---
အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည်
Saturday, March 30, 2013
Wednesday, March 27, 2013
မျက်ကမ်းမျိုးချစ်များသည် ဗုဒ္ဓ၏ လမ်းစဉ်ကိုသွေဖယ်ပြီး မိမိအတ္တကိုသာ ကိုးကွယ်နေကြပြီလား
ဗုဒ္ဓမြတ်စွာဘုရား ပွင့်ပေါ်ခဲ့ခြင်းသည် ဗုဒ္ဓဘာသာဝင်များအတွက် သီးသန့်  ကန့် သက်ချက်
နဲ့ ပေါ်ထွန်းခဲ့ခြင်း မဟုတ်။
မြန်မာပြည်အတွက် သီးသန့် ပေါ်ထွန်းခဲ့ခြင်းလဲမဟုတ်။
မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ၊ လာအို၊ ကမ္ဘောဒီယား၊ အိန္ဒိယ နိုင်ငံများ အတွက်သီး
သန့် ပေါ်ထွန်းခဲ့ခြင်းမဟုတ်။
အတိအကျပြောရသော်...ကမ္ဘာသူ၊ ကမ္ဘာသား များ၏ ကောင်းကျိုးချမ်းသာအတွက် ဖြစ်သည်။
လူသားအားလုံး၏ ကောင်းကျိုးချမ်းသာအတွက်ဖြစ်သည်။
သက်ရှိသတ္တ၀ါ အားလုံး၏ ကောင်းကျိုးချမ်းသာအတွက်ဖြစ်သည်။
သဘာဝ ပတ်ဝန်းကျင်အတွက် ဖြစ်သည်။
ဗုဒ္ဓဘာသာဝင်များ၏ အဆင့်မြင့် ကိုယ်ကျင့်သိက္ခာအတွက်ဖြစ်သည်။
လူသားအားလုံး၏ အဆင့်မြင့် ကိုယ်ကျင့်သိက္ခာ အတွက်ဖြစ်သည်။
ကုလားဟူ၍ မခွဲခြားခဲ့။ တရုတ်ဟူ၍ မခွဲခြားခဲ့။
အသားဝါ မဲ သည်ဟူ၍ မခွဲခြားခဲ့။
အသားဝါဟူ၍ မခွဲခြားခဲ့။
အသားဖြူဟူ၍ မခွဲခြားခဲ့။
အဟုတ်သော်ကား..... လူသားပဓာန၀ါဒ အတွက် ပေါ်ထွန်းခဲ့သည်။
အဟုတ်သော်ကား.... မြတ်စွာဘုရားသည် လူမျိုးကြီးစနစ်ကို တော်လှန်၍
အောင်မြင်သော လက်ရှိ သာသနာတော်ကို တည်ထောင်ခဲ့သည်။
ဇာတ်စနစ် ခွဲခြားခြင်းကို တော်လှန်ပြီး အောင်မြင်သော ဗုဒ္ဓသာသနာတော်ကို တည်ထောင်ခဲ့သည်။
ကျမ်းကိုး (သီလက္ခန္ဓ၀ဂ်၊ အမ္ဗဋ္ဌသုတ္တန်။)
Ref : ဘာသာပေါင်းစုံ လူမျိုးစုံ သူငယ်ချင်းများ ငြိမ်းချမ်းရေးအဖွဲ့
နဲ့ ပေါ်ထွန်းခဲ့ခြင်း မဟုတ်။
မြန်မာပြည်အတွက် သီးသန့် ပေါ်ထွန်းခဲ့ခြင်းလဲမဟုတ်။
မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ၊ လာအို၊ ကမ္ဘောဒီယား၊ အိန္ဒိယ နိုင်ငံများ အတွက်သီး
သန့် ပေါ်ထွန်းခဲ့ခြင်းမဟုတ်။
အတိအကျပြောရသော်...ကမ္ဘာသူ၊ ကမ္ဘာသား များ၏ ကောင်းကျိုးချမ်းသာအတွက် ဖြစ်သည်။
လူသားအားလုံး၏ ကောင်းကျိုးချမ်းသာအတွက်ဖြစ်သည်။
သက်ရှိသတ္တ၀ါ အားလုံး၏ ကောင်းကျိုးချမ်းသာအတွက်ဖြစ်သည်။
သဘာဝ ပတ်ဝန်းကျင်အတွက် ဖြစ်သည်။
