အသိပညာကွင်းဆက်
----------------------
လူဟာ အသက်အရွယ်ကြီးမြင့်လာပေမယ့် စိတ်ဓာတ်ရင့်ကျက်တဲ့သူအဖြစ်ကို အလိုလို ရောက်လာတာ မဟုတ်ပါဘူး။ စိတ်ဓာတ်ရင့်ကျက်သူ ဖြစ်လာဖို့ အတွက် လေ့ကျင့်ပွားများ ရမယ့်အရာတွေ
သပ်သပ် ရှိနေပါတယ်။ သည်လို လေ့ကျင့်ပွားများရမယ့် အရာတွေ အကြောင်း ကို ပါမောက္ခ အိုဗာစ...ထရိ (Overstreet) က ကွင်းဆက်ခြောက်ခု သဘောတရား နဲ့ တင်ပြပါတယ်။ သည်ကွင်းဆက်ခြောက်ခုဟာ လူသားရဲ့ ရှင်သန်မှုဘ၀နဲ့ ဆက်စပ်နေတဲ့ ကွင်းဆက်များ ဖြစ်ပါတယ်။ သူကျင်လည်ရာ ပတ်ဝန်းကျင် ကမ္ဘာလောကကြီးနဲ့ ဆက်စပ် နေတဲ့ ကွင်းဆက်များ ဖြစ်ပါတယ်။ သည်ကွင်းဆက်ခြောက်ခုထဲမှာ ပါဝင်တဲ့ အသိပညာ ကွင်းဆက်နဲ့  ပတ်သက်ပြီး အိုဗာစထရိက သည်လို စတင်ပြောပြပါတယ်။
- လူသည် မည်သည့်အသိပညာမှ မပါဘဲလျက် မွေးဖွားလာသည်။ သို့ သော် မွေးကင်းစ ကလေးငယ်တွင် သဘာဝကပေးသော ဗီဇအသိတချို့ ပါဝင်သည်ကိုမူ ၀န်ခံရမည်။ သူ့  အသက် ရှင်ဖို့ အတွက် မိခင်ဧ။် နို့ ကို မည်သို့ သောက်စို့ ရမည်ကိုကား ကလေးငယ် သိသည်။ ထိုသို့ သော ဗီဇသိမှ လွဲလျှင် အခြားအသိပညာ ဘာမှ မပါရှိ။ သူနှင့် ကမ္ဘာလောကကြီး အကြား မည်သည့် အသိပညာကွင်းဆက်မှ မရှိသေး။ အရေးအဖတ် အတွက်အချက် ကဲ့သို့  သော စွမ်းရည်များကို မဆိုထားဘိ။ အသက်ရှင်ရေးအတွက် လိုအပ်ချက်များကိုပင် ကျယ်ကျယ်ပြန့် ပြန့် မသိသေး။ သူ့ ကိုယ်ပေါ်က ခြုံစောင် ကွာကျသွားလျှင် အအေးမိပြီး နေထိုင် မကောင်းဖြစ်မည်ကိုပင် မသိသေးပေ။
.
ကလေးငယ်မှာ အသိပညာ မပါရှိပေမယ့် အသိပညာကို ရယူနိုင်တဲ့ စွမ်းအားတွေတော့ ပါရှိနေတယ် ၊ ဒါပေမယ့် လူတွေဟာ သည်လို စွမ်းအားကို အသုံးမချနိုင်ဘဲ ၊ အသုံးချရ ကောင်းမှန်း မသိဘဲ သေဆုံးသွားတတ်တယ်လို့  ပါမောက္ခ အိုဗာစထရိက ပြောပါတယ်။
ပတ်ဝန်းကျင် ကမ္ဘာကြီးနဲ့ ဆက်စပ်ဖို့ အတွက် အသိပညာကွင်းဆက်ကို မဖန်တီးရင် ကလေး ဘ၀ ကို ကျော်လွန်ရှင်သန်နိုင်မှာ မဟုတ် ၊ အသိပညာကွင်းဆက်ကို ခိုင်မာ သည်ထက် ခိုင်မာအောင် စဉ်ဆက်မပြတ် တည်ဆောက်နေပါမှ ကလေး ကလား ဆန်တဲ့ စိတ်ဓာတ်ကို ကျော်လွန်ပြီး ရင့်ကျက်သူ ဖြစ်လာမယ်လို့  သူက ဆိုပါတယ်။ ဒါပေမယ့် သူပြောတဲ့ အသိပညာ ဆိုတာက ဗဟုသုတသက်သက်ကို ဆိုလိုတာ မဟုတ်တဲ့အကြောင်း သည်လို ရှင်းပြပါတယ်။
.
- ရင့်ကျက်သူ ဖြစ်လာရန်အတွက် ရူပဗေဒ၊ ဓာတုဗေဒ၊ ဒဿနဗေဒ စသည့် သီးခြား ဘာသာ ရပ်များအားလုံးကို သိရမည်ဟု ဆိုလိုသည်မဟုတ်။ ရင့်ကျက်မှုနှင့် ဗဟုသုတသည် တခြားစီ သာ ဖြစ်သည်။ တောလမ်းတလမ်းပေါ်တွင် လူနှစ်ယောက် လမ်းလျှောက်သွားသည် ဆိုပါစို့ ။ နှစ်ယောက်စလုံးပင် လမ်းဘေးက သစ်ပင်ပန်းပင် များကို မြင်နေရမည်။ တယောက် က ယင်းသစ်ပင်ပန်းပင်တို့ ဧ။် သဘာဝကို သိပြီး ကျန်တယောက် ကတော့ မသိ ဟု ဆိုပါစို့ ။ ထိုအခြေအနေတွင် သိသူကို ရင့်ကျက်သူဟု သတ်မှတ်ပြီး မသိသူကို မရင့်ကျက်သူဟု သတ်မှတ်၍ မရနိုင်ပါ။
- ရင့်ကျက်မှုဟူသည် အသိပညာအပေါ် ထားရှိသည့် သဘောထားနှင့်သာ သက်ဆိုင်သည်။ သစ်ပင်ပန်းပင်တို့ ဧ။် အမည်နာမနှင့်သဘာဝတို့ ကို သိရန်လိုအပ်သည့် ဘ၀အခြေအနေတွင် သိရန်မလိုအပ်သယောင် သဘောထားလျှင်ကား ထိုသူကို မရင့်ကျက်သူ ဟု သတ်မှတ်ရမည်။ တကယ်မသိပါဘဲလျက် သိဟန်ဆောင်နေလျှင် ထိုသူကို မရင့်ကျက်သူဟု သတ်မှတ်ရမည်။ ကိုယ့်မသိသည့် ပညာရပ်များကို ကိုယ်မသိသည့်အတွက် တန်ဖိုးမရှိသလို နှိမ့်ချပြောဆိုလျှင် ထိုသူကို မရင့်ကျက်သူဟု သတ်မှတ်ရမည်။ သိသင့်သောအရာကို သိလည်း သိနိုင်ပါလျက် မသိလည်း အရေးမကြီးပါဘူးဟုဆိုကာ သိချင်စိတ်ကို ဖျောက်ဖျက်လျှင် မိမိကျင်လည် နေထို င် ရသော ပတ်ဝန်းကျင်လောကကြီးအပေါ် အရေးမစိုက်သည့် သဘောထား ဖြစ်သည့် အတွက် ထိုသူမျိုးကို မရင့်ကျက်သူဟုပင် သတ်မှတ်ရမည်။
.
