---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Showing posts with label Education. Show all posts
Showing posts with label Education. Show all posts

Friday, July 22, 2011

ရင့်ကျက်သောစိတ် (ဒုတိယပိုင်း)

အသိပညာကွင်းဆက်
----------------------
လူဟာ အသက်အရွယ်ကြီးမြင့်လာပေမယ့် စိတ်ဓာတ်ရင့်ကျက်တဲ့သူအဖြစ်ကို အလိုလို ရောက်လာတာ မဟုတ်ပါဘူး။ စိတ်ဓာတ်ရင့်ကျက်သူ ဖြစ်လာဖို့ အတွက် လေ့ကျင့်ပွားများ ရမယ့်အရာတွေ
သပ်သပ် ရှိနေပါတယ်။ သည်လို လေ့ကျင့်ပွားများရမယ့် အရာတွေ အကြောင်း ကို ပါမောက္ခ အိုဗာစ...ထရိ (Overstreet) က ကွင်းဆက်ခြောက်ခု သဘောတရား နဲ့ တင်ပြပါတယ်။ သည်ကွင်းဆက်ခြောက်ခုဟာ လူသားရဲ့ ရှင်သန်မှုဘ၀နဲ့ ဆက်စပ်နေတဲ့ ကွင်းဆက်များ ဖြစ်ပါတယ်။ သူကျင်လည်ရာ ပတ်ဝန်းကျင် ကမ္ဘာလောကကြီးနဲ့ ဆက်စပ် နေတဲ့ ကွင်းဆက်များ ဖြစ်ပါတယ်။ သည်ကွင်းဆက်ခြောက်ခုထဲမှာ ပါဝင်တဲ့ အသိပညာ ကွင်းဆက်နဲ့  ပတ်သက်ပြီး အိုဗာစထရိက သည်လို စတင်ပြောပြပါတယ်။

- လူသည် မည်သည့်အသိပညာမှ မပါဘဲလျက် မွေးဖွားလာသည်။ သို့ သော် မွေးကင်းစ ကလေးငယ်တွင် သဘာဝကပေးသော ဗီဇအသိတချို့ ပါဝင်သည်ကိုမူ ၀န်ခံရမည်။ သူ့  အသက် ရှင်ဖို့ အတွက် မိခင်ဧ။် နို့ ကို မည်သို့ သောက်စို့ ရမည်ကိုကား ကလေးငယ် သိသည်။ ထိုသို့ သော ဗီဇသိမှ လွဲလျှင် အခြားအသိပညာ ဘာမှ မပါရှိ။ သူနှင့် ကမ္ဘာလောကကြီး အကြား မည်သည့် အသိပညာကွင်းဆက်မှ မရှိသေး။ အရေးအဖတ် အတွက်အချက် ကဲ့သို့  သော စွမ်းရည်များကို မဆိုထားဘိ။ အသက်ရှင်ရေးအတွက် လိုအပ်ချက်များကိုပင် ကျယ်ကျယ်ပြန့် ပြန့် မသိသေး။ သူ့ ကိုယ်ပေါ်က ခြုံစောင် ကွာကျသွားလျှင် အအေးမိပြီး နေထိုင် မကောင်းဖြစ်မည်ကိုပင် မသိသေးပေ။
.
ကလေးငယ်မှာ အသိပညာ မပါရှိပေမယ့် အသိပညာကို ရယူနိုင်တဲ့ စွမ်းအားတွေတော့ ပါရှိနေတယ် ၊ ဒါပေမယ့် လူတွေဟာ သည်လို စွမ်းအားကို အသုံးမချနိုင်ဘဲ ၊ အသုံးချရ ကောင်းမှန်း မသိဘဲ သေဆုံးသွားတတ်တယ်လို့  ပါမောက္ခ အိုဗာစထရိက ပြောပါတယ်။
ပတ်ဝန်းကျင် ကမ္ဘာကြီးနဲ့ ဆက်စပ်ဖို့ အတွက် အသိပညာကွင်းဆက်ကို မဖန်တီးရင် ကလေး ဘ၀ ကို ကျော်လွန်ရှင်သန်နိုင်မှာ မဟုတ် ၊ အသိပညာကွင်းဆက်ကို ခိုင်မာ သည်ထက် ခိုင်မာအောင် စဉ်ဆက်မပြတ် တည်ဆောက်နေပါမှ ကလေး ကလား ဆန်တဲ့ စိတ်ဓာတ်ကို ကျော်လွန်ပြီး ရင့်ကျက်သူ ဖြစ်လာမယ်လို့  သူက ဆိုပါတယ်။ ဒါပေမယ့် သူပြောတဲ့ အသိပညာ ဆိုတာက ဗဟုသုတသက်သက်ကို ဆိုလိုတာ မဟုတ်တဲ့အကြောင်း သည်လို ရှင်းပြပါတယ်။
.
- ရင့်ကျက်သူ ဖြစ်လာရန်အတွက် ရူပဗေဒ၊ ဓာတုဗေဒ၊ ဒဿနဗေဒ စသည့် သီးခြား ဘာသာ ရပ်များအားလုံးကို သိရမည်ဟု ဆိုလိုသည်မဟုတ်။ ရင့်ကျက်မှုနှင့် ဗဟုသုတသည် တခြားစီ သာ ဖြစ်သည်။ တောလမ်းတလမ်းပေါ်တွင် လူနှစ်ယောက် လမ်းလျှောက်သွားသည် ဆိုပါစို့ ။ နှစ်ယောက်စလုံးပင် လမ်းဘေးက သစ်ပင်ပန်းပင် များကို မြင်နေရမည်။ တယောက် က ယင်းသစ်ပင်ပန်းပင်တို့ ဧ။် သဘာဝကို သိပြီး ကျန်တယောက် ကတော့ မသိ ဟု ဆိုပါစို့ ။ ထိုအခြေအနေတွင် သိသူကို ရင့်ကျက်သူဟု သတ်မှတ်ပြီး မသိသူကို မရင့်ကျက်သူဟု သတ်မှတ်၍ မရနိုင်ပါ။

- ရင့်ကျက်မှုဟူသည် အသိပညာအပေါ် ထားရှိသည့် သဘောထားနှင့်သာ သက်ဆိုင်သည်။ သစ်ပင်ပန်းပင်တို့ ဧ။် အမည်နာမနှင့်သဘာဝတို့ ကို သိရန်လိုအပ်သည့် ဘ၀အခြေအနေတွင် သိရန်မလိုအပ်သယောင် သဘောထားလျှင်ကား ထိုသူကို မရင့်ကျက်သူ ဟု သတ်မှတ်ရမည်။ တကယ်မသိပါဘဲလျက် သိဟန်ဆောင်နေလျှင် ထိုသူကို မရင့်ကျက်သူဟု သတ်မှတ်ရမည်။ ကိုယ့်မသိသည့် ပညာရပ်များကို ကိုယ်မသိသည့်အတွက် တန်ဖိုးမရှိသလို နှိမ့်ချပြောဆိုလျှင် ထိုသူကို မရင့်ကျက်သူဟု သတ်မှတ်ရမည်။ သိသင့်သောအရာကို သိလည်း သိနိုင်ပါလျက် မသိလည်း အရေးမကြီးပါဘူးဟုဆိုကာ သိချင်စိတ်ကို ဖျောက်ဖျက်လျှင် မိမိကျင်လည် နေထို င် ရသော ပတ်ဝန်းကျင်လောကကြီးအပေါ် အရေးမစိုက်သည့် သဘောထား ဖြစ်သည့် အတွက် ထိုသူမျိုးကို မရင့်ကျက်သူဟုပင် သတ်မှတ်ရမည်။
.
သက်ရှိသတ္တ၀ါတမျိုး ဖြစ်တဲ့ လူသားဟာ အသက်ရှင်ဖို့ လောက်ကိုသာ အာရုံမထားသင့်ဘဲ ကျန်တဲ့ အသိပညာတွေကိုလည်း အရေးထားပြီး အာရုံစိုက်သင့်တယ်လို့  ပါမောက္ခ အိုဗာစထရိက ယူဆပါတယ်။ လူမှာ ပါရှိတဲ့ စွမ်းရည်စွမ်းပကားတွေကို အသုံးချရကောင်းမှန်း မသိတဲ့သူတွေကို တိရစ္ဆာန်အဆင့်လောက်ပဲ ရှိတဲ့သူတွေလို့  သူက မြင်ပါတယ်။ လူသားဟာ သူ့ မှာ ပါရှိနေတဲ့ စွမ်းရည်စွမ်းပကားတွေကို အသုံးချပြီး ၊ အသက်ရှင်သန်ဖို့ ထက် ပိုလွန်တဲ့ ပညာရပ်တွေကို တိုးတက်လေ့လာခဲ့တဲ့အတွက်ပဲ တိရစ္ဆာန်လောကထက် တဆင့် မြင့်တဲ့ လူသားလောကကို ရောက်ခဲ့တာလို့  သူက ဆိုပါတယ်။ ရင့်ကျက်မှုရှိတဲ့ လူသားတွေကြောင့်
လူသားလောကဟာ တိုးတက်ဖွံ့ ဖြိုးလာခဲ့ရတယ်လို့ သူက ကောက်ချက်ချရင်း သည်လို ဆက်ပြောပါတယ်။
- လူ သည် အသက်အရွယ်အရရော အဆင့်အတန်းအရပါ လူကြီးတယောက်ဖြစ်လာပြီး သားသမီးများ၊ တပည့်တပန်းများကို ဦးဆောင်ရမည့် အနေအထားကို ရောက်လာပါလျက် ထိုအနေအထားတွင် လိုအပ်သည့် အသိပညာမျိုးကို ရရှိအောင် ကြိုးစားအားထုတ်မှု မရှိလျှင် မရင့်ကျက်သူ ဖြစ်သည်။

