---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Friday, June 5, 2009

စူပါဘလက်ဟိုး နဲ့ ဗေဒင်ပညာ

Astrology, Astronomy and့ Islam
မနေ့ကနိုင်ငံတကာသတင်းမှာစူပါဘလက်ဟိုးလို့ ခေါ်တဲ့် အာကာသဟင်းလင်းပြင်ထဲ မှမဟာတွင်းနက်ကြီး များအကြောင်းဖတ်လိုက်ရတယ်။ အာကာသဟင်းလင်းပြင်ထဲမှာ Black Hole လို့ခေါ်တဲ့တွင်းနက်ကြီးတွေရှိကြောင်းသိတာ နှစ်အတန်ကြာခဲ့ပါပြီ။ ကြယ် များသက်တမ်းကုန်တဲ့အခါဒြပ်ထု ဟာပထမပိုင်းပွလာ ပြီးနောက်တဖြည်းဖြည်း ပြန်ကျုံ့ပါတယ်။ ဒီလိုပြန်ကျုံ့လေလေသူ့ရဲ့ ဒြပ်ဆွဲအားဟာလဲကြီးလေလေ နဲ့နောက်ဆုံး ကြယ်သေရဲ့ ဒြပ်ထုဟာလူသားမျက်စေ့နဲ့ မမြင်နိုင်အောင် သေးငယ်သွားတဲ့အချိန်မှာ သူ့ရဲ့ဆွဲအားဟာ အလွန်ကြီးမားလာတဲ့အတွက်အလင်းရောင်တောင်ပြန်မထွက်လာနိုင်ပဲ စုပ်ယူဝါးမြိုခြင်းခံရပါတယ်။

ဒီအလင်းရောင်မဲ့ တွင်းနက်ကြီးတွေကို အာကာသပညာရှင် တွေက X ray ရောင်ခြည်သုံး အာကာသကြည့်တယ်လီစကုပ် မှန်ပြောင်းကြီးများနဲ့လေ့လာရာမှာ မနေ့ကမဟာတွင်းနက်ကြီးတခုကိုတွေ့ရှိတဲ့သတင်းကိုဖတ်လိုက်ရပါတယ်။ Super massive Black Hole သို့မဟုတ် မဟာတွင်းနက်ကြီးများဟာဂယ်လက်ဆီလို့ခေါ်တဲ့ ကြယ်အစု ကြီးတိုင်းရဲ့ အလယ်ခေါင်မှာနေရာယူထားတယ်လို့ဆိုပါတယ်။


မဟာတွင်းနက်ကြီးတခုဟာ အချိန် တနာရီပြည့်တိုင်းကမ္ဘာဂြိုယ်အရွယ်ရှိ ဂြိုယ်နှစ်ခုကိုဝါးမြိုတယ်လို့ဆိုပါတယ်။သူ့ရဲ့အလေးချိန်ကတော့ ကျွန်တော်တို့ရဲ့ နေမိသားစု ရဲ့ အကြီးဆုံးဂြိုယတခုဖြစ်တဲ့ နေ ရဲ့ဒြပ်ထုပေါင်းသန်းသုံး ထောင်မှသန်းငါးထောင် ရဲ့အလေးချိန်နဲ့ ညီပါသတဲ့။

ဗေဒင်ပညာရဲ့အခြေခံဟာ ဂြိုယ်များရဲ့အနေအထားနဲ့လူသားရဲ့ မွေးရက်နဲ့ ရှေ့ဖြစ်ကိုတွက်ချက်တယ်လို့နားလည်ပါတယ်။ဥပမာပေးရရင်လရဲ့ဆွဲ ငင်အားကြောင့်ဒီရေအတက်အကျ ဖြစ်ရသလိုဒီဂြိုယ်တွေရဲ့ဆွဲအားနဲ့တည်နေရာကလူတဦးရဲ့ ရှေ့ဖြစ်ရပ်ကိုစိုမိုးတယ်ဆိုတဲ့အယူအဆပါ။ Islam ဘာသာကAstrology လို့ခေါ်တဲ့ ကြယ်နှင့်ဂြိုယ်တွေကလူတွေရဲ့ဘဝနဲ့ရှေ့ရေးကိုလွှမ်းမိုးနိုင်တယ်ဆိုတဲ့ပညာကိုလက်မခံပါ။ အကယ်၍ Allah မှတပါးအခြားတစုံတခုက(ကြယ်၊ဂြိုယ်) သင့်ရဲ့ဘဝရှေ့ရေးကိုအဆုံးအဖြတ်ပြုနိုင်တယ်လို့ယုံကြည်မိ တာနဲ့(Shirk Akbar)လို့ခေါ်တဲ့ဖန်ဆင်းရှင်နဲ့တွဲဖက်ကိုးကွယ်ရာ ရောက်တဲ့ အလွန်ကြီးလေးတဲ့အပြစ်ဖြစ်ပါတယ်။