သက်ရှိသတ္တ၀ါတမျိုး ဖြစ်တဲ့ လူသားဟာ အသက်ရှင်ဖို့ လောက်ကိုသာ အာရုံမထားသင့်ဘဲ ကျန်တဲ့ အသိပညာတွေကိုလည်း အရေးထားပြီး အာရုံစိုက်သင့်တယ်လို့  ပါမောက္ခ အိုဗာစထရိက ယူဆပါတယ်။ လူမှာ ပါရှိတဲ့ စွမ်းရည်စွမ်းပကားတွေကို အသုံးချရကောင်းမှန်း မသိတဲ့သူတွေကို တိရစ္ဆာန်အဆင့်လောက်ပဲ ရှိတဲ့သူတွေလို့  သူက မြင်ပါတယ်။ လူသားဟာ သူ့ မှာ ပါရှိနေတဲ့ စွမ်းရည်စွမ်းပကားတွေကို အသုံးချပြီး ၊ အသက်ရှင်သန်ဖို့ ထက် ပိုလွန်တဲ့ ပညာရပ်တွေကို တိုးတက်လေ့လာခဲ့တဲ့အတွက်ပဲ တိရစ္ဆာန်လောကထက် တဆင့် မြင့်တဲ့ လူသားလောကကို ရောက်ခဲ့တာလို့  သူက ဆိုပါတယ်။ ရင့်ကျက်မှုရှိတဲ့ လူသားတွေကြောင့်
လူသားလောကဟာ တိုးတက်ဖွံ့ ဖြိုးလာခဲ့ရတယ်လို့ သူက ကောက်ချက်ချရင်း သည်လို ဆက်ပြောပါတယ်။
- လူ သည် အသက်အရွယ်အရရော အဆင့်အတန်းအရပါ လူကြီးတယောက်ဖြစ်လာပြီး သားသမီးများ၊ တပည့်တပန်းများကို ဦးဆောင်ရမည့် အနေအထားကို ရောက်လာပါလျက် ထိုအနေအထားတွင် လိုအပ်သည့် အသိပညာမျိုးကို ရရှိအောင် ကြိုးစားအားထုတ်မှု မရှိလျှင် မရင့်ကျက်သူ ဖြစ်သည်။
- လူ့ အဖွဲ့ အစည်းအတွင်း နေထိုင်ရသော လူသားတွင် ရွေးချယ်ဆုံးဖြတ်စရာများ အများ အပြား ရှိနေသည်။ မိမိစိတ်ဆန္ဒကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြသစရာများလည်း အများ အပြားရှိနေသည်။ ရပ်ရေးရွာရေး၊ တိုင်းရေးပြည်ရေး၊ ကမ္ဘာကြီးအရေး၊ သဘာဝ ပတ်ဝန်းကျင် အရေး စသော အလွန်အရေးပါတဲ့ ကိစ္စရပ်များတွင် ဆန္ဒပေးရခြင်းများ၊ ပါဝင်ဆုံးဖြတ် ရခြင်း များကို ဆောင်ရွက်ရသည်။ သို့ ပါလျက် သည်လို ကိစ္စရပ်မျိုးကို လေးလေးနက်နက် စိတ်ဝင်စားရကောင်းမှန်မသိဘဲ ပေါ့ပေါ့တန်တန် သဘောထားနေလျှင် မရင့်ကျက်သူ ဖြစ်သည်။
.
လူတယောက်အတွက် ဘ၀မှာ သိစရာတွေ အများအပြားရှိပါတယ်။သည်လို သိစရာတွေကို သိအောင် စဉ်ဆက်မပြတ်ကြိုးစားအားထုတ်ဖို့ လိုတယ်၊ အသက်ရှင်သန်နေသရွေ့  လိုအပ်တဲ့ အသိပညာကို ဆည်းပူးနေရမယ်လို့  အိုဗာစထရိက ဆိုပါတယ်။ စဉ်ဆက်မပြတ်ပညာရေး၊ သက်ကြီးပညာရေး စတဲ့ ပညာရေးလောကရဲ့ ဖွံ့ ဖြိုးတိုးတက်မှုဖြစ်စဉ်တွေအပေါ်မှာ အိုဗာ စထရိရဲ့ အယူအဆတွေက အလွန်သြဇာရှိခဲ့တာပါ။ လူတယောက်ဟာ အသိ စိတ်ဓာတ်ပိုင်း ဆိုင်ရာနဲ့ လူမှုဆက်ဆံရေးပိုင်းဆိုင်ရာများမှာ ရင့်ကျက်မှုကို ရယူလိုတယ်ဆိုရင် အသိပညာ ကွင်းဆက်ကို စဉ်ဆက်မပြတ် တည်ဆောက် နေရပါမယ်။ အသိပညာကွင်းဆက်ကို တည်တံ့ ခိုင်မြဲအောင် လုပ်ဖို့ စဉ်ဆက်မပြတ် ပညာရေးကို လုပ်ဆောင်ရပါမယ်။ စဉ်ဆက်မပြတ် ပညာရေးကို လက်မခံရင် ဘာဖြစ်မလဲဆိုတာကို အိုဗာစထရိက သည်လို ရှင်းပြပါတယ်။
.
လက်ရှိပိုင်ဆိုင်ထားသမျှ အသိပညာ ဗဟုသုတလောက်ကို လုံလောက်ပြီဟု ဆုံးဖြတ်ပြီး နောက်ထပ် ဆည်းပူးလေ့လာခြင်းမရှိသူသည် မရင့်ကျက်သူ ဖြစ်သည်။ ထိုသူမျိုးသည် အခြေအနေသစ်နှင့် ရင်ဆိုင်တွေ့ ရသည့်အခါ ဘာလုပ်ရမှန်း မသိတော့။ ပြဿနာ အသစ်များ နှင့် ရင်ဆိုင်ရသည့်အခါ နည်းလမ်းဟောင်းများနှင့်သာ ဖြေရှင်းတတ်သည်။ သို့ ဖြင့် ပြဿနာ မပြေလည်ဘဲ ပိုရှုပ်ထွေးလာခြင်းသာ အဖတ်တင်တတ်သည်။ တရားသေနည်းလမ်း ဟောင်း များနှင့် တရားသေ၀ါဒများက သူ့ ဘ၀ကို ပုံဆောင်ခဲတခုအဖြစ် ဖန်တီးပစ်လိုက်သည်။ သို့  တိုင် သူကတော့ မာနတလူလူ ဖြစ်နေသည်။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး ဘ၀င်မြင့်နေ တတ်သည်။ ဘာမှ ထပ်သိစရာ မလိုအပ်တော့သည့် လူတတ်ကြီးတယောက်လို ကိုယ့်ကိုယ် ကိုယ် ထင်မှတ်နေလေရာ နွားခြေရာခွက်ထဲက ဖားသူငယ်အဖြစ်သို့  ရောက်မှန်းမသိ ရောက်သွားရတော့သည်။
ကျမ်းဂန်စာပေ တတ်ကျွမ်းသည့် ပညာရှိကြီး ဖြစ်စေကာ ကိုယ့်ကိုယ်ကိုယ် ထင်တလုံး
ဖြစ်နေလျှင် စာမတတ်သည့် လယ်သမားတယောက်နှင့် ဘာမှ မထူးပြီ။ စာမတတ်သည့် လယ်သမားသည်လည်း သူ့ ဖခင် သင်ပေးသမျှနှင့် တင်းတိမ်နေပြီး အသစ်အသစ်သော စိုက်ပျိုးရေးပညာရပ်များကို လေ့လာခြင်းမရှိ ၊ အသုံးချရကောင်းမှန်း မသိသူ ဖြစ်သည်။ စဉ်ဆက်မပြတ်လေ့လာဆည်းပူးခြင်း ကင်းမဲ့သည့် ပညာရှိနှင့် စာမတတ်ပေမတတ် လယ်သမားတို့  နှစ်ယောက်စလုံးပင် မရင့်ကျက်သူများ ဖြစ်သည်။
.
ရင့်ကျက်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အသိပညာကွင်းဆက်အကြောင်းကို တင်ပြပြီးတဲ့ နောက်မှာ " အသိပညာကွင်းဆက်ကို တည်ဆောက်ဖို့  ဘာကြောင့် ပျက်ကွက် ကြတာလဲ၊ တည်ဆောက်ပြီးသားကွင်းဆက်ကို ခိုင်မာအားကောင်းလာအောင် ဘာကြောင့် ဆက်ပြီး အားမထုတ်နိုင်ကြတာလဲ " ဆိုတဲ့ မေးခွန်းကို သူက ဆက်မေးပါတယ်။ ပြဿနာရဲ့ အကြောင်းရင်းများကိုလည်း သည်လို ဆက်ဆွေးနွေးပြပါတယ်။
.
- အသိပညာကွင်းဆက်ကို တည်ဆောက်ရန် သို့ မဟုတ် ဘ၀တလျှောက်လုံး စဉ်ဆက် မပြတ်တည်ဆောက်ရန် ပျက်ကွက်ခြင်းမှာ အတွင်းအဇ္ဈတ္တရှိအကြောင်းရင်း များတွင် လည်းကောင်း၊ အပြင် ဗဟိဒ္ဓအကြောင်းရင်းများတွင်လည်း အခြေခံသည်။
- ပုံစံပြရလျှင် ကလေးဘ၀ကပင် အသိပညာလေ့လာဆည်းပူးချင်သော စိတ်ကို ပိတ်ဆို့ ဟန့်  တားခြင်း ခံခဲ့ရနိုင်သည်။ " မင်းက ငါ့ထက်သာအောင် ကြိုးစားနေတာပေါ့လေ ဟုတ်လား" ဟု ဖခင်ဖြစ်သူဧ။် ရိသဲ့သဲ့ ထိပါးပြောဆိုမှုမျိုးကို ခံခဲ့ရနိုင်သည်။ " သည်လို လောကီစာတွေ လေ့လာ နေရင်တော့ ပျက်စီးရုံပဲ ရှိမှာပေါ့" ဟု ဘာသာရေးဆန်သော မိခင်ဧ။် ဝေဖန်ပြောဆိုမှု မျိုးကို ခံခဲ့ရနိုင်သည်။ " ဆရာ့အချစ်တော် လာပြီဟေ့၊ တို့ ကစားဝိုင်းထဲ မပါစေနဲ့ " ဟု အတန်းတူ သူငယ်ချင်းများဧ။် ၀ိုင်းပယ်မှုမျိုးကို ခံခဲ့ရနိုင်သည်။ ထိုသို့ ပြုမူပြောဆိုခြင်း ခံခဲ့ ရလျှင် မသိစိတ်အတွင်းတွင် အသိပညာလေ့လာဆည်းပူးမှုကို မုန်းတီးသောစိတ် ကိန်း အောင်း သွားနိုင်သည်။ ကလေးဘ၀တွင် ကိန်းအောင်းသွားသောစိတ်သည် ဘ၀တလျှောက် လုံး သူ့ ကို လွှမ်းမိုးနေမည်။သို့ ဖြင့် အသိပညာကွင်းဆက်ကို တည်ဆောက်ရန် ပျက်ကွက်ရ တော့သည်။
.