- လူ့ အဖွဲ့ အစည်းအတွင်း နေထိုင်ရသော လူသားတွင် ရွေးချယ်ဆုံးဖြတ်စရာများ အများ အပြား ရှိနေသည်။ မိမိစိတ်ဆန္ဒကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြသစရာများလည်း အများ အပြားရှိနေသည်။ ရပ်ရေးရွာရေး၊ တိုင်းရေးပြည်ရေး၊ ကမ္ဘာကြီးအရေး၊ သဘာဝ ပတ်ဝန်းကျင် အရေး စသော အလွန်အရေးပါတဲ့ ကိစ္စရပ်များတွင် ဆန္ဒပေးရခြင်းများ၊ ပါဝင်ဆုံးဖြတ် ရခြင်း များကို ဆောင်ရွက်ရသည်။ သို့ ပါလျက် သည်လို ကိစ္စရပ်မျိုးကို လေးလေးနက်နက် စိတ်ဝင်စားရကောင်းမှန်မသိဘဲ ပေါ့ပေါ့တန်တန် သဘောထားနေလျှင် မရင့်ကျက်သူ ဖြစ်သည်။
.
လူတယောက်အတွက် ဘ၀မှာ သိစရာတွေ အများအပြားရှိပါတယ်။သည်လို သိစရာတွေကို သိအောင် စဉ်ဆက်မပြတ်ကြိုးစားအားထုတ်ဖို့ လိုတယ်၊ အသက်ရှင်သန်နေသရွေ့  လိုအပ်တဲ့ အသိပညာကို ဆည်းပူးနေရမယ်လို့  အိုဗာစထရိက ဆိုပါတယ်။ စဉ်ဆက်မပြတ်ပညာရေး၊ သက်ကြီးပညာရေး စတဲ့ ပညာရေးလောကရဲ့ ဖွံ့ ဖြိုးတိုးတက်မှုဖြစ်စဉ်တွေအပေါ်​မှာ အိုဗာ စထရိရဲ့ အယူအဆတွေက အလွန်သြဇာရှိခဲ့တာပါ။ လူတယောက်ဟာ အသိ စိတ်ဓာတ်ပိုင်း ဆိုင်ရာနဲ့ လူမှုဆက်ဆံရေးပိုင်းဆိုင်ရာများမှာ ရင့်ကျက်မှုကို ရယူလိုတယ်ဆိုရင် အသိပညာ ကွင်းဆက်ကို စဉ်ဆက်မပြတ် တည်ဆောက် နေရပါမယ်။ အသိပညာကွင်းဆက်ကို တည်တံ့ ခိုင်မြဲအောင် လုပ်ဖို့ စဉ်ဆက်မပြတ် ပညာရေးကို လုပ်ဆောင်ရပါမယ်။ စဉ်ဆက်မပြတ် ပညာရေးကို လက်မခံရင် ဘာဖြစ်မလဲဆိုတာကို အိုဗာစထရိက သည်လို ရှင်းပြပါတယ်။
.
လက်ရှိပိုင်ဆိုင်ထားသမျှ အသိပညာ ဗဟုသုတလောက်ကို လုံလောက်ပြီဟု ဆုံးဖြတ်ပြီး နောက်ထပ် ဆည်းပူးလေ့လာခြင်းမရှိသူသည် မရင့်ကျက်သူ ဖြစ်သည်။ ထိုသူမျိုးသည် အခြေအနေသစ်နှင့် ရင်ဆိုင်တွေ့ ရသည့်အခါ ဘာလုပ်ရမှန်း မသိတော့။ ပြဿနာ အသစ်များ နှင့် ရင်ဆိုင်ရသည့်အခါ နည်းလမ်းဟောင်းများနှင့်သာ ဖြေရှင်းတတ်သည်။ သို့ ဖြင့် ပြဿနာ မပြေလည်ဘဲ ပိုရှုပ်ထွေးလာခြင်းသာ အဖတ်တင်တတ်သည်။ တရားသေနည်းလမ်း ဟောင်း များနှင့် တရားသေ၀ါဒများက သူ့ ဘ၀ကို ပုံဆောင်ခဲတခုအဖြစ် ဖန်တီးပစ်လိုက်သည်။ သို့  တိုင် သူကတော့ မာနတလူလူ ဖြစ်နေသည်။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး ဘ၀င်မြင့်နေ တတ်သည်။ ဘာမှ ထပ်သိစရာ မလိုအပ်တော့သည့် လူတတ်ကြီးတယောက်လို ကိုယ့်ကိုယ် ကိုယ် ထင်မှတ်နေလေရာ နွားခြေရာခွက်ထဲက ဖားသူငယ်အဖြစ်သို့  ရောက်မှန်းမသိ ရောက်သွားရတော့သည်။

ကျမ်းဂန်စာပေ တတ်ကျွမ်းသည့် ပညာရှိကြီး ဖြစ်စေကာ ကိုယ့်ကိုယ်ကိုယ် ထင်တလုံး
ဖြစ်နေလျှင် စာမတတ်သည့် လယ်သမားတယောက်နှင့် ဘာမှ မထူးပြီ။ စာမတတ်သည့် လယ်သမားသည်လည်း သူ့ ဖခင် သင်ပေးသမျှနှင့် တင်းတိမ်နေပြီး အသစ်အသစ်သော စိုက်ပျိုးရေးပညာရပ်များကို လေ့လာခြင်းမရှိ ၊ အသုံးချရကောင်းမှန်း မသိသူ ဖြစ်သည်။ စဉ်ဆက်မပြတ်လေ့လာဆည်းပူးခြင်း ကင်းမဲ့သည့် ပညာရှိနှင့် စာမတတ်ပေမတတ် လယ်သမားတို့  နှစ်ယောက်စလုံးပင် မရင့်ကျက်သူများ ဖြစ်သည်။
.
ရင့်ကျက်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အသိပညာကွင်းဆက်အကြောင်းကို တင်ပြပြီးတဲ့ နောက်မှာ " အသိပညာကွင်းဆက်ကို တည်ဆောက်ဖို့  ဘာကြောင့် ပျက်ကွက် ကြတာလဲ၊ တည်ဆောက်ပြီးသားကွင်းဆက်ကို ခိုင်မာအားကောင်းလာအောင် ဘာကြောင့် ဆက်ပြီး အားမထုတ်နိုင်ကြတာလဲ " ဆိုတဲ့ မေးခွန်းကို သူက ဆက်မေးပါတယ်။ ပြဿနာရဲ့ အကြောင်းရင်းများကိုလည်း သည်လို ဆက်ဆွေးနွေးပြပါတယ်။
.
- အသိပညာကွင်းဆက်ကို တည်ဆောက်ရန် သို့ မဟုတ် ဘ၀တလျှောက်လုံး စဉ်ဆက် မပြတ်တည်ဆောက်ရန် ပျက်ကွက်ခြင်းမှာ အတွင်းအဇ္ဈတ္တရှိအကြောင်းရင်း များတွင် လည်းကောင်း၊ အပြင် ဗဟိဒ္ဓအကြောင်းရင်းများတွင်လည်း အခြေခံသည်။

- ပုံစံပြရလျှင် ကလေးဘ၀ကပင် အသိပညာလေ့လာဆည်းပူးချင်သော စိတ်ကို ပိတ်ဆို့ ဟန့်  တားခြင်း ခံခဲ့ရနိုင်သည်။ " မင်းက ငါ့ထက်သာအောင် ကြိုးစားနေတာပေါ့လေ ဟုတ်လား" ဟု ဖခင်ဖြစ်သူဧ။် ရိသဲ့သဲ့ ထိပါးပြောဆိုမှုမျိုးကို ခံခဲ့ရနိုင်သည်။ " သည်လို လောကီစာတွေ လေ့လာ နေရင်တော့ ပျက်စီးရုံပဲ ရှိမှာပေါ့" ဟု ဘာသာရေးဆန်သော မိခင်ဧ။် ဝေဖန်ပြောဆိုမှု မျိုးကို ခံခဲ့ရနိုင်သည်။ " ဆရာ့အချစ်တော် လာပြီဟေ့၊ တို့ ကစားဝိုင်းထဲ မပါစေနဲ့ " ဟု အတန်းတူ သူငယ်ချင်းများဧ။် ၀ိုင်းပယ်မှုမျိုးကို ခံခဲ့ရနိုင်သည်။ ထိုသို့ ပြုမူပြောဆိုခြင်း ခံခဲ့ ရလျှင် မသိစိတ်အတွင်းတွင် အသိပညာလေ့လာဆည်းပူးမှုကို မုန်းတီးသောစိတ် ကိန်း အောင်း သွားနိုင်သည်။ ကလေးဘ၀တွင် ကိန်းအောင်းသွားသောစိတ်သည် ဘ၀တလျှောက် လုံး သူ့ ကို လွှမ်းမိုးနေမည်။သို့ ဖြင့် အသိပညာကွင်းဆက်ကို တည်ဆောက်ရန် ပျက်ကွက်ရ တော့သည်။
.
- နောက်တယောက်က ထိုသို့ သော မသိစိတ်မျိုး မရှိ။ သို့ သော် မိဘဆွေမျိုး အသိုင်းအ၀ိုင်း နှင့် လိုက်လျောညီထွေ နေရခြင်းကိုသာ သဘောကျသည်။ အသိုင်းအ၀ိုင်းတွင် လွှမ်းမိုး သော ယုံကြည်မှုများ၊ ဓလေ့ထုံးစံများ၊ အကျင့်စရိုက်များကို စူးစမ်းဆင်ခြင်မှုမရှိဘဲ မျက်စိမှိတ် လက်ခံသည်။ ကိုယ်ပိုင်ဦးနှောက် မရှိသူဟု ဆိုရမည်။ မိသားစုဧ။် အလိုအတိုင်း နေသည်။ သူငယ်ချင်းအပေါင်းအသင်းများဧ။် အလိုအတိုင်း နေသည်။ နိုင်ငံရေးဖြစ်စေ၊ စီးပွားရေးဖြစ်စေ၊ ဘာသာရေး ဖြစ်စေ၊ လူများစုလုပ်သည့်အတိုင်း လိုက်လုပ်သည်။ ရှေးရိုး အစဉ်အလာအတိုင်း လိုက်လုပ်သည်။ ကိုယ်ပိုင်ဆုံးဖြတ်ချက် ဘာမှ မရှိ။ ပတ်ဝန်းကျင်အလိုအတိုင်း လိုက်နေသည့် အတွက် သူ့ တွင် အသိပညာကွင်းဆက် ကင်းမဲ့နေရသည်။ ရှိလျှင်သော်မှ ယင်းကွင်းဆက် သည် ခိုင်မာခြင်းမရှိဘဲ ကျိုးပဲ့ပြတ်တောက်နေတတ်သည်။ သို့ ဖြင့် ထိုသူသည်လည်း ရင့်ကျက်ခြင်း ကင်းရလေတော့သည်။ ။

ကျမ်းညွှန်း- Criteria of Maturity by Harry A. Overstreet
မောင်သာမည
(ရင့်ကျက်မှုအတွက် ကွင်းဆက်များ ၂၀၀၃ စာအုပ် တွင် ပါဝင်ခဲ့သော ဆောင်းပါး ဖြစ်ပါသည်။)
.
Ref : http://www.maukkha.org/index.p​hp?option=com_content&view=art​icle&id=1629:2011-07-17-02-39-​41&catid=86:feature&Itemid=266

ရင့်ကျက်သော စိတ် (အပိုင်းတစ်)

