါဝူဒ်၏ အရိုက်အရာကို ဆက်ခံခဲ့သည်။ ၎င်း(တမန်တော် စုလိုင်မာန်)က- အို---လူအပေါင်းတို့ ငါတို့သည်ငှက်တို့၏ဘာသာစကားကိုသင်ကြားပေးခြင်းခံခဲ့ရ၏။
.
မုချဧကန် ဤသည် အမှန်ပင်ထင်ရှားလှစွာသောကျေးဇူးတော်ပင်ဖြစ်သည်-ဟုပြောကြားခဲ့လေသည်။ထို့အပြင် စုလိုင်မာန်အဖို့ သူ၏တပ်များသည် ဂျင်န်(မမြင်ရသောဖန်ဆင်း ခံများ)၊ လူများနှင့် ငှက်များဖြင့် စုစည်းစေခြင်းခံခဲ့ရ၏။ ၎င်းတို့သည် အဆင့်အတန်းအလိုက် အစီAစဉ်တကျ စီတန်းစေခြင်း ခံခဲ့ကြရ၏။ ၎င်း(တပ်)တို့သည် ပုရွက်ဆိတ်တောင်ကြားသို့ ရောက်ရှိခဲ့သောအခါပုရွက်ဆိတ်တစ်ကောင်က“အို-ပုရွက်ဆိတ်အပေါင်းတို့၊မိမိ၏တွင်းများထဲသို့ဝင်ရောက်ကြကုန်လော့။ စုလိုင်မာန်နှင့် သူ၏တပ်တို့သည် အသင်တို့အား မသိဘဲတက်နင်းမိကြလိမ့်မည်” ဟု ပြောကြားခဲ့လေသည်။ ထိုအခါ ၎င်း(တမန်တော် စုလိုင်မာန်)သည် ထိုပုရွက်ဆိတ်၏ စကားကြောင့် ပြုံးရယ်ခဲ့လေသည်။“အို---ကျွန်တော်မျိုး အားပြုစုပျိုးထောင်တော်မူသော အရှင်မြတ်၊ ကျွန်တော်မျိုးနှင့် ကျွန်တော်မျိုး၏မိဘနှစ်ပါး အပေါ်အရှင်ပြုတော်မူခဲ့သောစည်းစိမ်ချမ်းသာနှင့် စပ်လျဉ်း၍ကျွန်တော်မျိုးအားကျေးဇူးသိတတ်စေတော်မူပါ။အရှင်မြတ်နှစ်မြို့တော်မူသည့် ကောင်းမြတ်သော အကျင့်များ ကိုလည်း ဆောက်တည်နိုင်စွမ်း ပေးသနားတော်မူပါ။ထို့အပြင် အရှင်မြတ်၏ ကရုဏာတော် ဖြင့် ကျွန်တော်မျိုးအား အရှင်မြတ်၏သူတော်စင်အစေတော်တို့တွင် ၀င်ရောက်ပါဝင်ခွင့် ပေးသနားတော်မူပါ။” (ကုရ်အာန် ၊ ၂၇း၁၆-၁၉)
.
မန်သွိက် - သတ္တ၀ါအချင်းချင်း ဆက်သွယ်သောအခါအချင်းချင်း ဆက်သွယ်သောစကား တစ်ခုဖေါ်ပြတဲ့ အာယသ်လမ်းညွှန်တော်အရတမန်တော်စုလိုင်မာန်(အလိုင်)ရဲ့တပ်ထဲမှာဂျင်န်လို့ခေါ်တဲ့ အခိုးမဲ့မီးနဲ့ ဖန်ဆင်းခံထားရတဲ့သူတွေ၊ မြေနဲ့ဖန်ဆင်းခံထားရတဲ့ လူသား တွေ၊ လေပေါ်မှာပျံသန်းသွားလာနိုင်ကြတဲ့ ငှက်သတ္တ၀ါတွေပါဝင်ခဲ့ပါတယ်။ ဒီအပြင် ကုရ်အာန် (၃၄း၁၂-၁၄)အရ တမန်တော်စုလိုင်မာန်ဟာ လေကိုလည်း နိုင်တယ်။ကြေးနီကိုလည်း နိုင်တယ် စသည်ဖြင့် ဖေါ်ပြထားပါတယ်။ လူအပါအ၀င် သတ္တ၀ါတွေအချင်းချင်း သက်ဆိုင်ရာသဘာဝအလိုက် ဆက်သွယ်ပြောဆိုမှုတွေရှိနေတယ်ဆိုတာကို လွန်ခဲ့တဲ့နှစ်ပေါင်း(၁၄၀၀)ကျော်ကတည်းကဖန်ဆင်းရှင်က ကုရ်အာန်ထဲမှာ ဖေါ်ပြထားပြီးဖြစ်ပါတယ်။
တမန်တော်စုလိုင်မာန်သည် “မန်သွိက်” ကိုနားလည်ခြင်းသိပ္ပံပညာကောင်းစွာမထွန်းကားခင်ကတိရစ္ဆာန်တွေစကားနားလည်တယ်ဆိုတာပုံပြင်ဒဏ္ဍာရီလိုပဲလက်ခံခဲ့ကြတာပါ။ လက်တွေ့မှာ လက်မခံနိုင်ခဲ့ကြပါဘူး။ ဒါကြောင့် အချို့ ပုဂ္ဂိုလ်တွေက တမန်တော်စုလိုင်မာန်ဟာပုရွက်ဆိတ်မလေးရဲ့စကားကိုကြားပြီးသဘောကျလွန်းလို့ပြုံးရယ်သွားတယ်ဆိုတဲ့ကုရ်အာန်ရဲ့ဖေါ်ပြချက်ကို တိုက်ရိုက်လက်မခံနိုင်တဲ့အတွက် ပုရွက်ဆိတ်တောင်ကြားဆိုတာပုရွတ်ဆိတ်သတ္တ၀ါတွေကိုပြောတာမဟုတ်ဘူး။ ပုရွက်ဆိတ် (နမလ်) လို့အမည်ရှိတဲ့ လူမျိုးစုတွေ နေတဲ့တောင်ကြားကို ဆိုလိုတာပါဆိုပြီးတောင် ဖွင့်ဆိုခဲ့ကြ ပါတယ်။
.
ဒါပေမယ့် အခုအခါမှာတော့ သတ္တ၀ါတွေ၊သစ်ပင်တွေအချင်းချင်းဆက်သွယ်တဲ့စနစ် တွေကို သိပ္ပံပညာကရှာဖွေတွေ့ရှိသွားပြီဖြစ်ပါတယ်။
သစ်ပင်တွေ၊တိရစ္ဆာန်တွေဟာလူသားလိုပဲသက်ရှိဖြစ်ပါတယ်။
သူတို့ရဲ့ခန္ဓာကိုယ်တွေကို ဆဲလ်၊ကလပ်စည်းတွေနဲ့ဖွဲ့စည်းတည် ဆောက်ထားကြပါတယ်။ သစ်ပင်တွေဟာမရွေ့လျားနိုင်တဲ့ သက်ရှိဖြစ်လို့ သူတို့ကို ဖန်ဆင်းရှင်က အစိမ်းရောင်(ကလိုရိုဖီး) တွေပေးထားပြီး သူရှိတဲ့နေရာမှာ ရေ၊မြေ၊ လေ၊ မီး သဘာဝတွေကို စုပ်ယူပြီး အစာချက်နိုင်ကြပါတယ်။ သတ္တ၀ါတွေကတော့ ရွေ့လျားနိုင်ကြပါ တယ်။ သူတို့မှာလူသားလို ၀ိညာဉ် (Soul)နဲ့ ဆင်ခြင်တုံတရား(Reason)၊ Aသိဥာဏ် (Intellect)၊ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့် (Free-will) မရှိကြပါဘူး။ သူတို့မှာ သဘာဝအသိ (Instinct) သာရှိကြပါတယ်။ အဲဒီသဘာဝအသိနဲ့ ဖန်ဆင်းရှင်အလ္လာဟ် ထုတ်ပြန်ပို့ချတဲ့ ၀ဟီ လမ်းညွှန်ကို တစ်သွေမတိန်း လိုက်နာ ကျင့်သုံးနေကြတဲ့အတွက် အစ္စလာမ်သာသနာကို ကျင့်သုံးနေခြင်းပဲ ဖြစ်ပါတယ်။
ဒါကြောင့် အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်က သစ်ပင်တွေ၊ သတ္တ၀ါတွေကို ဥာဏ်မျက်စိနဲ့ကြည့်တတ်ရင် ဖန်ဆင်းရှင်အလ္လာဟ်ရဲ့သက်သေလက္ခဏာတွေကို တွေ့နိုင်မှာဖြစ်ကြောင်းသွန်သင်ထားခြင်းပဲဖြစ်ပါတယ်။
သစ်ပင်နဲ့ တိရစ္ဆာန်တွေဟာသက်ရှိဖြစ်ပေမယ့် ဆင်ခြင်တုံတရားနဲ့ လွတ်လပ်စွာရွေးချယ်ပြုပိုင်ခွင့်မရှိကြလို့ သူတို့မှာ ကုသိုလ်အကုသိုလ်ဆိုတာမရှိကြဘဲ ဂျန်နသ်(နိဗ္ဗာန်)နဲ့ ငရဲဆိုတာလည်းသူတို့အတွက် မရှိကြပါဘူး။
.
ပုရွက်ဆိတ်အချင်းချင်း ဆက်သွယ်သောဘာသာစကားခေတ်သစ်သိပ္ပံရဲ့သုတေသနများအရ ပုရွက်ဆိတ်တွေဟာ အချင်းချင်းပုရွက်ဆိတ်သဘာဝနဲ့အညီ စကားပြောရုံသာမကမကြာခဏ အစည်းအဝေးတောင်ကျင်းပကြကြောင်း တွေ့ရှိလာခဲ့ရပါတယ်။ တစ်ကောင် နဲ့တစ်ကောင် ဆက်သွယ်ချင်ရင် မိမိရဲ့အာရုံခံအတံနဲ့ ကျန်တစ်ကောင်ရဲ့ခေါင်းကို ပုတ်လိုက်ပါတယ်။ သူတို့ တွေဟာ ဓါတုဗေဒနည်း၊ ထိတွေ့မှု၊ အသံ၊ အနံ့၊ အမြင်စတဲ့နည်းတွေနှင့် အချင်းချင်းဆက်သွယ်စကားပြောလေ့ရှိကြပါတယ်။
.
ဒီ့အပြင် ပုရွက်ဆိတ်တွေဟာသူတို့ရဲ့ခန္ဓာကိုယ်ကို ပုရွက်ဆိတ်အိမ် တစ်စိတ်တစ်ပိုင်းကို ပုတ်ခတ်ပြီး အသံတွေကိုလည်း ဆင့်ပြန်နိုင်ကြပါသေးတယ်။ သူတို့အစာကို ရှာတွေ့ရင် သူတိုနောက်မှာဓါတု ပစ္စည်းနဲ့ပြုလုပ်ထားတဲ့ အရာတစ်ခုတန်းလန်းချကြပါတယ်။ ဖေရိမုန်းစ်(Pheromones) လို့ခေါ်ပါတယ်။ ကျန်ပုရွက်ဆိတ်တွေက မိမိတို့ရဲ့ အာရုံခံအတံ(antenna) တွေကို အသုံးပြုပြီးအဲဒီလမ်းကြောင်းအတိုင်း နောက် ကလိုက်သွားကြခြင်းဖြစ်ပါတယ်။
.
အခုဆိုရင် ပုရွက်ဆိတ်လောကနဲ့ ပတ်သက်တဲ့ အချက်အလက်များစွာတွေ့ရှိ နေပြီဖြစ်ပါတယ်။ ထူးခြားတာတွေက ပုရွက်ဆိတ်အမျိုးပေါင်း(း၈၀၀၀)လောက်ရှိတယ်။ အရွယ်အားဖြင့် (၀.၀၈) လက်မကနေ၂လက်မအထိ ရှိတတ်ကြပါတယ်။ မိမိခန္ဓာကိုယ်ထက်အဆ(၂၀)ကျော်လေးတဲ့အလေးချိန်ကို မနိုင်ကြတယ်။ သူတို့ဟာအလွန်သန့်ရှင်းကြတယ်။ သူတို့ရဲ့အာရုံခံအတံ (antenna)ကို သန့်ရှင်းဖို့ သူတို့ခြေထောက်လေးတွေကို သုံးကြတယ်။ သူတို့မှာရေမွှေးလို ထူးခြားတဲ့အနံ့တစ်မျိုးရှိကြတယ်။ ပုရွက်ဆိတ်ဘုရင်မကဥတွေဥချလိုက်ရင် ပုရွက်ဆိတ်အလုပ်သမားတွေက ဥတွေကိုပါးစပ်က ကိုက်ချီပြီး နွေးထွေးလုံခြုံတဲ့ အထူးခန်းမှာ သွားထားကြတယ်။
.
ရန်သူလာရင်လည်း သွားပြီးကာကွယ်ပေးကြတယ်။ ကြီးမားတဲ့အစောင့်ပုရွက်ဆိတ် တွေရဲ့တာဝန်ကတော့ ပုရွက်အိမ်ကို ပတ်ချာလှည့်ပြီးကာကွယ်ဖို့ပါပဲ။ ပုရွက်ဆိတ်တပ်ကတော့ ပုရွက်ဆိတ်အုံ တစ်ခုမှာအကြာကြီးမနေကြပါဘူး။ စစ်သားတွေလိုလိုင်းစီပြီးချီတက်သွားတတ်ကြပါတယ်။ ပုရွက်ဆိတ် အကောင် တစ်သိန်းခွဲလောက်အထိ ပါဝင်နိုင်ပါတယ်။ ပုရွက်ဆိတ်သေသွားရင်လည်း မြုပ်နှံလေ့ရှိကြပါတယ်။ အထူးသဖြင့် အလုပ်တာဝန်ခွဲဝေမှုစနစ်ကို အံ့ဖွယ်တွေ့မြင်ရပါတယ်။ မန်နေဂျာတွေ၊ကြီးကြပ်သူတွေ၊ အလုပ်သမားခေါင်းဆောင်တွေနဲ့ အလုပ်သမားတွေသဘောပါပဲ။ အချင်းချင်းလည်း “Chat” စကားပြောလေ့ ရှိကြပါတယ်။ ပစ္စည်းလဲလှယ်တဲ့ ဈေးသဘောမျိုးလည်း ရှိကြပါတယ်။ ဆောင်းတွင်းမှာ သစ်စေးတွေကို သိုလှောင်လေ့ ရှိကြပါတယ်။ ဒီသစ်စေးတွေစိုစွတ်လာရင် နေရောင်ထဲထုတ်ပြီး ခြောက်သွေ့အောင် လုပ်ပေးလေ့လည်းရှိကြပါတယ်။ လမ်းပိတ်တာကိုမနှစ်သက်ဘဲအခြားလမ်းများ ရှာသွားလေ့ရှိပါတယ်။ဒီအချက်တွေဟာ ဖန်ဆင်းရှင်အလ္လာဟ်ရဲ့ ကုရ်အာန်ကျမ်းမြတ်ရဲ့ အံ့ဖွယ်ထူးခြားချက်တွေကို ဖေါ်ညွှန်းနေခြင်းပဲဖြစ်ပါတယ်။
.
ကျေးဇူးသိတတ်ခြင်းတမန်တော်ကြီးစုလိုင်မာန်(အလိုင်)ပုရွက်ဆိတ်မလေးရဲ့စကားကိုကြားတော့ ၀မ်းသာအားရ ပြုံးရယ်ပြီးအနှိုင်းမဲ့ကိုးကွယ်ရာကို ဆင်ခြင်သတိရခဲ့ပါတယ်။ အထူးသဖြင့် ကျေးဇူးတရားသိတတ်ပြီးအလ္လာဟ် အပေါ်မှာတာဝန်ကျေတဲ့သူတစ်ယောက်ဖြစ်ဖို့ နှလုံးသွင်းခဲ့ပါတယ်။ ကိုယ့်မှာရှိတဲ့အရည်အချင်းတွေကို မောက်မာမှုအတွက်မသုံးဘဲအမှန်တရားနဲ့ တရားမျှတမှုအတွက် အသုံးချနိုင်အောင် ကြိုးစားရမှာဖြစ်ပါတယ်။ ဒါပေမယ့် ကျေးဇူးတရားနဲ့ အမှန်တရားယှဉ်လာရင် အမှန်တရားကို ဦးစားပေးရမှာဖြစ်ပါတယ်။ မိဘနဲ့ဆရာစကားကို အလေးထားဆောင်ရွက်ရမှာဖြစ်ပေမယ့် သူတို့တွေရဲ့စကားဟာ အလ္လာဟ်နဲ့ တမန်တော်ရဲ့ စကားနဲ့ ဆန့်ကျင်နေရင်တော့ လိုက်နာဖို့တာဝန်မရှိပါဘူး။ ယဉ်ကျေးစွာပြန်ရှင်းပြဖို့လိုပါတယ်။
.
လူသားတိုင်းဟာဖန်ဆင်းရှင်အလ္လာဟ်ရှေ့မှာစစ်ဆေးခံကြရမှာဖြစ်ပါတယ်။
အနှစ်ချုပ်ကတော့ အလ္လာဟ်ရဲ့လမ်းညွှန် ကုရ်အာန် ကျမ်းကိုမှတ်ကျောက်တင်ပြီးတမန်တော်မုဟမ္မ(ဒ်) (ဆွ)ရဲ့စံနမူနဲ့အညီကျင့်သုံးကြဖို့ တမန်တော် ကြီး စုလိုင်မာန်ရဲ့ ဆုဒုအာကို နှလုံးသွင်းကြဖို့ နှိုးဆော်လိုက်ပါတယ်။
.
အလ်ဟာဂ်ျ မုဖ်သီ ဦးမြင့်သိန်း (ငြိမ်းချမ်းလုလင်)

