---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Thursday, January 20, 2011

ကမ္ဘာပေါ်မှာအကောင်းဆုံးပုဂ္ဂိုလ်

Bestofmen.org Research team မှ အောက်ပါပုဂ္ဂိုလ် ၁၀ ယောက်မှ ကမ္ဘာပေါ်မှာအကောင်းဆုံးပုဂ္ဂိုလ်ကိုရွေးရန်တင်ပြခဲ့ပါသည်။

Who is the Best of Men?
1. Abraham Lincoln
2. Albert Einstein
3. Buddha
4. Jesus
5. ChristKarl Marx
6. Mahatma Gandhi
7. Martin Luther
8. Muhammad
9. Saint Paul William
10. Shakespeare

တစ်ကမ္ဘာလုံးမှ vote ပေးခဲ့ရာ ၁၁၊ ၀၁၊ ၂၀၁၁ ရက်နေ့ final အဖြေအရ မွတ်စလင်မ်လူထုချစ်မြတ်နိုးသော တမန်တော်မြတ် မိုဟာမတ်(ဆွ) သည် ကမ္ဘာပေါ်မှာအကောင်းဆုံးပုဂ္ဂိုလ်အဖြစ်ရွေးချယ်ခံခဲ့ရပြီး တမန်တော် အီစာ (အ) ကဒုတိယ၊ မဟတ်တမ ဂန္ဒီက တတိယရခဲ့ပါသည်။

၁။ တမန်တော်မြတ် မိုဟာမတ် (ဆွ)
၂။ Jesus (တမန်တော် အီစာ (အ) )
၃။ မဟတ်တမ ဂန္ဒီ

၁၉၇၈ ထုတ် အမေရိကန် နိုင်ငံသား Michael H. Hart ရေးသားသော The 100 စာအုပ်ထဲတွင်လည်း တမန်တော်မြတ် မိုဟာမတ် (ဆွ) သည် ပထမနေရာရခဲ့ပါသည်။ http://en.wikipedia.org/wiki/The_100

တမန်တော်မြတ်အား ကောက်ကျစ်မုန်းတီးမှုများဖြင့် လုပ်ကြံရေးသားနေသူများရှိနေကြသော်လည်း အမှန်တရားကို မည်သို့မျှပင် ဖုန်းကွယ်လို့မရနိုင်ပါ။ မဟုတ်မမှန်ရေးသားသူတို့၏ ညံ့ဖြင်းမှု အောက်တန်းကျမှုတို့သည်သာကျန်ရစ်ခဲ့ပေမည်။

"Allahumme Salli Ala Seyyidina Muhammedin Ve Ala Ali Seyyidina Muhammed"

reference : http://bestofmen.org/index.php?option=com_content&view=article&id=62

Tuesday, January 18, 2011

ပျားကောင် ကဏ္ဍ

ဗစ်စ် မစ်လ္လာ၊ ဟစ်ရ် ရဟ်မာ၊ နစ်ရ်-ရဟီးမ်။


ကုရ်အာန် ၀၁၆း ၆၈။ ၎င်းပြင် အသင့်အား ဖန်ဆင်းမွေးမြူတော် မူသော အရှင်မြတ်သည် ပျားကောင်၏ထံသို့ (ဤသို့) အမိန့်တော်ပေးတော်မူလေသည်။အသင်သည် တောင်များ၌လည်းကောင်း၊ သစ်ပင်များ၌လည်း ကောင်း၊ လူတို့တည်ဆောက်ကြကုန်သော အဆောက် အအုံများ၌လည်းကောင်း၊(မိမိတို့) နေအိမ်များ ပြုလုပ် လေကုန်။


ကုရ်အာန် ၀၁၆း ၆၉။ ထို့နောက် အသင်သည် အသီးအနှံ အသီးသီး အသက, အသကတို့မှ (အရည်များကို) စုတ်ယူ စားသုံးလေလော့။ တဖန် အသင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ လွယ်ကူ လျက်ရှိသောလမ်းများကို လျှောက်လေလော့။ ယင်း ပျားကောင်၏၀မ်းဗိုက်များမှ အရောင်မျိုးစုံရှိသော သောက်သုံးဖွယ်ရာ (ပျားရည်)သည် ထွက်လေသည်။ ယင်းသောက်သုံးဖွယ်ရာ၌ လူတို့အဖို့ အနာရောဂါပျောက်ကင်းခြင်းသည် ရှိပေသည်။ဧကန်မလွဲ ဤသည်၌ စဉ်းစားဆင်ခြင်တတ်သော သူတို့အဖို့ အမှန်ပင် သက်သေသာဓကသည် ရှိပေသတည်း။

In addition, the Prophet (PBUH) said:

'Honey is a remedy for every illness and the Qur'an is a remedy for all illness of the mind, therefore I recommend to you both remedies, the Qur'an and honey.' (Bukhari)


သဘာဝပျားရည်၏ အစွမ်းထက်ပုံ
-------------------------------------

ပျားရည်ကို လူသားတို့ အသုံးပြုခဲ့ကြသည်မှာ နှစ်ပေါင်း ၂၇၀၀ ကျော်ခဲ့ပြီ ဖြစ်သည်။ အစားအသောက်အတွက်သာမက ဆေးဖက်လည်း ၀င်သောကြောင့် လူမျိုးတိုင်း ဘာသာတိုင်း နည်းပါး၏ သမိုင်းတွင် ပျားရည်၏ အခန်းကဏ္ဍကို တွေ့နိုင်ပါသည်။ ရှေးခောတ်ကတည်းက ပင် ပျားရည်ကို အနာကျက်ဆေး အနေဖြင့်လည်းကောင်း၊ ချောင်းဆိုးပျောက်ဆေးအနေဖြင့်လည်းကောင်း၊ အသားလှဆေးအနေဖြင့်လည်းကောင်း အသုံးပြုခဲ့ကြသည်။ ယခင်က မည်သည့်အတွက်ကြောင့် ဤမျှ အစွမ်းထက်သည်ကို မသိခဲ့ကြသော်လည်း ယခုအခါ သိပ္ပံပညာ၏ တိုးတက်မှုနှင့်အတူ သိခွင့်ရှိလာပြီ ဖြစ်သည်။ ပျားရည် အစွမ်းထက်ရခြင်း၏ အဓိက အကြောင်းရင်းမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ အမြောက်အများ ပါဝင်သောကြောင့် ဖြစ်ပါသည်။