လူ့ အဖွဲ့ အစည်းတခုမှာ အန္တရာယ်အရှိဆုံးသူတွေကတော့ သူငယ်နာမစင်တဲ့ လူကြီးတွေပဲ ဖြစ်တယ်လို့  နယူးယောက်စီးတီးတက္ကသိုလ်ရဲ့ ဒဿန ပါမောက္ခဟာရီအိုဗာစထရီ (Harry Overstreet ) က ကောက်ချက်ချပါတယ်။ အသက်အရွယ်ကြီးပေမယ့် စိတ်ဓာတ်နဲ့ အသိ ဉာဏ်ပိုင်းဆိုင်ရာမှာ ကလေးသူငယ်တယောက် လိုပဲ ဖြစ်နေတဲ့ သူတွေကြောင့် လူ့ လောက ဟာ ဘေးအန္တရာယ်တွေ ၀ိုင်းနေရတယ်လို့  ဆိုလိုချင်ပုံ ရပါတယ်။ သည်လို ကလေးကလား နိုင်တဲ့ လူကြီးတွေအတွက် အခေါ်အဝေါ်တွေက မနည်းပါဘူး။ ကျပ်မပြည့်တဲ့သူတဲ့။ အသက်ကြီးပြီး အချိန်မစီးသူတဲ့။ မကျက်တကျက်ပေါင်မုန့် တဲ့။
.
လူကြီးတွေက ကလေးသူငယ်တွေမှာ မရှိနိုင်တဲ့ စွမ်းအားတွေကို ပိုင်ဆိုင်နေပါတယ်။ အမြင် သာ ဆုံးကတော့ ရုပ်ပိုင်ဆိုင်ရာ ခွန်အားပါ။ ကလေးငယ်တယောက် စိတ်ဆိုးတဲ့ အခါ ဖျက်လို ဖျက်ဆီးလုပ်တတ်သလိုမျိုး လူကြီးတယောက်က စိတ်ဆိုးမာန်ဆိုး ဖျက်ဆီးမယ်ဆိုရင် ပျက်စီးမှု ပမာဏအတိုင်းအတာဟာ ကလေး သူငယ်က လုပ်တာထက် အများကြီး ပိုကြီးမား ပါမယ်။ ဒါကြောင့် သူငယ်နာ မစင်တဲ့ လူကြီးတွေဟာ လောကအတွက် အလွန် အန္တရာယ်ကြီး တယ်လို့  ပြောနေကြတာပါ။
.
လူတယောက်ဟာ အသက်အရွယ်ကြီးလာတာနဲ့ အမျှ သြဇာရှိတဲ့သူ ဖြစ်လာပါတယ်။ မိဘတယောက် ဖြစ်လာတယ်။ ဆရာတယောက် ဖြစ်လာတယ်။ အလုပ်ရှင် တယောက် ဖြစ်လာတယ်။ အလုပ်သမား ခေါင်းဆောင်တယောက် ဖြစ်လာတယ်။ အရာရှိ တယောက် ဖြစ်လာတယ်။ အကြီးအကဲ တယောက် ဖြစ်လာတယ်။ တစုံတယောက် အပေါ်မှာတော့ သြဇာရှိလာတာပါပဲ။ သြဇာ မရှိဘူးဆိုတဲ့ လူကြီးဆိုတာ ရှားပါတယ်။ ဒါကြောင့် လူကြီး တယောက်ရဲ့ စိတ်ဓာတ်ဟာ အသက်အရွယ်နဲ့ အညီ ဖွံ့ ဖြိုးရင့်ကျက်လာခြင်းမရှိဘဲ ကလေးသူငယ်အဆင့်မှာပဲ ရပ်တံ့နေမယ်ဆိုရင် သူ့ သြဇာအောက်မှာ ရှိတဲ့သူတွေ ဘယ်လောက် ဆင်းရဲကြမလဲ။
.
အသက်အရွယ်ကြီးလာတာနဲ့ အမျှ ပိုင်ဆိုင်မှုတွေ များလာပါတယ်။ လက်နက် အသုံး အဆောင်တွေ များပြားလာသလို မိတ်ဆွေသင်္ဂဟတွေ အသင်းအပင်းတွေ များပြား လာပါတယ်။ လူကြီးတယောက်ဟာ လက်နက် အသုံးအဆောင်တွေကို အသုံးပြုပြီး သူ့ ရဲ့ စွမ်းအားကို ချဲ့ ထွင်နိုင်သလို အသင်းအပင်းအဖွဲ့ အစည်းတွေမှာ ၀င်ရောက်ပြီး တယောက်တည်း မလုပ်နိုင်တဲ့ အလုပ်တွေကို စွမ်းဆောင်နိုင်ပါတယ်။ သည်လို စွမ်းအားရှိတဲ့ လူကြီး တယောက်က ကလေးသူငယ်စိတ်ဓာတ်လောက်နဲ့  ဦးဆောင်နေမယ်ဆိုရင်
သူဖန်တီးမယ့် ဘေးအန္တရာယ်ဟာ အကန့်အသတ် ရှိမှာ မဟုတ်ပါ။
.
"နေရာမှန်ကို ရောက်ရှိခဲ့တဲ့ စိတ်ဓာတ်ရင့်ကျက်သူရယ်လို့  ကမ္ဘာ့သမိုင်းမှာ သည်နေ့ အထိ အလုံအလောက် မရှိသေးပါဘူး" လို့  ဂျီဘီ ချစ္စဟုမ်း (G.B. Chisholm) ဆိုတဲ့ စိတ်ကုဆရာ ၀န်တယောက်က ပြောဖူးပါတယ်။ သူငယ်နာမစင်တဲ့ လူကြီးတွေပဲ နေရာယူထားတာကြောင့် နေရာမှန် လူမှန် ဆိုတဲ့ အခြေအနေမျိုး ရှားပါးနေရတာကို ဆိုလိုချင် ပုံရပါတယ်။

"အတ္တဟိတနဲ့ ပရဟိတကို ဟန်ချက်ညီညီ ဒွန်တွဲဖန်တီးပေးနိုင်တဲ့ စိတ်ဓာတ်ရင့်ကျက်မှုမျိုးကို ပိုင်ဆိုင်ထားတဲ့သူတွေ ယနေ့ အထိ လုံလုံလောက်လောက် မရှိသေးတဲ့အတွက် လူ့လောက ဟာလည်း ကသောင်းကနင်း ဖြစ်နေရတယ်" လို့  ပါမောက္ခ အိုဗာစထရိက ပြောပါတယ်။

ယနေ့ လူငယ် နောင်ဝယ်လူကြီး ဆိုတဲ့ စကားဟာ သုံးစွဲလွန်းလို့  ဖွတ်ဖွတ်ကြေပြီး စွမ်းအားမဲ့ တဲ့ စကားလုံးတောင် ဖြစ်နေပါပြီ။ ဒါပေမယ့် လူကြီးတယောက်ရဲ့ ဘ၀ကို မလွဲဧကန် ရောက်ရှိ မယ့် လူငယ်တွေအနေနဲ့  "ရင့်ကျက်မှု" ဆိုတဲ့ အသိစိတ်ဓာတ်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ပြင်ဆင်လေ့ကျင့်တာမျိုးက အလွန်နည်းပါးနေပါသေးတယ်။

နောက်ပြီး အသိစိတ်ဓာတ် ရင့်ကျက်မှုကို သင်ကြားလေ့ကျင့်ပေးတဲ့ ပတ်ဝန်းကျင်ကလည်း ရှားပါးနေပါတယ်။စာသင်ကျောင်းတွေမှာလည်း သည်လို စိတ်ဓာတ် ဖွံ့ ဖြိုးရေးပညာကို စနစ်တကျ လေးလေး နက်နက် သင်ပေးတာမျိုး မရှိသေးပါဘူး။
.
မြန်မာနိုင်ငံမှာ ဆိုရင် ဆရာဝန် အင်ဂျင်နီယာ စတဲ့ အသက်မွေးပညာတွေကိုပဲ ဘ၀ရဲ့ ထိပ်တန်း ရည်မှန်းချက်လို ဖြစ်နေအောင် ပညာရေးလောကက ဖန်တီးပေးနေပါတယ်။ သည်လို အတတ်ပညာတွေအပေါ်မှာပဲ အာရုံ စိုက် နေအောင် သင်ကြားပေးနေတာပါ။ ဒါပေမယ့် ဆရာဝန်ကြီး အင်ဂျင်နီယာကြီး တယောက်ဖြစ် လာရုံနဲ့  အသိစိတ်ဓာတ်က အလိုလို ရင့်ကျက်လာတာ မဟုတ်ပါဘူး။ စိတ်ဓာတ်ရင့်ကျက်မှု ဆိုတာက လေ့ကျင့်ပွားများ ရတဲ့ ပညာရပ်တခု ဖြစ်ပါတယ်။

ပါမောက္ခ အိုဗာစထရိက ရင့်ကျက်သော စိတ် ( The Mature Mind) ဆိုတဲ့ စာအုပ် တအုပ် ကို ရေးသားခဲ့ပါတယ်။ သည်စာအုပ်မှာ ရင့်ကျက်တဲ့ စိတ်ဓာတ်ကို ပိုင်ဆိုင် ရရှိဖို့ လိုအပ်ချက် တွေကို ရှင်းလင်းပြထားပါတယ်။ အဓိက တင်ပြထားတာ ကတော့ ရင့်ကျက်မှု ဆိုင်ရာ ကွင်းဆက် သဘောတရား(The Linkage Theory of Maturity) ဖြစ်ပါတယ်။
.
ရင့်ကျက်သူတယောက်ဖြစ်လာဖို့  ဘ၀နဲ့ ဆက်စပ်နေတဲ့ ကွင်းဆက် ခြောက်ခုကို ပါမောက္ခ အိုဗာစထရိက သည်စာအုပ်မှာ ရှင်းပြထားပါတယ်။
.
သည်ကွင်းဆက်တွေကတော့ အသိပညာ ကွင်းဆက်၊ တာဝန်ကွင်းဆက်၊ ပြောဆိုဆက်ဆံရေး ကွင်းဆက်၊ လိင်မှု ကွင်းဆက်၊ ကိုယ်ချင်းစာနာမှု ကွင်းဆက်နဲ့ ဒဿနအမြင်ကွင်းဆက်တို့  ဖြစ်ပါတယ်။ သည်ကွင်းဆက်ခြောက်ခုဟာ တခုနဲ့ တခု ဆက်စပ်နေပြီး အပြန်အလှန် အထောက်အပံ့ပြု နေတဲ့အကြောင်း၊ သည်ကွင်းဆက်ခြောက်ခုကို ပြည့်ဖြိုးသန်မာအောင် ကြိုးစား အားထုတ်တဲ့ သူဟာ ရင့်ကျက်တဲ့စိတ်ကို ပိုင်ဆိုင်သူဖြစ်လာမယ့်အကြောင်း အိုဗာစထရိက ပြောပါတယ်။ ။
.
မောင်သာမည
.
(ရင့်ကျက်မှုအတွက် ကွင်းဆက်များ -၂၀၀၃ စာအုပ်တွင် ဖော်ပြခဲ့ဖူးသော ဆောင်းပါး ဖြစ်ပါ သည်။)
.
Ref : http://www.maukkha.org/index.php?option=com_content&view=article&id=1550:2011-07-11-00-09-29&catid=86:fea​ture&Itemid=266

Wednesday, February 16, 2011

Beginner ကလေး လူကြီးများအတွက် အာရဗီဖတ်နည်း

.
အာရဗီစာလုံးပေါင်းဖတ်နည်း ဗီဒီအိုကြည့်ရအောင်
----------------------------------------------------------------
၁။ http://www.tajweedinenglish.com/beginners/beginners-lessons ကိုကလစ်ပါ။

၂။ အဝါရောင်လိုင်း တစ်လိုင်းပြီးတစ်လိုင်းကို ကလစ်ပြီးဖွင့်ပါ။

၃။ ပွင့်လာသောစာမျက်နှာမှ အာရဗီစာလုံးပေါ်တွင် မိမိ၏မောက်စ်ကိုထားပါက ဆရာ၏စာလုံးပေါင်းဖတ်သောအသံကိုကြားရမည်။

Beginner များလိုက်ကျင့်ကြည့်ပါ။

Tuesday, January 11, 2011

အစ္စလာမ်ဘာသာမှ ဝက်သားစားသုံးခြင်းကိုတားမြစ်ထားသောအချက်များ

.
အေမး : အစၥလာမ္ဘာသာမွာ ၀က္သားကိုစားခြင့္မ၇ိွဘူးဆိုတာဟုတ္ပါသလား။
တကယ်လို့  ဟုတ်တယ်ဆို၇င်လည်းဘာလို့ စားသုံးခွင့်မရှိတာလဲဆိုတာ
သိချင်ပါတယ်ခင်ဗျ။

အစ္စလာမ်ဘာသာ ၇ဲ့ အဆို အ၇ ၀က်သည်လည်း ဒီကမ္ဘာကြီးပေါ်မှာ
ဖန်ဆင်းရှင်ရှိလို့ သာ ပေါ်ပေါက်လာ၇တာပါ။ တကယ်လို့ ဝက်ကို မသန့် စင်ဘူးလို့ ယူဆလျှင်လဲ ဘာ လို့ ဖန်ဆင်းခဲ့သလဲဆိုတာသိချင်ပါတယ်ခင်ဗျ။