ဗုဒ္ဓဘာသာဝင်များ၏ အဆင့်မြင့် ကိုယ်ကျင့်သိက္ခာအတွက်ဖြစ်သည်။
လူသားအားလုံး၏ အဆင့်မြင့် ကိုယ်ကျင့်သိက္ခာ အတွက်ဖြစ်သည်။
ကုလားဟူ၍ မခွဲခြားခဲ့။ တရုတ်ဟူ၍ မခွဲခြားခဲ့။
အသားဝါ မဲ သည်ဟူ၍ မခွဲခြားခဲ့။
အသားဝါဟူ၍ မခွဲခြားခဲ့။
အသားဖြူဟူ၍ မခွဲခြားခဲ့။
အဟုတ်သော်ကား..... လူသားပဓာန၀ါဒ အတွက် ပေါ်ထွန်းခဲ့သည်။
အဟုတ်သော်ကား.... မြတ်စွာဘုရားသည် လူမျိုးကြီးစနစ်ကို တော်လှန်၍
အောင်မြင်သော လက်ရှိ သာသနာတော်ကို တည်ထောင်ခဲ့သည်။
ဇာတ်စနစ် ခွဲခြားခြင်းကို တော်လှန်ပြီး အောင်မြင်သော ဗုဒ္ဓသာသနာတော်ကို တည်ထောင်ခဲ့သည်။
ကျမ်းကိုး (သီလက္ခန္ဓ၀ဂ်၊ အမ္ဗဋ္ဌသုတ္တန်။)
Ref : ဘာသာပေါင်းစုံ လူမျိုးစုံ သူငယ်ချင်းများ ငြိမ်းချမ်းရေးအဖွဲ့
People of Myanmar need peace of mind
Real monk have no racist.
Real monk have no terrorist. Real monk understand the equality.
Real monk never kill to others life.
(Because they are son of Buddah and killing is forbidden in Buddhish).
Real monk guided people not to commit sins.
Real monk have a peace of mind.
Real monk never keep silent on brutal killing.
Real monk will never do such a shame things.
People of Myanmar need education. They need to understand human rights, unity and patience.
Now country of Myanmar's image have been changed to Buddhish terrorist country in the world. It is shame. Government have to responsible it !
Tuesday, February 26, 2013
အလ္လာဟ်အရှင်မြတ်သည် မိုးနှင့်လည်းမဆန့်၊ မြေနှင့်လည်းမဆန့်။ သို့သော် မုအ်မင်န်၏ နှလုံးသား၌ ဝင်ဆန့်တော်မူသည်
بِسْمِ اللّهِ الرَّحْمـَنِ الرَّحِيم
Bismilahirahamaniraheem
မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော... အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။.
ကုရ်အာန် ၈၅း ၁၄ ထို့အပြင် ထိုအရှင်သည်သာလျှင် လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်သော၊ အလွန်ချစ်ခင်မြတ်နိုးသော အရှင်မြတ်ဖြစ်သည်။
.
ဒီကနေ့အင်တာနက်ခေတ်မှာလူတိုင်း၊ အရွယ်တိုင်း အွန်လိုင်းပေါ်မှာ မိမိတို့ကြိုက်နှစ်သက်ရာဗဟုသုတများကို ရှာဖွေ ဖတ်ရှူ၊ လေ့လာနိုင်ကြ သောကြောင့် ယခင်အင်တာနက်မပေါ်သေးခင်ခေတ်ကထက် အရာရာကို လွယ်ကူလျှင်မြန်စွာ အထောက်အကူပေးနေပါတယ်။ ယခင်ကဆို မိမိတို့စိတ်ဝင်စားရာအကြောင်းအရာများအတွက် စာပေမှာရှာဖွေဖတ်ရှူခြင်း၊ အုပ်စုများဖွဲ့ပြီး သင်ယူကြခြင်း ရှိခဲ့သော်လည်း ယခုအင်တာနက်ခေတ်လောက် ကမ္ဘာအနှံ့မကျယ်ပြန့်ခဲ့ပါ။ ဒါကြောင့် အချို့လူတွေမှာ စာပေ သတင်းအချက် အလက်တို့ အားနည်း ခဲ့ပါတယ်။
.
ဥပမာ : ဘာသာရေးစိတ်ဝင်စားသောလူများက တရားဟောပြောပွဲများတွင် သွားရောက်စုဝေးနားထောင်ကြသူများရှိသကဲ့သို့ ဂီတ ရုပ်ရှင် ဖက်ရှင်ဖက်ကို ဝါသနာပါသောလူများ၊ အားကစားဝါသနာပါသောလူများ၊ စီးပွါးရေးရှင်များ စသဖြင့် သူ့အစုအဝေးနဲ့သူစုဝေး လုပ်ဆောင်မှုများရှိကြပါတယ်။ ယခုခေတ် အွန်လိုင်းမှာ မျှဝေလိုက်လျှင်ဖြင့် ကမ္ဘာအနှံ့ရောက်နေသူတို့ လျှင်မြန်စွာဖတ်ရှူနိုင်ပြီဖြစ်ပါတယ်။ ယခင်ကအထွေထွေဗဟုသုတကို စာဖတ်ဝါသနာပါသူတို့သာ အများဆုံးကြွယ်ဝကြပြီး လူအများစုမှာ မိမိတို့ဝါသနာပါတဲ့အကြောင်း အရာကိုသာ ကောင်းစွာသိနားလည်ကြပါတယ်။ သာသနာ့စာပေ အထူးသဖြင့် ကုရ်အာန်ဘာသာပြန်နှင့် မနီးစပ်သောလူတွေမှာ ဘာသာရေးဗဟုသုတပိုင်း ဆိုင်ရာအားနည်းမှုတွေရှိခဲ့ကြပါတယ်။ အချို့သောပတ်ဝန်းကျင်တွင် သာသနာ့စာပေ ချို့တဲ့မှု၊ အယူမှား အစွဲမှား၊ အကြောက်တရားနှင့်ဖြစ်စေ (သို့) ကိုယ်စိတ် နှစ်ရပ်စလုံး ထိခိုက်နာကျင်မှုတို့ဖြင့် ဘာသာရေးသင်ခန်းစာပို့ချမှုတို့ကြောင့် အချို့မွတ်စလင်မ်များမှာ သန့်ရှင်းစင်ကြယ်သောအစ္စလာ့မ်လမ်းစဉ်မှ မဝေးသင့်ပဲ ဝေးသွားခဲ့ကြပါတယ်။
.
ဘာသာရေးဗဟုသုတပေးရာမှာဖြစ်စေ ဘာသာရေးစာပေပို့ချရာမှာဖြစ်စေ သင်ယူသူတို့ စိတ်ပါလာစေရန်၊ ပို၍စိတ်ဝင်စားစေရန်၊ ဖတ်ရှူချင်စိတ်ရှိရန်၊ တစ်ဖန် လိုက်နာကျင့်သုံးချင်ရန် အားပေးခြင်း၊ စွဲဆောင်ခြင်း၊ လှုံ့ဆော်ခြင်း၊ စည်းရုံးခြင်း၊ ဘာသာရေးအစီအစဉ် - အလေ့အကျင့်များပြုလုပ်ပေးပြီး ပူးပေါင်းဆောင်ရွက်ခြင်း၊ စိတ်ရှည်ပေးခြင်း၊ ဆုပေးခြင်း၊ အစဉ်အမြဲအဆက်သွယ်လုပ်ပေးနေခြင်းတို့နှင့် တိုးချဲ့၊ ပံ့ပိုးဆောင်ရွက်ပေးသွားရမည်။
.
