---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Saturday, May 4, 2013

တင်ပါ့၊ မှန်ပါ့ဘုရား မလုပ်ခင် ဆင်ချင်တုံတရားလည်း ရှိကြဦး

 (၁၀ နှစ်အရွယ်မွတ်စလင်မ်ကလေးငယ်အား မြန်မာဗုဒ္ဓဘာသာများမှ လူမဆန်စွာ ဝိုင်းရိုက်သတ်နေပုံ)

ဗုဒ္ဓဘုရားဟောသွားသည်မှာ သူ့အသက်သတ်ရင် အဖန် ငါးရာ ငါးကမ္ဘာမှာ ဝဋ်ကြွေးခံရမယ်။
ပါနာတိပါတာဟာ အကြီးဆုံးအပြစ်ဖြစ်တယ်။ အခုတော့ ၉၆၉ ဘုရားသားတော်တွေ (အယောင်ဆောင်) ကိုယ်တိုင် ပါနာတိပါတာကံကိုကျူးလွန်ပြီး လူသတ်နေပါလား။
တကယ်ပညာတတ် လူရည်သန့်ပတ်ဝန်းကျင်က ကြည့်ရင် မြန်မာမျက်ကမ်းမျိုးချစ်တွေ ဖြန့်ဝေနေတဲ့ လူမျိုးရေး ဘာသာရေးမုန်းတီးမှု ဝါဒတွေဟာတကယ် အဆင့်မရှိတဲ့လူတွေရဲ့ အတွေးအခေါ်တွေဖြစ်လို့ တကယ်ရှက်စရာကောင်းပါတယ်။ ဥရောပ သက္ကသိုလ်တစ်ခုမှ သုသေသနမှာ ဖော်ပြသွားပါတယ်။ လူတွေမှာ မိခင်ဝမ်းဗိုက်ထဲမှစ၍ အရွယ်ရောက်ကြီးပြင်းလာသည်အထိ အစားအသောက်ချို့တဲ့ခဲ့ရင် အဲဒီလူမျိုးတွေမှာ အတွေးအခေါ်လည်းချို့တဲ့ကြတယ်။ အတွေးအခေါ်ချို့တဲ့မှုကြောင့် အမှားအယွင်းများစွာလည်း ပြုလုပ်ကြတယ်။ မြန်မာနိုင်ငံဟာ အာရှမှာ နှစ်ပေါင်းများစွာ ချို့တဲ့ ကျပ်တည်းမှုအောက်မှာ ကျင်လည်ခဲ့ရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။
-
စစ်အုပ်ချုပ်ရေးစနစ်အောက်မှာမွေးဖွား ကြီးထွားလာတဲ့ မြန်မာလူမျိုးအများစုဟာ ပညာရေးချို့တဲ့ကြတယ်။
စာပေဗဟုသုတနည်းတော့ ဘယ်သူဘာပြောပြော၊ ဘာပဲသတင်းဖြန့်ဖြန့် ဖြစ်နိုင် မဖြစ်နိုင် သုံးသတ်နိုင်တဲ့စွမ်းအားလည်း နည်းတယ်။
-
ဒါကြောင့်ဉာဏ်ပညာချို့တဲ့သူတွေကို အယူသွင်း၊ Brain wash လုပ်ဖို့ကလွယ်တယ်။ ဗုဒ္ဓဘုရားက လူ လူချင်းအမုန်းမပွါးဖို့၊ မေတ္တာတရားထားရှိဖို့ဟောကြား သွားသော်လည်း ၉၆၉ အဖွဲ့က ဗုဒ္ဓဘုရားရဲ့တရားကိုဆန့်ကျင်ပြီး အမုန်းပွါးစေခြင်း၊ သူတပါးကို ဖျက်ဆီးရာဖျက်ဆီး ကြောင်းတွေပြုလုပ်နေကြတယ်။ ပြီးတော့ မြန်မာလူမျိုးနဲ့ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်ရေး လှုပ်ရှားမှုလို့ နာမည်တတ်ပြီး လူအများကိုအယူသွင်းကြတယ်။ ဒါကိုဉာဏ်ပညာသေးသိမ်သူတွေက ဆင်ချင်တုံတရားမရှိ မော်ဖူးပြီး အကြမ်းဖက်ဂိုဏ်း ၉၆၉ ပြောသမျှ တင်ပါ့ဘုရား၊ မှန်ပါ့ဘုရားလုပ်နေကြတယ်။ ၉၆၉ ရဲ့ ၀ါဒမှိုင်းမိနေတဲ့ အထဲမှာ ပြည်သူတွေကအစ အစိုးရဝန်ထမ်းများအထိ ပါတယ်။
-
မြန်မာလူမျိုးဟာ ဗုဒ္ဓဘာသာကိုကြည်ညိုတဲ့လူမျိုးတွေဖြစ်လို့ မြန်မာလူမျိုးကို သံဃာဝတ်ရုံနဲ့ အယုံသွင်းရင် လွယ်တယ်ဆိုတာ ကလိမ်ကကျစ် နည်းဗျုဟာသုံးတတ်တဲ့အာဏာရှင်တွေ ကောင်းစွာသိတယ်။ အခုခေတ် မြန်မာဗုဒ္ဓဘာသာဝင် မျိုးဆက်သစ်ကိုကြည့်ရင် ဗုဒ္ဓဘာသာအကြောင်း ဂဂဃဃမသိကြတော့ဘူး။ သီလငါးပါးကိုလည်း အားလုံးမထိန်းတတ်ကြတော့ဘူး။ ဒါကြောင့် အရက်သေစာသောက်စားခြင်း၊ ခိုးခြင်း၊ လုခြင်း, က်ျား - မ အရှက်အကြောက်နည်းလာခြင်းတို့ကို မြင်တွေ့နေရခြင်းဖြစ်တယ်။
-
တကယ်တမ်းအမျိုးဘာသာကို ကာကွယ်ချင်ရင် ကိုယ့်ဗုဒ္ဓဘာသာ ကမ္ဘာပေါ်မှာ အခုလိုနာမည်ပျက်မရအောင် အမည်းစက်မထင်ရအောင် အကြမ်းဖက်မှု မလုပ်ရဘူး။ သူတစ်ပါးကို သတ်ဖြတ် ရိုက်နှက် အနိုင်ကျင့်ခြင်းမလုပ်ရဘူး။ အခုတော့ မြန်မာဗုဒ္ဓဘာသာဝင် အကြမ်းဖက်သမားများရဲ့လူမဆန်မှုကြောင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဒလိုင်လာမတောင် ဗုဒ္ဓဘာသာဝင်အစား ကမ္ဘာကိုတောင်းပန်နေပြီ။ ဒါကို ယိုသူမရှက် မြင်သူရှက်လို့ခေါ်တယ်။
-
မြန်မာအမျိုးသ္မီးတွေကိုစောင့်ရှောက်ချင်ရင် မွတ်စလင်မ်နောက်ပါသွားမှာထက် လက်ရှိ မြန်မာပြည်တွင်း၊ ထိုင်းနိုင်ငံ နဲ့ တရုပ်နိုင်ငံတို့မှာ ပြည့်တန်စာလုပ်စားနေတဲ့ မြန်မာအမျိုးသ္မီးတွေအတွက် ပိုပြီးကာကွယ်သင့်တယ်။ တရုပ်နယ်စပ်ရှိ လူကုန်ကူးမှုမှာ မြန်မာအမျိုးသ္မီးတွေကို လူမဆန်စွာကျင့်သုံးတယ်။ အချို့တရုပ်ယောက်ျားတွေမှာမြန်မာအမျိုးသ္မီးကိုဝယ်ယူပြီး ကလေးတစ်ယောက်မွေးပြီးတာနဲ့ ကလေးကိုယူထားပြီး နောက်တရုပ်ယောက်ျား တစ်ယောက်ကိုပြန်ရောင်းစားလိုက်တယ်။ (Ref : Human trafficking report)

ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားအမျိုးသ္မီးတွေကို ထိုင်းရဲက မရင်ငယ်အဖြစ်ယူထားတာတွေ၊ ထိုင်းမာဖီရာဂိုဏ်းက ဖမ်းထားပြီး အိမ်တွင်းပိတ်ပြီး နင်တို့မြန်မာခွေးမတွေကို

ခွေးလိုပဲကျင့်တယ်လို့ အော်ဟောက်ပြီး မုဒိန်းကျင့်တာတွေ၊ ဒီအပြင် မြန်မာအမျိုးသ္မီးတွေကို ထိုင်းတငါသည်တွေကို ရောင်းစားတာတွေ တငါသည်တွေက သင်္ဘောပေါ်မှာ မြန်မာအမျိုးသ္မီးတွေကို အလှည့်ကျမုဒိန်းကျင့်၊ အစာရေစာကောင်းကောင်းမကျွေး၊ သူတို့စိတ်အလိုမကျရင် သတ်ပြစ်ပြီး အလောင်းကို ပင်လယ်ထဲပြစ်ချကြတာတွေကျတော့ အခုလို လက်သီးလက်မောင်း
မပြရဲကြပါလား။ သူများနိုင်ငံမှာ မြန်မာအလုပ်သမားတွေ အဆဲအဆိုခံပြီး မျက်နှာငယ်ငယ်နဲ့အလုပ်လုပ်နေရတာ မြန်မာ့ဂုဏ်သိက္ခာဆယ်ဖို့ ၉၆၉ တို့ အကြံမပေါ်ကြပါလား။ ထိုင်းနယ်စပ်မှာ ခိုးဝင်လာတဲ့ မြန်မာပြည့်တန်စာတွေကို ထိုင်းရဲက နှစ်စဉ်ဖမ်းမိလို့ ထိုင်းသတင်းစာမှာ ခေါင်းကြီးစဉ်နဲ့စီပါတယ်။ ဒါတွေကို ရှက်ကော ရှက်တတ်ပါရဲ့လား အမျိုးပျောက်မှာ စိုးကြောက်နေတဲ့ ၉၆၉ ဘက်တော်သားတို့ရေ။ ထိုင်း၊ တရုပ်နိုင်ငံတွေမှာ ရာနဲ့ ထောင်နဲ့ချီပြီး အနိုင်ကျင့်ခံနေရတဲ့ မြန်မာအမျိုးသ္မီးတွေကို ၉၆၉ တို့ သွားပြီး မကယ်တင်ကြပါလား။ မွတ်စလင်မ်နိုင်ငံတစ်နိုင်ငံက မြန်မာအိမ်ဖော် တစ်ယောက်ကို နှိမ်ဖြစ်သွားရင်ဖြင့် သတင်းဖြန့်လို့မဆုံးတော့ဘူး။

နောက်ပြီး ပြည်ပမှာ နိုင်ငံခြားသားတွေနဲ့ လက်မထပ်ပဲအတူနေတဲ့ မြန်မာအမျိုးသ္မီးတွေကော နိုင်ငံခြားသားနဲ့အိမ်ထောင်ကျသွားတဲ့အမျိုးသ္မီးတွေ များစွာရှိတယ်။ နောက်ပိုင်းကျရင် မြန်မာတွေအကြောက်ကြီးကြောက်နေတဲ့ မျိုးမစစ်တဲ့ မြန်မာတွေပိုများလာမယ် ဆိုတာ ဆင်ချင်တတ်ဖို့သင့်ပြီ။
-
