---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Showing posts with label Islamic New Year. Show all posts
Showing posts with label Islamic New Year. Show all posts

Saturday, November 26, 2011

အစ္စလာမ်နှစ်သစ်ကူး ဟစ်ဂ်ျရီ ၁၄၃၃


ဒီကနေ့ကျရောက်လာသော အစ္စလာမ်နှစ်သစ်ကူး မိုဟရ်ရာမ်
၁ ရက်၊ ဟစ်ဂ်ျရီ ၁၄၃၃ မှနောက်နှစ်ပေါင်းများစွာ အစ္စလာမ်သက်ဝင်ယုံကြည်သူအပေါင်း အီမာန်ပိုခိုင်မြဲပြီး နှစ်ဘဝအောင်မြင်နိုင်ပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။ မိုဟရ်ရာမ်
၌ကျဆုံးသွားသော မွတ်စလင်မ်အာဇာနည်ကြီးများအတွက်လည်း သတိရဒိုအာပြုလျက်။

အစ္စလာမ်ရောင်ခြည်မိသားစု

Tuesday, December 7, 2010

အစ္စလာမ် နှစ်သစ်ကူး


မူဟာရမ် ၁ ရက်နေ့ (ခ) အစ္စလာမ်နှစ်သစ်နဲ့ပတ်သက်ပြီး မွတ်စလင်မ် တစ်ဦးနဲ့တစ်ဦးခံစားချက်တွေမတူကြပါဘူး။ ဒီလို နေ့ထူးကို သိမှတ်ခြင်းအားဖြင့် သာသနာ့ကျင့်စဉ်တွေကို ကြိုးစားအားထုတ်ကြရန် အစ္စလာမ်သာသနာအတွက် အသက်ပေးခဲ့ကြသော တမန်တော်များ၊ အီမာန်သခင်ကြီးများ နှင့် ဆွဟာဗာ သာဝကကြီးများအား သတိရပြီး ဆုမွန်ဒိုအာတောင်းပေးကြရန် မွတ်စလင်မ်များကို အထူးနှိုးဆော်အပ်ပါတယ်။

အစ္စလာမ်သာသနာသည် နှစ်သစ်ဟူ၍ သောက်ခြင်း မူးခြင်း အပျော်အပါးလိုက်ခြင်းတို့မှရှောင်ကြည်ပြီး မိမိ၏ နှစ်ဘဝအရှင်ကို သတလျှက်၊ မြတ်နဗီတမန်တော်၏ ဩဝါဒတော်များ ကိုလိုက်နာလျှက်ရှိကြသည်။ သစ္စာတရားအပေါ်မှာ အသက်ရှင်လျှက်ရှိကြသည်။

မြန်မာမွတ်စလင်မ်များမှာ ကျမ်းမြတ်ကုရ်အာန်၏ သွန်သင်ဆုံးမမှုကို လိုက်နာကြရင်း မြန်မာဘုရင်အဆက်ဆက်တွင်သော်လည်းကောင်း၊ ခေတ်အဆက်ဆက်တွင်သော်လည်းကောင်း မြန်မာနိုင်ငံနှင့် လူမျိုးတို့အတွက် အသက်ပေး၍ ကာကွယ်ခဲ့ကြသည်မှာ သမိုင်းထင်ရှားရှိနေဆဲဖြစ်ပါသည်။