Thursday, January 7, 2010

A moment of Peace

Beautiful Islamic call to prayer


Beautiful Recitation of Surah Al-Hashr


Surah Muzzammil

Friday, December 18, 2009

Muharrma - Islamic New Year 1431 H.


MAY SALAMAT, RAMABAT AND BARAKAT FROM ALLAH (SWT) BE UPON YOU...

Sunday, December 13, 2009

သူတော်စဉ်များ၏ မှတ်သားဖွယ်ကောင်းသော ဆုံးမစကား part1

''အို'' လူသားတို့
မိမိတို့သက်တန်း၌
ကောင်းမှု မကောင်းမှု
မည်မျှပြုခဲ့ကြသည်ကို
ပြန်လည်ဆန်းစစ်ကြ
သို့မှသာ ''သောင်ဗာဟ်''
ပြုချင်းစိတ်ဖြစ်ပေါ်လာပြီး
ကိယာမာသ်နေ့၌
လွယ်ကူမှုရှိလိမ့်မည်
.
ဟဇ်ရသ်အုမရ်
************
.
ဒွန္နယာလောက၏ ဥပမာသည်
အိပ်နေသူ၏ အိပ်မက်ကဲ့သို့
မကြာမီ ပျက်ပြယ်သွားမည်ဖြစ်သည်
သွားနေသူ၏နောက်မှ
ကပ်ပါလာသောအရိပ်ကဲ့သို့
မကြာမှီပျောက်ပျက်သွားမည်ဖြစ်သည်
ဒွန္နယာလောကသည်
အသိဥာဏ်ရှိသူများကိုမူ
ဤအချက်များဖြင့် မလှည့်စားနိုင်ပေ။
.
ဟစန်ဘဆ်ွရီ
************
သူတော်စဉ်များ၏ မှတ်သားဖွယ်ကောင်းသော ဆုံးမစကားပေါင်းတစ်ရာ စာအုပ်မှကောက်နှုတ်တင်ပြသည်။

Thursday, December 10, 2009

Women In Islam - Wives in Islam

Women are vital to the very existence of all humans. After all, men are born from women, not the other way around. Allah the Majestic tells us in the Quran that He has created both men and women, all from a single person, Adam, peace and blessings be upon him. From Adam, Allah created his mate (Eve) and from these two Allah brought forth many men and many women.

Allah also tells us he created us all from a single soul and from him, brought forth his mate and from these two He created many tribes and nations and made us all different so that we might recognize one another.

Wives in Islam are considered mates to their “other half.” The prophet Muhammad (peace and blessings be upon him) taught his followers to get married and fulfill and complete the “other half” of their religion or way of life. Marriage is considered a complimenting of two halves to each other in Islam. These teachings seemed strange to the revealing attitude toward women at that time.

At a time when the rest of the world, from Greece and Rome to India and China, considered women as no better than children or even slaves, with no rights whatsoever, Islam acknowledged women’s equality with men in a great many respects.

The Quran states:
“And among His signs is this: that He created mates for you from yourselves that you may find rest and peace of mind in them, and He ordained between you love and mercy. Certainly, herein indeed are signs for people who reflect.” [Noble Quran 30:21]

Prophet Muhammad (peace and blessings be upon him) said:
“The most perfect in faith amongst believers is he who is best in manners and kindest to his wife.” [Source: “Sunnan” of Abu Dawud]

Muslims believe that Adam and Eve were created from the same soul. Both were equally guilty of their sin and fall from grace, and Allah forgave both. Many women in Islam have had high status; consider the fact that the first person to convert to Islam was Khadijah, the wife of Muhammad (peace and blessings be upon him), whom he both loved and respected. His favorite wife after Khadijah’s death, Ayshah, became renowned as a scholar and one of the greatest sources of Hadith literature.

Many of the female Companions accomplished great deeds and achieved fame, and throughout Islamic history there have been famous and influential scholars and jurists.

We might also mention that while many in the West criticize Islam with regard to the treatment of women, in fact a number of Muslim countries have had women rulers and presidents. To name a few: Turkey; Bangladesh and Pakistan.With regard to education, both women and men have the same rights and obligations.

This is clear in Prophet Muhammad’s (peace and blessings be upon him) saying:
“Seeking knowledge is mandatory for every believer.” [Hadith (saying of Muhammad (peace and blessings be upon him) collected by Ibn Majah] This implies men and women.

A woman is to be treated as God has endowed her, with rights, such as to be treated as an individual, with the right to own and dispose of her own property and earnings, enter into contracts, even after marriage. She has the right to be educated and to work outside the home if she so chooses. She has the right to inherit from her father, mother, and husband. A very interesting point to note is that in Islam, unlike any other religion, a woman can be an imam, a leader of communal prayer, for a group of women.

A Muslim woman also has obligations. All the laws and regulations pertaining to prayer, fasting, charity, pilgrimage, doing good deeds, etc., apply to women, albeit with minor differences having mainly to do with female physiology.

Before marriage, a woman has the right to choose her husband. Islamic law is very strict regarding the necessity of having the woman’s consent for marriage. The groom gives a marriage dowry to the bride for her own personal use. She keeps her own family name, rather than taking her husband’s. As a wife, a woman has the right to be supported by her husband even if she is already rich. She also has the right to seek divorce and custody of young children. She does not return the dowry, except in a few unusual situations.

