---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Sunday, September 26, 2010

Windows 7 အသုံးပြုသူများအတွက် Microsoft မှ ၄င်း၏အားနည်းချက် တစ်ခုထပ်တွေ့


Microsoft’s security response team မှ မကြာသေးမှီအချိန်တိုအတွင်းမှာ Windows 7 အသုံးပြုသူများအား blue-screen crashes or code execution attacks ကိုဖြစ်ပေါ်စေတတ်သော အားနည်းချက်တစ်ခုကို တွေ့ရှိခဲ့သည်။ ဒီအပြစ်က Denial-of Service နှင့် အခြားသော user privileges ဆိုင်ရာများကို ဖြစ်ပေါ်စေနိုင်တယ်လို့ VUPEN Security - Vulnerability Research and Intelligence မှ ပြောကြားခဲ့ပါတယ်...

ဒီပြဿနာက Clipboard မှ Bitmap Data တွေကို ထုတ်ယူအသုံးပြုစဉ် Win32k.sys ဆိုတဲ့ kernel-mode device driver ဖိုင်ထဲမှ "CreateDIBPalette()" မှ buffer overflow ဖြစ်ပေါ်တာဖြစ်ပါတယ်..

ဒီအပြစ်က Windows 7, Windows Server 2008 SP2, Windows Server 2003 SP2, Windows Vista SP2, and Microsoft Windows XP SP3 တွေမှာလည်း ဖြစ်ပေါ်ပါတယ်... Microsoft အနေနဲ့ မနေ့က (Tuesday August 10) နေ့ထုတ်လိုက်တဲ့ Windows, Microsoft Office, Internet Explorer, SQL and Silverlight မှ ဖြစ်ပေါ်နေတဲ့ 34 ခုသော vulnerabilities မှာတော့ ဒီ ပြဿနာကို ပြုပြင်ပေးဖို့ MS10-047 - Vulnerabilities in Windows Kernel Could Allow Elevation of Privilege (981852) ကို ထည့်ပေးထားတာ တွေ့ရပါတယ်.. . ဒါပေမဲ့ အခုဖြစ်ပေါ်နေတဲ့ Kernel-Mode driver ရဲ့ buffer overflow ကိုပြုပြင်ပေးနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

Forward mail.

Friday, September 24, 2010

Complete The Chain Of 1,000,000,000,000s Darood

.
complete The Chain Of 1,000,000,000,000s Darood-e-Paak.
Billions Blessings on Hazrat Muhammad.



Send it to 10 friends and within an hour it will be written in your register a Billions Blessings on Hazrat MuhammadAllah willing.

Sunday, September 19, 2010

Windows7 အတွက် zawgyi keyboard


Windows7 အတွက် zawgyi keyboard

သိတဲ့သူတွေအတွက် အကြောင်းမဟုတ်ပေမယ့် မသိသေးတဲ့သူတွေအတွက်တော့ တော်တော်ကိုခေါင်းရှုပ်စရာပါ..

.
Windows7 64 bit မှာ zawgyi ကို install လုပ်ပြီး Control Panel\Reigon and Language\Keyboards and Languages\ ကနေ
zawgyi ကို ပြောင်းပေမယ့် ဘယ်လိုမှ မြန်မာဖောင့်ရိုက်လို့မရပါဘူး....
တော်တော်လေးကို ခေါင်းရှုပ်ခဲ့ရတယ်ဗျာ....

ဒီကောင်လေးကို ဒေါင်းပြီး install လုပ်လိုက်ဗျာ ရိုက်လို့ရပြီ......
http://hotfile.com/dl/68176547/b5c1c0b/zawgyi_for_window_7__-_64_bi...



ကျွန်တော်တို့လို windows7 64bit နဲ့ zawgyi font ရိုက်လို့မရတဲ့ပြဿနာတက်နေတဲ့သူတွေအတွက် ရည်ရွယ်ပါတယ်....

hotfile ကနေ ဒေါင်းလို့အဆင်မပြေသူတွေနဲ့ install လုပ်တဲ့နေရာမှာ ခေါင်းရှုပ်နေတဲ့သူတွေအတွက်ပါ။

.
အလွယ်ဆုံးနည်းပါ ဒီအောက်က link ကနေ zawgyi font ကို ဒေါင်းပြီး install လုပ်ပါ...

http://www.alpha.com.mm/blogday/index.html

ပြီးရင် အောက်က တစ်ခုကို ဒေါင်းပြီး install လုပ်လိုက်ဗျာ shift+Ctrl တွဲနှိပ်ပြီး ရိုက်ကြည့်လိုက်တော့ ရပြီ။

Forward mail.

Friday, September 17, 2010

13.5 Kg Weight Quran-e-Karim Written by Indian Emperor


13.5 Kg Weight Quran-e-Karim Written by Indian Emperor
This Quran is hand-written by Emperor Aurangzeb (RA) nearly 400 years ago. It is 13.5 kg in weight, 39.5 CM long and 20 CM wide. It has Golden and silver colored graving. Every page has a different perfumery smell and to avoid fire accidents the pages are fire proofed.
Police captured the person, M.G. Sukumar (from Kerala), who was trying to sell it for 5 Crore Rupees.

Indian continent Kerala Police has arrested Mr. M.G. Sukumar (44) resident of Trichur, who is going to sell this Quran for 5 crores Indian Rupees (IRS.5,00,00,000) equal to 50 million $. And it has been sent to Hyderabad for verification of script.

This Holy Qura'n written by Mughal Emperor AURANGZEB in his own hand writing before 400 hundred years ago (During 1636-44 & 1653-58).