- နောက်တယောက်က ထိုသို့ သော မသိစိတ်မျိုး မရှိ။ သို့ သော် မိဘဆွေမျိုး အသိုင်းအ၀ိုင်း နှင့် လိုက်လျောညီထွေ နေရခြင်းကိုသာ သဘောကျသည်။ အသိုင်းအ၀ိုင်းတွင် လွှမ်းမိုး သော ယုံကြည်မှုများ၊ ဓလေ့ထုံးစံများ၊ အကျင့်စရိုက်များကို စူးစမ်းဆင်ခြင်မှုမရှိဘဲ မျက်စိမှိတ် လက်ခံသည်။ ကိုယ်ပိုင်ဦးနှောက် မရှိသူဟု ဆိုရမည်။ မိသားစုဧ။် အလိုအတိုင်း နေသည်။ သူငယ်ချင်းအပေါင်းအသင်းများဧ။် အလိုအတိုင်း နေသည်။ နိုင်ငံရေးဖြစ်စေ၊ စီးပွားရေးဖြစ်စေ၊ ဘာသာရေး ဖြစ်စေ၊ လူများစုလုပ်သည့်အတိုင်း လိုက်လုပ်သည်။ ရှေးရိုး အစဉ်အလာအတိုင်း လိုက်လုပ်သည်။ ကိုယ်ပိုင်ဆုံးဖြတ်ချက် ဘာမှ မရှိ။ ပတ်ဝန်းကျင်အလိုအတိုင်း လိုက်နေသည့် အတွက် သူ့ တွင် အသိပညာကွင်းဆက် ကင်းမဲ့နေရသည်။ ရှိလျှင်သော်မှ ယင်းကွင်းဆက် သည် ခိုင်မာခြင်းမရှိဘဲ ကျိုးပဲ့ပြတ်တောက်နေတတ်သည်။ သို့ ဖြင့် ထိုသူသည်လည်း ရင့်ကျက်ခြင်း ကင်းရလေတော့သည်။ ။
ကျမ်းညွှန်း- Criteria of Maturity by Harry A. Overstreet
မောင်သာမည
(ရင့်ကျက်မှုအတွက် ကွင်းဆက်များ ၂၀၀၃ စာအုပ် တွင် ပါဝင်ခဲ့သော ဆောင်းပါး ဖြစ်ပါသည်။)
.
Ref : http://www.maukkha.org/index.php?option=com_content&view=article&id=1629:2011-07-17-02-39-41&catid=86:feature&Itemid=266
---
အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည်
Friday, July 22, 2011
ရင့်ကျက်သော စိတ် (အပိုင်းတစ်)
လူ့ အဖွဲ့ အစည်းတခုမှာ အန္တရာယ်အရှိဆုံးသူတွေကတော့ သူငယ်နာမစင်တဲ့ လူကြီးတွေပဲ ဖြစ်တယ်လို့  နယူးယောက်စီးတီးတက္ကသိုလ်ရဲ့ ဒဿန ပါမောက္ခဟာရီအိုဗာစထရီ (Harry Overstreet ) က ကောက်ချက်ချပါတယ်။ အသက်အရွယ်ကြီးပေမယ့် စိတ်ဓာတ်နဲ့ အသိ ဉာဏ်ပိုင်းဆိုင်ရာမှာ ကလေးသူငယ်တယောက် လိုပဲ ဖြစ်နေတဲ့ သူတွေကြောင့် လူ့ လောက ဟာ ဘေးအန္တရာယ်တွေ ၀ိုင်းနေရတယ်လို့  ဆိုလိုချင်ပုံ ရပါတယ်။ သည်လို ကလေးကလား နိုင်တဲ့ လူကြီးတွေအတွက် အခေါ်အဝေါ်တွေက မနည်းပါဘူး။ ကျပ်မပြည့်တဲ့သူတဲ့။ အသက်ကြီးပြီး အချိန်မစီးသူတဲ့။ မကျက်တကျက်ပေါင်မုန့် တဲ့။
.
လူကြီးတွေက ကလေးသူငယ်တွေမှာ မရှိနိုင်တဲ့ စွမ်းအားတွေကို ပိုင်ဆိုင်နေပါတယ်။ အမြင် သာ ဆုံးကတော့ ရုပ်ပိုင်ဆိုင်ရာ ခွန်အားပါ။ ကလေးငယ်တယောက် စိတ်ဆိုးတဲ့ အခါ ဖျက်လို ဖျက်ဆီးလုပ်တတ်သလိုမျိုး လူကြီးတယောက်က စိတ်ဆိုးမာန်ဆိုး ဖျက်ဆီးမယ်ဆိုရင် ပျက်စီးမှု ပမာဏအတိုင်းအတာဟာ ကလေး သူငယ်က လုပ်တာထက် အများကြီး ပိုကြီးမား ပါမယ်။ ဒါကြောင့် သူငယ်နာ မစင်တဲ့ လူကြီးတွေဟာ လောကအတွက် အလွန် အန္တရာယ်ကြီး တယ်လို့  ပြောနေကြတာပါ။
.
လူတယောက်ဟာ အသက်အရွယ်ကြီးလာတာနဲ့ အမျှ သြဇာရှိတဲ့သူ ဖြစ်လာပါတယ်။ မိဘတယောက် ဖြစ်လာတယ်။ ဆရာတယောက် ဖြစ်လာတယ်။ အလုပ်ရှင် တယောက် ဖြစ်လာတယ်။ အလုပ်သမား ခေါင်းဆောင်တယောက် ဖြစ်လာတယ်။ အရာရှိ တယောက် ဖြစ်လာတယ်။ အကြီးအကဲ တယောက် ဖြစ်လာတယ်။ တစုံတယောက် အပေါ်မှာတော့ သြဇာရှိလာတာပါပဲ။ သြဇာ မရှိဘူးဆိုတဲ့ လူကြီးဆိုတာ ရှားပါတယ်။ ဒါကြောင့် လူကြီး တယောက်ရဲ့ စိတ်ဓာတ်ဟာ အသက်အရွယ်နဲ့ အညီ ဖွံ့ ဖြိုးရင့်ကျက်လာခြင်းမရှိဘဲ ကလေးသူငယ်အဆင့်မှာပဲ ရပ်တံ့နေမယ်ဆိုရင် သူ့ သြဇာအောက်မှာ ရှိတဲ့သူတွေ ဘယ်လောက် ဆင်းရဲကြမလဲ။
.
အသက်အရွယ်ကြီးလာတာနဲ့ အမျှ ပိုင်ဆိုင်မှုတွေ များလာပါတယ်။ လက်နက် အသုံး အဆောင်တွေ များပြားလာသလို မိတ်ဆွေသင်္ဂဟတွေ အသင်းအပင်းတွေ များပြား လာပါတယ်။ လူကြီးတယောက်ဟာ လက်နက် အသုံးအဆောင်တွေကို အသုံးပြုပြီး သူ့ ရဲ့ စွမ်းအားကို ချဲ့ ထွင်နိုင်သလို အသင်းအပင်းအဖွဲ့ အစည်းတွေမှာ ၀င်ရောက်ပြီး တယောက်တည်း မလုပ်နိုင်တဲ့ အလုပ်တွေကို စွမ်းဆောင်နိုင်ပါတယ်။ သည်လို စွမ်းအားရှိတဲ့ လူကြီး တယောက်က ကလေးသူငယ်စိတ်ဓာတ်လောက်နဲ့  ဦးဆောင်နေမယ်ဆိုရင်
သူဖန်တီးမယ့် ဘေးအန္တရာယ်ဟာ အကန့်အသတ် ရှိမှာ မဟုတ်ပါ။
.