ပျားရည်ကို ထုတ်လုပ်သည့်ဒေသနှင့် ပျားအမျိုးအစားအပေါ်မူတည်ပြီး အမျိုးအစား မြောက်များစွာ ခွဲခြားနိုင်ပါသည်။ အကြမ်းဖျင်းအားဖြင့် raw honey လို့ခေါ်တဲ့ ပျားအုံမှ တိုက်ရိုက်ဖွတ်လာသော ပျားရည်အကြမ်းနှင့် processed commercial honey လို့ခေါ်တဲ့ အပြင်မှာ လွယ်လွယ်ကူကူ ၀ယ်လို့ရတဲ့ ပျားရည်ဆိုပြီး ခွဲကြည့်ရအောင်။ ပျားရည်အကြမ်းခြင်း ယှဉ်ရာတွင် သဘာဝအတိုင်း ဖြစ်ပေါ်နေသော ပျားအုံမှ ဖွတ်လာသော ပျားရည်သည် မွေးမြူရေး ပျားရည်ထက် အစွမ်းသတ္တိ ပိုမိုထက်မြက်ပါသည်။ ပျားရည်ဆိုသည်မှာ ပျားလုပ်သားများက ပန်းပွင့်ပေါင်းများစွာကို လှည့်လွယ်သွားလာပြီး ရရှိလာသော ပန်ဝတ်ရည်တို့မှ တဆင့် ပြုလုပ်ထားခြင်းဖြစ်သည်။ ၎င်းတို့ သွားထားသော အပင်အမျိုးအစား စုံလေလေ ပန်းပွင့်တို့မှ ရရှိသော ပိုးသေစေသည့်သတ္တိများ၊ နှင့် ဓာတ်တိုးဆန့်ကျင်သည့် သတ္တိများ ပိုများလေလေဖြစ်သည်။ သို့သော် တစ်ခါတစ်ရံတွင် Clostridium botulinum bacteria spore ဟုခေါ်သည့် ဘယ်တီးရီးယားတို့၏ ဥများ ပါလာတတ်သည်။ ထို့ကြောင့် အသက် ၁ နှစ်အောက် ငယ်သော ကလေးများကို ပျားရည်လုံးဝ မတိုက်ရပါ။ အဘယ့်ကြောင့်ဆိုသော် အဆိုပါ ဘက်တီးရီးယားများ ပေါက်ပွားကာ Botulism လို့ခေါ်တဲ့ အစာအဆိပ်သင့်ခြင်းကို ဖြစ်စေနိုင်သောကြောင့် ဖြစ်ပါတယ်။ အသက်ကိုပင် သေစေနိုင်ပါသည်။ လူကြီးတွေအတွက်တော့ စိုးရိမ်စရာမရှိပါ။

ပျားရည်ကို ဓာတုဗေဒနည်းဖြင့် ဓာတ်ခွဲကြည့်မည်ဆိုပါက fructose နှင့် glucose သကြားများက ၆၀ ရာခိုင်နှုန်း မျှ ပါဝင်ပါသည်။ အခြားပါဝင်သော ပစ္စည်းများမှာ ဗိုက်တာမင်၊ သတ္တုဓာတ်များ နှင့် ဓာတ်တိုးမှုကို ဆန့်ကျင်နိုင်သည့် သတ္တိရှိသော ဒြပ်ပေါင်းများ ပါဝင်ပါသည်။

ပျားရည်၏ အသုံးဝင်ပုံများ

အနာထည့်ဆေး

ပျားရည်တွင် ဘက်တီးရီးယားပိုးများ နှင့် မှိုများကို သေစေနိုင်သော သတ္တိရှိသည်။ အရေပြားတွင် ဖြစ်ပေါ်နေသော အနာများတွင် ဆေးအဖြစ်ထည့်ပါက အနာအကျက်မြန်သည်ကို ရှေးကတည်းကပင် သိရှိခဲ့ကြသည်။ ပျားရည်တွင် ရေဓာတ်ပါဝင်မှု အရမ်းနည်းပါးသောကြောင့် ပြင်ပရေမပါဝင်ဘဲ ပျားရည်ချည်း သက်သက်ဖြင့် အနာကို ထည့်ပေးပါက ဘက်တီးရီးယားပိုးများ မပေါက်ပွားနိုင်ပါ။ ပျားရည်၏ pH သည် ၄ ပတ်ဝန်းကျင်တွင် ရှိသောကြောင့် အက်ဆစ်ဓာတ်က ပိုးများကို သေစေနိုင်ပါသည်။ ထို့အပြင် အနာမှ ထွက်လာသည့် အရည်တို့နှင့် ဓာတ်ပြုပြီး hydrogen peroxide လို့ခေါ်တဲ့ ပိုးသတ်ဆေးရည်တစ်မျိုးကိုလည်း ဖြစ်စေသည်။ ထိုအခါ ပျားရည်သည် အလွန်အစွမ်းထက်သည့် အနာထည့်ဆေးတစ်လက် ဖြစ်လာပါသည်။ ဆေးမတိုးတော့သော ဘက်တီးရီးယားပိုးများဖြင့် ပွထနေသော ဆေးရုံများအတွက် သတင်းကောင်းပင်ဖြစ်သည်။ ထို့ကြောင့် အချို့ သုတေသီတို့က အမေရိကန်တွင် ပျားရည်ကို အနာထည့်ဆေးအဖြစ် hospital protocol များတွင် ထည့်သွင်းရန် အကြံပြုကြသည်။ သုတေသန စာတမ်းများအရ ပျားရည်ကို အနာထည့်ဆေးအဖြစ် အသုံးပြုပါက ပုံမှန်အနာထည့်ဆေးများအသုံးပြုသော အနာများထက် ၄ ရက် ၅ ရက်ခန့် ပိုမိုလျင်မြန်စွာ အနာကျက်သည်ကို တွေ့ရပါသည်။

စွမ်းအင်တိုးဆေး

ပျားရည်တွင် ပါဝင်သော သကြားနှစ်မျိုးအနက် glucose သည် အစာလမ်းကြောင်းမှ စုပ်ယူမှုမြန်သောကြောင့် စားပြီးပြီးချင်း လန်းဆန်းစေသည်။ Fructose ကမူ စုပ်ယူမှု နှေးသောကြောင့် သွေးအတွင်း၌ သကြားဓာတ်ကို ပုံမှန်ထောက်ပံ့ပေးနိုင်သည်။ ထိုအချက်က အားကစားသမားများအတွက် အထူးသင့်တော်သည်။ မနက်အိပ်ယာထထချင်း လမ်းလျောက်မည်ဆိုပါက အချိုဓာတ်လွန်ကဲသော ဘီစကစ်များ၊ မုန့်များစားမည့်အစား ပျားရည်နှစ်ဇွန်းလောက် သောက်ပါက ကိုယ်အလေးချိန်ထိန်းသည့်အပြင် သွေးတွင်း သကြားဓာတ်ကို ပါ အလွန်အကျွံမတက်စေသောကြောင့် ရေရှည်တွင် ကျန်းမာရေးကို အထောက်အကူပြုပါသည်။