ဘာသာရေးပညာပေးရာမှာ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော် တမန်တော်မြတ်၏ ဩဝါဒတော် သာသနာ့ဥပဒေ၊ အစ္စလာမ်အကြောင်းအရာနှင့် မိမိတို့ပတ်ဝန်းကျင်၏ ရိုးရာ၊ ဓလေ့ထုံးတမ်းများ၏ကွဲခြားချက်ကို ခွဲခြား မြင်တတ်ရန်၊ နားလည်တတ်ရန် အလွန်အရေးကြီးပါတယ်။ သို့မှသာလျှင် အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်မြတ်၏ အမိန့်ဩဝါဒကို လိုက်နာသူအဖြစ်ရပ်တည်သူ မွတ်စလင်မ်စစ်ဖြစ်သလား သာသနာ့ဘောင်အပြင်မှ အလေ့အထများအတိုင်း လိုက်လျှောနေထိုင်သူဖြစ်နေသလား ထင်ရှားစွာမြင်ရမည်။
.
အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်မြတ်၏ ဆုံးမဩဝါဒတော်များတွင် သန့်ရှင်းသောသော်ဟီးဒ်တရားကိုလမ်းပြထားပြီး ကောင်းမှုကုသိုလ်တိုင်းတွင် ကောင်းကျိုးကိုယ်စီရှိကြပါတယ်။ အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်မြတ်၏ လမ်းစဉ်ကို သွေဖယ်ငြင်းပယ်သောပတ်ဝန်းကျင်၏ ဆင်ယင် ထုံးဖွဲ့ နေထိုင် ရှာဖွေ စားသောက်မှုတို့တွင် ဟရမ် များရှိနေပါက ၎င်းတို့ကဲ့သို့ ပြုမူနေသော မွတ်စလင်မ်တို့အပေါ်တွင်လည်း ဂိုနာထိုက်နေကြောင်း အသိတရားရှိရန်လိုပါတယ်။
.
တစ်ချိန်က မြန်မာမွတ်စလင်မ်များနှင့် လက်ရှိမြန်မာမွတ်စလင်မ်များတွင် တစ်ကယ့်သာသနာ့လမ်းစဉ်အတိုင်း ကျင့်သုံးသူ မွတ်စလင်မ် ယောက်ျား - မိန်းမ အနည်းစုရှိကြသကဲ့သို့ ဘာသာရေးဗဟုသုတချို့တဲ့မှုကြောင့် သာသာနာ့ဘောင်အပြင်ဖက်ကို ခြေချော်ခဲ့ကြသော လူအများလည်းရှိကြပါတယ်။ ဒါကြောင့် မွတ်စလင်မ် ထဲမှာ
- အလောင်းကစားနဲ့ပတ်သက်ခြင်း
- အရက်သေစာ သောက်သုံးခြင်း
- အပျော်အပါးများလိုက်စားခြင်း
- သင်္ကြန်ရေကစားခြင်း
- အေဗာဒါ့သ်၌တာဝန်ပေါ့လျှော့ခြင်း
- သာသနာမှဟန့်တားထားသော ဝတ်စားဆင်ယင်ထုံးဖွဲ့မှုကို ယနေ့တိုင် ဝတ်နေကြခြင်းတို့များစွာရှိနေကြတယ်။ ဒါကို ပြစ်တင်ကဲ့ရဲ့စရာမလိုပါ။ မောင်နှမစိတ်ဓါတ်နှင့် မေတ္တာရှေ့ထားပြီး အလ္လာဟ်အရှင့်မြတ်၏ ကျမ်းစာကို နားလည်သဘောပေါက်ရန် တစ်ဦးကို တစ်ဦးဖေးမ ကူညီရမှာဖြစ်ပါတယ်။
.
ရှိုင်သွာန်မိစ္ဆာဟာ လူသားတွေကို သူအသက်ရှိနေသမျှ ကာလပတ်လုံး လှည့်ဖြားသွေးဆောင်သွားမည်လို့ ပြောထားပါတယ်။ (သီရ်မီဇီကျမ်း) ကုရ်အာန်ထဲမှာ အလ္လာဟ်အရှင်မြတ်မှလွဲလို့ အခြားအဖန်ဆင်းခံများကို မကြောက်ရန်ပါ ရှိပါတယ်။ ဘာသာခြားများ၏ ဟရမ် အယူအဆများ ဓလေ့ထုံးတမ်းများ မိမိတို့ကိုဆက်လက် လွှမ်းမိုးခံနေမလား။ သီလတရားကိုနှလုံးသွင်းကာ အရှင်မြတ်ထံ နောင်တ တရားနှင့် အလျှင်အမြန် ခိုလှုံကြမလား ဆုံးဖြတ်ချက်တစ်ခု ချရန်အချိန်တန်နေပါပြီ။
.
မိမိတို့ ဆင်ယင်ထုံးဖွဲ့မှု၊ အစားအသောက်၊ အနေအထိုင်တို့ကို မဆင်ခြင်နိုင်သူ၊ ကိုယ့်အလို ကိုယ်လိုက်သူတို့သည် အလ္လာဟ်အရှင်မြတ်ထက် မိမိကိုယ်ကိုယ်လည်းကောင်း၊ အခြားအဖန်ဆင်းခံတို့ကိုလည်းကောင်း ချစ်ခင်တွယ်တာကြောင့်ရွံ့နေခြင်းသာဖြစ်ပါတယ်။
.
ရှရိ(က်) မှ သောင်ဟီးဒ်တရားသို့၊ ဗိဒါအာ့သ်မှ စွန္နသ်သို့, ဟရမ် မှ ဟလာလ်သို့, Negative မှ Positive သို့ ပြောင်းလဲကြရန် လိုအပ်ပါတယ်။ ဒါကို ဟစ်ဂျရာပြောင်းရွှေ့ခြင်း တစ်မျိုး လို့ခေါ်ပါတယ်။ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို နာခံသူသည် အရှင်မြတ်အား တစ်ကယ် ချစ်ကြောက်ရိုသေသူတို့ သာဖြစ်ပါတယ်။
.
အလ္လာဟ်အရှင်မြတ်က ကုရ်အာန်မှာ ဤသို့မိန့်ထားပါတယ။် အလ္လာဟ်အရှင်မြတ်ကိုယုံကြည်ကြသော '' အိုလူသားများ သင်တို့သည် မိမိကိုယ်ကိုယ်အီမန်ရှိပါသည်ဟုဆိုကြသူများ အသင်တို့သည် အစ္စလာမ်ဖြစ်သော အလ္လာဟ်အရှင်မြတ်၏ ဒီန်သာသနာတော်သို့အပြည့်အဝ ဝင်ကြလေကုန် ''
.
