---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Friday, December 28, 2012

“အစ္စလာမ် နှင့် အစားအစာ”


- “တွိုင်ယိဗါတ်” သန့် ရှင်းစင်ကြယ် ၍ “ဟလာလ်”တရားဝင် ခွင့်ပြုထားသော အစားအစာသည်

(၁) သက္က၀ါ တရားနှင့်ယုံကြည်ချက် အပေါ်တိုက်ရိုက်ဆက်စပ်ခြင်း-

ထို့ ပြင်တ၀ အသင်တို့ သည် မိမိတို့ အား အလ္လာဟ်အရှင်မြတ်က ပေးသနားတော်မူသည်များအနက်မှ(စားသုံး)ခွင့်ပြုထားတော်မူသော သန့် စင်သောအရာများကို စားသုံးကြလေကုန်။ ၄င်းပြင်အသင်တို့ သည် မိမိတို့ သက်ဝင်ယုံကြည်လျက်ရှိကြကုန်သော အလ္လာဟ်အရှင်မြတ်အားသာ ကြောက်ရွံကြလေကုန်။ကုရ်အာန် (5း88)

(၂) “အေဘာဒသ်”တစ်ရပ်ဖြစ်ခြင်း-

သို့ ရာတွင် အသင်တို့ သည် မိမိတို့ အား အလ္လာဟ်အရှင်မြတ်က ချီးမြင့်ပေးသနားတော်မူသောအရာများအနက် သန့် ရှင်းစင်ကြယ် သော၊စားသုံးခွင့်ပြုတော်မူသော၊အရာများကိုစားသုံးကြလေကုန်။ ထိုမှတပါး အသင်တို့ သည် အလ္လာဟ်အရှင်မြတ်ကိုသာ ခ၀ပ်ကိုးကွယ် ကြပါလျှင် ထိုအရှင်မြတ်၏ကျေးဇူးတော်များနှင့်စပ်လျဉ်း၍ ကျေးဇူးတင်ရှိကြလေကုန်။ ကုရ်အာန် (16း114)
.
“ကျမ်းမြတ်ကုရ်အာန်မှ “ဟလာလ်”သတ်မှတ်ခွင့်ပြုထားသော အစားအစာ”

- နွယ်ပင်များ၊ကောက်ပဲသီးနှံများ၊သစ်သီးဝလံများ၊သစ်ဥ/သစ်ဖုများ၊ စားသုံးခွင့်ပြုထားခြင်း၊ ကြည့်-ကုရ်အာန် (6း141)

- ခြေလေးချောင်းတိရစ္ဆာန် များကိုစားသုံးခွင့်ပြုထားခြင်း၊ကြည့်-ကုရ်အာန် (6း142)

- နို့ ရည် ကိုသောက်သုံးရန်ခွင့်ပြုထားခြင်း၊ကြည့်-ကုရ်အာန် (166း6)

- ပျားရည်ကို ဆေးဝါးအဖြစ်သောက်သုံးရန်ခွင့်ပြုထားခြင်း၊ ကြည့်-ကုရ်အာန် (166း9)

- ရေသတ္တ၀ါများကိုစားသုံးခွင့်ပြုထားခြင်း၊ကြည့်-ကုရ်အာန် (16း14)
.
“ကုရ်အာန်ကျမ်းမြတ်မှ “ဟရာမ်”တားမြစ်ထားသောအစားအစာများ”

