အမေရိကန် သမ္မတ ဘာရတ် အိုဘားမား မိန့်ခွန်းပြောတာဟာ အလွန်ပဲ နားထောင်လို့ ကောင်းပါတယ်။ သူဟာ စကားပြော ကောင်းလွန်းလို့ အချို့က သူ့ကို ပြောချည်း ပြောနေတယ် ဘာမှလည်း ဖြစ်အောင် မလုပ်နိုင်ဘူးလို့ ဝေဖန်ကြပါတယ်။
ဇွန်လ ၄ ရက်နေ့က အိုဘားမားဟာ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ အာရပ်နဲ့ မွတ်ဆလင် ကမ္ဘာကို ဦးတည်တဲ့ မိန့်ခွန်းတစ်ခုကို ပြောခဲ့ပါတယ်။ သူ့ရဲ့ မိန့်ခွန်းဟာ အလွန် ဆွဲဆောင်မှု ရှိတဲ့အတွက် အဲဒီမိန့်ခွန်း ပြောတဲ့အချိန်မှာ သူသုံးခဲ့တဲ့ နည်းစနစ်တွေကို လက်လှမ်းမီသလောက် လေ့လာကြည့်မိပါတယ်။ ကျွန်တော့်အနေနဲ့ အကြောင်းအရာပိုင်းကို မသုံးသပ်ချင် ပါဘူး။ နည်းစနစ်ပိုင်းကိုပဲ သုံးသပ်ချင် ပါတယ်။အောက်က သုံးသပ်ချက် အားလုံးဟာ ကျွန်တော့် အမြင်သာ ဖြစ်တဲ့အတွက် ပြည့်စုံမှု ရှိမှာ မဟုတ်သလို အားလုံးမှန်တယ် လို့လည်း ယူဆလို့ မရပါဘူး။ ကိုယ့်ဘာသာကိုယ် ချင့်ချိန် တွေးတောနိုင်ပါတယ်။
ပရိသတ်နဲ့ တသားတည်း ဖြစ်ကြောင်း ပြောခြင်း
အိုဘာမားဟာ သူနဲ့ အာရပ်တွေ တသွေးတည်း တသားတည်း ဖြစ်တယ်ဆိုတဲ့ သဘောမျိုး ပြောကြားပြီး ဆွဲဆောင်ပါတယ်။ အိုဘားမားရဲ့ “ဆလမ် မာလေးကွမ်း” ဆိုတဲ့ နှုတ်ဆက်စကားအပြီးမှာ သူဟာ ပရိသတ်ရဲ့ သြဘာပေးမှုကို မိနစ်ဝက်ကျော်အောင် ရရှိခဲ့ပါတယ်။ အမေရိကန် သမ္မတ ရွေးကောက်ပွဲ တစ်လျှောက်မှာ သူ ထုတ်မသုံးခဲ့တဲ့ သူ့ရဲ့ အလယ်နာမည် ဟူစိန်ကို ပထမဆုံးအနေနဲ့ ထုတ်သုံးပြီး သူ့ကိုယ်သူ ဘာရတ် ဟူစိန် အိုဘားမား အနေနဲ့ မိတ်ဆက်ခဲ့ခြင်းဟာလည်း သူရဲ့ နည်းပရိယာယ် တစ်ခုပါပဲ။ သူ့ အဖေရဲ့ ကင်ညာနိုင်ငံက ဆွေမျိုးတွေမှာ မွတ်ဆလင်တွေ ပါဝင်နေတာ၊ သူ့ရဲ့ ကလေးဘဝကို မွတ်ဆလင် နိုင်ငံ တစ်နိုင်ငံ ဖြစ်တဲ့ အင်ဒိုနီးရှားမှာ ဖြတ်သန်းခဲ့တာ၊ ရှီကာဂိုက မွတ်ဆလင် အဖွဲ့အစည်းမှာ ကျင်လည်ခဲ့တာ တွေကို ပြန်ပြောခြင်းဟာလည်း သူဟာ မွတ်ဆလင်တွေနဲ့ မစိမ်းကြောင်း ထုတ်ဖော် ပြသွားတဲ့ နည်းပရိယာယ် တစ်ခုပါပဲ။
အမှန်ကို ထုတ်ဖော် ချီးကျူးခြင်း
လူတိုင်းက မြှောက်ပြောတာကို မကြိုက်ပါဘူး။ ဒါပေမယ့် အမှန်အတိုင်း ဖြစ်ခဲ့ဖူးတဲ့ ကိစ္စတစ်ခုကို ထုတ်ဖော် ချီးကျူးပြောဆို တာကိုတော့ လူတိုင်းက သဘောကျပါတယ်။ အိုဘားမားဟာ ကမ္ဘာ့သမိုင်းထဲမှာ မွတ်ဆလင်တွေရဲ့ အရေးပါတဲ့ ကဏ္ဍ တစ်ခု ဖြစ်တဲ့ ယဉ်ကျေးမှု ပြန်လည်ထွန်းကားလာတဲ့ခေတ် (Renaissance) မတိုင်ခင်က အချိန်တွေကို ပြန်လည်ထုတ်ဖော်ပြီး ချီးကျူးပါတယ်။ အဲဒီခေတ်က အနောက်တိုင်းမှာ နည်းပညာတိုးတက်မှုတွေ နှောင့်နေး နေခဲ့ပေမယ့် မွတ်ဆလင် ကမ္ဘာမှာ ဆေးပညာ၊ အက္ခရာသင်္ချာ၊ စက္ကူနဲ့ ပုံနှိပ်ခြင်း အတတ်ပညာ စတာတွေမှာ တိုးတက်လာခဲ့ပါတယ်။ အဲဒါတွေကို ပြန်လည် ထုတ်ဖော် ချီးကျူးခြင်းနဲ့ သူ့ကို သဘောကျအောင် ဆွဲဆောင် ခဲ့ပါတယ်။ အဲဒါအပြင် အမေရိကန် ပြည်ထောင်စုကို ပထမဆုံး အသိအမှတ် ပြုခဲ့တဲ့ နိုင်ငံဟာ မွတ်ဆလင် နိုင်ငံ တစ်နိုင်ငံ ဖြစ်တဲ့ မော်ရိုကို ဖြစ်တဲ့အကြောင်းကိုလည်း သတိတရ ထုတ်ဖော် ပြောခဲ့ပါတယ်။ မွတ်ဆလင်တွေဟာ အမေရိကန်မှာ ပျမ်းမျှ အမေရိကန်တွေထက် ပိုပြီး လူနေမှု အဆင့်အတန်း မြင့်မားတဲ့ အကြောင်းကို ထုတ်ဖော် ပြောခဲ့တာဟာလည်း သူ့ရဲ့ ပစ်ချက် တစ်ခုပါပဲ။
လူတိုင်းသိသော အမှန်တရားကို ပြောကြားခြင်း
ဒီမိန့်ခွန်းတစ်ခုတည်းနဲ့တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး လို့ အိုဘားမားက ပြောပါတယ်။ ဒါကတော့ သူ မပြောလည်း လူတိုင်းသိပါတယ်။ ဒါပေမယ့် အဲဒီလို ပြောခဲ့ခြင်းကြောင့် သူ့ကို ရိုးသားတဲ့သူ တစ်ယောက် အနေနဲ့ နားထောင်တဲ့ သူတွေက ထင်မြင်သွားစေပါတယ်။ ဒါ့အပြင် အီရတ်စစ်ပွဲဟာ အမေရိကန်ရဲ့ အမှား တစ်ခုလို့ လူအတော်များများ လက်ခံထားပါတယ်။ အိုဘားမား ကိုယ်တိုင် ဆီးနိတ်လွှတ်တော် အမတ်ဘဝက အီရတ်ကို ကျူးကျော်မယ့် ကိစ္စကို ကန့်ကွက်ခဲ့ဖူး ပါတယ်။ အဲဒီ ကိစ္စဟာ အမေရိကန် ရဲ့ အလွန် ဖြစ်ကြောင်း သူ ဝန်ခံခဲ့ပါတယ်။ နောက်တစ်ခုကတော့ အမေရိကန်နဲ့ အစ္စရေး ဆက်ဆံရေးဟာ အလွန်ခိုင်မာတယ်။ ဖြတ်လို့ မရဘူးဆိုတာ လူတိုင်းသိပါတယ်။ အဲဒီ အမှန်တရား ကိုလည်း သူ ဝန်ခံခဲ့ပါတယ်။ အဲဒီလို လူတိုင်းသိတဲ့ အမှန်တရားတွေကို ဝန်ခံခဲ့ခြင်းအားဖြင့် အိုဘားမားဟာ သူ့ကိုယ်သူ ရိုးသားသူ တစ်ယောက်အနေနဲ့ ပုံဖော်ခဲ့ပြီး လူတွေကို သူ့ဘက်ပါအောင် ဆွဲဆောင်ခဲ့ပါတယ်။
စကားလုံး အသုံးအနှုန်း
အိုဘားမားဟာ မိန့်ခွန်း တစ်ခုလုံးမှာ အကြမ်းဖက်သမား (terrorist) ဆိုတဲ့ စကားလုံးကို တစ်လုံးမှ သုံးမသွားပါဘူး။ အစွန်းရောက် ဝါဒီ (Extremist) ဆိုတဲ့ စကားလုံကိုပဲ အစားထိုး သုံးစွဲ သွားပါတယ်။ အိုဘာမားရဲ့ လက်သုံးစကား “ငါဒီနေရာကနေ နှိမ့်ချစွာ ပြောဆိုပါတယ်။” ဆိုတာကို လည်း ထည့်သွင်းပြီး ပြောသွားပါတယ်။
ကိုယ်ဟန် အမူအရာ
မိန့်ခွန်းပြောတဲ့သူဟာ စာရွက်ကိုင်ပြီး ပြောရင် ကြည့်ရတာ အလွန် အရုပ်ဆိုးသလို နားထောင်နေတဲ့သူရဲ့ ရင်ထဲကိုလည်း ရောက်ဖို့ မလွယ်ပါဘူး။ အိုဘားမားဟာ မိနစ် ၅၀ ကျော် ကြာတဲ့ မိန့်ခွန်းကို စာရွက် လုံးဝ မကိုင်ဘဲ လက်တန်း ပြောသွားပါတယ်။ သူ့ရဲ့လက်ဟာ မိန့်ခွန်းပြောတဲ့ အချိန်တစ်လျှောက်လုံးမှာ စကားနဲ့အညီ လိုက်ပြီး လှုပ်ရှားနေပါတယ်။ လက်နှစ်ဖက်ကို ဘေးကို ဖွင့်ပြီး ပြောတဲ့ ကိုယ်ဟန်အမူအရာဟာ သူ့မှာ ပွင့်လင်းမှု ရှိတယ် အားလုံးကို ကြိုဆိုနေတယ် ဆိုတဲ့ အမူအရာ မျိုးပါပဲ။ လက်ညှိုးတစ်ချောင်ကို ထောင်ပြီး လက်ကို တံတောင်ဆစ်အထက်မှာ မြှောက်ထားတဲ့ အမူအရာမှာတော့ သူဟာ သြဇာအာဏာရှိတဲ့ လူတစ်ယောက် ဖြစ်တယ်ဆိုတာကို ပြနေပါတယ်။
မှတ်သားစရာကောင်းတဲ့ စကားများ
အိုဘားမားရဲ့ မိန့်ခွန်းထဲက မှတ်သားစရာကောင်းတဲ့စကားတစ်ချို့ကို ရွေးထုတ် လိုက်ပါတယ်။
“ကျွန်တော်တို့ရဲ့ လတ်တလော အတွေ့အကြုံတွေက သင်ခန်းစာရခဲ့တာက နိုင်ငံတစ်နိုင်ငံရဲ့ ငွေကြေးစနစ်ဟာ မခိုင်မာဘူး ဆိုရင် နေရာအနှံ့အပြားမှာ ရှိတဲ့ ကြွယ်ဝမှုတွေကို အကျိုးသက်ရောက်စေတယ်။ အဖျားရောဂါ အသစ်တစ်ခုဟာ လူတစ်ယောက်မှာ ဖြစ်ပြီ ဆိုရင် လူသား အားလုံးအတွက် အန္တရာယ်ရှိတယ်။ နိုင်ငံတစ်နိုင်ငံက နျူးကလီးယားလက်နက် ထုတ်လုပ်ဖို့ ကြိုးစားတယ် ဆိုရင် နိုင်ငံအားလုံးမှာ နျူးကလီးယား တိုက်ခိုက်ခံရမှု အတွက် အန္တရာယ်ရှိတယ်။ ကြမ်းတမ်းတဲ့ အစွန်းရောက်ဝါဒီတွေဟာ တောင်တန်းတစ်ခုမှာ အခြေပြု လှုပ်ရှားတယ် ဆိုရင် သမုဒ္ဒရာ တစ်ဖက်ကမ်းက လူတွေမှာ အန္တရာယ် ရှိတယ်။ ဒါဖာနဲ့ ဘော့စနီးယားမှာ အပြစ်မဲ့တဲ့သူတွေ အသတ်အဖြတ်ခံရတယ် ဆိုရင် ကျွန်တော်တို့အားလုံးရဲ့ စိတ်ဝိဉာဉ်တွေကို အစွန်းအထင်း ဖြစ်စေတယ်။ အဲဒါဟာ ၂၁ ရာစုမှာ ကျွန်တော်တို့ ကမ္ဘာကို ဝေမျှ နေထိုင် ကြတယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ။”
“စစ်ပွဲတစ်ခုကို စရတာ လွယ်ပေမယ့် အဆုံးသတ်ဖို့ခက်တယ်။ အခြားလူတွေကို ထဲထဲဝင်ဝင် မြင်အောင် ကြည့်ရတာထက် အပြစ်တင်ရတာက ပိုလွယ်တယ်။ အခြားလူတစ်ယောက်နဲ့ ကိုယ်နဲ့ ကွဲပြားခြားနားတဲ့ အချက်ကို ရှာကြည့် ရတာက ကိုယ်နဲ့တူညီတဲ့အချက်ကို ရှာဖွေရတာထက် ပိုလွယ်တယ်။ ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ မှန်ကန်တဲ့ လမ်းကိုပဲ ရွေးသင့်တယ်။ လွယ်ကူတဲ့ လမ်းကို မရွေးသင့်ဘူး။”
Thanks to Ko Zarni for sharing this post.
---
အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည်
Wednesday, December 23, 2009
Sunday, December 20, 2009
Friday, December 18, 2009
Sunday, December 13, 2009
သူတော်စဉ်များ၏ မှတ်သားဖွယ်ကောင်းသော ဆုံးမစကား part1
''အို'' လူသားတို့
မိမိတို့သက်တန်း၌
ကောင်းမှု မကောင်းမှု
မည်မျှပြုခဲ့ကြသည်ကို
ပြန်လည်ဆန်းစစ်ကြ
သို့မှသာ ''သောင်ဗာဟ်''
ပြုချင်းစိတ်ဖြစ်ပေါ်လာပြီး
ကိယာမာသ်နေ့၌
လွယ်ကူမှုရှိလိမ့်မည်
.
ဟဇ်ရသ်အုမရ်
************
.
ဒွန္နယာလောက၏ ဥပမာသည်
အိပ်နေသူ၏ အိပ်မက်ကဲ့သို့
မကြာမီ ပျက်ပြယ်သွားမည်ဖြစ်သည်
သွားနေသူ၏နောက်မှ
ကပ်ပါလာသောအရိပ်ကဲ့သို့
မကြာမှီပျောက်ပျက်သွားမည်ဖြစ်သည်
ဒွန္နယာလောကသည်
အသိဥာဏ်ရှိသူများကိုမူ
ဤအချက်များဖြင့် မလှည့်စားနိုင်ပေ။
.
ဟစန်ဘဆ်ွရီ
************
သူတော်စဉ်များ၏ မှတ်သားဖွယ်ကောင်းသော ဆုံးမစကားပေါင်းတစ်ရာ စာအုပ်မှကောက်နှုတ်တင်ပြသည်။
Thursday, December 10, 2009
Women In Islam - Wives in Islam
Women are vital to the very existence of all humans. After all, men are born from women, not the other way around. Allah the Majestic tells us in the Quran that He has created both men and women, all from a single person, Adam, peace and blessings be upon him. From Adam, Allah created his mate (Eve) and from these two Allah brought forth many men and many women.Allah also tells us he created us all from a single soul and from him, brought forth his mate and from these two He created many tribes and nations and made us all different so that we might recognize one another.
Wives in Islam are considered mates to their “other half.” The prophet Muhammad (peace and blessings be upon him) taught his followers to get married and fulfill and complete the “other half” of their religion or way of life. Marriage is considered a complimenting of two halves to each other in Islam. These teachings seemed strange to the revealing attitude toward women at that time.
At a time when the rest of the world, from Greece and Rome to India and China, considered women as no better than children or even slaves, with no rights whatsoever, Islam acknowledged women’s equality with men in a great many respects.
The Quran states:
“And among His signs is this: that He created mates for you from yourselves that you may find rest and peace of mind in them, and He ordained between you love and mercy. Certainly, herein indeed are signs for people who reflect.” [Noble Quran 30:21]
Prophet Muhammad (peace and blessings be upon him) said:
“The most perfect in faith amongst believers is he who is best in manners and kindest to his wife.” [Source: “Sunnan” of Abu Dawud]
Muslims believe that Adam and Eve were created from the same soul. Both were equally guilty of their sin and fall from grace, and Allah forgave both. Many women in Islam have had high status; consider the fact that the first person to convert to Islam was Khadijah, the wife of Muhammad (peace and blessings be upon him), whom he both loved and respected. His favorite wife after Khadijah’s death, Ayshah, became renowned as a scholar and one of the greatest sources of Hadith literature.
Many of the female Companions accomplished great deeds and achieved fame, and throughout Islamic history there have been famous and influential scholars and jurists.
We might also mention that while many in the West criticize Islam with regard to the treatment of women, in fact a number of Muslim countries have had women rulers and presidents. To name a few: Turkey; Bangladesh and Pakistan.With regard to education, both women and men have the same rights and obligations.
This is clear in Prophet Muhammad’s (peace and blessings be upon him) saying:
“Seeking knowledge is mandatory for every believer.” [Hadith (saying of Muhammad (peace and blessings be upon him) collected by Ibn Majah] This implies men and women.
A woman is to be treated as God has endowed her, with rights, such as to be treated as an individual, with the right to own and dispose of her own property and earnings, enter into contracts, even after marriage. She has the right to be educated and to work outside the home if she so chooses. She has the right to inherit from her father, mother, and husband. A very interesting point to note is that in Islam, unlike any other religion, a woman can be an imam, a leader of communal prayer, for a group of women.
A Muslim woman also has obligations. All the laws and regulations pertaining to prayer, fasting, charity, pilgrimage, doing good deeds, etc., apply to women, albeit with minor differences having mainly to do with female physiology.
Before marriage, a woman has the right to choose her husband. Islamic law is very strict regarding the necessity of having the woman’s consent for marriage. The groom gives a marriage dowry to the bride for her own personal use. She keeps her own family name, rather than taking her husband’s. As a wife, a woman has the right to be supported by her husband even if she is already rich. She also has the right to seek divorce and custody of young children. She does not return the dowry, except in a few unusual situations.