အခုခေတ် သင်္ကြန်ဆိုရင် မြန်မာအမျိုးသ္မီးတွေမူးလို့ ယူးလို့ မြန်မာအမျိုးသ္မီး ကောင်းခြင်းငါးဖြာနဲ့ညီတဲ့ မြန်မာဝတ်စုံတွေကျွတ်ပြီး ဘောင်းဘီတိုတွေနဲ့ အောက်စတွေလွတ်ပြီး မမြင်ခြင်မှအဆုံး ထိရောက်ကြတယ်။ က်ျား - မ ပူးကပ် ပွတ်တိုက်နေကြတာ မိန်းမကောင်းတွေလား ပြည့်တန်စာတွေလား ခွဲမရအောင် မြင်ရတဲ့လူတွေအတွက် ခက်နေတယ်။ မြန်မာအမျိုးသ္မီး ကောင်းလေးတွေဘယ်နားမှာလည်း ကောက်ရိုးပုံထဲ အပ်ရှာသလို ရှာရမယ့်ခေတ်ဖြစ်နေပြီ။ ၉၆၉ များအနေနဲ့ ကိုယ့်မြန်မာအမျိုးသ္မီးတွေကို ထိန်းသိမ်းကာကွယ်ချင်ရင် အရှက်အကြောက်ရှိတတ်ဖို့ ကိုယ့်ကိုကိုယ်တန်ဖိုးထားတတ်ဖို့အရင် သင်ပေးလိုက်ကြပါ။ အမျိုးသ္မီးတွေကို စာရိတ္တရေးရာမသင်ပြပဲ သူတစ်ပါးကို အမုန်းပွါးလိုက်သတ်နေတာက သံဃာအစစ်တွေရဲ့စရိုက်မဟုတ်ဘူး။ သံဃာဆိုတာ လောကီရေးတွေကိုတွယ်တာစုံမက်မှုနည်းရတယ်။ ၉၆၉ သံဃာများမှ ဘာကြောင့် ဒကာမတွေကိုဒီလောက် စိတ်ဝင်စားနေရပါသလဲ ?
၉၆၉ တို့ဝါဒဖြန့်တဲ့စကားတွေမှာ မွတ်စလင်မ်တွေလက်ထဲ မြန်မာအမျိုးသ္မီးတွေပါသွားရတယ်၊ အတင်းဘာသာဝင်ခိုင်းတယ်ဆိုတာ ကလေးကစားစရာ ရယ်စရာဖြစ်နေပါပြီ။ လူအများစုဖြစ်တဲ့ ဗုဒ္ဓဘာသာနောက်ကိုသာ မွတ်စလင်မ်တွေပါသွားတာ၊ ဘာသာပျက်သွားတာ အများကြီးရှိကြပါတယ်။ စာရေးသူအမျိုးတွေကအစ ဗုဒ္ဓဘာသာနောက်ကို ပါသွားတာပဲ မနည်းပါဘူး။
-
အမိမြန်မာနိုင်ငံကို ကာကွယ်ချင်တယ်ဆိုရင်လည်း မြန်မာနိုင်ငံရှိ တော၊ တောင်၊ ရေ၊ မြေရှိသမျှ သယံဇာတတွေကို လာတူးယူသွားတဲ့ တရုပ်ကို ဆန့်ကျင်သင့်တယ်။ အခုတော့ပြည်မကြီးကတရုပ်ကို မဆိုထားနဲ့ ပြည်တွင်းက တရုပ်ကိုတောင် အသံမာနဲ့မပြောရဲကြဘူး။ ဆင်းရဲနွမ်းပါးတဲ့ မြန်မာပြည်တွင်းမွတ်စလင်မ်ကိုတော့ ဝိုင်းဖိနှိပ်သတ်ဖြတ်ကြတယ်။ အားနည်းသူကိုအနိုင်ကျင့်တာ တကယ်သတ္တိရှိသူတွေရဲ့ အကျင့်မဟုတ်ဘူး။ အဲတာအမျိုးဘာသာနဲ့လူမျိုးကာကွယ်နေတာမဟုတ်ဘူး။ လူဆိုး လူမိုက် ပညာမဲ့ လူရမ်းကား ပေါက်လိုပဲစား အောက်တန်းစားလူတွေရဲ့စရိုက်သာဖြစ်တယ်။ ဒီစရိုက်တွေကို ကမ္ဘာလူထုကြီးကမြင်လိုက်ရတော့ Myanmar people are low class, no class တဲ့....