မသန့် စင်မှန်းသိ၇င် ထာ၀၇ ဘု၇ားသခင်။ အန န္တ တန်ခိုး၇ှင် ဖန်ဆင်းရှင် က ဘာပြု လို့ ဖန်ဆင်းခဲ့တာလဲခင်ဗျ။ ဒီကမ္ဘာကြီးစတည်ကတည်း ကတစ်ခါတည်းမရှိအောင်
ဖျောက်ပစ်ခဲ့သင့်တယ် လို့ ထင်ပါတယ်။

အဖြေ : အလ္လာဟ်အရှင်မြတ်က ကမ္ဘာပေါ်မှာ အကောင်းနှင့်အဆိုး ဒွန်တွဲ၍ဖန်ဆင်းထားပြီး မည်သည့်အရာက အကောင်း မည်သည့်အရာက အဆိုးဆိုသည်ကို လူသားတို့ကို အရှင် မြတ်သင်ကြားပေးထားပါသည်။ လူသားတို့အား ဆင်ချင်သုံးသပ်တတ်သော ဦးနှောက်ညာဏ်ထည့်ပေးထားပါသည်။ ကောင်းတာကိုကျင့်သုံးပြီး၊ မကောင်းတာကိုရှောင်ရမည်မှာ လူသားတို့၏တာဝန်ဖြစ်ပါသည်။ အလ္လာဟ်အရှင်မြတ်သည် ဖန်ဆင်းခံများအား အကောင်းနှင့်အဆိုးကိုခွဲခြားတတ်စေခြင်းဖြင့် လူသားတို့၏အရည်အချင်းကို ပို၍မြင့် စေသည်။ တစ်နည်း လူသားတို့၏ ညာဏ်ရည်ညာဏ်သွေး၊ စိတ်ပိုင်းဆိုင်ရာများကိုလည်းစမ်းသပ်ခြင်းဖြစ်သည်။

အမေး : အစ္စလာမ်က ဝက်သား စားသုံးမှုကို ဘာကြောင့် တားမြစ်ထားရတာလဲ။

အဖြေ : အစ္စလာမ်က ဝက်သား စားသုံးခြင်းကို တားမြစ်ထားတဲ့ အချက် ကတော့ လူသိများလှပါတယ်။ ဒီတားမြစ်ချက်နဲ့ ပတ်သက်တဲ့ အကျိုး အကြောင်းစုံကို အောက်ပါအချက်အလက်များက ရှင်းလင်းပြထားပါတယ်။

၁။ ကုရ်အာန်က ဝက်သားကို တားမြစ်ထားသည်။

ဝက်သား စားသုံးမှုကို လေးနေရာထက် မနည်းမှာ တားမြစ်ထားပါတယ်။ ကုရ်အာန် ၂း ၁၇၃ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အပေါ် ၌ အသေကောင်များကိုလည်းကောင်း၊ (ယိုစီးသော)သွေးကို လည်းကောင်း၊ ၀က်၏ အသားကိုလည်းကောင်း၊ အလ္လာဟ် အရှင်မြတ်၏နာမံတော်မှတပါး အခြားကိုးကွယ်ရာများ၏ အမည်နာမများကို တ,သပြီး လှီးဖြတ် ထားသော တိရစ္ဆာန် များကိုလည်းကောင်း၊ မုချတားမြစ်ထားတော် မူလေသည်။ သို့တားမြစ်ထားသော်လည်း မလွှဲမရှောင်သာ နိုင်အောင် အကျပ်အတည်းနှင့် တွေ့ကြုံနေသောသူ တဦးသည် (တားမြစ် ထားသော အာဟာရကို) မက်မောသူ မဟုတ်ဘဲ၊ အစားကျူး သူလည်း မဟုတ်ဘဲ၊ (အသက်မသေရုံမျှ စားသုံး ခဲ့ပါလျှင်) ထိုသူ့အပေါ်၌ တစုံတရာ အပြစ်မရှိချေ။ ဧကန် မုချ အလ္လာဟ်အရှင်မြတ်သည် (ချို့တဲ့မှုများကို) အထူးချမ်းသာခွင့် ပေးသနားတော်မူသောအသျှင်၊ အစဉ်အမြဲ သနားကြင်နာ ညှာတာ တော်မူသောအရှင် ဖြစ်တော် မူပေသတည်း။

[ ကုရ်အာန် ၅း ၃ ] အလိုအလျောက်သေသော တိရစ္ဆာန်သည်လည်းကောင်း၊ သွေးသည်လည်းကောင်း၊ ၀က်တိရစ္ဆာန်၏အသားသည် လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်မှတစ်ပါးအခြားကို ရည်စူးထားသောတိရစ္ဆာန်သည်လည်းကောင်း၊လည်မျို (ညှစ်၍ဖြစ်စေ၊ လိမ်၍ဖြစ်စေ) သေရသောတိရစ္ဆာန်သည်လည်းကောင်း၊ ရိုက်နှက်၍ဖြစ်စေ၊ ထိခိုက်၍ဖြစ်စေ သေသောတိရစ္ဆာန်သည်လည်းကောင်း၊ မြင့်ရာမှကျ၍ သေသောတိရစ္ဆာန်သည်လည်းကောင်း၊ ဦးချိုဖြင့်ဝှေ့ခတ်ခြင်းခံရ၍ သေသော တိရစ္ဆာန်သည်လည်းကောင်း၊ (အသက်မထွက်မီ တရားတော်နှင့်အညီ)အသင်တို့ "ဇဗ်ဟ်"လှီးဖြတ် နိုင်ခဲ့သောတိရစ္ဆာန်များမှအပ သားရဲတိရစ္ဆာန်များ ကိုက်ခဲသတ်ဖြတ်ထားသောတိရစ္ဆာန်သည်လည်းကောင်း၊ အသင်တို့အပေါ်၌ ဟရာမ်ဟူ၍တားမြစ်ထားပြီး ဖြစ်လေပြီ။
.
ရုပ်ပွားဆင်းတုများထားရှိရာဌာနများတွင် ပူဇော်သက္ကာပြုရန် လှီးဖြတ်ထားသော တိရစ္ဆာန်များသည်လည်းကောင်း၊ မဲမြှားတို့ ဖြင့် အသင်တို့ ဝေစုဝေပုံခွဲခြင်းသည်လည်းကောင်း၊ အသင်တို့အဖို့(စားသုံးခြင်း မပြုကြရန်) ဟရာမ် တားမြစ်ထားပြီး ဖြစ်ချေသည်။ ဤသည်တို့ကားပြစ်မှုဒုစရိုက်များ ပင်တည်း။ ယနေ့အဖို့မှာကား ကာဖိရ်သွေဖည်ငြင်းပယ် သောသူတို့သည် အသင်တို့၏သာသနာကို(ဖျက်ဆီးနိုင်ခြင်း)မှ မျှော်လင့်ချက် ကင်းမဲ့ကြပြီးဖြစ်ရာ အသင်တို့သည် ထိုသူတို့ကို စိုးရိမ်ကြောက်ရွံ့ခြင်း မရှိကြဘဲ ငါအရှင်မြတ်ကိုသာလျှင် ကြောက်ရွံ့ကြလေကုန်။ ယနေ့သော်ကားငါအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ ဒီန်သာသနာကို ပြည့်စုံစေတော်မူခဲ့လေပြီ။ ၎င်းပြင် ငါအရှင်သည်မိမိ၏ ကျေးဇူးတော်များကို အသင်တို့အဖို့ အပြည့်အစုံ ချီးမြှင့်ပေးသနားတော်မူခဲ့လေပြီ။
.
၎င်းပြင် ငါအရှင်သည် အစ္စလာမ်သာသနာကို အသင်တို့အဖို့ ‘ဒီန်သာသနာတော်အဖြစ်သဘောတူ နှစ်မြို့တော်မူခဲ့လေပြီ။ သို့ရာတွင် (အထက်တွင်မြစ်တားထားခဲ့သော အရာများနှင့်စပ်လျဉ်း၍ သိအပ်သောအချက်တစ်ရပ်မှာ) မည်သူမဆို အပြင်းအထန် ဆာလောင်မွတ်သိပ်၍ မလွှဲမရှောင်သာသည့် အခြေသို့ ဆိုက်ရောက်ခဲ့သဖြင့် ထိုသူသည် ပြစ်မှုကို နှစ်သက်လိုလားခြင်း မရှိဘဲ(မြစ်တားထားသော အရာများကို စားသုံးမိပါက) မချွတ်ဧကန်အလ္လာဟ် အရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်း ချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်တရာ ကြင်နာ သနားတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

[ ကုရ်အာန် ၆:၁၄၅ ] အို-နဗီတမန်တော်) အသင်သည် (ယင်းသူတို့အား ဤသို့) ပြောကြားပါလေ။ (အချင်းတို့) ငါသည် မိမိထံသို့ (အလ္လာဟ်အရှင်မြတ်အထံတော်မှ) ကျရောက်လာသောဝဟီယ် အမိန့်တော်တွင် (ယခုအငြင်းပွားလျက်ရှိသောတိရစ္ဆာန်များအနက်)တစ်စုံတစ်ခုကို မည်သည့်စားသုံးသူအပေါ်၌မျှ ၎င်းကို စားသုံးခြင်းသည် ဟရာမ် ဟူ၍ တားမြစ်ထားသည်ကို မတွေ့ရှိရချေ။ သို့ရာတွင် အသေသား၊ သို့မဟုတ်စီးထွက်သောသွေး၊ သို့မဟုတ် ၀က်တိရစ္ဆာန်၏ အသားဖြစ်ခဲ့လျှင် ထိုအရာများသည် အလွန်ညစ်ထေး၍ မသန့်စင်သောကြောင့်၊ သို့မဟုတ် ဥပဒေကို ကျူးလွန်ခြင်းအားဖြင့် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုရည်စူး၍ သတ်မှတ်ခဲ့လျှင်(ဟရာမ် ဟူ၍ တားမြစ်ထားတော်မူလေသည်။) သို့ပါလျက်အကြင်သူသည် (ထိုထိုသောအရာများကိုပင်) အရသာခံစားလိုခြင်း၊ စည်းကမ်းကျူးလွန် ဖောက်ဖျက်ခြင်းမရှိဘဲ မလွှဲမရှောင်သာဖြစ်၍ (အသက်မသေရုံမျှသာ စားသုံး)ခဲ့ပါမူ၊ အသင့်အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ဧကန်အမှန်အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားညှာတာတော်မူသောအရှင်မြတ်ပင်ဖြစ်တော် မူပေသတည်း။

[ ကုရ်အာန် ၀၁:၁၄၊ ၁၆:၁၅၅ ] ထိုအရှင်မြတ်သည် အသေကောင်(များ)၊ (ယိုစီးသော)သွေး၊ ၀က်တိရစ္ဆာန်၏အသားနှင့် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကို ရည်စူး(တသလှီးဖြတ်)ထားသော အရာများကိုသာလျှင် ဟရာမ် ဟူ၍ မြစ်တားထားတော်မူခဲ့လေသည်။ သို့(တားမြစ်ထားတော်မူသော်) ငြားလည်း မလွှဲမရှောင်သာ(အောင်အကျပ်အတည်းတွေ့ကြုံနေ)သောသူတစ်ဦးသည်(တားမြစ်ထားသောအာဟာရကိုခုံမင်)တပ်မက်သူ မဟုတ်၍လည်းကောင်း၊(အစား) ကျူးသူမဟုတ်၍လည်းကောင်း(အသက်မသေရုံမျှ စားသုံးခဲ့ပါလျှင်) ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အထူးချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အထူးသနားကြင်နာတော်မူသောအရှင်၊