ချောင်းဆိုးပျောက်ဆေး

ကလေးများတွင် ချောင်းဆိုးပျောက်ဆေးအဖြစ် အသုံးပြုနိုင်ပါသည်။ ၂ နှစ်အထက် ကလေးများတွင် ချောင်းဆိုးပျောက်ဆေးအဖြစ် အသုံးအများဆုံးမှာ dextromethophan လို့ခေါ်တဲ့ ချောင်းဆိုးပျောက်ဆေးဖြစ်ပါတယ်။ မြန်မာပြည်မှာ ဆေးသမားတွေရဲ့ လက်ဆွဲ ဖြစ်ဖူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ပိတ်ထားတဲ့ ဆေးပါ။ ထိုဆေးသောက်ပါက ငိုက်မြီးခြင်း လေးလံထိုင်းမှိုင်းခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ အမေရိကန်မှာ အသက် ၂နှစ်မှ ၁၈ နှစ်ကြားရှိတဲ့ ကလေး ၁၀၅ ယောက်တွင် ပြုလုပ်ခဲ့သော သုတေသနာ စာတမ်းတစ်ရပ်အရ ညအိပ်ခါနီးတွင် ပျားရည်တစ်စွန်း ကို သောက်၍ အိပ်သောကလေးများသည် dextromethophan ကို သောက်၍ အိပ်သောကလေးများကဲ့သို့ပင် ညဘက်ချောင်းဆိုးသက်သာသည်ကို တွေ့ရသည်။ ထို့အပြင် ပျားရည်သည် အာသီးရောင်ခြင်း နှင့် လည်ချောင်းနာခြင်းတို့ကိုလည်း သက်သာစေသောကြောင့် တုတ်ကွေးရာသီတွင် ကလေးများအတွက် ဆေးတစ်လက်အနေဖြင့် သုံးလို့ရပါတယ်။ ကလေးများသာမက လူကြီးများအတွက်ပါ အသုံးပြုနိုင်ပါသည်။

အသုံးပြုပုံ

သင်အာသီးရောင်နေပါက သောက်ရေခွက်အတွင်းသို့ ပျားရည်နှစ်ဇွန်း၊ သံပရာရည် လေးဇွန်း နှင့် ဆားတစ်ဇွန်းတို့ကို ထည့်ပြီး ရေနွေးဖြင့်ရောကာ ပလုပ်ကျင်းပါက လည်ချောင်းနာခြင်း အာသီးရောင်ခြင်းတို့ကို လျင်မြန်စွာ သက်သာနိုင်ပါသည်။

ဝမ်းရှင်းစေသည်

၂၀၀၈ ခုနှစ် ဇန်န၀ါရီလမှာ ပြုလုပ်ခဲ့တဲ့ ပျားရည်နှင့် ကျန်းမာရေး စာတမ်းဖတ်ပွဲနှင့် ဟောပြောပွဲအရ ပျားရည်တွင် လူသားတို့ကို အကျိုးပြုသည့် lactobacilli ဘက်တီးရီးယားများပါဝင်တဲ့အတွက် ၀မ်းပျက်ဝမ်းလျော ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ အစာအိမ်နှင့် အူလမ်းကြောင်းရှိ ပိုးမွှားတွေကို သေစေနိုင်ပါတယ်။ အချို့လည်း အူမကြီးကင်ဆာကို ကာကွယ်နိုင်သည်ဟု ပြောကြသည်။

ဆီးချိုသမားတို့အတွက်

ထို့အပြင် ပျားရည်ကို ဆီးချိုသမားများတွင် ဆေးသကြားအဖြစ် သုံးနိုင်ပါသည်။ အချိုကို လုံးဝရှောင်နိုင်ရင်တော့ အကောင်းဆုံးဆိုပေမယ့် မရှောင်နိုင်လို့ အနည်းငယ် စားမည်ဆိုပါက ပျားရည်သည် စားသင့်သော သကြားတစ်မျိုးဖြစ်ပါသည်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများသည် ဆီးချိုသမားများအတွက် မရှိမဖြစ်လိုအပ်လှသည်။ ပျားရည်တွင် အဆိုပါ ပစ္စည်းများပါဝင်သောကြောင့် အသည်းကို တစ်ခါတည်း ကာကွယ်ပေးရာရောင်သလို သွေးကြောများ ကျဉ်းခြင်းကိုလည်း ကာကွယ်ပေးပါသည်။ သွေးထဲတွင် သကြားဓာတ်ကို အရမ်းမတက်အောင် level တစ်ခုတွင် ထိန်းသိမ်းပေးရာတွင်လည်း အထောက်အကူပြုပါသည်။ ဆီးချို အမျိုးအစား ၁ သာမက အမျိုးအစား ၂ တွင်ပါ စားသုံး၍ ရပါသည်။

တစ်နေ့တစ်ဇွန်း

မည်သူမဆို ပျားရည်ကို တစ်နေ့တစ်ဇွန်း စားသုံးပါက အထက်ပါ အကျိုးကျေးဇူးများကို ရရှိမည့်အပြင် ကင်ဆာရောဂါများကို ကာကွယ်ခြင်း၊ အသားအရေလှခြင်း၊ ဆံပင်လှခြင်း၊ အိုမင်းမှုကို နှေးကွေးစေခြင်း နှင့် ကိုယ်အလေးချိန်ထိန်းသိမ်းခြင်းတို့ကိုလည်း ဖြစ်စေပါသည်။

အရက်မူးနေပါက

ပျားရည်တွင် ပါဝင်သော သကြားဓာတ်သည်အစာအိမ်အတွင်းမှ alcohol တို့နှင့် ဓာတ်ပြုကာ ဓာတ်ပြယ်အောင်ပြုလုပ်ပေးနိုင်သော အစွမ်းရှိသည်။ အနောက်တိုင်းတွင်သာမက အရှေ့တိုင်းတွင်ပါ ပျားရည်ကို အမူးပြယ်ဆေးအနေဖြင့် သုံးကြသည်။ သံပရာရည်ဖြင့် ရောပြီးသောက်ပါက ပိုမို အစွမ်းထက်ပါသည်။

အိပ်မပျော်ပါက

နွားနို့ပူပူတစ်ခွက်အတွင်းသို့ ပျားရည် ၂ဇွန်းခန့် ထည့်၍ မွှေပြီး သောက်ပါက စိတ်တည်ငြိမ်ကာ အိပ်ပျော်စေသည်ကို တွေ့ရပါသည်။


فَبِأَيِّ آلاءِ رَبِّكُمَا تُكَذِّبَانِ

ကုရ်အာန် ၀၅၅း ၁၃။ သို့ပါလျက် (အို-ဂျင်န်နှင့်လူသတ္တ၀ါအပေါင်းတို့)၊ အသင်တို့သည် မိမိတို့အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်၏ မည်သည့်ကျေးဇူးတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြကုန်အံ့နည်း ။

မှတ်ချက်

အထက်တွင် ဖော်ပြခဲ့သော ကျန်းမာရေး ကောင်းကျိုးများမှာ ပျားရည်ကိုသောက်သုံးခြင်းမှ ရသော အကျိုးကျေးဇူးများ ဖြစ်ပါသည်။ ပျားရည်မှ ထုတ်လုပ်ထားသော သောက်ဆေးများကို စားသုံးခြင်းကြောင့် မဟုတ်ပါ။ သို့သော် သတိပြုရန်မှာ ဓာတ်တိုးဆန့်ကျင်သည့် ဒြပ်ပေါင်းများ ပါဝင်သော မည်သည့်ဆေးမဆို သဘာဝ အတိုင်းဖြစ်သော ထွက်ကုန်များကသာ အစွမ်းထက်ပါသည်။ ဥပမာ။ ။ ပျားရည်မှ ထုတ်လုပ်ထားသောဆေးသည် သဘာဝပျားရည်ကဲ့သို့ အစွမ်းထက်မည်ဟု မည်သူမှ အာမ မခံနိုင်ပါ။ ထို့ကြောင့် သဘာဝထွက်ကုန်ကိုသာ အားပေးစေလိုသည်။

Quran reference : myanmarwind.blogspot.com
Honey Reference: ဆေးလောက facebook
http://whfoods.org/genpage.php?tname=foodspice&dbid=96
http://en.wikipedia.org/wiki/Honey

ရွှင်လန်းကြပါစေ။

မမီးမီး

Saturday, January 15, 2011

Du'a for release anxiety

It was reported from ‘Abd-Allaah ibn Mas’ood that the Prophet (peace and blessings of Allaah be upon him) said:
person suffers any anxiety or grief, and says:

Allahumma inee ‘abduka, ibnu ‘abdeka, ibnu amateka, naa ‘seyatee beyadika. Maa dhin feyya ‘hukmuka. ‘Ad lun feyya qa dhaa uka es aluka bekullis min huwalaka sammayta bi hi naf saka ae enzaltahu fee ketaa bika. Aw ‘alamtahu a ‘hadan min khalqika a wis ta’ thar ta behi fee ‘il mil ghaybe ‘an da ka en taj ‘alal qur’aaaaan na rabee’a qalbee, wa nuu ra ‘sadree wa jalaa a ‘husnee wathahaa ba hamee.

O Allaah, I am Your slave, son of Your slave, son of Your female slave, my forelock is in Your hand, Your command over me is forever executed and Your decree over me is just. I ask You by every Name belonging to You which You named Yourself with, or revealed in Your Book, or You taught to any of Your creation, or You have preserved in the knowledge of the unseen with You, that You make the Qur’aan the life of my heart and the light of my breast, and a departure for my sorrow and a release for my anxiety.

- but Allaah will take away his sorrow and grief, and give him in their stead joy.” (Ahmad 1/391 and Al-Albaanee declared it sahih.)

Reference : http://alqamardesigns.wordpress.com/2008/02/02/duaa-to-ease-anxiety/

Tuesday, January 11, 2011

အစ္စလာမ်ဘာသာမှ ဝက်သားစားသုံးခြင်းကိုတားမြစ်ထားသောအချက်များ

.
အေမး : အစၥလာမ္ဘာသာမွာ ၀က္သားကိုစားခြင့္မ၇ိွဘူးဆိုတာဟုတ္ပါသလား။
တကယ်လို့  ဟုတ်တယ်ဆို၇င်လည်းဘာလို့ စားသုံးခွင့်မရှိတာလဲဆိုတာ
သိချင်ပါတယ်ခင်ဗျ။

အစ္စလာမ်ဘာသာ ၇ဲ့ အဆို အ၇ ၀က်သည်လည်း ဒီကမ္ဘာကြီးပေါ်မှာ
ဖန်ဆင်းရှင်ရှိလို့ သာ ပေါ်ပေါက်လာ၇တာပါ။ တကယ်လို့ ဝက်ကို မသန့် စင်ဘူးလို့ ယူဆလျှင်လဲ ဘာ လို့ ဖန်ဆင်းခဲ့သလဲဆိုတာသိချင်ပါတယ်ခင်ဗျ။

မသန့် စင်မှန်းသိ၇င် ထာ၀၇ ဘု၇ားသခင်။ အန န္တ တန်ခိုး၇ှင် ဖန်ဆင်းရှင် က ဘာပြု လို့ ဖန်ဆင်းခဲ့တာလဲခင်ဗျ။ ဒီကမ္ဘာကြီးစတည်ကတည်း ကတစ်ခါတည်းမရှိအောင်
ဖျောက်ပစ်ခဲ့သင့်တယ် လို့ ထင်ပါတယ်။

အဖြေ : အလ္လာဟ်အရှင်မြတ်က ကမ္ဘာပေါ်မှာ အကောင်းနှင့်အဆိုး ဒွန်တွဲ၍ဖန်ဆင်းထားပြီး မည်သည့်အရာက အကောင်း မည်သည့်အရာက အဆိုးဆိုသည်ကို လူသားတို့ကို အရှင် မြတ်သင်ကြားပေးထားပါသည်။ လူသားတို့အား ဆင်ချင်သုံးသပ်တတ်သော ဦးနှောက်ညာဏ်ထည့်ပေးထားပါသည်။ ကောင်းတာကိုကျင့်သုံးပြီး၊ မကောင်းတာကိုရှောင်ရမည်မှာ လူသားတို့၏တာဝန်ဖြစ်ပါသည်။ အလ္လာဟ်အရှင်မြတ်သည် ဖန်ဆင်းခံများအား အကောင်းနှင့်အဆိုးကိုခွဲခြားတတ်စေခြင်းဖြင့် လူသားတို့၏အရည်အချင်းကို ပို၍မြင့် စေသည်။ တစ်နည်း လူသားတို့၏ ညာဏ်ရည်ညာဏ်သွေး၊ စိတ်ပိုင်းဆိုင်ရာများကိုလည်းစမ်းသပ်ခြင်းဖြစ်သည်။

