---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Showing posts with label Aphwint sar. Show all posts
Showing posts with label Aphwint sar. Show all posts

Monday, December 8, 2008

အဖွင့်စာ



အစ္စလာမ့်ရောင်ခြည်ဘလော့ဂ်ကို အောက်ပါ ကုရ်အာန်အာယတ်တော်နှင့်ဒိုအာတို့ဖြင့် စဖွင့်လိုက်ပါသည်။


وَاللَّهُ يَهْدِي مَن يَشَاءُ إِلَىٰ صِرَاطٍ مُّسْتَقِيمٍ
(ဝလ္လာဟို့၊ ယဟ်ဒီး၊ မန်းယရှာအို့၊ အေလာ၊ ဆွေရာတွီး(မ်)၊ မွတ်စ်တကီမ်း)

ဧကန်အမှန် အလ္လာဟ်အသျှင်မြတ်သည် မိမိနှစ်မြို့တော်မူသော သူတို့ကို ဖြောင့်မတ်မှန်ကန်သော တရားလမ်းသို့ညွှန်ကြားပြသပို့ဆောင်တော်မူလေသတည်း။
ကုရ်အာန် (၂ : ၂၁၃)

ဒိုအာ

حَسْبِيَ اللَّهُ لَا إِلَـٰهَ إِلَّا هُوَ ۖ عَلَيْهِ تَوَكَّلْتُ ۖ وَهُوَ رَبُّ الْعَرْشِ الْعَظِيمِ
(ဟတ်စ်ဗေ့၊ ယောက်လ္လာဟို့၊ လာ အေလာဟ၊ အင်လ္လာဟူ၊ အလိုင်းဟေ့၊ တဝပ် ကလ်တို့၊ ဝဟို့ဝ၊ ရဗ်ဗွလ်၊ အရ်ရှင်လ်၊ အသွီးမ်။)

အဓိပ္ပါယ်။ အလ္လာဟ်အသျှင်မြတ်သည် ကျွန်ုပ်၏အဖို့လုံလောက်ပြီ။ ထိုအသျှင်မြတ်မှတပါး ခဝပ် ကိုးကွယ်ခြင်းကိုခံထိုက်သောအသျှင်မရှိ။ ထိုအသျှင်သည်သာလျှင် ခဝပ် ကိုးကွယ်ခြင်းကိုခံထိုက်တော်မူ၏။ ကျွန်တော်မျိုး/ကျွန်တော်မျိုးမ ၏ အလုပ်ကိစ္စခပ်သိမ်းကိုလည်း ထိုအသျှင်အပေါ်၌သာ ကိုးစားအားထား စုပုံအပ်နှင်းပါ၏။ ထိုအသျှင်မြတ်သည်အလွန်ကြီးကျယ်ခမ်းနားသော (အရ်ရှ်) ပလ္လင်တော်ကိုစိုးပိုင်တော်မူသော အသျှင်ဖြစ်လေသည်။

အကျိုးအာနိသင်။ ရစူလွလ္လာဟ် (ဆွ) ဟောကြားသော တရားများကို မိစ္ဆာာဒိဋ္ဌိများကသရော် ပျက်ချော်ပြုကြသောအခါ အလ္လာဟ်အသျှင်မြတ်က ဤမုက္ခပါဌ်တော်ကို ချပေးထုတ်ပြန်တော်မူပြီး၊ (အကယ်၍ ထိုသူတို့သည် သင်ဟောပြောသည်များကို မျက်နှာလွှဲရိုင်း ကျောခိုင်းကြပါလျှင် အသင်ဟောပြောလော့) ဟူ၍ ဤအာယတ်တော်ကို သင်ပြတော်မူလေသည်။
(မြတ်ဆုမွန် ဒိုအာစာအုပ်မှကောက်နှုတ်ထားပါသည်)