Despite the fact that in many places and times some Muslims have not always adhered to all or even many of the foregoing in practice, the ideal has been there for 1,400 years, while virtually all other major civilizations did not begin to address these issues or change their negative attitudes until the 19th and 20th centuries, and there are still many contemporary civilizations which have yet to do so.
The prophet (peace and blessings be upon him) ordered his companions never to mistreat their wives. He scolded them and admonished them, saying “How could you treat them like animals in the day and then want to be intimate with them at night.”Prophet Muhammad (peace and blessings be upon him) said it all in a simple sentence,“The best of you are the best to their wives; and I am the best to my wives.”
Many times i have seen brothers are very good in all acts, well educated…but very bad with there wifes….
We must remember how we treat our mates is also test, and if you failed then you will be punished. Just like school & college exams….You have to pass in all Subject….If you failed in one subject, you will not enter in higher class. Same applied in here…and don’t think just fail in this test will not effect….Prophet Adam was out of Jannah becoz he disobeyed Allah’s one Order..Only One. Where you will go….???? by hurting your wifes, you are disobeying commands of Allah and order of Prophet Muhammad(pbuh), and will such peoples Enter Jannah ????? Think it.
….YOU STILL HAVE TIME…
.
Remember ::
“Be careful…. if you make a women cry because

Allah the most high counts her tears.
A women came out of the rib of man,
not his feet to be walked on,
nor his head to be superior over;
she came from his side to be his companion,
under his arm to be protected,
and next to his heart to be loved.
”May Allah forgive me if I’m wrong at any place, Ameen.
KING
slave of Allah
Special thanks to sister Ma Ma Lay.
Saturday, December 5, 2009
တမန်တော်မြတ်၏ မမေ့ပျောက်နိုင်သော သမိုင်းဝင် မိန့်ခွန်းတော်
တမန်တော်အပေါင်း၏ အချုပ်တံဆိပ်တော်ဦးစီးခေါင်းဆောင် ၊ တမန်တော်မြတ်ကြီးမုဟမ္မဒ်(ဆွ) သက်တော် ၆၃ နှစ်အရွယ် ဇွလ်ဟဂ်ျလ ၈ ရက်နေ့တွင်နောက်ဆုံးအကြိမ်ဟဂ်ျဝတ်ပြုစဉ် အာရာဖသ် ကွင်းပြင်တော်၌ မိန့်ကြားခဲ့သောသမိုင်းဝင် မိန့်ခွန်းတော် -““ ချီးမွမ်းထောမနာခြင်းဟူဟူသမျှသည် အလ္လာဟ်အရှင်မြတ်အဖို့သာတည်း။
သို့ကြောင့် ကျွန်ုပ်တို့သည် အရှင့်ကို ချီးမွမ်းထောမနာပြုကြပါ၏။အရှင်မြတ်၏ ခွင့်လွှတ်ခြင်းကို ရှာဖွေကာ အရှင့်ဘက်သို့လှည့်ပါ၏။
ကျွန်ုပ်တို့ (All Human) စိတ်တွင်းရှိ မကောင်းမှုများမှလည်းကောင်း၊ ကျွန်ုပ်တို့
(All Human) လုပ်ကိုင်ဆောင်ရွက်မှုများမှထွက်ပေါ်လာမည့်မကောင်းမှုများမှ
လည်းကောင်း၊ အရှင်ထံတော်တွင်ခိုလှုံခွင့်တောင်းခံပါ၏။
””အို - လူအပေါင်းတို့၊ ကျွန်ုပ်၏စကားကို နားဆင်ကြပါလော့၊အဘယ်ကြောင့်ဆိုသော်
ဤနှစ်ဟဂ်ျရာသီပြီး၌ ကျွန်ုပ်တို့ပြန်လည်တွေ့ဆုံနိုင်မည်၊ မတွေ့ဆုံမည်ကို မသိရှိသောကြောင့်ပင်။အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ
-အို - လူခပင်းတို့၊ ငါအရှင်မြတ်သည် အသင်တို့အားယောက်ျားမိန်းမတစ်ယောက်ဆီမှ
ဖန်ဆင်းခဲ့ပြီး အသင်တို့အချင်းချင်းတစ်ဦးကိုတစ်ဦးမှတ်မိကြအံ့သောငှာ လူမျိုးစုအသီးသီး မျိုးနွယ်အသွယ်သွယ်ပြုလုပ်တော်မူခဲ့၏။
ဧကန်စင်စစ် အသင်တို့အနက် (အလ္လာဟ်အရှင်မြတ်အား)ချစ်မြတ်နိုး ကြောက်ရွံ့ဆုံးသော၊
အပြစ်များမှ အများဆုံးကြဉ်ရှောင်သောဖြောင့်မတ်မှန်ကန်သူသာလျှင်
အလ်လာဟ်အရှင်မြတ်ထံတော်ဝယ် အမြင့်မြတ်ဆုံးသောသူဖြစ်၏။
(ကုရ်အာန် ၄၉း၁၄)
အရှင်မြတ်ထံတော်ပါးတွင်ရှိသည့် သာလွန်မှုမှလွဲ၍ ၊ အာရပ်တစ်ဦးသည်အာရပ်မဟုတ်သူတစ်ဦးထက်သည် သာလွန်သည်မဟုတ်သလို၊ အာရပ်မဟုတ်သူတစ်ဦးသည်လည်းအာရပ်တစ်ဦးထက် သာလွန်သည်မဟုတ်။ အဖြူသည်လည်း အမဲထက်မသာလွန်၊ အမဲသည်လည်းအဖြူထက်သာလွန်သည်မရှိချေ။ လူသားအားလုံးသည် အာဒမ်၏အဆက်အနွယ်သားမြေးများဖြစ်ကြပြီး ရွှံ့စေးမြေဖြင့်သာ ဖန်ဆင်းခံရ၏။မျက်မှောင့်ပြုကြလော့၊ သွေးကြွေးကြောင့် လည်းကောင်း၊ဥစ္စာဓနကြွေးများကြောင့်လည်းကောင်း လက်တုန့်ပြန်မှုအားလုံးကိုငါ၏ခြေမှောက်ရောက်စေလျက် သင်ပုန်းချေလိုက်ပြီဖြစ်သည်။ကအ်ဘာကျောင်းတော်ကို ထိန်းသိမ်းခြင်းနှင့် ဟာဂျီများကို
ရေပေးဝေခြင်းမှအပကျန်သမျှခပ်သိမ်းကား ကြွင်းကျန်မနေတော့ပြီ။