"နေရာမှန်ကို ရောက်ရှိခဲ့တဲ့ စိတ်ဓာတ်ရင့်ကျက်သူရယ်လို့  ကမ္ဘာ့သမိုင်းမှာ သည်နေ့ အထိ အလုံအလောက် မရှိသေးပါဘူး" လို့  ဂျီဘီ ချစ္စဟုမ်း (G.B. Chisholm) ဆိုတဲ့ စိတ်ကုဆရာ ၀န်တယောက်က ပြောဖူးပါတယ်။ သူငယ်နာမစင်တဲ့ လူကြီးတွေပဲ နေရာယူထားတာကြောင့် နေရာမှန် လူမှန် ဆိုတဲ့ အခြေအနေမျိုး ရှားပါးနေရတာကို ဆိုလိုချင် ပုံရပါတယ်။
"အတ္တဟိတနဲ့ ပရဟိတကို ဟန်ချက်ညီညီ ဒွန်တွဲဖန်တီးပေးနိုင်တဲ့ စိတ်ဓာတ်ရင့်ကျက်မှုမျိုးကို ပိုင်ဆိုင်ထားတဲ့သူတွေ ယနေ့ အထိ လုံလုံလောက်လောက် မရှိသေးတဲ့အတွက် လူ့လောက ဟာလည်း ကသောင်းကနင်း ဖြစ်နေရတယ်" လို့  ပါမောက္ခ အိုဗာစထရိက ပြောပါတယ်။
ယနေ့ လူငယ် နောင်ဝယ်လူကြီး ဆိုတဲ့ စကားဟာ သုံးစွဲလွန်းလို့  ဖွတ်ဖွတ်ကြေပြီး စွမ်းအားမဲ့ တဲ့ စကားလုံးတောင် ဖြစ်နေပါပြီ။ ဒါပေမယ့် လူကြီးတယောက်ရဲ့ ဘ၀ကို မလွဲဧကန် ရောက်ရှိ မယ့် လူငယ်တွေအနေနဲ့  "ရင့်ကျက်မှု" ဆိုတဲ့ အသိစိတ်ဓာတ်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ပြင်ဆင်လေ့ကျင့်တာမျိုးက အလွန်နည်းပါးနေပါသေးတယ်။
နောက်ပြီး အသိစိတ်ဓာတ် ရင့်ကျက်မှုကို သင်ကြားလေ့ကျင့်ပေးတဲ့ ပတ်ဝန်းကျင်ကလည်း ရှားပါးနေပါတယ်။စာသင်ကျောင်းတွေမှာလည်း သည်လို စိတ်ဓာတ် ဖွံ့ ဖြိုးရေးပညာကို စနစ်တကျ လေးလေး နက်နက် သင်ပေးတာမျိုး မရှိသေးပါဘူး။
.
မြန်မာနိုင်ငံမှာ ဆိုရင် ဆရာဝန် အင်ဂျင်နီယာ စတဲ့ အသက်မွေးပညာတွေကိုပဲ ဘ၀ရဲ့ ထိပ်တန်း ရည်မှန်းချက်လို ဖြစ်နေအောင် ပညာရေးလောကက ဖန်တီးပေးနေပါတယ်။ သည်လို အတတ်ပညာတွေအပေါ်မှာပဲ အာရုံ စိုက် နေအောင် သင်ကြားပေးနေတာပါ။ ဒါပေမယ့် ဆရာဝန်ကြီး အင်ဂျင်နီယာကြီး တယောက်ဖြစ် လာရုံနဲ့  အသိစိတ်ဓာတ်က အလိုလို ရင့်ကျက်လာတာ မဟုတ်ပါဘူး။ စိတ်ဓာတ်ရင့်ကျက်မှု ဆိုတာက လေ့ကျင့်ပွားများ ရတဲ့ ပညာရပ်တခု ဖြစ်ပါတယ်။
ပါမောက္ခ အိုဗာစထရိက ရင့်ကျက်သော စိတ် ( The Mature Mind) ဆိုတဲ့ စာအုပ် တအုပ် ကို ရေးသားခဲ့ပါတယ်။ သည်စာအုပ်မှာ ရင့်ကျက်တဲ့ စိတ်ဓာတ်ကို ပိုင်ဆိုင် ရရှိဖို့ လိုအပ်ချက် တွေကို ရှင်းလင်းပြထားပါတယ်။ အဓိက တင်ပြထားတာ ကတော့ ရင့်ကျက်မှု ဆိုင်ရာ ကွင်းဆက် သဘောတရား(The Linkage Theory of Maturity) ဖြစ်ပါတယ်။
.
ရင့်ကျက်သူတယောက်ဖြစ်လာဖို့  ဘ၀နဲ့ ဆက်စပ်နေတဲ့ ကွင်းဆက် ခြောက်ခုကို ပါမောက္ခ အိုဗာစထရိက သည်စာအုပ်မှာ ရှင်းပြထားပါတယ်။
.
သည်ကွင်းဆက်တွေကတော့ အသိပညာ ကွင်းဆက်၊ တာဝန်ကွင်းဆက်၊ ပြောဆိုဆက်ဆံရေး ကွင်းဆက်၊ လိင်မှု ကွင်းဆက်၊ ကိုယ်ချင်းစာနာမှု ကွင်းဆက်နဲ့ ဒဿနအမြင်ကွင်းဆက်တို့  ဖြစ်ပါတယ်။ သည်ကွင်းဆက်ခြောက်ခုဟာ တခုနဲ့ တခု ဆက်စပ်နေပြီး အပြန်အလှန် အထောက်အပံ့ပြု နေတဲ့အကြောင်း၊ သည်ကွင်းဆက်ခြောက်ခုကို ပြည့်ဖြိုးသန်မာအောင် ကြိုးစား အားထုတ်တဲ့ သူဟာ ရင့်ကျက်တဲ့စိတ်ကို ပိုင်ဆိုင်သူဖြစ်လာမယ့်အကြောင်း အိုဗာစထရိက ပြောပါတယ်။ ။
.
မောင်သာမည
.
(ရင့်ကျက်မှုအတွက် ကွင်းဆက်များ -၂၀၀၃ စာအုပ်တွင် ဖော်ပြခဲ့ဖူးသော ဆောင်းပါး ဖြစ်ပါ သည်။)
.
Ref : http://www.maukkha.org/index.php?option=com_content&view=article&id=1550:2011-07-11-00-09-29&catid=86:feature&Itemid=266

Wednesday, July 13, 2011
အေးမြသောမေတ္တာအရိပ်စစ်
ငယ်စဉ်ကလေးဘဝ လမ်းမလျှောက်တတ်ခင်မှာ မိခင်က ကလေးငယ် လက်ကိုတွဲပြီး တစ်လှမ်းခြင်း တစ်လှမ်း လမ်းလျှောက်တတ်အောင်သင်ပေးခဲ့တယ်။ ခွဲစိတ်ကုသပြီးသောလူနာတစ်ယောက်မှာ အရင်လိုပြန်လမ်းလျှောက်နိုင်အောင် တစ်လှမ်းပြီး တစ်လှမ်းပြန်ကျင့်နေချိန်မှာ ဟိုး.... ငယ်ငယ်ကမိခင်ရဲ့ နွေးထွေးစွာပြုစုထွေးပိုက်မှုတွေ၊ တစ်လှမ်းခြင်း လမ်းလျှောက်တတ်အေ...ာင်သင်ပေးတာတွေကို ပြန်လည်သတိရမိတယ်... ချစ်သူခင်သူတွေရှိပါသော်လည်း မာတာမိခင်၏ မေတ္တာသည် တုနှိုင်းမဲ့မေတ္တာ.... မိခင်များကို လှပတဲ့နှလုံးသား၊ ဇွဲ၊ သတ္တိ အရည်အချင်းများနဲ့ဖန်ဆင်းပေးတဲ့ အလ္လာဟ်အရှင်မြတ်ကို ရှကုရ် ကျေးဇူးမျာရင့်ကျူးလျက်...။1. "We have enjoined on man kindness to his parents; in pain did his mother bear him, and in pain did she give him birth" (QURAN 46:15).
And out of kindness, lower to them the wing of humility, and say: ‘My Lord! bestow on them Thy Mercy even as they cherished me in childhood' "(QURAN 17:23-24) .... အာမီးန်။
1. The Prophet Muhammad said, may Allah's peace and blessings be upon him: Your Heaven lies under the feet of your mother (Ahmad, Nasai)
A man came to the Prophet and said, ‘O Messenger of God! Who among the people is the most worthy of my good companionship? The Prophet said: Your mother. The man said, ‘Then who?' The Prophet said: Then your mother. The man further asked, ‘Then who?' The Prophet said: Then your mother. The man asked again, ‘Then who?' The Prophet said: Then your father. (Bukhari, Muslim).
