---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Sunday, April 25, 2010

*ရစူလွလ္လာဟ်(ဆွ) ထံ အီဗလီးစ်ရောက်ရှိလာခြင်း။*

အအူသို့၊ ဗစ်လ္လာဟေ့၊ မေနတ်ရှ် - ရှိုင်တွာန်နစ်ရ် ရဂျီးမ်။
ဗစ်စ် မစ်လ္လာ၊ ဟစ်ရ် ရဟ်မာ၊ နစ်ရ်-ရဟီးမ်။


ရစူလွလ္လာဟ်(ဆွ) ထံ အီဗလီးစ်ရောက်ရှိလာခြင်း။

တစ်နေ့တွင် ရစူလွလ္လာဟ် (ဆွ) နှင့်အတူ ဆွဟာဗာသာဝကများဖြစ်ကြသော မူအာ့စ် အိဗ်နု ဂျဘာလ်၊ အိဗ်နု အာဗားစ်၊ အုမားရ်၊ အိဗ်နု အလ်ခေါ့ဒ်ဒေါ့ဗ် ရသွေအောက်လ္လာဟို့အန်ဟို တို့သည် မဒီနာမြို့တော်ရှိအန်ဆွားရ် လူမျိုး၊ မိတ်ဆွေတစ်ဦး၏အိမ်တွင်အတူတကွ
ရှိနေကြစဉ်.....

အိမ်အပြင်မှ သူတစ်ယောက်တံခါးလာခေါက်သံကို
ကြားလိုက်ကြသည်။

(အိမ်ရှင်တို့ကျေးဇူးပြု၍ကျုပ်ကိုအထဲဝင်ခွင့်ပြုပါ။)

ရစူလွလ္လာဟ် (ဆွ) က ဆွဟာဗာများကို (အသင်တို့အပြင်မှာတံခါး ခေါ်က်နေသူသည်မည်သူလဲဆိုတာသိကြပါ၏လော။)

ဆွဟာဗာများက (အလ္လာဟ် နှင့် တမန်တော်သာသိပါလိမ့်မည် ဟုဖြေကြပါသည်။)

ရစူလွလ္လာဟ် (ဆွ) ကမည်သူလဲဆိုတာအသင်တို့အားလုံးသိချင်လျှင်.....ထိုသူသည်အလ္လာဟ့်ကျိန်စာသင့်ထားသောအီဗလီးစ်ပင်တည်း။

အုမားရ် = အိုး ရစူလွလ္လာဟ် ထိုသို့ဆိုလျှင် ကျွန်ုပ်အားသူ့ကိုသွားသတ်
ခွင့်ပေးတော်မူပါ။

ရစူလွလ္လာဟ် (ဆွ) = အာ.....အသင်တို့အားလုံးမသိကြလေသလော။ ဤသည်မဖြစ်နိုင်သောအရာပင်။ အလ္လာဟ်အသျှင်မြတ်က ၎င်းအားကမ္ဘာဆုံးသည့်တိုင်အသက်ရှင်သန်ခွင့် အချိန်ပေးထားလေသည်။ တံခါးသွားဖွင့်လေ။ အလ္လာဟ်အသျှင်မြတ်၏အမိန့်တော်
ကြောင့်ကျွန်ုပ်ထံလာခြင်းဖြစ
်လိမ့်မည်။ သို့ပါ၍ အသင်တို့သူဘာပြောမလဲ အကဲခတ်ကြည့်ကြ၍ သေသေချာချာနားထောင်ကြလေကုန်။

အပြည့်အစုံဖတ်ရန် http://islam-yaungche.blogspot.com/2008/12/blog-post_25.html

Wednesday, April 21, 2010

PROPHET TEACH TO ALI (RAL)