- အလိုအလျောက် သေသော တိရစ္ဆာန်သည်၎င်း၊သွေးသည်၎င်း၊ ၀က်တိရစ္ဆာန်၏အသားသည်၎င်း၊အလ္လာဟ်အရှင်မြတ်မှတပါး အခြားကို ရည်စူးထားသော တိရစ္ဆာန်သည်၎င်း၊လည်မျို(ညှစ်၍ဖြစ်စေ၊ လိမ်၍ဖြစ်စေ)သေရသောတိရစ္ဆာန်သည်၎င်း၊ရိုက်နှက်၍ဖြစ်စေ ထိခိုက်၍ဖြစ်စေသေသော တိရစ္ဆာန်သည်၎င်း၊မြင့်ရာမှကျ၍သေသော တိရစ္ဆာန်သည်၎င်း၊ဦးချိုဖြင့်ဝှေ့ ခတ်ခြင်းခံရ၍သေသော တိရစ္ဆာန်သည် ၄င်း၊(အသက်မထွက်မှီတရားတော်နှင့်အညီ)အသင်တို့  “ဇဗ်ဟ်” လှီးဖြတ်နိုင်ခဲ့သော တိရစ္ဆာန်များမှအပ သားရဲတိရစ္ဆာန်များကိုက်ခဲ သတ်ဖြတ်ထားသော တိရစ္ဆာန်သည်၎င်း၊အသင်တို့ အပေါ်၌ “ဟရာမ်” ဟူ၍တားမြစ်ထားပြီးဖြစ်သည်။ရုပ်ပွါးဆင်းတုများထားရှိရာဌာနများတွင် ပူဇော်သက္ကာပြုရန် လှီးဖြတ်ထားသော တိရစ္ဆာန်သည်၎င်း၊မဲမြှားတို့ ဖြင့် အသင်တို့ ဝေစုဝေပုံ ခွဲခြင်းသည်၎င်း၊အသင်တို့ အဘို့ (စားသုံးခြင်းမပြုကြရန်) “ဟရာမ်”တားမြစ်ထားပြီးဖြစ်ချေသည်။ ဤသည်တို့ ကား ပြစ်မှုဒုစရိုက်များပင်တည်း။ ကုရ်အာန် (53း)
.
“ဟရာမ်”အဖြစ်တားမြစ်ထားသော်လည်း အခြေအနေတစ်ရပ်ပေါ်မူတည်၍ တပ်မက်ကျူးလွန်ခြင်းမရှိဘဲ စားသုံးခြင်းကိုခွင့်ပြုထားသည်။ ကုရ်အာန် (16း 115)
.
ထို့ ကြောင့် မွတ်စလင်မ် တစ်ဦးအနေဖြင့် မိမိစားသုံးသည့် (အရာ)အစားအစာသည်

(၁) “ဟလာလ်”အလ္လာဟ်အရှင်မြတ်က ခွင့်ပြုထားပြီးဖြစ်ရမည်။

(၂) “တွိုင်ယိဗါတ်”သန့် ရှင်းစင်ကြယ်မှုရှိရမည်။

အစားအစာတစ်ခုသည် “တွိုင်ယိဗါတ်” သန့် ရှင်းစင်ကြယ်မှုရှိသော်လည်း “ဟလာလ်”ခွင့်ပြုထားခြင်းမရှိလျှင် “ဟရာမ်”စားသုံးခွင့်မရှိချေ။ထို့ အတူ “ဟလာလ်”ခွင့်ပြုထားသော်လည်း “တွိုင်ယိဗါတ်”သန့် ရှင်းစင်ကြယ်ခြင်းမရှိလျှင် စားသုံးခွင့်မရှိချေ။  
.
Post by IYS member Ko Ye Han