- It's weight measured as 13 KG.
- Size: Length 39.5I cm. and width 20 cm.
- The text was graving with Gold & Silver
- This Qura'n papers are made by fireproof material.
- It's every page giving different type of perfume smell

Special thanks to U Soe Lwin

Wednesday, September 15, 2010

Miracle of The Quran

Very interesting findings of Dr. Tariq Al Swaida
Might grasp your attention:
-
Dr.Tarig Al Swaidan discovered some verses in the Holy Qur'an
That mention one thing is equal to another, i.e. men are equal to women. Although this makes sense grammatically, the astonishing fact is that the
number of times the word man appears in the Holy Qur'an
is 24 and number of times the word woman appears is also 24, therefore not only is this phrase correct in the grammatical sense but also true mathematically,
-
i.e. 24 = 24.
Upon further analysis of various verses, he discovered that this is consistent throughout the whole Holy Qur'an
where it says one thing is like another.
-
See below for astonishing result of the words mentioned number of times
in Arabic Holy Qur'an
Dunia (one name for life) 115.
Aakhirat (one name for the life after this world) 115
Malaika (Angels) 88 . Shayteen (Satan) 88
-
Life 145 ...... Death 145
Benefit 50 . Corrupt 50
People 50 .. Messengers 50
Eblees (king of devils) 11 . Seek refuge from Eblees 11
Museebah (calamity) 75 . Thanks ! 75
Spending (Sadaqah) 73 .
Satisfaction 73
-
People who are mislead 17 .D Dead people 17
Muslimeen 41 .J Jihad 41
Gold 8 .E Easy life 8
Magic 60 .F Fitnah (dissuasion, misleading) ! 60
Zakat (Taxes Muslims pay to the poor) 32 ....
Barakah (Increasing or blessings of wealth) 32
Mind 49 .N Noor 49
Tongue 25 .S Sermon 25
Desite 8 .F Fear 8
-
Speaking publicly 18 .P Publicising 18
Hardship 114 .... Patience 114
Muhammed 4 .S Sharee'ah ( Muhammed's teachings) 4
Man 24. Woman 24
And amazingly enough have a look how many times the following words appear:
Salat 5, Month 12 , Day 365,
Sea 32, Land 13
Sea + land = 32+ 13= 45
-
Sea = 32/45*100q.=71.11111111%
Land = 13/45*100 =
28.88888889%
Sea + land 100.00%
-
Modern science has only recently proven that the water covers 71.111% of the earth, while the land covers 28.889%.
Is this a coincidence? Question is that Who taught Prophet Muhammed (PBUH) all this?
-
Reply automatically comes in mind that ALMIGHTY ALLAH taught him. This as the
Holy Qur'an
also tells us this.please pass this on to all your friends
Aayah 87 of Suraa (Chapter) Al-Anbia para 17:
-
LA ILAHA ILA ANTA
SUBHANAKA INI KUNTU MINA ZALIMEEN.

Sunday, September 12, 2010

Eid al-Fitr 2010


Monday, September 6, 2010

75 days in Bangkok part 2


လေယဉ် ၁၂ နာရီ စီးပြီးအင်္ဂါနေ့ ဂျွန်လ ၁ ရက်နေ့မှာ ဘန်ကောက်မြို့ကိုရောက်ခဲ့ပါတယ်။ လေယဉ်ဘီး ဘန်ကောက်မြေပေါ်ချလိုက်တာနဲ့ ခရီးစဉ်ချောမောအစဉ်ပြေတဲ့အတွက် အလ္လာဟ်အရှင်မြတ်ရဲ့ကျေးဇူးတော်ကို သတိရပြီး အလ္လာဟို့အာ့က်ဘား လို့စိတ်ထဲမှာ အဖန်ဖန်ဆိုနေပြီး အလ်ဟမ်းဒို့လိလား ကျေးဇူးတင်မိပါတယ်။

လေဆိပ်အတွင်း Immigration counter ကိုသွားနေတဲ့လမ်းတလျှောက်မှာ သစ်ခွပန်းတွေ အနုပညာပန်းချီကားချပ်တွေနဲ့ နွေးထွေးလှပစွာ ကြိုဆိုနေတဲ့ ဘန်ကောက် ဆူဝန်နဖူမ် လေဆိပ်အသစ်ကိုကြည့်ပြီး တစ်မျိုးအမောပြေပါတယ်။ ဆူဝန်နဖူမ် လေဆိပ်က အာရှမှာအကြီးဆုံးလို့ အမည်ပေးထားသလောက် တကယ်လည်းလှပပြီး ခေတ်မှီနေပါတယ်။

လေဆိပ်ကအထွက် highway ပေါ်ကဘန်ကောက်မြို့ကိုကြည့်လိုက်တော့ တိုက်အသစ်တွေနဲ့ တိုးတက်နေလို့ဘဲ။ ဒါပေမဲ့ရာသီဥတုက တစ်နှစ်ထက်တစ်နှစ် ပိုပူလာပါတယ်။ Business area တွေမှာ pollution ကပိုများလာတယ်။ လူတွေမှာလည်း စိတ်ဖိစီးမှု နဲ့အလုပ် လုပ် နေကြတုန်းပါဘဲ။ ဘန်ကောက်ကိုရောက်ပြီး မစားရတာကြာပြီဖြစ်တဲ့ အစားအသောက်တွေကို အပြတ်စားပြစ်မယ်ဆိုတဲ့စိတ်ကူးက အလွန်ပူတဲ့ရာသီဥတုဒဏ်ကြောင့် အစားအသောက်သိပ်မဝင်ခဲ့ပါဘူး။ ရာသီဥတုပူလွန်းလို့ အိပ်လို့မရတဲ့ညတွေလည်းများခဲ့ပါတယ်။