(1) Refrain from sleeping between Subah and Ishraq; Asr and Maghrib; Maghrib and Isha
(2) Avoid sitting with stingy people
(3) Don’t sleep between people who sit
(4) Don’t eat and drink with your left hand
(5) Don’t eat those food you have taken out between your teeth
(6) Don’t break your knuckles
(7) Don’t look at the mirror in the night
(8) Don’t look at the sky while in salaath
(9) Don’t spit in the toilet
(10) Don’t clean your teeth with charcoal
(11) Sit and wear your trousers
(12) Don’t break tough things with your teeth
(13) Don’t blow on your food when it’s hot
(14) Don’t look for faults of others
(15) Don’t talk between iqamath and azan
(16) Don’t speak in the toilet
(17) Don’t speak tales about your friends
(18) Don’t antagonize your friends
(19) Don’t look behind frequently while walking
(20) Don’t stamp your feet while walking
(21) Don’t be suspicious about your friends
(22) Don’t speak lies at anytime
(23) Don’t smell and eat
(24) Speak clearly so others can understand
(25) Avoid travelling alone
(26) Don’t decide on your own but consult others who know
(27) Don’t be proud of yourself
(28) Don’t be sad about your food
(29) Don’t boast
(30) Don’t chase the beggars
(31) Treat your guests well with good heart
(32) Be patient when in poverty
(33) Assist a good cause
(34) Think of your faults and repent
(35) Do good to those who do bad to you
(36) Be satisfied with what you have
(37) Don’t sleep too much- it will cause forgetfulness
(38) Repent at least 100 times a day
(39) Don’t eat in darkness
(40) Don’t eat mouthful

Tasbeeh


ကုရ်အာန်သည်နှစ်ဘဝ၏သော့ဖြစ်သည်။



Friday, April 16, 2010

စောဒက-အစ္စလာမ့်ဂျိဇ်ယာဟ်

အစ္စလာမ်အပေါ် အမြင်မကြည်လင်သူများအတွက် စောဒကတစ်ခု။ ဒီကြားထဲ အစွန်းရောက် တို့က မဆီမဆိုင်
အစ္စလာမ်နာမည်ယူ အဓိပ္ပာယ်မဲ့စွာ တလွဲအသုံးပြုနေသောစနစ်။ ကျွန်တော်တို့ အစ္စလာမ်အမှန်တရားများဆီသို့
ဖိတ်ခေါ်မှုပေါ့လျော့လစ်ဟင်းမှုကြောင့် အစ္စလာမ်အကြောင်း တို့မိခေါက်မိသော ညီနောင်များအဖို့
အထင်လွဲစရာအကောင်းဆုံး။ ဂျိဇ်ယာဟ်ခေါ် လူခွန်။ နာမည်ကြားရုံမျှဖြင့် အော့နှလုံးနာစရာကောင်းသော
စကားလုံးပင်။

ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်း စာမျက်နှာများကို ပြန်လှန်ကြည်မည်ဆိုလျှင်လည်း ပဒေသရာဇ်၊
နယ်ချဲ့တို့၏စနစ်ဆိုးအဖြစ် တွေ့ ရပေမည်။ သို့သော်သမိုင်းစာမျက်နှာများ၏လူခွန်နှင့်အစ္စလာမ့်ဂျိဇ်ယာဟ်
ဘာကွာခြားသနည်း။ အသင် ကိုင်တိုင် နှလုံးသားကိုခ၀ါချ၍စာမြည်းကြည့်လိုက်ပါ။
အော် ဒါဟာ တစ်ဆူတည်းဖြစ်တော်မူသော လူသားအားလုံးတို့အရှင်ရဲ့ဘာသာတရားမခွဲခြားလူသားအခြေပြု
ကိုင်းကျွန်းမှီကျွန်းကိုင်းမှီ ညီအစ်ကို ရင်းဝါဒ အပြည့်ပေါ်စေသည့်ငြိမ်းချမ်းရေးဦးတည် လမ်းစဉ်ပါကလားဟုဆိုကာ
သြချရပေလိမ့်မည်။ ကမ္ဘာ့သမိုင်းတလျှောက် လူသားမဆန်ဆုံးသော
စနစ်ဆိုးကြီးကို အစ္စလာမ်က အမည်မပြောင်းဘဲ လူသားအဆန်ဆုံး ဖြစ်စေခဲ့သည်။ ကုရ်အာန်ကျမ်းတော်မြတ်၏
နောင်တရခြင်းကဏ္ဍအရ မူစလင် မဟုတ်သူ(၃)မျိုးရှိသည်။