Wednesday, July 6, 2011
Swedish model slashes multiple-birth risk in IVF pregnancies
.
Swedish doctors on Monday presented a new method they said dramatically reduces the risk of multiple births from in-vitro fertilisation (IVF) without affecting chances of having a baby.
The technique will help doctors determine the chances of giving birth to a healthy baby through IVF, they said.
At present, fertility clinics tend to transfer several embryos to the uterus to boost the chance of a live birth, but this often leads to multiple pregnancies that carry a higher risk of complications for the mother as well as a lower birth weight and developmental difficulties for the child.
"There are other prediction models, but this is the first one that differentiates between the chance (of pregnancy) if you transfer either one or two embryos and also calculates the risk of twins," Jan Holte of the Carl von Linne clinic in Uppsala told AFP.
With this model, "when it is time for transferring embryos, if we see that the twin risk is too high, we only transfer one embryo and we freeze the others," he explained.
Over four years (2004-2007), his clinic transferred 3,410 embryos. The model helped slash the rate of twins in IVF pregnancies from about 26 percent in a preceding four-year period, to 1.9 percent.
At the same time, the rate of live births per fresh embryo IVF transfer fell slightly from 29.1 to 24.6 percent, while for an embryo that had been frozen, stored and thawed, it stayed almost the same at 31.1 percent.
The model factors in the woman's age, the number of eggs and the ovarian responsiveness, information about whether the woman had had previous IVF attempts and the quality of the embryos.
In some cases, "the extra embryo which is usually transferred in a lot of clinics all over the world increases the twin risk enormously but (increases) the chance of pregnancy only by very little," Holte explained.
For example, in a case where a young woman who responds well to the fertility treatment, transferring two of the "top" embryos could lead to a 65 percent pregnancy chance. But there would be a one-in-two chance of twins.
"If instead we transfer only one (the 'top' embryo), the chance for pregnancy will still be more than 50 percent," said Holte. "We reduce the overall pregnancy chance very little, but we reduce the twin risk to essentially zero.
In such cases, the doctors would therefore transfer only one embryo and freeze the other one.
"If the first one does not give a result, we then transfer the other embryo," he said. "In such a patient, it will give about a 40 percent chance of pregnancy, so we don't waste the chance."
To develop the model, Holte and his team analysed data from 3,223 embryo transfers performed between 1999 and 2002 and initially looked into 80 factors before narrowing it to four.
It is now used in four clinics other than Holte's own, three in Sweden and one in Italy.
"I think it will probably be a good option for other clinics to try it, because in the long run ... you can solve the problem of really dangerous multiple pregnancies and ... end up with the same total number of births," Holte said.
The model is easy to use because all clinics have the basic data and can score embryos using the same method fairly easily, he said, adding there was even a possibility to test the model with the help of web-based software.
The work was presented Monday at the annual conference of the European Society of Human Reproduction and Embryology (ESHRE) in Stockholm.
Ref : News The Local
Swedish doctors on Monday presented a new method they said dramatically reduces the risk of multiple births from in-vitro fertilisation (IVF) without affecting chances of having a baby.
The technique will help doctors determine the chances of giving birth to a healthy baby through IVF, they said.At present, fertility clinics tend to transfer several embryos to the uterus to boost the chance of a live birth, but this often leads to multiple pregnancies that carry a higher risk of complications for the mother as well as a lower birth weight and developmental difficulties for the child.
"There are other prediction models, but this is the first one that differentiates between the chance (of pregnancy) if you transfer either one or two embryos and also calculates the risk of twins," Jan Holte of the Carl von Linne clinic in Uppsala told AFP.
With this model, "when it is time for transferring embryos, if we see that the twin risk is too high, we only transfer one embryo and we freeze the others," he explained.
Over four years (2004-2007), his clinic transferred 3,410 embryos. The model helped slash the rate of twins in IVF pregnancies from about 26 percent in a preceding four-year period, to 1.9 percent.
At the same time, the rate of live births per fresh embryo IVF transfer fell slightly from 29.1 to 24.6 percent, while for an embryo that had been frozen, stored and thawed, it stayed almost the same at 31.1 percent.
The model factors in the woman's age, the number of eggs and the ovarian responsiveness, information about whether the woman had had previous IVF attempts and the quality of the embryos.
In some cases, "the extra embryo which is usually transferred in a lot of clinics all over the world increases the twin risk enormously but (increases) the chance of pregnancy only by very little," Holte explained.
For example, in a case where a young woman who responds well to the fertility treatment, transferring two of the "top" embryos could lead to a 65 percent pregnancy chance. But there would be a one-in-two chance of twins.
"If instead we transfer only one (the 'top' embryo), the chance for pregnancy will still be more than 50 percent," said Holte. "We reduce the overall pregnancy chance very little, but we reduce the twin risk to essentially zero.
In such cases, the doctors would therefore transfer only one embryo and freeze the other one.
"If the first one does not give a result, we then transfer the other embryo," he said. "In such a patient, it will give about a 40 percent chance of pregnancy, so we don't waste the chance."
To develop the model, Holte and his team analysed data from 3,223 embryo transfers performed between 1999 and 2002 and initially looked into 80 factors before narrowing it to four.
It is now used in four clinics other than Holte's own, three in Sweden and one in Italy.
"I think it will probably be a good option for other clinics to try it, because in the long run ... you can solve the problem of really dangerous multiple pregnancies and ... end up with the same total number of births," Holte said.
The model is easy to use because all clinics have the basic data and can score embryos using the same method fairly easily, he said, adding there was even a possibility to test the model with the help of web-based software.The work was presented Monday at the annual conference of the European Society of Human Reproduction and Embryology (ESHRE) in Stockholm.
Ref : News The Local
Wednesday, June 29, 2011
Rajab - The month of Allah

The Holy Prophet (SAW) has said
“Rajab is the month of Allah, Sha’ban is my month and Ramadhan is the month of my followers. Whoever keeps one fast during Rajab becomes entitled to the great pleasure of Allah, the wrath of Allah remains at ...bay from him and a gate of hell is closed for him.”
The Holy Prophet (SAW) has recommended the recitation of an important prayer, to be performed on the first Thursday of Rajab, which will give us the following benefits:
(i) Forgiveness of major sins
(ii) Safety from troubles of the first night in the grave, and shelter on the day of resurrection, after the Trumpet is blown.
The Holy Prophet (SAW) has also said that Rajab is the name of a river in heaven with water whiter than milk and sweeter than honey and whoever keeps one fast in the month of Rajab will drink from that river.
Last day of Rajab.
For the person who fasts on the last day of Rajab, Allah will save him from the after effects of death.
Ref:http://www.hujjat.org/index.php?option=com_content&view=article&id=139%3Arajab-the-month-of-allah&catid=30&Itemid=100012See More
Istighfar - The Holy Prophet (saww) has said, "Rajab is the month for seeking forgiveness, so seek forgiveness from Allah (swt)".
Sadaqah - Giving `Sadaqah' (charity/alms) is also highly recommended .