ဗလီနားမှာနေရတာနှစ်သက်တဲ့အတွက် ဘန်ကောက်မှာလည်း ဗလီဘေးမှာနေပါတယ်။
ဒီအတွက် အလ္လာဟ်အရှင်မြတ်ကို ရှကုရ်ထပ်ခါလုပ်ပါတယ်။ နေအိမ်ကနေပြီး ဗလီကိုလှမ်းမြင်နေရပြီး မိုးကောင်းကင်ပြာနဲ့ City view ကိုပါမြင်ရလို့တစ်မျိုးကြည်နူးစရာကောင်းပါတယ်။ အိမ်ကနေပြီး တစ်နေ့ ၅ ကြိမ် အာဇံအသံကြားရတာ အရမ်းတန်ဖိုးရှိလှပါတယ်။ အာဇံသံကြားတာနဲ့ ဆွလာ့သ်ဝတ်စုံလေးကိုစွဲပြီး ဗလီကို သုတ်သုတ်လေးသွား၊ မွတ်စလင်မ်အမျိုးသ္မီးတွေနဲ့အတူ ဆွလာ့သ်သွားဖတ်တတ်ပါတယ်။ ဘန်ကောက်က ဗလီခပ်များများမှာ အမျိုးသား အမျိုးသ္မီးဆွလာ့သ်ဝတ်ပြုတဲ့အခန်း သီးခြားစီရှိကြပါတယ်။

အားလပ်တဲ့အချိန်မှာတော့ အင်တာနက်ဆိုင်သွားပြီး ဘလော့ဂ်အတွက်ဆောင်းပါးတွေရေး၊ ပို့စ်တင်၊ အိမ်နဲ့ဆက်သွယ်တာလုပ်ဖြစ်ပါတယ်။ ထိုင်းအင်တာနက်ဆိုင်တွေမှာ ကျောင်းဆင်းချိန် ညနေ ၃ နာရီကနေ ည ၁၁ နာရီထိလူငယ်တွေ Game ဆော့ကြပါတယ်။ သူတို့ ဆော့တဲ့ Game က စစ်တိုက်၊ ကားပြိုင်တို့များပြီး အချို့ကတော့ အကပြိုင်တဲ့ Game ဆော့ကြပါတယ်။ အင်တာနက်ဆိုင်မှာအသက် ၁၀ နှစ် ကနေ ၁၀ ကျော်သက် ကလေးတွေ Game ဆော့ရင်း နှုတ်ကလည်း လူကြားလို့မကောင်းအောင် ကြမ်းတမ်းဆဲဆိုကြတာတွေ့ခဲ့ရပါတယ်။ သူတို့မိဘတွေများ ကိုယ့်သားသမီးကိုဘယ်လို သွန်သင်ဆုံးမထားကြသလဲတော့မသိတော့ပါ။

ဒီမှာ ထိုင်းမွတ်စလင်မ် ကလေးနဲ့ ထိုင်းဘာသာခြားကလေးတွေရဲ့ ပတ်ဝန်းကျင်နှစ်ခုက အရမ်းကွာခြားနေတာ ထင်ရှားစွာမြင်ရပါတယ်။ ထိုင်းဘာသာခြားကလေးတွေ ကျောင်းဆင်းပြီး အွန်လိုင်းမှာ Game ဆော့ရင်း နှုတ်ကြမ်းနေတဲ့အချိန်မှာ ထိုင်းမွတ်စလင်မ် ကလေးတွေက အိမ်ပြန်ပြီး ရေမိုးချိုး ကျောင်းကပေးလိုက်တဲ့အိမ်စာလုပ်ကြပါတယ်။ ပြီးတာနဲ့ ဗလီမှာ မဂရိဗ်သွားဖတ်ကြတယ၊် ကုရ်အာန်သင်ယူကြတယ၊် အေရှာဖတ်ပြီးမှအိမ်ပြန်ကြပါတယ်။ မွတ်စလင်မ် ကလေးတွေမှာစာတဘက်နဲ့ကြောင့် ဆော့ကစားကြရင်လည်း ဗလီနားတဝိုက်မှာဘဲဆော့ကြပါတယ်။

ထိုင်းသတင်းစာများက အွန်လိုင်းမှာ အမြဲလို ပြင်းထန်သော၊ အတိုက်အခိုက်ပါသော Game များကို ဆော့တတ်တဲ့ ကလေးများရဲ့ စိတ်ကျန်းမာရေးကို စိုးရိမ်ကြောင်း၊ ၎င်းကလေးများကြီးပြင်းလာပါက လူသားချင်း ကိုယ်ချင်းစာနာတတ်မှုနည်းပါးပြီး ရာဇဝတ်မှုကို လွယ်ကူစွာကျူးလွန်သူများဖြစ်လာမည်ကို စိုးရိမ်ရကြောင်းရေးကြပါတယ်။ ထိုင်းအစိုးရဘက်ကလည်း ကလေးများကို အားကစားလိုက်စားရန် အားပေးကြပါတယ်။

ဘန်ကောက်ရောက်နေတဲ့အချိန်မှာ အွန်လိုင်းပေါ်မှာခင်နေတဲ့ ဘလော့ဂါတွေနဲ့တွေ့ခဲ့ရပါတယ်။ မမီးတို့ဘာသာမတူပေမဲ့လည်း မြန်မာလူမျိုးများအတွက် မေတ္တာရှေ့ထားပြီး ကိုယ့်အလုပ်ချိန် နဲ့ နားချိန်တွေကိုဖဲ့ပြီး ကိုယ့်မြန်မာလူမျိုးများအတွက်အကျိုးရှိစေအောင် တစ်ဘက်တစ်လမ်းကနေပြီး အွန်လိုင်းမှာကော အပြင်မှာပါ ကူညီလုပ်ဆောင်နေကြပါတယ်။

75 days in Bangkok နောက်ဆက်တွဲတွေမှာ ပိုပြီးစိတ်ဝင်စားစရာအကြောင်းအရာတွေပါလာမှာမို့ စာဖတ်သူများလာရောက်အားပေးကြရန်နှင့် ကွန်မန့်များရေးပေးသွားကြပါရန် မေတ္တာရပ်ခံပါတယ်။