အို - ကိုရိုက်ရှ်အမျိုးသားတို့ ၊ အချို့သူများက မိမိတို့၏ ဖန်ဆင်းမွေးမြူတော်မူသောအရှင်၏ရှေ့တော်မှောက်တွင် နောင်တမလွန်ဘ၀ ဆုလာဘ်တော်များနှင့် ရှိနေစဉ်တွင်အသင်တို့သည် တရားစီရင်မည့် ထိုသည့်နေ့တော်ကြီးတွင်ဤလောကီဝန်ထုပ်ဝန်ပိုးများဖြင့် ပြည့်နှက်လျက်ရှိမနေစေလင့်။ဤသို့သောအခြေအနေတွင် ငါသည် အရှင်မြတ်နှင့်ဆန့်ကျင်လျက်အသင်တို့နှင့်အတူရှိနေမည်မဟုတ်ချေ။မျက်မှောက်ပြုကြလော့၊ အတိတ်ခေတ်က အကျင့်ဆိုးအားလုံးသည်ငါ၏ခြေအောက်ရောက်စေပြီး သင်ပုန်းချေလိုက်ပြီ၊ ချေမှုန်းပစ်လိုက်ပြီဖြစ်၏။အတိတ်ခေတ်က လက်တုန့်ပြန်မှု၊ သွေးထွက်သံယို ကလဲ့စားချေတိုက်ခိုက်မှုများ၊ရန်ငြိုးရန်စအားလုံးကို လွတ်ငြိမ်းစေလိုက်ပြီ၊ ဥပက္ခာပြုလိုက်ပြီ၊သင်ပုန်းချေလိုက်ပြီ၊ ပယ်ဖျက်လိုက်ပြီ။
အို - လူသားအပေါင်းတို့၊ အမှန်ပင်၊ အသင်တို့သည် အသင်တို့၏ ဇနီးမယားများအပေါ်တွင် အခွင့်အရေးရှိသကဲ့သို့အသင်တို့ဇနီးမယားများသည်လည်းအသင်တို့အပေါ်အခွင့်အရေးတန်းတူရှိသည်သာ။ အသင်တို့ဇနီးမယားများအားအိမ်ထောင်ရေးဆိုင်ရာအခွင့်အရေးပေးလျက် ဂုဏ်သိမ်ချီးမြင့်ရန်အသင်တို့အပေါ်တာဝန်တင်ပြီး သင့်လျော်မှုမရှိသော မမျှတသည့် အမှုမျိုးကိုမကျူးလွန်ကြလင့်။ သို့သော် (သင်တို့၏ဇနီးမယားများက စတင်၍)ထိုသို့ကျူးလွန်ကြပါလျှင် သူတို့အား အိပ်ယာခွဲရန်နှင့် ပြင်းထန်မှုမရှိသောအပြစ်ပေးရန် အခွင့်ရှိပေသည်။
အကယ်၍ အသင်တို့ဇနီးမယားများသည် စောင့်စည်းထိန်းသိမ်းသော ကာယိနြေ္ဒပိုင်ရှင်များဖြစ်ကြပါလျှင် သူတို့အား အ၀တ်တန်ဆာစီလျော်လျောက်ပတ်စွာဆင်ယင်ပေးခြင်းနှင့် ကောင်းမွန်တင့်တယ်စွာကျွေးမွေးခြင်းကို မလင့်ဟင်းကြစေလင့်။မှတ်သားလော့၊ အသင်ဇနီးမယားတို့အနေဖြင့် အသင်တို့ခင်ပွန်းသည်များ၏ခွင့်ပြုချက်မရဘဲ ပစ္စည်းတစ်စုံတစ်ရာကိုတစ်ပါးသူအားပေးကမ်းခြင်းမပြုကြလင့်။မှတ်သားလော့၊ အမျိုးသမီးများအား ကောင်းမွန်သိမ်မွေ့စွာ ဆက်ခံကြလော့။အမျိုးသမီးများနှင့်ပတ်သက်၍မူ အလ္လာဟ် အရှင်မြတ်အားကြောက်ရွံ့ကြလော့၊ ဧကန်ပင်၊ အသင်တို့သည် အလ္လာဟ် အရှင်မြတ်၏လုံခြုံစေခြင်းကာကွယ်မှုအပေါ်မှ သူမတို့အားဆောင်ယူခဲ့ကြသလို အရှင်မြတ်၏နုတ်ကပါတ်တော်များဖြင့် သူမတို့အား တရားဝင်စေခဲ့ကြသောကြောင့်ပင်။ချေးယူထားသည့် ငွေကြေးအားလုံးကို ပြန်လည်ပေးဆပ်ကြရမည်။
ချေးယူထားသည့်ပစ္စည်းဥစ္စာများကိုလည်း ပြန်လည်ပေးဆပ်ကြရမည်။ မိမိရရှိသည့် လက်ဆောင်ပဏ္ဍာများကိုလည်း အတုန့်အလှည့်ဖြင့်ပြန်လည် လက်ဆောင်ပေးသင့်လေသည်။ မိမိတို့ထံ (တစ်စုံတစ်ယောက်က) စိတ်ချယုံကြည်စွာအပ်နှံထားသည်များမှအကြောင်းတစ်ခုခုကြောင့် အပ်နှံသူတစ်စုံတစ်ရာဆုံးရှုံးခဲ့လျှင် ထိုသူသည် အကောင်းဆုံးပြုလုပ်ပေးခြင်းဖြင့်အပ်နှံသူကို ကျေနပ်စေရမည်။ အသင်တို့၏ အခိုင်းအစေများနှင့်ပတ်သတ်၍မူအသင်တို့ကိုယ်တိုင်စားသောက်သည့်အတိုင်း သူတို့အားကျွေးမွေးကြပါလေ။အသင်တို့ဝတ်ဆင်သည့်အတိုင်း သူတို့အား ဆင်ယင်ပေးပါလေ။ကျွန်ုပ်၏နောက်တွင် လမ်းမှားသို့မလိုက်မိစေရန်လည်းကောင်း၊တစ်ယောက်၏လည်ကုပ်ကို တစ်ယောက်ညှစ်သကဲ့သို့သတ်ပုတ်ခိုက်ရန်ဖြစ်ပွားခြင်းမရှိစေရန် စောင့်စည်းထိန်းသိမ်းကြပါလေ။
အမှန်စင်စစ်သော်ကား ကောင်းမှုနှင့်မကောင်း မှုတို့မှာ တူကြသည်မဟုတ်ပေ၊(သို့ဖြစ်ပေရာ) အသင်သည် (မကောင်းမှုကို) ကောင်းမှုဖြင့် ခုခံတွန်းလှန်ပါလေ။ သို့ဖြစ်လျှင် အကြင်သူနှင့် အသင်၏အကြား၌ ရန်ငြိုးရှိသော်လည်းထိုသူသည် မိတ်ဆွေအရင်းကဲ့သို့ ဖြစ်လာပေမည်။(ကုရ်အာန် ၄၁း၃၅)
** ကုရ်အာန်ကိုစွဲမြဲစွာကိုင်ထားရမည် **
Special thanks to brother ကျော်ဇေယျာဦး
Tuesday, December 1, 2009
အစ္စလာမ့်ဆန့်ကျင်ရေးစာများကို ပြန်လည်ဖြေရှင်း
Internet Email, Gmail များတွင် တွေ့သိနေရသော အစ္စလာမ့်ဆန့်ကျင်ရေးအတွက် အဓိပ္ပါယ်မဲ့စွာ ယိုးစွပ်တင်ပြချက်များ ကြောင့် မွတ်စလင်မ်လူငယ်များမှားယွင်းစွာ သုံးသပ်၊ ဆုံးဖြတ်၊ မပြုလုပ်မိစေရန် တင်ပြအပ်ပါသည်။ ယင်းစွပ်စွဲစော်ကားမှုများသည် (၁) အလ္လာဟ်အရှင်မြတ်အပေါ်၊ (၂)တမန်တော်မုဟမ္မဒ်(ဆွ)အပေါ် (၃) အစ္စလာမ်နှင့် (၄) မွတ်စလင်မ်ထုအပေါ်တွင်ပြုလုပ်ထားကြခြင်းဖြစ်ရာ အလ္လာဟ်အရှင်ကိုဆဲဆိုထားသောစာသားများပါရှိနေသဖြင့် ထာဝရ ဘုရားကို ယုံကြည်မှုရှိသောခရစ်ယာန်နှင့် ဖန်ဆင်းရှင်ကို ယုံကြည်သော ဟိန္ဒူဘာသာဝင်များရေးသားချက်မဟုတ်နိုင်ကြောင်း သာမန်ကောက်ချက်ချမိနိုင်ပါသည်။
အမှန်ဆိုရသော် ဖန်ဆင်းရှင်ကို လက်မခံသော ဗုဒ္ဓဘာသာဝင်များလည်းမည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ကြောင်း လွယ်ကူစွာပင် သိနိုင်ပါသည်။အကြောင်းမှာ -ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ငါးပါးသီလကို အထူးစောင့်ထိန်းရပါသည်။ငါးပါးသီလထဲတွင် မုသားပြောခြင်းကို ရှောင်ကြည်ရခြင်း သည်လည်းတစ်ပါးအပါအ၀င်ဖြစ်ရာ "တမန်တော်မြတ်၌ ဇနီး အယောက် (၆၁)ယောက်ရှိသည်ဟုနာမည်များဖြင့် လုပ်ကြံရေး သားမှုများပါဝင်နေသဖြင့် " ငါးပါးသီလကိုကျိုးပေါက်ရာရောက်စေသဖြင့် စစ်မှန်သော ဗုဒ္ဓ၀ါဒီတစ်ဦးမှာ ထိုအမှုကိုကျူးလွန်မည်မဟုတ်ပါ။ ကျန်စွပ်စွဲတင်ပြချက်များသည်လည်းမုသားဆင်ထားမှုများသာ ဖြစ်ပါသည်။
ဗုဒ္ဓဘာသာဝင်တစ်ဦးသည် မိမိကိုယ်၌ကလည်း ယဉ်ကျေးသိမ်မွေ့ပြီး၊တစ်ပါးသူကိုလည်း လိမ္မာယဉ်ကျေးလာအောင် ပြုပြင်ပေးတတ်သော စိတ်ထားကိုထားတတ်ကြသည်မှာ ဗုဒ္ဓတရားတော်၏ အနှစ်သာရဖြစ်ပါသည်။ "သူတစ်ပါးကိုဆုံးမသောနည်းအတိုင်း မိမိကိုယ်တိုင်လိုက်နာပြုကျင့်ရာ၏။မိမိကိုယ်တိုင် ယဉ်ကျေးပြီးသော်မှ သူတစ်ပါးကို ဆုံးမရာ၏။ မိမိကိုယ်ကိုယဉ်ကျေးအောင်ဆုံးမရခြင်းသည် ခဲယဉ်းလှစွာတကား" (ဓမ္မပဒ-၁၅၉)
မြန်မာ့ယဉ်ကျေးမှုနယ်ပယ်တွင် လူကြီးသူမတို့သည် မိမိတို့၏သားမြေးတို့အားဆုံးမသွန်သင်လေ့ရှိသော စကားတစ်ခွန်း မှာ - "အမိယုတ်က နှုတ်ကြမ်း၍ အဖယုတ်က အမူအယာကြမ်း၏" ဟူ၍ ဖြစ်ရာ မိယုတ်၊ဖယုတ် တို့မှာ နှုတ်၊ အမူအယာကြမ်း သည်ဟု အဓိပ္ပါယ်သက်ရောက်ကာမိမိမိုက်မဲမှုကြောင့် မိဘများ၏ ဂုဏ်သိက္ခာကို ထိပါးရာ ရောက်စေသဖြင့်ဤအပြုအမူမျိုးကို ရှောင်ရှားတတ်သည်ဖြစ်ရကား ယခုကဲ့သို့ယုတ်ညံ့သောစကားများကို ဆိုဝံ့သူတို့မှာ နိုင်ငံသားကောင်းတစ်ဦးလည်းမဖြစ်တန်ရာပေ။
ယင်းတို့၏ ရေးသားချက်များတွင် ဘာသာရေးရန်တိုက်ပေးခြင်း၊ လူမျိုးရေးမုန်းတီးစိတ်များဖြစ်စေရန် သွေးထိုးပေးခြင်း ဖြင့် ရှုတ်ထွေးမှုများ၊မတည်ငြိမ်မှုများဖြစ်လာအောင် တိုက်ထွန်းထားပေရာ ဤသည်လည်းဗုဒ္ဓဘာသာဝင်တစ်ဦး၏ ဂုဏ်သိက္ခာဖြင့် လုံးဝညီညွတ်ခြင်းမရှိကြောင်းတွေ့ရပြန်ပါသည်။
"သူတော်ကောင်းသည် သူနှစ်ယောက်တို့၏ညီညွတ်မှုကို ဖျက်စီးတတ်သောကုန်းတိုက် စကားပြောခြင်းကို ရှောင်ကြဉ်၏။ စိတ်ဝမ်းကွဲသောသူတို့ကိုစေ့စပ်၏။ ညီညွတ်ပြီးသောသူတို့ကို အမြဲညီညွတ်အောင် ကူညီ၏။ ပြောဆို၏။"(မဇ္ဈိမနိကာယ်၊ ဆဗ္ဗိသောဓနသုတ်)။
သို့ရှိရာ မွတ်စလင်မ်လူငယ်တို့သည် Internet Email, Gmailများတွင်တွေ့နေရသော အစ္စလာမ်ဆန့်ကျင်ရေး၊ မွတ်စလင်မ်မုန်းတီး ရေး၊၀ါဒဖြန့်စာသားများကို ရေးသားတင်ပြနေသူမှာ ဗုဒ္ဓဘာသာဝင်ဖြစ်ရမည်ဟုတွေးမထင်ကောင်းပါ။ ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ထိုသို့သော အောက်တန်းကျသည့်အမှုအား ဘယ်နည်းဖြင့်မျှ မပြုလုပ်နိုင်ပါ။ ထိုသို့ အသိမရှိဘဲနှင့်အထင်မှားမိပါက မိမိ၌ပင် အပြစ်ဖြစ်စေနိုင်ပါသည်။
"အို-ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည်များစွာသောထင်မြင်ယူဆချက်များမှရှောင် ကြဉ်ကြလေကုန်။ ဧကန်အမှန် အချို့သောထင်မြင်ယူဆချက်များမှာ အပြစ်ပင်ဖြစ်ပေသည်။" (ကုရ်အာန် ၄၉း၁၂)
(၁) အစ္စလာမ်တွင် စစ်ပွဲများကို ခွင့်ပြုထားရခြင်း မက္ကာဟ်သားမုရှရီက်တို့၏ စော်ကားမှု၊ အနိုင်ကျင့်မှု၊ ဖိနှိပ်မှုများကိုတမန်တော်မုဟမ္မဒ် (ဆွ)ကို လက်ခံခဲ့ကြသော သူတို့မှာ ဒလစပ်ခံခဲ့ကြရပြီး၊အလ္လာဟ်ဘက်မှ ပြန်လည်တုံ့ပြန်၍ အခွင့်အရေးမပေးသေးသဖြင့် နင်းပြားဘ၀သို့ရောက်ခဲ့ရပုံမှာ ကမ္ဘာ့သမိုင်းပညာရှင်တို့အတွက် ကရုဏာသက်ဖွယ်တစ်ရပ်အဖြစ်မှတ်တမ်းဝင်ခဲ့ရပါသည်။ အလ္လာဟ်အရှင်၏ ရည်ရွယ်ချက်မှာ အစ္စလာမ်သည်မွန်မြတ်မှန်ကန်သော လမ်းစဉ်အယူဝါဒဖြစ်ကြောင်းကို လက်တွေ့ပြသရန်ရည်ရွယ်သည်ဖြစ်ရကား အစတွင် မေတ္တာတရားကို ကိုယ်ထင်ပြဖို့ငုံ့ခံခိုင်းခဲ့ပါသည်။ ပြီးနောက်မှ သစ္စာတရားကို ခိုဝင်ကြဖို့တုံ့ပြန်ခိုင်းပါသည်။
အစ္စလာမ်သာသနာတွင် စစ်ပွဲဆင်နွှဲရန် ခွင့်ပြုထားသော်လည်း သဘာဝကျသောသာသနာ၊ လက်တွေ့ဆန်သော သာသနာ၊ လွယ်ကူရိုးရှင်းသော သာသနာ၊ တရားမျှတကိုမျက်ခြေအပြတ်မခံသောသာသနာ၊ မေတ္တာတရားကို အပျိုရည်မပျက်စေသော သာသနာ၊အမှန်တရားနှင့်ယှဉ်သော သာသနာ ဖြစ်သည့် အားလျော်စွာ စည်းကမ်းချက်များကိုတင်းကြပ်စွာချမှတ်ထားပါသည်။
"လာရောက်တိုက်ခိုက်သူတို့အား ပြန်တိုက်ကြလေကုန်။" (ကုရ်အာန် ၂း၁၉၁) အစ္စလာမ်တွင် ခုခံစစ် သက်သက်ကိုသာ ခွင့်ပြုထားပြီး ၊ကျူးကျော်စစ်ဟူသမျှကို အားမပေးပါ။ မထောက်ခံပါ။ မပြုခိုင်းပါ။ ဤသို့ တရားသော ခုခံစစ်၊ ပြန်တိုက်ခွင့်ကို ခွင့်ပြုခဲ့သည့် အချိန်မှာဟစ်ဂျရီ (၂)ခုနှစ်၊ ဆွဖရ်လ ၁၂ ရက်နေ့တွင် ဖြစ်ရာ တမန်တော်သက်တော်(၅၅)နှစ်ရောက်မှသာ ဖြစ်ပါသည် တနည်းဆိုသော် မွတ်စလင်မ်တို့သည် ၁၅နှစ်လုံးလုံး အနိုင်ကျင့်ခံ ဘ၀ဖြင့် နေထိုင်ခဲ့ကြရပါသည်။
"အလ္လာဟ့်လမ်း၌ အသင်တို့ကို တိုက်ခိုက်လာသူတို့အား တိုက်ခိုက်ကြကုန်လော့။သို့ရာတွင် အသင် တို့သည် စည်းဖောက်သူများ မဖြစ်ကြကုန်လင့်။အလ္လာဟ်အရှင်မြတ်သည် စည်းကမ်း၊ ဖောက်ဖျက်သူတို့အား နှစ်သက်တော်မမူပေ။လာရောက်တိုက်ခိုက်သူတို့အား တွေ့ရှိရာအရပ်၌ သုတ်သင်ကြလေကုန်။ အသင်တို့ကိုနှင်ထုတ်ခဲ့ကြသော နေရာမှ အသင်တို့ကလည်း ပြန်လည် နှင်ထုတ်ကြလေကုန်။ညှဉ်းပမ်းနှိပ်စက်ခြင်းသည် သတ်ဖြတ်ခြင်းထက်ပင် ပို၍ဆိုးရွားလှ ပေသည်"ကုရ်အာန် (၂း၁၉၀-၁၉၁)
- အလွန်ရိုးစင်းလှသော စည်းကမ်းလမ်းညွှန်ပင် - (က) အလ္လာဟ့်လမ်း၌ လာရောက်တိုက်ခိုက်သူတို့အား ပြန်တိုက်ရန် (ခ) စည်းမကျူးကြရန် (ဂ) ကျူးကျော်သူကို တွေ့ရာအရပ်၌ နှိမ်နှင်းရန် (ဃ) မိမိတို့ ပိုင်ဆိုင်သောနေရာမှာ ပြန်လည်နှင်ထုတ်ရန်ဟုသာဆက်တိုက်ပြောထားရာ (၁) မိမိအိမ်၌ မိမိနေသော (၂) မိမိအလုပ်မိမိလုပ်နေသော (၃)မိမိနေရာ၌ မိမိရှိနေသော (၄) မွတ်စလင်မ်တို့အား မကျူးကျော်သော ၊မစော်ကားသော သူတို့အား ဘာတစ်ခုမျှ ပြုလုပ်ရန် ညွှန်ကြားထားချက် မရှိပါ။ မပါပါ။
အစ္စလာမ်တွင် ခုခံစစ်ကို ခွင့်ပြုရခြင်း၏ ရည်ရွယ်ချက်မှာ "ညှင်းပမ်းမှုလုံးဝ ပပျောက်သွားသည့်အထိ၊ သာသနာသည် အလ္လာဟ့်အတွက်ဖြစ်သည့်တိုင် ပြိုင်ဆိုင် တိုက်ခိုက်ကြလေကုန်။ သို့ရာတွင် ထိုသူတို့သည်စစ်တိုက်ခြင်းကို ရပ်စဲကြပါလျှင် ညှင်းပမ်းနှိပ်စက်သူတို့မှတစ်ပါးအခြားသူများကို ရန်လိုစရာ အကြောင်းမရှိပေ။" (ကုရ်အာန် ၂း၁၉၃) "သာသနာရေး၌ အဓမ္မ စနစ် မရှိစေရ။" (ကုရ်အာန် ၂း၂၅၆) သို့ရှိပေရာ အစ္စလာမ်တွင် စစ်တိုက်ခွင့်ရှိသည်ဟု ဆိုရာ၌ - (က) တရားသောခုခံစစ်သာ ဖြစ်ရပေမည်။ (ခ) ကျူးကျော်စစ် လုံးဝမဖြစ်စေရ။ (ဂ) စည်းကမ်းမဖောက်ရ။ (ဃ) ညှင်းပမ်းနှိပ်စက်မှု မရှိစေရ (င) စစ်ပြေငြိမ်းပါက ရန်မလိုရ ဟူသောအချက်များနှင့်အညီသာပြုခွင့်ပေးထားခြင်းသာ ဖြစ်ပါသည်။အစ္စလာမ်သည် ဘာသာအယူဝါဒ မတူသူများနှင့် ငြိမ်းချမ်းစွာ အတူနေထိုင်ခွင့်ရှိသည်။ " အို လူသားအပေါင်းတို့၊ ငါအရှင်သည် အသင်တို့အား တစ်မိတစ်ဖတည်းမှဖန်ဆင်း ပြုလုပ်တော်မူခဲ့သည်။"(ကုရ်အာန် ၄၉း၁၃)
ဤအာယသ်တော်သည် လူသားအပေါင်းတို့သည် ကမ္ဘာအိမ်ထောင်စုကြီးဖြစ်သည်ဟုဖော်ညွှန်းထားခြင်းဖြစ်သည်။ အစ္စလာမ်က ဤအတိုင်းပင်ခံယူထားပါသည်။ "အသင်တို့အား ဘာသာရေး၌ မတိုက်ခိုက်သူများ၊ အသင်တို့အား အိမ်များမှမနှင်ထုတ်သူများအား ကောင်းကျိုးပြုပေး ခြင်းနှင့်တရားမျှတစွာဆက်ဆံခြင်းကို ငါအရှင်မြတ်က မတားမြစ်ပါ။" (ကုရ်အာန် ၆၀း၈) "အသင်တို့သည် လူသားထုတစ်ရပ်လုံးအတွက်အကောင်းဆုံးပေါ်ထွက်လာသူများပင်။" (ကုရ်အာန် ၃း၁၁၀) "ထို မယုံကြည်သူတို့အား ခွင့်လွှတ်ပါ။ ငြိမ်းချမ်းရေးပြောပါ။သူတို့သည် မကြာမီ သိလာကြမှာပါ။" (ကုရ်အာန် ၄၃း၈၉) "မွတ်စလင်မ်ဟူသည် လူသားတို့အားသူ၏ နှုတ်ဖြင့်လည်းကောင်း၊ သူ၏လက်ဖြင့်လည်းကောင်း ငြိမ်းချမ်းရာရစေကြောင်း ဖန်တီးပေးသူသာဖြစ်၏ "(တမန်တော်မြတ် ၏နောက်ဆုံး ဟဂ်ျမိန့်ခွန်း)
အစ္စလာမ်ကပြဆိုသော အိမ်ထောင်ရေး ကမ္ဘာပေါ်တွင်ရှိသော ဘာသာသာသနာအသီးသီးသည် ကြည်ညိုလေးစားဖွယ်ရာအပေါင်းနှင့်ပြည့်နှက်နေပါသည်။ ကိစ္စရပ်များအတွက်လည်းစည်းကမ်းနည်းလမ်းများ ချမှတ်သွန်သင်ထားပါသည်။အိမ်ထောင်ရေးကိစ္စနှင့်ပတ်သက်၍ ညွှန်ကြား ပြသရာ၌ အစ္စလာမ်သည်အပြည့်စုံဆုံးဟု ဆိုရပေမည်။ မည်သည့်အယူဝါဒကမျှ အမျိုးသားသည် ဇနီးမယားဘယ်နှစ်ဦးယူခွင့်ရှိသည်ကိုတိတိပပ ပြောဆိုထားခြင်းကို မတွေ့ရပေ။ ယဉ်ကျေးမှုဓလေ့ထုံးထမ်းအရသာအိမ်ထောင်သားမွေးပြုကြပြီး တစ်လင်တစ်မယားစနစ်ကို အများအားဖြင့်ကျင့်သုံးနေကြပါသည်။
အစ္စလာမ်သည် သဘာဝကျသော သာသနာဖြစ်သည့်အားလျှော်စွာ အမျိုးသားတစ်ဦးအားဇနီးတစ်ယောက်သာ ယူရမည်ဟု ပြောမထားပါ။ ဤသို့သတ်မှတ်ထားပါက အချို့သောသူများအတွက် ပြဿနာများပေါ်ပေါက်လာနိုင်ပါသည်။ သို့သော်တစ်လင်တစ်မယားစနစ်သည်သာ အကောင်းဆုံးဖြစ်ကြောင်းကိုတော့ပီပြင်စွာတင်ပြထားသည့်တစ်ခုတည်းသော သာသနာဖြစ်ပါသည်။
အသင်တို့သည် ခိုကိုးရမဲ့ မိဘမဲ့ကလေးများနှင့်ပတ်သက်၍ တရားမျှတမှုအတွက်စိုးရိမ် မကင်းဖြစ်ပါမူ အမျိုးသမီး တစ်ဦး (သို့မဟုတ်)အသင်တို့လက်ယာလက်ကပိုင်ဆိုင်သော ကျွန်မ တစ်ဦးနှင့်ပင် လက်ထပ်ရပေမည်။(ကုရ်အာန် ၄း၃) ဤအာယသ်တော်အား ခွဲခြမ်းစိစစ်သော်-(က) မိဘမဲ့ ကလေးများကို စာနာသနားမှု (ခ) တရားမျှတမှုကိုရှေ့တန်းတင်ခြင်း(ဂ) တစ်ဦးတည်းယူရန် အသားပေးခြင်း (ဃ) ကျေးကျွန်ကို ဂုဏ်ပေးကာသူကောင်းပြုစေမှုတို့ပါဝင်နေသည်မှာ ထင်ရှားနေပါသည်။
တမန်တော် မုဟမ္မဒ် (ဆွ) ခေတ်အချိန်၌ ကျွန်ပိုင်ရှင်စနစ်ထွန်းကားနေပြီးကျွန်လူတန်းစားတို့ခမျာမှာလည်း အနှိမ်ခံ၊ အနိုင်ကျင့်ခံ ဘ၀မျိုးဖြင့်အဆင့်အတန်းနိမ့်ကျကာ လူဖြစ်ကျိုးမနပ်ဖြစ်နေကြရရှာပေသည်။ သို့ရှိရာအစ္စလာမ်သည် လူလူချင်း တစ်ဘက်သတ်အနိုင်ကျင့်မှုကို လက်မခံ၊ အားမပေးသောသာသနာဖြစ်သည့် အားလျှော်စွာ ကျွန်စနစ်ပပျောက်ရေးကို လက်တွေ့အကောင်အထည်ဖော်ကာ ရှေ့တန်းက ရပ်တည်ဆောင်ရွက်ခဲ့ပါသည်။ သည့်အတွက်ကြောင့်ပင် အစ္စလာမ့်မဏ္ဍိုင်ကြီး (၅) ရပ်အနက်မှတစ်ရပ်အပါအ၀င်ဖြစ်သော ဇကားသ်(သန့်စင်ဒါန) ငွေကြေးကို ပေးသည့်အခါ၌ "ကျွန်ဘ၀မှ လွတ်မြောက်စေရန်" အတွက်ပါပေးကြရန် မိန့်ကြားထားပါသည်။(ကုရ်အာန် ၉း၆၀)။ ထို့ပြင် ဂျန္နသ်သို့ စံမြန်းရမည့်သူတော်ကောင်းတို့၏အရည်အချင်းကိုဖော်ကျူးရာတွင်လည်း - "ကျွန်တစ်ဦးကိုလွတ်မြောက်စေမှု"သည်လည်းတစ်ရပ်အပါအ၀င်ဖြစ်နေပြန်ပါသည်။}} (ကုရ်အာန် ၉၀း၁၃) အစ္စလာမ်သည် ကျွန်လူတန်းစားကိုသနားကြင်နာခိုင်းပါသည်။ကယ်တင်ခိုင်းပါသည်။ ကောင်းမွန်ရာကိုပြုစေပါသည်။ "ကြင်ဖော်မရှိသော ယောက်ျား-မိန်းမတို့အားလည်းကောင်း၊ ကောင်းသောကျွန်-ကျွန်မများကိုလည်းကောင်း ထိမ်းမြားပေး ကြပါလေ။" (ကုရ်အာန် ၂၄း၃၂)
အစ္စလာမ်သည် ဘာသာခြားအမျိုးသမီးများကိုယူ၍ သာသနာမပြုခိုင်းပါ။"ယုံကြည်သူ မုရှ်ရီက်ထက်စာလျှင် ယုံကြည်သူ ကျွန်မကပို၍ကောင်းမြတ်လှပေသည်။" (ကုရ်အာန် ၂း၂၂၁)
ဟစ်ဂျရီ ၂ ခုနှစ် ၊ ဆွဖရ်လ (၁၂)ရက်နေ့၌ စော်ကားကျူးကျော်သူတို့အားပြန်လည်ခုခံပိုင်ခွင့် ရရှိသွားသဖြင့် အများ ငြိမ်းချမ်းအတွက်မဖြစ်မနေစစ်ပွဲများကို မလွှဲမရှောင်သာဆင်နွှဲခဲ့ကြရလေရာ ခုခံစစ်ပွဲများ၌ကျဆုံးသွားသော ရှဟီဒီ အာဇာနည်များ၏ ဇနီးမယားများမှာ မုဆိုးမဘ၀သို့ဆိုက်ရောက်သွားခဲ့ရပါသည်။ ဤသို့စစ်ပွဲများ ဖြစ်ပွားပြီးတိုင်း မုဆိုးမအရေအတွက်တိုးလာရာ သူမတို့၏ဘ၀ လုံခြုံရေးအတွက်နှင့် အဖမဲ့ကလေးများ၏ရပ်တည်ရှင်သန်ရေးတို့အတွက် အကာအကွယ် ပေးရန်နှင့် နွေးထွေးသောမေတ္တာပေးရန်လိုအပ်လာပါသည်။ ထို့အတွက်ကြောင့် တမန်တော် မုဟမ္မဒ် (ဆွ)က မိမိ၏နောက်လိုက် ဆွဟာဗဟ်တို့ကို မုဆိုးမများကို တရားဝင်ထိမ်းမြားယူကြပါရန်မိန့်ကြားရာတွင် ဆွဟာဗဟ်များကလည်း မန်တော်၏အဆိုအမိန့် ကို နာခံကြပါသည်။ဤနေရာ၌ သိထားအပ်သည်မှာ -
မဒီနာရှိ အန်ဆွာရီ ဆွဟာဗဟ်တို့သည် မိမိတို့၏ ဥစ္စာပစ္စည်းများအားမရှိရှာသော ဆွဟာဗဟ်များကို မိမိတို့၏ ပိုင်ဆိုင်မှုအနက်မှ ၅၀ရာခိုင်နှုန်းကိုပင် ပေးဝံ့သူများ၊ ပေးခဲ့ကြသူများ ဖြစ်ကြသကဲ့သို့။ မက္ကာမှ မုဟာဂျီရီးန်ဆွဟာဗဟ်တို့သည်လည်း မိမိတို့ပိုင်ဆိုင်သောဥစ္စာပစ္စည်းများ၊ အိုးအိမ်များအားလုံးကိုပင် စွန့်ဝံ့သူ များဖြစ်ကြရာသူတို့၏ နှလုံးသားစိတ်အစဉ်တွင် စွန့်လွတ်အနစ်နာခံလိုစိတ်များဖြင့်သာထုံမွန်းနေသူများဖြစ်ကြောင်း နားလည်ရ ပါမည်။ အမျိုးသမီးများကိုတစ်ဦးထက်မက လက်ထက်ခဲ့ကြခြင်းမှာ အကာအကွယ်ပေးလိုမှုကြောင့်သာ ဖြစ်ပါသည်။ကာမဂုဏ် လိုက်စားဖို့အတွက် တဏှာကျူးလွန်ရန် စိတ်ကူးမရှိပါ။ ဤသည်ကိုအလ္လာဟ်ကလည်း ပြင်းထန်စွာ သတိပေးထားပါသည်။
"မိမိတို့၏ ဥစ္စာပစ္စည်းများဖြင့်ကာမဂုဏ်လိုက်စားသူများအဖြစ်နှင့်မဟုတ်ဘဲ၊ ထိန်းသိမ်း စောင့်ရှောက်သူများအဖြစ်နှင့်သာ ထိမ်းမြားကြလေကုန်။" (ကုရ်အာန် ၄း၂၄) အစ္စလာမ်သာသနာ၏ သင်ကြားချက်၌ မိမိမလုပ်သောအလုပ်ကို သူတစ်ပါးအားလုပ်ခိုင်းခြင်းကို အလွန်စက်ဆုပ်ဖွယ်ရာ အဖြစ် မှတ်ယူပါသည်။ "အသင်တို့ မပြုလုပ်သောကိစ္စကို အဘယ်အတွက်ကြောင့် ပြောဆိုနေကြပါသနည်း။အလ္လာဟ့်ထံတွင် အသင်တို့ မပြုလုပ်သော ကိစ္စကို ပြောဆိုခြင်းသည်အလွန်ပင်ရွံ့စရာကောင်းလှ ပေသည်။"(ကုရ်အာန်၆၁း၂-၃) ထို့ကြောင့် တမန်တော်မြတ် (ဆွ)သည် ဆွဟာဗဟ်များကို မုဆိုးမများကိုစောင့်ရှောက်ရန် သင်ကြားရာ၌ မိမိကိုယ်တိုင် လည်းလက်တွေ့စံပြပြုကျင့်ခဲ့ပါသည်။ သည့်အတွက်ကြောင့်လည်း တမန်တော်မြတ်၏ဇနီး(၁၁)ပါးတွင် အာအိရှာသခင်မသာလျှင် အပျိုဖြစ်ကာ ကျန် (၁၀)ယောက်မှာမုဆိုးမများသာ ဖြစ်ခဲ့ကြပါသည်။
အာအိရှာသခင်မနှင့် ပတ်သက်၍ ယိုးစွတ်ချက်တစ်ခုမှာ တမန်တော်မြတ်(ဆွ)သည် သခင်မအား အရွယ်မရောက်သေးခင် ထိမ်းမြားခဲ့သည်ဟူ၍ ဖြစ်ပါသည်။ ဤသည်ယုတ္တိကင်းသော စွပ်စွဲချက်တစ်ခုသာ ဖြစ်ပါသည်။ အစ္စလာမ်၏ သင်ကြားချက်၌(က) အရွယ်မရောက်သေးသောသူကို ထိမ်းမြားလက်ထက်ခွင့်မရှိပါ။ (ကုရ်အာန် ၄း၆)(ခ) အမွေတစ်ရပ်အနေဖြင့်လည်း အဓမ္မသိမ်းပိုက်ခွင့်မရှိပါ။ (ကုရ်အာန် ၄း၁၉) အစ္စလာမ်ကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်မှုများရှိစဉ်အခါသမယ၌တမန်တော်ကိုယ်တိုင်က ကုရ်အာန်နှင့် ဆန့်ကျင်သော အမှုများကို ပြုခဲ့သည်ဟုဆိုပါလျှင် -(၁) အစ္စလာမ်ကို မလိုလားသည့်မက္ကာသား မုရှရီက်တို့၏ တွံတွေးခွက်၌ပက်လက်မျောရမည့်အဖြစ်ပင်။(၂) နောက်လိုက်တို့၏ စိတ်ကူးတွင်လည်း သူကိုယ်၌က မလိုက်နာသောမလုပ်နိုင်သော ကိစ္စအား မိမိတို့ကို ခိုင်းစေသဖြင့် အလ္လာဟ်ရွံသောသူအဖြစ်ရှုမြင်သွားကာ အားလုံးက တမန်တော်အပါးမှ ဆုတ်ခွာသွားကြမည်မှာ ဧကန်ပင်။(၃) တမန်တော်နှင့် ဆွဟာဗဟ်များအကြား၌ အတူရောနှောနေကြသော "မုနာဖိက်"အယောင်ဆောင်မွတ်စလင်မ်များအဖို့မူ တမန်တော်နှင့် ဆွဟာဗဟ်များအကြား၌ဤကိစ္စကိုအကြောင်းပြု၍ သွေးခွဲရန်လည်း မဟာအခွင့်အရေးတစ်ရပ်ပင် မဟုတ်ပါလား။သို့သော် -
(က) မက္ကာသား မုရှရီက်တို့၏ လက်ညှိုးထိုးကဲ့ရဲ့ခြင်းကို တမန်တော်မြတ်မခံခဲ့ရခြင်း(ခ) ဆွဟာဗဟ်တို့၏ အကြည်ညိုပျက်ခြင်းကိုလည်း မခံခဲ့ရခြင်း(အာအိရှာသခင်မ၏ ဖခင်ကြီးအပါအ၀င်)(ဂ) မုနာဖိက်တို့အတွက် သွေးခွဲစရာ၊ ၀ါဒဖြန့်စရာဖြစ်ရအောင် ဟာကွက်၊ပျော့ကွက် မရှိခဲ့ခြင်းမှာ တမန်တော်သည် မိမိပြောသော စကားကိုမိမိကိုယ်တိုင် လိုက်နာခဲ့သောကြောင့်သာဖြစ်ပေသည်။ တမန်တော်မြတ်အား လူပျိုလူလွတ်ဘ၀၌ပင် မက္ကာခေါင်းဆောင်များသည်အစ္စလာမ်ကို ဆက်လက်မဟောကြားက အိုးအိမ်၊ ရတနာပစ္စည်း၊ မက္ကာမြို့ရဲ့အာဏာနှင့်နှစ်သက်ရာအမျိုးသမီးများကို ပေးမည်ဖြစ်ကြောင်း ကမ်းလှမ်းလာရာတွင်တမန်တော်မြတ် (ဆွ) က ခါးခါးသီးသီးငြင်းဆန်ခဲ့ပါသည်။ တမန်တော်သည် အာဏာလည်းမမက်ပါ၊ စည်းစိမ်လည်း မမက်မောပါ။ မိန်းမလည်း မက်မောခြင်းကင်းကြောင်းလက်တွေ့သက်သေထူခဲ့ပြီးပါပြီ။
သက်တော် (၂၅)နှစ်၌ မုဆိုးမတစ်ဦးဖြစ်သူ ခတီဂျာသခင်မနှင့်လက်ထပ်ထိမ်းမြားပြီး တစ်လင်တစ်မယားစနစ်ကို တာဝန်သိသိ၊သိက္ခာရှိရှိထူထောင်သွားခဲ့သည်မှာ ခတီဂျာသခင်မ ကွယ်လွန်ချိန် တမန်တော်မြတ်သက်တော် (၄၈)နှစ်အထိပင် ဖြစ်ပါသည်။ ခတီဂျာသခင်မနှင့် (၂၃)နှစ်တာတစ်လင်တစ်မယားစနစ်ဖြင့် နေထိုင်ခဲ့သော တမန်တော်မြတ်အား လူပျိုဘ၀၌ရော၊အိမ်ထောင်သည်ဘ၀၌ပါ မိမိအား စွဲလန်းချစ်ခင်နှစ်သက်သော အမျိုးသမီးများစွာရှိခဲ့ရာ စိတ်ဝင်စားမှုလုံးဝမရှိခဲ့ဘဲ အားနည်းသူ ကျွန်များ၊အမျိုးသမီးများဘက်မှ လူနည်းစုဘက်မှ ရပ်တည်ကာကွယ်ပေးရင်း၊ လူမှု့ဘ၀ကိုမြှင့်တင်ပေးခြင်း၊ အစ္စလာမ့်တရားကို ဖြန့်ချီရင်းဖြင့်သာ မိမိဘ၀ကိုတန်ဘိုးရှိရှိ၊ သိက္ခာသမာဓိအပြည့်ဖြင့် နေထိုင်သွားခဲ့သဖြင့် ဘာသာမတူသူကမ္ဘာ့သမိုင်းပညာရှင် တို့၏ လေးစားမှုကို အပြည့်အ၀ရရှိခဲ့ပါသည်။ ဤနေရာ၌ ဟိန္ဒူဘာသာဝင်တစ်ဦးဖြစ်ပြီး အိန္ဒိယပြည်၏စံပြခေါင်းဆောင်ကြီးဖြစ်သော မဟတ္တမဂန္ဓီကြီး၏ စကားကိုကိုးကားဖော်ပြရပါသော်- "ကျွန်ုပ်တို့ ရိုးစင်းသော ၀တ်စားဆင်ယင်မှုနှင့် ရိုးစင်းသောဘ၀ကိုနှစ်သက်ခြင်းတို့မှာ တမန်တော်မြတ် မုဟမ္မဒ်ကို အားကျ၍ ဖြစ်ပါသည်။" "အကြင်သူတစ်ဦးသည် အစ္စလာမ်ကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာမည်ဆိုပါကအစ္စလာမ်ဘာသာကို ကျွန်ုပ်ကဲ့သို့ပင် ချစ်ခင်လေးစားလိုစိတ်များတဖွားဖွားပေါ်ပေါက်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
အစ္စလာမ်သည် အကြမ်းဖက်မှုကို အားမပေး၊ အလ္လာဟ်သည် စစ်ကို မလိုလား "၄င်းတို့သည် စစ်မီးကို မွှေးသော အခါတိုင်း အလ္လာဟ်အရှင်မြတ်သည်ထိုစစ်မီးကို ငြိမ်းစေ တော်မူခဲ့သည်။ ၄င်းပြင် ထိုသူတို့သည် ကမ္ဘာပေါ်ဝယ်ပျက်စီးရာ ပျက်စီးကြောင်း ကြိုးပမ်း အားထုတ်ကြကုန်၏"(ကုရ်အာန် ၅း၆၄) "ထို့ပြင် ၄င်းတို့သည် သင်တို့ထံ စစ်မက်ကျေအေးရန်ကမ်းလှမ်းခဲ့ကြပါမူ၊ အလ္လာဟ် အရှင်မြတ်သည် အသင်တို့အား စစ်တိုက်ကြရန်မည်သည့်နည်းလမ်းကိုမျှ ခွင့်ပြုတော်မူမည် မဟုတ်ပေ။" (ကုရ်အာန် ၄း၉၀)
မျိုးပြုန်းသတ်ရန်ဝေးစွ၊ တစ်ဦးတစ်ယောက်ကိုပင် မတရားသတ်ဖြတ်ခွင့် မရှိ "မည်သူမဆို တစ်ဦးတစ်ယောက်အား အသက်တစ်ချောင်း၏အစားလည်းမဟုတ်၊တိုင်းပြည်၌ သောင်းကျန်းဖျက်စီးမှု ကြောင့်လည်းမဟုတ်၊သတ်ဖြတ်ခဲ့ပါမူထိုသူသည် လူသားအားလုံးကို သတ်ဖြတ်သကဲ့သို့ပင်။"(ကုရ်အာန်၅း၃) တမန်တော်မြတ်သည် မက္ကာကို ပြန်လည်အောင်နိုင်သောအချိန်၌ ဖျက်စီးခဲ့သောနတ်ရုပ်ထုများမှာ တမန်တော် အာဒမ်(အ-စ) အုတ်မြတ်ချ၍ တမန်တော် အိဗ်ရာဟီမ်(အ-စ)မြှင့်တင်ခဲ့သော အလ္လာဟ့်အိမ်တော်မှ နတ်ရုပ်များသာဖြစ်ပြီး၊မက္ကာခေါင်းဆောင် အဗူစူဖီယာန်အိမ်မှ ရုပ်ထုများကို မဖျက်စီးခဲ့သလို၊အခြားမည်သည့်အိမ်၊ မည်သည့်ဆိုင်၊ မည်သည့်နေရာမှ မိမိတို့ဆန္ဒအလျောက်ပြုလုပ်ထားရှိသော ကိုးကွယ်ရာ ရုပ်ထုတစ်ခုတစ်လေကိုမျှပင်ဖျက်စီးတော်မမူခဲ့ပါ။ လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားခဲ့ပါသည်။ကအ်ဗဟ်ကျောင်းတော်သည် တစ်ပါးတည်းသော အလ္လာဟ်အရှင်မြတ်၏အိမ်တော်ဖြစ်သည့်အတွက် ရုပ်ထုထားရှိခွင့်မပြုသဖြင့်ဖျက်ဆီးခဲ့ရခြင်းဖြစ်ပါသည်။
အစ္စလာမ်သည် အခြားဘာသာတရားကို ဖျက်စီးရန်ဝေးစွ၊ မကောင်းပြောခြင်းကိုပင် တားမြစ်၏ "အလ္လာဟ်အရှင်မြတ်အပြင် ယင်းသူတို့တသကိုးကွယ်နေကြသောကိုးကွယ်ရာများကို မကောင်းပြောဆို ကဲ့ရဲ့ခြင်းမပြုကြနှင့်။" (ကုရ်အာန်၆း၁၀၈)
အခြားဘာသာဝင်တို့၏ အဆောက်အဦးများကို ကာကွယ်စောင့်ရှောက်ခိုင်းထားသည် "အကယ်၍ အလ္လာဟ်အရှင်မြတ်သည် လူသားတို့၌ တစ်ချို့ကိုတစ်ချို့ဖြင့်ကာကွယ် တော်မူခြင်းမရှိပါက ဘုန်းတော်ကြီး ကျောင်းများ၊၀တ်ကျောင်းတော်များ၊ မေတ္တာပွားများရာ တရား စခန်းရိပ်သာများ၊အလ္လာဟ်နာမတော်ကို တသပွားများရာ မတ်စ် ဂျီဒ် ဗလီဝတ်ကျောင်းတော် များသည်ဧကန်အမှန် ဖြိုဖျက်ခြင်းခံကြရပေမည်။" (ကုရ်အာန် ၂၂း၄၀) ပါကစ္စတန်နိုင်ငံတွင် ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော၊ အဖိုးမဖြတ်နိုင်သောအမွေအနှစ်များအား ယနေ့ထက်တိုင် ပါကစ္စတန် အစိုးရနှင့် ပြည်သူများကအမျိုးသားယဉ်ကျေးမှုအမွေအဖြစ် ဂုဏ်ယူစွာ စောင့်ရှောက်ထားကြပါသည်။
မွတ်စလင်မ်အများဆုံးနေရာ အင်ဒိုနီးရှား၌လည်း ကမ္ဘာ့အကြီးဆုံးဗုဒ္ဓဘာသာအဆောက်အဦးကြီးဖြစ်သော "ဗောရော- ဗုဒ္ဓေါ" စေတီတော်ကြီးကိုမိမိတို့ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှုအမွေတစ်ရပ်အဖြစ် အားလုံးကပင်ဂုဏ်ယူထိန်းသိမ်းနေကြပါသည်။ ကမ္ဘာပေါ်ရှိအစ္စလာမ်နိုင်ငံများတွင် လူများစုမွတ်စလင်မ်များနှင့်လူနည်းစုဘာသာခြားတို့သည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ကြကာယဉ်ကျေးမှုအမွေအနှစ်များနှင့် ဘာသာရေးအဆောက်အဦးများကိုအပြန်အလှန်အကာအကွယ်ပေးကြပေသည်။
မွတ်စလင်တို့ ဓါးမိုး၍ သာသနာမပြုခဲ့ပါ မွတ်စလင်တို့သည် စပိန်နိုင်ငံကိုနှစ်ပေါင်း ၈၀၀ တိုင်အုပ်စိုးသွားခဲ့ကြပါသည်။ စပိန်က မွတ်စလင်တို့သည် တိုင်းသူပြည်သား များအစ္စလာမ်ကို ကူးပြောင်းလက်ခံရေးအတွက် ဘယ်တုံးကမှဓါးမိုးပြီးအတင်းအဓမ္မမပြုခဲ့ကြပါ။ မွတ်စလင်မ်တို့သည် အိန္ဒိယနိုင်ငံကြီးကို နှစ်ပေါင်း ၁၀၀၀ ခန့်အုပ်ချုပ်ခဲ့ပါသည်။ သူတို့သာဆန္ဒရှိခဲ့ပါလျင် အိန္ဒိယမှာရှိသောမွတ်စလင်မ်မဟုတ်သောသူများကို တစ်ဦးမကျန်အစ္စလာမ်ဘာသာကိုကူးပြောင်းလက်ခံကြရမယ်ဆိုပြီး အင်အားသုံးကာ ဆောင်ရွက် နိုင်ပါသည်။အိန္ဒိယတွင် လူပေါင်းသန်းပေါင်းများစွာသည် မွတ်စလင်မဟုတ်သောသူတွေပင်၊မွတ်စလင်မ်မဟုတ်သောသူများသည်အစ္စလာမ်ဟာဓါးမိုးသာသနာပြုခဲ့တာမဟုတ်ကြောင်းကို သက်သေခံနေကြပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာမှာ မွတ်စလင်မ်လူဦးရေအများဆုံးနိုင်ငံကြီးတစ်ခုဖြစ်ပါသည် ။
မလေးရှားနိုင်ငံသည်လည်းလူများစုကြီးက မွတ်စလင်မ်များဖြစ်ကြပါသည်။မည်သည့်မွတ်စလင်မ်စစ်တပ်ကြီးကများ အင်ဒိုနီးရှားနှင့်မလေးရှားနိုင်ငံတို့သို့မရောက်ခဲ့ပါ။ အလားတူ အစ္စလာမ်သည် အာဖရိက အရှေ့ကမ်းရိုးတန်း ဒေသများတွင် အလျင်အမြန်ပြန့်ပွားသွားခဲ့ရပါသည်။ အာဖရိက အရှေ့ကမ်းရိုးတန်းဒေသကိုမည်သည့်မွတ်စလင်မ် စစ်တပ်ကြီးကမျှမသွားရောက်ခဲ့ပါ။ အမှန်စင်စစ်သော်ကား ကောင်းမှုနှင့်မကောင်းမှုတို့မှာ တူကြသည်မဟုတ်ပေ။(သို့ဖြစ်ပေရာ) အသင်သည် (မကောင်း မှုကို)ကောင်းမှုဖြင့် ခုခံတွန်းလှန်ပါလေ။သို့ဖြစ်လျှင် အကြင်နှင့်ရန်ငြိုး ရှိသူသည် မိတ်ဆွေအရင်းကဲ့သို့ဖြစ်လာပေမည်။ (၄၁း၃၄)
ဂုဏ်လင်းထိန်ထိန်
Special thanks to Brother Minthu

Subscribe to:
Posts (Atom)