ကုရ်အာန် ၅း ၃၊ ၆း ၁၄၅ နှင့် ၁၆း ၁၁၅ တို့မှာ တွေ့ရှိရပါတယ်။
“အသင်တို့အတွက် တားမြစ်ထားရာ (အစားအစာ) ကား အသေသား၊ သွေး၊ ဝက်သား၊ ... အလ္လာဟ်မှအပ ဖြစ်ရာတို့ကို ပူဇော်ပသ ဆက်ကပ်ထားရာတို့ ဖြစ် သတည်း။” [ ကုရ်အာန် ၅း ၃ ]

ကျမ်းမြတ်ကုရ်အာန်ရဲ့ အထက်ပါ အာယတ်တော်တွေ အရနဲ့တင် ဝက်သားကို ဘာကြောင့်တားမြစ်ထားရတဲ့အကြောင်းကိုတော့ မွတ်စလင်တစ်ဦးအဖို့ ကျေနပ်မှု အပြည့်အဝ ရရှိသွားစေမှာပါ။

၂။ ခရစ်ယာန်သမ္မာကျမ်းမှာလဲ ဝက်သားကို တားမြစ်ထားသည်

ခရစ်ယာန်တွေကို သူတို့ရဲ့ ဘာသာရေး ကျမ်းဂန်တွေကို တကယ်ပဲ တိတိကျကျ ယုံကြည်အပ်တာကို သိမ်းသွင်းယူရတော့မဲ့ပုံ။ ဘာကြောင့်လဲဆိုတော့ သမ္မာကျမ်းစာလာ ဝတ်ပြုရာ ကျမ်းမှာလဲ ဝက်သားစားသုံးခြင်းကို တားမြစ်ထားပါတယ်။
“ဝက်သည် ခွါကွဲပြားသော်လည်း စားမြုံ့ မပြန်သောကြောင့် သင်တို့ မစင်ကြယ်။ ထိုသို့သော တိရစ္ဆာန်၏ အသားကို မစားရ။ အသေကောင်ကိုလည်း မထိရ၊ မစင်ကြယ်ဟု သင်တို့ မှတ်ယူကြရမည်။” [ ဝတ်ပြုရာကျမ်း ၁၁း ၇-၈ ]

သမ္မာကျမ်းလာ တရားဟောရာကျမ်းမှာလည်း ဝက်သားကို ပိတ်ပင်ထားတာ ရှိပါတယ်။
“ဝက်သည် ခွါကွဲပြားသော်လည်း စားမြုံ့ မပြန်သောကြောင့် သင်တို့၌ မစင်ကြယ်။ အသားကို မစားရ။ အသေကောင်ကိုလည်း မထိရ။ “
[ တရားဟောရာကျမ်း ၁၄း ၈ ]
သမ္မာကျမ်းလာ ဟေရှာယ အနာဂတ္တိကျမ်း၊ အခန်း-၆၅၊ ပါဒ ၂-၅ မှာလည်း အလားတူပဲ ထပ်မံပြီး ပိတ်ပင်ထားတာ ရှိပါတယ်။

၃။ ဝက်သား စားသုံးခြင်းဖြင့် ရောဂါများစွာ ဝင်နိုင်သည်
.
ဆင်ခြင်တုံတရားကျကျ၊ ယုတ္တိဗေဒနည်းဆန်ဆန်နှင့် သိပ္ပံအရ အခိုင်အမာ တင်ပြနိုင်မှသာ မွတ်စလင် မဟုတ်သူများနဲ့ ဘုရားမဲ့ဝါဒီများ အနေနဲ့ သဘောတူ လက်ခံနိုင်မှာ ဖြစ်ပါတယ်။ ဝက်သားကို စားသုံးမှီဝဲ ခြင်းဖြင့် ရောဂါ အမယ်ပေါင်း ခုနှစ်ဆယ်ထက်မနည်း ဖြစ်ပွားနိုင်ပါတယ်။

လူတွေမှာ သန်လုံးကောင်၊ တုတ်ကောင်နဲ့ ချိတ်သန် စတာတို့လိုမျိုး သန်မျိုးစုံ စွဲကပ်နိုင်ပါတယ်။ အန္တရာယ်အကြီးဆုံးကတော့ တေနီယာ ဆိုလျမ်ပါပဲ။ ဒီကပ်ပါးက လူသာမန်တို့ကတော့ တုတ်ပြားကောင်ရယ်လို့ ခေါ်ကြပါတယ်။ အကောင်က အတော်ရှည်ပြီး အူထဲမှာနေတယ်။ ၄င်းရဲ့ ဥက သွေးစီးကြောင်းထဲဝင်ပြီး လူ့ကိုယ်အင်္ဂါအစိတ်အပိုင်းအားလုံးကို ဝင်ရောက်နိုင်ပါတယ်။ ဒီပိုးက ဦးနှောက်ထဲဝင်သွားရင် မှတ်ဥာဏ်ကို ထိခိုက်နိုင်ပါတယ်။ နှလုံးထဲကိုဝင်ခဲ့ရင် နှလုံးရောဂါ ဖြစ်နိုင်ပါတယ်။

မျက်စေ့ထဲဝင်ခဲ့ရင်တော့ မျက်စေ့ကွယ်သွားတတ်တယ်။ အသည်းထဲ ဝင်ခဲ့ရင်တော့ အသည်းကို ထိခိုက်ပျက်စီးနိုင်တယ်။ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း အားလုံးကိုပဲ ထိခိုက် ပျက်စီးစေနိုင်ပါတယ်။ နောက်ထပ် အန္တရာယ် ကြီးမားတဲ့ သန်ကောင်ကတော့ ထရီချူရာ တီချုရာစစ် (Trichura Tichurasis) ဖြစ်ပါတယ်။

ဝက်သားကို ကောင်းစွာ ချက်ပြုတ်ပြီးမှ စားရင် ဒီဥက သေသွား မယ်ဆိုပြီး ယေဘူယျအားဖြင့် တလွဲ သိရှိထားနေကြတယ်။ အမေရိကမှာ ပြုလုပ်ခဲ့တဲ့ သုတေသန တစ်ခုအရ ထရီချူရာ တိချုရာစစ် သန်စွဲနေတဲ့ လူနာ ၂၄ ဦးမှာ ၂၂ ဦးက ဝက်သားကို ကောင်းစွာ အချက်ခံပြီးမှ စား ကြတာတဲ့။ ဒီအချက်က ပုံမှန် အပူချိန်မှာ ချက်သွားလို့ကတော့ ဝက်သားမှာ ဒီပိုးဥက သေ မသွားဘူး ဆိုတာကို ပြနေပါတယ်။

၎။ ဝက်တွင် အဆီကို ဖွဲ့စေသော ဝတ္ထု ရှိသည်
ဝက်မှာ အင်မတန်နည်းပါးတဲ့ ကြွက်သားကိုသာ ဖွဲ့စည်းနိုင်တဲ့ ဝတ္ထု ရှိပြီး အဆီက အလွန်အကျွံ ပါဝင်နေပါတယ်။ ဒီအဆီကသွေးကြောများထဲမှာ စုနေတာကြောင့် သွေးတိုး ဝင်ပြီး နှလုံးထိခိုက် ပျက်စီးရပါတယ်။ အမေရိကန်လူမျိုး ၅၀ ရာခိုင်နှုန်းကျော်က သွေးတိုး ရောဂါ ခံစားနေရတယ် ဆိုတာဟာ ဒါကြောင့် အံ့ဩစရာ မဟုတ်တော့ ပါဘူး။

၅။ ဝက်သည် ကမ္ဘာမှာ အညစ်ညမ်းဆုံး သတ္တဝါ ဖြစ်သည်
ဝက်က ကမ္ဘာမှာ အညစ်ပတ်ဆုံး တိရစ္ဆာန်တွေထဲက တစ်မျိုး ဖြစ်တယ်။ ရွှံ့နွံတွေ၊ မစင် အညစ်အကြေးတွေထဲမှာ ရှင်သန် ကျင်လည် နေထိုင်ကြတယ်။ ကျွန်ုပ်သိရသလောက် အလ္လာဟ်အရှင် ဖန်တီးထားတဲ့ အထဲမှာ အညစ်အကြေး ရှင်းကောင်လို့ ဆိုရမှာပါ။ ကျေးရွာတွေမှာ ခေတ်မီ အိမ်သာတွေ ဘာတွေ မရှိကြပါဘူး။ ကွင်းပြင်တွေမှာ အခင်းကြီး အခင်းငယ် သွားကြတယ်လေ။ ဒီ အညစ်အကြေးတွေကို ပြောင်သလင်း ခါသွားအောင် ဝက်က ရှင်းပစ်ပေးတာပါ။

တချို့က စောဒကတက်ကြတာ ရှိတယ်။ ဩစတြေးလျလို တိုး တက်တဲ့ နိုင်ငံတွေမှာ ဝက်ကို အင်မတန် သန့်ပြန့်ပြီး ကျန်းမာရေးနှင့် ညီတဲ့ ဝန်းကျင်မှာ မွေးမြူနေကြပြီတဲ့။ ဒီလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အခြေအနေများမှာတောင် ဝက်တွေကို နှစ်ဖက်ချ တုံးတင် လှေခါးတွေ ထဲမှာ ထားပြီး မွေးမြူကြရတယ်။ သူတို့ကို ဘယ်လိုပဲ ခက်ခက်ခဲခဲနဲ့ သန့်ရှင်းအောင် လုပ်လုပ် ဘာမှမထူးပါဘူး။ ဗီဇကိုက ညစ်ပတ်တဲ့ ဗီဇပါနေတာကိုး။ ကိုယ့်မစင် ကိုယ်ပြန်စားရင်စား ဒါမှမဟုတ် အနားက အကောင်ရဲ့ မစင်ကို ပြန်ပြီး စားတတ်ကြပါတယ်။

၆။ ဝက်သည် အရှက်အမဲ့ဆုံးသော တိရစ္ဆာန်ပင်
ကမ္ဘာမှာ ဝက်ဟာ အရှက် အမဲ့ဆုံးသော အကောင်ပါပဲ။ မိမိရဲ့ ကြင်ဖော်ကို တခြားအဖော်ဖြစ်တဲ့ အကောင်တွေနဲ့ လာမိတ်လိုက်ဖို့ ခေါ် တတ်တဲ့ တိရစ္ဆာန်မျိုးက ဝက်ပါပဲ။ အမေရိကမှာ လူတော်တော်များများ က ဝက်သားကို စားသုံးကြတယ်။ ပွဲသဘင် အကပါတီတွေမှာ ဆိုရင် အချို့က Wife Swapping ကိုကျေကျေနပ်နပ်ကြီးကို အလဲအလှယ် ပြုတတ်ကြပါတယ်။ ဒါကို Swapping of wives လို့ လည်းခေါ်ပါတယ်။

Reference : Myanmar chat online org.

Now a days, people are not as much "religious conscious " as they are "medical conscious". In other words if you tell them that its forbidden in your religion, you are labeled as a wet blanket. But if you explain how this can ruin their hea...lth and figure (especially ladies) or how harmful and in some cases fatal it can be to them, only then will they pay any attention.

Islam is not the only religion in which pork is prohibited but other religions teach the same message also.

For example; In Judaism, pork consumption is forbidden.

In Hinduism, the same principle is applied according to their teachings. In fact most of the Hindus are pure vegetarians especially the Brahmins (the highest cast of Hindus).

In Buddhism, there are five principal commandments on which the religion is based and these are the prohibition of killing, adultery, stealing, telling lies and drinking intoxicants. This is extreme form of Buddhism and encourages vegetarianism only.

In Christianity, it is also required of the followers to not consume pork. This makes sense as Christians believe unconditionally in the Old and New Testament. Some Christians however, claim that they are Christians now and no longer Jews. The answer to this is that the fundamental teachings of the church are based on the Old Testament. Also, the Ten Commandments, which are from the Old Testament, are strictly practiced and the Old and New Testament are bound into one which is called the Holy Bible.