Despite the fact that in many places and times some Muslims have not always adhered to all or even many of the foregoing in practice, the ideal has been there for 1,400 years, while virtually all other major civilizations did not begin to address these issues or change their negative attitudes until the 19th and 20th centuries, and there are still many contemporary civilizations which have yet to do so.

The prophet (peace and blessings be upon him) ordered his companions never to mistreat their wives. He scolded them and admonished them, saying “How could you treat them like animals in the day and then want to be intimate with them at night.”Prophet Muhammad (peace and blessings be upon him) said it all in a simple sentence,“The best of you are the best to their wives; and I am the best to my wives.”

Many times i have seen brothers are very good in all acts, well educated…but very bad with there wifes….

We must remember how we treat our mates is also test, and if you failed then you will be punished. Just like school & college exams….You have to pass in all Subject….If you failed in one subject, you will not enter in higher class. Same applied in here…and don’t think just fail in this test will not effect….Prophet Adam was out of Jannah becoz he disobeyed Allah’s one Order..Only One. Where you will go….???? by hurting your wifes, you are disobeying commands of Allah and order of Prophet Muhammad(pbuh), and will such peoples Enter Jannah ????? Think it.

….YOU STILL HAVE TIME…
.

Remember ::
“Be careful….
if you make a women cry because
Allah the most high counts her tears.
A women came out of the rib of man,
not his feet to be walked on,
nor his head to be superior over;
she came from his side to be his companion,
under his arm to be protected,
and next to his heart to be loved.

”May Allah forgive me if I’m wrong at any place, Ameen.

KING
slave of Allah

Special thanks to sister Ma Ma Lay.

Tuesday, December 1, 2009

အစ္စလာမ့်ဆန့်ကျင်ရေးစာများကို ပြန်လည်ဖြေရှင်း

Internet Email, Gmail များတွင် တွေ့သိနေရသော အစ္စလာမ့်ဆန့်ကျင်ရေးအတွက် အဓိပ္ပါယ်မဲ့စွာ ယိုးစွပ်တင်ပြချက်များ ကြောင့် မွတ်စလင်မ်လူငယ်များမှားယွင်းစွာ သုံးသပ်၊ ဆုံးဖြတ်၊ မပြုလုပ်မိစေရန် တင်ပြအပ်ပါသည်။ ယင်းစွပ်စွဲစော်ကားမှုများသည် (၁) အလ္လာဟ်အရှင်မြတ်အပေါ်၊ (၂)တမန်တော်မုဟမ္မဒ်(ဆွ)အပေါ် (၃) အစ္စလာမ်နှင့် (၄) မွတ်စလင်မ်ထုအပေါ်တွင်ပြုလုပ်ထားကြခြင်းဖြစ်ရာ အလ္လာဟ်အရှင်ကိုဆဲဆိုထားသောစာသားများပါရှိနေသဖြင့် ထာဝရ ဘုရားကို ယုံကြည်မှုရှိသောခရစ်ယာန်နှင့် ဖန်ဆင်းရှင်ကို ယုံကြည်သော ဟိန္ဒူဘာသာဝင်များရေးသားချက်မဟုတ်နိုင်ကြောင်း သာမန်ကောက်ချက်ချမိနိုင်ပါသည်။

အမှန်ဆိုရသော် ဖန်ဆင်းရှင်ကို လက်မခံသော ဗုဒ္ဓဘာသာဝင်များလည်းမည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ကြောင်း လွယ်ကူစွာပင် သိနိုင်ပါသည်။အကြောင်းမှာ -ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ငါးပါးသီလကို အထူးစောင့်ထိန်းရပါသည်။ငါးပါးသီလထဲတွင် မုသားပြောခြင်းကို ရှောင်ကြည်ရခြင်း သည်လည်းတစ်ပါးအပါအ၀င်ဖြစ်ရာ "တမန်တော်မြတ်၌ ဇနီး အယောက် (၆၁)ယောက်ရှိသည်ဟုနာမည်များဖြင့် လုပ်ကြံရေး သားမှုများပါဝင်နေသဖြင့် " ငါးပါးသီလကိုကျိုးပေါက်ရာရောက်စေသဖြင့် စစ်မှန်သော ဗုဒ္ဓ၀ါဒီတစ်ဦးမှာ ထိုအမှုကိုကျူးလွန်မည်မဟုတ်ပါ။ ကျန်စွပ်စွဲတင်ပြချက်များသည်လည်းမုသားဆင်ထားမှုများသာ ဖြစ်ပါသည်။

ဗုဒ္ဓဘာသာဝင်တစ်ဦးသည် မိမိကိုယ်၌ကလည်း ယဉ်ကျေးသိမ်မွေ့ပြီး၊တစ်ပါးသူကိုလည်း လိမ္မာယဉ်ကျေးလာအောင် ပြုပြင်ပေးတတ်သော စိတ်ထားကိုထားတတ်ကြသည်မှာ ဗုဒ္ဓတရားတော်၏ အနှစ်သာရဖြစ်ပါသည်။ "သူတစ်ပါးကိုဆုံးမသောနည်းအတိုင်း မိမိကိုယ်တိုင်လိုက်နာပြုကျင့်ရာ၏။မိမိကိုယ်တိုင် ယဉ်ကျေးပြီးသော်မှ သူတစ်ပါးကို ဆုံးမရာ၏။ မိမိကိုယ်ကိုယဉ်ကျေးအောင်ဆုံးမရခြင်းသည် ခဲယဉ်းလှစွာတကား" (ဓမ္မပဒ-၁၅၉)

မြန်မာ့ယဉ်ကျေးမှုနယ်ပယ်တွင် လူကြီးသူမတို့သည် မိမိတို့၏သားမြေးတို့အားဆုံးမသွန်သင်လေ့ရှိသော စကားတစ်ခွန်း မှာ - "အမိယုတ်က နှုတ်ကြမ်း၍ အဖယုတ်က အမူအယာကြမ်း၏" ဟူ၍ ဖြစ်ရာ မိယုတ်၊ဖယုတ် တို့မှာ နှုတ်၊ အမူအယာကြမ်း သည်ဟု အဓိပ္ပါယ်သက်ရောက်ကာမိမိမိုက်မဲမှုကြောင့် မိဘများ၏ ဂုဏ်သိက္ခာကို ထိပါးရာ ရောက်စေသဖြင့်ဤအပြုအမူမျိုးကို ရှောင်ရှားတတ်သည်ဖြစ်ရကား ယခုကဲ့သို့ယုတ်ညံ့သောစကားများကို ဆိုဝံ့သူတို့မှာ နိုင်ငံသားကောင်းတစ်ဦးလည်းမဖြစ်တန်ရာပေ။

ယင်းတို့၏ ရေးသားချက်များတွင် ဘာသာရေးရန်တိုက်ပေးခြင်း၊ လူမျိုးရေးမုန်းတီးစိတ်များဖြစ်စေရန် သွေးထိုးပေးခြင်း ဖြင့် ရှုတ်ထွေးမှုများ၊မတည်ငြိမ်မှုများဖြစ်လာအောင် တိုက်ထွန်းထားပေရာ ဤသည်လည်းဗုဒ္ဓဘာသာဝင်တစ်ဦး၏ ဂုဏ်သိက္ခာဖြင့် လုံးဝညီညွတ်ခြင်းမရှိကြောင်းတွေ့ရပြန်ပါသည်။

"သူတော်ကောင်းသည် သူနှစ်ယောက်တို့၏ညီညွတ်မှုကို ဖျက်စီးတတ်သောကုန်းတိုက် စကားပြောခြင်းကို ရှောင်ကြဉ်၏။ စိတ်ဝမ်းကွဲသောသူတို့ကိုစေ့စပ်၏။ ညီညွတ်ပြီးသောသူတို့ကို အမြဲညီညွတ်အောင် ကူညီ၏။ ပြောဆို၏။"(မဇ္ဈိမနိကာယ်၊ ဆဗ္ဗိသောဓနသုတ်)။

သို့ရှိရာ မွတ်စလင်မ်လူငယ်တို့သည် Internet Email, Gmailများတွင်တွေ့နေရသော အစ္စလာမ်ဆန့်ကျင်ရေး၊ မွတ်စလင်မ်မုန်းတီး ရေး၊၀ါဒဖြန့်စာသားများကို ရေးသားတင်ပြနေသူမှာ ဗုဒ္ဓဘာသာဝင်ဖြစ်ရမည်ဟုတွေးမထင်ကောင်းပါ။ ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ထိုသို့သော အောက်တန်းကျသည့်အမှုအား ဘယ်နည်းဖြင့်မျှ မပြုလုပ်နိုင်ပါ။ ထိုသို့ အသိမရှိဘဲနှင့်အထင်မှားမိပါက မိမိ၌ပင် အပြစ်ဖြစ်စေနိုင်ပါသည်။

"အို-ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည်များစွာသောထင်မြင်ယူဆချက်များမှရှောင် ကြဉ်ကြလေကုန်။ ဧကန်အမှန် အချို့သောထင်မြင်ယူဆချက်များမှာ အပြစ်ပင်ဖြစ်ပေသည်။" (ကုရ်အာန် ၄၉း၁၂)

(၁) အစ္စလာမ်တွင် စစ်ပွဲများကို ခွင့်ပြုထားရခြင်း မက္ကာဟ်သားမုရှရီက်တို့၏ စော်ကားမှု၊ အနိုင်ကျင့်မှု၊ ဖိနှိပ်မှုများကိုတမန်တော်မုဟမ္မဒ် (ဆွ)ကို လက်ခံခဲ့ကြသော သူတို့မှာ ဒလစပ်ခံခဲ့ကြရပြီး၊အလ္လာဟ်ဘက်မှ ပြန်လည်တုံ့ပြန်၍ အခွင့်အရေးမပေးသေးသဖြင့် နင်းပြားဘ၀သို့ရောက်ခဲ့ရပုံမှာ ကမ္ဘာ့သမိုင်းပညာရှင်တို့အတွက် ကရုဏာသက်ဖွယ်တစ်ရပ်အဖြစ်မှတ်တမ်းဝင်ခဲ့ရပါသည်။ အလ္လာဟ်အရှင်၏ ရည်ရွယ်ချက်မှာ အစ္စလာမ်သည်မွန်မြတ်မှန်ကန်သော လမ်းစဉ်အယူဝါဒဖြစ်ကြောင်းကို လက်တွေ့ပြသရန်ရည်ရွယ်သည်ဖြစ်ရကား အစတွင် မေတ္တာတရားကို ကိုယ်ထင်ပြဖို့ငုံ့ခံခိုင်းခဲ့ပါသည်။ ပြီးနောက်မှ သစ္စာတရားကို ခိုဝင်ကြဖို့တုံ့ပြန်ခိုင်းပါသည်။

အစ္စလာမ်သာသနာတွင် စစ်ပွဲဆင်နွှဲရန် ခွင့်ပြုထားသော်လည်း သဘာဝကျသောသာသနာ၊ လက်တွေ့ဆန်သော သာသနာ၊ လွယ်ကူရိုးရှင်းသော သာသနာ၊ တရားမျှတကိုမျက်ခြေအပြတ်မခံသောသာသနာ၊ မေတ္တာတရားကို အပျိုရည်မပျက်စေသော သာသနာ၊အမှန်တရားနှင့်ယှဉ်သော သာသနာ ဖြစ်သည့် အားလျော်စွာ စည်းကမ်းချက်များကိုတင်းကြပ်စွာချမှတ်ထားပါသည်။

