---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Tuesday, January 27, 2009

စူရာဟ် အင်န်ရှိရာဟ် ကိုနေ့စဉ်ဖတ်ခြင်း၏အကျိုးကျေးဇူးများ

.



စူရာဟ် အင်န်ရှိရာဟ် (အသိညဏ်ပွင့်ခြင်းအဏ္ဍ)


In the name of Allah, most Gracious, most Merciful.
ဗစ်စ် မစ်လ္လာ၊ ဟစ်ရ် ရဟ်မာ၊ နစ်ရ်-ရဟီးမ်။
(မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော၊ မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အသျှင်မြတ်၏နာမံတော်ဖြင့် အစပြုပါ၏။)


أَلَمْ نَشْرَحْ لَكَ صَدْرَكَ
Alam nashrah laka sadrak,
(အို-နဗီတမန်တော်) ငါ အသျှင်မြတ်သည် အသင်၏ရင်ကို ဖွင့်ပေးတော်မူခဲ့သည်မဟုတ်လော။

وَوَضَعْنَا عَنكَ وِزْرَكَ
Wawada' ana anka wizrak,
၎င်းပြင်ငါ အသျှင်မြတ်သည် အသင်၏အပေါ်မှ အသင်၏ဝန်ထုပ်ကို ချပေးတော်မူခဲ့သည် မဟုတ်လော။

الَّذِي أَنقَضَ ظَهْرَكَ
Allahthee anqada thahrak,
ထိုဝန်ထုပ်သည် အသင်၏ကျောကို ကိုင်းညွှတ်စေခဲ့၏။ (ချိုးထားခဲ့၏)

وَرَفَعْنَا لَكَ ذِكْرَكَ
Warafa'ana laka thikrak,
ထိုမှတပါး ငါအသျှင်မြတ်သည် အသင်၏ဂုဏ်သတင်းကို ကျော်ကြားစေတော်မူခဲ့သည် (မဟုတ်လော)။

فَإِنَّ مَعَ الْعُسْرِ يُسْرًا
Fa inna ma'a ul yous-ri yous-ra,
သို့ဖြစ်ပေရာ ဧကန်မလွဲ ခက်ခဲမှူနှင့်အတူ လွယ်ကူမှူသည် (ဒွန်တွဲလျက်ပင်) ရှိ၏။

إِنَّ مَعَ الْعُسْرِ يُسْرًا
Inna ma'a ul yous-ri yous-ra,
ခက်ခဲမှူနှင့်အတူ လွယ်ကူမှူသည် ဧကန်အမှန် (ဒွန်တွဲလျက်ပင်) ရှိ၏။

فَإِذَا فَرَغْتَ فَانصَبْ
Fa itha faraghta fan-sab,
သို့ဖြစ်ပေရာ အသင်သည် အားလပ်သောအခါ (ဝတ်ပြုမှူ၌) ကြိုးပမ်းအားထုတ်ပါလေ။

وَإِلَىٰ رَبِّكَ فَارْغَب
Wa 'ila rabbika far-ghab,
၎င်းပြင် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အသျှင်မြတ်ဖက်သို့ (တစ်စိတ်တစ်လက်တည်း အာရုံ) လှည့်ထားပါလေ။

အကျိုးအာနိသင် : မည်သူမဆို စိတ်သောက၊ လူဒုက္ခ၊ အခက်အခဲများနှင့် ရင်ဆိုင်နေရလျှင် စူရာဟ် အင်န်ရှိရာဟ် (အသိညဏ်ပွင့်ခြင်းအဏ္ဍ) ကို ဖရာစ် နမာဇ် ပြီးတိုင်း တစ်နေ့ ၅ ကြိမ်မှန်မှန် ဖတ်ပေးလျှင် အင်ရှာအလ္လာ့ဟ် ၊ အလ္လာဟ် အသျှင်မြတ်အလိုတော်နှင့် အစဉ်ပြေမှူ၊ လွယ်ကူမှူများနှင့်အတူ ရိုစီရိတ်ခါများ ပွါးများလာပါမည်။ ကိုယ်တွေ့ ထိရောက် ခဲ့သောကြောင့် စာဖတ်သူများအား မျှဝေလိုက်ပါသည်။

မေတ္တာရှေ့ထားလျှက်။
(ဟာလီမာ)

No comments: