---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Monday, August 3, 2009

ရှအ်ဗာန်လအကြောင်း အကျဉ်းချုံးမြန်မာဘာသာပြန်

ဤလသည် အစ္စလာမ်ဟစ်ဂ်ျရီ ပြက္ခဒိန်၏ ရှအ်ဗာန်လဟုခေါ်ပါသည်။ ရှအ်ဗာန်ဆိုသည်မှာ အာရဗီစကား ရှူဗာမှလာ၍ အပင်အကိုင်းအလက်တို့တိုးတက်နေသည်ဟုအဓိပ္ပါယ်ရပါသည်။ တမန်တော်မြတ် မိန့်ဆိုခဲ့သည်မှာ ရှအ်ဗာန်လသည် ကျွန်ုပ်၏ လဖြစ်ပြီး ရမ်မသွာန်လမြတ်သည် အလ္လာဟ်အရှင်မြတ်၏လဖြစ်သည်။ (Daylami)

တမန်တော်မြတ်သည် ဤရှအ်ဗာန်လတွင် ဆွီယမ်ဥပုတ်သီလစောင့်ထိန်းလေ့ရှိသည်။ လမြတ်ရမ်မသွာန်ကို ဂုဏ်ပြုသောအနေနှင့်လည်းဖြစ်သည်။ တမန်တော်မြတ် မိန့်ဆိုခဲ့သည်မှာ ရှအ်ဗန်လသည် လူအများမေ့လျှော့နေကြသော ရာဂျာဗ်လနှင့် ရမ်မသွာန်လတို့ ၏အလယ်မှ လဖြစ်ပြီး ထိုလတွင်လူသားတို့၏ပြုကျင့်ခဲ့သမျှကို အလ္လာဟ်အရှင်မြတ်ထံတော်တွင်တင်ပြခြင်းခံရမည်။

ကျွန်ုပ် ဆွီယမ်ဥပုတ် သီလစောင့်ထိန်းနေချိန်တွင် ကျွန်ုပ်၏ပြုကျင့်ခဲ့သမျှတို့ကို အလ္လာဟ်အရှင်မြတ်ထံ တင်ပြခြင်းခံရမည်ဟု မျှော်လင့်ပါသည်ဟု တမန်တော်မြတ်မိန့်ခဲ့ဘူးပါသည်။

* ထိုလတွင်လူသားတို့၏အနာဂါတ်ရေးကို မလာအိကာ ကောင်းကင်တမန်များရေးသား၍ အလ္လာဟ်အရှင်မြတ်ထံ တင်ပြမည်။ ထိုတင်ပြချက်ကို ရမ်မသွာန်လမြတ်တွင် အလ္လာဟ်အရှင်မြတ်မှဆုံးဖြတ်တော်မူမည်။

* ထိုလတွင် အလ္လာဟ်အရှင်မြတ်သည် ထိုနှစ်တွင် သေဆုံးမည့်လူများ၏ စာရင်းကိုသတ်မှတ်မည်။ ထို့ကြောင့်ကျွန်ုပ်၏ သေဆုံးချိန်ကို ကျွန်ုပ် ဆွီယမ် ဥပုတ်သီလစောင့်ထိန်းနေချိန်တွင် ကျရောက်စေလိုပါသည်ဟု တမန်တော်မြတ်မိန့်ခဲ့ပါသည်။

ရှအ်ဗာန်လတွင် ဆွီယမ်ဥပုတ်သီလစောင့်ထိန်းလိုလျှင် ရှအ်ဗန်လဝက်ထိဘဲ ဆွီယမ်ဥပုတ်သီလစောင့်ထိန်းခိုင်းပါသည်။ ကျန်လဝက်ကို ရမ်မသွာန်လအတွက် အားဖြည့်စေပါသည်။

ဗူခါရီကျမ်းတွင်ဖော်ပြထားသည်မှာ ထိုလတွင် တမန်တော်မြတ်သည် ဂျေရူစလင်မြို့ရှိ ဗိုင်သွရ်မိုးကဒ်ဒဒ်(စ) ဗလီဘက်သို့ ၁၆ လ (သို့) ၁၇ လကြာလှည့်ပြီးဆွလာသ်ဝတ်ပြုရာမှ မက္ကာဟ်ကျောင်းတော်ဘက်သို့ ကီဗလာဟ်ကို လှည့်၍ဖတ်ချင်စိတ်ပေါ်လာ၏။ ထို့နောက် အလ္လာဟ်အရှင်မြတ်ထံတော်မှ အောက်ပါကုရ်အာန် အာယတ်တော်များကျရောက်လာပါသည်။