Sunday, December 16, 2012

မွတ်စလင်မ်အမျိုးသ္မီးများ ရှောင်ရန်ဆောင်ရန် ဆေးဝါးနှင့်အလှကုန်ပစ္စည်းများ

လူတွေမှာအသက်အရွယ်ရလာတာနဲ့အမျှ သဘာဝအလျှောက် မျက်လုံး၊ ပါး၊ နှုတ်ခမ်း၊ လည်ပင်းတို့မှာအရေတွန့်လာကြပါတယ်။ အရေတွန့်မှာကို အမျိုးသ္မီးအများစုက စိုးရိမ်ကြပါတယ်။ မိမိတို့ငယ်ရွယ်စဉ်ကလို နုပျိုနေအောင် ငွေကုန်ခံအလှကုန်များဝယ်ပြီး ဖြည့်ဆည်းတတ်ကြပါတယ်။ အမျိုးသ္မီးအကြိုက်အတွက် အလှအပနဲ့ပတ်သက်တဲ့ အလှကုန်နဲ့ဆေးဝါးများကို ထုတ်လုပ်သူအရင်းရှင်များကလည်း သူ့ထက်ကိုယ်ပိုကောင်းအောင်၊ Customer ပိုများလာအောင် နည်းပညာမျိုးစုံနဲ့အမြဲစမ်းသစ်နေကြပါတယ်။ အလှကုန်မှာဆိုရင် အသားအရေအတွက်လိမ်းတဲ့ Day Cream, Night Cream, Anti Aging cream or Serum, Lotion, Oil, Powder မျိုးစုံရှိကြပါတယ်။
-
ဆေးဝါးမှာဆိုရင် အရွယ်နုပျိုစေရန်၊ အသားအရောင် စိုပြေလှပစေရန် Hormones နဲ့ ဆေးဝါးအမျိုးမျိုး ထုတ်လုပ်ကြပါတယ်။ Hormones ကို တိရိစ္ဆာန် Hormones ကနေထုတ်တာကြောင့် ဟရမ် အဖြစ်သတ်မှတ်ထားပါတယ်။
-
အလှကုန်များထက် ထိရောက်တာကိုသုံးလိုသူများက ဆေးထိုးခြင်း၊ ခွဲစိတ် ပြုပြင်ခြင်းတို့နဲ့ အရွယ်နုအောင်၊ လှအောင် ငွေကုန်ခံပြီးလုပ်ကြပါတယ်။ အရင်ခေတ်က စီလီကုန် အပျော့၊ အမာတို့ကို မျက်နှာနဲ့ ဘော်ဒီလှအောင် ခွဲစိတ်ဖြည့်စွတ်ကြပါတယ်။ အခုခေတ်မှာတော့ Botox Injection ကခေတ်စားလာပါတယ်။ Botox (Botulinum toxin) ဆိုတာ Botox is derived from the poison manufactured by the bacteria ဖြစ်ပါတယ်။ အရေတွန့်နေတဲ့နေရာကို Botox ဆေးထိုးထည့်လိုက်ရင် အဲဒီအရေပြားအောက်က ကြွက်သားအလုပ်လုပ်တာကို နှေးစေပြီး တစ်နည်း မသန်စွမ်းစေပြီး အရေတွန့်တာကို (၃ - ၆ လ) တင်းစေပါတယ်။ အရေပြားဆိုင်ရာဆရာဝန်ကြီးများနဲ့ ဆေးဖက်ဆိုင်ရာသုသေသီများက ပြင်ပကဘယ်လောက်ဘဲ ကြော်ငြာကောင်းကောင်း အားမပေးကြောင်း Botox ထိုးသူများအတွက် အန္ဒရယ်ရှိတာတွေ့ရှိရကြောင်း သတိပေးပါတယ်။ Botox ကိုအများအားဖြင့် မီဒီယာလောကတွင် အလုပ်လုပ်သူများနဲ့ လူချမ်းသာများမှ Injection ထိုးကြပါတယ်။ ကုန်ကျစရိတ်လည်းကြီးပါတယ်။
-
ယောက်ျား - မိန်းမ အသက်အရွယ်ရင့်လာသည်နှင့် မျက်နှာနဲ့ ဘော်ဒီမှာ တစ်ဖြေးဖြေးအရေတွန့်လာကြပါတယ်။ သိသာလာတဲ့အရွယ်က ၃၀ ကျော်မှာဖြစ်ပါတယ်။ ထင်ရှားလာတာက ၄၀ ကျော်အရွယ်မှာဖြစ်ပါတယ်။ အသက် ၄၀ ရောက်ရင် ဘော်ဒီအတွင်းမှာရှိတဲ့ Collagen ကနုပျိုတဲ့အရွယ်ကထက် တစ်ဝက်လောက်သာထုတ်လုပ်ပါတော့တယ်။
-
လူသားတွေမှာရှိတဲ့ Collagen အလုပ်လုပ်ပုံက အရေပြားကိုတင်းစေပြီး ကြွက်သားများကိုအားရှိနေစေပါတယ်။ လက်သည်းနဲ့ ဆံပင်ကိုလည်းသန်စေပြီး အသားအရေစိုပြေစေပါတယ်။ Collagen လျှော့နည်းလာတဲ့အရွယ်မှာတော့ ကိုယ်လက်၊ ခါးနာတတ်ခြင်း၊ မျက်နှာ လည်ပင်း နဲ့ ခြေ၊ လက်တို့မှာအရေပြားခြောက်သွေ့တွန့်လာခြင်းတို့ကို တွေ့လာရပါမယ်။
