---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Showing posts with label women. Show all posts
Showing posts with label women. Show all posts

Sunday, December 16, 2012

မွတ်စလင်မ်အမျိုးသ္မီးများ ရှောင်ရန်ဆောင်ရန် ဆေးဝါးနှင့်အလှကုန်ပစ္စည်းများ

လူတွေမှာအသက်အရွယ်ရလာတာနဲ့အမျှ သဘာဝအလျှောက် မျက်လုံး၊ ပါး၊ နှုတ်ခမ်း၊ လည်ပင်းတို့မှာအရေတွန့်လာကြပါတယ်။ အရေတွန့်မှာကို အမျိုးသ္မီးအများစုက စိုးရိမ်ကြပါတယ်။ မိမိတို့ငယ်ရွယ်စဉ်ကလို နုပျိုနေအောင် ငွေကုန်ခံအလှကုန်များဝယ်ပြီး ဖြည့်ဆည်းတတ်ကြပါတယ်။ အမျိုးသ္မီးအကြိုက်အတွက် အလှအပနဲ့ပတ်သက်တဲ့ အလှကုန်နဲ့ဆေးဝါးများကို ထုတ်လုပ်သူအရင်းရှင်များကလည်း သူ့ထက်ကိုယ်ပိုကောင်းအောင်၊ Customer ပိုများလာအောင် နည်းပညာမျိုးစုံနဲ့အမြဲစမ်းသစ်နေကြပါတယ်။ အလှကုန်မှာဆိုရင် အသားအရေအတွက်လိမ်းတဲ့ Day Cream, Night Cream, Anti Aging cream or Serum, Lotion, Oil, Powder မျိုးစုံရှိကြပါတယ်။
-
ဆေးဝါးမှာဆိုရင် အရွယ်နုပျိုစေရန်၊ အသားအရောင် စိုပြေလှပစေရန် Hormones နဲ့ ဆေးဝါးအမျိုးမျိုး ထုတ်လုပ်ကြပါတယ်။ Hormones ကို တိရိစ္ဆာန် Hormones ကနေထုတ်တာကြောင့် ဟရမ် အဖြစ်သတ်မှတ်ထားပါတယ်။
-
အလှကုန်များထက် ထိရောက်တာကိုသုံးလိုသူများက ဆေးထိုးခြင်း၊ ခွဲစိတ် ပြုပြင်ခြင်းတို့နဲ့ အရွယ်နုအောင်၊ လှအောင် ငွေကုန်ခံပြီးလုပ်ကြပါတယ်။ အရင်ခေတ်က စီလီကုန် အပျော့၊ အမာတို့ကို မျက်နှာနဲ့ ဘော်ဒီလှအောင် ခွဲစိတ်ဖြည့်စွတ်ကြပါတယ်။ အခုခေတ်မှာတော့ Botox Injection ကခေတ်စားလာပါတယ်။ Botox (Botulinum toxin) ဆိုတာ Botox is derived from the poison manufactured by the bacteria ဖြစ်ပါတယ်။ အရေတွန့်နေတဲ့နေရာကို Botox ဆေးထိုးထည့်လိုက်ရင် အဲဒီအရေပြားအောက်က ကြွက်သားအလုပ်လုပ်တာကို နှေးစေပြီး တစ်နည်း မသန်စွမ်းစေပြီး အရေတွန့်တာကို (၃ - ၆ လ) တင်းစေပါတယ်။ အရေပြားဆိုင်ရာဆရာဝန်ကြီးများနဲ့ ဆေးဖက်ဆိုင်ရာသုသေသီများက ပြင်ပကဘယ်လောက်ဘဲ ကြော်ငြာကောင်းကောင်း အားမပေးကြောင်း Botox ထိုးသူများအတွက် အန္ဒရယ်ရှိတာတွေ့ရှိရကြောင်း သတိပေးပါတယ်။ Botox ကိုအများအားဖြင့် မီဒီယာလောကတွင် အလုပ်လုပ်သူများနဲ့ လူချမ်းသာများမှ Injection ထိုးကြပါတယ်။ ကုန်ကျစရိတ်လည်းကြီးပါတယ်။
-
ယောက်ျား - မိန်းမ အသက်အရွယ်ရင့်လာသည်နှင့် မျက်နှာနဲ့ ဘော်ဒီမှာ တစ်ဖြေးဖြေးအရေတွန့်လာကြပါတယ်။ သိသာလာတဲ့အရွယ်က ၃၀ ကျော်မှာဖြစ်ပါတယ်။ ထင်ရှားလာတာက ၄၀ ကျော်အရွယ်မှာဖြစ်ပါတယ်။ အသက် ၄၀ ရောက်ရင် ဘော်ဒီအတွင်းမှာရှိတဲ့ Collagen ကနုပျိုတဲ့အရွယ်ကထက် တစ်ဝက်လောက်သာထုတ်လုပ်ပါတော့တယ်။
-
လူသားတွေမှာရှိတဲ့ Collagen အလုပ်လုပ်ပုံက အရေပြားကိုတင်းစေပြီး ကြွက်သားများကိုအားရှိနေစေပါတယ်။ လက်သည်းနဲ့ ဆံပင်ကိုလည်းသန်စေပြီး အသားအရေစိုပြေစေပါတယ်။ Collagen လျှော့နည်းလာတဲ့အရွယ်မှာတော့ ကိုယ်လက်၊ ခါးနာတတ်ခြင်း၊ မျက်နှာ လည်ပင်း နဲ့ ခြေ၊ လက်တို့မှာအရေပြားခြောက်သွေ့တွန့်လာခြင်းတို့ကို တွေ့လာရပါမယ်။
-
အခုနောက်ပိုင်းမှာ အလှကုန် ထုတ်လုပ်သူများက Eyes Cream, Face cream, Lips Cream, Serum တို့ကို Collagen ထည့်ပြီးဖော်စပ်ရောင်းချလာကြပါတယ်။ အလွယ်တကူရှာနိုင်တာက ကုန်တိုက်တွေပေါ်ကအလှကုန်အတန်းတွေမှာ Collagen Filler ဘူးတွေတွေ့ရပါလိမ့်မယ်။ တစ်ဖန် အချို့အလှကုန်ဆေးဝါးမှာလည်း Collagen tablets, powder များကိုရောင်းပေးပါတယ်။
-
အရွယ်နုလိုသူ အလှအပကြိုက်သူများအတွက် ဒါဟာသတင်းကောင်းတစ်ရပ်အဖြစ်ဝမ်းသာရမလို ဖြစ်ပေမယ့်လည်း မိမိကိုယ်ကို အစ္စလာမ်လမ်းစဉ်နဲ့အညီ သန့်ရှင်းစွာနေထိုင်ပြီး အလ္လာဟ်အရှင်မြတ်ပေးထားတဲ့ ဦးနှောက်ကို ကောင်းစွာအသုံးချတတ်မယ်ဆိုရင် မျက်စိနဲ့မြင်တိုင်းလည်းယုံလို့မရပြန်ဘူး။ အဲတော့မိမိတို့အလိုဆန္ဒကိုခဏဘေးဖယ်ပြီး တစ်နည်း မိမိစိတ်ကိုအလိုမလိုက်ဘဲ မှန်ကန်မှုအတွက် ဆွဗာလ်သည်းခံပြီး ပြန်လည်စစ်ဆေးလိုက်ရင် အလှကုန်နဲ့ဆေးမှာပါဝင်ဖော်စပ်ထားတဲ့ Collagen ဟာ တိရိစ္ဆာန်ကထွက်တဲ့ Collagen နဲ့ထုတ်လုပ်ထားတာတွေ့ရပါတယ်။
-
ဘာသာခြားအရင်းရှင်များအနေနှင့် ကုန်ပစ္စည်းရင်းနှီးမြှုတ်နှံရာမှာ ကုန်ကြမ်းဈေးသက်သာတာကိုအမြဲရွေးကြပါတယ်။ တိရိစ္ဆာန်တွေထဲမှာ ဈေးအသက်သာဆုံးနဲ့ အရေအတွက်အများဆုံးရတဲ့ တိရိစ္ဆာန် ဘယ်တိရိစ္ဆာန်လဲဆိုတာ စာဖတ်သူမွတ်စလင်မ်များသိပါလိမ့်မယ်။ အစ္စလာမ်သာသနာမှာ အဲဒီ တိရိစ္ဆာန်ဟာ ၁၀၀ % ဟရမ်ဖြစ်ပါတယ်။ ဒါဆိုကိုယ့်ကိုယ်ကိုတောင် ကောင်းမွန်အောင် ဖီးလိမ်းလို့တောင်မရတော့ပါလားလို့ စိတ်ဓါတ်မကျပါနဲ့။ စာရေးသူ Collagen နဲ့ပတ်သက်ပြီး ဆက်လက်လေ့လာလိုက်တဲ့အခါမှာ ငါးကထွက်တဲ့ Collagen tablets, powder များလည်းရှိပါသေးတယ်။ ဒါပေမယ့် တိရိစ္ဆာန် ကထွက်တဲ့ Collagen  လောက် များများစားစား မရှိနိုင်ပါဘူး။
-
Tablets နဲ့Capsuls မှာလည်း capsuls တွေက Gelatin ဟရမ်နဲ့လုပ်ထားတာတွေရှိပါတယ်။ Gelatin အများစုက ဝက်ကထုတ်လုပ်ကြပါတယ်။ အချို့ capsuls ကိုတော့ ငါး Gelatin နဲ့လုပ်ကြတာရှိပါတယ်။ မွတ်စလင်မ်များဗဟုသုတတိုးပွါးလာတာနဲ့အမျှ သန့်ရှင်းတာကို ပိုပြီး ရှာဝယ်နိုင်မယ်။ လေးနက်မှုထားဖို့ကအဓိကကျပါတယ်။ ဟလာလ် ရရှိရန် အလှကုန်နဲ့ဆေးဝယ်ယူတဲ့အခါမှာ Pharmacist ကိုသေချာမေးပြီးဝယ်ကြပါလို့ အကြံပေးအပ်ပါတယ်။ ဟလာလ်တံဆိပ်ပါတဲ့ Product တွေကိုရှာဝယ်နိုင်ရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။
-
လူဆိုတာ အားနည်းသူအဖြစ်မွေးလာကြတယ်။ တစ်ဖန်အားရှိတဲ့သူဖြစ်လာတယ်။ နောက်တစ်ဖန် အားအင်ချိနဲ့သူအဖြစ်ပြန်ရောက်သွားမယ်လို့ ကျမ်းမြတ်ကုရ်အာန်မှာပါ ပါတယ်။
.
မိမိကိုယ်ကို ဂရုစိုက်ပေးတာ စွန္နသ်ဖြစ်သော်လည်း မှန်ကန်တဲ့ ဟလာလ် နည်းနဲ့ဂရုစိုက်ပေးတာ အသန့်ရှင်းဆုံးဖြစ်ကြောင်း သတိတရားလေး ပေးလိုက်ပါတယ်။
-
ကိုးကား http://www.salamcards.com/static/AtoZListofIngredients.shtml
http://suewidemark.com/botox_not.htm

မမီးမီး
(အစ္စလာမ်ရောင်ခြည်)




Sunday, May 20, 2012

အစ္စလာမ်သာသနာမှာ အိမ်တွင်းပုန်းဝါဒမရှိ

ဘာသာခြားတွေက သူတို့ဘာသာနဲ့ လူမျိုးဘဲအကောင်းကြီးမှတ်ပြီး မွတ်စလင်မ်ကို အမျိုးမျိုးပြောဆို ထိုးနှက်လျှက်ရှိကြပါတယ်။ မွတ်စလင်မ်အမျိုးသားဆိုလည်း တစ်မျိုး၊ မွတ်စလင်မ် အမျိုးသ္မီးဆိုလည်းတစ်ဖုံ လူလူချင်းစာနာမှုမရှိ ချင့်ချိန်မှုမရှိ လျှာမှာအရိုးမရှိတိုင်း ပြစ်တင်ပြောချင်ရာပြောနေကြတယ်။ မွတ်စလင်မ်အမျိုးသ္မီးတွေကို အိမ်တွင်းပုန်းမတွေလို့ ရမ်းကားပြောတဲ့ဘာသာခြားတွေနဲ့ အိမ်နီးချင်းနိုင်ငံက ရှေ့ဟောင်း ဓလေ့ထုံးတမ်း အစဉ်အလာကို ဆက်လက်ထိန်းသိမ်း ကျင့်သုံးလိုသူများနားလည်စေရန် လင်းပြဖို့တော့လိုပါတယ်။
.
အစ္စလာမ်သာသနာမှာ တမန်တော်မြတ်၏ ကြင်ယာတော်များမှာ အခြားအမျိုးသ္မီးများနှင့်မတူအလ္လာဟ်အရှင်မြတ်၏ အချစ်တော်တမန်တော်မြတ်နှင့် ထိမ်းမြားထားသောကြောင့်မြင့်မြတ်သော အမျိုးသ္မီးများ ဖြစ်ကြပြီး သူမတို့အကျင့်သီလကောင်းမွန်စေရန် အလ္လာဟ်အရှင်မြတ်မှအထူးတလည် သွန်သင်ဆုံးမပေးထားခြင်းဖြစ်ပါတယ်။ သူမတို့၏ကောင်းမှုအပေါ်၌လည်း နှစ်ဆ ကောင်းကြီးမင်္ဂလာပေးထားပါတယ်။.ထို့ကြောင့် သာမန်အမျိုးသ္မီးများနှင့် စံပြ မိန်းမမြတ်တို့ကို ခွဲခြားနားလည်ရန် လိုအပ်ပါတယ်။
.
ကျမ်းမြတ်ကုရ်အာန်

(39:4). Because their status is so high, it is appropriate to state that the sin, if they were to commit it, would be so much worse, so as to protect them and their Hijab.
-
(32. O wives of the Prophet! You are not like any other women. If you keep you have Taqwa, then be not soft in speech, lest he in whose heart is a disease should be moved with desire, but speak in an honorable manner.)

-
(33. And stay in your houses, and do not Tabarruj yourselves like the Tabarruj of the times of ignorance, and perform the Salah, and give Zakah and obey Allah and His Messenger. Allah wishes only to remove the Ar-Rijs from you, O members of the family, and to purify you with a thorough purification.)