(၁) မူစလင်တို့ကို ရန်လိုတိုက်ခိုက်သူများ
(၂) မူစလင်တို့နှင့်ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုထားသော ရောင်းရင်းများနှင့်
(၃) အစ္စလာမ့်နိုင်ငံတော်တွင် မူစလင်တို့နှင့်
အေးအတူ ပူအမျှ ယှဉ်တွဲနေထိုင်ကြသော မူစလင်မဟုတ်သည့် အစ္စလာမ့်နိုင်ငံသားများ (ဇင်မီ)တို့

ဖြစ်ကြသည်။

အစ္စလာမ့်နိုင်ငံတော်ကြီးသည် မူစလင်များနှင့်သာမက နိုင်ငံအေးရိပ်အောက်ရှိ ဇင်မီတို့နှင့်လည်း သက်ဆိုင်ပေသည်။
မိမိတို့နေထိုင်ခိုလှုံရာ နိုင်ငံတော်တွင် အရေးကြုံလာပါက မူစလင်နိုင်ငံသား များရော ဇင်မီနိုင်ငံသားများကပါ
နိုင်ငံသားကောင်းများပီပီ ကာကွယ်စောင့်ရှောက်ရပေမည်။ အစ္စလာမ့်နိုင်ငံတော်ကို မူစလင်တို့သာပိုင်သည်၊
ဇင်မီတို့နှင့်မဆိုင်ဟူ၍ အစ္စလာမ်သာသနာက မသွန် သင်ပေ။ ဘာသာစွဲမထားဘဲ နိုင်ငံသားဖြစ်မှုအပေါ်အခြေခံကာ
ဇင်မီတို့အားလည်း နိုင်ငံတော် ကာကွယ်စောင့်ရှောက်မှုတွင် ပါဝင်ခွင့်အပြည့်အ၀ ပေးထားသည်။ သို့သော်
အစ္စလာမ်သာသနာ၏ မည်သည့်နေရာတွင် မှ အဓမ္မစနစ်မရှိဆိုသည့်အတိုင်း ဤကာကွယ်ရေးတွင်လည်း
အတင်းအကြပ် အဓမ္မပါဝင်စေမှု မရှိပေ။ ဇင်မီတစ်ဦးအနေနှင့် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံတော်ကာကွယ်ရေး
တွင် အသက်သွေးချွေး မပေးဆပ်လိုပါက မိမိချမ်းသာလျှင် ချမ်းသာသည့်အလျှောက် ဆင်းရဲလျှင်
ဆင်းရဲသည့်အလျှောက် သတ်မှတ်ထားသော ငွေကြေးပမာဏတစ်ခုနှင့် ပါဝင်သည့်ညီနောင်များအား တစ်တပ်တစ်အား
ထောက်ပံ့ကူညီခွင့်ပေးထားပေသည်။ ဤထောက်ပံ့ကူညီငွေကို အစ္စလာမ်တွင် ဂျိဇ်ယာဟ်ဟုခေါ်ပေသည်။
သမိုင်းစာမျက်နှာများ၏အရင့်သီးဆုံးစကားလုံးကိုအစ္စလာမ်က အဓိပ္ပာယ် လုံးလုံးပြောင်းပစ်လိုက်သည်။ အဓိပ္ပာယ်မှာ
အရှေ့နှင့်အနောက်ကဲ့သို့ဆန့်ကျင်၍ မိုးနှင့်မြေသို့ကွာခြား သွားသည်။ ရက်စက်မှုများဖြင့် ချယ်မှုန်းထားသော လူခွန်ကို
ညီအစ်ကိုရင်းဝါဒဖြင့်ဆေး၍ မိမိနိုင်ငံ တော်ကာကွယ်ရေးနှင့်လူမှုဖူလုံရေးရန်ပုံငွေအတွက် ထည့်ဝင်ကူငွေအဖြစ်
ပြောင်းပစ်လိုက်သည်။ မူစလင်နိုင်ငံသားတစ်ယောက် အနေနှင့်မူ ထိုသို့ရွေးချယ်ပိုင်ခွင့်မရှိဘဲ အရေးကြုံလာပါက
အသက် သွေးချွေးပေးကိုပေးဆပ်ရပေမည်။ သို့မဟုတ်က သူသည် အရေခြုံမူစလင်အဖြစ်သို့ ရောက်ရှိသွား ပေမည်။