-
အခုနောက်ပိုင်းမှာ အလှကုန် ထုတ်လုပ်သူများက Eyes Cream, Face cream, Lips Cream, Serum တို့ကို Collagen ထည့်ပြီးဖော်စပ်ရောင်းချလာကြပါတယ်။ အလွယ်တကူရှာနိုင်တာက ကုန်တိုက်တွေပေါ်ကအလှကုန်အတန်းတွေမှာ Collagen Filler ဘူးတွေတွေ့ရပါလိမ့်မယ်။ တစ်ဖန် အချို့အလှကုန်ဆေးဝါးမှာလည်း Collagen tablets, powder များကိုရောင်းပေးပါတယ်။
-
အရွယ်နုလိုသူ အလှအပကြိုက်သူများအတွက် ဒါဟာသတင်းကောင်းတစ်ရပ်အဖြစ်ဝမ်းသာရမလို ဖြစ်ပေမယ့်လည်း မိမိကိုယ်ကို အစ္စလာမ်လမ်းစဉ်နဲ့အညီ သန့်ရှင်းစွာနေထိုင်ပြီး အလ္လာဟ်အရှင်မြတ်ပေးထားတဲ့ ဦးနှောက်ကို ကောင်းစွာအသုံးချတတ်မယ်ဆိုရင် မျက်စိနဲ့မြင်တိုင်းလည်းယုံလို့မရပြန်ဘူး။ အဲတော့မိမိတို့အလိုဆန္ဒကိုခဏဘေးဖယ်ပြီး တစ်နည်း မိမိစိတ်ကိုအလိုမလိုက်ဘဲ မှန်ကန်မှုအတွက် ဆွဗာလ်သည်းခံပြီး ပြန်လည်စစ်ဆေးလိုက်ရင် အလှကုန်နဲ့ဆေးမှာပါဝင်ဖော်စပ်ထားတဲ့ Collagen ဟာ တိရိစ္ဆာန်ကထွက်တဲ့ Collagen နဲ့ထုတ်လုပ်ထားတာတွေ့ရပါတယ်။
-
ဘာသာခြားအရင်းရှင်များအနေနှင့် ကုန်ပစ္စည်းရင်းနှီးမြှုတ်နှံရာမှာ ကုန်ကြမ်းဈေးသက်သာတာကိုအမြဲရွေးကြပါတယ်။ တိရိစ္ဆာန်တွေထဲမှာ ဈေးအသက်သာဆုံးနဲ့ အရေအတွက်အများဆုံးရတဲ့ တိရိစ္ဆာန် ဘယ်တိရိစ္ဆာန်လဲဆိုတာ စာဖတ်သူမွတ်စလင်မ်များသိပါလိမ့်မယ်။ အစ္စလာမ်သာသနာမှာ အဲဒီ တိရိစ္ဆာန်ဟာ ၁၀၀ % ဟရမ်ဖြစ်ပါတယ်။ ဒါဆိုကိုယ့်ကိုယ်ကိုတောင် ကောင်းမွန်အောင် ဖီးလိမ်းလို့တောင်မရတော့ပါလားလို့ စိတ်ဓါတ်မကျပါနဲ့။ စာရေးသူ Collagen နဲ့ပတ်သက်ပြီး ဆက်လက်လေ့လာလိုက်တဲ့အခါမှာ ငါးကထွက်တဲ့ Collagen tablets, powder များလည်းရှိပါသေးတယ်။ ဒါပေမယ့် တိရိစ္ဆာန် ကထွက်တဲ့ Collagen  လောက် များများစားစား မရှိနိုင်ပါဘူး။
-
Tablets နဲ့Capsuls မှာလည်း capsuls တွေက Gelatin ဟရမ်နဲ့လုပ်ထားတာတွေရှိပါတယ်။ Gelatin အများစုက ဝက်ကထုတ်လုပ်ကြပါတယ်။ အချို့ capsuls ကိုတော့ ငါး Gelatin နဲ့လုပ်ကြတာရှိပါတယ်။ မွတ်စလင်မ်များဗဟုသုတတိုးပွါးလာတာနဲ့အမျှ သန့်ရှင်းတာကို ပိုပြီး ရှာဝယ်နိုင်မယ်။ လေးနက်မှုထားဖို့ကအဓိကကျပါတယ်။ ဟလာလ် ရရှိရန် အလှကုန်နဲ့ဆေးဝယ်ယူတဲ့အခါမှာ Pharmacist ကိုသေချာမေးပြီးဝယ်ကြပါလို့ အကြံပေးအပ်ပါတယ်။ ဟလာလ်တံဆိပ်ပါတဲ့ Product တွေကိုရှာဝယ်နိုင်ရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။
-
လူဆိုတာ အားနည်းသူအဖြစ်မွေးလာကြတယ်။ တစ်ဖန်အားရှိတဲ့သူဖြစ်လာတယ်။ နောက်တစ်ဖန် အားအင်ချိနဲ့သူအဖြစ်ပြန်ရောက်သွားမယ်လို့ ကျမ်းမြတ်ကုရ်အာန်မှာပါ ပါတယ်။
.
မိမိကိုယ်ကို ဂရုစိုက်ပေးတာ စွန္နသ်ဖြစ်သော်လည်း မှန်ကန်တဲ့ ဟလာလ် နည်းနဲ့ဂရုစိုက်ပေးတာ အသန့်ရှင်းဆုံးဖြစ်ကြောင်း သတိတရားလေး ပေးလိုက်ပါတယ်။
-
ကိုးကား http://www.salamcards.com/static/AtoZListofIngredients.shtml
http://suewidemark.com/botox_not.htm