"လာရောက်တိုက်ခိုက်သူတို့အား ပြန်တိုက်ကြလေကုန်။" (ကုရ်အာန် ၂း၁၉၁) အစ္စလာမ်တွင် ခုခံစစ် သက်သက်ကိုသာ ခွင့်ပြုထားပြီး ၊ကျူးကျော်စစ်ဟူသမျှကို အားမပေးပါ။ မထောက်ခံပါ။ မပြုခိုင်းပါ။ ဤသို့ တရားသော ခုခံစစ်၊ ပြန်တိုက်ခွင့်ကို ခွင့်ပြုခဲ့သည့် အချိန်မှာဟစ်ဂျရီ (၂)ခုနှစ်၊ ဆွဖရ်လ ၁၂ ရက်နေ့တွင် ဖြစ်ရာ တမန်တော်သက်တော်(၅၅)နှစ်ရောက်မှသာ ဖြစ်ပါသည် တနည်းဆိုသော် မွတ်စလင်မ်တို့သည် ၁၅နှစ်လုံးလုံး အနိုင်ကျင့်ခံ ဘ၀ဖြင့် နေထိုင်ခဲ့ကြရပါသည်။

"အလ္လာဟ့်လမ်း၌ အသင်တို့ကို တိုက်ခိုက်လာသူတို့အား တိုက်ခိုက်ကြကုန်လော့။သို့ရာတွင် အသင် တို့သည် စည်းဖောက်သူများ မဖြစ်ကြကုန်လင့်။အလ္လာဟ်အရှင်မြတ်သည် စည်းကမ်း၊ ဖောက်ဖျက်သူတို့အား နှစ်သက်တော်မမူပေ။လာရောက်တိုက်ခိုက်သူတို့အား တွေ့ရှိရာအရပ်၌ သုတ်သင်ကြလေကုန်။ အသင်တို့ကိုနှင်ထုတ်ခဲ့ကြသော နေရာမှ အသင်တို့ကလည်း ပြန်လည် နှင်ထုတ်ကြလေကုန်။ညှဉ်းပမ်းနှိပ်စက်ခြင်းသည် သတ်ဖြတ်ခြင်းထက်ပင် ပို၍ဆိုးရွားလှ ပေသည်"ကုရ်အာန် (၂း၁၉၀-၁၉၁)

- အလွန်ရိုးစင်းလှသော စည်းကမ်းလမ်းညွှန်ပင် - (က) အလ္လာဟ့်လမ်း၌ လာရောက်တိုက်ခိုက်သူတို့အား ပြန်တိုက်ရန် (ခ) စည်းမကျူးကြရန် (ဂ) ကျူးကျော်သူကို တွေ့ရာအရပ်၌ နှိမ်နှင်းရန် (ဃ) မိမိတို့ ပိုင်ဆိုင်သောနေရာမှာ ပြန်လည်နှင်ထုတ်ရန်ဟုသာဆက်တိုက်ပြောထားရာ (၁) မိမိအိမ်၌ မိမိနေသော (၂) မိမိအလုပ်မိမိလုပ်နေသော (၃)မိမိနေရာ၌ မိမိရှိနေသော (၄) မွတ်စလင်မ်တို့အား မကျူးကျော်သော ၊မစော်ကားသော သူတို့အား ဘာတစ်ခုမျှ ပြုလုပ်ရန် ညွှန်ကြားထားချက် မရှိပါ။ မပါပါ။

အစ္စလာမ်တွင် ခုခံစစ်ကို ခွင့်ပြုရခြင်း၏ ရည်ရွယ်ချက်မှာ "ညှင်းပမ်းမှုလုံးဝ ပပျောက်သွားသည့်အထိ၊ သာသနာသည် အလ္လာဟ့်အတွက်ဖြစ်သည့်တိုင် ပြိုင်ဆိုင် တိုက်ခိုက်ကြလေကုန်။ သို့ရာတွင် ထိုသူတို့သည်စစ်တိုက်ခြင်းကို ရပ်စဲကြပါလျှင် ညှင်းပမ်းနှိပ်စက်သူတို့မှတစ်ပါးအခြားသူများကို ရန်လိုစရာ အကြောင်းမရှိပေ။" (ကုရ်အာန် ၂း၁၉၃) "သာသနာရေး၌ အဓမ္မ စနစ် မရှိစေရ။" (ကုရ်အာန် ၂း၂၅၆) သို့ရှိပေရာ အစ္စလာမ်တွင် စစ်တိုက်ခွင့်ရှိသည်ဟု ဆိုရာ၌ - (က) တရားသောခုခံစစ်သာ ဖြစ်ရပေမည်။ (ခ) ကျူးကျော်စစ် လုံးဝမဖြစ်စေရ။ (ဂ) စည်းကမ်းမဖောက်ရ။ (ဃ) ညှင်းပမ်းနှိပ်စက်မှု မရှိစေရ (င) စစ်ပြေငြိမ်းပါက ရန်မလိုရ ဟူသောအချက်များနှင့်အညီသာပြုခွင့်ပေးထားခြင်းသာ ဖြစ်ပါသည်။အစ္စလာမ်သည် ဘာသာအယူဝါဒ မတူသူများနှင့် ငြိမ်းချမ်းစွာ အတူနေထိုင်ခွင့်ရှိသည်။ " အို လူသားအပေါင်းတို့၊ ငါအရှင်သည် အသင်တို့အား တစ်မိတစ်ဖတည်းမှဖန်ဆင်း ပြုလုပ်တော်မူခဲ့သည်။"(ကုရ်အာန် ၄၉း၁၃)

ဤအာယသ်တော်သည် လူသားအပေါင်းတို့သည် ကမ္ဘာအိမ်ထောင်စုကြီးဖြစ်သည်ဟုဖော်ညွှန်းထားခြင်းဖြစ်သည်။ အစ္စလာမ်က ဤအတိုင်းပင်ခံယူထားပါသည်။ "အသင်တို့အား ဘာသာရေး၌ မတိုက်ခိုက်သူများ၊ အသင်တို့အား အိမ်များမှမနှင်ထုတ်သူများအား ကောင်းကျိုးပြုပေး ခြင်းနှင့်တရားမျှတစွာဆက်ဆံခြင်းကို ငါအရှင်မြတ်က မတားမြစ်ပါ။" (ကုရ်အာန် ၆၀း၈) "အသင်တို့သည် လူသားထုတစ်ရပ်လုံးအတွက်အကောင်းဆုံးပေါ်ထွက်လာသူများပင်။" (ကုရ်အာန် ၃း၁၁၀) "ထို မယုံကြည်သူတို့အား ခွင့်လွှတ်ပါ။ ငြိမ်းချမ်းရေးပြောပါ။သူတို့သည် မကြာမီ သိလာကြမှာပါ။" (ကုရ်အာန် ၄၃း၈၉) "မွတ်စလင်မ်ဟူသည် လူသားတို့အားသူ၏ နှုတ်ဖြင့်လည်းကောင်း၊ သူ၏လက်ဖြင့်လည်းကောင်း ငြိမ်းချမ်းရာရစေကြောင်း ဖန်တီးပေးသူသာဖြစ်၏ "(တမန်တော်မြတ် ၏နောက်ဆုံး ဟဂ်ျမိန့်ခွန်း)

အစ္စလာမ်ကပြဆိုသော အိမ်ထောင်ရေး ကမ္ဘာပေါ်တွင်ရှိသော ဘာသာသာသနာအသီးသီးသည် ကြည်ညိုလေးစားဖွယ်ရာအပေါင်းနှင့်ပြည့်နှက်နေပါသည်။ ကိစ္စရပ်များအတွက်လည်းစည်းကမ်းနည်းလမ်းများ ချမှတ်သွန်သင်ထားပါသည်။အိမ်ထောင်ရေးကိစ္စနှင့်ပတ်သက်၍ ညွှန်ကြား ပြသရာ၌ အစ္စလာမ်သည်အပြည့်စုံဆုံးဟု ဆိုရပေမည်။ မည်သည့်အယူဝါဒကမျှ အမျိုးသားသည် ဇနီးမယားဘယ်နှစ်ဦးယူခွင့်ရှိသည်ကိုတိတိပပ ပြောဆိုထားခြင်းကို မတွေ့ရပေ။ ယဉ်ကျေးမှုဓလေ့ထုံးထမ်းအရသာအိမ်ထောင်သားမွေးပြုကြပြီး တစ်လင်တစ်မယားစနစ်ကို အများအားဖြင့်ကျင့်သုံးနေကြပါသည်။

အစ္စလာမ်သည် သဘာဝကျသော သာသနာဖြစ်သည့်အားလျှော်စွာ အမျိုးသားတစ်ဦးအားဇနီးတစ်ယောက်သာ ယူရမည်ဟု ပြောမထားပါ။ ဤသို့သတ်မှတ်ထားပါက အချို့သောသူများအတွက် ပြဿနာများပေါ်ပေါက်လာနိုင်ပါသည်။ သို့သော်တစ်လင်တစ်မယားစနစ်သည်သာ အကောင်းဆုံးဖြစ်ကြောင်းကိုတော့ပီပြင်စွာတင်ပြထားသည့်တစ်ခုတည်းသော သာသနာဖြစ်ပါသည်။

အသင်တို့သည် ခိုကိုးရမဲ့ မိဘမဲ့ကလေးများနှင့်ပတ်သက်၍ တရားမျှတမှုအတွက်စိုးရိမ် မကင်းဖြစ်ပါမူ အမျိုးသမီး တစ်ဦး (သို့မဟုတ်)အသင်တို့လက်ယာလက်ကပိုင်ဆိုင်သော ကျွန်မ တစ်ဦးနှင့်ပင် လက်ထပ်ရပေမည်။(ကုရ်အာန် ၄း၃) ဤအာယသ်တော်အား ခွဲခြမ်းစိစစ်သော်-(က) မိဘမဲ့ ကလေးများကို စာနာသနားမှု (ခ) တရားမျှတမှုကိုရှေ့တန်းတင်ခြင်း(ဂ) တစ်ဦးတည်းယူရန် အသားပေးခြင်း (ဃ) ကျေးကျွန်ကို ဂုဏ်ပေးကာသူကောင်းပြုစေမှုတို့ပါဝင်နေသည်မှာ ထင်ရှားနေပါသည်။

တမန်တော် မုဟမ္မဒ် (ဆွ) ခေတ်အချိန်၌ ကျွန်ပိုင်ရှင်စနစ်ထွန်းကားနေပြီးကျွန်လူတန်းစားတို့ခမျာမှာလည်း အနှိမ်ခံ၊ အနိုင်ကျင့်ခံ ဘ၀မျိုးဖြင့်အဆင့်အတန်းနိမ့်ကျကာ လူဖြစ်ကျိုးမနပ်ဖြစ်နေကြရရှာပေသည်။ သို့ရှိရာအစ္စလာမ်သည် လူလူချင်း တစ်ဘက်သတ်အနိုင်ကျင့်မှုကို လက်မခံ၊ အားမပေးသောသာသနာဖြစ်သည့် အားလျှော်စွာ ကျွန်စနစ်ပပျောက်ရေးကို လက်တွေ့အကောင်အထည်ဖော်ကာ ရှေ့တန်းက ရပ်တည်ဆောင်ရွက်ခဲ့ပါသည်။ သည့်အတွက်ကြောင့်ပင် အစ္စလာမ့်မဏ္ဍိုင်ကြီး (၅) ရပ်အနက်မှတစ်ရပ်အပါအ၀င်ဖြစ်သော ဇကားသ်(သန့်စင်ဒါန) ငွေကြေးကို ပေးသည့်အခါ၌ "ကျွန်ဘ၀မှ လွတ်မြောက်စေရန်" အတွက်ပါပေးကြရန် မိန့်ကြားထားပါသည်။(ကုရ်အာန် ၉း၆၀)။ ထို့ပြင် ဂျန္နသ်သို့ စံမြန်းရမည့်သူတော်ကောင်းတို့၏အရည်အချင်းကိုဖော်ကျူးရာတွင်လည်း - "ကျွန်တစ်ဦးကိုလွတ်မြောက်စေမှု"သည်လည်းတစ်ရပ်အပါအ၀င်ဖြစ်နေပြန်ပါသည်။}} (ကုရ်အာန် ၉၀း၁၃) အစ္စလာမ်သည် ကျွန်လူတန်းစားကိုသနားကြင်နာခိုင်းပါသည်။ကယ်တင်ခိုင်းပါသည်။ ကောင်းမွန်ရာကိုပြုစေပါသည်။ "ကြင်ဖော်မရှိသော ယောက်ျား-မိန်းမတို့အားလည်းကောင်း၊ ကောင်းသောကျွန်-ကျွန်မများကိုလည်းကောင်း ထိမ်းမြားပေး ကြပါလေ။" (ကုရ်အာန် ၂၄း၃၂)