-
(34. And remember, that which is recited in your houses of the Ayat of Allah and Al-Hikmah. Verily, Allah is Ever Most Courteous, Well-Acquainted with all things.)-(We shall give her, her reward twice over, and We have prepared for her a noble provision.) i.e., in Paradise, for they will be in the dwellings of the Messenger of Allah in the highest reaches of `Illiyin, above the dwellings of all the people, in Al-Wasilah which is the closest of the dwellings of Paradise to the Throne)..The Wives of the Prophet are not like Other WomenThis Ayah is addressed to only to them, and not to other women, in the event that any of them should commit open Fahishah.
Ref : http://www.theholybook.org/content/view/8292/2/-
.
အစ္စလာမ်သမိုင်းကိုကြည့်ရင် မိန်းမမြတ်တွေအများကြီးကို ရှိကြပါတယ်။
၁။ မြတ်နဗီတမန်တော် မူဟာမတ် (ဆွ) ရဲ့ ကြင်ယာတော် ခဒီဂျာ (ရ)
၂။ ကြင်ယာတော် အာအေရှာ (ရ)
၃။ အီစာ (အ) ၏မိခင် မေရီယမ်သခင်မ
၎။ ဖီရ်အောင်ဘုရင်၏မိဖုရား အာဆီယာသခင်မ
၅။ မာမာဟာဝါ (အ) တို့ဖြစ်ပါတယ်။
.
-ခဒီဂျာ (ရ) သခင်မသက်ရှိနေစဉ်က အမျိုးသားများနဲ့တန်းတူ အိမ်နီးချင်းနိုင်ငံများသို့ကုန်ကူး ခဲ့ပါတယ်။
.
-အာအီရှာသခင်မမှာလည်း တမန်တော်မြတ်ကွယ်လွန်ပြီးနောက် သောင်းနဲ့ချီရှိသော စစ်ဗိုလ်ပါတတ်သားများကို သူမကိုယ်တိုင်ဦးဆောင်ခဲ့ရပါတယ်။
.
-မေရီယမ်သခင်မမှာလည်း သားငယ်ကိုပိုက်ပြီးခရီးဝေးတွေသွားခဲ့ရပါတယ်။
.
-မာမာဟာဝါ (အ) ကိုယ်တိုင် ဘာဘာအာဒမ်နဲ့တွေ့ဖို့ နှစ်ပေါင်းများစွာအရပ်ရပ်ကိုသွားပြီး ရှာဖွေခဲ့ရပါတယ်။.ဘာသာခြားတွေပြောဆိုသလို မွတ်စလင်မ်အမျိုးသ္မီးတွေ အိမ်တွင်းပုန်းဆိုရင် အထက်ကစံပြ သာသနာရဲ့ မိန်းမမြတ်တွေမှာ ဘယ်လိုလို့ လွတ်လပ်စွာသွားလာနိုင်ခဲ့ပါ့မလဲ။ ဒါကြောင့် အိမ်တွင်းပုန်းဆိုတာ မမှန်ကန်ကြောင်း သက်သေပြနေပါတယ်။
-
အိမ်တွင်းပုန်းဝါဒဟာ အစ္စလာမ်ကမဟုတ်ဘဲ သေချာလေ့လာကြည့်လိုက်ရင် အိမ်နီးချင်းနိုင်ငံတို့က ဓလေ့ထုံးတန်းအစဉ်လာတို့သာဖြစ်တယ်။ အဲဒီဓလေ့ထုံးတမ်းကို မြန်မာဘာသာခြားတွေ ကိုယ်တိုင် အတိတ်သမိုင်းမှာကျင့်သုံးခဲ့ပါတယ်။သူတို့နိုင်ငံတွေရဲ့ ခေတ် တစ်ခေတ် လုံခြုံရေး အခြေအနေတွေကြောင့် အိမ်တွင်းပုန်း စနစ်ကိုကျင့်သုံးခဲ့ကြတယ်။ စားကောင်းသောက်ဖွယ်တွေစားပြီး လိုလေသေးမရှိပေးကမ်းစွန့်ကြဲတော်မူတဲ့ ကျေးဇူးရှင်ကို ရှကူရ်လုပ်ကာ ကျေးဇူးသိတတ်ရမယ့်အစား ရလာသောအဟာရ ခွန်အားဖြင့် အဓ္ဓမပြုကျင့်မှု၊ ကာမကျူးလွန်စွာလိုက်စားမှုများဖြစ်ပွါးခဲ့ပါတယ်။ အဲဒီကတစ်ဆင့် ဇီနာ နဲ့ပတ်သက်တဲ့ပန်းချီ၊ စာအုပ်များ ထုတ်ဝေဖြန့်ချီခဲ့ကြတယ်။ ဖန်ဆင်းရှင်ကို ဦးချရမယ့်အစား လူ၊ သတ္တဝါ၊ နတ်ဝိညာဉ်တို့ကို ပူဇော်ကိုးကွယ်ကြလေတယ်။
-
၎င်းတို့ကိုယ်တွင်း တိရိစ္ဆာန်စရိုက်များကို မနှစ်သက်သော ၎င်းတို့ဘာသာတူမှသော်လည်းကောင်း၊ မွတ်ဆလင်မ်များမှသော်လည်းကောင်း သ္မီးအပျိုကညာများကို စောင့်ရှောက်ထိန်းသိမ်းနိုင်ရန် လွတ်လပ်မှုအချို့ကို စည်း တားခဲ့ကြတယ်။ ထို့အပြင်အိမ်ထောင်ရှင်မများသိက္ခါအတွက် အသွားအလာ အနေအထိုင်တွေကို စည်းကမ်းချက်တွေသပ်မှတ်ခဲ့ကြတယ်။။-လူ့အသိုင်းအဝိုင်းမှာ လူမိစ္ဆာ၊ နတ်မိစ္ဆာ (ရှိုင်သွာန်) များရှိကြသဖြင့် လွတ်လပ်မှုကို လိုတာထက် ပိုသွားရင် မကောင်းမှု၏သားကောင်အဖြစ် အများဆုံးကျရောက်ကြသည်မှာ အမျိုးသ္မီးများသာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီနေ့ထိတိုင် လူကုန်ကူးမှုလုပ်ငမ်းများစွာရှိနေကြတယ်။ ထို့အပြင် မူးရစ်ဆေးဝါး၊ အလောင်းကစား၊ မှောင်ခို အလုပ်တွေမှာ မိန်းကလေးကို ဓါးစာခံအဖြစ်၊ ငါးမျှားစာအဖြစ် အသုံးချနေကြတာ များစွာရှိကြပါတယ်။
-
နိုင်ငံတိုင်းမှာ အထူးသဖြင့် အေရှ၊ အာရပ်နှင့် အာဖရိကတို့မှာ အမျိုးသ္မီးကောင်းပီသရန် အသွား၊ အလာ၊ အနေ၊ အထိုင်၊ အပြောအဆို လိမ္မာရေးခြားရှိအောင် မိဘ - ဆရာ၊ ဆွေမျိုး၊ ခင်ပွန်းသည်တို့မှ သွန်သင်လမ်းပြထိန်းသိမ်းပေးကြပါတယ်။
-
အခုခေတ် ပညာရေး၊ စီးပွါးရေး၊ လူမှုရေး၊ ဘာသာရေး အစစကျယ်ပြန့်နေတဲ့ခေတ်ကြီးမှာ လူ - လူချင်းစောင့်ရှောက်ကာကွယ်တဲ့ တရားဥပဒေတွေရှိကြပါတယ်။ လက်ရှိနေထိုင်တဲ့ မြို့နယ်အသိုင်းအဝိုင်း အခြေအနေအပေါ်မူတည်ပြီး မိမိတို့လွတ်လပ်ခွင့်ကို တိုင်းတာ ချင့်ချိန်ပြီးနေထိုင်လို့ရပါတယ်။ ခေတ်မှီတိုးတက်၊ လုံခြုံမှုရှိပြီး တရားဥပဒေစိုးမိုးမှုရှိတဲ့ အရပ်ဒေသမှာ ရှေ့လွန်လေပြီးသော ခေတ်က စည်းကမ်းသပ်မှတ် ချက်အတိုင်းဆက်လက်လိုက်နာနေထိုင်ပြီး လိုတာထက်ပိုပြီး တစ်ဦးချင်းရဲ့ လွတ်လပ်မှုကို ထိန်းချုပ်ထားရမယ်ဆိုရင်
.
အဲဒီအမျိုးသ္မီးတွေမှာ-
- ကိုယ့်ကိုယ်ကို ယုံကြည်မှုလျှော့နည်းလာမယ်။
- ကိုယ့်အရည်အချင်း ကိုယ်မသိဖြစ်မယ်။
- လူမှုဆက်ဆံရေးမှာ အားနည်းလာမယ်။
- သည်းခံနိုင်စွမ်းအားနည်းမယ်။
- ကြောက်ရွံ့ စိတ်လွယ်မယ်။
- စိတ်အလိုမကျ ဖြစ်နေတတ်တယ်။
- လူအကဲခပ် ညံ့မယ်။
- လူအလိမ်ခံရနှုန်း များမယ်။
- မွေးလာတဲ့မျိုးဆက်သစ်ကို ပညာရေးပံ့ပိုးမှု၊ ခေတ်နှင့်အညီ လမ်းပြသွန်သင်မှုအားနည်းမယ်။
.
မိမိကိုယ်ကိုသော်လည်းကောင်း တစ်ဦးတစ်ယောက်မှသော်လည်းကောင်း သတ်မှတ်ထားသော စည်းကမ်းချက်များ ဘာသာရေးနှင့်လည်း မဆန့်ကျင်၊ ဣနြေ္ဒိလည်းမပျက်၊ လူ့အသိုင်းအဝိုင်းနဲ့လည်းဝင်ဆန့်တယ်ဆိုရင် အဲဒီ စည်းကမ်းဟာအကျိုးရှိစေမယ့် စည်းကမ်းဖြစ်တယ်။ အရမ်းတင်းမာသွားရင် ကောင်းကျိုးထက် ဆိုးကျိုးပိုရနိုင်တယ်။ အထူးသဖြင့် လွတ်လပ်မှုနည်းပါးလှတဲ့ လူတွေမှာ စိတ်ကျဉ်းကျပ်မှု၊ စိတ်ဖိစီးမှုနဲ့စိတ်ကျဝေဒနာခံစားရတတ်တယ်။
-
လူ၊ သတ္တဝါတို့ရဲ့ သဘာဝမှာ တစ်ဖက်ကလျှော့ပေးလေ နောက်တစ်ဖက်က ရှေ့တိုးလေဖြစ်တယ်။ ဒေါင့်ကပ်သွားတဲ့အခါ အသေခံအရှုံးပေးလိုက်တာနဲ့ပေါက်ကွဲတွန်းလှန်တာ နှစ်မျိုးဘဲရှိတယ်။ ဒေါင့်ကပ်တဲ့အထိမရောက်စေဖို့ သတိရှိရမယ်။ အဲဒီမှာအလျှော့အတင်းကြိုးတွေရှိတယ်။ မခံချင်စိတ်၊ ဒေါသတို့ကို ရှေ့မထားဘဲ ပါးနပ်မှုနဲ့ စကားပြောခြင်းအတတ်ပညာကို အသုံးချ ညှိနှိုင်းရမယ်။
-
လူရယ်လို့ဖြစ်လာတယ်၊ အရှင်မြတ်ကဆင်ချင်တုံတရားလည်း ချီးမြှင့်ထားတယ်။ကိုယ့်ယုံကြည်ရာဘာသာကို အသေအချာနားလည်ကြဖို့နဲ့ အထွေထွေဗဟုသုတကြွယ်ဝဖို့က ပထမ အဓိကအရေးကြီးတယ်။ အဖက်ဖက်က တိုးတက်မှုကို ပိုင်ဆိုင်နိုင်ဖို့ တတားခင်းရမယ်။-အချို့မိန်းကလေးများမှာ မိန်းကလေးအချင်းချင်းတောင်တွေ့ဆုံ စကားပြောဆိုဖို့အရေး နေ့ရွှေ့ ညရွှေ့၊ ရှေ့စကား နောက်စကားမညီနိုင်ဖြစ်နေရှာတယ်။ အခုလိုလူမမြင်ရတဲ့ အွန်လိုင်းကိုအသုံးချပြီး မွတ်စလင်မ်ကိုပုတ်ခတ်နေတဲ့အချိန်၊ မွတ်စလင်မ်အယောင်ဆောင်များဟာလည်း မွတ်စလင်မ် group များနှင့်ဝင်ရောလျှက် စပိုင်လုပ်နေကြတဲ့အချိန်မှာ အဲဒီလိုမိန်းကလေးတွေမှာလည်း နေရင်းထိုင်ရင်း မွတ်စလင်မ်အယောင်ဆောင် စရင်းထဲဝင်သွားနိုင်တယ်။
-
ကိုယ့်ဘာသာ ကိုယ့်လူမျိုးကို ဘာသာခြားတွေ အရှောင်နေရင်း ထိုးနှက်မှုမဖြစ်စေရအောင် ကိုယ့်မိသားစုကိုယ်တိုင်က ဗဟုသုတ ရှာဖွေစည်းပူးရမယ်။ ကိုယ်မွေးတာ မြန်မာနိုင်ငံမှာဖြစ်တယ်။ ဘေးအိမ်နီးချင်းနိုင်ငံမှာမဟုတ်ဘူး။ ကိုယ်ကသူတို့အမျိုးတော်နေဦးတော့ သူတို့ကကိုယ့်မြန်မာပြည်ဖွားကို သူစိမ်းအဖြစ်မြင်တယ်။ ဘေးအိမ်နီးချင်းနိုင်ငံနဲ့ သော်ဟီးဒ်တရားကို သွေဖယ်ငြင်းဆန်သူတို့ရဲ့ ဓလေ့ထုံးတမ်းအစဉ်အလာကို ကျင့်သုံးတာထက် မိမိတို့ကိုးကွယ်တဲ့ဘာသာက ကျမ်းကိုနားလည် သဘောပေါက်ကျင့်သုံးနိုင်ဖို့ကလိုတယ်။
-
ဘာမဆို အစွန်းမရောက်ဖို့၊ ကာကွယ်စောင့်ရှောက်တာထက် မိမိအားနည်းမှုကြောင့် တစ်ဖက်သားရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ချုပ်နှောင်တာတို့ မဖြစ်စေရန်လိုအပ်ပါတယ်။ကမ္ဘာပေါ်မှာ ငြိမ်းချမ်းရာ သန့်ရှင်းရာ လှပရာနေရာတွေ အများကြီးရှိပါသေးတယ်။-စာရေးသူ ဆက်သွယ် လုပ်ကိုင်ခဲ့တဲ့ လူမှုရေးအသင်းများ၊ ကျန်းမာရေးဌာနများမှ စုဆောင်းထားသော အချက်အလက်များနဲ့ ဒီဆောင်းပါးကိုရေးသားမျှဝေခြင်းဖြစ်ပါတယ်။ အချို့စာဖတ်သူများအတွက် အကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်။
-
မွတ်စလင်မီးန် မွတ်စလင်မားဟ်အားလုံးကို အရှင်မြတ်ထံမှ ပညာအလင်းနှင့် ငြိမ်းချမ်းမှုကျရောက်ပါစေ။ အာမီးန်။