မမီးမီး
(အစ္စလာမ်ရောင်ခြည်)




Thursday, December 13, 2012

ဒုက္ခနဲ့ သုခကြားက ကြိုးတံတား

လူတိုင်းမွေးလာကတည်းက ဖြူစင်မှုနဲ့အတူမွေးဖွားလာပါတယ်။ ကလေးငယ်ရဲ့ ဖြူစင်မှုကို အရောင်မျိုးစုံ စိုးပေးတာက မိသားစုနဲ့ ဘေးပတ်ဝန်းကျင်တို့ဘဲဖြစ်ပါတယ်။ လူတိုင်းရဲ့ဘဝမှာ ဒုက္ခတစ်လှည့် သုခတစ်လှည့်စီရှိကြပါတယ်။ အမြဲတမ်းလည်း ဒုက္ခမှာမရှိဘူး။ အမြဲတမ်းလည်း သုခမှာမရှိပါဘူး။ အဲဒါကိုမမြဲတဲ့ သင်္ခါရ တရားလို့ခေါ်ပါတယ်။

ဒုက္ခရောက်နေချိန် (သို့) ရည်မှန်းချက်ကြီးနေချိန်တို့မှာ ကိုယ်တတ်နိုင်တာ ထက်လိုအပ်ချက်တွေကပိုများနေခဲ့ရင် အဲဒီအချိန်မှာ သမာအာဇီဝဆိုတာ မိမိထံမှပျောက်ကွယ် သွားတတ်ပြီး လူ့စည်းကမ်းချိုးဖောက်မှုတွေ စာရိတ္တပျက်ပြားမှုတွေက မိမိဘဝမှာ ကြီးစိုးလာနိုင်ပါတယ်။ မိမိအလိုကိုဖြည့်ဆည်းဖို့အတွက်သူများပိုင်နက်ကို ကျူးလွန်မှု သူများပိုင်ကို ခိုးဝှက်မှု လိမ်လည်မှုတို့နဲ့ မိမိသမိုင်းကို ညစ်ထေးစေတတ်ပါတယ်။ ဘယ်ဘာသာ ဘယ်တရားကဘယ်လိုဘဲဆုံးမ ဆုံးမ မိမိအလိုတော်နောက်ကို လိုက်ရင်း ဘုရားတရား သာသနာကဆုံးမမှုကို ဥပေက္ခါပြုမိပြီး မိမိစိတ်ကူး၊ မိမိဆန္ဒကိုသာ ကိုးကွယ်နေတတ်ကြပါတယ်။