အမေး : အစ္စလာမ်က ဝက်သား စားသုံးမှုကို ဘာကြောင့် တားမြစ်ထားရတာလဲ။

အဖြေ : အစ္စလာမ်က ဝက်သား စားသုံးခြင်းကို တားမြစ်ထားတဲ့ အချက် ကတော့ လူသိများလှပါတယ်။ ဒီတားမြစ်ချက်နဲ့ ပတ်သက်တဲ့ အကျိုး အကြောင်းစုံကို အောက်ပါအချက်အလက်များက ရှင်းလင်းပြထားပါတယ်။

၁။ ကုရ်အာန်က ဝက်သားကို တားမြစ်ထားသည်။

ဝက်သား စားသုံးမှုကို လေးနေရာထက် မနည်းမှာ တားမြစ်ထားပါတယ်။ ကုရ်အာန် ၂း ၁၇၃ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အပေါ် ၌ အသေကောင်များကိုလည်းကောင်း၊ (ယိုစီးသော)သွေးကို လည်းကောင်း၊ ၀က်၏ အသားကိုလည်းကောင်း၊ အလ္လာဟ် အရှင်မြတ်၏နာမံတော်မှတပါး အခြားကိုးကွယ်ရာများ၏ အမည်နာမများကို တ,သပြီး လှီးဖြတ် ထားသော တိရစ္ဆာန် များကိုလည်းကောင်း၊ မုချတားမြစ်ထားတော် မူလေသည်။ သို့တားမြစ်ထားသော်လည်း မလွှဲမရှောင်သာ နိုင်အောင် အကျပ်အတည်းနှင့် တွေ့ကြုံနေသောသူ တဦးသည် (တားမြစ် ထားသော အာဟာရကို) မက်မောသူ မဟုတ်ဘဲ၊ အစားကျူး သူလည်း မဟုတ်ဘဲ၊ (အသက်မသေရုံမျှ စားသုံး ခဲ့ပါလျှင်) ထိုသူ့အပေါ်၌ တစုံတရာ အပြစ်မရှိချေ။ ဧကန် မုချ အလ္လာဟ်အရှင်မြတ်သည် (ချို့တဲ့မှုများကို) အထူးချမ်းသာခွင့် ပေးသနားတော်မူသောအသျှင်၊ အစဉ်အမြဲ သနားကြင်နာ ညှာတာ တော်မူသောအရှင် ဖြစ်တော် မူပေသတည်း။

[ ကုရ်အာန် ၅း ၃ ] အလိုအလျောက်သေသော တိရစ္ဆာန်သည်လည်းကောင်း၊ သွေးသည်လည်းကောင်း၊ ၀က်တိရစ္ဆာန်၏အသားသည် လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်မှတစ်ပါးအခြားကို ရည်စူးထားသောတိရစ္ဆာန်သည်လည်းကောင်း၊လည်မျို (ညှစ်၍ဖြစ်စေ၊ လိမ်၍ဖြစ်စေ) သေရသောတိရစ္ဆာန်သည်လည်းကောင်း၊ ရိုက်နှက်၍ဖြစ်စေ၊ ထိခိုက်၍ဖြစ်စေ သေသောတိရစ္ဆာန်သည်လည်းကောင်း၊ မြင့်ရာမှကျ၍ သေသောတိရစ္ဆာန်သည်လည်းကောင်း၊ ဦးချိုဖြင့်ဝှေ့ခတ်ခြင်းခံရ၍ သေသော တိရစ္ဆာန်သည်လည်းကောင်း၊ (အသက်မထွက်မီ တရားတော်နှင့်အညီ)အသင်တို့ "ဇဗ်ဟ်"လှီးဖြတ် နိုင်ခဲ့သောတိရစ္ဆာန်များမှအပ သားရဲတိရစ္ဆာန်များ ကိုက်ခဲသတ်ဖြတ်ထားသောတိရစ္ဆာန်သည်လည်းကောင်း၊ အသင်တို့အပေါ်၌ ဟရာမ်ဟူ၍တားမြစ်ထားပြီး ဖြစ်လေပြီ။
.
ရုပ်ပွားဆင်းတုများထားရှိရာဌာနများတွင် ပူဇော်သက္ကာပြုရန် လှီးဖြတ်ထားသော တိရစ္ဆာန်များသည်လည်းကောင်း၊ မဲမြှားတို့ ဖြင့် အသင်တို့ ဝေစုဝေပုံခွဲခြင်းသည်လည်းကောင်း၊ အသင်တို့အဖို့(စားသုံးခြင်း မပြုကြရန်) ဟရာမ် တားမြစ်ထားပြီး ဖြစ်ချေသည်။ ဤသည်တို့ကားပြစ်မှုဒုစရိုက်များ ပင်တည်း။ ယနေ့အဖို့မှာကား ကာဖိရ်သွေဖည်ငြင်းပယ် သောသူတို့သည် အသင်တို့၏သာသနာကို(ဖျက်ဆီးနိုင်ခြင်း)မှ မျှော်လင့်ချက် ကင်းမဲ့ကြပြီးဖြစ်ရာ အသင်တို့သည် ထိုသူတို့ကို စိုးရိမ်ကြောက်ရွံ့ခြင်း မရှိကြဘဲ ငါအရှင်မြတ်ကိုသာလျှင် ကြောက်ရွံ့ကြလေကုန်။ ယနေ့သော်ကားငါအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ ဒီန်သာသနာကို ပြည့်စုံစေတော်မူခဲ့လေပြီ။ ၎င်းပြင် ငါအရှင်သည်မိမိ၏ ကျေးဇူးတော်များကို အသင်တို့အဖို့ အပြည့်အစုံ ချီးမြှင့်ပေးသနားတော်မူခဲ့လေပြီ။
.
၎င်းပြင် ငါအရှင်သည် အစ္စလာမ်သာသနာကို အသင်တို့အဖို့ ‘ဒီန်သာသနာတော်အဖြစ်သဘောတူ နှစ်မြို့တော်မူခဲ့လေပြီ။ သို့ရာတွင် (အထက်တွင်မြစ်တားထားခဲ့သော အရာများနှင့်စပ်လျဉ်း၍ သိအပ်သောအချက်တစ်ရပ်မှာ) မည်သူမဆို အပြင်းအထန် ဆာလောင်မွတ်သိပ်၍ မလွှဲမရှောင်သာသည့် အခြေသို့ ဆိုက်ရောက်ခဲ့သဖြင့် ထိုသူသည် ပြစ်မှုကို နှစ်သက်လိုလားခြင်း မရှိဘဲ(မြစ်တားထားသော အရာများကို စားသုံးမိပါက) မချွတ်ဧကန်အလ္လာဟ် အရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်း ချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်တရာ ကြင်နာ သနားတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