တစ်ဝက် တစ်ပျက်၊ တစ်စိတ် တစ်ပိုင်းသာ ဝင်ရုံမဟုတ်။ မိမိတို့ ဦးနှောက်ညာဉ်က အစ္စလာမ်လမ်းစဉ်ကိုလိုက်သော ဦးနှောက်ညာဉ်ဖြစ်ရမယ်။ မျက်လုံးများက အစ္စလာမ် မျက်လုံး၊ နှုတ်လျှာက အစ္စလာမ် နှုတ်လျှာ၊ ကိုယ်ခန္ဓာက အစ္စလာမ် ကိုယ်ခန္ဓာ၊ ခြေ - လက်တို့မှာလည်း အစ္စလာမ် ခြေလက်တို့ဖြစ်ရမယ်။ မိမိတို့၏ စိတ်ဝိညာဉ်၊ ဦးနှောက်ညာဉ်၊ ကိုယ်ခန္ဓာ အားလုံး မွတ်စလင်မ်ဖြစ်ရမယ်။ အလ္လာဟ်အရှင်မြတ်က ဟရမ်ဟုသပ်မှတ်ထားသောအရာသည် သင့်အတွက်လည်း ဟရမ်ဖြစ်တယ်။ အစ္စလာမ်သာသနာကို အပြည့်အဝမဝင်သော သူများကို အလ္လာဟ်အရှင်မြတ်က ဤသို့ပြောလိမ့်မည်.'' သင်သည် ရှိုင်သွာန်နောက်သို့လိုက်နေလေသည် ''
.
လူသားများအနေဖြင့် ရှိုင်သွာန်၏ ခြေယာကိုဘယ်သောအခါမှ မလိုက်မိစေရန် သတိထားရပေမည်။ ရှိုင်သွာန်၏ ခြေယာဆိုသည်မှာ his way of thinking & his way of doing တို့ပဲဖြစ်ပါတယ်။ ရှိုင်သွာန်သည် မိမိတို့လမ်းမှားရောက်အောင် လှည့်ဖြားသော နံပတ်တစ် အကြီးဆုံးသော ရန်သူဖြစ်ပါတယ်။ ၎င်းရန်သူသည် အပြင်မှာလှည့်ဖြားနေသကဲ့သို့ မိမိတို့၏ နှလုံးသားထဲမှာလည်းကိန်းအောင်းနေပါတယ်။ သည်ရန်သူကို အနိုင်ယူရန်ကြိုးစားရမှာ မိမိတို့တာဝန်ဖြစ်ပါတယ်။
.
တမန်တော်မြတ် (စွ) က မိမိတို့ အီမန်ကို မည်သို့ထိန်းသိမ်းရမည်ကို လမ်းညွှန်ခဲ့ပါတယ်။ အီမန်ဆိုတာ သက်ဝင်ယုံကြည်မှု တစ်ခုတည်းမဟုတ်ဘူး။ အီမန်ဆိုတာ ချစ်ခြင်းမေတ္တာလည်းပါဝင်တယ်။ လူသားတို့မှာ တစ်ဦး တစ်ယောက်ကိုချစ်မိလျှင် ¨မိမိချစ်သောသူအတွက် စွန့်လွှတ်ခြင်းဟူသည် ရှိကြတယ်။ အဲဒါကို Love is blind လို့ ခေါ်ပါတယ်။ တမန်တော်မြတ်ကမိန့်ထားပါတယ် လူသားများတွင် အလ္လာဟ်အရှင်မြတ်အားဖြူစင်သော အချစ်စစ်နှင့် ချစ်တတ်ရန်လိုအပ်ပေသည်။ အလ္လာဟ်အရှင်မြတ်အတွက် မိမိအီမန်ကို ထိန်းသိမ်းခြင်းသည်သာလျှင် ပြည့်ဝသော အီမန်ဖြစ်သည်ဟုမိန့်ထားပါတယ်။ တမန်တော်မြတ်က မိမိတို့ အီမန်ကို စမ်းစစ်နည်း ညွန်ပြပေးထားပါတယ်။ မိမိတို့ ကိုယ်ကိုယ်ပြန်ကြည့်ပါ။ တစ်ခုခုကိုနှစ်သက်တာ အလ္လာဟ်အရှင်မြတ် အတွက်လား မိမိနာ့ဖ်စိတ်အဟာရ အတွက်လား။ အလ္လာဟ်အရှင်မြတ် မနှစ်သက်သောအရာသည် သင်မနှစ်သက်သော အရာဖြစ်နေပါသလား။ ဒါဆို In shaa Allah သင့်မှာ ကောင်းသော အီမန်ရှိနေသည်။
.
အီမန်ဆိုတာ နှုတ်လျှာကလာတာမဟုတ်ဘူး။ နှလုံးသားထဲက လာတာဖြစ်ပါတယ်။ နှလုံးသားထဲမှာ တည်ရှိနေသော အီမန်သည် အရှင်မြတ်နှင့် တမန်တော်၏ အမိန့်ကို ဘယ်သောအခါမှ မဖီဆန်ပါ။ အီမန်ရှင်သည် အရှင်မြတ်နှင့် တမန်တော်မြတ်၏ အမိန့်တော်များကို နာခံရန်သာ အမြဲအသင့်ရှိနေလေတယ်။ ဒီလောက်ဆိုစာဖတ်သူများ မိမိတို့အီမန် အဆင့် ဘယ်အဆင့်မှာရှိသလဲ သိနိုင်ပါပြီ။
.
ဟဒီးစ်တော်၌လာရှိသည်မှာ အလ္လာဟ်အရှင်မြတ်သည် မိုးနှင့်လည်းမဆန့်၊ မြေနှင့်လည်းမဆန့်။ သို့သော် မုအ်မင်န်၏ နှလုံးသား၌ ဝင်ဆန့်တော်မူသည်။ အလ္လာဟ်အရှင်မြတ်သည် အကြိမ်ကြိမ်အဖန်ဖန်ခွင့်လွှတ်တော်မူသော အလ်ရဟမန် အနန္တဂရုဏာတော်ရှင်ဖြစ်ပါတယ်။ မွတ်စလင်မ်များအနေနှင့် မိမိတို့နာ့ဖ်စိတ်ဝိညာဉ်ကို တည်ငြိမ်စွာ အရှင်မြတ်ဖက်ကို စိတ်ကောကိုယ်ပါ တစ်စုတစ်စည်းတည်းလှည့်နိုင်ရန် ဂျင်ရှိုင်သွာန်နှင့် လူရှိုင်သွာန်တို့၏ လှည့်ဖြားမှုကို မြင်တတ်ရန်လိုအပ်ပေတယ်။ မိမိတို့အား ကိုယ်လက်အင်္ဂါစုံလင်မှု၊ နေထိုင်စားသောက်စရာ လိုလေသေးမရှိပေးထားသော ကျေးဇူးတရားများကို အမြဲရှကူရ် လုပ်တတ်ရန်လိုအပ်ပါတယ်။
.
စူရာဖာသိဟမှာ : ကျွန်တော်မျိုးသည် အလ္လာဟ်အရှင်မြတ်ကိုသာလျှင် ရှစ်ခိုးဆည်းကပ်ပါ၏ ဟုပါ ပါတယ် (တကယ်ကော မိမိတို့ စိတ်ဓါတ်အပြည့်အဝနှင့်ဆည်းကပ်ဖြစ်သလား ပြန်လည်စမ်းစစ်သင့်ပေတယ်) ဒီစူရာကို ဆွလာ့သ်ဖတ်တိုင်း ရွတ်ဆိုကြပါတယ်။
.
စာရေးသူ နိဂုံးမှာ မေးခွန်းလေးတစ်ခု ချန်ထားခဲ့ပါတယ် မနက်ဖြန် မိမိနှစ်သက်မှုထက် အလ္လာဟ်အရှင်မြတ်နှစ်သက်မှုအတွက် မိမိကိုယ်ကိုယ် သာသနာ့ဘောင်အတွင်း စိတ်ရော ကိုယ်ပါအပြည့်အဝ ဝင်နိုင်ပြီလား ????
.
စေတနာမေတ္တာဖြင်
မမီးမီး
(အစ္စလာမ်ရောင်ခြည်)
.
Ref : Quran, Hadith, Sheik Hussein YeeSee more
Friday, January 4, 2013
Subscribe to:
Posts (Atom)