တကယ်မှာတော့ ရဇ္ဇကီဆိုတာ အလ္လာဟ်အရှင်မြတ်ဆီက လာတာဖြစ်ပါတယ်။
ချို့တဲ့မှုကြောင့် သူများဆီမှာဒူးထောက်ပြီး ရှရစ်က် လုပ်စရာလည်းမလိုပါဘူး။
သည် အာယာ့သ်တော်ကိုသာ အမြဲသတိရနေဖို့လိုပါတယ်။

Quran (35:1) inn Allaha Ala kulli shai in Qadir.
No doubt only Allah is able to do all things.

လူတွေအနေနဲ့ကိုယ့်ဆွေမျိုးသားချင်း မိတ်ဆွေ သူငယ်ချင်းများရဲ့ အကုသိုလ်အလုပ်တွေကို မြင်ပေမယ့် ကိုယ်အမုန်းခံရမှာစိုးလို့ မပြောရဲ မဆိုရဲခေါင်းရှောင်တဲ့ လူတွေအများကြီးရှိကြပါတယ်။ လက်ညှိုးထိုးရင်မလွတ်ကြပါဘူး။ တကယ်တော့ အဲဒီလိုလူတွေဟာ မိမိကိုယ်ကျိုးကို ကြည့်တဲ့ လူတွေထဲက လူတွေဘဲဖြစ်ပါတယ်။ မိမိအမုန်းခံရမှာစိုးလို့ သူများကို မိမိအစားအမုန်း ခံခိုင်းတာလည်းရှိကြသေးတယ်။ အကုသိုလ်အလုပ်ကိုမမြင်ချင်ယောင်ဆောင်ပေးတဲ့လူက အကုသိုလ်ကျူးလွန်သူတွေအတွက် ချစ်မျိုး ချစ်ဆွေ ချစ်သူငယ်ချင်းတွေဖြစ်ကြတယ်။ သူများအကုသိုလ်အလုပ်ကိုမြင်လို့ မိမိအမုန်းခံရမှာမမှုဘဲ သတ္တိရှိရှိထောက်ပြတယ်၊ သွန်သင်လမ်းပြတဲ့လူက အမြဲအမုန်းခံရတတ်ပါတယ်။ အချို့ လူမှန်နေရာမှန်မှာ ရပ်တည်ချင်တဲ့ သူတို့ဘဲ အဲဒီလိုသွန်သင် လမ်းပြမှုကိုဝမ်းသာစွာနဲ့လက်ခံကြတယ်။

လူ့အိမ်ထောင်စုကြီးထဲမှာ တကယ်တမ်းမြင်သမျှတွေ့သမျှကို စကာမှာထည့်စစ်လိုက်တဲ့အခါမှာ တကယ့် လူတော် လူကောင်း လူမှန်ကလက်တစ်စုတ်စာလောက်ဘဲရှိတယ်။ ဒီခေတ်ကြီးထဲမှာ အမှားကိုမျက်စိပိတ် မသိချင်ယောင်၊ မမြင်ချင်ယောင်ဆောင်ပြီး အမှန်ကိုမျက်နှာလွှဲထားကြတယ်။ အချို့လူကြီးများ၏ မိုက်မဲမှုကြောင့် ဘဝရင့်ကျက်မှုမရှိသေးတဲ့ လူငယ်တွေက လူကြီးများလုပ်ခဲ့သမျှ ဒဏ်ကိုခံကြရတယ်။ အရင်ခေတ်က သားသ္မီးမကောင်း မိဘခေါင်း၊ ဒီခေတ်မှာတော့ မိဘမကောင်း သားသ္မီးခေါင်းဖြစ်နေတာ အတော်များများကိုမြင်တွေ့နေရပါတယ်။ နောက်ထပ်ကြုံတွေ့ရဦးမှာက ကမ္ဘာမီးလောင် သားကောင်ချနင်း။