Du'a and more information http://www.duas.org/rajabmth.htm
Tuesday, June 7, 2011
သမိုင်းစာမျက်နှာပေါ်မှသင်ခန်းစာများ(၂)
မွတ်စလင်မ်များအတွက်နယ်ချဲ့ ဗြိတိသျှပါလီမန်မှ (၁၈၈၂) တွင် အထက်ပါ ပြဌာန်းချက် အ တိုင်း နယ်ချဲ့ဗြိတိသျှတို့သည် ရောက်လေရာအရပ်တိုင်း အထူးသဖြင့် အရှေ့အလယ်ပိုင်း၊ အာဖရိကတိုက်၊ အိန်္ဒိယပြည်၊ မြန်မာပြည်၊ အရှေ့ပါကစ္စတန်နှင့် အနောက်ပါကစ္စတန်တွင် တိတိကျကျ ဆောင်ရွက်ကြသဖြင့် ယင်းနယ်မြေများရှိ မွတ်စလင်မ်များသည် အစ္စလာမ်သာသ နာကိုနားလည်သဘောပေါက်ရာတွင် တူညီနေကြလေသည်။ မြန်မာပြည်တိုင်းရင်းသား မွတ် စလင်မ်တို့ထံ အိန်္ဒိယနှင့် ပါကစ္စတန်နိုင်ငံများမှ တဆင့် အစ္စလာမ် သာသနာတော် ပြန့်ပွား ရောက်ရှိလာသည်။ အိန်္ဒိယတိုက်ငယ်တွင် အိန်္ဒိယပြည်၊ ပါကစ္စတန်၊ ဘင်္ဂလားဒေရှ့် နှင့် မြန်မာ ပြည်တို့ ပါဝင်ပြီး ဗြိတိသျှနယ်ချဲ့သည် အိန်္ဒိယပြည်တွင် ရုံးစိုက်ပြီး ကျန်ပြည်နယ်ငယ်များကို အုပ်စိုးလေသည်။
ထို့ကြောင့် ယင်းဒေသရှိ အစ္စလာမ် သာသနာဝင်တို့ အပေါ်ဗြိတိသျှနယ်ချဲ့တို့၏ ဖော်ပြပါ ပညာရေးမူဝါဒကို ကောင်းစွာပုံသွင်း နိုင်ခဲ့လေသည်။ ပေါ်လွင် လာသော ရုပ်သွင်မှာလည်း အိန်္ဒိယသဘာဝ၊ အိန်္ဒိယဓလေ့ ထုံးတမ်းများနှင့် အိန်္ဒိယယဉ်ကျေးမှု အတိုင်း ဖြစ်ကြသည်။ ၄င်းတို့အားလုံးသည် ထိုအိန်္ဒိယဓလေ့ ထုံးတမ်းများကို အစ္စလာမ့်အမွေအနှစ်ဟု နှစ်နှစ် ကာ ကာ လက်ခံယုံကြည်ထားကြလေသည်။ ၄င်းတို့သည် ဘာသာယဉ်ကျေးမှု၊ မိရိုးဖလာ ထုံးတမ်း ဓလေ့နှင့် လူမျိုး ယဉ်ကျေးမှုတို့ကိုပင် ခွဲခြား၍ နားမလည်ကြချေ။
သို့ရာတွင် ဗြိတိသျှနယ်ချဲ့၏ လှည့်ဖြားမှုက မည်မျှအထိ ထိရောက်ပိုင်နိုင်ပုံကို လေ့လာလျှင် ယင်းဗြိတိသျှ ပညာရေးစနစ် ပျိုးထောင်မှုအောက်တွင် ကြီးပြင်းလာသူသည် မစ္စတာဂလက်စ တုံး မရှိတော့သည့်နောက် ဗြိတိသျှနယ်ချဲ့တို့၏ နေမ၀င်နိုင်ငံများ နေ၀င်ပြီးသည့်နောက်၊ ခေတ်အဆက်ဆက်တိုင် ယင်းဒေသရှိ မွတ်စလင်မ်တို့မှာ ဆက်လက်၍ ဗြိတိသျှတို့၏ သွန်သင်မှုအတိုင်း မပြောင်းမလဲတွေ့နေရသေးသည်။ထို့ကြောင့်ဗြိတိသျှနယ်ချဲ့၏ မွတ်စလင်မ်များအတွက် ပညာရေးမူဝါဒ သက်ရောက်ရှင်သန်သည့် ဒေသရှိ မွတ်စလင်မ် တို့တွင် ကုရ်အာန်ကျမ်းသည် အဓိပ်္ပါယ် သိနားလည်ရန်မလိုဘဲ၊ အသံထုတ်ဖတ်တတ်ရုံ ဖတ်တတ်သော ဆရာဖြစ်သူက တပည့်ကိုလည်း အဖတ်သာသင်၏။ အဖတ်အရွတ်မျှဖြင့် ကုရ်အာန်ကျမ်းမြတ်ကို ဦးထိတ်ပန်ဆင် အရိုအသေထား၏။ သိနားလည်စရာမလို၊ မသိဘဲ ဖတ်ရုံဖြင့် စာတစ်လုံးလျှင် အကျိုးပေါင်းများစွာဖြင့် အကျေနပ်ကြီးကျေနပ်နေ၏။ ယင်းဆရာနှင့် တပည့်တို့ထံတွင် ကုရ်အာန်ဖတ်တတ်ရုံနှင့် သာသနာ့တည်ဆောက်မှု ဘ၀မှာ ပြီးပြည့်စုံ နေလေပြီ။ ကုရ်အာန် ကျမ်းမြတ်ကို ရေးသား ပို့ချသော အရဗီ စာပေသည် အခြား အခြားသော စာပေကဲ့သို့ စာပေတစ်ခု အနေဖြင့် လေ့လာရကောင်းမှန်း မသိရှိတော့ပေ။
ယနေ့ မွတ်စလင်မ်အများစုကို လေ့လာ ကြည့်ရှုကြပါလျှင် ဗြိတိသျှနယ်ချဲ့၏ မွတ်စလင်မ်များ အတွက် ပညာရေးမူဝါဒမှာ ယနေ့ထိတိုင် အပီပြင်ဆုံး အကောင်အထည် ပေါ်လွင်လျှက် ရှိနေသေး၏။ သင်ခန်းစာယူကြဖို့ အချိန်တန်နေလေပြီ။ ဘာသာရေးဆိုတိုင်း မစဉ်းစား မဆင်ခြင်ဘဲ လက်ခံနားထောင် မနေသင့်ဘဲ၊ ကုရ်အာန်လမ်းညွှန်မှု ဖြင့် လည်းကောင်း၊ တမန်တော်မြတ်၏ အဆုံးအမဖြင့်လည်းကောင်း၊ မိမိ၏ ဆင်ခြင်တုံတရား အသိပညာဖြင့် အမှန်နှင့် အမှားကိုခွဲခြား နားလည်ဖို့ အချိန်တန်လေပြီ။မွတ်စလင်မ်တိုင်း အမျိုးသမီးရော၊ အမျိုးသားပါ၊ လူကြီးရော လူငယ်ပါ၊ မိမိ၏ဘာသာသာသနာ အဆုံးအမကို မိမိကိုယ်တိုင် ကိုယ်ကျ အရင်းအမြစ်ကျကျ လေ့လာဆည်းပူးသင့်ပါသည်။ လေ့လာဆည်းပူးရန်လည်းတာဝန်ရှိပါသည်။
ကိုးကားချက်။ ။ ကူဝိတ်နိုင်ငံ ၊ ဒါရွလ်ဘယာန်စာပေတိုက်မှ ၁၉၆၄ ခုနှစ်တွင် (၆)ကြိမ် မြောက်ရိုက်နှိပ် ထုတ်ဝေခဲ့ရ သော မုဟမ္မဒ်ကုသုဗ် ရေးသားသည့် ရှဗ်ဟါသ်ဟောင်လုလ်အစ္စလာမ်အရဗီကျမ်းမှထုတ်နှုတ်ဘာသာပြန်ထားသည်ဆရာဦးမြတ်သူ၏ ဆောင်းပါးကို www.quraninburmese.com မှကူးယူဖေါ်ပြသည်။
Ref : Islam Yaungche Society (IYS) group

Friday, June 3, 2011
သမိုင်းစာမျက်နှာပေါ်မှ သင်ခန်းစာများ(၁)
အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်သော မွတ်စလင်မ်တို့သည် မြေပြင်အရပ်ရပ် တွင်နေထိုင်ကြပြီး လူမျိုးအသီးသီးဖြစ်လျက်လည်းကောင်း၊ ယဉ်ကျေးမှု အသီးသီးဖြစ်လျက် လည်းကောင်း၊ စကားအပြောအဆိုကွဲပြားလျက် လည်းကောင်းရှိလင့်ကစား တစ်ပါးတည်း သော ကိုးကွယ်ရာအရှင်အဖြစ် အလ္လာဟ်အရှင်မြတ်ကို သက်ဝင်ယုံကြည်ကြလေ သည်။ နောက်ဆုံးပေါ်ထွန်းခဲ့သော တမန်တော်မြတ်မုဟမ္မဒ် ၏နောက်လိုက်အဖြစ် လည်းကောင်း၊ မျက်နှာမူရာအရပ် တစ်ခုတည်းကို မျက်နှာမူရာတွင်လည်းကောင်း၊ တစ်စောင်တည်း သော ကျမ်းကို ပြည့်ဝကုံလုံပြီးပြည့်စုံသော ဘ၀လမ်းညွှန်အဖြစ် လိုက်နာရာတွင်လည်းကောင်း၊ ထပ် တူထပ်မျှ ဖြစ်ကြကုန်သည်။