[ ကုရ်အာန် ၆:၁၄၅ ] အို-နဗီတမန်တော်) အသင်သည် (ယင်းသူတို့အား ဤသို့) ပြောကြားပါလေ။ (အချင်းတို့) ငါသည် မိမိထံသို့ (အလ္လာဟ်အရှင်မြတ်အထံတော်မှ) ကျရောက်လာသောဝဟီယ် အမိန့်တော်တွင် (ယခုအငြင်းပွားလျက်ရှိသောတိရစ္ဆာန်များအနက်)တစ်စုံတစ်ခုကို မည်သည့်စားသုံးသူအပေါ်၌မျှ ၎င်းကို စားသုံးခြင်းသည် ဟရာမ် ဟူ၍ တားမြစ်ထားသည်ကို မတွေ့ရှိရချေ။ သို့ရာတွင် အသေသား၊ သို့မဟုတ်စီးထွက်သောသွေး၊ သို့မဟုတ် ၀က်တိရစ္ဆာန်၏ အသားဖြစ်ခဲ့လျှင် ထိုအရာများသည် အလွန်ညစ်ထေး၍ မသန့်စင်သောကြောင့်၊ သို့မဟုတ် ဥပဒေကို ကျူးလွန်ခြင်းအားဖြင့် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုရည်စူး၍ သတ်မှတ်ခဲ့လျှင်(ဟရာမ် ဟူ၍ တားမြစ်ထားတော်မူလေသည်။) သို့ပါလျက်အကြင်သူသည် (ထိုထိုသောအရာများကိုပင်) အရသာခံစားလိုခြင်း၊ စည်းကမ်းကျူးလွန် ဖောက်ဖျက်ခြင်းမရှိဘဲ မလွှဲမရှောင်သာဖြစ်၍ (အသက်မသေရုံမျှသာ စားသုံး)ခဲ့ပါမူ၊ အသင့်အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ဧကန်အမှန်အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားညှာတာတော်မူသောအရှင်မြတ်ပင်ဖြစ်တော် မူပေသတည်း။

[ ကုရ်အာန် ၀၁:၁၄၊ ၁၆:၁၅၅ ] ထိုအရှင်မြတ်သည် အသေကောင်(များ)၊ (ယိုစီးသော)သွေး၊ ၀က်တိရစ္ဆာန်၏အသားနှင့် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကို ရည်စူး(တသလှီးဖြတ်)ထားသော အရာများကိုသာလျှင် ဟရာမ် ဟူ၍ မြစ်တားထားတော်မူခဲ့လေသည်။ သို့(တားမြစ်ထားတော်မူသော်) ငြားလည်း မလွှဲမရှောင်သာ(အောင်အကျပ်အတည်းတွေ့ကြုံနေ)သောသူတစ်ဦးသည်(တားမြစ်ထားသောအာဟာရကိုခုံမင်)တပ်မက်သူ မဟုတ်၍လည်းကောင်း၊(အစား) ကျူးသူမဟုတ်၍လည်းကောင်း(အသက်မသေရုံမျှ စားသုံးခဲ့ပါလျှင်) ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အထူးချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အထူးသနားကြင်နာတော်မူသောအရှင်၊

ကုရ်အာန် ၅း ၃၊ ၆း ၁၄၅ နှင့် ၁၆း ၁၁၅ တို့မှာ တွေ့ရှိရပါတယ်။
“အသင်တို့အတွက် တားမြစ်ထားရာ (အစားအစာ) ကား အသေသား၊ သွေး၊ ဝက်သား၊ ... အလ္လာဟ်မှအပ ဖြစ်ရာတို့ကို ပူဇော်ပသ ဆက်ကပ်ထားရာတို့ ဖြစ် သတည်း။” [ ကုရ်အာန် ၅း ၃ ]

ကျမ်းမြတ်ကုရ်အာန်ရဲ့ အထက်ပါ အာယတ်တော်တွေ အရနဲ့တင် ဝက်သားကို ဘာကြောင့်တားမြစ်ထားရတဲ့အကြောင်းကိုတော့ မွတ်စလင်တစ်ဦးအဖို့ ကျေနပ်မှု အပြည့်အဝ ရရှိသွားစေမှာပါ။

၂။ ခရစ်ယာန်သမ္မာကျမ်းမှာလဲ ဝက်သားကို တားမြစ်ထားသည်

ခရစ်ယာန်တွေကို သူတို့ရဲ့ ဘာသာရေး ကျမ်းဂန်တွေကို တကယ်ပဲ တိတိကျကျ ယုံကြည်အပ်တာကို သိမ်းသွင်းယူရတော့မဲ့ပုံ။ ဘာကြောင့်လဲဆိုတော့ သမ္မာကျမ်းစာလာ ဝတ်ပြုရာ ကျမ်းမှာလဲ ဝက်သားစားသုံးခြင်းကို တားမြစ်ထားပါတယ်။
“ဝက်သည် ခွါကွဲပြားသော်လည်း စားမြုံ့ မပြန်သောကြောင့် သင်တို့ မစင်ကြယ်။ ထိုသို့သော တိရစ္ဆာန်၏ အသားကို မစားရ။ အသေကောင်ကိုလည်း မထိရ၊ မစင်ကြယ်ဟု သင်တို့ မှတ်ယူကြရမည်။” [ ဝတ်ပြုရာကျမ်း ၁၁း ၇-၈ ]

သမ္မာကျမ်းလာ တရားဟောရာကျမ်းမှာလည်း ဝက်သားကို ပိတ်ပင်ထားတာ ရှိပါတယ်။
“ဝက်သည် ခွါကွဲပြားသော်လည်း စားမြုံ့ မပြန်သောကြောင့် သင်တို့၌ မစင်ကြယ်။ အသားကို မစားရ။ အသေကောင်ကိုလည်း မထိရ။ “
[ တရားဟောရာကျမ်း ၁၄း ၈ ]
သမ္မာကျမ်းလာ ဟေရှာယ အနာဂတ္တိကျမ်း၊ အခန်း-၆၅၊ ပါဒ ၂-၅ မှာလည်း အလားတူပဲ ထပ်မံပြီး ပိတ်ပင်ထားတာ ရှိပါတယ်။