မမီး

အစ္စလာမ်နှစ်ကူး အား ကြိုဆိုလျက်


ဟီဂျရသ်ဖြစ်စဉ် ကပေးသော မြန်မာမွတ်စလင် များအတွက် သင်ခန်းစာများ

မဟာတမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆ) နဲ့နောက်လိုက် ဆွဟာဗာ သာဝကတော်တွေ ရဲ့ မဒီနာဆီ ဟီဂျရသ်ပြုရွေ့ပြောင်းခဲ့တဲ့ ဖြစ်စဉ်ဟာ လူနည်းစု အဖြစ်နေထိုင်ရတဲ့ ကျွန်တော်တို့မြန်မာ မွတ်စလင်တွေ အတွက် တန်ဖိုးကြီး လက်တွေ အသုံးချနိုင်တဲ့ သင်ခန်းစာတွေ အများအပြားရှိနေပါတယ် ၊ လူဘ၀မျက်နှာစာ အသီးသီးမှာ လက်တွေ အသုံးချနိုင်တဲ့ အသုံးဝင်လွန်းလှတဲ့ဒီ စံနမူနာ ကောင်းတွေကို ချပြ ခဲ့တဲ့ ကိုယ်တော့် ဆီကနေ ကျွန်တော်တို့တတွေ လေ့လာ သင်ယူသင့်ကြပါတယ် . ယသရိဘ် လို့ အမည်တွင်ရာ မြို့မြေ မဒီနာဆီ သို့ ဟီဂျရသ်ပြု ပြောင်းရွေ့ပြီး တဲ့နောက်ပိုင်း မှာ ဒီရွာသာသာ နေရာလေးကနေ အစ္စလာမ်ရဲ့ဒုတိယ အမြင့်မြတ်ဆုံး အဓိကအကျဆုံး မြို့တော်အဖြစ်ပြောင်းခဲ့ပါတယ် ။မွတ်စလင်မဟုတ် တဲ့တိုင်းနိုင်ငံ အသီးသီးမှာ မွေးဖွား ကြီးပြင်း နေထိုင် ၇ပ်တည်နေရတဲ့ မွတ်စလင်တွေ အတွက်ကတော့ ဒီဟီဂျရသ် ဖြစ်ရပ် ဟာ လေးနက်အသုံးဝင်လွန်းလှတဲ့ ကိုယ်တော်ပေးခဲ့တဲ့ သင်ခန်းစာတွေဖြစ်နေပါတယ် ….

---------------------------------------------------------------------------------------------

(၁) တစ်သားတည်းကျသော စစ်မှန်တဲ့ နိုင်ငံသားစိတ်ဓါတ်

True Spirit of Citizenship

မြိုမြေ မဒီနာမှာ စတင် အခြေချခဲ့တဲ့အချိန်မှာပဲ ထူးမြတ်မြိုရွာ မက္ကာ ကနေ ရောက်ရှိလာကြတဲ့ အလ္လဟ် ချစ်နဗီ ကိုယ်တော်မိုဟမ္မဒ်နဲ့ ဆွဟာဗဟ် တွေဟာ မိခင်နယ်မြေဖြစ်ခဲ့တဲ့ မြို့မက္ကာ အတိုင်း အလာတူး မြိုမြေ မဒီနာကိုလည်း ကို ချစ်မြတ်နိုးကာ စောင့်ရှောက်ကာကွယ်ပေးခဲ့ကြပါတယ်.. မဒီနာမြို့အပေါ်ထားရှိတဲ့ ကိုယ်တော့်ရဲ့ ချစ်ခြင်းမေတ္တတွေအနက် တစ်ခုကတော့ မဒီနာမြို့တော်အား နာမ်ပိုင်းဆိုင်ရာအရ ရိုသေလေး မြတ်ထားရာ အထူးမြတ် ပြုရာ နေရာဒေသအဖြစ် ကြေငြာ ပါတယ်