ကိုယ်ကျင့်တရားတွင် အမြတ်ဆုံး၊ ကျင့်စဉ်ကျင့်ရပ်တွင် အစင်ကြယ်ဆုံး၊ လူမှုရေးတာ ၀န်တွင်အပီပြင်ဆုံး၊ လူ့အကျိုးပြုရာတွင်အထက်မြက်ဆုံး အုပ်စုအဖြစ်အတိတ်သမိုင်းက သက် သေခံလျက်ရှိသည်။
ကမ္ဘာ့သမိုင်းမှတ်တိုင်များအနက် အတိအကျမှတ်တိုင်တစ်ခုကို ထောက်ပြရသော်၊ ၁၈၈၂ခုနှစ် အီဂျစ်နိုင်ငံ၏ ““သောက်ဖီးက် သစ္စာဖေါက်မှုအရေး”” ကြောင့် ဗြိတိသျှတို့သည် အစ္စလာမ်သာ သနာဝင်တို့၏ နယ်မြေများအနက် အမာခံဒေသတစ်ခုဖြစ်သော၊ အီဂျစ်နိုင်ငံကို စတင်တိုက် ခိုက် သိမ်း ပိုက်နိုင်ခဲ့သည်။ မွတ်စလင်မ်တို့ဖက်မှ အူရာဘီခေါင်းဆောင်မှုဖြင့် ပြန်လှန်တိုက် ခိုက်ခဲ့သော်လည်း ခေတ်မှီလက်နက်အင်အား မမျှတမှုကြောင့်မွတ်စလင်မ်တို့စစ်ရှုံးပြီး ဗြိတိ သျှတို့သည် နယ်မြေတစ်ခုကို ခြေကုတ် ရခဲ့သည်။
လက်နက်အင်အားကြောင့် တစ်ကြိမ်ထိုးဖေါက်ဝင်ရောက် နိုင်လင့်ကစား မွတ်စလင်မ် တို့သည် နိုးကြားထက်မျက် တက်ကြွသူများ ဖြစ်ကြသည်။ သူတို့အားလုံးထံတွင် လူ့ဘ၀ဖွံ့ဖြိုး တိုးတက်မှု အမျိုးမျိုးကို ပို့ချသော ဘ၀လမ်းညွှန်မှုကျမ်းရှိသည်။ ထိုလမ်းညွှန်ကျမ်းမှာ မည် သည့်အရပ်တွင်ရှိသည့် မွတ်စလင်မ်၊ မည်သည့်အမိဘာသာစကားကိုပင် ပြောပြော၊ မူရင်းအား ဖြင့် အရဗီစာပေနှင့်ရေးသားထားသောကျမ်းကို ဖတ်ရွတ်ရာတွင်၊ နားလည် သဘောပေါက်ရာ တွင်၊လက်တွေ့လိုက်နာကျင့်သုံးရာတွင် အားလုံးသောမွတ်စလင်မ်တို့တွင် တူညီချက် တစ်ရပ် ရှိသည်ကို ဗြိတိသျှတို့က တဖြည်းဖြည်းလေ့လာ တွေ့ရှိရလေသည်။
ထို့ကြောင့် ဗြိတိသျှတို့သည် မွတ်စလင်မ်တို့၏ နယ်မြေတစ်ကွက်ကို အချိန်တော်ကြာ အုပ်စိုးနိုင်ဖို့ရာ အခက်အခဲရှိကြကြောင်း သိမြင်လာလေသည်။ ရရှိပြီးဖြစ်သော နယ်မြေကို ကောင်းစွာအုပ်ချုပ်နိုင်ရေး၊ နောက်ထပ် မွတ်စလင်မ်များ၏ နယ်မြေများကို ဆက်ခါဆက်ခါ သိမ်းပိုက်နိုင်ရေးအတွက် ဗြိတိသျှတို့ အပြင်းအထန် ဆက်လက်လေ့လာ ကြလေတော့သည်။
စစ်ပွဲများအပွဲပွဲနွှဲပြီး အသက်ပေါင်းများစွာ သေဆုံးပြီးမှ အောင်မြင်ခြင်းထက် ရန်သူဖြစ်သူများကပင် အညံ့ခံလက်မြှောက်အရှုံးပေးပြီး ကျွန် တော်တို့မွတ်စလင်မ်များအ တွက် အသင်တို့ဗြိတိသျှများသာ အုပ်ချုပ်စိုးမိုးသူအရှင်သခင်များဖြစ်သည်ဟု မွတ်စလင်မ် တို့၏ လက်တွေ့ဘ၀ကပင် သက် သေခံလာရလောက်အောင် ကြိုးပမ်းဆောင်ရွက်ချက် တစ်ရပ်ကို ပြုလုပ်ခဲ့လေသည်။
သာမန်အားဖြင့်ပြောရလျှင် လိမ်မာပါးနပ်သည်ဟု ဆိုနိုင်သော်လည်း အကြံပက်စက် သော ဗြိတိသျှတို့မှာ အသိဉဏ်ဖြင့် ပရိယာယ်ကိုသုံးစွဲရာတွင် အလွန်ထက်မြက်လေသည်။ တစ်ဖက်သားအပေါ် လိမ်လည်လှည့်ဖြားရာတွင် တစ်ဖက်ရန်သူက အလိမ်ခံရသည်ဟု မထင် သည့်အပြင်ကျေးဇူးရှင်ဟုပင် ထင်မှတ်လာရန် ပြုနိုင်စွမ်းရှိ၏။ ရန်သူသည် မိမိနှင့် နောင်လာ နောက်သားမျိုးဆက်များကိုပင် ယင်းအမွေဆိုးကို မက်မက်မောမောလိုလိုချင်ချင်ဆက်ခံယူ စေကြသည်။
နယ်ချဲ့ဗြိတိသျှတို့သည် ထိပ်တိုက်တွေ့နေရသော မွတ်စလင်မ်အင်အားစု အရေးနှင့် ပတ်သက်၍ ကောင်းစွာလေ့လာဆည်းပူးပြီး ထိုအချိန်ထိုအခါက ဗြိတိသျှအစိုးရ၏ နန်းရင်းဝန် ““ ၀ီလျံအက်(ဒ်)၀ါဒ်ဂလက်စတုံး (၁၈၀၉-၁၈၉၈)သည် မိမိ၏ ပါလီမန်တွင် မွတ်စလင်မ်တို့ အပေါ် ထာဝစဉ်အောင်နိုင်ရေး သုတေသနစာတမ်းတစ်စောင် တင်သွင်းခဲ့သည်။
မစ္စတာ၊ ဂလက်စတုံးသည် ဗြိတိသျှပါလီမန်လွှတ်တော်တွင် မိန့်ခွန်းပြောကြားရင်း ကျမ်းမြတ်ကုရ်အာန်ကို မိမိလက်တွင် ကိုင်လျက်၊-

““ ရဲဘော်တို့ အဲဒီကျမ်းစာအုပ်ဟာ မွတ်စလင်မ်တို့ဘ၀တည် ဆောက်မှုအတွက် ဥပဒေဖြစ်တယ်။ မွတ်စလင်မ်တွေဟာ ဒီကျမ်းကိုသဘောပေါက်ပြီး လက်တွေ့လိုက်နာကျင့် သုံးနေသမျှ ကာလပတ်လုံး ကျွန်ုပ်တို့ဗြိတိသျှများအပါအ၀င် မည်သည့်လူမျိုးမျှ မွတ်စလင်မ် တို့ကို ဖိနှိပ်အုပ်ချုပ်နေနိုင်မှာမဟုတ်။ ၄င်းတို့နယ်မြေများတွင် ပိုင်ပိုင်နိုင်နိုင်အေးချမ်းစွာကြီးစိုး နိုင်ကြမှာမဟုတ်ဘူး။ ဘာကြောင့်လည်းဆိုတော့ မွတ်စလင်မ်တို့ရဲ့အတွေး အခေါ်အမျှော်အ မြင်၊ လုပ်ရည်ကိုင်ရည်များကို ထက်မြက်မြင့်မားအောင် သွန်သင်ရာမှာ ဘယ်လုပ်ငန်းတာဝန် ၀တ္တတရားနဲ့ ဆောင်ရွက်မှုတွေလုပ်ရင်းဖြင့် ဘ၀တည်ဆောက်ရတယ်လို့ တစ်သွေ မတိမ်း လိုက်နာရန် မွတ်စလင်မ် ယောက်ျားမိန်းမတို့အား ဒီကျမ်းကပြဌာန်းထားတယ်”” “ “ဒီတော့ ဗြိတိသျှအာဏာပိုင်တွေဟာ ရောက်လေရာအရပ်မှာရှိတဲ့ မွတ်စလင်မ်တွေအတွက် အလိမ္မာတ ရားသုံးပြီး အောက်ပါပညာ ရေးမူဝါဒတစ်ခုကို မဖြစ်ဖြစ်အောင် ကြိုးစား အကောင်အထည်ဖေါ် ကြရမယ် ”