အသင်သည် မိမိစိတ်တွင်းဝယ် ဆွလာသ်ဝတ်ပြုရာ၌မျက်နှာမူရန် ကအ်ဗဟ်ကျောင်းတော်ကို ကစ်ဗ်လဟ်ဖြစ်စေလို၍ အလ္လာဟ်အရှင်မြတ်အထံတော်မှ အမိန့်တော်ကိုမျှော်လင့်လျက် မိုးကောင်းကင်သို့အကြိမ်ကြိမ်မျက်နှာမော်၍ ကြည့်နေသည်ကို ငါအရှင်မြတ်သည် မုချမြင်တော်မူသည်ဖြစ်လေရာ အသင်နှစ်သက်လေသော ကစ်ဗ်လဟ်ဘက်သို့အသင့်အား ငါအရှင်မြတ်သည် မုချဧကန် လှည့်၍ပေးတော်မူအံ့။ သို့ဖြစ်ရာ အိုနဗီတမန်တော် အသင်သည် မိမိမျက်နှာကို ယခုချိန်မှစ၍ ဆွလာသ်ဝတ်ပြုရာတွင် မတ်စ်ဂျိဒေဟရာမ် (ဝါ) ကအ်ဗဟ်ကျောင်းတော်ဘက်သို့လှည့်ပါလေ။ ထိုမှတပါးအသင်တို့သည် မည်သည့်နေရာ အရပ်ဒေသ ၌ပင် ရှိစေကာမူ ဆွလာသ်ဝတ်ပြုသောအခါ ယင်းမတ်စ်ဂျိဒေဟရာမ် ဘက်သို့သာလျှင် မိမိတို့မျက်နှာများကို လှည့်ကြကုန်လော့။
(Al-Baqarah 2:144)

စင်စစ်ငါအရှင်မြတ်သည် အသင်နဂိုမူလက မျက်နှာမူခဲ့ဘူးသည့်ကစ်ဗ်လဟ် (ဝါ) ဗိုင်တုလမုကဒ္ဒတ်စ်ကို ကစ်ဗ်လဟ် အဖြစ်ယာယီအားဖြင့် ထားရှိတော်မူခဲ့ခြင်းအကြောင်းမှာ နောက်အနာဂတ်တွင် ကစ်ဗ်လဟ် မျက်နှာမူရာ ကအ်ဗဟ် ဘက်သို့ပြောင်းလွှဲသောအခါ ရစူလ်တမန်တော်၏ အမိန့်ကို လိုက်နာသောသူနှင့် မိမိတို့ခြေဖနောင့်ဘက်သို့ ပြန်လှည့်သွားသူတို့ကို ခွဲခြားသိတော်မူရန်သာ ဖြစ်ချေသည်။ စင်စစ်သော်ကား ကစ်ဗ်လဟ်ပြောင်းလွှဲရန် အမိန့်တော်သည် အလ္လာဟ်အရှင်မြတ်က တရားလမ်းမှန်ကို ညွှန်ကြားပြသ ပို့ဆောင်တော်မူခြင်းကို ခံရသူတို့မှအပ အခြားသူတို့ အဘို့လိုက်နာရန် အလွန်ပင် ခဲယဉ်းလှပေသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ ယုံကြည်ခြင်း သဒ္ဓါတရား (ဝါ) မူလကစ်ဗ်လဟ်ဘက်သို့ မျက်နှာမူ၍ ဆွလာသ်ဝတ်ပြုခဲ့ကြသည်ကို အချည်းနှီးအကျိုးမဲ့ ဖြစ်စိမ့်သောငှါ ဤသို့ပြောင်းလွှဲရန် အမိန့်ထုတ်ပြန်တော်မူသည်မဟုတ်ချေ။ အလ္လာဟ်အရှင်မြတ်သည်လူခပ်သိမ်းတို့အပေါ်ဝယ် စင်စစ် နူးညံ့သိမ်မွေ့တော်မူတသောအရှင်၊ မပြတ်မစဲ သနား ညှာတာတော်မူထသောအရှင်၊ ဖြစ်တော်မူပေသတည်း။
(Al-Baqarah 2:143)

မကြာခင် အစ္စလာမ်၏ ရှာဗေဗရအ်ညည့် ရောက်ပါတော့မယ်။ အင်ရှာအလ္လာဟ် ရှာဗေဗရအ်ညည့် မတိုင်ခင် စာဖတ်သူများဖတ်ရှူကျင့်သုံးနိုင်ရန် ကျင့်စဉ်များနှင့် ဆွလာသွတ် သတ်စ်ဗီးဟ်ဖတ်နည်းနှင့် အကျိုးစဝါဗ်များကို တင်ပြပါမည်။

မေတ္တာရှေ့ထားလျှက်။

No comments: