---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Showing posts with label News. Show all posts
Showing posts with label News. Show all posts

Friday, April 20, 2012

အခုတည်းက ပြင်ဆင်ထားကြတော့


ဥရောပ sahlgrenska သက္ကသိုလ်က သုသေသီတို့မှ ပြောပါတယ်။ နောက် ၃ - ၄ နှစ်အတွင်း ကမ္ဘာအနှံ့မှာ အရင်းရှင်တွေကို ဆန္ဒပြကြမယ်။ (အာရပ်နိုင်ငံများရဲ့ သက်ဦးစံပိုင်အုပ်ချုပ်ရေးစနစ်နဲ့ အရင်းရှင်စနစ်တို့ကို ပြည်သူလူထုက မကျေနပ်လို့ ဆန္ဒပြကြတာ နမူနာအဖြစ်မြင်နိုင်ပါတယ်) အခုကမ္ဘာ့လူအများစုမှာ အရင်းရှင်တို့ရဲ့ အမြတ်ကြီးစားမှု အတိုးစားမှုများကြောင့် အကြွေးတင်နေတဲ့လူတွေ ကမ္ဘာအနှံ့မှာအလွန်များနေပါတယ်။ ကမ္ဘာ့စီးပွါးရေး ထိုးကျသထက်ကျလာနေပြီဖြစ်ပါတယ်။ အရင်းရှင်နဲ့ အစိုးရတွေက အမြဲဆက်နွယ်နေတာမို့ အကြွေးဒဏ်မခံနိုင်လို့ ဆန္ဒပြသူတွေအတွက် ထိခိုက် ဒဏ်ယာရ သေကျေမှုတွေ ရှိလိမ့်မယ်။

အမေရိကန်နဲ့ အနောက်နိုင်ငံများလည်း ၁၀ နှစ်အတွင်း သိသိသာသာ စီးပွါးရေး ကျဆင်းလာမှာဖြစ်ပါတယ်။ အဲဒီကတစ်ဆင့် တတိယ ကမ္ဘာစစ်ကို မလွဲမရှောင်သာဖြစ်လိမ့်မယ်။လက်နက်အားကောင်းတဲ့နိုင်ငံများ စီးပွါးရေးကျပ်တည်းမှုနဲ့ တွေ့ကြုံရတဲ့အခါ အတိတ်ကလိုဘဲ တခြားနိုင်ငံတွေကို ကိုလိုနီလုပ် ကိုယ်ကျိုးရှာနိုင်ဖွယ်ရှိကြောင်း။

ဒါကြောင့် အခုတည်းက ရွှေ၊ ငွေ၊ အိမ်၊ မြေ တန်ဖိုးရှိရာများကို ဒီ ၁၀ - ၂၀ နှစ်ကြားမှာသုံးစွဲနိုင်ရန် စုဆောင်းထားသင့်ကြောင်း။

Tuesday, October 18, 2011

စက်တက်ဘာ ၁၁ လုပ်ဇတ်ဖော်ထုတ်ချက်များ

စက်တက်ဘာ ၁၁ လုပ်ဇတ်ဖော်ထုတ်ချက်များ
စက်တက်ဘာ ၁၁ ကတော့ ပြီးဆုံးသွားခဲ့ပါပြီ... ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်ကြီးကလည်း ၁၀ နှစ်တောင် ပြည့်ခဲ့ပါပြီ.... ဒါနဲ့ပတ်သက်ပြီး ဆွေးနွေးချင်တာက 9/11 ရဲ့အဓိကတရားခံဘယ်သူလဲ?

ဒါကိုဘဲ online က ခင်မင်ရင်နှီးခဲ့ရသူ သူငယ်ချင်း တစ်ယောက်နဲ့ ဆွေးနွေးဖြစ်တော့- သူက ဒီလိုဆိုပါတယ်-

အခုကျနော်သိလာတာတွေကိုလည်း ပိုသေချာအောင် မျှမျှတတ စဉ်းစားတတ်တဲ့ သူငယ်ချင်း နိုင်ငံရေး နှံ့စပ်သူများ ရှိရင်လည်း မေးမြန်း ကြည့်ပါ။ သတင်းမှန်ကို သိလာပါလိမ့်မယ်။ youtube ထဲမှာ 9/11 များကို ရိုက်ကြည့်ပြီး လေ့လာ ကြည့်ပါ။ အထူးသဖြင့် သိပ္ပံပညာ ရှင်တွေက ဘာပြောသလဲပေါ့။

9/11 ဖြစ်ပြီးမကြာမှီ- နယူးယောက်က ကျွန်တော့ မိတ်ဆွေ တစ်ဦးပြန်လာတော့- သူ့ဆီမှာ စီဒီခွေတစ်ခုပါလာတယ်။ နယူးယောက်က ရထားဘူတာတွေမှာ (အလကား) လိုက်ဝေတာတဲ့- အဲ့ဒီ အခွေထဲမှာ- အဆောက်အဦးကြီးပြိုကျတဲ့စနစ်၊ ပင်တဂွန်မှာ ကျတဲ့ လေယဉ်ရဲ့ အင်ဂျင် အားလုံးကို တွက်ပြထားတယ်။ မှတ်မိသလောက်နဲ့ လက်ရှိအခြေအနေအားလုံးကို တတ်နိုင်သမျှ ပြန်ပြောပြမယ်။- အကုန်လုံး စဉ်းစားလို့ရအောင်ပါ။

(၁) အဆောက်အဦးက လေယာဉ်နဲ့တိုက်လို့ တစ်ခုလုံး ၀ုန်းကနဲ့ မပြိုနိုင်ဘူး။

(၂) အဲ့ဒီအောက်က အဆောက်အဦးပြိုစေဘို့ ဗုံး ၁၃ လုံး ကွဲတယ်။ (ဖုံးထားတဲ့ သတင်း- နောက်ပိုင်း ပေါ်လာမယ်)

(၃) ဒုတိယ လေယဉ်တိုက်ဘို့ မီနစ် ၃၀ ကွာတယ်။ အဲ့ဒီ ပထမ လေယဉ်တိုက်တော့ သမ္မကြီးကို အကြောင်းကြားတယ်။ သမ္မတကြီးက အရေးယူဘို့ မပြောဘူး။ ဖလော်ရီဒါမှာ ရှိတဲ့ မူလတန်းကျောင်းလေးမှာ ကလေးတွေရွတ်ဆိုနေတဲ့ ကဗျာများကို ဘာမှ မဖြစ်သလို ဆက်လက်နားထောင်နေတယ်။

(၄) ဒုတိယ လေယဉ်တိုက်တယ်။ အဆောက်အဦး ပြိုကျတယ်။ ပြီးမှ သမ္မတကြီးက အရေးယူပါလို့ ပြောခဲ့တယ်။

(၅) သမ္မတကြီးက ဖလော်ရီဒါမှာ ပြောခဲ့တဲ့ စကားများနဲ့ ၀ါရှင်တန်မှာ ပြောတဲ့ စကား ရှေ့နောက်မညီလို့ သတင်းထောက်တွေက ၀ိုင်းမေးတာကို ပြန် မဖြေနိုင်ခဲ့ဘူး။

(၆) ပင်တဂွန် စစ်ဌာနချုပ်မှာ လေယဉ်တစ်စီးကျတယ်။ အဲ့ဒီ လေယဉ်အင်ဂျင်ကို အ၀တ်နဲ့ အုပ်ပြီး ထမ်းထုတ်သွားတာ- လူလေးယောက်ပဲ ဖြစ်တယ်။ သူတို့ ပြောတဲ့ ခရီသည် လေယဉ် ဆိုရင် အင်ဂျင်ကို လူလေးယောက် ထမ်းထုတ်လို့ မနိုင်ဘူး။ သတင်းထောက်တွေကို အဲ့ဒီ လေယဉ်အင်ဂျင် အပိုင်းအစများကို ဓါတ်ပုံရိုက်ခွင့် မပေးဘူး။

