---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Tuesday, July 21, 2009

chatting နှင့် မူစလင်မ်

အစလာမ်မို့အလိုင်းကွမ်း

မူစလင်မ်ညီအစ်ကိုမောင်နှမများခင်ဗျာ။ ယနေ့ အွန်လိုင်းပေါ်တွင် ခေတ်စားနေကြသော chatting အကြောင်းသတိပေးအပ်ပါတယ်။ Chat သည်ယောင်္ကျား မိန်းမ လူနှစ်ဦး အနီးစပ်ဆုံးနေရာလည်းဖြစ်၊ အလိမ်ခံရလွယ်သော နေရာလည်းဖြစ်ပါတယ်။ အွန်လိုင်းပေါ်မှာ chatterများ အပျင်းပြေအပျော် Chat ကြရင်းသံယောဇဉ် ငြိတွယ်ကြ၊ စွဲလမ်းကြ၊ အချစ်ဇာတ်လမ်းများ အမျိုးမျိုးဖြစ်ပေါ်နေပါတယ်။ ထိုမှတစ်ဆင့် ဖုန်းနှင့်အဆက်အသွယ်လုပ်ကြ၊ လက်ဆောင်ပေးပို့ကြပါတယ်။ တစ်နိုင်ငံထဲ နေကြသူများမှာတော့ အပြင်မှာချိန်းတွေ့ရန် ပိုလွယ်ကူကြပါတယ်။

ကျွန်တော်သတိပေးချင်တဲ့အချက်က လူစိမ်းတစ်ယောက်ကို အွန်လိုင်းပေါ်မှာ မကြာသေးခင်ကမှသိပြီး၊ ကိုယ်နှင့်ရေခြား မြေခြားမှာနေတဲ့ လူကိုဘယ်လောက်ထိယုံကြည်လို့ရပါသလဲ။ ၎င်းသူ၏ back ground ကိုရေရှည်မလေ့လာခဲ့၊ မရင်းနှီးခဲ့ဘဲ အွန်လိုင်းမှာ သူပြောသမျှယုံပြီး သူမြှူသမျှ သာယာကြည်နူးနေလျှင် တစ်နေ့ထိုသူပြစ်သွား လိမ်သွားရင် ကိုယ်ဘက်ကဘဲ ရင်နစ်အောင်ခံစားရပါမယ်။ အထူးသဖြင့် မိန်းခလေးများ သတိထားကြပါ။ ကျွန်တော်၏ရှေ့တွင်မှာပင် ထင်ထင်ရှားရှား အွန်လိုင်းတက်ပြီးအမျိုးမျိုးလိမ်နေကြသူများကို မျက်မြင်တွေ့နေရသလို ကျွန်တော့ သူငယ်ချင်းများ၏ အွန်လိုင်းအသဲကွဲခံစားချက်ရင်ဖွင့်စကားသံများကို မကြာခဏတွေ့မြင်ကြားနာနေရပါတယ်ခင်ဗျာ။

သိရ်မိဇီရ်ကျမ်းတွင် ယောင်္ကျား မိန်းမ နီးစပ်ရာနေရာ (နှစ်ဦးတည်းရှိသောနေရာ) မှာလည်းရှိုင်သွာန်မိစ္စာကောင်သည် ၎င်းတို့ကြားမှာရှိသည်ဟု
ဖေါ်ပြထားပါတယ်။ ဆိုလိုသည်မှာ ၎င်းယောင်္ကျား မိန်းမ နီးစပ်ရာမှ ရင်းနှီးသော စကားများပြောဆိုကြမည်။ ထိုမှ တစ်ဆင့်ပြီးတစ်ဆင့် နက်ရှိုင်းသောစကားများ ပြောလာနိုင်တယ်။ ရှိုင်သွာန်မိစ္စာကောင်၏ ဖျားယောင်းမှုနှင့် တစ်ဦးကိုတစ်ဦး စိတ်နှင့်ပြစ်မှားလာနိုင်ပါတယ်။ ကျွန်တော်တို့၏အစ္စလာမ်သာသနာတော်တွင် နိကာဟ်မရှိသော (သို့) နိကာဟ်မဖတ်ရသေးသော ယောင်္ကျား မိန်းမ နှစ်ဦးတည်း လွပ်လပ်သောနေရာတွင် တွေ့ဆုံမှုများကို တားမြစ်ထားပါတယ်။

ယနေ့အွန်လိုင်းမီဒီယာသည် ဂျူး(ရဟူဒီ) လူမျိုးများ ကြီးစိုးတီထွင်ထားသဖြင့် ၎င်းတို့၏ဟာရာမ်လုပ်ရပ်များတွင် ကျွန်တော်တို့မူစလင်မ်များမပါဝင်စေရန် သတိရှိရန်လိုအပ်ပါတယ်။ ဘာမဆို ဆန္ဒတစ်ခုခုရှိလျှင် စိတ်ဆန္ဒကိုအလိုမလိုက်ဘဲ ဦးစွာ အစ္စလာမ်ဘာသာရေးဆိုင်ရာ သာသနာ တတ်ကျွမ်းနားလည်သော အာလင်မ်ပညာရှင်များအားမေးမြန်းပြီး ကျင့်သုံးသင့်ပါတယ်။ လူ၏အသက်သည် တစ်နေ့ထက်တစ်နေ့ရေခဲတုံးအရေ
ပျော်သကဲ့သို့ပျော်ကျနေပါတယ်။ တစ်နေ့အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ခံယူပြီးလျှင် သက်ရှိနေစဉ် ဒွန္နယာလူ့လောကတွင် ပြုကျင့်ခဲ့သော အရာများကိုအရှင့်ရှေ့မှောက်တွင်စစ်စေးခံပြီး ကောင်းကျိုး မကောင်းကျိုးခံစားကြရမှာ ဧကန်အမှန်ပင်ဖြစ်ပါတယ်။

ကျွန်တော်လည်း မူစလင်မ်တစ်ယောက်အနေနဲ့ ကိုယ့်မူစလင်မ် ညီအစ်ကို မောင်နှမများ လမ်းမှန်တွင်ရှိကြစေရန်သတိပေး နှိုးကြားအပ်ပါတယ်ခင်ဗျား။

အွန်လိုင်းက ကောင်းကျိုးများစွာရှိသလို ဆိုးကျိုးများစွာလည်းရှိပါတယ်။
အသိနဲ့သတိရှိပြီး အစ္စလာ့မ်ဘောင်မှာနေတာ အကောင်းဆုံးပါဘဲ။


လေးစားစွာဖြင့်

MMK