မူစလင်နိုင်ငံသားတစ်ဦးသည် နိုင်ငံကာကွယ်ရေးတာဝန်သာမက အစ္စလာမ့်သာသနာ တော်၏ မဏ္ဍိုင်ကြီးများအနက်
တစ်ခုဖြစ်သော တရားဝင်ဒါနကြေး (ဇကာသ်)ကိုလည်း ပေးကိုပေးရ ပေသည်။ အံ့သြဖို့ကောင်းသည်မှာ
မူစလင်တစ်ဦးပေးရသော တရားဝင်ဒါနကြေးပမာဏသည် ဇင်မီတစ်ယောက်၏ထည့်ဝင်ကြေး
ဂျိဇ်ယာဟ်ထက်ပိုများခြင်းပင် ဖြစ်သည်။ အထူးအခွင့်အရေး အနေနှင့် ဇင်မီတစ်ဦးသည် နိုင်ငံကာကွယ်ရေးတွင်
တိုက်ရိုက်မပါဝင်လိုသော်လည်း စေတနာ သဒ္ဓါတရားထက်သန်၍ မူစလင်တစ်ဦးနည်းတူ ဇကာသ်
တရားဝင်ဒါနကြေးပေးမည်ဆိုပါကလည်း ပေးနိုင်ပေသည်။ ထိုအခါမျိုးတွင် အစ္စလာမ့်နိုင်ငံတော်အုပ် ချုပ်သူအနေဖြင့်
ထိုစိတ်စေတနာ ထက်သန်သူ ဇင်မီအား ဇကာသ်၏ ပမာဏစည်းကမ်းများကို ရှင်းပြပြီး လက်ခံသဘောတူပါက
ထိုဇင်မီတံမှ ဇကာသ်ကောက်ခံနိုင်သည်။ ထိုဇင်မီသည် ဂျိဇ်ယာဟ် ပေးစရာ အသက်သွေးချွေး
ပေးဆပ်စရာမလိုတော့ပေ။ အစ္စလာမ့်နိုင်ငံတော်ကြီး၏ ဒုတိယမြောက် ဆက်ခံသူ သာဝကြီးအုမရ် သခင်လက်ထက်၌
အာရဗ်ခရစ်ယာန်ဘာသာဝင် ဇင်မီများက ဂျိဇ်ယာဟ် ပေးဆောင်ရန် ငြင်းဆိုခဲ့ပြီး ဇကာသ်ပေးရန် တောင်းဆိုခဲ့သဖြင့်
သခင်က သဘောတူ လက်ခံခဲ့လေ သည်။ အစ္စလာမ့်ပညာရှိကြီး အိမာမ် ရှာဖာအီသခင်ကလည်း ဇင်မီတစ်ဦးအနေဖြင့်
အစ္စလာမ့်က သတ်မှတ်ထားသော ဇကာသ်ပေးနိုင်လောက်သည့် ဥစ္စာပစ္စည်းပိုင်ဆိုင်ပါက ဂျိဇ်ယာဟ်အစား
ဇကာသ်စနစ်ဖြင့် ပေးလို၍ တောင်းဆိုပါက ခွင့်ပြုပိုင်ကြောင်း ဓမ္မသတ်ပေးထားပေသည်။