ကိုယ်တော်မိုဟမ္မဒ် (ဆွ)မှ မိန့်ကြားခဲ့သည်၊......အီဗရာဟင်(တမန်တော် )သည် မက္ကာမြို့အား ရိုသေ ထူးမြတ် ရာ အဖြစ်ကြေငြာတော်မူခဲ့သည်။ ယင်းမြို့တွင်နေထိုင်သူများအပေါ်သို့လည်း (ရဟ်မသတ် ဂရုဏာအဖြာဖြာချပေးတော်မူပါ၇န်) အလ္လဟ်အရှင်မြတ်အား တောင်းဆုပြုတော်မူခဲ့သည်။ (တမန်တော်) အီဗရာဟင် က မက္ကာမြို့အား ရိုသေအလေးမြတ်ပြုတော်မူသကဲ့သို့ ငါကိုယ်တော်သည်လည်း မဒီနာ ကိုလည်း ရိုသေအလေးမြတ်ပြုတော်မူကြောင်း ကြေငြာတော်မူလိုက်သည်။ (တမန်တော်) အီဗရာဟင်မှ မက္ကာမြို့သားများ အပေါ် ( အလ္လဟ်အရှင်ထံမှ ကောင်းချီးမင်္ဂလာအဖြာဖြာ )တောင်းခံ တော်မူခဲ့သည့် အတိုင်းငါကိုယ်တော်သည်လည်း (အလ္လဟ်အရှင့် ထံမှ) ကောင်းချီးမင်္ဂလာ ကို ဆဒ် နှင့်မူဒ် အလေးချိန် နှစ်ဆချီးမြင့်ပေးတော်မူရန် တောင်းခံခဲ့ပြီ .....မွတ်စလင်ကျမ်း (ဆွဟီး) ဟဒီးဆ် အမှတ် ၁၃၆၀

ကိုယ်တော်မိုဟမ္မဒ်(ဆွ) နဲ့ နောက်လိုက်ဆွဟာဗာသာဝကကြီးတွေဟာ သူတို့နေထိုင်နေရာဖြစ်တဲ့ မဒီနာမြို့အား ကျုးကျော်ရန်လိုသူတွေရဲ့အန္တရယ်ရန်စွယ်မျိုးစုံ တွေကနေ ရွံရွံချွံချွံ အသက်ပေးပြီး ကာကွယ်ခုခံပေးခဲ့ကြတာပါ...မူလမိခင်နယ်မြေဖြစ်တဲ့မက္ကာကနေ မဒီနာကိုပစ်မှတ်ထားတဲ့ မျိုးနွယ်တူ တွေရဲ့ ရန်လိုတိုက်ခိုက်မှုတွေကိုတောင် ကိုယ်တော်နဲ့ ဆွဟာဗာ အပေါင်းတို့ဟာ ကာကွယ်ပေးခဲ့တာကို ကျွန်တော်တို့တတွေ အထင်သားတွေမြင့်နိုင်ပါတယ် နမူနာအားဖြင့် ဆိုရရင် ဟီဂျရိ၅ခုနှစ် မှာ အင်အားများပြားတဲ့ မက္ကာသား ကိုရိုက်ရှ်မျိုးနွယ် ဦးဆောင်တဲ့ မဟာမိတ်တွေက မဒီနာကို တိုက်ခိုက်သိမ်းပိုက်မှုတွေကနေ စွမ်းစွမ်းတမံ ကာကွယ်ပေးခဲ့ကြတယ် ..

ဟိဂျရသ်ရွေ့ပြောင်းပြီး ၈နှစ်ပြီးနောက်မှာတော့ အလ္လဟ်ချစ်မဟာ တမန်တော်မိုဟမ္မဒ်(ဆွ) နဲံ အဂ္ဂဆွဟာဗာ(ရသွေ့) တွေဟာ မက္ကာမြို့အား ပြန်လည် အောင်နိုင်ခဲ့ သော်လည်း မူလဌာနေဖြစ်တဲ့ မက္ကာမြို့မှာပြန်လည်အခြေမချခဲ့တော့ပဲ မဒီနာမြို့ ဆီကို ပြန်သွားခဲ့ကြတယ် ..ကိုယ်တော် (ဆွ) အပါအ၀င်ဆွဟာဗာတွေ မဒီနာမြို့မှာပဲ အသက်ကုန်လွန်တဲ့အထိ နေထိုင်ခဲ့ကြတယ် ။။အဲဒီချိန်မှာ လူတစ်ချို့ က ကိုယ်တော်မိုဟမ္မဒ်(ဆွ)နဲ့ ကျော်ကြားတဲ့ ဆွဟာဗာတွေဟာ အောင်ပွဲရပြီးနောက်မှာတော့ မက္ကာမြို့ဆီကို ပြန်လည်လိမ့် မယ်လို့တွက်ဆခဲ့ကြပေမဲ့ လည်း မဒီနာဆီပြန်ခဲ့ကြတယ် အဲဒီမြို့ကနေ ပဲ တိုးတက်ဖြစ်ထွန်းမှုတွေအတွက် ဆက်လက်ဆောင်ရွက်ခဲ့ကြတယ် ၊