၃။ ဝက်သား စားသုံးခြင်းဖြင့် ရောဂါများစွာ ဝင်နိုင်သည်
.
ဆင်ခြင်တုံတရားကျကျ၊ ယုတ္တိဗေဒနည်းဆန်ဆန်နှင့် သိပ္ပံအရ အခိုင်အမာ တင်ပြနိုင်မှသာ မွတ်စလင် မဟုတ်သူများနဲ့ ဘုရားမဲ့ဝါဒီများ အနေနဲ့ သဘောတူ လက်ခံနိုင်မှာ ဖြစ်ပါတယ်။ ဝက်သားကို စားသုံးမှီဝဲ ခြင်းဖြင့် ရောဂါ အမယ်ပေါင်း ခုနှစ်ဆယ်ထက်မနည်း ဖြစ်ပွားနိုင်ပါတယ်။

လူတွေမှာ သန်လုံးကောင်၊ တုတ်ကောင်နဲ့ ချိတ်သန် စတာတို့လိုမျိုး သန်မျိုးစုံ စွဲကပ်နိုင်ပါတယ်။ အန္တရာယ်အကြီးဆုံးကတော့ တေနီယာ ဆိုလျမ်ပါပဲ။ ဒီကပ်ပါးက လူသာမန်တို့ကတော့ တုတ်ပြားကောင်ရယ်လို့ ခေါ်ကြပါတယ်။ အကောင်က အတော်ရှည်ပြီး အူထဲမှာနေတယ်။ ၄င်းရဲ့ ဥက သွေးစီးကြောင်းထဲဝင်ပြီး လူ့ကိုယ်အင်္ဂါအစိတ်အပိုင်းအားလုံးကို ဝင်ရောက်နိုင်ပါတယ်။ ဒီပိုးက ဦးနှောက်ထဲဝင်သွားရင် မှတ်ဥာဏ်ကို ထိခိုက်နိုင်ပါတယ်။ နှလုံးထဲကိုဝင်ခဲ့ရင် နှလုံးရောဂါ ဖြစ်နိုင်ပါတယ်။

မျက်စေ့ထဲဝင်ခဲ့ရင်တော့ မျက်စေ့ကွယ်သွားတတ်တယ်။ အသည်းထဲ ဝင်ခဲ့ရင်တော့ အသည်းကို ထိခိုက်ပျက်စီးနိုင်တယ်။ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း အားလုံးကိုပဲ ထိခိုက် ပျက်စီးစေနိုင်ပါတယ်။ နောက်ထပ် အန္တရာယ် ကြီးမားတဲ့ သန်ကောင်ကတော့ ထရီချူရာ တီချုရာစစ် (Trichura Tichurasis) ဖြစ်ပါတယ်။

ဝက်သားကို ကောင်းစွာ ချက်ပြုတ်ပြီးမှ စားရင် ဒီဥက သေသွား မယ်ဆိုပြီး ယေဘူယျအားဖြင့် တလွဲ သိရှိထားနေကြတယ်။ အမေရိကမှာ ပြုလုပ်ခဲ့တဲ့ သုတေသန တစ်ခုအရ ထရီချူရာ တိချုရာစစ် သန်စွဲနေတဲ့ လူနာ ၂၄ ဦးမှာ ၂၂ ဦးက ဝက်သားကို ကောင်းစွာ အချက်ခံပြီးမှ စား ကြတာတဲ့။ ဒီအချက်က ပုံမှန် အပူချိန်မှာ ချက်သွားလို့ကတော့ ဝက်သားမှာ ဒီပိုးဥက သေ မသွားဘူး ဆိုတာကို ပြနေပါတယ်။

၎။ ဝက်တွင် အဆီကို ဖွဲ့စေသော ဝတ္ထု ရှိသည်
ဝက်မှာ အင်မတန်နည်းပါးတဲ့ ကြွက်သားကိုသာ ဖွဲ့စည်းနိုင်တဲ့ ဝတ္ထု ရှိပြီး အဆီက အလွန်အကျွံ ပါဝင်နေပါတယ်။ ဒီအဆီကသွေးကြောများထဲမှာ စုနေတာကြောင့် သွေးတိုး ဝင်ပြီး နှလုံးထိခိုက် ပျက်စီးရပါတယ်။ အမေရိကန်လူမျိုး ၅၀ ရာခိုင်နှုန်းကျော်က သွေးတိုး ရောဂါ ခံစားနေရတယ် ဆိုတာဟာ ဒါကြောင့် အံ့ဩစရာ မဟုတ်တော့ ပါဘူး။

၅။ ဝက်သည် ကမ္ဘာမှာ အညစ်ညမ်းဆုံး သတ္တဝါ ဖြစ်သည်
ဝက်က ကမ္ဘာမှာ အညစ်ပတ်ဆုံး တိရစ္ဆာန်တွေထဲက တစ်မျိုး ဖြစ်တယ်။ ရွှံ့နွံတွေ၊ မစင် အညစ်အကြေးတွေထဲမှာ ရှင်သန် ကျင်လည် နေထိုင်ကြတယ်။ ကျွန်ုပ်သိရသလောက် အလ္လာဟ်အရှင် ဖန်တီးထားတဲ့ အထဲမှာ အညစ်အကြေး ရှင်းကောင်လို့ ဆိုရမှာပါ။ ကျေးရွာတွေမှာ ခေတ်မီ အိမ်သာတွေ ဘာတွေ မရှိကြပါဘူး။ ကွင်းပြင်တွေမှာ အခင်းကြီး အခင်းငယ် သွားကြတယ်လေ။ ဒီ အညစ်အကြေးတွေကို ပြောင်သလင်း ခါသွားအောင် ဝက်က ရှင်းပစ်ပေးတာပါ။