ထို့ပြင် “အလ္လာဟ်” အရှင်မြတ်၏ နောက်ဆုံးတမန်တော် မုဟမ္မဒ်သခင်(ဆွ)က နိုင်ငံကာကွယ်ရေးတွင်လည်း မပါဝင်နိုင်၊ ထောက်ပံ့
ကြေးငွေလည်း မပေးဆောင်နိုင်သော ရောဂါဝေဒနာရှင် ဒုက္ခသည်များ၊ သက်ကြီး ရွယ်အိုများ၊ အမျိုးသမီးများ၊
ကလေးသူငယ်များနှင့် အသက်မွေးဝမ်းကျောင်းမှုမပြုဘဲ အမြဲတစေ တရားဘာဝနာ ပွားများနေသူ
ဘာသာခြားရဟန်းဘုန်းတော်ကြီးများကို ဂျိဇ်ယာဟ်ကောက်ခံခြင်း မပြု ရန်တားမြစ် ထားပြီး နိုင်ငံသား
ဇင်မီတစ်ဦးအနဖြင့် နေမကောင်းဖြစ် အားနည်းကာ အလုပ်မလုပ်နိုင် ပါက သူနှင့် သူ့မိသားစုအား
အစ္စလာမ်နိုင်ငံတော်၏ ပြည့်သူဘဏ္ဍာတိုက်မှ ထောက်ပံ့ပေးရမည်ဖြစ်ကြောင်း မူစလင်တို့ကို သွန်သင်ခဲ့ပေသည်။
ငြိမ်းချမ်းရေးကာလတွင် ထိုထည့်ဝင်ငွေ ဂျိဇ်ယာဟ်ကို နိုင်ငံတော်စည်ပင်ဖွံ့ဖြိုးရေးအတွက် လိုအပ်သည့်နေရာများတွင်
အသုံးပြုပေသည်။ ဤသို့ သစ္စာ စောင့်သိသူ နိုင်ငံ့သားကောင်းဇင်မီများကို အစ္စလာမ့်နိုင်ငံတော်ကြီးနှင့်
တစ်မြေတည်းနေ မူစလင် ညီအစ်ကိုများကလည်း ညီနောင်ဇင်မီတို့၏ အသက်အိုးအိမ်စည်းစိမ် ကိုးကွယ်ယုံကြည်မှု
ဘာသာရေး အခြေခံအဆောက်အအုံများကို အာမခံချက်အပြည့်ပေးကာ မိမိတို့၏အသက်နှင့်လဲ၍ ကာကွယ်
စောင့်ရှောက်ခြင်းဖြင့် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ကျေးဇူးတုံ့ပြန်ကြပေသည်။ ထို့ကြောင့် ဂျိဇ်ယာဟ်ဆို သည်မှာ
အစ္စလာမ့်အတွက် မူစလင်များနှင့် တစ်မြေတည်းနေ တစ်ရေတည်းသောက် ဘာသာခြား ညီနောင်များအကြား
ညီရင်းအစ်ကိုစိတ်ဓာတ်ကို ပေါင်းကူးထားပေးသော တံတားသဖွယ်ဖြစ်ပြီး နိုင်ငံ သားကောင်းတစ်ဦး၏
မိမိနိုင်ငံတော်အပေါ် သစ္စာစောင့်သိမှု၏ ပြယုဂ်လည်းဖြစ်ပေတော့သည်။ ။

ကိုး -Non- Muslims in the Shari'ah of Islam by Salim Al-Bahrasawy

ဘာသာပြန် Ababeel
Link : Islam Yaungche network

Sunday, April 11, 2010

ဆုလာဘ်ကြီး (၆) မျိုး (ပြန်ဆိုသူ - မော်လ၀ီ ဟာဖစ်ဇ် မုဟမ္မဒ် မမ်ဆာ)

