လူဦးရေ တစ်ထောင်ခန့် ၀တ်ပြုနိုင်ရန် အစ္စလာမ့်ဝတ်ကျောင်းတော် တစ်ဆောင် ဆွီဒင်နိုင်ငံ၊ (စကရာဘိုရီ မြို့နယ်) ၌ တည်ဆောက်ရန် သက်ဆိုင်ရာ ဂေါပက လူကြီးများက မြေဝယ်ထားပါတယ်။ စီမံချက်ကြီးမှာ အားရစရာပင်- ၀တ်ကျောင်းတော် အတွင်း အမျိုးသား၊ အမျိုးသ္မီးများ ဆွလသ်ဝတ်ပြုမည့် ခန်းမကြီး၊ ဗဟုသုတ ဖလှယ်မည့် ဆွေးနွေးခန်း၊ စာကြည့်ခန်းများ စာသင်ခန်းများနှင့် ခေတ်မှီ စာကြည့်တိုက်ကြီးများ ပါဝင်စေပြီး၊ အဆောက်အဦးအပြင်၌ ကားများ၊ စက်ဘီးများ ရပ်နားနိုင်ရန် နေရာများလည်း ပါဝင်ပါတယ်။
၃-၀၁-၂၀၁၀ နေ့ တွင်ဝတ်ကျောင်းတော် ဖြစ်မြောက်ရေး အစည်းအဝေးမှာ၊ ဂျာမဏီ၊ ဖင်လန်၊ နော်ဝေး၊ ဆွီဒင်တို့မှ ဧည့်သည်တော်များလည်း တက်ရောက်ကြပါတယ်၊ အဲ့ဒီ ဧည့်သည်တော်များအနက် ဒေသခံ ဂျာမဏီ၊ ဖင်လန်၊ နော်ဝေး ဆွီဒင် လူမျိုးထဲမှ အစ္စလာမ်သာသနာထဲသို့ သက်ဝင်ယုံကြည်လာကြတဲ့ ပညာတတ်များလည်း ပါဝင် တက်ရောက်ခဲ့ပါတယ်။ ထိုမိတ်ဆွေများမှာ အာရဗီဘာသာကို စနစ်တကျ သင်ယူထားဟန် ရှိပါတယ်။ ကျမ်းမြတ်ကုရ်အာန်ကိုလည်း ကောင်းမွန်စွာ ဖတ်တတ် ကြပါတယ်။ မေတ္တာပို့ ဆလာဝပ်ဆလာမ်ကို နှလုံးလှိုက်လှဲ ဈာန်ဝင်စားလျှက် ရွတ်ဆိုကြတာ တွေ့ခဲ့ရလို့ စိတ်ထဲမှာ ဝမ်းသာ ပိတိဖြစ်မိတယ်။ ၎င်းတို့၏ နှုတ်မှ အင်ရှာအလ္လာဟ်၊ မာရှာအလ္လာဟ်၊ အလ်ဟမ်းဒို့လိလာဟ် ဆိုတဲ့ ဘယ်အရာမှာ မဆို၊ အလ္လာဟ် အရှင်ကို မမေ့လျှော့တမ်း ကျေးဇူးတင်နေသံများကို ကြားနေရသည်မှာ တစ်မျိုးထူးဆန်းနေပြီး နားဝင်ချိုလှပါတယ်။
ဒီအစည်းအဝေးကြီးမှာ နှလုံးအထူးကု ဆရာဝန် တူရကီနွယ်ဘွား (ဒေါက်တာဟာရွန်) ထံမှ သိလာရတဲ့ ''သားသား မုန့်ဖိုးနဲ့ ဗလီဆောက်မယ်'' ဆိုတဲ့အကြောင်းကို ပြန်လည်ဖေါက်သည်ချချင်ပါတယ်။
လွန်ခဲ့တဲ့လက အဲ့ဒီ ဆရာဝန်ဟာ အသက် ငါးနှစ်သာ ရှိသေးတဲ့ သူ့သားလေးကို ဗလီမြေကွက်ဆီကို ခေါ်သွားပါတယ်။
သားလေးက : ပါပါ- ဒီမှာဗလီ ဘယ်တော့ဆောက်မှာလဲ၊-ဆရာဝန် : ဆောက်မှာပေါ့သားရယ်
သား : မဆောက်သေးဘူးလားဆရာဝန် : ပါပါတို့မှာ ဗလီအတွက် လုံလောက်တဲ့ ငွေ မရှိသေးလို့ စောင့်နေရတယ်လေ သားရယ်