အစ္စလာမ်သည် ဘာသာခြားအမျိုးသမီးများကိုယူ၍ သာသနာမပြုခိုင်းပါ။"ယုံကြည်သူ မုရှ်ရီက်ထက်စာလျှင် ယုံကြည်သူ ကျွန်မကပို၍ကောင်းမြတ်လှပေသည်။" (ကုရ်အာန် ၂း၂၂၁)

ဟစ်ဂျရီ ၂ ခုနှစ် ၊ ဆွဖရ်လ (၁၂)ရက်နေ့၌ စော်ကားကျူးကျော်သူတို့အားပြန်လည်ခုခံပိုင်ခွင့် ရရှိသွားသဖြင့် အများ ငြိမ်းချမ်းအတွက်မဖြစ်မနေစစ်ပွဲများကို မလွှဲမရှောင်သာဆင်နွှဲခဲ့ကြရလေရာ ခုခံစစ်ပွဲများ၌ကျဆုံးသွားသော ရှဟီဒီ အာဇာနည်များ၏ ဇနီးမယားများမှာ မုဆိုးမဘ၀သို့ဆိုက်ရောက်သွားခဲ့ရပါသည်။ ဤသို့စစ်ပွဲများ ဖြစ်ပွားပြီးတိုင်း မုဆိုးမအရေအတွက်တိုးလာရာ သူမတို့၏ဘ၀ လုံခြုံရေးအတွက်နှင့် အဖမဲ့ကလေးများ၏ရပ်တည်ရှင်သန်ရေးတို့အတွက် အကာအကွယ် ပေးရန်နှင့် နွေးထွေးသောမေတ္တာပေးရန်လိုအပ်လာပါသည်။ ထို့အတွက်ကြောင့် တမန်တော် မုဟမ္မဒ် (ဆွ)က မိမိ၏နောက်လိုက် ဆွဟာဗဟ်တို့ကို မုဆိုးမများကို တရားဝင်ထိမ်းမြားယူကြပါရန်မိန့်ကြားရာတွင် ဆွဟာဗဟ်များကလည်း မန်တော်၏အဆိုအမိန့် ကို နာခံကြပါသည်။ဤနေရာ၌ သိထားအပ်သည်မှာ -

မဒီနာရှိ အန်ဆွာရီ ဆွဟာဗဟ်တို့သည် မိမိတို့၏ ဥစ္စာပစ္စည်းများအားမရှိရှာသော ဆွဟာဗဟ်များကို မိမိတို့၏ ပိုင်ဆိုင်မှုအနက်မှ ၅၀ရာခိုင်နှုန်းကိုပင် ပေးဝံ့သူများ၊ ပေးခဲ့ကြသူများ ဖြစ်ကြသကဲ့သို့။ မက္ကာမှ မုဟာဂျီရီးန်ဆွဟာဗဟ်တို့သည်လည်း မိမိတို့ပိုင်ဆိုင်သောဥစ္စာပစ္စည်းများ၊ အိုးအိမ်များအားလုံးကိုပင် စွန့်ဝံ့သူ များဖြစ်ကြရာသူတို့၏ နှလုံးသားစိတ်အစဉ်တွင် စွန့်လွတ်အနစ်နာခံလိုစိတ်များဖြင့်သာထုံမွန်းနေသူများဖြစ်ကြောင်း နားလည်ရ ပါမည်။ အမျိုးသမီးများကိုတစ်ဦးထက်မက လက်ထက်ခဲ့ကြခြင်းမှာ အကာအကွယ်ပေးလိုမှုကြောင့်သာ ဖြစ်ပါသည်။ကာမဂုဏ် လိုက်စားဖို့အတွက် တဏှာကျူးလွန်ရန် စိတ်ကူးမရှိပါ။ ဤသည်ကိုအလ္လာဟ်ကလည်း ပြင်းထန်စွာ သတိပေးထားပါသည်။

"မိမိတို့၏ ဥစ္စာပစ္စည်းများဖြင့်ကာမဂုဏ်လိုက်စားသူများအဖြစ်နှင့်မဟုတ်ဘဲ၊ ထိန်းသိမ်း စောင့်ရှောက်သူများအဖြစ်နှင့်သာ ထိမ်းမြားကြလေကုန်။" (ကုရ်အာန် ၄း၂၄) အစ္စလာမ်သာသနာ၏ သင်ကြားချက်၌ မိမိမလုပ်သောအလုပ်ကို သူတစ်ပါးအားလုပ်ခိုင်းခြင်းကို အလွန်စက်ဆုပ်ဖွယ်ရာ အဖြစ် မှတ်ယူပါသည်။ "အသင်တို့ မပြုလုပ်သောကိစ္စကို အဘယ်အတွက်ကြောင့် ပြောဆိုနေကြပါသနည်း။အလ္လာဟ့်ထံတွင် အသင်တို့ မပြုလုပ်သော ကိစ္စကို ပြောဆိုခြင်းသည်အလွန်ပင်ရွံ့စရာကောင်းလှ ပေသည်။"(ကုရ်အာန်၆၁း၂-၃) ထို့ကြောင့် တမန်တော်မြတ် (ဆွ)သည် ဆွဟာဗဟ်များကို မုဆိုးမများကိုစောင့်ရှောက်ရန် သင်ကြားရာ၌ မိမိကိုယ်တိုင် လည်းလက်တွေ့စံပြပြုကျင့်ခဲ့ပါသည်။ သည့်အတွက်ကြောင့်လည်း တမန်တော်မြတ်၏ဇနီး(၁၁)ပါးတွင် အာအိရှာသခင်မသာလျှင် အပျိုဖြစ်ကာ ကျန် (၁၀)ယောက်မှာမုဆိုးမများသာ ဖြစ်ခဲ့ကြပါသည်။

အာအိရှာသခင်မနှင့် ပတ်သက်၍ ယိုးစွတ်ချက်တစ်ခုမှာ တမန်တော်မြတ်(ဆွ)သည် သခင်မအား အရွယ်မရောက်သေးခင် ထိမ်းမြားခဲ့သည်ဟူ၍ ဖြစ်ပါသည်။ ဤသည်ယုတ္တိကင်းသော စွပ်စွဲချက်တစ်ခုသာ ဖြစ်ပါသည်။ အစ္စလာမ်၏ သင်ကြားချက်၌(က) အရွယ်မရောက်သေးသောသူကို ထိမ်းမြားလက်ထက်ခွင့်မရှိပါ။ (ကုရ်အာန် ၄း၆)(ခ) အမွေတစ်ရပ်အနေဖြင့်လည်း အဓမ္မသိမ်းပိုက်ခွင့်မရှိပါ။ (ကုရ်အာန် ၄း၁၉) အစ္စလာမ်ကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်မှုများရှိစဉ်အခါသမယ၌တမန်တော်ကိုယ်တိုင်က ကုရ်အာန်နှင့် ဆန့်ကျင်သော အမှုများကို ပြုခဲ့သည်ဟုဆိုပါလျှင် -(၁) အစ္စလာမ်ကို မလိုလားသည့်မက္ကာသား မုရှရီက်တို့၏ တွံတွေးခွက်၌ပက်လက်မျောရမည့်အဖြစ်ပင်။(၂) နောက်လိုက်တို့၏ စိတ်ကူးတွင်လည်း သူကိုယ်၌က မလိုက်နာသောမလုပ်နိုင်သော ကိစ္စအား မိမိတို့ကို ခိုင်းစေသဖြင့် အလ္လာဟ်ရွံသောသူအဖြစ်ရှုမြင်သွားကာ အားလုံးက တမန်တော်အပါးမှ ဆုတ်ခွာသွားကြမည်မှာ ဧကန်ပင်။(၃) တမန်တော်နှင့် ဆွဟာဗဟ်များအကြား၌ အတူရောနှောနေကြသော "မုနာဖိက်"အယောင်ဆောင်မွတ်စလင်မ်များအဖို့မူ တမန်တော်နှင့် ဆွဟာဗဟ်များအကြား၌ဤကိစ္စကိုအကြောင်းပြု၍ သွေးခွဲရန်လည်း မဟာအခွင့်အရေးတစ်ရပ်ပင် မဟုတ်ပါလား။သို့သော် -

(က) မက္ကာသား မုရှရီက်တို့၏ လက်ညှိုးထိုးကဲ့ရဲ့ခြင်းကို တမန်တော်မြတ်မခံခဲ့ရခြင်း(ခ) ဆွဟာဗဟ်တို့၏ အကြည်ညိုပျက်ခြင်းကိုလည်း မခံခဲ့ရခြင်း(အာအိရှာသခင်မ၏ ဖခင်ကြီးအပါအ၀င်)(ဂ) မုနာဖိက်တို့အတွက် သွေးခွဲစရာ၊ ၀ါဒဖြန့်စရာဖြစ်ရအောင် ဟာကွက်၊ပျော့ကွက် မရှိခဲ့ခြင်းမှာ တမန်တော်သည် မိမိပြောသော စကားကိုမိမိကိုယ်တိုင် လိုက်နာခဲ့သောကြောင့်သာဖြစ်ပေသည်။ တမန်တော်မြတ်အား လူပျိုလူလွတ်ဘ၀၌ပင် မက္ကာခေါင်းဆောင်များသည်အစ္စလာမ်ကို ဆက်လက်မဟောကြားက အိုးအိမ်၊ ရတနာပစ္စည်း၊ မက္ကာမြို့ရဲ့အာဏာနှင့်နှစ်သက်ရာအမျိုးသမီးများကို ပေးမည်ဖြစ်ကြောင်း ကမ်းလှမ်းလာရာတွင်တမန်တော်မြတ် (ဆွ) က ခါးခါးသီးသီးငြင်းဆန်ခဲ့ပါသည်။ တမန်တော်သည် အာဏာလည်းမမက်ပါ၊ စည်းစိမ်လည်း မမက်မောပါ။ မိန်းမလည်း မက်မောခြင်းကင်းကြောင်းလက်တွေ့သက်သေထူခဲ့ပြီးပါပြီ။

သက်တော် (၂၅)နှစ်၌ မုဆိုးမတစ်ဦးဖြစ်သူ ခတီဂျာသခင်မနှင့်လက်ထပ်ထိမ်းမြားပြီး တစ်လင်တစ်မယားစနစ်ကို တာဝန်သိသိ၊သိက္ခာရှိရှိထူထောင်သွားခဲ့သည်မှာ ခတီဂျာသခင်မ ကွယ်လွန်ချိန် တမန်တော်မြတ်သက်တော် (၄၈)နှစ်အထိပင် ဖြစ်ပါသည်။ ခတီဂျာသခင်မနှင့် (၂၃)နှစ်တာတစ်လင်တစ်မယားစနစ်ဖြင့် နေထိုင်ခဲ့သော တမန်တော်မြတ်အား လူပျိုဘ၀၌ရော၊အိမ်ထောင်သည်ဘ၀၌ပါ မိမိအား စွဲလန်းချစ်ခင်နှစ်သက်သော အမျိုးသမီးများစွာရှိခဲ့ရာ စိတ်ဝင်စားမှုလုံးဝမရှိခဲ့ဘဲ အားနည်းသူ ကျွန်များ၊အမျိုးသမီးများဘက်မှ လူနည်းစုဘက်မှ ရပ်တည်ကာကွယ်ပေးရင်း၊ လူမှု့ဘ၀ကိုမြှင့်တင်ပေးခြင်း၊ အစ္စလာမ့်တရားကို ဖြန့်ချီရင်းဖြင့်သာ မိမိဘ၀ကိုတန်ဘိုးရှိရှိ၊ သိက္ခာသမာဓိအပြည့်ဖြင့် နေထိုင်သွားခဲ့သဖြင့် ဘာသာမတူသူကမ္ဘာ့သမိုင်းပညာရှင် တို့၏ လေးစားမှုကို အပြည့်အ၀ရရှိခဲ့ပါသည်။ ဤနေရာ၌ ဟိန္ဒူဘာသာဝင်တစ်ဦးဖြစ်ပြီး အိန္ဒိယပြည်၏စံပြခေါင်းဆောင်ကြီးဖြစ်သော မဟတ္တမဂန္ဓီကြီး၏ စကားကိုကိုးကားဖော်ပြရပါသော်- "ကျွန်ုပ်တို့ ရိုးစင်းသော ၀တ်စားဆင်ယင်မှုနှင့် ရိုးစင်းသောဘ၀ကိုနှစ်သက်ခြင်းတို့မှာ တမန်တော်မြတ် မုဟမ္မဒ်ကို အားကျ၍ ဖြစ်ပါသည်။" "အကြင်သူတစ်ဦးသည် အစ္စလာမ်ကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာမည်ဆိုပါကအစ္စလာမ်ဘာသာကို ကျွန်ုပ်ကဲ့သို့ပင် ချစ်ခင်လေးစားလိုစိတ်များတဖွားဖွားပေါ်ပေါက်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

အစ္စလာမ်သည် အကြမ်းဖက်မှုကို အားမပေး၊ အလ္လာဟ်သည် စစ်ကို မလိုလား "၄င်းတို့သည် စစ်မီးကို မွှေးသော အခါတိုင်း အလ္လာဟ်အရှင်မြတ်သည်ထိုစစ်မီးကို ငြိမ်းစေ တော်မူခဲ့သည်။ ၄င်းပြင် ထိုသူတို့သည် ကမ္ဘာပေါ်ဝယ်ပျက်စီးရာ ပျက်စီးကြောင်း ကြိုးပမ်း အားထုတ်ကြကုန်၏"(ကုရ်အာန် ၅း၆၄) "ထို့ပြင် ၄င်းတို့သည် သင်တို့ထံ စစ်မက်ကျေအေးရန်ကမ်းလှမ်းခဲ့ကြပါမူ၊ အလ္လာဟ် အရှင်မြတ်သည် အသင်တို့အား စစ်တိုက်ကြရန်မည်သည့်နည်းလမ်းကိုမျှ ခွင့်ပြုတော်မူမည် မဟုတ်ပေ။" (ကုရ်အာန် ၄း၉၀)

မျိုးပြုန်းသတ်ရန်ဝေးစွ၊ တစ်ဦးတစ်ယောက်ကိုပင် မတရားသတ်ဖြတ်ခွင့် မရှိ "မည်သူမဆို တစ်ဦးတစ်ယောက်အား အသက်တစ်ချောင်း၏အစားလည်းမဟုတ်၊တိုင်းပြည်၌ သောင်းကျန်းဖျက်စီးမှု ကြောင့်လည်းမဟုတ်၊သတ်ဖြတ်ခဲ့ပါမူထိုသူသည် လူသားအားလုံးကို သတ်ဖြတ်သကဲ့သို့ပင်။"(ကုရ်အာန်၅း၃) တမန်တော်မြတ်သည် မက္ကာကို ပြန်လည်အောင်နိုင်သောအချိန်၌ ဖျက်စီးခဲ့သောနတ်ရုပ်ထုများမှာ တမန်တော် အာဒမ်(အ-စ) အုတ်မြတ်ချ၍ တမန်တော် အိဗ်ရာဟီမ်(အ-စ)မြှင့်တင်ခဲ့သော အလ္လာဟ့်အိမ်တော်မှ နတ်ရုပ်များသာဖြစ်ပြီး၊မက္ကာခေါင်းဆောင် အဗူစူဖီယာန်အိမ်မှ ရုပ်ထုများကို မဖျက်စီးခဲ့သလို၊အခြားမည်သည့်အိမ်၊ မည်သည့်ဆိုင်၊ မည်သည့်နေရာမှ မိမိတို့ဆန္ဒအလျောက်ပြုလုပ်ထားရှိသော ကိုးကွယ်ရာ ရုပ်ထုတစ်ခုတစ်လေကိုမျှပင်ဖျက်စီးတော်မမူခဲ့ပါ။ လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားခဲ့ပါသည်။ကအ်ဗဟ်ကျောင်းတော်သည် တစ်ပါးတည်းသော အလ္လာဟ်အရှင်မြတ်၏အိမ်တော်ဖြစ်သည့်အတွက် ရုပ်ထုထားရှိခွင့်မပြုသဖြင့်ဖျက်ဆီးခဲ့ရခြင်းဖြစ်ပါသည်။

အစ္စလာမ်သည် အခြားဘာသာတရားကို ဖျက်စီးရန်ဝေးစွ၊ မကောင်းပြောခြင်းကိုပင် တားမြစ်၏ "အလ္လာဟ်အရှင်မြတ်အပြင် ယင်းသူတို့တသကိုးကွယ်နေကြသောကိုးကွယ်ရာများကို မကောင်းပြောဆို ကဲ့ရဲ့ခြင်းမပြုကြနှင့်။" (ကုရ်အာန်၆း၁၀၈)

အခြားဘာသာဝင်တို့၏ အဆောက်အဦးများကို ကာကွယ်စောင့်ရှောက်ခိုင်းထားသည် "အကယ်၍ အလ္လာဟ်အရှင်မြတ်သည် လူသားတို့၌ တစ်ချို့ကိုတစ်ချို့ဖြင့်ကာကွယ် တော်မူခြင်းမရှိပါက ဘုန်းတော်ကြီး ကျောင်းများ၊၀တ်ကျောင်းတော်များ၊ မေတ္တာပွားများရာ တရား စခန်းရိပ်သာများ၊အလ္လာဟ်နာမတော်ကို တသပွားများရာ မတ်စ် ဂျီဒ် ဗလီဝတ်ကျောင်းတော် များသည်ဧကန်အမှန် ဖြိုဖျက်ခြင်းခံကြရပေမည်။" (ကုရ်အာန် ၂၂း၄၀) ပါကစ္စတန်နိုင်ငံတွင် ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော၊ အဖိုးမဖြတ်နိုင်သောအမွေအနှစ်များအား ယနေ့ထက်တိုင် ပါကစ္စတန် အစိုးရနှင့် ပြည်သူများကအမျိုးသားယဉ်ကျေးမှုအမွေအဖြစ် ဂုဏ်ယူစွာ စောင့်ရှောက်ထားကြပါသည်။

မွတ်စလင်မ်အများဆုံးနေရာ အင်ဒိုနီးရှား၌လည်း ကမ္ဘာ့အကြီးဆုံးဗုဒ္ဓဘာသာအဆောက်အဦးကြီးဖြစ်သော "ဗောရော- ဗုဒ္ဓေါ" စေတီတော်ကြီးကိုမိမိတို့ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှုအမွေတစ်ရပ်အဖြစ် အားလုံးကပင်ဂုဏ်ယူထိန်းသိမ်းနေကြပါသည်။ ကမ္ဘာပေါ်ရှိအစ္စလာမ်နိုင်ငံများတွင် လူများစုမွတ်စလင်မ်များနှင့်လူနည်းစုဘာသာခြားတို့သည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ကြကာယဉ်ကျေးမှုအမွေအနှစ်များနှင့် ဘာသာရေးအဆောက်အဦးများကိုအပြန်အလှန်အကာအကွယ်ပေးကြပေသည်။

မွတ်စလင်တို့ ဓါးမိုး၍ သာသနာမပြုခဲ့ပါ မွတ်စလင်တို့သည် စပိန်နိုင်ငံကိုနှစ်ပေါင်း ၈၀၀ တိုင်အုပ်စိုးသွားခဲ့ကြပါသည်။ စပိန်က မွတ်စလင်တို့သည် တိုင်းသူပြည်သား များအစ္စလာမ်ကို ကူးပြောင်းလက်ခံရေးအတွက် ဘယ်တုံးကမှဓါးမိုးပြီးအတင်းအဓမ္မမပြုခဲ့ကြပါ။ မွတ်စလင်မ်တို့သည် အိန္ဒိယနိုင်ငံကြီးကို နှစ်ပေါင်း ၁၀၀၀ ခန့်အုပ်ချုပ်ခဲ့ပါသည်။ သူတို့သာဆန္ဒရှိခဲ့ပါလျင် အိန္ဒိယမှာရှိသောမွတ်စလင်မ်မဟုတ်သောသူများကို တစ်ဦးမကျန်အစ္စလာမ်ဘာသာကိုကူးပြောင်းလက်ခံကြရမယ်ဆိုပြီး အင်အားသုံးကာ ဆောင်ရွက် နိုင်ပါသည်။အိန္ဒိယတွင် လူပေါင်းသန်းပေါင်းများစွာသည် မွတ်စလင်မဟုတ်သောသူတွေပင်၊မွတ်စလင်မ်မဟုတ်သောသူများသည်အစ္စလာမ်ဟာဓါးမိုးသာသနာပြုခဲ့တာမဟုတ်ကြောင်းကို သက်သေခံနေကြပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာမှာ မွတ်စလင်မ်လူဦးရေအများဆုံးနိုင်ငံကြီးတစ်ခုဖြစ်ပါသည် ။

မလေးရှားနိုင်ငံသည်လည်းလူများစုကြီးက မွတ်စလင်မ်များဖြစ်ကြပါသည်။မည်သည့်မွတ်စလင်မ်စစ်တပ်ကြီးကများ အင်ဒိုနီးရှားနှင့်မလေးရှားနိုင်ငံတို့သို့မရောက်ခဲ့ပါ။ အလားတူ အစ္စလာမ်သည် အာဖရိက အရှေ့ကမ်းရိုးတန်း ဒေသများတွင် အလျင်အမြန်ပြန့်ပွားသွားခဲ့ရပါသည်။ အာဖရိက အရှေ့ကမ်းရိုးတန်းဒေသကိုမည်သည့်မွတ်စလင်မ် စစ်တပ်ကြီးကမျှမသွားရောက်ခဲ့ပါ။ အမှန်စင်စစ်သော်ကား ကောင်းမှုနှင့်မကောင်းမှုတို့မှာ တူကြသည်မဟုတ်ပေ။(သို့ဖြစ်ပေရာ) အသင်သည် (မကောင်း မှုကို)ကောင်းမှုဖြင့် ခုခံတွန်းလှန်ပါလေ။သို့ဖြစ်လျှင် အကြင်နှင့်ရန်ငြိုး ရှိသူသည် မိတ်ဆွေအရင်းကဲ့သို့ဖြစ်လာပေမည်။ (၄၁း၃၄)

ဂုဏ်လင်းထိန်ထိန်

Special thanks to Brother Minthu

Thursday, November 26, 2009

Eid Mubarak 1430 H.

''နှလုံးသားရဲ့သခင် Allah (SWT)''
..
နေလ ကြယ်စင်
သမုဒ္ဒရာ တောင်တန်း
သခင့်အပေါ် ဖူးမော်ပျော်ပါး
သခင့်အမိန့် နာခံလျှက်နှင့်
မေတ္တာရေစင် သွင်သွင်ဆီးလျှက်
ဒီနှလုံးသားနှင့် ဒီဦးနှောက်က
ကမ္ဘာဆုံးထိ သက်ဆုံးတိုင်အောင်
သခင့်အပေါ် သစ္စာခိုင်မြဲ
မြတ်နိုးခြင်းများ သီကုံးထားကာ
ချစ်ပန်းလေးတွေ ပိုလှတယ်.....။

Wednesday, November 18, 2009

A blessing of creation - Subahanallah


The Qur’an emphasizes its centrality: (We made from water every living thing) (Al-Anbiyaa’ 21:30). The water of rain, rivers, and fountains runs through the pages of the Qur’an to symbolize God’s benevolence: "He sends down saving rain for them when they have lost all hope and spreads abroad His mercy" (Qur’an 25:48).

At the same time, the believers are constantly reminded that it is God Who gives sweet water to the people, and that He can just as easily withhold it:"Consider the water which you drink. Was it you that brought it down from the rain cloud or We? If We had pleased, We could make it bitter" (Qur’an 56:68-70). In this verse the believers are warned that they are only the guardians of God’s creation on earth; they must not take His law into their own hands.

“Cleanliness is half of faith,” the Prophet Muhammat (SAW) tells his companions in one of the hadiths.

** Health and water **

DRINK WATER ON EMPTY STOMACH
It is popular in Japan today to drink water immediately after waking up every morning. Furthermore, scientific tests have proven its value. We publish below a description of use of water for our readers. For old and serious diseases as well as modern illnesses the water treatment had been found successful by a Japanese medical society as a 100% cure for the following diseases: Headache, body ache, heart system, arthritis, fast heart beat, epilepsy, excess fatness, bronchitis asthma, TB, meningitis, kidney and urine diseases, vomiting, gastritis, diarrhea, piles, diabetes, constipation, all eye diseases, womb, cancer and menstrual disorders, ear nose and throat.

METHOD OF TREATMENT
1. As you wake up in the morning before brushing teeth, drink 4 x 160ml glasses of water
2. Brush and clean the mouth but do not eat or drink anything for 45 minute
3. After 45 minutes you may eat and drink as normal.
4. After 15 minutes of breakfast, lunch and dinner do not eat or drink anything for 2 hours.
5. Those who are old or sick and are unable to drink 4 glasses of water at the beginning may commence by taking little water and gradually increase it to 4 glasses per day.
6. The above method of treatment will cure diseases of the sick and others can enjoy a healthy life.

The following list gives the number of days of treatment required to cure/control/reduce main diseases:

1. High Blood Pressure (30 days)

2. Gastric (10 days)

3. Diabetes (30 days)

4. Constipation (10 days)

5. Cancer (180 days)

6. TB (90 days)

7. Arthritis patients should follow the above treatment only for 3 days in the 1st week, and from 2nd week onwards – daily. This treatment method has no side effects, however at the commencement of treatment you may have to urinate a few times.

It is better if we continue this and make this procedure as a routine work in our life. Drink Water and Stay healthy and Active. This makes sense .. The Chinese and Japanese drink hot tea with their meals ..not cold water. Maybe it is time we adopt their drinking habit while eating!!! Nothing to lose, everything to gain...

For those who like to drink cold water, this article is applicable to you.It is nice to have a cup of cold drink after a meal. However, the cold water will solidify the oily stuff that you have just consumed. It will slow down the digestion.

Once this "sludge" reacts with the acid, it will break down and be absorbed by the intestine faster than the solid food. It will line the intestine. Very soon, this will turn into fats and lead to cancer. It is best to drink hot soup or warm water after a meal.

A serious note about heart attacks:
Women should know that not every heart attack symptom is going to be the left arm hurting. Be aware of intense pain in the jaw line. You may never have the first chest pain during the course of a heart attack. Nausea and intense sweating are also common symptoms. 60% of people who have a heart attack while they are asleep do not wake up. Pain in the jaw can wake you from a sound sleep. Let's be careful and be aware.. The more we know, the better chance we could survive...

Special thanks to aunty Daw La' La' Myint for health and water.

Sunday, November 15, 2009

ချို့တဲ့သူများအား ကူညီကြပါရန် (Helping hand)

.
ချို့တဲ့သူများအတွက်

ကျွန်ုပ်တို့သည် ကိုယ်ရေးကိုယ်တာကိစ္စနှင့်သော်လည်းကောင်း၊ ပညာသင်ယူနေ၍သော်လည်းကောင်း၊ အလုပ် လုပ်နေ၍သော်လည်းကောင်း၊ နေ့စဉ်အကြောင်းအမျိုးမျိုးနှင့် အလုပ်များနေလိမ့်မည်။ ထိုအကြောင်းများကြောင့် အောက်ပါပုံမှ လူများကိုမေ့လျော့သွားတဲ့အခါလည်းရှိနိုင်သည်။




ကျွန်ုပ်တို့လက်ထဲမှ ငွေ၊ အဝတ်အထည်၊ အစားအသောက်၊ ဆေးဝါးများနှင့် စိတ်ပိုင်းဆိုင်ရာအားပေးမှုတို့သည် ထိုသူများအတွက်များစွာအကျိုးရှိလှသည်။ ကျွန်ုပ်တို့၏တန်ဖိုးရှိသောအချိန်များ၌ ၎င်းချို့တဲ့သောသူများကိုလည်း သတိရစေချင်ပါသည်။

ထိုသူများသည်တစ်ခြားသူများမဟုတ်။ ကျွန်ုပ်တို့၏ မွတ်စလင်မ် ညီအကို မောင်နှမများသာဖြစ်သည်။ အကယ်၍ ကျွန်ုပ်တို့သည်သာ ၎င်းတို့၏နေရာတွင်ရှိနေခဲ့လျှင် .......... ဒါကိုစဉ်းစားရင်း ကျွန်ုပ်စိတ်နှလုံးထဲ၌ တစ်စိမ့်စိမ့် ခံစားမိပါသည်။

ကိုယ့်မွေးရပ်မြေမှ ချို့တဲ့သူများမှအစ ကမ္ဘာအနှံ့မှချို့တဲ့သူများအား တတ်နိုင်သလောက်ကူညီလိုလျှင် ကူညီလို့ရပါသည်။ ကိုယ်လုပ်သမျှကောင်းမှုအလုံးစုံကို နှစ်ဘဝ၏အရှင်သခင် အလ္လာဟ်အရှင်မြတ် အလုံးစုံသိမြင်တော်မူသည်။ထိုဖြူစင်မှုသဒ္ဓါတရားအပေါ် အလ္လာဟ်အရှင်မြတ်၏ ချီးမြင့်မှုသည်လည်း ကိုယ့်အပေါ်ကျရောက်မှာဧကန်မလွဲပေ။ ကုရ်အာန်ကျမ်းမြတ်တွင်လည်း ချို့တဲ့သူများအား စာနာထောက်ထား ကူညီကြရန် ပါရှိသည်။

တစ်နေ့ကျွန်ုပ်တို့ သည်အောက်ပါနေရာသို့ သွားလျှင် ကိုယ်နှင့်အဘယ်အရာမှပါမည်မဟုတ်ပါ။

လာရောက်ဖတ်ရှူ့သူအပေါင်းအား ချစ်ခင်လေးစားစွာဖြင့်။
Muslimmah.

Tuesday, November 3, 2009

အကွဲအပြဲနှင့် ပူးပေါင်းဆောင်ရွက်ခြင်း - ဘာကိုရွေးမလဲ


Myanmar Muslim Association of Malaysia
သောကြာနေ့ ခွသ်ဘာ ၃၃/၂၀၀၉
Shawwal 12 1430

အကွဲအပြဲနှင့် ပူးပေါင်းဆောင်ရွက်ခြင်း - ဘာကိုရွေးမလဲ

ချီးမွမ်းခြင်းအပေါင်းတို့သည် ချီးမွမ်းခြင်းအပေါင်းတို့သည် စကြာဝဠာလောကခပ်သိမ်းအား
ပြုစုပျိုးထောင်တော်မူသော အနှိုင်းမဲ့ကိုးကွယ်ရာမြတ်အလ္လာဟ်အတွက်သာ ဖြစ်တော်မူပါ၏။ ထိုအရှင်မြတ်စေလွှတ်တော်မူသော လူသားအလင်းပြ နဗီတမန်တော်အပေါင်းနှင့် နောက်ဆုံးတမန်တော်ချုပ် မုဟမ္မဒ်သခင် (ဆွ) အပေါ်သို့ ငြိမ်းချမ်းသာယာမှု အဖြာဖြာ သက်ရောက်ပါစေ။

ညီအစ်ကိုမောင်နှမအပေါင်းတို့ခင်ဗျားအတ်စ္စလာမု အလိုင်းကွန်းမ် ၀ရဟ်မသုလ်လာဟိ ၀ဗရကါးသုဟ်

ကွန်မြူနစ်ဝါဒကျဆုံးခြင်းနှင့် အော်တိုမန်အင်ပါယာပြိုကွဲခြင်းကိုလေ့လာခြင်းကမ္ဘာစစ်ကြီးတွေနဲ့ သွေးချောင်းစီးကာလ လွန်မြောက်တော့ အရင်းရှင်စနစ်နဲ့ ကွန်မြနစ်စနစ်ကြားမှာစစ်အေးခေတ် (Cold War) ကာလကို ရောက်ရှိလာခဲ့ကြပါတယ်။ စစ်အေးခေတ်ဆိုတာကတော့ ကိုယ်ယုံကြည် တဲ့ဝါဒအပေါ် မြဲမြဲမြံမြံရပ်ပြီး ဆန့်ကျင်ဘက်အင်အားစုတွေကို နည်းမျိုးစုံနဲ့တိုက်တဲ့နည်းပေါ့။ စနစ်တစ်ခုထဲမှာ တောင်အယူအဆကွဲလွဲချက်ပေါ်လာရင် ဖြုတ်၊ ထုတ်၊ သတ် ကျင့်သုံးလာခဲ့ကြပါတယ်။

အမေရိကန် ဦး ဆောင်တဲ့အနောက်ဥရောပက ဒီမိုကရေစီဝါဒနဲ့ ဆိုဗီယက်ပြည်ထောင်စု ဥးဆောင်တဲ့ အရှေ့ဥရောပက
ကွန်မြူနစ်ဝါဒဆိုပြီး အုပ်စုကြီးနှစ်ခုအသွင်ပေါ်ခဲ့ပါတယ်။