တမန်တော်မြတ် (ဆွ)က ဟဇ၇သ်အွစ်မာန်း (ရသွေ့ ) ကို မိန်
့တော်မူသည်။ အကြင်မည်သူမဆို အောက်ပါ ကလေမဟ်တော်ကို နံနက်အချိန်တွင်
၁၀-ကြိမ်၊ ၁၀-ခါဖတ်သည်ရှိသော် အလ္လာဟ်အရှင်မြတ်သည် ထိုဖတ်ရွတ်သူအား
ဆုလာဘ်ကြီး (၆)ခု ချီးမြှင့်တော်မူမည်။

(၁) ရှိုင်သွာန်မိ စ္ဆာနှင့် ၄င်း၏မျိုးဆက်တို့ ၏ နှောက်ယှက်မှုအသွယ်သွယ်မှ
ထိန်းသိမ်းစောင့်ရှောက်မည်။

(၂) ကင်သွာရ်တစ်ခု အကျိုးချီးမြှင့်မည်။

(၃) ဂျန္နသ်တွင် အဆင့်တစ်ခုမြှင့်တင်ပေးမည်။

(၄) အီနဟ် အမည်ရှိ ဟူရ်ကညာပျိုနှင့် နိကာဟ်ပြုပေးမည်။

(၅) ထိုသူ့ ထံသို့ ရဟ်မသ်၏ဖရှစ်ရှ်တာ (၁၂) ပါး ဆင်းသက်လာမည်။

(၆) ကုရ်အာန် ၊ သောင်ရာသ် ၊ ဇဗူးရ် ၊ အင်ဂျီးလ် စသည့်ကျမ်းကြီးလေးကျမ်း
ရွတ်ဖတ်သည်နှင့်အမျှ အကျိုးစ၀ါးဗ်ရရှိမည်။ ထို
့အပြင်တစ်ဆက်တည်းလက်ခံကဗူလ်ပြုပြီးဖြစ်သည့် ဟဂ်ျတစ်ကြိမ်နှင့်
အွမ္မရဟ်တစ်ကြိမ်၏ အကျိုးစ၀ါးဗ် ချီးမြင့်မည်။ ဖတ်ရွတ်သူသည် ထိုနေ့ ၌
ကွယ်လွန်သေဆုံးခဲ့သော် ရှဟီးဒ်၏အကျိုးရမည်။
(သဖ်စီးရ်အစ်ဗ္ဗနုကဆီးရ်)

ကလေမဟ်တော်
လားအိလားဟာ အစ်လ္လလ်လားဟု ၀လ်လားဟိုအက်ဗရ် စွဗ်ဟားနလ်လားဟိ
ဝဘေဟမ့်ဒေဟီး အတ်စ်သဂ်ဖေရွလ်လားဟာ ၀လာကုဝသာ အစ်လ်လားဘေ့လ်လားဟိ
အလ်အောင်ဝ်၀လို ၀လ်အားခိရို ၀ဇ်ဇွားဟိရို ၀လ်ဘားသွေနို
ဘေယဒေဟေ့လ်ခိုင်း၇် ယို့ ဟ်ယီး ၀ယိုမီးသို
ဝဟိုဝါ အလားကွလ်လေ ရှိုင်းအင်န်ကဒီး၇် ။

ပို့စ်ပေးပို့သူ သင်ဇာလေးအားကျေးဇူးတင်ပါတယ်။

Wednesday, April 7, 2010

လူတိုင်းတွင်ထူးခြားသောအရည်အချင်းကိုယ်စီရှိသည်

ခေတ်အဆက်ဆက်မှယနေ့ထိတိုင် မွတ်စလင်မ်အပေါ် အချို့ဘာသာခြားများမှစွပ်စွဲ
လက်ညိုးထိုးကြသည်မှာ မွတ်စလင်မ်အမျိုးသ္မီးများသည် ခေတ်ပညာသင်ယူရန်အခွင့်အရေးမရှိ။ လင်ယူသားမွေးရန်သက်သက်သာဖြစ်သည်ဟူ၏။ ၎င်းတို့ကိုမြန်မာနိုင်ငံ၌ အိမ်တွင်းပုံးဟူ၍ခေါ်ကြသည်။