Friday, September 9, 2011

မွတ်စလင်မ်အမျိုးသ္မီးများ၏ ဗလီတွင်စွလာသ်ဝတ်ပြုခြင်းနှင့်ပတ်သက်၍ ဆွေးနွေးချက်များ


بِسْمِ اللَّهِ الرَّحْمَـٰنِ الرَّحِيمِ

وَمَن يَعْمَلْ مِنَ الصَّالِحَاتِ مِن ذَكَرٍ أَوْ أُنثَىٰ وَهُوَ مُؤْمِنٌ فَأُولَـٰئِكَ يَدْخُلُونَ الْجَنَّةَ وَلَا يُظْلَمُونَ نَقِيرًا

သို့ရာတွင်မည်သူမဆို ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ကောင်းမြတ်သော ကျင့်ဝတ်တို့ကိုကျင့်မူအံ့၊ ၎င်းပြင်သူတို့သည် 'မုအ်မင်န်' သက်ဝင်ယုံကြည်သူလည်းဖြစ်အံ့၊ သို့ဖြစ်လျှင် ထိုကဲ့သို့သောသူတို့သည် 'ဂျန္နတ်' အမတသုခဘုံသို့ဝင်ရောက် (စံမြန်း) ကြရမည့်အပြင် ထိုသူတို့သည် နှိတ်စက်ညှင်းပန်းခြင်းကိုလည်းစိုးစဉ်းမျှခံကြရမည်မဟုတ်ပေ။ (ကုရ်အာန် ၄:၁၂၄ အမျိုးသ္မီးများကဏ္ဍ)

မာစ့်ဂျစ်ဒ်ခေါ်ပလီသည် အမျိုးသား အမျိုးသ္မီးများအတွက်ဖြစ်သည်။
အစ္စလာမ်၏သဘောတရားမှာအကယ်၍ ဗလီသည် မွတ်စလင်မ်များအတွက် မရှိမဖြစ်လိုအပ်သော နေရာတစ်ခုဖြစ်လျှင် အမျိုးသား အမျိုးသ္မီး နှစ်ဦးစလုံးအတွက်လိုအပ်သောနေရာဖြစ်နေပါသည်။ တမန်တော်မြတ် (ဆွ) လက်ထက်မှာလည်း မွတ်စလင်မ်အသိုင်းအဝိုင်းမှ အမျိုးသား အမျိုးသ္မီး များပလီတွင်စွလာတ်ဝတ်ပြုခဲ့ပါသည်။ ခိုင်လုံသောသက်သေအရ တမန်တော်မြတ်မှ မိန့်ဆိုခဲ့သည်မှာ စွလာတ် ဝတ်ပြုတဲ့အချိန်မှာ မိခင်များနှင့်လိုက်လာသော ခလေးငယ်များ၏ငိုသံကိုမကြာခဏကြားခဲ့ရသည်။ ဗလီများတွင်ဝင်ပေါက်တံခါး ခပ်များများ ရှိကြသည်။ တစ်နေ့၌တမန်တော်မြတ်က ဤတံခါးပေါက်ကို အမျိုးသမီးများအတွက်ထားလိုက်ပါဟုမိန့်ကြားခဲ့ပါသည်။ အဓိပ္ပယ်မှာအမျိုးသမီးများထိုတံခါးမှဝင်ရန် ဖွင့်ထားပေးရန်ဖြစ်သည်။

အစ္စလာမ်သာသနာတော်တွင် အမျိုးသား အမျိုးသ္မီး များရောနှောနေထိုင်ကြသည်ကို အားမပေးထားပါ။ အဝတ်အထည်ဝတ်ရာမှာလည်းကောင်း၊ လမ်းလျှောက်ရာတွင်လည်းကောင်း၊ စကားပြောရာတွင်လည်းကောင်း ရိုးသားမှုရှိရန် သင့်တင့်လျောက်ပတ်မှုရှိရန် ရှူထောင့်စုံမှ လေးနက်စွာ ဂရုစိုက်ကြည့်ရပါသည်။ လူအများကြားတွင် ဝတ်ထားသော အဝတ်အထည်ပုံစံ၊ အရောင်၊ စကားပြောပုံတို့သည် တစ်ဘက်သား၏ ကာမစိတ်ကိုဆွဲဆောင်မှုမဖြစ်စေရပါ။ ထို့ကြောင့်မွတ်စလင်မ် (Muslim Jurists)တရားရေးဆိုင်ရာများမှ မွတ်စလင်မ်အမျိုးသ္မီးများ၏ ဗလီတွင်သောကြာဂျွမ္မအာဟ်စွလာတ်ဝတ်ပြုလိုသော ဆန္ဒအပေါ်သဘောကွဲလွဲမှု များရှိနေသည်။