Reference : http://www.themuslimwoman.com

Thursday, July 22, 2010

ပညာသင်ကြားမှု (ခေတ်ပညာနှင့် ဘာသာရေးပညာ) ၏ အရေးပါခြင်း


လေးစားချစ်ခင်ရသော မွတ်စ်လင်မ် ညီအကိုမောင်နှမအပေါင်းတို့ ………..။
.
ချီးမွမ်းခြင်းအပေါင်းတို့သည် အလ္လာဟ်အရှင်မြတ် အတွက်သာတည်း။ ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ် ထံတော်မှသာ အကူအညီ တောင်းခံပါသည်။ ခိုလှုံခွင့်နှင့် ခွင့်လွှတ်မှုကိုလည်းတောင်းခံပါသည်။ ထိုအပြင် ကျွန်ုပ်တို့စိတ်အတွင်းရှိ မကောင်းမှုကိုအားပေးသည့် လှုံဆော်မှုနှင့် ပြင်ပမှပြစ်မှုကျူးလွန် အောင်ပြုလုပ် သည့် လှုံဆော်မှုများမှ ကာကွယ်မှုရရန် အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံပါသည်။ ထို့အပြင် တမန်တော်မြတ် (ဆွ)နှင့် မိသားစုဝင်များ အဆွဟာဗ်တော်များ အားလုံးအပေါ် အလ္လာဟ်အရှင်မြတ်၏ ရဟ်မသ်တော် ဘရကသ်တော်များ ကျရောက်စေသားဟုလည်း ဆုမွန်ကောင်းတောင်းခံအပ်ပါသည်။ အာမီးန်။
.
လေးစားချစ်ခင်ရသော မွတ်စ်လင်မ် ညီအကိုမောင်နှမအပေါင်းတို့ . . . . . . . . . . . .။
.
ယနေ့တင်ပြချင်တဲ့အကြောင်းအရာကတော့ ပညာသင်ကြားရေးသည် အရေးကြီးသည် ဆိုတဲ့အကြောင်း ပါဘဲ။
.
ပညာ သင်ကြားတတ်မြောက်ရေး အရေးကြီးပုံ မည်မျှအရေး ကြီးသည်ဆိုသည်ကို ပြောစရာမလိုအောင် ရှင်းလင်းပါသည်။ ပညာဟူသည် အသိနှင့်အတတ်ကို အကောင်းဆုံး အသုံးချတတ်အောင်နှင့် အသုံးဝင် အောင် ပြုလုပ်ရန်ဖြစ် ပါသည်။ လူသားဟူသည် ပညာဗဟုသုတ မသင်ယူ မတတ်သေးသမျှကာလပတ်လုံး ထိုသူသည် ပြည့်ဝသူတစ်ဦးဟု ဆိုလိုနိုင်ရန် ခဲယဉ်းပါသည်။ ပညာဗဟုတ တတ်မြောက်ရန် အရေးကြီးသည်ဟု ဆိုလိုရာတွင် အဓိကအချက်နှစ်ချက်ကို ထောက်ပြချင်ပါသည်။ ပထမအချက် သည် လူသား၏ ဦးနှောက်ကို ကောင်းစွာ အသုံးပြုတတ်ရန် ကြိုးပမ်းမှုတွင် ဗဟုသုတမဆည်းပူးဘဲ မဖြစ်နိုင်ပါ။ ဗဟုသုတနှင့် ပညာသည် လူသားကို ကောင်းစွာတွေးတောသူဖြစ်အောင် ကောင်းသည့် မှန်ကန်သည့် ဆုံးဖြတ် ချက်ချနိုင်အောင် အကူအညီ ပေးပါသည်။
.
ဒုတိယအချက်သည် ပညာဗဟုသုတဖြစ်သာ လူသည် အခြားပြင်ပလောကတွင် ဖြစ်ပျက်နေသော အကြောင်း တရားများ၊ ပညာဗဟုတုတ များစွာကို သိရှိနိုင်ပါသည်။ အတိတ်ကာလတွင် ဖြစ်ပျက်ခဲ့သော အကြောင်းများ ပစ္စုပ္ပန်ကာလနှင့် အနာဂတ်တွင် ဖြစ်မည့် သဘောတရား အကြောင်းများကိုလည်း မိမိ၏ ပညာဖြင့်သာ လွယ်လွယ် ကူကူ နားလည်တတ်မြောက်သိရှိနားလည်နိုင်မည်ဖြစ်သည်။ ပညာမရှိလျှင် လူသည် မိမိကိုယ်ကို အခန်းကျဉ်း တစ်ခုဝယ် ရှိနေသည်ဟုထင်ရပြီး ပညာတတ်မြောက်သူသည် မိမိနှင့် ကမ္ဘာတစ်ခုလုံးသည် အဆက် အသွယ်ရနေပြီဟု သိရှိနိုင်ပါသည်။
.
္ဆထို့ကြောင့်လည်း အစ္စလာမ်သာသနာသည် ပညာနှင့် ဗဟုသုတ ရှာဖွေခြင်းကိစ္စကို အလွန်အရေးပါသော အကြောင်းတစ်ခုအဖြစ် ဆက်စပ်ကာ ဖေါ်ပြလေ့ရှိပါသည်။ အကြင်အချိန်တွင် ကျမ်းမြတ်ကုရ်အာန် စတင် ပို့ချခြင်းခံရသည်အခါတွင်လည်း ပထမဦးဆုံး ဖေါ်ပြခြင်းခံရသည့် အကြောင်းသည် (အိက်ရအ်) ဖတ်ပါဟု အလ္လာဟ် အရှင်မြတ်က မိန့်ပါသည်။ ထို့ကြောင့် မိမိတို့သိနိုင်သည့်အချက်သည် ပညာရှာဖွေခြင်းဟူသည် လူသားတို့၏ လုပ်ငန်းရပ်များတွင် အဓိကကျသော အချက်ဖြစ်ပါသည်။
.
လေးစားချစ်ခင်ရသော မွတ်စ်လင်မ် ညီအကိုမောင်နှမအပေါင်းတို့ . . . .. . . . .။
.
တမန်တော်မြတ် (ဆွ) မိန့်သည်မှာ ပညာသင်ကြားရေးသည် လူတိုင်းအတွက် အလွန်အရေးကြီးပြီး မဖြစ်မနေ သင်ယူရန် အရေးကြီး ပါသည်။ ထို့အပြင် မိန့်သည်မှာ ပညာရှင်တစ်ဦး၏ ဖေါင်တိန်မှ မှင်သည် ရှဟီဒီ တစ်ဦး၏ သွေးထက်ပို၍ တန်ဖိုးရှိကြောင်း မိန့်ရင်း ပညာရှာဖွေခြင်း၏ အရေးပါမှုကို မီးမှောင်းထိုးပြ ထားပါသည်။ ထိုသို့ဆိုလိုရင်း၏ အကြောင်းတရား ရှိနိုင်သည်မှာ ရှဟီဒီတို့သည် ခုခံစစ်ပွဲများအတွက် မိမိအသက်ကို စတေး ခံကြသူများဖြစ်သော်လည်း ပညာရှင်တို့ လမ်းညွှန်မှု သင်ကြားမှုတို့သည် လူအများ ကို၎င်း၊ သာသနာတော်ကို ၄င်း၊ နိုင်ငံတော်က၄င်း တိုးတက်ပွားများအောင် အောင်မြင်အောင် လမ်းပြရင်း အများစုအတွက် အကျိုးပြုခြင်းကို ကိုယ်စားပြုကြောင်းဆိုလိုရင်းဖြစ်ပါသည်။
.
ကျမ်းမြတ်ကုရ်အာန်သည် မြေကမ္ဘာနှင့် စကြာဝဠာကို လေ့လာရန် သတိပြုရန်အတွက် မကြာခဏ သတိပေးသည်ကို မိမိတို့သတိ မပြုကြပေ။ ထိုသို့ ပြောပြနေခြင်းသည် လူသားကို သဘာဝတရားကို လေ့လာရန် လမ်းညွှန်နေသည်ကို မိမိတို့ မသိရှိကြပေ။ ဟဒီးဆ်စာအုပ်များစွာတွင် ပညာရေးနှင့်ပတ်သက် ပြီး များစွာသောအကြောင်းတရားများကို တင်ပြထားသည်ကို တွေ့ရမည်ဖြစ်သည်။ ဘူခါရီကျမ်းတွင် ပညာရေး အပိုင်းတွင် အလွန်တန်ဖိုးရှိသော အချက်တစ်ချက်ကို တင်ပြထားသည်မှာ “အတွင်းတို့အတွင်းတွင် အကောင်း ဆုံးသောသူသည် ပညာကိုသင်ယူပြီး ၄င်းပညာရပ်များ ကို ပြန်လည်ပို့ချသောသူသာ ဖြစ်သည်” ဟု ဆိုထား ပါသည်။ သို့ဆိုလျှင် မိမိတို့ သည် ပညာရေးကို အဘယ်ကြောင့်များ အဓိကမထားဘဲ နေကြ သနည်းဆိုသည်ကို စဉ်းစားဖို့လိုအပ်လာပြီ ဖြစ်သည်။
.
ပညာသင်ကြားမှုသည် မည်မျှအားပေးပါသည်ကို အစ္စလာမ်သာသနာတွင် တမန်တော်မြတ် (ဆွ)၏ အထုပ္ပတ္တိ အဖြစ်အပျက်များမှ လေ့လာသင်ခန်းစာယူနိုင်ပါသည်။ မွတ်စ်လင်မ်တိုင်းသိကြသည့်အချက် တစ်ခုမှာ တမန်တော် မြတ် (ဆွ) သည် အဆွဟာဗ်တော် များသည် “ဗဒရ်” စစ်ပွဲတွင် အတိုင်းအဆ အလွန်ကြီးမားသော ကာဖိရ်တို့၏ စစ်တပ်ကို အောင်နိုင်တော်မူခဲ့ပေသည်။ ထိုစစ်ပွဲတွင် တမန်တော်မြတ် သည် ပညာတတ် ရေးတတ် ဖတ်တတ်သော စစ်သုံ့ပန်း ၇၀ ကျော်ကိုလည်း ဖမ်းဆီးမိခဲ့ပါသည်။ တမန်တော်မြတ် (ဆွ) သည် ပညာ၏အရေးပါပုံကို သိပြီး ဖြစ်သည်အလျှောက် ၄င်းတို့ကို မိန့်သည်မှာ “အသင်တို့ တစ်ဦးစီသည် မဒီနာရှိ ကလေး ၁၀ဦးစီကို ရေးတတ် ဖတ်တတ်အောင် သင်ကြားပေးခြင်းဖြင့် အသင်တို့၏ စစ်လျှောက်ကြေး ကြေမည်ဖြစ်သည်” ။ သဘောမှာ သူတို့ သည် ကလေး ၁၀ ဦးပညာတတ်မှ မိမိတို့ဋ္ဌာနေသို့ပြန် နိုင်မည်ဖြစ် ပါသည်။ သို့ဖြင့် တမန်တော်မြတ်(ဆွ) ပညာရေးနှင့် ပတ်သက်ပြီး မည်မျှ အရေးထားသည်ကို သိရှိနိုင်ပါသည်။
.
ထူးခြားသည့်အကြောင်းမှာ ထိုမဒီနာရှိကလေးများကို ပညာသင်ပေးခြင်းအမှုသည် အစ္စလာမ်ကမ္ဘာတွင် ပထမဦးဆုံးကျောင်း အဖြစ် ယူဆနိုင်ပြီး ပညာလိုအပ်လာလျှင် ကာဖိရ်ဆရာများ ကိုလည်း ခန့်အပ်ကာ ပညာဗဟုသုတ တိုးပွား အောင်လုပ်ခြင်းသည် မှန်ကန်ကြောင်း သိနိုင်ပါသည်။ ထို့အပြင် ထိုကာဖိရ်ဆရား များသည် စစ်အကျဉ်းသားများဖြစ်ပြီး ကလေးများကို ပညာသင်ကြား နေစဉ်၎င်း၊ သူတို့ကို ပြန်လွှတ်ပေး လိုက်ပြီးနောက်၎င်း ပြဿနာရှာနိုင်သူများဖြစ် သည်ကိုလည်း တမန်တော်မြတ်(ဆွ) သည် သိတော်မူသည့် အပြင် ကလေးများကို ပညာသင်ကြားပေးရန် လက်ခံခြင်းသည် တမန်တော်မြတ်(ဆွ) ၏ ပညာရေးကို အထူး အလေးပေးသည့်အချက်ကို သတိပြုနိုင်သည်။ ထို့အပြင် ပညာသင်ကြားသင်ကြား ခြင်းတွင် အန္တရာယ်မကင်း သော်လည်း ပညာကိုမရအရ သင်ကြားပေးရမည်ကိုလည်း သတိပေးသည်ကို မိမိတို့သတိပြုမိ ပါရဲ့လား။
.
လေးစားချစ်ခင်ရသော မွတ်စ်လင်မ် ညီအကိုမောင်နှမအပေါင်းတို့ . . . . . . . . . . . .။