တချို့က စောဒကတက်ကြတာ ရှိတယ်။ ဩစတြေးလျလို တိုး တက်တဲ့ နိုင်ငံတွေမှာ ဝက်ကို အင်မတန် သန့်ပြန့်ပြီး ကျန်းမာရေးနှင့် ညီတဲ့ ဝန်းကျင်မှာ မွေးမြူနေကြပြီတဲ့။ ဒီလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အခြေအနေများမှာတောင် ဝက်တွေကို နှစ်ဖက်ချ တုံးတင် လှေခါးတွေ ထဲမှာ ထားပြီး မွေးမြူကြရတယ်။ သူတို့ကို ဘယ်လိုပဲ ခက်ခက်ခဲခဲနဲ့ သန့်ရှင်းအောင် လုပ်လုပ် ဘာမှမထူးပါဘူး။ ဗီဇကိုက ညစ်ပတ်တဲ့ ဗီဇပါနေတာကိုး။ ကိုယ့်မစင် ကိုယ်ပြန်စားရင်စား ဒါမှမဟုတ် အနားက အကောင်ရဲ့ မစင်ကို ပြန်ပြီး စားတတ်ကြပါတယ်။

၆။ ဝက်သည် အရှက်အမဲ့ဆုံးသော တိရစ္ဆာန်ပင်
ကမ္ဘာမှာ ဝက်ဟာ အရှက် အမဲ့ဆုံးသော အကောင်ပါပဲ။ မိမိရဲ့ ကြင်ဖော်ကို တခြားအဖော်ဖြစ်တဲ့ အကောင်တွေနဲ့ လာမိတ်လိုက်ဖို့ ခေါ် တတ်တဲ့ တိရစ္ဆာန်မျိုးက ဝက်ပါပဲ။ အမေရိကမှာ လူတော်တော်များများ က ဝက်သားကို စားသုံးကြတယ်။ ပွဲသဘင် အကပါတီတွေမှာ ဆိုရင် အချို့က Wife Swapping ကိုကျေကျေနပ်နပ်ကြီးကို အလဲအလှယ် ပြုတတ်ကြပါတယ်။ ဒါကို Swapping of wives လို့ လည်းခေါ်ပါတယ်။

Reference : Myanmar chat online org.

Now a days, people are not as much "religious conscious " as they are "medical conscious". In other words if you tell them that its forbidden in your religion, you are labeled as a wet blanket. But if you explain how this can ruin their hea...lth and figure (especially ladies) or how harmful and in some cases fatal it can be to them, only then will they pay any attention.

Islam is not the only religion in which pork is prohibited but other religions teach the same message also.

For example; In Judaism, pork consumption is forbidden.

In Hinduism, the same principle is applied according to their teachings. In fact most of the Hindus are pure vegetarians especially the Brahmins (the highest cast of Hindus).

In Buddhism, there are five principal commandments on which the religion is based and these are the prohibition of killing, adultery, stealing, telling lies and drinking intoxicants. This is extreme form of Buddhism and encourages vegetarianism only.

In Christianity, it is also required of the followers to not consume pork. This makes sense as Christians believe unconditionally in the Old and New Testament. Some Christians however, claim that they are Christians now and no longer Jews. The answer to this is that the fundamental teachings of the church are based on the Old Testament. Also, the Ten Commandments, which are from the Old Testament, are strictly practiced and the Old and New Testament are bound into one which is called the Holy Bible.

Reference : http://www.themuslimwoman.com

Sunday, January 9, 2011

Friday, January 7, 2011

ကျမ်းမြတ်ကုရ်အာန်နှင့်လူ့ဘဝ


သီးခြားသောအိမ်သားများ
---------------------------
ဟဇရသ်အနတ်စ် (ရ) ကဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (စွ) အမိန့်ရှိတော်မူသည်။ အလ္လာဟ်အရှင်မြတ်ထံတော်၌ အချို့သော သူများ
သည် မိသားစုတစ်စုတည်းမှ ထူးခြားထင်ခြားသောသူများပမာဖြစ်ကြသည်။ ဆွဟာဗဟ် (ရ) များက ၎င်းတို့သည် အဘယ်သို့သောသူများပါနည်းဟုမေးမြန်းလျှောက်ထားရာ ၎င်းတို့သည် ကုရ်အာန်ကျမ်းမြတ်ကိုအမြဲတစေရွက်ဖတ်လေ့ရှိပြီး ၎င်းကျမ်းလာအတိုင်း နေထိုင်ကျင့်ကြံကြသူများဖြစ်ကြသည်။ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ မိတ်ဆွေများဖြစ်ကြသည့်အပြင် ထိုအရှင်မြတ်၏ ထူးခြားသောပုဂ္ဂိုလ်များဖြစ်ကြသည်။ (ဟာကင်မ်)

နှလုံးသား၏ လှပတင့်တယ်မှု
------------------------------
ဟဇရသ် အိဗ်နေအဗ္ဗာစ် (ရ) က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (စွ) အမိန့်ရှိတော်မူသည်။ အကြင်သူ၏ နှလုံးသား၌ ကုရ်အာန်ကျမ်းမြတ်၏ မည်သည့်အစိတ်အပိုင်းမျှပင် ထိန်းသိမ်းထားမှုမရှိလျှင် ၎င်းသူ၏နှလုံးသည် လူသူကင်းမဲ့နေသောအိမ်ပမာဖြစ်သည်။ ဆိုလိုသည်မှာ အိမ်တစ်အိမ်၏ လှပဂုဏ်ကျက်သရေရှိမှုသည် ၎င်းအိမ်၌ လူအများဖြင့်သာယာစည်ပင်နေခြင်းပင်ဖြစ်ပေသည်။ ဤအတိုင်းပင် လူသား၏ နှလုံးသား၏ လှပခန့်ညားမှုတင့်တယ်မှုတို့သည် နှလုံးသား၌ ကုရ်အာန်ကျမ်းတော်မြတ်ကို ထိန်းသိမ်းထားရှိမှုပင်ဖြစ်သည်။ (သစ်ရ်မေဇီ)

Saturday, January 1, 2011

ပြက္ခဒိန် လက်ဆောင်မွန်

ဟစ်ဂ်ျရီ ၁၄၃၂ - ၁၄၃၃ နှင့် ၂၀၁၁ ခုနှစ် ပြက္ခဒိန်

မွတ်စလင်မ်မောင်နှမများအတွက် ပြုလုပ်ထားတဲ့ ပြက္ခဒိန်လက်ဆောင်မွန်ဖြစ်ပါတယ်။ ပြက္ခဒိန်ကို အလွယ်တကူ print ထုတ်နိုင်အောင် A4 ဆိုက်နဲ့လုပ်ထားပါတယ်။ ပိုထင်ထင်ရှားရှားကြည့်ရအောင် ကွန်ပြူတာထဲမှာ save လုပ်ပြီး ပြန်ဖွင့်ကြည့်ပါ။

ရွှင်လန်းကြပါစေ။

မမီးမီး