တမန်တော်မြတ် (ဆွ) မှမိန့်ကြားခဲ့သည်မှာ အလ္လာဟ်အရှင်မြတ်၏ ဗန်ဒါများဖြစ်သည့် အမျိုးသ္မီးများအား အလ္လာဟ်အရှင်မြတ်၏ မာစ့်ဂျစ်ဒ်သို့လာကြသည်ကို မဟန့်တားကြလေနှင့်။ ၎င်းတို့အား ရေမွှေးနန့်သာများမထည့်ဘဲ မာစ့်ဂျစ်ဒ်တွင်းသို့ဝင်ကြစေကုန်။ သို့သော်သူမများ၏အိမ်တွင်း၌ စွလာတ်ဝတ်ပြုချင်းသည် သူမတို့အတွက်အကောင်းဆုံးဖြစ်၏။ (အဗူ ဓါဝူးဒ်ကျမ်း)

အကျယ်တဝင့်ဖတ်ရန် : http://www.tamilislam.com/ENGLISH/human_rights/Islamdiscouragewomen...

အမျိုးသ္မီးများတွင်အိမ်အလုပ်တစ်ဘက်နှင့်ကြောင့် အိမ်တွင်စွလာတ်ဝတ်ပြုမှုသည်သူမ
တို့အတွက်အကောင်းဆုံးဟူ၍အဓိပ္ပါယ်တစ်နည်းရသည်။်

ဗလီတွင်းသို့အမျိုးသ္မီးများဝင်လျှင် ဟီဂျာဗ်ခေါ်ခေါင်းစည်းပဝါ၊ လုံခြုံသောအဝတ်အထည် များနှင့်ဝင်သင့်သည်။ အလ္လာဟ်အရှင်မြတ်၏အိမ်ကိုသွားရောက်သောကြောင့်လည်းကောင်း၊ အစ္စလာမ်မှသင်ကြားထားသော အမျိုးသ္မီးများ
ကာယ အိနြေ္ဒိရေထိန်းသိမ်းရန်အတွက်လည်းကောင်းဖြစ်ပါသည်။ အဝတ်အရှည်ဝတ်သော်လည်းတင်းကြပ်နေသောအဝတ်မျိုးကိုလည်းရှောင်ရပါမည်။ ဤသို့ဝတ်ဆင်ခြင်းသည် ဗလီသို့သွားရာတွင်မှမဟုတ် ဖြစ်နိုင်ပါကနေ့စဉ်မွတ်စလင်မ်အမျိုးသ္မီးများကျင့်သုံးသင့်သည့်တာဝန်ဖြစ်ပါသည်။ ချက်ခြင်းမပြောင်းလည်းနိုင်သေးသော်လည်း အတိုဝတ်နေကျမှ အဝတ်အရှည် လေးတွေစဝတ်ကြည့်ပါ။ ကြည့်ရတာမွတ်စလင်မ်အမျိုးသ္မီးပုံစံလေးနှင့်ကျက်သရေလည်းရှိတယ် smart လည်းဖြစ်ပါတယ်။

မှတ်ချက် : အမျိုးသ္မီးများ ရာသီပန်းပွင့်သောရက်ကုန်ပြီး ဂျနာဗာဟ်ရေချိုးပြီးမှသာလျှင် ဗလီတွင်းသို့ဝင်ရပါမည်။ ကိုယ်မသန့်သောအချိန် ဗလီတွင်းသို့မဝင်ရပါ။

The Prophet (peace and blessings of Allaah be upon him) said: “I do not make the mosque permissible for menstruating women and those in a state of ritual impurity.”
http://www.islam-qa.com/en/ref/183/A%20menstruating%20woman

ရန်ကုန်မြို့တွင် ၅၉ လမ်းဗလီ၊ တစ်ခြမ်းပဲ့ဗလီ (အောင်ဆန်းကွင်းအနီး) နှင့် ဆဗာရှားဒါရ်ဂါဗလီတို့တွင် အမျိုးသ္မီးများစွလာတ်ဝတ်ပြုကြသည်။ ထိုဗလီများတွင်အမျိုးသ္မီးများ စွလာတ်ဝတ်ပြုရန်သီးသန့်အခန်းလည်းရှိပါသည်။ ထို့ပြင် တစ်ခြားနိုင်ငံ များဖြစ်ကြသော ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗရူနိုင်း၊ တရုတ် Saudi Arabia, Jorden, Iran, Sweden, England, America, Sumalia နိုင်ငံ များမှဗလီများတွင်အမျိုးသ္မီးများ စွလာတ်ဝတ်ပြုလေ့ရှိကြပါသည်။

တစ်ချို့ နိုင်ငံများ၏ဓလေ့ထုံးတန်းအရ (Traditional and Culture) အမျိုးသ္မီးများမာစ့်ဂျစ်ဒ်တွင်စွလာတ်ဝတ်ပြုခြင်းမရှိကြပါ။ ဥပမာ တူရကီ၊ ဗော့စ်နီးယား၊ အိန္ဒယ၊ ပါကစ်စတန် စသဖြင့်နိုင်ငံများဖြစ်ကြပါသည်။

ဗလီတွင် စွလာတ်ဝတ်ပြုခြင်းဖြင့် ခုသ်ဗာဟ်နားထောင်ရခြင်း၊ ကိုယ်မသိနားမလည်သောအစ္စလာမ်အ
ကြောင်းအရာများနားလည်လာခြင်း၊ ဗလီတွင်မွတ်စလင်မ် ညီအစ်မများနှင့် အတူစွလာတ်ဝတ်ပြုရခြင်း၊ ခင်မင်မှုရခြင်း၊ ရမ်မဒန် လမြတ်တွင်မွတ်စလင်မ်များအတူ ဝါဖြေကြခြင်း၊ သာရာဝီအတူဖတ်ကြခြင်း၊ အီးဒ်စွလာတ်အတူဖတ်ကြခြင်း၊ သာသနာရေး လုပ်ငန်းဆောင်များ အကြောင်း (activities) သိရှိနားလည် ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြခြင်း၊ ခလေးများ (ကိုယ့်မျိုးဆက်သစ်များ) ကို အစ္စလာမ်သာသနာသင်ခန်းစာများသင်ယူစေခြင်း၊ သာရေး၊ နာရေး ဝိုင်းဝန်းကူညီကြခြင်း၊ မွတ်စလင်မ်မောင်နှမများပိုမို
ချစ်ခင်စည်းလုံးညီညွတ်ကြခြင်းစသဖြင့်အကျိုးကျေးဇူးများစွာရရှိပါသည်။

စာဖတ်သူများရွှင်လန်းချန်းမြေ့ကြပါစေ။ အာမီးန်။
IYS Admin
Ma Mei

Some Comments from IYS members

by maylaynyo on May 25, 2009
ဒီပို့စ်လေး ဖတ်ရလို့ အရမ်းဝမ်းသာပါတယ်..။ ဒီမှာတော့ shopping mall ကစလို့ နေရာတိုင်းမှာ အမျိုးသားဝတ်ပြုခန်းနဲ့ အမျိုးသမီးဝတ်ပြုခန်းဆိုပြီး ခွဲခြားထားပါတယ်။ ဗလီမဟုတ်တဲ့ ၀တ်ပြုခန်းမှာတောင် အစ္စလာမ်အချင်းချင်း တွေ့ဆုံခင်မင်ရတာ အရမ်းကြည်နူးစရာကောင်းပါတယ်။ မိန်းကလေးတွေသွားလို့ရတဲ့ဗလီကိုတော့ မရောက်ဖြစ်သေးပါဘူး။ မမီးရဲ့ ပို့စ်ထဲက ဗလီသွားရင် ရနိုင်တဲ့ အကျိုးကျေးဇူးတွေကို ဖတ်ပြီး တစ်နေ့တော့ ရောက်အောင်သွားမယ်လို့ ဆုံးဖြတ်လိုက်မိပါတယ်.. :) ကျေးဇူးပါရှင်။