Saturday, September 4, 2010

အမျိုးသ္မီးများ သောကြာဆွလာ့သ်ဝတ်ပြုရန် တောင်းဆိုလာပါလျှင်

Photo: Masjid Haroom, Bangkok

စူရာဟ်နေစာဟ် အာယသ် ၅၉ ၌ အလ္လာ့ဟ်အရှင်မြတ်၏အမိန့်တော်များကိုလိုက်နာကြလေကုန်၊ ထိုနည်းတူစွာရစူလ်တမန်တော်၏အမိန့်တော်များကိုလည်းကောင်း၊ အာဏာပိုင်များ၏ အမိန့်ကိုလည်းကောင်း လိုက်နာကြလေကုန်ဟူ၍မိန့်ဆိုထားသည်။

' အုလစ်လ်အမ်ရီ ' အာဏာပိုင်များဟူသည် မည်သူများနည်း။ ဤတွင်အဆိုကွဲပြားလျှက်ရှိ၏။ အချို့ကတိုင်းပြည်ကို စီမံအုပ်ချုပ်သောအစိုးရများကို ဆိုလိုသည်ဟူ၍လည်းကောင်း၊ အချို့က အာလင်မ်ပညာရှိသုခမိန်များကိုဆိုလိုသည်၍လည်းကောင်း၊ အချို့ကတရားသူကြီးများကိုဆိုလိုသည်ဟူ၍လည်းကောင်း၊ အချို့က စစ်သူကြီးများကို ဆိုလိုသည်ဟူ၍လည်းကောင်း၊ အမျိုးမျိုးယူဆကြသည်။

ကုရ်အာန်ကျမ်းလာ မုက္ခပါဌ်တော်အရ အထက်ပါ ပုဂ္ဂိုလ်အားအားလုံးကိုလည်း ဆိုနိုင်ပေသည်။ ရှူ-ဂျဆ်ဆွာဆ်

ဆက်၍ထိုအာယတ်တွင်လည်း ဆက်လက်၍မိန့်ဆိုသည်မှာ '' မိမိတို့အချင်းချင်း အငြင်းပွါးသောပြဿနာကို အလ္လာဟ်အရှင်မြတ် အထံတော်သို့ လွှဲအပ်ချင်းဟူသည် အလ္လာဟ်အရှင်မြတ်၏ ကျမ်းမြတ်နှင့်အညီလိုက်နာကျင့်သုံးခြင်းကိုဆိုလိုသည်။

တမန်တော်မြတ်ထံတော်လွှဲအပ်ခြင်းဟူသည် တမန်တော်မြတ်သက်တော်ထင်ရှားရှိစဉ် တမန်တော်မြတ်ထံတော်ချဉ်းကပ်၍ တမန်တော်မြတ်၏ အမိန့်ဩဝါဒတော်နှင့်အညီလိုက်နာကျင့်သုံးခြင်းကိုလည်းကောင်း တမန်တော်မြတ်ကွယ်လွန်အနိစ္စရောက်ပြီးနောက်တွင်မူ တမန်တော်မြတ်၏ ဟာဒီးစ်ဩဝါဒတော်နှင့်အညီ လိုက်နာကျင့်သုံးခြင်းကိုလည်းကောင်း ဆိုလိုသည်။

ဤသည့်အချက်ကိုထောက်ရှူ့ခြင်းအားဖြင့် အစ္စလာမ်သာသနာတော်တွင် ကုရ်အာန်ကျမ်းမြတ်နှင့် တမန်တော်မြတ်၏ဟာဒီးစ်ဩဝါဒများသည် အဓိကဖြစ်ကြောင်း အထင်အရှားသိရပေသည်။

အီဂျိဗ်နိုင်ငံ အာလ်အာဇာ တက္ကသိုလ်မှ မုဖ်သီအာဟ်လင်မ်ပညာရှင်များက တညီတညွတ်တည်းဆုံးဖြတ်ချက်အရ ကုရ်အာန်ကျမ်းမြတ်နှင့် ဒွိဟသံသယမဖြစ်နိုင်သော တမန်တော်မြတ်၏ ဟာဒီးစ်ဩဝါဒတော်များကိုသာလျှင် တရားဝင်ခိုင်လုံသော ဟာဒီးစ်များအဖြစ်လက်ခံသည်။

A note from the annual int.Islamic conference of Egypt 2009.

Authenticity of the hadiths rely on ”Quran”
”No Hadith is a Hadith if contradict with the basic principle of the Holy Quran”
Prof; Dr. Sayed Tantawi
Rector of Al-Azhar University
Cairo, Egypt.
By brother M.AHNAF

ထို့ကြောင့် အမျိုးသ္မီးများဗလီ၌ ဆွလာ့သ်ဝတ်ပြုသော ကိစ္စတွင် ဟာဒီးစ်အဆိုများသည် ကုရ်အာန်ကျမ်းမြတ်နှင့်ဆန့်ကျင်လျှက်ရှိသည်ကိုတွေ့ရသည်။

ဟာဒီးစ်အဆိုတစ်ရပ်တွင်အမျိုးသ္မီးများ သောကြာဆွလာ့သ်ဝတ်ပြုရန် တောင်းဆိုလာပါလျှင် သက်ဆိုင်ရာ အာလင်မ်ပညာရှင်များနှင့် အာဏာပိုင်များမှ ငြင်းဆိုခွင့်မရှိကြောင်းလာရှိသည်။ ထိုအဆိုအရဆိုလျှင် အမျိုးသ္မီးများဗလီ၌ ဆွလာ့သ်ဝတ်ပြုခြင်းကို ကန့်ကွက်ဟန့်တားပိုင်ခွင့်မရှိပေ။

ဆိုလိုသည်မှာအစ္စလာမ်သည် လွယ်ကူသောအမြင်ကျယ်သော သာသနာဖြစ်သည်။ တရားသေဝါဒကိုအမြဲတန်းဆန့်ကျင်၍ တရားရှင်ဝါဒကို ကျင့်သုံးသော သာသနာဖြစ်သည်။

Special thanks to Than

Friday, September 3, 2010

လိုင်လသွရ် ကဒရ်ညမြတ်၏ အရေးကြီးမှု


(၁)။ ဧကန်စင်စစ် ငါအရှင်မြတ်သည် ထိုအရာ (ကျမ်းမြတ်ကုရ်အာန် ) အား ကဒရ် ညမြတ်တွင်ချပေးတော်မူခဲ့လေ၏၊

(၂)။အို..တမန်တော်..... ကဒရ် ညမြတ်သည် မည်သို. သောညမျိုးဖြစ်သည်ကို အသင်သိပါသလော?