ဤသို့ အမြင်ခံရခြင်းအကြောင်းများသည် မှန်ကန်သော ကုရ်အာန်ဘာသာပြန် နှင့်တမန်တော်မြတ်ကြီး၏ဩဝါဒတော်များကိုသေချာနားမလည်၍သော်လည်းကောင်း၊ မြန်မာနိုင်ငံ၌ အချို့မွတ်စလင်မ်များသည် India, Pakistan တို့မှ မိရိုးဖလာဓလေ့ထုံးတန်းဟောင်းများကိုကျင့်သုံးခဲ့ကြ၍ဖြစ်သည်။

အိုနဗီတမန်တော် အသင်ပြောကြားပါလေ အချင်းတို့ အသိအလိမ္မာ ညာဏ်ပညာရှိသောသူတို့နှင့် အသိအလိမ္မာ ညာဏ်ပညာကင်းမဲ့သောသူတို့သည် တူကြပါသလော။ စင်စစ်မှာကား ညာဏ်ရှင်များသာလျှင် တရားရယူကြပေသတည်း။ (ကုရ်အာန် ၃၉ : ၉)

ကသီလ် အစ်ဗ်နေ့ ကွေစ် မှတစ်ဆင့် : တမန်တော်မြတ် မိန့်ဆိုခဲ့သည်မှာ အကြင်သူတစ်ဦးတစ်ယောက်သည် ပညာရှာဖွေလိုသည့် ခရီးလမ်းကြောင်းပေါ်တွင်ရောက်နေလျှင် အလ္လာဟ်အရှင်မြတ်မှ ၎င်းအားသုခဘုံသို့သွားရာခရီးလမ်းကြောင်းပေါ်သို့ ပို့ပေးတော်မူမည်။ နှစ်ဘဝအတက် ပညာစည်းပူးသူများကို ကောင်းကင်တမန်များသည် ဝမ်းသာအားရဖြစ်၍ အတောင်ပန်များကို အနိ့မ်ချပေးမည်။ ထို့နောက်ရေထဲ မှငါးများသည် အသင်အပြစ်မှခွင့်လွှတ်မှုရစေရန် ဒိုအာဆုမွန်ကောင်းများတောင်းပေးမည်။ (Translation of Sunan Abu-Dawud, Knowledge (Kitab Al-Ilm), Book 25, Number 3634)"

အထက်ပါအချက်များကိုကြည့်ခြင်းအားဖြင့် မွတ်စလင်မ်အမျိုးသား အမျိုးသ္မီးများသည် ပညာကို သင်ယူကြရမည် ဖြစ်ကြောင်း ထင်ရှားလှသည်။ အသိပညာကြွယ်ဝသောသူသည် အသိပညာနည်းပါးသူများထက် အလ္လာဟ်အရှင်မြတ်အားပို၍ ချစ်ကြောက်ရိုသေ၏။ ပညာတတ်သောသူသည် ပညာမတတ်သောသူထက်ပို၍သာလွန်၏။