by Ashabil Salam on May 27, 2009
နမာဇ်အချိန်ကျရင်တော့ရောက်လေရာမှာနော်
အမျိုးသမီးဗလီသွားလို့ရပါတယ်၊အကောင်းဆုံးအိမ်မှာပါ မလေးမှာတော့အိမ်နဲ့ဝေးနေတဲ့အမျိုးသမီးတွေ ဗလီ၊နမာဇ်ဖတ်တဲ့အခန်းတွေမှာဝတ်ပြုပါတယ်၊ ရပ်ကွက်ဗလီကိုတော့ညပိုင်း ယျောက်ျားနဲ့ ၊သားနဲ့အတူလာလေ့ရှိပါတယ်၊ဗလီလာတာမတားပါဘူး လာရမယ်လို့လဲမခိုင်းပါဘူး၊ လူမျိုးတမျိုးနိုင်ငံတခုရဲ့ လုပ်ရပ်ကသာသနာရဲ့အထောက်အထားမဖြစ်ပါဘူး၊ ကာလဒေသနဲ့အဆင်ပြေရင်ကောင်းပါတယ်၊

by dreamtrader786 on June 8, 2009
yes,,Let's me tell the Masjid in which women can pray Jumuah Salatt.
It is Dargha Jarmay Mosque in Thanlyin.If anyone want to come to there,you would take about 45 minutes from Yangon to there.
Assalamu Alaikum!

by Min Than Win on June 20, 2009
အားလုံးပဲစလာမ်ပါ

အမျိုးသမီးများ ဗလီသို့ သွားခြင်းသည် တမန်တော်မြတ်ကိုယ်တိုင် တားဆီးခဲ့သော ပညတ်မဟုတ်ပါ ....အီးဒ်နေ့များတွင် အီးဒ်ဂါသို့ အမျိုးသမီးများ ထွက်လာ၍ ၀တ်ပြုကြရန် ၀တ်ပြုမှုတွင် မပါဝင်နိုင်ပါကလည်း ခွတ်သ်ဘာမိန့်ခွန်းကိုနားထောင်၍ ဒုအာတွင်ပါဝင်ကြရန်မိန့်ကြားချက်များရှိခဲ့သလို အီးဒ်နမာဇ်အပြီး အလှုဒါနများတွင် အမျိုးသမီးများ ကမိမိတို့၏လက်ဝတ်ရတနာများ ကိုပါ အလ္လာဟ်လမ်းတွင် ချွတ်၍လှုဒါန်းခဲ့ကြကြောင်း အစ္စလာမ်သမိုင်းဆီရတ် များတွင်ပါရှိခဲ့ကြောင်းသိရှိရပါသည်။

ယနေခေတ်ကျွန်တော်တို့ မြန်မာနိုင်ငံအပါအ၀င် တောင်အာရှနိုင်ငံများ မှာမှု အချို့သော ပညာရှင်များ ၏ ဖွင့်ဆိုချက် အချို့ကြောင့် အမျိုးသမီးများ နမာဇ်ဖတ်ခြင်းကို ယူဆချက်ကွဲလွဲမှုများတွေရပါသည်။

မည်သို့ပင်ဆိုစေကာမူ ယင်းသည် ကျမ်းတော်မြတ်ကုရ်အာန်နှင့် တမန်တော်မြတ်ကိုယ်တော်တိုင်ခွင့်ပြုထားခဲ့ခြင်းဖြစ်၍ အချိန်ကာလ ကယင်းသော ကွဲလွဲမှုများကို ကုစားသွားနိုင်လိမ့်မည်ဟု မျှော်လင့်မိပါကြောင်း ....

by Wai Yan Tun on April 3, 2010
ဒီပို့စ်ကို ဖတ်ရတာ အရမ်းကောင်းပါတယ်။ ယနေ့အချိန်အခါမှာ အများစုက အမျိုးသမီးများ ဗလီမှာ ဆွလာသ်ဝတ်ပြုမှုနဲ့ပတ်သတ်လို့ ဘာကြောင့်ပိတ်ပင်ချင်ကြလဲဆိုတာမသိပါဘူး။ ကျွန်တော် နေရာတော်တော်များများမှာ ဒီကိစ္စနဲ့ပတ်သတ်လို့ ပြဿနာကြုံ့တွေ့နေရတာကို ကြားသိဘူးပါတယ်။ တစ်ချို့ မြန်မာပြည်တွင်းမှာရှိတဲ့ ဗလီဝတ်ကျောင်းတော် တစ်ချို့မှာ အမျိုးသမီးများ ဆွလာသ်ဝတ်ပြုမှုကို ကန့်သတ်ချက်တွေ ရှိနေပါတယ်။ သာသနာ့ပညာရှင်အချို့က ဒီကိစ္စအတွက် ကုရ်အာန်ကျမ်းတော်မြတ်လာ အာယသ်များ တမာန်တော်မြတ်ကြီးရဲ့ သြ၀ါဒတော်များနဲ့ ရှင်းလင်းတင်ပြကြသော်လည်း တချို့က မည်သိအကြောင်းကြောင့်မသိပါ ယနေ့တိုင် ငြင်းဆန် နေဆဲရှိတာကိုတွေ့ရပါသည်။ ကျွန်တော်တို့လူငယ်အများစု (ကျွန်တော်အပါအ၀င်) သည် အထက်ပါကိစ္စရပ်နှင့် ပတ်သက်၍ အကျယ်တ၀င့် မသိရှိကြပါ ထိုအတွက် ဒီပို့စ်ကို ဖတ်ရတဲ့အတွက် ကျွန်တော် ဗဟုသုတအများကြီးရရှိပါတယ်။ ထိုအတွက်ကြောင့် ကျေးဇူးအများကြီးတင်မိပါသည်။ နောက်တွင်လည်း အာလားတူ ဗဟုသုတရရှိစေမယ့် ပို့စ်များကို အလ္လာဟ်အရှင် အကူအညီနဲ့ ဆက်လက်ရေးသားနိုင်ပါစေ........... အားမီန်း။

by Hay Shan
ဟဇရသ်အွန်မရ် သခင် လက်ထက်တွင် . . . အမျိုးသမီးများ ပလီတက်ခွင့်ကို ပိတ်ပင်လိုက်သဖြင့် . . . အမျိုးသမီးများက . . . အာအိရှာသခင်မထံသို့ တိုင်ကြားကြ လေသည် . . . ထိုအခါ အာအိရှာသခင်မက . . . ထိုအမျိုးသမီးတို့အား . . . ပြန်လည်ပြောပြသည်မှာ . . . ယခုကဲ့သို့ အခြေအနေများကို . . . တမန်တော်မြတ် (swllh) သိလျှင် . . . အိစ်ရာအိလ်မျိုးနွယ်မှ အမျိုးသမီးတို့ကို . . . တားမြစ်ပိတ်ပင်သကဲ့သို့ . . . အသင်မတို့ကိုလဲ ပိတ်ပင်လိမ့်မည် ဟု ပြန်လည်ပြောဆိုခဲ့ပါသည်။ (ဗို့ခါရီကျမ်း)

ဟဖရသ်အိုမရ်သခင်ဟာ . . . တမန်တော်မြတ် (swllh) နဲ့ အတူတူ . . . သာသနာရေးလုပ်ငန်းတွေကို . . . သက်စွန့်စံဖြား လုပ်ကိုင်ခဲ့တဲ့ . . . ဒုတိယ ခလီဖွာ တစ်ပါးပါ . . . ခေလာဖသ် အတွက် ကိုလဲ တမန်တော်မြတ် ကိုယ်တော်တိုင် အမိန့်ပေးခဲ့တာပါ . . . အဲဒီလို တမန်တော်ကိုယ်တော်တိုင် ခန့်အပ်ခြင်းခံရတဲ့ . . . ဆွဟာဗာတစ်ပါးဟာ . . . မွစ်လင်မ်အမျိုးသမီးတို့ရဲ့ . . . အခွင့်အရေးကို ဆုံးရှုံးနစ်နာစေလိုတဲ့ သဘောမျိုး ရှိမယ့် သူမျိုး လုံးဝ မဟုတ်ပါဘူး . . . တမန်တော်မြတ်ရဲ့ ဟဒီးစ်တော်တစ်ပုဒ်ရှိပါတယ် . . . အမျိုးသမီးများ . . . မိမိနေအိမ်ရဲ့ ဒေါင့်တစ်နေရာမှာ . . . ဖတ်သောနမာဇ်ဟာ . . . အကောင်းဆုံးဖြစ်ပါတယ် ဆိုတဲ့ ဟဒီးစ် ပါ . . .