(၃)။ကဒရ်ညမြတ်သည် လပေါင်းတစ်ထောင် ထက်သာပိုကောင်းမြတ်ပေသည်။

(၄)။ထိုညတွင်ကောင်းကင်တမန်ဟဇရသ်ဂျိဗ်ရာအီလ်း (အတ်စ်လာသို ၀စလာမ်) နှင့် အခြားသော ကောင်းကင်တမန်အပေါင်းတို.သည် အလာဟ်အရှင်မြတ်၏အမိန်.တော်ဖြင့် ကောင်းချီးအလုံးစုံကိုယူဆောင်ပြီး ဆင်းသက်တော်မူ၏။

(၅)။ထိုကဒရ်ညမြတ်သည်ကား ချမ်းမြေ့သာယာမှုအပေါင်းနှင့် ပြည့်စုံသောညဖြစ်ပြီး နံနက်မို.သောက်ချိန်အထိ ထူးမြတ်မှုရှိနေပေသည်။
(ကုရ်အာန် ၉၇း၁)

ယင်းစူရာအာယာသ်းတော်သည် မက္ကာဟ် ရွှေမြို.တော် တွင်ကျရောက်ခဲ့သည်၊ အာယာသ်းပေါင်း ( ၅ ) အာယာသ်းပါရှိ၏၊ ကျရောက်ပုံနှင့်စပ်လျဉ်းပြီးရှေံတွင်ဖော်ပြပါအံ့။
အလာဟ်အရှင်မြတ်သည်ခုနှစ်ရက် တစ်ပါတ်အနက် သောကြာနေ.ကိုလည်းကောင်း၊ တစ်ဆယ့်နှစ်လ အနက် ရမ်သွာန်လမြတ်ကိုလည်းကောင်း ၊ထူးမြတ်မှုများ ချီးမြင့်ထားတော်မူသည်၊ထိုကဲ့သို.ပင် ညများအနက် "ရှာဗေကဒရ် " မည်သော ညတစ်ညကိုလည်း ဖန်ဆင်းတော်မူခဲ့၏ ၊ ယင်းညကို အာရဗီဘာသာဖြင့် (လိုင်လသွရ်ကဒရ်)ဟုခေါ်သည်။

လိုင်လသွရ် ကဒရ်ဟုခေါ်ဆိုရခြင်းမှာ
.....................................................
ထိုညဥ့်မြတ်အား အဘယ့်ကြောင့် လိုင်လသွရ်ကဒရ် ဟုခေါ်ဆိုရပါသနည်း ?ကျမ်းမြတ်ကုရ်အာန် အကျယ်ပြန် (သဖ်စီရ်း) ပညာရှင်များက ယင်းအကြောင်းအရာနှင့်စပ်လျဉ်းပြီး အကြောင်းရင်း (၃) ရပ်ဖော်ပြထားပါသည်။
(၁)လိုင်လသွရ်ကဒရ် စာလုံးတွင် "ကဒရ်" ၏အဓိပ္ပာယ်မှာ သတ်မှတ်ချက်၊ ကံကြမ္မာနှင့်ဟူရု် အဓိပာယ်ရသည်၊ အဘယ့်ကြောင့်ဆိုသော် ထိုညဥ့်မြတ်တွင် အဖန်ဆင်းခံအားလုံးအတွက် ယခုရမ်ဇာန်မှနောင်ရမ်ဇာန်လမြတ်အထိ လူသားတို.၏ ကံကြမ္မာသတ်မှတ်ချက်များအား ထိုညမြတ်တွင် သက်ဆိုင်ရာ ဖရှစ်ရှ်သာ များထံ အပ်နှင်းလိုက်သည်။ ထို.ကြောင့် ယင်းညအား လိုင်လသွရ်ကဒရ် ဟု ခေါ်ဆိုရခြင်းဖြစ်သည်၊
(၂) ဒုတိယ အကြောင်းအရင်းမှာ "ကဒရ်" စာလုံး၏အနက်အဓိပ္ပာယ်မှာ ကြီးကျယ်မြင့်မြတ်ခြင်းဟူရ်ုလည်းဖြစ်ပေသည်၊ အဘယ့်ကြောင့်ဆိုသော် ထိုညမြတ်တွင်နိုးနိုးကြားကြား ၊ ကြိုးကြိုးစားစား အီဗာဒာသ်း ခ၀ပ်မှုပြုသူသည် အလာဟ်အရှင်မြတ်ထံတော်ပါး ဂုဏ်သိက္ခာ ကြီးမြင့်သူဖြစ်ပေသည် ၊
(၃)တတိယအကြောင်းအရင်းမှာ "ကဒရ်" ဟူသောစာလုံးသည် "ကျဉ်းမြောင်းခြင်း " ဟုအဓိပ္ပာယ်ရသည်။ုအကြောင်းမှာ ထို(လိုင်လသွရ်ကဒရ်) ညဥ့်မြတ်တွင် ထိုည၏ ထူးမြတ်မှုကြောင့် ဖရစ်ရ်သာ ၊ ကောင်းကင်တမန်များ များပြားစွာ ပထ၀ီမြေပြင်သို.ဆင်းသက်လာကြသည် မှာ ယင်းတို.ကြောင့် မြေနေရာပင် ကျဉ်းမြောင်းသွားကြပေသည် ၊
အထက်ပါအကြောင်းအရင်းများကြောင့် ယင်းညမြတ်အား " လိုင်လသွလ်ကဒရ် " ဟုခေါ်ဆိုရခြင်းဖြစ်ပါသည်

ကဒရ် ညမြတ်၏ ထူးခြားချက်များ
..............................................
(၁)ထိုညမြတ်သည်နေ၀င်ချိန်မှစတင်ပြီး နံနက်မို.သောက်ချိန်အထိ ငြိမ်းချမ်းသောညပင်ဖြစ်ခြင်း၊
(၂)ထိုညတွင်ကောင်းကင်တမန်များသည် အလာဟ်အရှင်မြတ်အမိန်.တော်ဖြင့် ကောင်းမြတ်သော အရေးကိစ္စဟူသမျှကိုယူဆောင်ပြီးကမ္ဘာမြေပေါ်သို.ဆင်းသက်လာကြခြင်း၊
(၃)အထူးသဖြင့် ကောင်းကင်တမန်ကြီးဟဇရာသ်း ဂျိဗ်လာအီလ်း (အတ်စ်လာသို ၀စလာမ်)သည်ထိုညတွင် ဆင်းသက်လာခြင်း၊
(၄)ထိုညကားလပေါင်းတစ်ထောင်ထက်ပိုမွန်မြတ်ခြင်း
(၅)ထိုညတွင်ကုရ်အာန်ကျမ်းတော်မြတ်ကျရောက်ခဲ့ခြင်း
(၆)ထိုညတွင်ကောင်းကင်တမန်များထံမှမုအ်မင်န်များအပေါ် " စလာမ် " မေတ္တာပို.သမှုရှိနေခြင်းတို.ဖြစ်ကြလေသည်၊

မှတ်သားဖွယ်ရာ
.........................
ကျမ်းတော်မြတ်ကုရ်အာန် သည်(၂၃)နှစ်တိုင်တိုင် တမန်တော်မြတ်(ဆွလလ်လားဟုအလိုင်မ်ဟိဝဆွလာမ်)အပေါ်သို.ကျရောက်ခဲ့သည်။ယင်းအပြင် ပထမဦးဆုံး ကုရ်အာန်ကျမ်းတော်မြတ်ကျရောက်ချိန်တွင်ကိုယ်တော်မြတ် (ဆွလလ်လားဟုအလိုင်မ်ဟိဝဆွလာမ်)၏ သက်တော်မှာ (၄၀) နှစ်စတင်သည့်အချိန်ဖြစ်ပြီး ရဗွီအွလ်အောင်ဝလ်လမြတ်တွင်ကျရောက်ခဲ့သည်။
.
ယင်းအပြင် ကုရ်အာန်ကျမ်းမြတ်တွင်ကျမ်းမြတ်ကုရ်အာန် ကျရောက်ခဲ့သည့်အချိန်နှင့်စပ်လျဉ်းပြီးအချိန်ကာလ (၃)နေရာကို ရည်ညွှန်းထားလေသည်၊ယင်းတို.မှာ .............
.
(၁) လမြတ်ရမ်ဇာန်
(၂)ကဒရ်ညနှင့်
(၃) ဗရာအသ်း, ညတို.ဖြစ်ကြသည်၊..
.
ထိုကာလ(၃)မျိုးလုံးတွင်ကျမ်းမြတ်ကုရ်အာန်ကျရောက်ကြောင်းသိရှိရပေသည်၊ဆိုလိုသည့်သဘောမှာ ကျမ်းတော်မြတ်ကုရန်အာန်၏တစ်နေရာတွင် "လမြတ်ရမ်ဇာန်တွင် ကုရ်အာန်ကျမ်းတော်မြတ်ကျရောက်ခဲ့သည်ဟု"ဖေါ်ပြပါရှိ၏၊အချို.နေရာတွင်ကဒရ်ညမြတ်တွင်လည်းကောင်း၊ရှာဗေဗရာအာသ်းညမြတ်တွင်လည်းကောင်းကျရောက်ခဲ့သည်ဟုဖေါ်ပြပါရှိလေသည်။
အကြောင်းအရာတခုနှင့်တခု မည်သို.ဆက်စပ်မှုရှိပါသနည်း?၊
ယင်းနှင့်စပ်လျဉ်းပြီးဟဇရသ်ရှာဟ်အဗ်ဒုလ်အဇီဇ်း(ရဟ်)သခင်က ထိုကဲ့သို.ရေးသားထားတော်မူသည်၊......................
ရှေးဦးစွာ ကျမ်းတော်မြတ်ကုရ်အာန်တခုလုံးသည် (လောင်ဟေ့မဟ်ဖူဇ်း)ထိမ်းသိန်းထားတော်မူသော ကျောက်စာမှ (ဗိုင်သွလ်အိဗ်ဇသ်)မို.ကောင်းကင်ပင်ပထမထပ်ရှိနေရာသို.တစိပြိုင်တည်းကျရောက်လာလေ၏၊ထိုအချိန်သည်ရမ်ဇာန်လမြတ် ကဒရ် ညတွင်ဖြစ်ခဲ့သည်။
ယင်းအပြင် (လောင်ဟေမဟ်ဖူဇ်း)ကျောက်စာကြီးအား စောင့်ကြပ်သည့် ဖရှစ်ရ်သာ ကောင်းကင်တမန်များကို အလာဟ်အရှင်မြတ်က ယင်းကျောက်စာကြီးမှ ကူးယူပြီးမိုးကောင်းကင် ပထမ ထပ်သို. ယူဆောင်သွားရန်အမိန်.ပေးသည့်အချိန်ကား "ရှဗေဗရာအာသ်း " ညဖြစ်ခဲ့သည်၊
.
ထိုမှတဖန် တမန်တော်မြတ်(ဆွလလ်လားဟုအလိုင်မ်ဟိဝဆွလာမ်)သက်တော် (၄၀) စတင်သည့်အချိန် ရဗီအွလ်အောင်ဝလ်လတွင် (ဗိုင်သွလ်အိဇ်ဇသ်)မို.ကောင်းကင်ပထမထပ်နေရာမှ တမန်တော်မြတ်ကြီးအပေါ်သို. လိုအပ်သလို ကျရောက်ခဲ့ပြီး (၂၃)နှစ်တာ ကာလအတွင်းအပြီးသတ်ကျရောက်ခဲ့ပါသည်၊
ယင်းအပြင် ကိုယ်တော်ကွယ်လွန် (၀ဖါသ်း)ဖြစ်သည့် အချိန်မှာ (၆၃) နှစ်ဖြစ်ခဲ့သည်၊
(သဖ်စီးရေ.အဇီဇီ- ပါရာ, ကဏ္ဍ၃၀/စာ၄၃၈)

ကဒရ် ညမြတ်သည် တမန်တော်မြတ်ကြီး၏အွမ္မသ်သားများအတွက် သီးသန်.ဖြစ်ခြင်း
...................................................................................................................
လိုင်လသွရ်ကဒရ်ခေါ် ကဒရ်ညမြတ်သည် ကိုယ်တော်၏ အွမ္မသ် နောက်လိုက် များအတွက် သာသီးသန်. ချီးမြှင့်ခြင်းခံရပြီးအခြားမည်သည့် အွမ္မသ် အုပ်စုကိုမျှချီးမြှင့်ခြင်းမခံရပေ။ယင်းကိတ်စနှင့်စပ်လျဉ်းရ်ုဟဒီစ်းတော်တွင်လာရှိထားပေသည်..။
.
ဟဇရသ်အနက်စ်(ရသွီယလ်လားဟုသအားလာအန်ဟုမား)သခင်က ဆင့်ပြန်ခဲ့သည်။တမန်တော်မြတ်(ဆွလလ်လားဟုအလိုင်မ်ဟိဝဆွလမ်)မိန်.ခြွေတော်မူသည်မှာ.........
.
"ဧကန်အမှန်အလာဟ်အရှင်မြတ်သည်ကဒရ်ညမြတ်အားငါကိုယ်တော်၏အွမ္မသ်သားများအတွက်သာလျင် ချီးမြင့်တော်မူ၏။ထို.အလျင် မည်သည့်အွမ္မသ် နောက်လိုက်ကိုမျှ ချီးမြင့်ခြင်းမခံရပေ။
(ဒွရ်ရေ.မန်ဆူရ်းကျမ်း) အတွဲ ၆ / စာ ၃၇၁-

စူရာဟ်, ကဒရ်ကျရောက်ရသည့်နောက်ခံသမိုင်း
......................................................................
(အွမ္မသ် ) အုပ်စုအတွက် ကဒရ် ညမြတ်သီးသန်.ဖြစ်ရသည့်အကြောင်းအရင်းနှင့်စပ်လျဉ်းပြီးကျမ်းတော်မြတ်ကုရ်အာန် အကျယ်ပြန် (သဖ်စီရ်း)ပညာရှင်များကအောက်ပါအတိုင်းရေးသားဖွင့်ဆိုထားသည်ကို တွေ.ရှိရပါသည်။
(၁)ဟဇရသ်မူဂျာဟိဒ်(ရဟ်) သခင်က အမိန်.ရှိသည်မှာ.....
.
ဗနီအိစ်စရာအိလ်အနွယ်ဝင်အမျိုးသားတဦးရှိခဲ့သည်။ထိုအမျိုးသားသည် ညအခါ (အီဗာဒသ်း) ခ၀ပ်မှုတွင်ရှိနေပြီး နေ.အခါ ရန်သူများနှင့် တိုက်ခိုက်ရန် ဂျေဟာဒ်း စစ်မြေပြင်တွင်ပါဝင်လေ့ရှိသည်။ နှစ်ပေါင်းတထောင် အထိရှိခဲ့သည်။ ထိုအတိုင်းကျင့်ကြံခဲ့သည်။ သို.ဖြင့် အလာဟ်အရှင်မြတ်သည် အာယတ်တခုအားချပေးခဲ့တော်မူလေသည်၊ ယင်းအာယသ်း၏လိုရင်းသဘောမှာ " ကဒရ် ညမြတ်သည် လပေါင်းတစ်ထောင် " ထက်သာ ပို ကောင်းမြတ်ပေသည် ဟူ၏ ။
.
အလိုသဘောမှာ ထို ကဒရ် ညတစ်ည၏ အီဗာဒသ်းခ၀ပ်မှုသည် လပေါင်းတစ်ထောင် ကောင်းမှု ပွားများခြင်းထက် ပိုကောင်းမြတ်လေသည်ဟု လာရှိပေသည်။
(ဂျာမိအွလ်ဗယာန်)