အစ္စလာမ်သာသနာသည် ပညာရေး လုပ်ငန်းများနှင့် ဗဟုသုတရှာဖွေခြင်း၊ သုသေသနပြုလုပ်ခြင်း လုပ်များကိုလည်း အထူးအားပေး အားမြောက်ပြုသည်ကိုတွေ့ရမည်။ ထိုသို့ ရှာဖွေသုသေသနပြုရန်သည် ကျမ်းမြတ်ကုရ်အာန်တွင် အလ္လာဟ်အရှင်မြတ်၏ လမ်းညွှန်မှုအဖြစ် များစွာတွေ့ရသည်။ တမန်တော် မြတ်(ဆွ) ကိုယ်၌ကလည်း ထိုသို့ သောသုသေသနလုပ်ငန်းများတွင် လွတ်လပ်စွာလုပ်ကိုင်ခွင့် ပြုသည်ကိုတွေ့ရသည်။ ဥပမာအားဖြင့် တမန်တော်မြတ် (ဆွ) လက်ထပ်တွင် စွန်ပုလွန် သီးများစိုက်ပျိုး ရေးလုပ်ငန်းများ မက္ကာမြို့တွင် အောင်မြင်ပေါက်ရောက်မှု သိပ်မဖြစ်ထွန်းသော်လည်း မဒီနာမြို့တွင်မူ ကောင်းစွာဖြစ်ထွန်းသည်ကို တွေ့ရလေသည်။ တစ်နေ့ တမန်တော် မြတ်(ဆွ)သည် မဒီနာမြို့တွင် စွန်ပုလွန်သီးစိုက်ပျိုးနေသူများ စွန်ပုလွန် ပင်များနှင့် အလုပ်များနေသည်ကို တွေ့သဖြင့် သူတို့ဘာများ လုပ်နေသနည်းဟု မေးမြန်းရာ သူတို့က မိမိတို့ သည် စွန်ပုလွန်ပင်များကို ၀တ်မှုံကူးခြင်း လုပ်ငန်းများလုပ် နေပါသည်ဟုဖြေလေသည်။ တမန်တော်မြတ် (ဆွ) ထိုသို့မလုပ်ရန် တားမြစ်သဖြင့် သူတို့လည်း ၀တ်မှုံကူးခြင်းလုပ်ငန်းကို တားမြစ်လိုက်ပါသည်။

ထိုနှစ်တွင် မဒီနာမြို့တွင် စွန်ပုလွန် အထွက်နည်းလေသည်။ တမန်တော်မြတ်(ဆွ)လည်း အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်းဟု မေးရာ သူတို့က မိမိသည် ၀တ်မှုံကူးခြင်းလုပ်ငန်း ကို ရပ်ဆိုင်းလိုက်သဖြင့် အထွက်နည်း ကြောင်းပြောလေသည်။ ထိုအခါ တမန်တော်မြတ်(ဆ) ကအသင်တို့ တတ်ကြွမ်းသော ၀တ်မှုံကူးခြင်းအလုပ်ကို ဆက်လက်လုပ်ကြ၊ အသင်တို့သည် မိမိတို့လုပ်ငန်း များတွင် အသိဆုံးဖြစ်သည် ဟုပြောလေသည်။ ထိုအခါ သူတို့သည် မိမိတို့ရိုးရာအတိုင်း ဆက်လက်လုပ်ကြရာ စွန်ပုလွန်သီးများ ဆက်လက်ဖွံ့ဖြိုးထွက်ရှိ လေသည်။ ဤနည်းအားဖြင့် တမန်တော်မြတ်(ဆွ) သည် သုသေသနလုပ်ငန်းများ လက်မှုလုပ်ငန်းများကို ဘာသာရေး လုပ်ငန်းများနှင့် ခွဲခြားသတ်မှတ်ကာ လုပ်ပိုင်ခွင့်များပေးအပ်သည်ကို တွေ့ရလေသည်။ တနည်းအားဖြင့် လူသားသည် မိမိတို့ကြွမ်းကျင်သောလုပ်ငန်းများ အခြားမကြွမ်းကျင် သေးသည့်လုပ်ငန်းများ မသိသေးသော လုပ်ငန်းများကို သုသေသနလုပ်ကာ အွမ္မသ်၏ အကျိုးအတွက် လုပ်ပိုင်ခွင့်ရှိကြောင့် ပညာဗဟုသုတရှာဖွေကာ အများအကျိုး အတွက် ကြိုးပမ်းသင့်ကြောင်း သိရှိနိုင် ပါသည်။

ထိုနည်းအတိုင်း တမန်တော်မြတ်(ဆွ)သည် ဆွဟာဗာ ဆလ်မားန် ဖါရစီ (ရ) တင်ပြသည့် အင်ဂျင်နီယာရင်း အတတ် ပညာရပ်တစ်ခု ဖြစ်သည့် ရန်သူများတိုက်ခိုင်ရာတွင် မြို့ရိုးတလျှောက် ကဒုတ်ကျင်းများတူးခြင်းဖြင့် ကာကွယ်ရေး လုပ်ငန်းများကို လုပ်ကိုင်ရန် လက်ခံသဘောတူခဲ့ပါသည်။ မိမိကိုယ်တိုင်လည်း ကဒုတ်တွင်း တူးရာတွင် ကိုယ်တိုင်ဝင်ရောက်တူးဖေါ်ခဲ့သည်။ တနည်းအားဖြင့် မွတ်စ်လင်မ်တို့အတွင်း အိုးအိမ်တိုက်တာ ဆောက်လုပ်သည့် အတတ်များ တတ်မြောက်သူများရှိရန်အရေးကြီးသလို ထိုပညာရပ်များကို လေ့လာ သင်ကြားရန် အရေးကြီးကြောင်း ကိုလည်း သိရှိနိုင်ပါသည်။

ဟဇရသ် ရှိုအိုင်ဗ်ကိုလည်း ရောမနိုင်ငံသို့စေလွှတ်ကာ ရောမတို့၏ စကားကို သင်ကြားရန်စေလွှတ်သလို၊ မွတ်စ်လင်မ်တို့အနေဖြင့် လိုအပ်လျှင် တရုပ်ပြည်သို့လည်း ပညာသွာရောက်သင်ကြားရန် လမ်းညွှန်ခဲ့ပါ သည်။ ဤအချက်ကို အထူးဂရုစိုက်ကာ လေ့လာကြည့်လျှင် မွတ်စ်လင်မ်တို့အနေဖြင့် သိနိုင်သည်မှာ မိမိတို့၏ အရိုးစွဲနေပြီ ဖြစ်သော အခြားသူတို့၏ ဘာသာစကားကို လေ့လာလျှင် သူတို့၏ဘာသာတရားကို လက်ခံသွားနိုင်သည်ဟူသော အယူအဆကို စွန့်လွှတ်သင့်ပြီဖြစ်သည်။ အခြားသူတို့၏ စကားကိုတတ်မှ မိမိ၏ သဘောကို သူတို့နားလည်အောင် ပြောပြနိုင်မည်မဟုတ်ပါလား၊ အိင်္ဂလိပ်စကားကို တတ်လျှင် ကမ္ဘာတစ်ခုလုံးတွင် ကောင်းစွာ ပြောဆိုဆက်ဆံနိုင်ပြီး မိမိ၏ ဒအ်ဝသ်လုပ်ငန်း အခြားစီးပွားလုပ်ငန်းများကို တွင်တွင်ကျယ်ကျယ် လုပ်နိုင်မည်ကို ကောင်းစွာသိနိုင်မည်။ ယနေ့အာရဗီ စကားကို ကောင်းစွာတတ်လျှင် ပြောနိုင်ဆိုနိုင်လျှင် ကမ္ဘာတွင် ကောင်းစွာ လူမှုစီးပွား ဘာသာတရား လုပ်ငန်းများကို ကောင်းစွာလုပ်နိုင် မည်ကို အသင်တို့ ယခုတိုင် တွေဝေစဉ်စားတုံးရှိနေသည်ကို သတိထားကြပါ။ ယခုအခါ ကာဖိရ်အများစုသည် ဤသဘောကို နားလည်သဘောပေါက်ပြီး ကောင်းစွာလေ့လာအသုံးချနေကြပြီ။

ထိုနည်းအတိုင်း တမန်တော်မြတ်(ဆွ) သည် စိုက်ပျိုးရေးလုပ်ငန်းများ၊ ရေသွင်းစိုက်ပျိုးရေးလုပ်ငန်းများ၊ အရောင်းအ၀ယ်လုပ်ငန်းများ၊ စစ်ပညာသင်ကြားရေးလုပ်ငန်းများ၊ လေးမြားအတတ်၊ ဓါးခုတ်လှံထိုးအတတ်၊ မြင်းစီးအတတ်၊ ရေးကူးခြင်းအတတ်၊ သတ္တုထုတ် လုပ်ခြင်း၊ လက်နက်များပြုလုပ်ခြင်း၊ စသည်လုပ်ငန်း များကို အားပေးအားမြောက်ပြုကာ မိမိကိုယ်၌လည်း ကိုယ်တိုင် နားလည်အောင်ပြု လုပ်ခြင်း၊ နားမလည် သည့် လုပ်ငန်းတွင်လည် ကြွမ်းကျင်သူများကို အားပေးအားမြောက်ပြုခြင်း လုပ်ငန်းများကို လုပ်ကိုင်ခဲ့သည့် တွေ့ရ လေသည်။

လေးစားချစ်ခင်ရသော မွတ်စ်လင်မ် ညီအကိုမောင်နှမအပေါင်းတို့ . . . . . . . . . . . .။

ဘာသာရေးလုပ်ငန်းများတွင်လည်း အချို့သော ဆွဟာဘာများကို သီးသန့်မိမိအိမ်တော်အနားတွင် သီးသန့်နေ ရာပေးကာ ပညာသင်ပေး ခြင်းကိုလုပ်ပေးခဲ့သည်။ သို့ဖြင့် တမန်တော်မြတ် (ဆွ) လက်ထပ်တွင် မြောက်များစွာ သော ဆွဟာဘာတို့သည် အချို့က ဘာသာရေးလုပ်ငန်းတွင် ကြွမ်းကျင် သလို၊ အချို့ စီးပွားရေးလုပ်ငန်းများ၊ ပညာရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းများ၊ ဆေးပညာရပ်များတွင် ကြွမ်းကျင်ကြသည်ကိုတွေ့ရမည်။ အချို့သောပညာရှင်များသည် သုသေသန လုပ်ငန်းများ တွင် ကျင်လည်နေကြသည်။