-
အရင်ကတည်းကမှ သူများနိုင်ငံမှာ မြန်မာလူမျိုးတွေ အိမ်ဖော်၊ အလုပ်သမား သွားလုပ်နေကြတာ အခုဆို မြန်မာလူမျိုးဆိုရင် အဆင့်မရှိ အောက်တန်းကျ ရုံတင်မကဘူး စရိုက်ပါရိုင်းတဲ့ လူရမ်းကားအဖြစ်မြင်သွားကြပြီ။ ဒါကိုယ့်သမိုင်းကိုရေးကြတာပဲ။ သမိုင်းဆိုတာ ဖြောက်ဖျက်လို့မရဘူး။
-
မြန်မာနိုင်ငံတွင်းမှာ မွတ်စလင်မ်က ဗုဒ္ဓဘာသာဝင်နဲ့စကားမများလိုက်နဲ့၊ သဘိတ်မကျကွဲစေနဲ့၊ ကိုယ်ရင် ဘုန်းကြီးတွေနဲ့ မတိုက်မိစေနဲ့။ သွားညိလို့ကတော့ သတ်မယ် ဖြတ်မယ် ဝိုင်းရိုက်ကြမယ်။ မြန်မာနိုင်ငံကြီးဟာ တကယ့်ကို လူစိတ်မရှိတော့တဲ့ လူရိုင်းမြေဖြစ်နေတယ်။ မြန်မာအိမ်နီးချင်းနိုင်ငံမှာ ရွေးကောက်ပွဲရောက်ရင် မဲဆွယ်တဲ့လူက ပြည်သူအချို့ကို မဲထည့်ပေးရန်အတွက် ငွေထိုးပေးတယ်။ မဲဝယ်ဖို့အတွက် သန်းပေါင်းများစွာ budget သုံးကြပါတယ်။ မြန်မာနိုင်ငံမှာ အပြစ်မဲ့တဲ့ မွတ်စလင်မ်ကလေး၊ လူငယ်၊ လူကြီးတွေကိုသတ်ဖြတ်လုယက်၊ အိုးအိမ်၊ ဗလီ၊ စာသင်ကျောင်းတို့ကို ဖျက်ဆီးရာမှာ အကြမ်းဖက်သမားများ တစ်ရက်ကို ကျပ်ငွေ ၃၀၀၀ စီရကြကြောင်း သတင်းရရှိပါတယ်။ အဲဒီ Funding ဘယ်ကလာပါသလဲ ?
-
မြန်မာအစိုးရ၊ ခင်ညွန့်၊ ဝီရသူ နဲ့ ၉၆၉ တို့ မွေး အကြမ်းဖက်သမားများ တစ်မြို့ဝင်တစ်မြို့တွက် မွတ်စလင်မ်များကိုသတ်နေကြတာ တောင်ကုတ်၊ ရိုဟင်ဂျာ၊ ကရင်မွတ်စလင်မ်ရွာ၊ မိတ္ထီလာ၊ ရန်ကုန်၊ ဥက္ကံမြို့နောက်မြို့တွေလည်း ဆက်လုပ်သွားမယ်ဆိုတာ သိတယ်။ ဒါသူတို့လုပ်နေတဲ့ Myanmar Muslim Genocide ဖြစ်တယ်။ တိုင်းရင်းသားလူနည်းစုငယ်တို့မတရားသတ်ဖြတ်ခြင်းခံနေရချိန်မှာ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှုတ်ဆိတ်နေမှုဟာ တကယ်တော့ စာတွေ့သာရှိပြီးလက်တွေ့မှာ အလုပ် မလုပ်တတ်ကြောင်း သက်သေပြနေသလိုဖြစ်ပါတယ်။
-
မြန်မာလူမျိုးများဂုဏ်ယူပြီးပြောခဲ့ပါတယ် ဗုဒ္ဓဘာသာမှာအကြမ်းဖက်မှုမရှိဘူး။ အလယ်အလတ် လမ်းစဉ်လိုက်တဲ့ ဘာသာလို့။ အခု Update ကို ကြည့်ရင် တစ်ချိန်က ဗုဒ္ဓဘာသာမြန်မာနိုင်ငံဟာ ဒီကနေ့ကမ္ဘာ့အလယ်မှာတော့ အစွန်းရောက် အကြမ်းဖက် ဗုဒ္ဓဘာသာမြန်မာနိုင်ငံအသွင်သို့ ပြောင်းလဲခဲ့ပြီဖြစ်ကြောင်း အသိပေးလိုက်ပါတယ်။

IYS