နောက်ပြီး အမျိုးသမီးများ ပလီ တက်ခွင့်နဲ့ ပတ်သက်ပြီး ဆရာကြီး ဦးနု ရေးသားခဲ့သော . . . 35ခန်းကျမ်းမှ ကောက်နှုတ်ချက် အချို့ကို . . . တင်ပြပေးခဲ့ပါ့မယ် . . .
အမျိုးသမီးများ ဂျမာအသ်သို့ မသွားရ . . . မက္ကရူဟ် ဖြစ်တယ် . . .
အမျိုးသမီးများအတွက် . . . အိဒ်နမာဇ် နဲ့ ဂျို့မို့အာ နမာဇ် အတွက် တာဝန်မရှိချေ . . . (35 ခန်းကျမ်း)

by Htay Lwin Oo on September
ကျမ်းတော်ရဲ့ ၆၅း၉ မှာ အို- အီမာန်သက်ဝင်ယုံကြည်သူတို့- သင်တို့သည် စုဝေးရာသောကြာနေ့၏ ဖိတ်ခေါ်ခြင်းကို ခံရသော် အလ္လာဟ်မြတ်အား သတိရရာဆီသို့ အလျှင်အမြန်လာကြလော့-- ဆိုတဲ့ စကားလုံးထဲက အို အီမာန်သက်ဝင်ယုံကြည်သူတို့ ဆိုတဲ့ စကားလုံးဟာ ယောက်ျား။ မိန်းမ။ ကလေး။ ဒုက္ခိတ အားလုံးကို ဆိုလိုပါတယ်။ ဒါကြောင့် မိမိ အစွဲရှိတိုင်း- ကျမ်းတော်ပါ ဥပဒေများကို သေချာစွာ မလေ့လာဖြစ်ပါဘဲ- ထင်မြင်ရာများကို မသုံးသပ်သင့်ပါ။

by Than on September
စူရာဟ်နေစာဟ် အာယသ် ၅၉ ၌ အလ္လာ့ဟ်အရှင်မြတ်၏အမိန့်တော်များကိုလိုက်နာကြလေကုန်၊ ထိုနည်းတူစွာရစူလ်တမန်တော်၏အမိန့်တော်များကိုလည်းကောင်း၊ အာဏာပိုင်များ၏ အမိန့်ကိုလည်းကောင်း လိုက်နာကြလေကုန်ဟူ၍မိန့်ဆိုထားသည်။

' အုလစ်လ်အမ်ရီ ' အာဏာပိုင်များဟူသည် မည်သူများနည်း။ ဤတွင်အဆိုကွဲပြားလျှက်ရှိ၏။ အချို့ကတိုင်းပြည်ကို စီမံအုပ်ချုပ်သောအစိုးရများကို ဆိုလိုသည်ဟူ၍လည်းကောင်း၊ အချို့က အာလင်မ်ပညာရှိသုခမိန်များကိုဆိုလိုသည်၍လည်းကောင်း၊ အချို့ကတရားသူကြီးများကိုဆိုလိုသည်ဟူ၍လည်းကောင်း၊ အချို့က စစ်သူကြီးများကို ဆိုလိုသည်ဟူ၍လည်းကောင်း၊ အမျိုးမျိုးယူဆကြသည်။

ကုရ်အာန်ကျမ်းလာ မုက္ခပါဌ်တော်အရ အထက်ပါ ပုဂ္ဂိုလ်အားအားလုံးကိုလည်း ဆိုနိုင်ပေသည်။ ရှူ-ဂျဆ်ဆွာဆ်

ဆက်၍ထိုအာယတ်တွင်လည်း ဆက်လက်၍မိန့်ဆိုသည်မှာ '' မိမိတို့အချင်းချင်း အငြင်းပွါးသောပြဿနာကို အလ္လာဟ်အရှင်မြတ် အထံတော်သို့ လွှဲအပ်ချင်းဟူသည် အလ္လာဟ်အရှင်မြတ်၏ ကျမ်းမြတ်နှင့်အညီလိုက်နာကျင့်သုံးခြင်းကိုဆိုလိုသည်။

တမန်တော်မြတ်ထံတော်လွှဲအပ်ခြင်းဟူသည် တမန်တော်မြတ်သက်တော်ထင်ရှားရှိစဉ် တမန်တော်မြတ်ထံတော်ချဉ်းကပ်၍ တမန်တော်မြတ်၏ အမိန့်ဩဝါဒတော်နှင့်အညီလိုက်နာကျင့်သုံးခြင်းကိုလည်းကောင်း တမန်တော်မြတ်ကွယ်လွန်အနိစ္စရောက်ပြီးနောက်တွင်မူ တမန်တော်မြတ်၏ ဟာဒီးစ်ဩဝါဒတော်နှင့်အညီ လိုက်နာကျင့်သုံးခြင်းကိုလည်းကောင်း ဆိုလိုသည်။

ဤသည့်အချက်ကိုထောက်ရှူ့ခြင်းအားဖြင့် အစ္စလာမ်သာသနာတော်တွင် ကုရ်အာန်ကျမ်းမြတ်နှင့် တမန်တော်မြတ်၏ဟာဒီးစ်ဩဝါဒများသည် အဓိကဖြစ်ကြောင်း အထင်အရှားသိရပေသည်။

အီဂျိဗ်နိုင်ငံ အာလ်အာဇာ တက္ကသိုလ်မှ မုဖ်သီအာဟ်လင်မ်ပညာရှင်များက တညီတညွတ်တည်းဆုံးဖြတ်ချက်အရ ကုရ်အာန်ကျမ်းမြတ်နှင့် ဒွိဟသံသယမဖြစ်နိုင်သော တမန်တော်မြတ်၏ ဟာဒီးစ်ဩဝါဒတော်များကိုသာလျှင် တရားဝင်ခိုင်လုံသော ဟာဒီးစ်များအဖြစ်လက်ခံသည်။

A note from the annual int.Islamic conference of Egypt 2009.

Authenticity of the hadiths rely on ”Quran”
”No Hadith is a Hadith if contradict with the basic principle of the Holy Quran”
Prof; Dr. Sayed Tantawi
Rector of Al-Azhar University
Cairo, Egypt.
By brother M.AHNAF

ထို့ကြောင့် အမျိုးသ္မီးများဗလီ၌ ဆွလာ့သ်ဝတ်ပြုသော ကိစ္စတွင် ဟာဒီးစ်အဆိုများသည် ကုရ်အာန်ကျမ်းမြတ်နှင့်ဆန့်ကျင်လျှက်ရှိသည်ကိုတွေ့ရသည်။

ဟာဒီးစ်အဆိုတစ်ရပ်တွင်အမျိုးသ္မီးများ သောကြာဆွလာ့သ်ဝတ်ပြုရန် တောင်းဆိုလာပါလျှင် သက်ဆိုင်ရာ အာလင်မ်ပညာရှင်များနှင့် အာဏာပိုင်များမှ ငြင်းဆိုခွင့်မရှိကြောင်းလာရှိသည်။ ထိုအဆိုအရဆိုလျှင် အမျိုးသ္မီးများဗလီ၌ ဆွလာ့သ်ဝတ်ပြုခြင်းကို ကန့်ကွက်ဟန့်တားပိုင်ခွင့်မရှိပေ။

ဆိုလိုသည်မှာအစ္စလာမ်သည် လွယ်ကူသောအမြင်ကျယ်သော သာသနာဖြစ်သည်။ တရားသေဝါဒကိုအမြဲတန်းဆန့်ကျင်၍ တရားရှင်ဝါဒကို ကျင့်သုံးသော သာသနာဖြစ်သည်။

by Ma Mei on September 4, 2010
အမည်ကိုမဖော်ပြလိုဘဲ ပြောရမယ်ဆိုရင် ကမ္ဘာ့အလင်းစာဆောင်မှ စတင်ပြီးကျော်ကြားခဲ့တဲ့ အာလင်မ်ပညာရှင်အများစုက အိန္ဒိယနိုင်ငံ ဒေယိုဘန်ကျောင်းက အောင်မြင် ဘွဲ့ရခဲ့သူတွေဖြစ်ကြတယ်။ ၁၉၆၀ က ဒီနေ့အထိ မြန်မာနိုင်ငံ အစ္စလာမ် အဖွဲ့အစည်းများရဲ့ ဦးစီးခေါင်းဆောင်တွေအဖြစ်ရှိကြတယ်။ မမီးရေးတာထဲမှာ '' တချို့'' ဆိုတာပါတယ်။ အားလုံးကို extremist ဆိုခြင်းမဟုတ်ဘူးနော်။