(၇) ပစ်ချလိုက်တယ်ဆိုတဲ့ လေယဉ်ကတော့ သတင်းလောက်ပဲ ပါတယ်။ ဘာလေယဉ်မှန်း မသိဘူး။ (ပြောတော့ ခရီးသည်တင် လေ ယဉ်လို့ ပြောတယ်။


မဖြစ်မှီနဲ့ ဖြစ်ပြီး အခြေအနေများ

လေယဉ်နဲ့ မတိုက်မှီ တစ်လ အလိုက အမေရိကန်နိုင်ငံ နယူးယောက်၊ မင်ဟယ်တန် (အဆောက်အဦး ရှိရာမြို့) အနီးမှာ ဒီအဆောက် အဦးကို စက်တင်ဘာလ အတွင်း မနက် ၉ နာရီ မတီးမှီ မလာပါနဲ့ လို့ ကြိုတင်စာဖြန့်ဝေတယ်။ အဲ့မှာ ရှိတဲ့ မြန်မာတွေလည်း အဲ့ဒီစာကို ရခဲ့တယ်။ အဲ့ဒီမြို့ထဲမှာ မြန်မာပြည်သား တရုတ် လူမျိုးပိုင်တဲ့ sun hotel ရှိတယ်။ မြန်မာ သင်္ဘောသားတွေ အများစု တည်းခိုတယ်။ ကျွန်တော့မိတ်ဆွေ သင်္ဘောသား တစ်ဦးလည်း အဲ့စာကို ရခဲ့တယ် ပြောတယ်။-

အဆောက်အဦးမှာ ဂျူးလူမျိုးတွေ ထောင်ချီပြီး အလုပ်လုပ်ကိုင်တယ်။ မြန်မာတွေလည်း ရှိတယ်။ မူဆလင်တွေလည်း ရှိတယ်။ ၀န်ထမ်းတွေ ပါ။ တကယ် ဖြစ်မယ့် နေ့မှာ ၀န်ထမ်းဂျူး အဲ့သည်ဂျူး တစ်ယောက်မှ အဆောက်အဦးကို မလာခဲ့ဘူး။ ဒါကြောင့် သေတဲ့ အထဲမှာ ဂျူး တစ်ယောက်မှ မပါခဲ့ဘူး။

ဖြစ်သွားပြီးနောက်ပိုင်း-- အမှုကို စစ်ဆေးဘို့ ခုံးရုံးဖွဲ့ခဲ့တယ်။ အဖွဲ့ ဥက္ကဌက ယခင်အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဟင်နရီ ကက်ဆင်းဂျား ဖြစ်တယ်။ သူက အမှုကို စုံစမ်းစစ်ဆေးရင်း- အမှုက ဂျူးတွေနဲ့ အမေရိကန်အစိုးရပိုင်း ထိပ်သီးတွေဆီကို ပတ်လာခဲ့တယ်။ ဒါကြောင့် ဒီအမှုကို သူ ဆက်လက် မကိုင် တွယ်တော့ပါဘူးလို့ တရားဝင်ကြေငြာပြီး နှတ်ထွက်သွားခဲ့တယ်။ အခုအချိန်ထိ အမှုက တန်း လန်းကြီး ဖြစ်နေပါတယ်။

အမေရိကန်အစိုးရက ထိုးချတဲ့ (လေယဉ်ထဲပါ အသေခံတိုက်သူ) မုဟမ္မဒ် အာ့ခ်တားက- သူဟာ အီဂျစ်မှာ ရှိနေပါတယ်။ ကျောင်း တက်နေပါတယ်လို့ ပြောပါတယ်။ ခင်ဗျားတို့ စွပ်စွဲတာ လူမှားနေပြီလို့ ပြောပါတယ်။ (သူကတော့ အမေရိကန်ကို လာခဲ့တယ်။ ပြန်ခဲ့တာ ၈ လရှိပါပြီတဲ့)။

အမေရိကန် အစိုးရက ဘင်လာဒင်ကို ထိုးချတယ်။ သူက အာဖဂန်ကို ၀င်ချင်တယ်လေ။ အာဖဂန်ကို ဘာကြောင့် ၀င်ချင်ရသလဲ။ သူက ကာဇက်စတန်က ရေနံနဲ့ ဂစ်ကို သယ်ယူဘို့ အာဖဂန်ကို ပိုက်လိုင်း ဖြတ်ဖေါက်ရမယ်။ ဒါကြောင့် တာလီဘန် နိုင်ငံခြားရေးဝန်ကြီးကို နယူးယောက်ကို ခေါ်ယူပြီး ဆွေးနွေးခဲ့ တယ်။ အကောက်ခွန်ကိစ္စ အပေးအယူ မတည့်ခဲ့ဘူး။ ပြီးတော့ အာဖဂန်က ကြေးနီးနဲ့ ယူရေနီယံ ထွက်တယ်။ အာဖဂန်ကို သူ့သြဇာ သွပ်သွင်းနိုင်ရင် တရုတ်နဲ့ ရုရှားကိုလည်း လှမ်းထောက်ထားလို့ ရတယ်။- (တွက်ထားတာတွေကတော့ မျိုးစုံပေါ့ဗျာ)။

အမေရိကန်နိုင်ငံတွင်းမှာ နောက်ကွယ်က ကိုင်ထားတဲ့ ဂျူးတွေ ကိုလည်း အမေရိကန်လူမျိုးတွေက အတိုးကြီးစားမှုနဲ့ မုန်းတီးမှု မြင့်တက် လာခဲ့တယ်။ ဂျူးတွေကလည်း သူတို့ကို မုန်းမယ့်အစား မူဆလင်ကိုမုန်းဘို့ အာရုံ လွှဲချင်တယ်။ (ဂျူးအားလုံးတော့ မဟုတ်ဘူးနော်- အဓိက ကြိုးကိုင် ဇီယွန်ဝါဒီတွေပါ)။ ဒီနှစ်ခု ပေါင်းစပ်ပြီး ဘင်လာဒင်ကို ထိုးချလိုက်ရင် ဘင်လာဒင် ခိုလှုံ နေတဲ့ အာဖဂန်ကို သူတို့ တိုက်လို့ ရမယ်လေ။

အာဖဂန် ခေါင်းဆောင် မူလာအိုမာက - ဘင်လာဒင် ဖြစ်ကြောင်း တိကျတဲ့ သက်သေပြပါ။ တိကျခဲ့ရင် ငါကိုယ်တိုင် ဖမ်းပြီး မင်းတို့လက်ထဲ ကို အပ်မယ်လို့ ပြောခဲ့တယ်။ သူတို့က တိကျတဲ့ သက်သေမပြနိုင်ဘူး။ (အာလ်ဂျဇီးရာဟ် တသင်းဌာနက တရားဝင်ပြောခဲ့တယ်။) နောက် ဆုံး ဘင်လာဒင်ကို သူတို့ အရှင်ဖမ်းမိတယ်။ (မကြာသေးမှီကပါ) ဒါပေမယ့် အသေမိတယ်ပြောပြီး အလောင်းဖျောက်ပစ်လိုက်တယ်။ (အဖြေက ရေထဲကို ပစ်ချလိုက်တာတဲ့)။ အထူးလေ့ကျင့်ထားတဲ့ အထူးကွန်မင်ဒို ၁၀ ယောက်က တိုက်ခန်းထဲမှာ လှောင်ပိတ်နေတဲ့ (တောထဲမှာလို ထွက်မပြေးနိုင်တဲ့) လက်နက်မဲ့ လူတစ်ယောက်ကို အသေမိတယ်ဆိုတာကော ယုတ္တိရှိရဲ့လား။ အရှင်ဖမ်းပြီး လူသိရှင်ကြား ခုံရုံးတင်ပါလား။ ဒီတော့ အမှုက အမှန်ပေါ်လာမယ်လေ။ ဒီလို အဖြစ်မခံနိုင်တော့ နှတ်ပိတ် လိုက်တာပေါ့။ ဘင်လာဒင်ရဲ့ ရန်သူတော်ကြီးလို့ သိထားတဲ့ သမ္မကြီး ဂျော့ဘုခ်ျက “ဘင်လာဒင် သေပြီဆိုပြီး ကြည်နူးမနေသင့်ဘူး၊ သူဟာ တရားခံအစစ် ဖြစ်တယ် မဖြစ်ဘူး ဆိုတာ ခုံရုံးတင် စစ်ဆေးခြင်း မပြုရသေးသလို၊ ဆုံးဖြတ်ချက်လည်း မချရသေးဘူး၊ ငါကတော့ ဘယ်ထောက်လှမ်းရေးကိုမှ အယုံ အကြည် မရှိဘူး၊” လို့ ဖလော်ရီဒါ- သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားတာ မကြာသေးပါ။ what Bush said about Bin Ladin ဆိုပြီး နက်မှာ ရှာကြည့်ပါ။

အဓိက အကျဆုံး နောက်တစ်ချက်က- အီရန်သမ္မတ အမာဒီနဂျစ်က ၂၀၁၀ ကုလသမဂ္ဂ ကွန်ဖရင့်မှာ- 9/11 ဟာ လုပ်ဇတ်ဖြစ်တယ်။ အမေရိကန်က မူဆလင် နိုင်ငံတွေကို ကျူးကျော်လိုလို့ ဇတ်လမ်းဆင်ခဲ့တာ ဖြစ်တယ်လို့ နယူးယောက် ကုလရုံးမှာ ကမ္ဘာ့နိုင်ငံများ အား လုံးရှေ့မှာ ဗြောင်ပြောခဲ့တယ်။ ဒါကို သမ္မတ အိုဘားမားက စကားကို မဆင်မခြင် ပြောတယ်လို့ ပြောတော့- သူက ခင်ဗျားတို့ အနေနဲ့ ကုလသမဂ္ဂကို ခုံရုံးဖွင့်ခိုင်းပြီး ဒီကိံစ္စကို စစ်ဆေးပါ။ ကျုပ်တို့ ဆီမှာ အဆောက်အဦးကို အောက်က ဗုံး ၁၃ လုံးခွဲခဲ့တဲ့ အချက်အလက် အထောက်အထား အပြည့်အစုံရှိတယ်။ လို့ ပြန်ပြောတယ်။ သမ္မတ အိုဘားမားက ဘာမှ မပြောနိုင်ဘူးလေ။ အီရန်သမ္မတဟ အဆောက် အဦးပျက်နားကို ကိုယ်တိုင်သွားခဲ့တယ်။ အဲ့ဒီမှာ သူ့ကို ကြိုဆိုသူတွေအများကြီးပါ။ အထောက်အထား အများကြီးကိုလည်း သူ့ကို ပေးခဲ့ တယ်။ ဒါကို အမေရိကန် မီဒီယာတိုင်း (အထူးသဖြင့် နယူးယောက်မှာ ကျက်စားတဲ့ သတင်းဌာနတိုင်း သိပါတယ်။) ဘာဖြစ်လို့ ဒီကိစ္စတွေ ကို ဖုံးကွယ်ထားတာလဲ။- ကဲ ဒီလောက်ဆို စဉ်းစားလို့ရမယ် ထင်ပါတယ်။ သက်ဆိုင်ရာ အထောက်အထားတွေကိုတော့ ကျွန်တော် အခု ပြောတာထဲက သိချင်တဲ့ အပိုဒ်များကို အင်္ဂလိပ် အဆင်ပြေသလို ပြန်ပြီး gooole မှာ ရှာကြည့်ပါ။ အများစုကို တွေ့ရပါလိမ့်မယ်။

ဒီလောက်ဆို အဖြေထွက်နိုင်ပါတယ်..

Special thanks to Sister Sky Blue

Wednesday, July 6, 2011

Swedish model slashes multiple-birth risk in IVF pregnancies

.
Swedish doctors on Monday presented a new method they said dramatically reduces the risk of multiple births from in-vitro fertilisation (IVF) without affecting chances of having a baby.
The technique will help doctors determine the chances of giving birth to a healthy baby through IVF, they said.

At present, fertility clinics tend to transfer several embryos to the uterus to boost the chance of a live birth, but this often leads to multiple pregnancies that carry a higher risk of complications for the mother as well as a lower birth weight and developmental difficulties for the child.

"There are other prediction models, but this is the first one that differentiates between the chance (of pregnancy) if you transfer either one or two embryos and also calculates the risk of twins," Jan Holte of the Carl von Linne clinic in Uppsala told AFP.

With this model, "when it is time for transferring embryos, if we see that the twin risk is too high, we only transfer one embryo and we freeze the others," he explained.

Over four years (2004-2007), his clinic transferred 3,410 embryos. The model helped slash the rate of twins in IVF pregnancies from about 26 percent in a preceding four-year period, to 1.9 percent.

At the same time, the rate of live births per fresh embryo IVF transfer fell slightly from 29.1 to 24.6 percent, while for an embryo that had been frozen, stored and thawed, it stayed almost the same at 31.1 percent.

The model factors in the woman's age, the number of eggs and the ovarian responsiveness, information about whether the woman had had previous IVF attempts and the quality of the embryos.

In some cases, "the extra embryo which is usually transferred in a lot of clinics all over the world increases the twin risk enormously but (increases) the chance of pregnancy only by very little," Holte explained.

For example, in a case where a young woman who responds well to the fertility treatment, transferring two of the "top" embryos could lead to a 65 percent pregnancy chance. But there would be a one-in-two chance of twins.

"If instead we transfer only one (the 'top' embryo), the chance for pregnancy will still be more than 50 percent," said Holte. "We reduce the overall pregnancy chance very little, but we reduce the twin risk to essentially zero.

In such cases, the doctors would therefore transfer only one embryo and freeze the other one.

"If the first one does not give a result, we then transfer the other embryo," he said. "In such a patient, it will give about a 40 percent chance of pregnancy, so we don't waste the chance."

To develop the model, Holte and his team analysed data from 3,223 embryo transfers performed between 1999 and 2002 and initially looked into 80 factors before narrowing it to four.

It is now used in four clinics other than Holte's own, three in Sweden and one in Italy.

"I think it will probably be a good option for other clinics to try it, because in the long run ... you can solve the problem of really dangerous multiple pregnancies and ... end up with the same total number of births," Holte said.
The model is easy to use because all clinics have the basic data and can score embryos using the same method fairly easily, he said, adding there was even a possibility to test the model with the help of web-based software.

The work was presented Monday at the annual conference of the European Society of Human Reproduction and Embryology (ESHRE) in Stockholm.

Ref : News The Local

Saturday, March 12, 2011

ဂျပန် နျူကလီးယားစက်ရုံပေါက်ကွဲ အရေးပေါ်ကြေညာ

နျူကလီးယားစက်ရုံပေါက်ကွဲမှုဂျပန်အရေးပေါ်ကြေညာ


စနေ, 12 မတ် 2011

နျူကလီးယား စက်ရုံပတ်လည် ၁၂ မိုင်အတွင်းကနေ လူတွေ ရွှေ့ပြောင်းနေထိုင်ကြဖို့ ဂျပန်ဝန်ကြီးချုပ် နာအိုးတိုးခန် (Naoto Kan) က တိုက်တွန်းလိုက်ပါတယ်။ ဒီစက်ရုံမှာ စနေနေ့က ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။

အစိုးရရဲ့ နံပါတ်တစ် ဦးစားပေးလုပ်ငန်းကတော့ စက်ရုံရှိရာ ဖူကူရှီးမားမှာရှိတဲ့ ပြည်သူလူထုရဲ့ လုံခြုံရေးဖြစ်ပါတယ်လို့ ၀န်ကြီးချုပ်က ပြောပါတယ်။ စက်ရုံဝန်းကျင်မှာ ဓါတ်ရောင်ခြည်ဖြာထွက်မှု အဆင့် တက်လာနေပါတယ်။

စနေနေ့က ပေါက်ကွဲမှုကြောင့် ဓါတ်ပေါင်းဖိုရှိတဲ့ အဆောက်အဦး ပျက်စီးသွားခဲ့ပေမဲ့ ဓါတ်ပေါင်းဖိုရဲ့ သတ္တုအကာကတော့ မပျက်စီးခဲ့ပါဘူးလို့ ဂျပန်ဝန်ကြီးချုပ် ပြောကြားပြီး မကြာခင်မီမှာပဲ ပြောရေးဆိုခွင့်ရှိသူ ယူကီရို အီဒါနို က ပြောပါတယ်။

အခြေအနေနဲ့ပတ်သက်ပြီး သတင်းအချက်အလက်တွေကို စုဆောင်းနေပါတယ်လို့ အပြည်ပြည်ဆိုင်ရာ အနုမြူ စွမ်းအင် အေဂျင်စီ IAEA က ဆိုပါတယ်။ စက်ရုံအပြင်မှာ ဓါတ်ရောက်ခြည်ထွက်နေတာက ပုံမှန်ထက် များနေတယ်လို့ ဂျပန် မီဒီယာတွေက သတင်းရေးသားနေကြပါတယ်။

ဂျပန်နိုင်ငံဟာ မကြုံခဲ့ဖူးတဲ့ ဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်လို့ မစ္စတာ ခန် က ဆိုပါတယ်။

တိုင်းပြည်တ၀ှမ်း ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေရာမှာ ဂျပန် စစ်သား ၅ သောင်းက ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်နေကြပါတယ်လို့ ၀န်ကြီးချုပ်က ပြောပါတယ်။

လူပေါင်း ၁,၃၀၀ ကျော် သေဆုံး ဒါမှမဟုတ် ပျောက်ဆုံးနေတယ်လို့ ဂျပန် မီဒီယာသတင်းတွေက တင်ပြကြပါတယ်။ ကမ်းခြေတလျှောက်သွားနေတဲ့ ရထား ၄ စင်းဟာ ဆူနာမီလှိုင်းလုံးတွေ တက်လာပြီးတဲ့နောက် ပျောက်ဆုံးနေတယ်လို့ ကျိုဒို သတင်းဌာနက ဆိုပါတယ်။

လှိုင်းတွေက ၃၅ ပေလောက် တက်လာတဲ့အခါ ယာဉ်တွေ အဆောက်အဦးတွေကို တိုက်ချလိုက်သလို ဖြစ်သွားခဲ့ပြီး တရွာလုံး ရေထဲ ပါသွားတာတွေ ရှိခဲ့ပါတယ်။ ငလျင်နဲ့ ဆူနာမီကြောင့် အဝေးပြေး လမ်းမကြီးတွေနဲ့ အခြေခံအဆောက်အအုံတွေ ဂျပန်နိုင်ငံမှာ ပျက်စီးသွားခဲ့ရပါတယ်။ လူတွေအများကြီးဟာ အမိုးတွေပေါ်မှာ ဒါမှမဟုတ် လွတ်ရာမှာ ပိတ်မိနေကြတဲ့အတွက် ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက်လည်း အခက်အခဲတွေ့နေရပါတယ်။

လာမယ့်ရက်တွေမှာ လျှပ်စစ်မီး တနိုင်ငံလုံး နေရာတော်တော်များများမှာ ပြတ်တောက်မယ်လို့ ဂျပန် Tepco လျှပ်စစ်ကုမ္ပဏီက သတိပေးထားပါတယ်။

ငလျင်လှုပ်ရာ အနီးဆုံးမြို့ ဆန်ဒေးမှာ သေဆုံးသူ ရုပ်အလောင်း ၂၀၀ ကနေ ၃၀၀ အထိ တွေ့ရှိရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒီငလျင်ဟာ ဂျပန်မှာ အပြင်းထန်ဆုံး ငလျင်ဖြစ်ပြီး တကမ္ဘာလုံးမှာ နှစ်ပေါင်း ၁၀၀ အတွင်း နံပါတ် (၅) အပြင်းထန်ဆုံး ငလျင်ဖြစ်ပါတယ်။ လူ ၇၀၀ သေဆုံးပြီး ၁,၀၀၀ ကျော် ဒဏ်ရာရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

VOA News

ဆူနာမိဒုက္ခသည်များအတွက် ဒိုအာ တောင်းပေးကြပါနော်။

** ဗစ်မစ်လ္လာဟစ်ရဟမာနီးရ်ရဟီးမ် **

လာ-အေလာဟ၊အင်လ်လာ...အန်းတ၊ စွတ်ဗ်ဟာနက၊ အင်နီ၊ ကွန်းတို့၊ မေနတ်သွ်-သွာလေ့မီးန်...အာမီးန်

တမန်တော် ယူနွတ်စ် (အလိုင်ဟစ္စလာမ်) ငါးကြီးဗိုက်ထဲရောက်နေတုန်း တောင်းတဲ့ ဒိုအာဖြစ်ပါတယ်။ အခက်အခဲ အကြပ်အတည်းကိစ္စများနဲ့ရင်ဆိုင်နေရရင်တောင်းတဲ့ဒိုအာဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ မွတ်စလင်မ်တွေ၊ ဗလီတွေလည်းရှိကြပါတယ်။ ဖြစ်နိုင်ရင် ဂျပန်နိုင်ငံရှိဘာသာတိုင်း လူမျိုးတိုင်းအတွက်၊ သေသူများအတွက်၊ ဘေးဒုက္ခကြုံနေရသူများအတွက် သီးသန့်ဆွလာ့သ်ဝတ်ပြုပြီးဒိုအာများတောင်းပေးကြပါ။

Saturday, February 12, 2011

Friday, August 27, 2010

Saturday, August 21, 2010

MILLIONS OF FLOOD VICTIMS REQUIRE ASSISTANCE TODAY

At a UNHCR distribution point for flood survivors in Balochistan, children from Tali village rest on a new UNHCR tent while their father fetches help to move it. In Tali, 85 to 90 percent of houses have been destroyed. © UNHCR photo/August 2010
.
Harsh rains and torrential floods have affected at least 12 million people in Pakistan, including children. Urgent help is needed. Please help UNHCR immediately provide flood victims with shelter and other emergency supplies.

You can make a difference.

To DONATE click HERE
http://www.unhcr.org/emergency/pakistanfloods/global_landing.html?gclid=CIG55dyBy6MCFYssDgoddU2ygA

Sunday, May 30, 2010

Watch..before it is pulled


This is "supposedly" the video that FOX NEWS has been trying to show that is constantly blocked by the administration.
Watch this QUICKLY--before it gets Pulled

Click : http://www.youtube.com/watch_popup?v=tCAffMSWSzY#t=28

Saturday, May 22, 2010

ဖရိုဖရဲနဲ့ပြိုလဲနေတဲ့ ဘန်ကောက်

ဗုဒ္ဓဟူးနေ့က ဘန်ကောက်မြို့တော်ကြီးဟာ ၀ရုန်းသုန်းကား ဖြစ်နေပြီး ရှပ်နီခေါင်းဆောင်တွေလက်နက်ချသွား အပြီးမှာတော့ အ ဆောက်အဦ ၁၂ လုံးဟာ မီးတင်အရှို့ခံရတာကြောင့် အရေးပေါ်အခြေအနေဆုံးဖြတ်ရေးဗဟိုက ညမထွက်ရအမိန့် ထုတ်ပြန်လိုက် ရပါတယ်။

ရတ်ချာဖရာဆွန်လမ်းဆုံမှာရှိတဲ့ စင်ထရာယ်ဝါးလ် အဆောက်အဦဆီက မီးခိုးတွေ ပြန့်လွင့်နေ။ တမြန်နေ့မွန်းလွဲပိုင်း ရှပ်နီခေါင်း ဆောင်တွေလက်နက်ချအပြီးမကြာခင်၊ အမည်မသိ မီးရှို့သူတွေက ကုန်တိုက်ကြီးကို မီးတင်ရှို့လိုက်။

ရှပ်နီဆန္ဒပြသမာတွေကြားက လက်နက်ကိုင်သမားတွေက ဒူဆစ်ထနီဟိုတယ်နားက စစ်သားတွေကို ပြန်ပစ်တဲ့အခါမှာ သတင်း ထောက်တွေနဲ့ ဓါတ်ပုံသမားတွေဟာ ရာမ (၄) လမ်းမကြီးပေါ်မှာ ဘေးလွတ်ရာကို အော်ဟစ်ပြေးလွှားနေကြပုံ

ဆာလဒင်လမ်းဆုံမှာရှိတဲ့ ရှပ်နီတွေရဲ့ အတားအဆီးတွေကို သံချပ်ကာ ကားတစီးက ၀င်တိုက်ဖြိုချနေစဉ်

စင်ထရယ်ဝါးလ်ကုန်တိုက်ကြီးမြေညီထပ်က မီးတောက်တွေ

လက်နက်ကိုင် ရှပ်နီတွေကို တိုက်ခိုက်ဖို့ လုမ္ဗဏီဥယျာဉ်ရှေ့၊ ရာမ ၄ လမ်းမကြီးပေါ်၊ စစ်သားတွေ နေရာယူနေကြပုံ

အဆောက်အဦးအတော်များများ မီးတင်အရှို့ခံရပြီး တမြို့လုံးအနှံ့ လုယက်မှုတွေဖြစ်အပြီး နာရီများစွာအကြာမှာတော့ ညမထွက်ရ အမိန့်ကို ည ၈ နာရီကနေ မနက် ၆ နာရီထိ ကြေညာလိုက်ပါတယ်။ UDD ခေါင်းဆောင်တွေက လူထုစည်းဝေးပွဲကြီးကို အဆုံးသတ် ကြောင်း ကြေညာပြီး အမျိုးသားရဲဌာနချုပ်မှာ လက်နက်ချပြီးနောက်မှာ အခြေအနေတွေဟာ ၀ရုန်းသုန်းကားပိုဖြစ်လာတာ ဖြစ်ပါ တယ်။

“အကြမ်းဖက်သမားတွေဟာ သူတို့လုပ်ဆောင်ချက်တွေကို အဆုံးသတ်ရမယ်။ ဒီလိုမှမဟုတ်ဘူးဆိုရင် အစိုးရ အနေနဲ့ ပြတ်ပြတ် သားသားအရေးယူရမယ်” လို့ အရေးပေါ်ဗဟိုက သတိပေးပါတယ်။ ရတ်ချာဖရာဆွန်လမ်းဆုံက လူထုစည်းဝေးပွဲနေရာကို စစ်သား တွေ ချဉ်းကပ်လာတဲ့အခါမှာ UDD ခေါင်းဆောင်တွေ လက်နက်ချတာတွေ ဖြစ်လာပါတယ်။

ဒီနေရာကနေထွက်ခွာပြီး အိမ်ပြန်ကြဖို့ UDDခေါင်းဆောင် Jatuporn Prompan နဲ့ Natthawut Saikua တို့က ဆန္ဒပြသမားတွေကို ပြောပါတယ်။ “နောက်ထပ်လူတွေ အသေအပျောက်မရှိဖို့ ဒီလူထုစည်းဝေးပွဲကြီးကို အဆုံးသတ်ဖို့ ကျနော်တို့ ဆုံးဖြတ်လိုက်ပါတယ်၊ ဒါပေမဲ့ ရှပ်နီတွေဟာ ဒီမိုကရေစီတိုက်ပွဲကို စွန့်လွှတ်မှာ မဟုတ်ပါဘူး” လို့ မစ္စတာ နတ်သာဝပ်က ပြောပါတယ်။ ရှပ်နီတွေဟာ ဘန် ကောက်မှာ ဧပြီ ၁၂ ရက်နေ့က လူထုစည်းဝေးပွဲကြီးကို စတင်ခဲ့ပြီး ၀န်ကြီးချုပ်အဖိဆစ်အစိုးရကို လွှတ်တော်ဖျက်သိမ်းပြီး ရွေး ကောက်ပွဲသစ် ကျင်းပပေးဖို့ ဖိအားပေးခဲ့ပါတယ်။ ဗုံးနဲ့ M79 လောင်ချာတွေကိုင်ထားတဲ့ သေနတ်သမားတွေက အပြင်းအထန်ခုခံ တိုက်ခိုက်ခဲ့ပေမဲ့လည်း စစ်သားတွေကို ရှေ့ကိုတက်လာပြီး ဆာလာဒင်လမ်းဆုံကို ရှင်လင်းလိုက်ပါတယ်။ ဒီနောက်မှာ လုံခြုံရေးတပ် ဖွဲ့တွေဟာ UDD အမာခံနေရာကို ဆက်လက်ချီတက်လာပါတယ်။

၁နာရီ၄၅မီးနစ်၊ သူတို့ခေါင်းဆောင်တွေလက်နက်ချအပြီးမျာ ဆူပူလှုံ့ဆော်သူတွေက ထိုင်းစတော့အိတ်ချိန်း၊ ဘဏ်၊ မြို့တော်လျှပ်စစ် ရုံး၊ စင်ထရယ်ဝါးလ်ကုန်တိုက်ကြီးနဲ့ ဆီယမ်ရင်ပြင်ကရုပ်ရှင်ရုံတွေရှိတဲ့နေရာစတဲ့ နေရာ အတော် များများမှာ မီးတင်ရှို့ကြပါတယ်။ နောက်ပိုင်းမှာ ရုပ်ရှင်ရုံတွေ ပြိုကျသွားပါတယ်။ စစ်တပ်က ဖြိုခွင်းနှိမ်နှင်းရာမှာ အနည်းဆုံး ဆန္ဒပြသမား ၂ ယောက်နဲ့ အီတလီသ တင်းဓါတ်ပုံသမား ၁ ယောက် သေပါတယ်။ နိုင်ငံခြား သား ၃ ယောက်နဲ့ ထိုင်း ၁၅ ယောက် ဒဏ်ရာရပါတယ်။ သတင်းသမားတွေကို အစိုးရဘက်လိုက်ပြီး ရေးသား တင်ပြကြလို့ ဆန္ဒပြသမာတွေက ပြည်တွင်းသတင်းထောက်တွေအပေါ် ဒေါသထွက်ကြပါတယ်။ ဆူပူ လှုံ့ဆော်သူတွေက ရုပ်သံလိုင်း ၃ ထုတ်လွှင့်တဲ့ရုံးကို တိုက်ခိုက်ကြပြီး ကားတွေကို မီးရှို့ပစ်ပါတယ်။ အဆောက်အဦးထဲကို ရေပိုက် တွေနဲ့ထိုးပြီး ရေလွှမ်းအောင်လုပ်ပစ်ပါတယ်။ နောက် တနာရီလောက်မှာ ရုပ်သံလိုင်း ၃ ဟာ ရပ်သွားပါတယ်။ ဘန်ကောက်ပို့စ် သတင်းစာတိုက်က ၀န်ထမ်းတွေကိုလည်း ရှပ်နီတွေရဲ့ခြိမ်းခြောက်မှုကနေ အမြန်ကယ်ဆယ်လိုက်ရပါတယ်။

လုမ္ဗဏီဥယျာဉ်ပတ်လည်ကို ပြန်သိမ်းဖို့ စစ်တပ်စစ်ဆင်ရေး ပထမအဆင့်ဟာ အောင်အောင်မြင်မြင် ပြီးဆုံးခဲ့တယ်လို့ ယာယီပြော ဆိုခွင့်ရှိသူ Panitan Wattanayagorn က ကြေညာပါတယ်။ ဗုဒ္ဓဟူးနေ့ ၃ နာရီမှာ ဘန်ကောက်မှာ ၄ ယောက်သေပြီး လူ ၄၀ ဒဏ် ရာရပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ သောကြာနေ့ကတည်းကဆို သေဆုံး သူ စုစုပေါင်းဟာ ၄၃ ယောက်ဖြစ်ပြီး ဒဏ်ရာရသူ ၃၆၅ ယောက် ဖြစ်ပါတယ်။ ဧပြီလ ၁၀ ရက်နေ့ကစပြီး သေသူ ၇၁ ယောက်နဲ့ ဒဏ်ရာရသူ ၁၃၀၆ ယောက် ရှိသွားပါပြီ။

စစ်သားတွေနဲ့ ရှပ်နီဆန္ဒပြသမားတွေ တိုက်ခိုက်မှုမှာ မေလ ၁၄ ရက်ကနေ ၁၉ ရက်နေ့ထိ သေသူ စုစုပေါင်း ၅၂ ယောက်ရှိပြီလို့ အီရာဝမ် ကယ်ဆယ်ရေးဌာနက အစီရင်ခံပါတယ်။ အကြမ်းဖက်မှုတွေဖြစ်တဲ့ ၆ ရက်အတွင်း လူပေါင်း ၄၀၇ ယောက် ဒဏ်ရာရပါ တယ်။ ဒီအထဲက ၁၅ ယောက်ကို ဘန်ကောက်ဆေးရုံတွေက အရေးပေါ်ကုသရေးဆောင်မှာ တင်ထားရတယ်လို့ ကယ်ဆယ်ရေးဌာ နက ပြောပါတယ်။ ဗုဒ္ဓဟူးနေ့အကြမ်းဖက်မှုမှာ ၁၅ ယောက်သေပြီး ၁၀၃ ယောက် ဒဏ်ရာရပါတယ်လို့ ကယ်ဆယ်ရေးဌာနက ပြော ပါတယ်။


Ref : http://www.naytthit.com

Sunday, April 4, 2010

ဗိုင်ရပ်စ်အကြောင်း

သတိပြုပါ : Security tool ဆိုတဲ့လင့်ခ် မိမိကွန်ပြူတာထဲဝင်ပြီး စာလုံးအနီဖြင့် သင့်ကွန်ပြူတာ virus တွေဝင်နေပြီ။ သင့်ကွန်ပြူတာကို အခမဲ့ check ပေးမည်လို့စာတန်းပေါ်လာရင်လုံးဝ အိုကေ ကို မကလစ်ပါနဲ့။ အဲဒါ virus ပါ။ ခုတစ်လော အဲဒိ virus လူအများရဲ့ကွန်ပြူတာကိုဝင်ဒုက္ခပေးနေပါတယ်။ ကလစ်မိရင် virus တကယ်ဝင်ပြီး သူ့anti virus ကို credit card နဲ့ဝယ်ခိုင်းပါတယ်။ ဝယ်လို့လည်းမရပါဘူး။ Harddisk ကိုသာတစ်ဖြေးဖြေးစားသွားတာကြောင့် ဝင်းဒိုးကို အင်စတောပြန်လုပ်ရပါတယ်။ အကယ်၍ virus ဝင်သွားပါက အမြန်ဆုံး ကွန်ပြူတာ/laptop မှ ဖိုင်များကို USB နှင့်ကူးယူထားပါ။ Virus များနှင့်ကင်းဝေးကြပါစေ။

Monday, March 22, 2010

ကမ္ဘာအကြီးဆုံး အမျိုးသမီး တက္ကသိုလ် ဆော်ဒီတွင် ဆောက်လုပ်နေ


ကမ္ဘာအကြီးဆုံး အမျိုးသမီး တက္ကသိုလ် ဖြစ်လာမည့် နူရဟ်ဘင်သေ့ အဗ္ဗူရဟ်မန် တက္ကသိုလ်အား ဆော်ဒီအာရေးဘီးယားနိုင်ငံ ရီယာဒ်မြို့အနီးတွင်အမေရိကန်ဒေါ်လာ ၅ဘီလီယံ အကုန်အကျခံ တည် ဆောက် နေကြောင်း သိရသည်။ လွန်ခဲ့သည်နှစ် အောက်တိုဘာ တွင်တက္ကသိုလ် အားအုတ်မြစ်ချ ပေးခဲ့သူ ဆော်ဒီဘုရင် အဗ္ဗဒူလာမှ သူ၏ အဒေါ်တော်စပ်သူ တော်ဝင်မင်းသမီး နူရဟ်ဘင်သေ့ အဗ္ဗူရဟ်မန် အမည်အား တက္ကသိုလ် ကိုမှည်ခေါ်စေခဲ့သည်။ ယင်း မင်းသမီသည် ဆော်ဒီ ဘုရင်နိုင်ငံ အား တည်ထောင်သူ ဘုရင်အဗ္ဗူအဇိဇ်း ၏ချစ်ခင်ရသည့် အစ်မတော် ဖြစ်သည်။ သဘောထား ပျော့ပြောင်း အမြင် ကျယ်သည် ယင်း တော်ဝင် မင်းသမီးသည် ရှေးရိုး အိုလမာများ ကန်ကွတ်သည့် ကြားမှာပင် ဆော်ဒီနိုင်ငံတွင် တယ်လီဖုန်း ဆက်သွယ်ရေး စနစ်ကို မိတ်ဆက်ပေးခဲ့သူဖြစ်သည်။
ကွယ်လွန်သူ အမျိုးသမီး မိသားစု အမည် ခေါ်ဝေါ် သုံးစွဲမှုအား ရှက်ဖွယ်ဟု ယူဆသော ဆော်ဒ်ီလူမျိုးများ အကြားတွင် ဘုရင်အဗ္ဗဒူအဇိဇ်က သူကိုယ်သူ `ကျွန်တော်ဟာ နူရဟ်ရဲ့ မောင်တော်ပါ´ ဟုဂုဏ်ယူ ပြောဆိုလေ့ရှိသည်။

လက်ရှိ ဆော်ဒီဘုရင် အဗ္ဗဒူလာ အမည် ပေးထားသော နူရဟ် ဘင်သေ့အဗ္ဗဒူရဟ်မာန် အမျိုးသမီး တက္ကသိုလ်အား ကမ္ဘာ္ဘအဆင့် မြင့်နည်းပညာများ ထည့်သွင်း ဆောက်လုပ်နေသည်။ တက္ကသိုလ် ၏ ပါမောက္ခချုပ် မင်းသမီးအလ်ဂျောဟာရဟ် က `ဒီနူရာကောလိပ်ကို စတင် ဖွင့်လှစ်ခဲတာက ၁၉၇၀ မှာဖြစ်ပါတယ် ယခု အထိ ဆိုရင် ကောလိပ်ကနေ ကျောင်း ပြီးသွားတဲ့ ဆော်ဒီအမျိုးသမီး ၆၀၀၀၀ လောက်ဟာ နိုင်ငံ တိုးတက်ရေး အတွေက် နေရာ အသီသီမှာ တာဝန်ထမ်းဆောင်နေကြပါတယ်´ဟုပြောဆိုခဲ့သည်။ ယခု ဆောက်လုပ် နေသော နူရဟ်တက္ကသိုလ်သည် နိုင်ငံအတွင်း ဒေသတွင်း နိုင်ငံတကာ နယ်ပယ် အထိ ထိုးဖောက်၊ နိုင်ရန် အရည်အသွေး ပြည့်လူ့စွမ်းအား အရင်းအမြစ်များ ကိုမွေးထုတ်သွားမည်ဖြစ်သည်။ အစ္စလာမ်ယဉ်ကျေးမှု တန်ဖိုးအတွင်းတည်ရှိမည့်ယင်းတက္ကသိုလ် သည် ဘာသာ ရပ် ဆိုင်ရာ လေလာမှု ၅၅ ခု ၊ ဘွဲ့ ဒီကရီ အဆင့် ဘာသာရပ် ၃၅ ခု၊ မဟာနှင့် ပါရဂူအဆင့် အတွက် ဘာသာရပ် ၄၀ သင်ကြား ပေးမည်ဟုသိရသည် ၄င်း တက္ကသိုလ် လက်အောက်တွင် ကောလိပ် ပေါင်း ၁၃ ခုထားရှိပြီး ကျောင်းသူပေါင်း ၂၆၀၀၀ ပညာဆည်းပူးနိုင်သည် မကြာသေး ခင်က ဖွင့်လှစ်ခဲသည့် ဘုရင် အဗ္ဗဒူအင်္ဇီဇ် နည်းပညာမြို့တော် နှင့်ပူးတွဲပြီး သတင်း နည်းပညာ ၊ ဇီဝသိပ္ပံ နာနို နည်းပညာ ဘာသာရပ်များ သင်ကြား ပေးမည်ဖြစ်သည်။

နူရဟ်တက္ကသိုလ် ပရ၀ုဏ်အတွင်း အမျိုးသမီးများတွင် မတ်စ်ဂျိဒ် တစ်လုံး ၊ကုတင် ၇၀၀ ဆံ့ဆေးရုံ ခေတ်မှီ ဓါတ်ခွဲခန်းများ၊ စာကြည်တိုက်၊ ကလေး ကစားကွင်း တို့ကို ထည့်သွင်းတည်ဆောက် ထားသည်။
ယင်းတက္ကသိုလ် ၏ထူးခြားချက် အနေနှင် စတုရန်း မီတာ ၄၀၀၀၀ ရှိဆိုလာပြားများဖြင့် လိုအပ်သော စွမ်းအင် ၁၄%၊ ထုတ်လုပ်သုံးစွဲ ရန် စီစဉ်ထားသည်။ လာမည့် ၂၀၁၁ တွင်ဖွင့်လှစ် နိုင်မည့် နူရဟ်ဘင်သေ့ အဗ္ဗဒူရဟ်မန် တက္ကသိုလ် သည် ဆော်ဒီ နိုင်ငံ အမျိုး
သမီးမျိုးဆက်သစ်များ အတွက် ဂလိုဘယ် လိုက်ဇေးရှင်းနှင့်ပေါင်းကူး ဆက်သွယ် ပေးမည် ဗဟိုဌါန တစ်ခု ဖြစ်လာ ပေမည်။

Ref : http://hikmah.info

Tuesday, March 9, 2010

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ရွှေအရောင်းအ၀ယ်ကိုဘန်းပြပြီး လောင်းကစားလုပ်နေ

Yangon News

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ကို ၂၀၀၉ ဒီဇင်ဘာမှာဖွှဲ့ပြီး တစ်ဦးဝင်ကြေး ၅သိန်း နှစ်စဉ်ကြေးငါးသောင်းနှင့် အသင်းဝင် ၃၅၀ ခန့်ရှိပါသည်။ထိုငွေများမှာ သိန်း ၁၅၀၀ ခန့်ရှိပြီးထိုငွေများကိုအသင်းလူကြီးဆိုသူများကလက်ဝါးကြီးအုပ်ပြီး ခွှဲဝေယူထားကြပါသည်။

ထိုအသင်းမှာရွှေအရောင်းအ၀ယ်ကိုဘန်းပြပြီး လောင်းကစားကိုတရားဝင်ပမာကြီးကြီးကျယ်ကျယ် လုပ်နေ ကြပါသည်။ World gold price ကိုကြည့်ပြီးလေနှင့်ဝယ်ရောင်းလုပ်ကာဈေးကို အတတ်အကျ
လောင်းပြီးအနိုင်အရူံးဆော့နေကြပါသည်။ ငွေအားကောင်းသူတချို့နှင့်အသင်းလူကြီးများကဦးဆောင် ချယ်လှယ်လုပ်ကိုင်နေကြပါသည်အများစုမှာအရူံးပေါ်ပြီးနေကြပါသည်။ အများစုမှာ အရူံးများပြီးစိတ်ညစ်နေကြပါသည်။

အသင်းမှထွက်လိုသော်လည်း ပေးထားသောင်ကြေးငွေကိုပြန်မရသဖြင့်အခက်အခဲကြုံနေကြပါသည်။
လူအနည်းစုမှာသာအကျိုးဖြစ်ထွန်းနေကြပါသည်။ ထို့ကြောင့်အသင်းမှထွက်လိုသူများအသင်းဝင်ကြေး
ကိုပြန်ရရန်သို့မဟုတ် တနည်းနည်းဖြင့်လွှဲပြောင်းယူနိုင်ရန်နှင့်အသင်းကြီးဖွှဲ့ပြီးလောင်းကစားလုပ်
နေခြင်းကပြင်းပြင်းထန်ထန်အရေးယူပေးပါရန်တင်ပြအပ်ပါသည်။

အမှန်လိုလားသူ
From Yangon

Thursday, February 18, 2010

ဆွစ်ဇာလန်မှ မီနာရသ် ပိတ်ပင်ရေး နှိုးဆော်ခဲ့သူနိုင်ငံရေးသမား အစ္စလာမ်ဘာသာ ကူးပြောင်း

ဆွစ်ဇာလန်နိုင်ငံတွင် အစ္စလာမ် တရားဟောစင်မြင့်များ ဆောက်လုပ်ခွင့် ပိတ်ပင်ရန် အဓိက နှိုးဆော်ခဲ့သူ ထင်ရှားကျော်ကြားသည့် နိုင်ငံရေးသမား တစ်ဦးသည် ယခုအခါ အစ္စလာမ် ဘာသာဝင်အဖြစ် ခံယူလိုက်ကြောင်း သိရသည်။ ဆွစ်ဇာလန်၏ အကြီးမားဆုံး နိုင်ငံရေးပါတီတစ်ခုလည်းဖြစ်သော အတိုက်အခံ ဆွစ်ပြည်သူ့ပါတီ (SVP) မှ ဩဇာကြီးမားသော နိုင်ငံရေးသမား တစ်ဦးဖြစ်သူ ဒင်နီ ရယ်လ်စထရစ်ခ်ျ (Daniel Streich) သည် SVP မှ ဦးဆောင်စည်းရုံးသည့် အစ္စလာမ် တရားဟောစင်မြင့်များ တည်ဆောက်ခွင့် ပိတ်ပင်ရေး ဥပဒေကို အတည်ပြုနိုင်အောင် အဓိက ကြီးမှူးနှိုးဆော်ခဲ့သူလည်းဖြစ်သည်။

ယမန်နှစ်က ယင်းဥပဒေကို အတည်ပြု ပြဌာန်းလိုက်ပြီးနောက် နိုဝင်ဘာလတွင် စထရစ်ခ်ျသည် SVP မှ နှုတ်ထွက်လာခဲ့ပြီး ယင်း၏ နိုင်ငံရေးပါတီဟောင်းက အစ္စလာမ် ဘာသာရေးအား အဓိက အတိုက်အခံ ပြုလုပ်နေခြင်းအား စတင်ဆန့်ကျင်လာခဲ့သည်။ စထရစ်ခ်ျက မိမိသည် SVPနှင့်အတူ ယင်းဥပဒေကို အတည်ပြုနိုင်အောင် ကြိုးပမ်းခဲ့မှုများအတွက် နောင်တရလာမိကြောင်းလည်း ပြောကြားခဲ့သည်။ “ကနဦး အဆိုတင်သွင်းမှု အောင်မြင်သွားတာနဲ့ ဒီဥပဒေ အတည်ဖြစ်လာဖို့ သေချာနေပြီဆိုတာ ကျွန်တော်သဘောပေါက်ခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ကျွန်တော်ဟာ နက်နက်နဲနဲ ခံစားမှုတစ်ခု ၀င်လာခဲ့ပါတယ်။ ကျွန်တော်ဟာ နိုင်ငံရေးသမားတစ်ယောက်အဖြစ် နှစ်ပေါင်း (၃၀)ကျော် ကျင်လည်ခဲ့တာပါ။ ဒါပေမယ့် အစ္စလာမ်ဘာသာဝင်တွေရဲ့ ယုံကြည်ကိုးကွယ်မှုကို ဆွစ်ဇာလန်မှာ ဖိနှိပ်မှုတွေဖြစ်လာအောင် လုပ်ခဲ့မိပါပြီ”ဟု စထရစ်ခ်ျကဆိုသည်။ ယင်းသည် ယခင်က ခရစ်ယာန် ဘာသာဝင်တစ်ဦး ဖြစ်ခဲ့ပြီး ဆွစ်တပ်မတော်၏ ညွှန်ကြားရေးမှူး တစ်ဦးလည်းဖြစ်သည်။

ယခုအခါတွင်တော့ စထရစ်ခ်ျသည် ကုရ်အာန်ကျမ်းစာနှင့် အစ္စလာမ် အဆုံးအမများကို စနစ်တကျ လေ့လာသင်ယူပြီးနောက် ၎င်း၏ယုံကြည်ကိုးကွယ်မှုကို အစ္စလာမ်ဘာသာရေးအတွက် အပြည့်အ၀ စိတ်နှစ်ကာ မြှုပ်နှံလိုက်ပြီဖြစ်သည်။ “အစ္စလာမ်ဘာသာဟာ ကျွန်တော့်အတွက်တော့ ဘ၀မှာ ကြုံရမယ့် မေးခွန်းတွေကို လက်တွေ့ကျကျ အဖြေပေးခဲ့ပါတယ်။ အမှန်ပြောရရင် ဒီလိုအဖြေမျိုးတွေကို ခရစ်ယာန်ဘာသာမှာ ကျွန်တော်လုံးဝ မတွေ့ခဲ့ဖူးပါဘူး”ဟု စထရစ်ခ်ျက ၀န်ခံခဲ့သည်။ စထရစ်ခ်ျသည် ယခုအခါ ဘာသာရေး ကိုင်းရှိုင်းလှသည့် အစ္စလာမ် ဘာသာဝင်တစ်ဦး ဖြစ်လာပြီး ဗလီသို့ နေ့စဉ်သွားရောက်ကာ ကုရ်အာန်ကျမ်းမြတ်ကို တစ်နေ့(၅)ကြိမ် ရွတ်ဖတ်ပူဇော်လျက်ရှိသည်။ SVP ပါတီကမူ စထရစ်ခ်ျ အစ္စလာမ်ဘာသာဝင်အဖြစ်သို့ ကူးပြောင်းခံယူသွားခြင်းအတွက် စိုးရိမ်မိကြောင်း ကြေညာထားခဲ့သည်။

Ref : ww.hikmah.info

Monday, September 21, 2009

သမ္မတ ဘရက်အိုဘားမား၏ အီးဒ် နှုတ်ခွန်းဆက် သ၀ဏ်လွှာ

OBAMA Pictures, Images and Photosအမေရိကန် ပြည်ထောင်စု ၏သမ္မတ ဘရက်အိုဘားမားသည် စနေနေ့က အီးဒ် နှုတ်ခွန်းဆက် သ၀ဏ်လွှာ ကို အိမ်ဖြူတော် ၌ ထုတ်ပြန်ခဲ့သည်။

““အမေရိကန် ပြည်ထောင်စု နှင့် ကမ္ဘာ တစ်ဝှမ်းလုံးရှိ မွတ်စလင်မ် များ၏ ရာမာဒါန် ဥပုသ် သီလ စောင့်ထိန်းခြင်း လ ကုန်ဆုံးသဖြင့် အီးဒ် ပွဲတော် နေ့သို့ရောက်ပေပြီ။ ကျွန်ုပ် နှင့် မီရှဲလ် တို့သည် ဤ ၀မ်းမြောက်ဖွယ် နေ့ရက် အတွက် နှုတ်ခွန်းဆက်သလိုက်ပါသည်။ အီးဒ် နေ့သည် နေ့ညရက်ပေါင်း ၃၀ သီလ စောင့်ထိန်းခဲ့ခြင်း ပြီးဆုံး သောနေ့ဖြစ်ပါသည်။ ပွဲတော်တွင် ပျော်ရွှင်နေကြသည့်တိုင် မွတ်စလင်မ် တို့သည် မိမိတို့ထက် ပို၍ ဆင်းရဲသော၊ ငတ်မွတ် ခေါင်းပါးနေသော၊ ပဋ္ဋိပက္ခ များနှင့် ရင်ဆိုင်နေရသော၊ ရောဂါ ဘယ ဖြစ်ပွားနေသော မွတ်စလင်မ် များ အတွက် သောက ရှိကြပေသည်။ ဥပုသ် လ တစ်လလုံးတွင် မွတ်စလင်မ် လူမှု အသိုင်းအ၀ိုင်းသည် zakat-ul - fitr ကို ကောက်ခံ ၍ ရထိုက်သူများ အား ဝေငှ ခဲ့ကြပေသည်။ ထို့ကြောင့် ဆင်းရဲသူများ လည်း ဤ ပွဲတော်ကို ဆင်နွှဲနိုင် ကြပေသည်။ ကိုင်ရိုတွင် ကျွန်ုပ် ပြောခဲ့သကဲ့သို့ ကျွန်ုပ် ၏ အစိုးရအဖွဲ့သည် မွတ်စလင်မ် တို့အား ရာမာဒါန် လတွင်သာမက တစ်နှစ်ပတ်လုံး လူမှုရေး အလှူအတန်းများ ဖြည့်ဆည်း လုပ်ကိုင်နိုင်ရန် အတွက် ကူညီဆောင်ရွက် ပေးသွား မည်ဖြစ်ပါသည်။ အမေရိကန် နိုင်ငံသား များကိုယ်စား အမေရိကန် ပြည်ထောင်စုရှိ မွတ်စလင်မ် များနှင့် တကွ တစ်ကမ္ဘာ လုံးရှိ မွတ်စလင်မ် အပေါင်း တို့အား ဤ ပွဲတော် အခါသမယ အတွက် မင်္ဂလာ ရှိပါစေကြောင်း ကျွန်ုပ်တို့က မေတ္တာ ပို့သ နှုတ်ခွန်းဆက်ပါသည်။ Eid Mubarak.”

အိမ်ဖြူတော်၏ ပြည်သူ့ ဆက်သွယ်ရေးဌာန ဒုတိယ တွဲဖက်ညွှန်ကြားရေးမှူး D. Paul Monteiro က သမ္မတ ဇနီးမောင်နှံ ထုတ်ပြန်သော သ၀ဏ်လွှာကို အိမ်ဖြူတော် ၀က်ဘ်ဆိုက်တွင် တင်ထားခြင်းဖြစ်ပါသည်။

Ref; www.whitehouse.gov
Copy from www.hikmah.info.com