ဗြိတိသျှနန်းရင်းဝန် ဂလက်စတုံးက မွတ်စလင်မ်တို့အတွက် ပညာ ရေးမူဝါဒ ပြဌာန်း ချက်မှာ၊-
(၁) အစ္စလာမ်သာသနာသည် မွတ်စလင်မ်အားလုံးကို နေ့စဉ်နှင့်တစ်သက်တာပတ်လုံး အလ္လာဟ်အရှင်မြတ်အား တသသတိရလျက်၊ ၀တ်ပြုလျက်၊ ရှိနေရမည်ဖြစ်သည်။ တစ်ကိုယ် ရည် တစ်ကာယ တရားဘ၀နာ စီးဖြန်းပြီး ဤလောကအလှကို ရွံရှာမုန်းတီးမှုကိုသာ ပြဌာန်း ကြောင်း ကောင်းစွာသဘောပေါက်စေရမည်။ ဤလူ့ဘောင်လောကသည် အကုသိုလ်အတိ ပြီးလျက်ရှိပြီး ကောင်းမှုနှင့်မကောင်းမှုကို နားလည်သည့်ကယ် တင်ရှင်လမ်းပြများကို ရှာဖွေပြီး တပည့်ခံလိုက်နာကြရမည်ဟု သင်ကြားပေးရမည်။
(၂) ကုရ်အာန်သည် အလွန်မြင့်မြတ်သောကျမ်းဖြစ်သည်။ လူတိုင်းနှင့်မဆိုင်။ လူတိုင်းမ လေ့လာရ။ သာမန်လူသားများ လေ့လာပါက လမ်းလွဲသွားမည်။ ကျမ်းမြတ်ကို ဖွင့်ဆိုရန်မှာ ဘာသာရေးပညာရှင် အလင်းရပုဂ်္ဂိုလ်များသာ ဖွင့်ဆိုနိုင်သည်။ ထိုပုဂ်္ဂိုလ်တို့၏ သင်ကြားပြ သမှုကိုသာခံယူရမည်။ သာမန်မွတ်စလင်မ်များအဖို့ အသံထုတ်ရုံသက်သက် နားလည်သ ဘောပေါက်ရန်မလိုပဲ ရွတ်ဖတ်သရဇ္ဈာယ်ရုံဖြင့် လာဘ်လာဘတိုးပွားပြီး လုံလောက်လှပြီဟု သာ သင်ကြားပို့ချပေးရမည်။
ဒီအချက်နှစ်ချက်ကို ပိုင်ပိုင်နိုင်နိုင် မွတ်စလင်မ်များအား ပို့ချပြီး အသားသေနေအောင် ပြုလုပ်နိုင်လျှင် တို့နယ်ချဲ့ဗြိတိသျှတို့အတွက် မွတ်စလင်မ်များကို လက်နက်ဆွဲကိုင် တိုက်ခိုက် နေစရာမလို။ ယှဉ်ပြိုင်ကြိုးစား နေရန်မလိုပဲ သူတို့သည် တို့အဖို့ထာဝရ အလုပ်အကျွေးပြုမည့် တပည့်ကောင်း၊ ကျွန်ကောင်းများအဖြစ် ကမ္ဘာတည်သရွေ့ ရပ်တည်နေကြမည် မှာမြေကြီး လက်ခတ်မလွဲပင် ဖြစ်သည်။
ဤကဲ့သို့ သင်ကြားပေးခြင်းမျိုးမဟုတ်ပဲ အကယ်၍ ကုရ်အာန်လမ်း ညွှန်မှုကို မွတ်စ လင်မ်များ ဖတ်ရွတ်လေ့လာပြီး နားလည်သဘောပေါက်သည် ဆိုသည်နှင့် ဧကန်အမှန် အစ္စလာမ်သည်၊-
(၁) လူမှုဆက်ဆံရေး၊ စီးပွားရေး၊ ကြီးပွားရေးတို့ကို လူ့လောကတစ် ခွင်တွင် တစ် သက်ပတ်လုံး မည်သို့ဆည်းပူးရှာဖွေခံစား၍ ဤသာယာဝပြောသော လောကသစ်ကို တည် ဆောက်ရန်သင်ကြားပေးသည့် လမ်းညွှန်ဖြစ်ကြောင်း သိသွားကြပေမည်။အဲဒီအခါ တို့ဗြိတိသျှ တို့အဖို့ ဒီလောကကြီးတွင် ကြီးပွားချမ်းသာတိုးတက်ဖို့ ရှိတော့မည် မဟုတ်သဖြင့် မွတ်စလင်မ် များအား ကုရ်အာန်ပါ လူမှုဆက်ဆံရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ နားလည်သ ဘောပေါက်ခြင်း မရှိစေပဲ အဖတ်သက်သက်(Mere Recitation) ဖြင့် အလွန်မတန်ပြည့်စုံ ပြီဟုသိစေလျက် မြင်သာမြင်မကြင်စေနှင့်၊ ဖတ်သာဖတ်စေ နားလည်ရန် သဘောပေါက်ရန် စိတ်ကူးမပေါ်စေနှင့်။
(၂) အစ္စလာမ်သည် လူတို့နေထိုင်အသက်ရှင်ရာ ရပ်ကွက်နယ် ပယ်၊ တိုင်းပြည် လူ့ဘောင်တစ်ခုလုံးကို မည်သို့မည်ပုံ စီမံကွပ်ကဲအုပ်ချုပ်ရမည်ကို သင်ကြားပေးသောစနစ် ကျင့်စဉ်တစ်ခုဖြစ်သည်ကို လုံးဝအသိ မပေးရ။ ဒီနည်းတွေ ကုရ်အာန်မှာပါလို့ ပါမှန်းမသိစေရ။ ကုသိုလ်ရရေး၊ ဂျန္နသ်ရရေးအတွက် ထပ်တစ်လဲလဲ ရွတ်ဖတ်စေရမည်။ ဒါမှသာ ဒီမြေဒီမိုးရှိရှိ သမျှ၊ တို့ရဲ့ပိုင်နက်ဖြစ်ပြီး မွတ်စလင်မ်တွေဟာ ယင်းပိုင်နက်မှ သစ္စာအရှိဆုံး ကျေးကျွန်များ အဖြစ် သားစဉ်မြေးဆက် ရပ်တည်နေမည်ဖြစ်သည်။
(၃) အစ္စလာမ်သည် လူသားတို့ဘ၀ဖြစ်စဉ်၊ လူသားဘ၀၏ ရည်ရွယ်ချက်၊ လူ့တန်ဖိုး၊ လူ့အရည်အသွေးဖြင့် အပြည့်အ၀ နေထိုင်အသက် ရှင်သန်ရန် လမ်းညွှန်ပြထားသည်ကို လုံးဝပြည့်ဖုံးကားချပြီး သေနေ့မွေးနေ့နှစ်နေ့အတွင်း ဘ၀ကိုအရှုံးပေးလက်မြှောက်ပြီး အညံ့ဆုံး သတ္တ၀ါအဖြစ် မိမိကိုယ်ကို ခံယူထားရုံမျှ အသိပေးပါ။
(၄) အစ္စလာမ်သာသနာတွင် အဆိုအမျိုးမျိုး အတွေးအခေါ်ကင်းမဲ့သော ပုံပြင်ဒဏ္ဍာရီ သိန်းသောင်းဖြင့် သံသယဖြစ်ဖွယ် အသွယ်သွယ်နှင့် အငြင်းပွားစရာများ ပြည့်နှက်လျက် အသေးအဖွဲကွဲလွဲချက်များအပေါ် ငြင်းခုံနေခြင်း၊ ခိုက်ရန်ဖြစ်ပွားနေခြင်း၊ မွတ်စလင်မ်အချင်း ချင်း တစ်ဖက်နှင့်တစ်ဖက် ပုတ်ခတ်ပြောဆိုနေခြင်း၊ အသေသတ်နိုင်သည်အထိ တိုင်ပွဲဝင်ခြင်း သည် သာသနာ့အာဇာနည်ဘွဲ့ရပြီး သာသနာကို ချစ်သည့်သူတိုင်း ပြုကိုပြုရမည့် တာဝန်ဖြစ် သည်ဟု သိနားလည်စေရမည် ဟူသောမိန့်ခွန်းဖြင့် ““ဂလက်စတုံး”” က မိန့်ခွန်းကိုအဆုံး သတ်ခဲ့သည်။
ဤနေရာတွင် ၀ိတိုရိယခေတ် ဗြိတိသျှနန်းရင်းဝန် ““ဂလက်စတုံး””အကြောင်း အနည်း ငယ်ပြောလိုသည်။ သူသည် ဗြိတိသျှသမိုင်းတွင် ကျော်ကြားဆုံး၊ အတော်ဆုံး အစွမ်းဆောင် နိုင်ဆုံး နိုင်ငံရေးသမားတစ်ဦးဖြစ်သည်။
၁၈၆၈မှ၁၈၉၄ခုနှင့်အတွင်း ဗြိတိသျှနန်းရင်ဝန်အဖြစ် လေးကြိမ်တိုင်တိုင် ရွေးချယ်ခံခဲ့ရသူဖြစ် သည်။
ဦးမြတ်သူ၏ဆောင်းပါး Ref : www.quraninburmese.com
Ref : Islam Yaungche Society (IYS) Group

Subscribe to:
Posts (Atom)