(၂)ဟဇရသ်းအလီ(ရသွီယလ်လားဟုသအားလာအန်ဟုမား)သခင်နှင့် အွရ်ဝါဟ်(ရသွီယလ်လားဟုသအားလာအန်ဟုမား)သခင်တို.က ဆင့်ပြန်ခဲ့သည်။
.
တမန်တော်မြတ်ကြီး(ဆွလလ်လားဟုအလိုင်မ်ဟိဝဆွလမ်) သခင်သည်တစ်နေ.သောအခါဗနီအိစ်စလာအီလ်း ပုဂ္ဂိုလ် (၄)ပါးအကြောင်းကိုပြောပြခဲ့သည်။...ယင်းတို.မှာ ..........
.
(၁) ဟဇရသ် အိုင်ယူဗ်း(အတ်စ်လာသို ၀စလာမ်) ၊
(၂)ဟဇရသ် ဇကရီယာ (အတ်စ်လာသို ၀စလာမ်) ၊
(၃)ဟဇရသ် ဟဇ်ကီလ်း (အတ်စ်လာသို ၀စလာမ်) ၊
(၄)ဟဇရသ် ယူရှအ်ဗင်န်နူန်း(အတ်စ်လာသို ၀စလာမ်) ၊ တို.ဖြစ်ကြသည်။
.
ယင်းပုဂ္ဂိုလ် (၄)ပါးတို.သည် နှစ်ပေါင်း (၈၀) တိုင်တိုင် အလာဟ်အရှင်မြတ်၏ အမိန်.ကို ဖီဆန်ခြင်းမရှိပဲ အိဗာဒသ်း ခ၀ပ်မှုများတွင်သာ ကုန်လွန်ခဲ့ကြသည်။........
ကိုယ်တော်မြတ် (ဆွလလ်လားဟုအလိုင်မ်ဟိဝဆွလမ်) ၏ အတိုပါ မိန်.ခြွေစကားရပ်ကိုကြားသိရပြီး ဆွဟာဗာ တော်တော်များများ တအံ့တသြ ဖြစ်ကြကုန်၏ ။
.
ဟဇရသ်ဂျိဗ်ရာအီလ်း( အတ်စ်လာသို ၀စလာမ်) ကြွမြန်းရောက်ရှိလာပြီးပြောကြားသည်မှာ....
.
"အို...............ကိုယ်တော်!"
အသင်၏အွမ္မ်သည် ထိုပု၈္ဂိုလ်များ၏နှစ်ပေါင်း(၈၀)အီဗာဒသး ခ၀ပ်မှုများအပေါ် အံ့သြ အားကျနေကြသည် ။ အလာဟ်အရှင်မြတ်သည် ထို. ထက် အံ့သြစရာ ကောင်းသော စကားရပ်များ အားအသင်၏ အွမ္မသ်သားများအပေါ်သို.ပို.ချပေးလိုက်သည် ဟုပြောကြားပြီး စူရာဟ် "ကဒရ်" အားဖတ်ကြားပြသတော်မူ၏။...........
.
ဧကန်အမှန်ငါအရှင်မြတ်သည် ထို(ကျမ်းမြတ်ကုရ်အာန်)အား ကဒရ် ညဥ့်မြတ်တွင် ပို.ချပေးသနားတော်မူ၏၊ထို ကဒရ် ညဥ့်မြတ်သည်ကား လပေါင်းတထောင် ထက်သာ ပိုကောင်းမြတ်ပေသည် ။....
(ကုရ်အာန် )
.
ယင်းစူရာဟ်သည် ကိုယ်တော်နှင့်ကိုယ်တော်၏ အွမ္မသ် နောက်လိုက်များအတွက် အံ့သြအားကျနေသည့်အရာထက်ပိုရု ပင် အံ့သြစရာ ကောင်းပေသည်ဟုကောင်းကင်တမန်ဂျီဗရာအီလ်း(အတ်စ်လာသို ၀စလာမ်)ကပြောကြားလေသည်။ထိုသတင်းကိုကြားပြီး တမန်တော်မြတ်(ဆွလလ်လားဟုအလိုင်မ်ဟိဝဆွလမ်) နှင့်ဆွဟာဗဟ် သခင်ကြီးများသည်ပျော်ရွှင်မဆုံးဖြစ်သွားကြကုန်၏။......
(ဒွရ်ရေ.မန်ဆူရ်း-အတွဲ၆ / စာ၃၇၁)

ကျမ်းမြတ်ကုရ်အာန်သည်အဘယ့်ကြောင့်ညချမ်းအချိန်တွင်ကျရောက်ခဲ့ပါသနည်း
...................................................................................................................
ကျမ်းတော်မြတ်ကုရ်အာန်အားမည်သို.သော အမြော်အမြင်ကြောင့် ညချမ်းအချိန်ချပေးရပါသနည်း။ ထိုမေးခွန်းနှင့်ပတ်သတ်ပြီးရှိတ်ခ်အစ်စမာအီလ်း(ရဟ်)သခင်က အောက်ပါအတိုင်းဖြေဆိုရေးသားထားသည်။...
ညချမ်းအချိန်ကျမ်းတော်မြတ်ကုရ်အာန် ကျရောက်ရခြင်းမှာ.....
.
(၁) ဗရကာသ်း မင်္ဂလာ အဖြာဖြွာနှင့်ကောင်းချီးအဖုံဖုံ တို.သည်လည်းကောင်း၊ မေအ်ရာဂ်ျကောင်းကင်ဘုံခရီးသော်လည်းကောင်း ညအချိန်တွင်သာဖြစ်ပေါ်ခဲ့သည်။
.
(၂)ညချမ်းအချိန်သည်ဂျန္ဒသ် သုခဘုံ၏တစိတ်တဒေသ ဖြစ်ပြီး အပန်းဖြေ အနားယူသည့် အချိန်လည်းဖြစ်သည်။
.
(၃) နေ.အချိန်သည်ကား ဒိုဇခ် ငရဲနှင့်ဆင်တူပြီး ပင်ပန်းနွမ်းနယ်ခြင်း၊ဆင်းရဲဒုက္ခ ခံရခြင်း၊ ရိုဇီ ရိက္ခာ အတွက် အပင်ပန်း ခံရခြင်းတို. ရှိနေပေသည်။
.
(၄)ညအချိန်သည် မိမိ၏ ချစ်ဇနီးနှင့် ဆုံတွေ.ရသည့် အချိန်ဖြစ်ပြီး နေ.အချိန်သည်ကား ချစ်သူနှင့်ခွဲခွာ ရသည့် အချိန်ဖြစ်သည်။
.
(၅)ညအချိန်ပြုလုပ်ကျင့်ဆောင်သော အီဗာဒသ်း ခ၀ပ်မှုသည် နေ.အချိန်ပြုလုပ်သည့် ခ၀ပ်မှုထက် သာပိုပြီး ထူးမြတ်မှုရှိခြင်းတို.ကြောင့် ဖြစ်သည်။
.
နောက်ဆက်ပြီးတင်ပြပေးသွားပါ့မယ် နော် အားလုံးပဲ
အတ်စ်လားမုအာလိုင်မ်းကွမ်း
နေကောင်းလို.ပျော်ရွှင်စေပြီး ရမ်ဇာန်လမှာ ရိုဇာ တလလုံးထားနိုင်တဲ့ သော်ဖီစ်
အလာဟ်ပေးသနားတော်မူပါစေ ( အာမင်း)
.
forward mail.

Wednesday, September 1, 2010