သား : ဒါဆိုသားသားလည်း ဗလီအတွက် ပိုက်ဆံပေးမယ်။ သားသား saturday, sunday တိုင်းဝယ်စားတဲ့ သကြားလုံးဘိုး မုန့်ဘိုးတွေကို ပေးမယ်။ဆရာဝန် : သားက အမြဲတမ်း၊ အပတ်စဉ် မုန့်ဝယ်စားနေတယ်လေ။ သားသားအကြိုက် မဟုတ်ဘူးလား။
သား : ဟုတ်တယ်။ သားဒီအပါတ် သကြားလုံးတွေဝယ်ပြီးရင် နောက်အပါတ် မဝယ်တော့ဘူး အဲဒီ သကြားလုံးဝယ်မဲ့ ပိုက်ဆံကို ဗလီအတွက်ပေးမယ်။ဖခင်ဖြစ်သူမှာ သား၏ စိတ်ခံစားမှုအပေါ် ပိတိပြုံး-ပြုံးနေမိတယ်။
နောက်ပိုင်း ရက်အနည်းငယ်ကြာသော် သားလေးရဲ့ အပေါ်သွား နဲ့နေသည်ကို ဖခင်ဖြစ်သူက သိသွားပြီး။ ဖခင်က နဲ့နေတဲ့ သွားကို ကိုယ့်ဖာသာကိုယ် ဆွဲနှတ်နိုင်ရင် ပိုက်ဆံ ၁၀၀ ပေးမယ်ဟု ပြောလိုက်မိသည်။ နောက်တစ်ရက်မှာ သားလေးက သွားကို ကိုယ်တိုင် ဆွဲနှတ်လိုက်ပါတယ်။ ဖခင် ဖြစ်သူက ကတိအတိုင်း သားရဲ့ ခေါင်းအုံးအောက်မှာ ငွေ ၁၀၀ ထည့်ပေးထားလိုက်ပါတယ်။ မနက် အိပ်ရာ က နိုးတော့၊ သားက ငွေ ၁၀၀ ကိုတွေ့ပြီး အရမ်းဝမ်းသာနေပါတော့တယ်။
ခလေးအမေက သားသား မေမေ့ကို ဒီငွေ ၁၀၀ ခဏချေးနော်။ နို့သွားဝယ်လိုက်မယ်လေ။ ညနေကြရင် ပြန်ပေးမယ် ဟု ပြောမိရာ-။
သားက : မရဘူး-- ဒီပိုက်ဆံကို ဘယ်သူမှ မပေးဘူး။ ဒီပိုက်ဆံ သားသားက ဗလီအတွက်ပေးမှာ။ ဟု ပြန်ပြောလိုက်လေသည်။
ဒီလို သားလေးရဲ့ အကြောင်းကို ကြားရတဲ့သူတိုင်း သဘောကျပြီး ရီမောရင်း တစ်ပြိုင်တည်းပင် အလ်ဟမ်းဒို့လိလာဟ် လို့ ဆိုကြပါ တယ်။ ခလေးကိုလည်း မမြင်ရပဲ ချစ်သွားကြပါတယ်။
ကျွန်မအနေရဲ့ စိတ်ထဲမှာ- ကလေးတစ်ယောက်ရဲ့ စိတ်စေတနာကို သိလိုက်ရတော့၊ အဲ့ဒီ ကလေးအတွက် အင်မတန်မှာ ဂုဏ်ယူ ၀မ်းမြောက်မိပါတယ်။ တစ်ပြိုင်နက်ထဲမှာပဲ- စားစရာ သောက်စရာရှိပါလျှက်နဲ့ တွန့်တိုစိတ် ရှိတတ်တဲ့ လူတွေအကြောင်းကိုလည်း စဉ်းစားမိပါတယ်။ ဘာကြောင့်များလဲ--- ပေါ့။
ဒီနှစ်၂၀၁၀ မှာ အဲ့ဒီ အစ္စလာမ့် ၀တ်ကျောင်းတော် ပနက်ရိုက်-ဆောက်တည်ပါတော့မယ်။- သူတစ်လက် ကိုယ်တစ်အားပေါ့။ ၀တ်ကျောင်း တော် လျှင်မြန်စွာ ပြီးမြောက်ရေးအတွက် မွတ်စလင်မ်များ ဆုတောင်းပေးကြပါ ရအောင်နော်-။
ကျေးဇူးတင်ပါတယ်။