ခလီဖွာသမ္မတကြီး လက်ထပ်တွင် အဆိုပါအလေ့အကျင့်များသည် တွင်ကျယ်လာလေသည်။ မွတ်စ်လင်မ် တို့သည် ဘာသာရပ်အမျိုးတွင်၊ လုပ်ငန်းရပ်အမျိုးတွင် ကြွမ်းကျင်လာကာ တိုက်ပွဲတိုင်းတွင်လည်း အောင်မြင်သူ များဖြစ်လာလေသည်။ ဤသို့ဖြင့် မက္ကာမြို့မှ စတင်ကာ ဖြစ်ထွန်းလာခဲ့သော အစ္စလာမ် လူမှုအသိုင်းအ၀န်း ကလေးသည် တဖြေးဖြေးဖြင့် မဒီနာမြို့မှစတင်ကာ အာရေးဗီးယား ကျွန်းဆွယ် တစ်ခုလုံးကို လွမ်းမိုးလာပြီး နောက်၊ ဆီးရီးယား၊ အီရတ်၊ အီရန်၊အာဖရိက၊ အရှေ့အာရှနိုင်ငံများ၊ အလယ်အာရှနိုင်ငံများနှင့် ဥရောပရှိ စပိန်နိုင်ငံအထိ နယ်ပယ်တိုးချဲ့ကာ အစ္စလာမ်အင်ပါယာကြီးကို တည်ဆောက်နိုင်ခဲ့သည်မဟုတ်ပါလား။

ဤသည်မှာ ပညာရပ်များ၊ ဗဟုသုတများ လေ့လာလိုက်စားခြင်း၊ သုသေသနလုပ်ငန်းများကို လုပ်ကိုင်ခြင်း စသည့်တို့၏ အကျိုးကျေးဇူးများဖြစ်ပါသည်။ တနည်းအားဖြင့် အသိုင်းအ၀န်းတစ်ခုမှာ အသိပညာရှင်၊ အတတ် ပညာရှင်အမျိုးမျိုးရှိဖို့ လိုအပ်ပါတယ်။ သို့သော် ထိုအသိပညာရှင် အတတ်ပညာရှင် အားလုံးတို့သည် အလ္လာဟ် အရှင်မြတ်သတ်မှတ်တဲ့ လူတစ်ဦးချင်း လုပ်ရန်လိုအပ်တဲ့ ဘာသာရေး တာဝန်များဖြစ်တဲ့ အစ္စလာမ် မဏ္ဍိုင် ၅ ခုကို ကောင်းစွာ လုပ်တတ်ဖို့လိုအပ်ပါတယ်။

ဆရာဝန်တစ်ဦး အင်ဂျင်နီယာတစ်ဦးသည် မိမိ၏ လုပ်ငန်းနှင့် မိမိ၏ ဘာသာရေးတာဝန်များ နှစ်ခုလုံးကို ကျေပွန်ဖို့ လိုအပ်ပါတယ်။ ဘာသာရေးတာဝန်ဆိုသည်မှာ အလ္လာဟ်အရှင်မြတ်အား မိမိရဲ့ ဖန်ဆင်းရှင်အဖြစ် အစဉ်အသိရှိနေဖို့၊ ဆွလာသ်တာဝန်များကို ကျေပွန်ဖို့၊ အချိန်မှန် ရိုဇာစောင့်ထိန်းခြင်း၊ ဇကာသ်တာဝန်နှင့် ဟဂ်ျတာဝန်များကို ကောင်းစွာ အကောင်အထည်ဖေါ်ဖို့နှင့် လူမှုရေးတာဝန် ၀တ္တရားများကို ကျေပွန်ဖို့ဖြစ် ပါတယ်။ ဒီလိုဆိုရင် အဲ့ဒီလိုပညာရှင်မျိုးဟာ လောကီ လောကုတ္တရာ နှစ်ဘ၀လုံးမှာ အလွန်တန်ဖို့ရှိတဲ့ သူတွေဖြစ်သလို အလ္လာဟ်အရှင်မြတ် နှစ်သက်တဲ့သူတွေလည်း ဖြစ်တဲ့အတွက် သူတို့ရဲ့ လောကဟာ စိတ်ပျော် စရာ ၀မ်းသာစရာကောင်းသလို အနာဂတ်လာလည်း အင်ရှာအလ္လာဟ် ဂျန္နသ်ဥယျဉ်မှာ နေထိုင်ခွင့်ရမှာ ဖြစ်ပါတယ်။

အစ္စလာမ်သာသနာမှာ သူအများကောင်းကျိုးပြုတဲ့လူတွေဖြစ်တဲ့ လူမှုရေးလုပ်ငန်းတွေ၊ ဆရာဝန်တွေ၊ အင်ဂျင်နီ ယာတွေ၊ ကျောင်းဆရာတွေ၊ လုပ်ငန်းရှင်တွေရဲ့ လုပ်ရပ်နဲ့ ရပ်တည်ချက်တွေဟာ သူတို့ရဲ့ ရည်ရွယ်ချက် (နီယသ်) တွေအပေါ်မူတည်ပြီး သူတို့အတွက် အလ္လာဟ်အရှင်မြတ်ဟာ အကျိုးကျေးဇူးများ ပေးအပ်မှာဖြစ်တယ်။ သူတို့ဟာ ကောင်းတဲ့နီးယသ်တွေနဲ့ လောကမှာ ရပ်တည်ခဲ့လျှင် သူတို့သည်၎င်း သူတို့၏ လုပ်ငန်းနှင့် သူတို့ သင်ယူခဲ့တဲ့ လုပ်ငန်းရပ်များအားလုံးသည်၎င်း အလွန်မွန်မြတ်တဲ့ လုပ်ရပ်တွေ အတုယူစရာကောင်းတဲ့ လုပ်ငန်းတွေ ဖြစ်မှာပါဘဲ။

အချို့သောသူတို့သည် ပညာဗဟုသ ရှာဖွေခြင်းဆိုသည့် သဘောကို ကျမ်းမြတ်ကုရ်အာန်နှင့် ဟဒီးဆ်များ လေ့လာသင်ယူခြင်း စသည့်ပညာရပ်များအထိသာ ကန့်သတ်နားလည်ကြပြီး နောက်ထပ်ပညာရပ်များဖြစ် သည့် ကျမ်းမြတ်ကုရ်အာန်နှင့် ဟဒီးဆ်များတွင် ဖေါ်ပြထားသည့် လောကနှင့် လောကရှိလူအများတို့ အတွက် အကျိုးပြုလုပ်ငန်းများ၊ အများသူငှာတို့နှင့် ပေါင်းသင်းဆက်ဆံ မှုလုပ်ငန်းများ၊ ပူးပေါင်း လုပ်ကိုင်မှုလုပ်ငန်း များကိုလုပ်ကိုင်စရာ မလိုဟုယူဆနေကြသူများလည်း များစွားရှိကြလေသည်။ တနည်း အားဖြင့် ခေတ်ပညာ သင်ကြားမှုလုပ်ငန်းများ စသည်တို့သည် ဤလောကအထိသာအကျိုးပြုပြီး အာခိရသ် အတွက် အသုံးမ၀င်သည့် ပညာရပ်များဟု ယူဆပြီး ထိုသို့သင်ယူသူများ၊ သင်ကြားသည့်ပညာရပ်များ၊ သင်ကြားပေးသူများအားလုံးကို ရှုံ့ချပစ်တင် ဝေဖန်တတ်ကြလေသည်။

ထိုသို့သောသူတို့အတွက် အကောင်းသော အဖြေနှင့် ရှင်းပြချက်သည် တမန်တော်မြတ် (ဆွ)၏ အဆ်ဟာဘ် တော်များ နေထိုင်ကျင့်ကြံခဲ့သော လုပ်ငန်းများ အတတ်ပညာရပ်များ စသည်တို့ကို လေ့လာကြည့်ရှုရန်သာ လိုအပ်ကြောင်းပြောချင်ပါသည်။ တမန်တော်မြတ်(ဆွ) အနေဖြင့်လည်း အထက်တွင် ဖေါ်ပြခဲ့သည့် လုပ်ငန်း မျိုးစုံ ပညာရပ်မျိုးစုံကို လေ့လာသင်ကြား လုပ်ကိုင်ခဲ့သော ဆွဟာဘာ အပေါင်းတို့ကို မည်သို့မည်ပုံ အားပေး အားမြောက်ပြုခဲ့သည်များနှင့် ထိုသို့ဘက်စုံ လုပ်ကိုင်ခဲ့သည့် ဆွဟာဘာကြီးများနှင့် သာဘီအီးန်များ သဘာအ်သာဘီအီးန်များ၏ ကြိုးပမ်းမှုများကြောင့် အစ္စလာမ် အင်ပါယာကြီး တည်ထောင်နိုင်ခဲ့သည့် သာဓကများသည် ထိုသူတို့ အတွက် အကောင်းဆုံးသော လေ့လာစရာများဖြစ်ကြောင်းတင်ပြလိုက်ပါသည်။ ထို့ကြောင့် ယနေ့ခေတ် အစ္စလာမ်သာသနာဝင် လူငယ်များအဖို့ ဤဆောင်းပါးသည် အလွန်အကျိုးပြုမည်ဟု ထင်မြင်သလို အစ္စလာမ်နှင့် ခေတ်ပညာ၏ အကျိုးရှိမှု အကျိုးပြုမှုများကို ကောင်းစွာနားလည်သဘောပေါက်ပြီး မိမိတို့၏ အသိုင်းအ၀န်းနှင့် ပတ်ဝန်းကျင်ကို အကောင်းဆုံး အလှပဆုံးဖြစ်အောင် လုပ်ဆောင်ရင်း လောကီလောကုတ္တရာ အကျိုးပွား များစေဖို့ လုပ်ဆောင်ကြပါဟု တိုက်တွန်းလိုက်ပါသည်။


بَارَكَ الله لِي وَلَكُمْ فِي الْقُرْآنِ الْعَظِيمِ ، وَنَفَعَنِي وَإِيَّاكُمْ بِمَا فِيهِ مِنَ الآيَاتِ وَالِّذكْرِ الْحَكِيمِ ، وَتَقَبَّلَ مِنِّي وَمِنْكُمْ تِلاوَتَهُ إِنَّهُ هُوَ السَّمِيعُ الْعَلِيمُ ، أَقُولُ قَوْلِي هذَا وَأَسْتَغْفِرُ الله الْعَظِيمَ لِي وَلَكُمْ، وَلِسَائِرِ الْمُسْلِمِينَ وَالْمُسْلِمَاتِ ، وَالْمُؤْمِنِينَ وَالْمُؤْمِنَاتِ ، فَاسْتَغْفِرُوهُ فَيَا فَوْزَ الْمُسْتَغْفِرِينَ وَيَا نَجَاةَ التَّائِبِينَ.

“ဂျွမ္မဟ်ခွသ်ဘဟ်- 11/12/2009- ဇိလ်ဟဂ်ျလ ၂၃၊ ၁၄၃၀
မောင်လာနာ အက္ကဗားရ်ရှား

Ref : http://noorullah.ning.com/forum/topics/3049383:Topic:10751?xg_source=activity