Astrology vs Astronomyတကယ်လို့ ကြယ်တွေ ဂြိုယ်တွေမှာလူတွေကိုလွှမ်းမိုးနိုင်တဲ့ပါဝါတွေရှိတယ်ဆိုတဲ့ အယူဝါဒကိုလက်ခံသူတွေ ဒီလိုမမြင်နိုင်သော်လည်းအလွန်အင်အားကြီးတဲ့ မဟာတွင်းနက်ကြီးတွေကို ကြားဖူးကြမယ်မထင်ပါ။ သူတို့ရဲ့တွက်ချက်မှူများမှာလဲဒိလိုအင်မတန်ဆွဲငင်အားကြီးပြီးမမြင်ရတဲ့ Black hole တွေ နဲ့အခြားမမြင်နိုင်တဲ့စွမ်းအင်တွေပါနိုင်မယ်မထင်ပါ။ ဒါဆိုရင် Islamဘာသာဝင်မဟုတ်သူတောင်မှဒီပညာကိုလက်ခံဖို့အသေချာစဉ်းစားရင်အတော်ခက်သွားပြီဖြစ်ပါတယ်။

Islam ဘာသာက Astronomy ဆိုတဲ့ကြယ်နဲ့ဂြိုယ်တွေရဲ့ရွေ့ရှားမှူတည်နေရာကိုလေ့လာတဲ့ပညာကိုလက်ခံပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကြယ်နဲ့ဂြိုယ်တွေဟာလူသားတွေအတွက်အချိန်ကိုတွက်ချက်ရန်မှအစ ခရီးလမ်းညွန်မှူပေးရန် အသုံးချခံဖန်ဆင်းခံတွေဖြစ်ပါတယ်။

အလွန်အင်အားကြီးတဲ့ မဟာတွင်းနက်ကြီးတွေကိုတွေ့ရှိခြင်းဟာ Allah ရဲ့ကြီးကြယ်မြင့်မြတ်မှူကို ညွန်ပြတဲ့သက်သေ လက္ခဏာများသာ ဖြစ်တယ်။ Allah အရှင်မြတ်ရဲ့ပေးထားတဲ့စွမ်းအားနဲ့လူသားတွေ အာကာသဟင်းလင်းပြင်ကိုခြေဆန့်ခဲ့တာ လပေါ်ကိုလူရောက်ခဲ့တာ အနှစ်လေးဆယ်ကျော်ခဲ့ပါပြီ။ နောင်အနာဂတ်မှာလူသားတွေဒီကြယ်တွေအခြားဂြိုယ်တွေကို Allah အရှင်မြတ်ခွင့်ပြုရင်ခြေဆန့်ကြဦးမှာပါ။အဲဒီမှာတွေ့တဲ့သယံဇာတတွေကိုလဲAllah အရှင်မြတ်ခွင့်ပြုရင်ထုတ်ယူသုံးစွဲကြဦးမှာပါ။

ဒီPost ကိုရေးဖြစ်တဲ့အကြောင်းကမြန်မာမွတ်စလင် ညီနောင်များထဲမှအချို့သောသူများမသိနားမလည်မှူ ကြောင့်ဒီပညာများကိုယုံကြည်မိလျှင် အလွန်အပြစ်ကြီးကြောင်း အမြန်ဆုံး Allahအရှင်မြတ်ရဲ့လမ်းကိုပြန်လှည့်ရန်အသိပေးလိုခြင်းဖြစ်ပါတယ်။ ဒီအထဲမှာ ဂျာနယ်မဂ္ဂဇင်းတွေမှာပါတဲ့ Horoscope ဖတ်ကြည့်တာကအစလက္ခဏာ ဗေဒင်မေးခြင်းနဲ့ ဂဏန်းဗေဒင်တွက်တာတွေ အားလုံးပါပါတယ်။ တကယ်တော့လူသားကိုAllah အရှင်မြတ်ကအကောင်းဆုံးပုံစံနဲ့ဖန်ဆင်းထားသလိုအခြားဖန်ဆင်းခံများကိုလဲ Allah ရဲ့အမိန့်ခံများအဖြစ်ဖန်ဆင်းထားပါတယ်။ ထူးခြားတာကလူသားကို Allah အရှင်မြတ်က စမ်းသပ်ရန်ရွေးချယ်ပိုင်ခွင့်ပေးထားပါတယ်။ အားလုံး မိမိရဲ့ရွေးချယ်ပိုင်ခွင့်ကို အဖိုးတန်တဲ့အချိန်အတွင်းမှာအကောင်းဆုံး အသုံးပြုနိုင်ကြပါစေ။

ချစ်ခင်စွာ

ကျော်ကျော်ဦး

Copy from http://kyawkyawoo.wordpress.com/

Special thanks to brother Kyaw Kyaw Oo