မွတ်စလင်လူနည်းစု အဖြစ်နေထိုင်ရှင်သန်ကြရတဲ့ မြန်မာအပါဝင် ဥရောပ၊ အမေရိကန်၊ နဲ့ နိုင်ငံများစွာ နေထိုင်ရှင်သန်ကြတဲ့ ကျွန်တော်တို့ မြန်မာ မွတ်စလင်တွေကလည်း မိမိနေထိုင်ရာ တိုင်းနိုင်ငံရဲ့ တော်ဝင်နိုင်ငံသားကောင်းတွေ၊အဖြစ် သစ္စာစောင့်သိရိုသေသင့်ကြပါတယ် ၊ နိုင်ငံသားအဖြစ်ရိုသေ သစ္စာစောင့်ထိန်းခြင်းနဲ့ ယုံကြည်ချက်(အိမာန်)အကြားမှာ ဘယ်လို ဆန့်ကျင် ဘက် ၊ ပဋိပက္ခမှ မရှိပါဘုး၊

တမန်တော်မြတ်(ဆွ) နဲ့ ဆွဟာဗာ(ရသွေ့) တွေဆောင်ရွက်ပြသခဲ့တဲ့အတိုင်း ကျွန်တော်တို့မွတ်စလင်တွေဟာလည်း မိမိတို့နေထိုင်ရာ ဒေသရဲ့ လူအဖွဲ့အစည်းအကျိုးကို ဆထက်တပိုးထမ်းဆောင် သင့်ကြပါတယ်

----------------------------------------------------------------------------------------

(၂) ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်မှု

Peaceful Co-Existence

မက္ကာမြို့ကနေ ရွှေ့ပြောင်းရောက်၇ှိခဲ့ကြတဲ့ အလ္လဟ်ချစ်တမန်တော်မိုဟမ္မဒ်(ဆွ) နဲ့နောက်လိုက်ကောင်းဆွဟာဗာတွေဟာ မဒီနာမှာ ရှိနှင့်နေပြီးသား လူအဖွဲ့အစည်းနဲ့ ဆက်ဆံရေးကောင်းတစ်ရပ်ကို ထူထောင်နိုင်ခဲ့ကြပါတယ် ၊မဒီနာလူအဖွဲ့အစည်းမှာဆိုရင် အစ္စလာမ်ကို လက်ခံကြတဲ့ အာရဘ်မျိုးနွယ်တွေရှိနေသလို ဂျူးလူမျိုးတွေလည်းရှိနေကြတာပါ.....ဥာဏ်အမျှော်အမြင်ကြီးမားလှတဲ့ ကိုယ်တော်မြတ်ဟာ အဲဒီအုပ်စုတွေနဲ့ ဆက်ဆံရေးထူထောင်နိုင်ဖို့ အတွက် မီသဟ်က် မဒီနာဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကိုချမှတ်ခဲ့ပါတယ် . အသက်အိုးအိမ်စည်းစိမ်ကို ၊လွတ်လပ်စွာကိုးကွယ် ခွင့် နဲ့ လွတ်လပ်စွာ တွေးခေါ်နိုင်စွမ်း တွေကို အကာကွယ် ပေးတဲ့ အချက်များစွားပါဝ်ငတဲ့ ယင်းမဒီနာ မီသဟ်က် ကိုချမှတ်ခဲ့ပါတယ် အတိုချုပ်ဖေါ်ပြရမယ်ဆိုရင် ....

ဂျူးနှင့်မွတ်စလင် များ.တစ်စု ချင်းဆီသည် မဒီနာဖွဲ့စည်းအုပ်ချုပ်ပုံ ဥပေဒအရ ပြည်သူများကို တိုက်ခိုက်ရန်ပြုလာသော မည်သူကိုမဆို ဆန့်ကျင်ရာတွင် ဖေးမကူညီပေးရမည်။ (မဒီနာ မီသဟ်က်)

အဆိုပါ မဒီနာမီသက်ဟ်နဲ့ပတ်သက်ပြီးလည်း ဆီရသ်အီဗနေဟီရှမ်းမှာ ဖေါ်ပြထားတာကတော့......

သူတို့၏ ဆက်ဆံေ၇းသည် ၇န်လို အန္တရယ်ပြုမှုအစား အချင်းချင်းအကြား အပြန်အလှန်ထားရှိသော အကြံပြု နှီးနှောတိုင်ပင်ခြင်း ၊ စာနာဖေးမထောက်ထားမှု များကိုသာဖြစ်စေလိမ်မည် စာနာထောက်ထားမှု ၊ကောင်းမြတ်သောကို်ကျင့်သိက္ခာ များသည် ပြစ်မှုကျူးလွန်ခြင်း နှင့်အနာတရဖြစ်မှုများနှင့် တစ်သီတစ်ခြားဆီးဖြစ်ကြသည်။ တစ်ဦး၏ လုပ်ရပ်မှတပါး အခြားမည်သူမှ တာဝန်မရှိချေ၊ အလ္လဟ်အရှင်မြတ်သည် ဤ ဖွဲစည်းပုံ အား ထိန်းသိမ်းတော်မူသော အရှင်ဖြစ်သည်။ ဤဖွဲ့စည်းပုံသည် မတရားမှု ပြစ်မှုကျုးလွန်မှုများအတွက် အကာအကွယ်မဖြစ်စေရ .. (ကြည့် ဆီရသ် အိဗနေဟီရှမ်း စာမျက်နှာ ၁၁၀-၁၁၁ )

အလားတူ ကျွန်တော်တို့ လူနည်းစုမွတ်စလင်တွေ ကလည်း တခြားသော လူမှုအသိုင်းအ၀ိုင်းတွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်းအတူယှဉ်နေထိုင်ယုံမက မိမိတို့ တက်နိုင်သလောက် ကောင်းကျိုးပြု ထောက်ပံ့ဖေးကူ သင့်လှပါတယ် ..မဒီနာတွင် ကောင်းကျိုးပြုပြခဲ့တဲ့စံပြတမန်တော် မိုဟမ္မဒ် နဲ့ ဆွဟာဇာ(ရသွေ) တွေဟာ မဒီနာရှိတခြားလူအဖွဲ့အစည်းတွေကို ကောင်းကျိုးပြု ပုံဖေါ်ပြခဲ့တဲ့အတိုင်း ကျွန်တော်တို့ကလည်း အကောင်အထည်ဖေါ်သင့်လှပါတယ်...

ဤသည်မှာရော.... ကိုယ်တော်၏ စန္နသ်တော်ကို အကောင်အထည် ဖေါ်ခြင်းမဟုတ်ပါလား?

ဆက်လက်ပြီး

(၃)လူမှုအဖွဲ့စည်းအား တိုးတက်ဖွံဖြိုးစေခဲ့ခြင်း နှင့်

(၄) မြင့်မြတ်သောစံပြစိတ်ထားနှင့်အပြုအမူ

ကိုတင်ပြပါအုံးမယ်

အလ်အဇ်ဟရ်အစ္စလာမ့်တက္ကသိုလ် (အီဂျစ်) မှ ပါမောက္ခ ဒေါက်တာ ၀ါအီလ် ဆီဟဘ် ၏

Hijrah Lessons for Muslim Minorities အား ကိုးကားပါသည်။ ဆရာ့အား အလ္လဟ်အရှင်နှစ်သက်တော်မူပါစေ........

Special thanks to Brother Thet Ko