ဒီစစ်အေးခေတ်မှာ ဂျာမဏီကိုကြည့်ရင် (၉၆)မိုင်ရှည်လျားတဲ့ ဘာလင်တံတိုင်းကြီးက အရှေ့ဂျာမဏီ
(ဆိုဗီယက်အုပ်စ၀ုင)် နဲ့အနောက်ဂျာမဏ(ီ ဒီမိုကရေစီအုပ်စ၀ုင)်အဖြစ် ခြွဲခားပါတယ်။ ဒါပေမယ့် ဒီဘာလင် တံတိုင်းကြီးဟာ(၂၈)နှစ်တာကြာပြီးတဲ့နောက် ၁၉၈၉ခုနှစ်၊ နိုဝင်ဘာလ(၉)ရက်နေ့ညမှာ ဖြိုဖျက်ခြင်းခံလိုက် ရပြီး အရှေ့ဂျာမဏီနိုင်ငံနဲ့အနောက်ဂျာမဏီနိုင်ငံတို့ ပေါင်းစည်းသွားခဲ့ကြပါတယ်။ ဒီမိုကရေစီအုပ်စုရဲ့အောင်ပွဲ ဖြစ်ခဲ့ပါတယ်။ ဒီလိုစစ်အေးကာလမှာလက်နက်နဲ့မတိုက်ဘဲ ဘာလင်တံတိုင်းကြီးဘာလို့ပြိုသွားရတာလ။ဲ
ဂျာမဏီမှာ ကန်ွမြူနစ်ဝါဒ ဘာဖြစ်လို့ကျဆုံးသွားသလဲ။ အဓိကအဖြေတစ်ရပ်ကတော့ ပြည်သူလူထုတွေဆီကို ကွန်ပျူတာတွေရောက်လာပြီး ပြူတင်းပေါက်(Window)တွေကတဆင့် ကမ္ဘာကြီးကို မျှော်ကြည့်လို့ရလာခဲ့ခြင်းပါပဲ။ နံရံတံတိုင်းနဲ့ ဘောင်ခတ်ထားခြင်းခံရတဲ့ လူတွေရဲ့အသိအမြင်တွေကို မီဒီယာစွမ်းအားက ဖွင့်ပေးလိုက် တဲ့အတွက် သက်ဆိုင်ရာပြည်သူလူထုက ပြောင်းလဲသွားခြင်းပဲဖြစ်ပါတယ်။ ဒီလိုနဲ့ ဘယ်ပြည်ပစစ်တပ်ကမှ မကျူးကျော်ဘဲ ဆိုဗီယက်ယူနီယံပြိုလဲပြီး အရှေ့ဥရောပမှာလည်း ကွန်မြူနစ်ဝါဒ ကျဆုံးသွားခဲ့ပါတယ်။ တစ်ချိန်က ဆိုဗီယက်ယူနီယံထဲကိုအဓမ္မသွတ်သွင်းခြင်း ခံထားရတဲ့ မွတ်စလင်မ်နိုင်ငံ (၆)နိုင်ငံလည်း လွတ်လပ်ရေး ရသွားခဲ့ကြပါတယ်။

ဒါကြောင့် နံရံတံတိုင်း (Wall) ကို စစ်အေးခေတ်ရဲ့သင်္ကေတအဖြစ်ဖေါ်ညွှန်းခဲ့ကြပြီး မိမိကိုယ်မိမိတို့ တံတိုင်း ခတ်ပြီးအကွဲအပြဲကို ပြဆိုနေပါတယ်။ ဒါပေမဲ့ စစ်အေးအလွန်ခေတ်ရဲ့သင်္ကေတကတော့ အင်တာနက်ဝက်ဘ် ဆိုက် (Web)ဖြစ်လာပြီး ပူးပေါင်းဆောင်ရွက်ခြင်းကိုဖေါ်ညွှန်းတဲ့ ကမ္ဘာ့ပင်ကူအိမ်ကြီးပြဲဖစ်ပါတယ်။ အခုဆိုရင် ကမ္ဘာ့လူသားတွေဟာတံတိုင်း(Wall) ကနေ ကမ္ဘာ့ပင့်ကူအိမ်ကြီး (Web) ဆီကို ရွေးချယ်သွားနေကြပြီဖြစ် ပါတယ်။ တစ်နည်းဆိုရင်အကွဲအပြဲကနေ ပူးပေါင်းဆောင်ရွက်ခြင်းဆီကို သွားနေပြီဖြစ်ပါတယ်။

မွတ်စလင်မ်တို့ရဲ့အော်တိုမန်အင်ပါယာပြိုကွဲခြင်းကိုကြည့်မယ်ဆိုရင် သင်ခန်းစာယူစရာတွေ အများကြီးတွေ့ရ ပါလိမ့်မယ်။ ကမ္ဘာ့မွတ်စလင်မ်ထုဟာ တူရကီကိုဗဟိုပြုပြီး အော်တိုမင်အင်ပါယာအဖြစ် တစ်စုတစ်စည်းတည်း တည်ရှိနေတာကိုကိုလိုနီစနစ်ကျင့်သုံးချင်တဲ့ ဗြိတိသျှအစိုးရအနေန့ဲ အရဗ်တွေကို တူရကီနဲ့သေွး ခွဲပြီးအောိုမင်အင်ပါယာအောက်ကခွဲထွက်ဖို့ မြှောက်ပင့်ပေးခဲ့ပါတယ်။ အရဗ်တွေကို လွတ်လပ်ရေးရအောင်လုပ်ပေးမယ် ဆိုပြီး မြူဆွယ်ခဲ့ပါတယ်။

အရဗ်တွေကတကယ်ယုံပြီး တော်လှန်ရေးလုပ်ကြတော့ နောက်ဆုံး အော်တိုမန်အင် ပါယာကြီး ပြိုကွဲခဲ့ပါတယ်။ ဒါပေမဲ့အရဗ်တွေမျှော်လင့်ထားခဲ့သလို လွတ်လပ်ရေးမရခဲ့ကြဘဲ ဥရောပရဲ့ ကျွန်သ ဘောက်ဘ၀ကိုသာ
သက်ဆင်းခဲ့ကြရတာကိုတွေ့ရမှာဖြစ်ပါတယ်။ အရဗ်တွေအနေနဲ့ အသက်သွေးချွေးပေးပြီး လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ခဲ့ကြပေမယ့် လွတ်လပ်ရေးရတဲ့အခါကျတော့ ညီညွတ်တဲ့အရဗ်နိုင်ငံအဖြစ် မ ပေါ်ပေါက်တော့ဘဲအရဗ်နိုင်ငံများစွာ ပြိုကွဲသွားခဲ့ပါတယ်။အခုအခါမှာတော့ ရအဗ်တွေ တစ်နိုင်ငံတည်းမဖြစ်နိုင်တော့ပေမဲ့ နိုင်ငံပေါင်းစုံပါဝင်တဲ့ အရဗ်အဖွဲ့ချုပ် (Arab League)ဖွဲ့ပြီးသာ ဆောင်ရွက်နိုင်ပါတော့တယ်။

အလားတူပဲ မွတ်စလင်မ်ကမ္ဘာဟာလည်း တစ်ခုတည်း သောအင်ပါယာမတည်ဆောက်နိုင်ကြတော့ဘဲ (၅၇)နိုင်ငံပါဝင်တဲ့ အစ္စလာမစ်ညီလာခဲ့အဖွဲ့) Organization Of Islamic Conference) (OIC)အနေနဲ့သာ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အဆင့်သာရှိပါသေးတယ်။
တကယ်တော့ အစ္စလာမ်ဆိုတာ ဆုံးမစာ သာသနာအဆင့်မဟုတ်ဘဲ ဒီန်လို့ခေါ်တဲ့ ဘ၀တည်ဆောက်မှု
လမ်းစU်တစ်ရပ်ဖြစ်ပါတယ်။ ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲ၊ ဒေသစွဲ၊ ကျောင်းတော်ဝါဒစွဲတွေကို လွန်မြောက်ပြီး “အလ်-အာ လမီယဟ်” လို့ခေါ်တဲ့ စကြ၀ဠာလောကခပ်သိမ်းနဲ့ယှU်တဲ့လမ်းစU် (Universalization) ဖြစ်ပါတယ်။ ဒါကြောင့် မွတ်စလင်မ်တွေဟာလူမျိုး၊ ဘာသာစကား၊ အ၀တ်အစား၊ ဒေသ၊ ယU်ကျေးမှု ဘယ်လိုပဲကွဲကွဲ တစ်စုတည်း သော အွမ္မသ်သားချင်း (အွမ်မသွန်း-၀ါဟိဒဟ်)အဖြစ် အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်က သတ်မှတ်ထား ခြင်းဖြစ်ပါတယ် (ကုရ်အာန် ၂း၂၁၃)။

မနာလိုမှုတွေကြောင့် ကွဲပြဲသွားကြတယ်လို့လည်း သတိပေးပါတယ်။ ဒါကြောင့်လည်းတမန်တော်မြတ်က
ကမ္ဘာ့တစ်နေရာက မွတ်စလင်မ်တစ်ဦး ဝေဒနာဖြစ်ရင် ကျန်ကမ္ဘာတစ်နေရာ က မွတ်စလင်မ်တစ်ဦးလည်း ခံစားရမယ်လို့ ဖေါ်ညွှန်းသွားခဲ့ခြင်းဖြစ်ပါတယ်။ ဒါကြောင့် အစ္စလာမ့်ဘ၀တည်ဆောက်မှုလမ်းစဉ်မှာ--·

လူမျိုးစွဲ၊ ဒေသစွဲတွေနေရာမှာ သတ်က၀ါလို့ခေါ်တဲ့ “အလ္လာဟ်သိစိတ်နဲ့ တာဝန်ကျေခြင်း”
(၀ါ)မှန်သော အယူ၊ မှန်သော အကျင့်နဲ့သာ မြင့်မြတ်မှုကို တိုင်းတာနိုင်တယ်ဆိုတာနဲ့ အစားထိုးခဲ့ပါတယ်။ (ကုရ်အာန် ၄၉း၁၃)·

ပုဂ္ဂိုလ်စွဲကိုရှေ့တန်းမတင်ဘဲ “အလ္လာဟ် တမန်တော်မြတ်နဲ့ ဂျီဟာဒ်ခေါ် အမှန်တရားအတွက် သက်စွန့်
ကြိုးပမ်းဆောင်ရွက်ခြင်း” ကိုသာ အချစ်ဆုံးဖြစ်ရမယ်ဆိုတာနဲ့ အစားထိုးခဲ့ပါတယ်။ (ကုရ်အာန် ၉း၂၄)·

ဂိုဏ်းဂဏ၀ါဒစွဲနေရာမှာ အလ္လာဟ်ရဲ့လမ်းညွှန်ကုရ်အာန်ဟာ မှတ်ကျောက(် ဖုရ်ကာန)် န့ဲ တမန်တော် မြတ်ဟာစံနှုန်း(အုစ်ဝသွန်-ဟစနဟ်)နဲ့ အစားထိုးခဲ့ပါတယ်။ (ကုရ်အန် ၂း၁၈၅၊ ၃၃း၂၁)

ဒါကြောင့် မွတ်စလင်မ်များအနေနဲ့ ပုဂ္ဂိုလ်စ၊ွဲ လူမျိုးစ၊ွဲ ဒေသစ၊ွဲ ကျောင်းတောဝ်ါဒစွဲစတ့ဲ နံရံတံတိုင်းများကို ဖြိုဖျက်ပြီးတစ်စုတည်းသော အွမ္မသ်ဆိုတဲ့ စကြ၀ဠာလောကခပ်သိမ်းနဲ့ယှဉ်တဲ့ လွင်ပြင်ဆီကိုလျှောက် လှမ်းကြပါစို့။

အလ်ဟာဂ်ျ ဖုဖ်သီ ဦးမြင့်သိန်း (ငြိမ်းချမ်းလုလင်)

Special thanks to Aunty Daw La' La' Myint