အယူအဆကွဲပြားမှုများကြားမှ အချို့သောမွတ်စလင်မ်မိန်းကလေးတို့၏အခြေအနေ။

မိမိပတ်ဝန်းကျင်မှ ကျင့်သုံးနေကြသော မိရိုးဖလာဓလေ့ထုံးတန်းများ မှန်မမှန်ကို မိမိကိုယ်တိုင် ကုရ်အာန်ဘာသာပြန်ကိုဖတ်ရှူခြင်းအားဖြင့်သော်လည်းကောင်း သမိုင်းကိုရှာဖွေလေ့လာခြင်းဖြင့် အသိအလင်းဝင်းလာပြီး အဖြေမှန်ရလိမ့်မည်။ ထို့နောက် မလိုတမာမုန်းတီးသူတို့၏ ကဲ့ရဲ့ပြစ်တင်သံများကို မိမိကိုယ်တိုင်း ခြေပနိုင်သောအရည်အချင်းများတိုးလာမည်။ လူတိုင်းတွင်ထူးခြားသောအရည်အချင်းကိုယ်စီရှိသည်။ တည်ထွင်တတ်သည် တွေးခေါ်တတ်သည် ဤသည်များကို ကောင်းသောနေရာ၌သုံးတတ်ပါကလွန်စွာအကြိုးဖြစ်ထွန်းမည်။

ယနေ့ကမ္ဘာလူ့အိမ်ထောင်စုကြီးတွင် မွတ်စလင်မ်အမျိုးသ္မီးပညာတတ်များသထက်များလာပြီး မိမိ၏ မိသားစုရပ်တည်ရေးအတွက်အထောက်အကူပြုနိုင်သည်သာမက လူအများအကြိုးပြုသောအလုပ်များတွင် ဝင်ရောက်တာဝန်ထမ်းဆောင်
နေကြသည်မှာအားရစရာပင်ဖြစ်ပါသည်။

အစ္စလာမ်သာသနာတော်သည် အကြမ်းဖက်သာသနာလည်းမဟုတ်... မွတ်စလင်မ်ဟူသည် extremist အယူသီးတွေလည်းမဟုတ်..... အစ္စလာမ်၏အဓိပါယ်မှာ ငြိမ်းချမ်းမှု ပင်ဖြစ်သည်။

လူသားအချင်းချင်းအပေါ်မေတ္တာတရားထားတတ်ခဲ့ရင် .......

စာဖတ်သူအပေါင်းရွှင်လန်းကြပါစေ။

Capt. Hanadi Zakariya Hindi
(first Saudi female pilot)


Khulud Mohammad Faqih
(Palestine first woman judge)


Ansari- the first Muslim women astronaut

.
.
.
.
.
.
.
.
.
.
Dalia Mogahed, a veiled Egyptian American,
will advise President Obama on prejudices
and problems faced by Muslims.


A Muslim woman doctor.


Nadia Naeem a Police Community Support Officer

Sunday, April 4, 2010

ဗိုင်ရပ်စ်အကြောင်း

သတိပြုပါ : Security tool ဆိုတဲ့လင့်ခ် မိမိကွန်ပြူတာထဲဝင်ပြီး စာလုံးအနီဖြင့် သင့်ကွန်ပြူတာ virus တွေဝင်နေပြီ။ သင့်ကွန်ပြူတာကို အခမဲ့ check ပေးမည်လို့စာတန်းပေါ်လာရင်လုံးဝ အိုကေ ကို မကလစ်ပါနဲ့။ အဲဒါ virus ပါ။ ခုတစ်လော အဲဒိ virus လူအများရဲ့ကွန်ပြူတာကိုဝင်ဒုက္ခပေးနေပါတယ်။ ကလစ်မိရင် virus တကယ်ဝင်ပြီး သူ့anti virus ကို credit card နဲ့ဝယ်ခိုင်းပါတယ်။ ဝယ်လို့လည်းမရပါဘူး။ Harddisk ကိုသာတစ်ဖြေးဖြေးစားသွားတာကြောင့် ဝင်းဒိုးကို အင်စတောပြန်လုပ်ရပါတယ်။ အကယ်၍ virus ဝင်သွားပါက အမြန်ဆုံး ကွန်ပြူတာ/laptop မှ ဖိုင်များကို USB နှင့်ကူးယူထားပါ။ Virus များနှင့်ကင်းဝေးကြပါစေ။