ဥပမာ ဘော့စနီးယားမွတ်စလင်မ်ဆိုရင် တူရ်ကီနိုင်ငံကတဆင့် အစ္စလာမ်သာသနာဟာ ဘာ့စနီးယားနိုင်ငံကိုရောက်ရှိလာတဲ့အတွက် တူရကီရိုးရာ တူရကီယဉ်ကျေးမှုတွေကို ဒီနေ့ထိ အစ္စလာမ်သာသနာနဲ့အတူ ကျင့်သုံးနေတာကိုတွေ့ရတယ်။ သူတို့ကိုယ်တိုင်လည်း ရိုးရာနဲ့သာသနာကို ထင်ထင်ရှားရှားမခွဲခြားတတ်ဘူး။

မြန်မာပြည်မှာဆိုရင်လည်း အစ္စလာမ်သာသနာဟာ အများအားဖြင့် အိန္ဒိယနိုင်ငံ ကတဆင့် ရောက်ရှိလာတဲ့အတွက် အိန္ဒိယရိုးရာ အိန္ဒိယ ယဉ်ကျေးမှုတွေကို ဒီနေ့ထိ အစ္စလာမ်သာသနာနဲ့အတူ ကျင့်သုံးနေတာကိုတွေ့ရတယ်။ တချို့မြန်မာ မွတ်စလင်မ်များ ကိုယ်တိုင်လည်း ရိုးရာနဲ့သာသနာကို ထင်ထင်ရှားရှားမခွဲခြားတတ်ဘူး။

မြန်မာမွတ်စလင်မ်တွေနှိပ်ကွပ်ခံနေရတဲ့အကြောင်းရင်း တစ်ခုမှာ ၁၉၃၀ ပတ်ဝန်းကျင် ကုလား-ဗမာ အဓိကရုဏ်းမတိုင်ခင်က ရန်ကုန်မြို့လယ်ခေါင်မှာ အူရ်ဒူ - ဟင်ဒီ စကားမတတ်ရင် အလုပ်ရဘို့အခက်အခဲရှိတာကို မြန်မာလူမျိုးများက နာကျည်းတဲ့အတွက်ကြောင့် လွတ်လပ်ရေးရပြီး ဦးနေဝင်းအစိုးရ အာဏာမှာကြီးစိုးနေတဲ့အချိန်မှာ ကုလားမုန်းတီးရေးဝါဒကိုအလွယ်တကူဖြန့်နိုင်ခဲ့တယ်။

မွတ်စလင်မ်အချင်းချင်း အငြင်းပွါးကွဲအက် နေကြတော့ ကုလားမုန်းတီးရေးဝါဒ ပိုမိုထိရောက်ခဲ့တယ်။
.
နွားကွဲရင်ကျားကိုက်တယ်ဆိုတာ မြန်မာစကားပုံမှာရှိတယ်လေ။

by Hay shan
စလာမ်ပါ . . .
မမီး ထောက်ပြတဲ့ အကြောင်းအရာလေးအတွက် . . . ကျနော် ကုရ်အာန် . . . ဟဒီးစ် အထောက်အထားပေးခဲ့ပါ့မယ် . . .
စူရာဟ်နေစာဟ် အာယသ် 59 မှာ အလ္လာ့ဟ်အမိန့်နာခံ၊ ရစူလ်အမိန့်နာခံ၊ နောက်ပြီး ခေါင်းဆောင်တွေရဲ့ အမိန့်ကို နာခံ
ဖို့ မိန့်ထားပါတယ် . . . ဟဒီးစ် မှာလည်း . . .

ကျွန်ုပ်သည် အသင်တို့အား မှာကြားခဲ့မည်။ အသင်တို့သည် အလ္လာ့ဟ်အရှင်မြတ်အား
ကြောက်ရွံ့ရိုသေ ခန့်ညားကြကုန်။ တရားစကား နားထောင်ကြကုန်။ အမိန့်ကို
နာခံကြကုန်၊ အမိန့်ပေးသူသည် ဟဗရှီနီဂရိုးကျေးကျွန်ပင်ဖြစ်လင့်ကစား
၎င်းအမိန့်ကို နာခံကြကုန်။ ကျွန်ုပ် မရှိသည့် နောက် အသင်တို့အနက်
အသက်ရှင်နေသူသများသည် များစွာသော ကွဲပြားမှုကို တွေ့မြင်ကြရပေမည်။ ထိုအခါ
အသင်တို့၏ တာဝန်မှာ ကျွန်ုပ်၏ စွန္နသ်လမ်းစဉ်နှင့် တရားလမ်းမှန်ရထားသော
ဖြောင့်မှတ်မှန်ကန်သော ခလီဖဟ် သမ္မတ များ၏ လမ်းစဉ်ကို
ကျင့်သုံးရန်ပင်ဖြစ်သည်။ အသင်တို့သည် ထိုလမ်းစဉ်ကို ယုံကြည်အားထားကြကုန်၊
ထိုလမ်းစဉ်ကို သွားများဖြင့် ကိုက်ထားကြကုန်၊
သာသနာရေးတွင်ထွင်သောစကား(စကားသစ်စကားဆန်းများကို) ဝေးစွာရှောင်ကြဉ်ကြကုန်။
အဘယ့်ကြောင့်ဆိုသော် ထွင်သော အရာများအားလုံးသည် ဗစ်ဒ်အသ် ဖြစ်သည်။
ဗစ်ဒ်အသ်မှန်သမျှသည် လမ်းမှားချည်းသာဖြစ်သည် . . ဟု မိန့်တော်မူခဲ့သည်။

by Win Myint Aung @ Mohammed Imran on September 5, 2010
Assalamualaikum Hay Shan bhai,i explain you according to your explanation.You said according to surah nisah,ayah no.59:"you have to accept Allah(s.w.t) command,to accept your messenger(Muhammed(pbuh)),to accept your governor or ruler ".According to this ayah,we have to give priority to Allah's word(Quran)>ahadith(prophet muhammed's word)>maulana or sheikh or mufti word.I mean we have to obey
1st Allah's wordz(uncomparable glorious holy Quran),uncomparable with man made books.

second hadiths
third ,finally maulana or sheikh or mufti or scholars commend.However he can not give command with his desire and he need to obey and refer from Quran and Hadiths.Because Allah(s.w.t) said in Quran,surah yunus,"every opinion and suggestion is not true".We can not change the islamic rules according to our desire.Only Allah(s.w.t) can decide and change.No one can compare with Allah (s.w.t).you can see in surah ikhlas.

In addition,Allah said,"al quran nul hudal lin naas"=The Quran is for everyone,not only for Mufti,maulana,sheikh,scholars.In other word ,everyone whoever he may be muslim,christian,jew,buddhist can learn and read The Quran.If they do not learn The uncomparable Quran,how can they know "tau heed"?
At the moment ,one of the best selling books in the world is "The uncomparable Glorious Quran".

The only one book that Allah(s.w.t) promise to protect until the day of judgment day is The Holy Quran.
In Quran,surah baqarah,Allah(s.w.t) said,"Alif laam meem zar li kal kitahbu la rai ba fee=this Quran must be believe without any suspect,this book guide everyone right way"

In other ayah of Quran,( i dont know exactly which ayah,i will let u know later),Allah(s.w.t) said to every human being,"do you want to regard something as haram that I have already allowed to do(halal) and do you want to legislate something halal that I have already resticted,prohibited(haram)".According to this surah,The only one who can tell what is halal what is haram what is maqruh(dislike) is ALLAH(S.W.T),NOT HUMAN BEING.

Additionally,if you want to refer hadith books,you need to give definite parts and books.for example,Bhurkari,book3.Otherwise it is unreliable.There are only six reliable hadiths.In arabic ,they are called "Sweehah Sittah".They are
1.Bukhari(Imam Bhukari)
2.Muslim(Imam Muslim)
3.Tirmidi(Imam Tirmidi,the owner of photobrain)
4.Naysai(Imam Naysah)
5.Abu dawuud(Imam Abudawuud)
6.Ibn Marjah(Imam Ibn Marjah)/Al Muwatta(Imam Malik,one of four fikah scholar)/Ahmed.Even these scholars(rahmatullah) said,"if our hadith is contradict to The Quran,throw it away and you have to obey only what Allah(s.w.t) in Quran."If you do not trust/believe me,you can ask so many mufti,maulanar.
ok,salaam,May Allah bless u and all muslims.

Ref : noorullah.ning.com (IYS forum)
Ref : Islam yaungche society group