လူတွေမှာ တစ်ဦးနဲ့တစ်ဦး ရင့်ကျက်မှုအပေါ်မူတည်ပြီး စိတ်ထားချင်း ကွာခြားကြတယ်။ မိဘနဲ့ သားသ္မီး၊ ညီအစ်ကို မောင်နှမတွေတောင် ရင့်ကျက်မှုအဆင့်ဆင့်အပေါ်မှာမူတည်ပြီး စိတ်ထားချင်းလည်းကွာခြားကြတယ်။ ဒါကြောင့် မိဘ၊ သားသ္မီး ညီအစ်ကို မောင်နှမ၊ သူငယ်ချင်းများ စိတ်နေစိတ်ထားမတူညီတာ အဆန်းမဟုတ်ပါဘူး။ ရင့်ကျက်မှုအားနည်းနေရင်တော့ ဘေးကလူ အမှားလုပ်လုပ်၊ အမှန်လုပ်လုပ် သေခြာခွဲခြားနိုင်စွမ်းမရှိသေးပါဘူး။

ဘာမဆို ကိုယ့်လုပ်ရပ်မှာ လိပ်ပြာသန့်ဖို့လိုတယ်။ ကိုယ်လုပ်သမျှက ကိုယ့်ရာဇဝင် ကိုယ်ရေးနေတာဘဲဖြစ်ပါတယ်။ ဒါကြောင့်ရာဇဝင်လှဖို့လိုတယ်။

လူတစ်ဦးတစ်ယောက် မဟုတ် မမှန်တာလုပ်နေရင် အားနာမှု၊ သနားမှု၊ ကြောက်ရွံ့မှုနဲ့ မပြောရဲ မဆိုရဲရင် အဲဒီလူကို ဒုစရိုက်လုပ်ဖို့ ဆက်အားပေးနေတာနဲ့တူတယ်။ ဒါပေမယ့် သတ္တိရှိရှိနဲ့ ထောက်ပြပြီး သမာအာဇီဝကျဖို့၊ သည်းခံတတ်ဖို့ စာရိတ္တကောင်းမွန်ဖို့ ဖေးမကူညီလမ်းပြပေးရင် လူတစ်ယောက်ကို လူ့ကိုယ်ရည်ကိုယ်သွေးမြှင့်တင် ပေးတာနဲ့တူတယ်။ ဒါမှ မိတ်ရင်း ဆွေရင်းဖြစ်ပါတယ်။

သုခတစ်လှည့်ရောက်လာတဲ့အချိန်မှာ အဲဒီသုခဟာ သန့်ရှင်းမှုနဲ့ရတဲ့ သုခဖြစ်ဖို့လိုပါတယ်။ သူတစ်ပါးဒုက္ခအပေါ်မှာ မတရားမှုနဲ့ရလာတဲ့ သုခမျိုးမဖြစ်စေဖို့ သတိထားရပါမယ်။ လူမှာရင့်ကျက် မှုရှိဖို့လိုတယ်။ လူမှာရင့်ကျက်မှုရှိဖို့အတွက် ပညာဗဟုသုတကြွယ်ဝရတယ်၊ သည်းခံတတ်ရတယ်၊ စည်းကမ်းကိုစောင့်ထိန်းတတ်ကြမှ သန့်ရှင်းတဲ့ သုခဆိုတာလည်းဖြစ်ပေါ်လာမယ်။ အဲတော့မှ စိတ်သန့် ကိုယ်သန့် ရာဇဝင်သန့်ပြီး ရလာတဲ့ ဆုလဘ်တစ်ခုဖြစ်ပေါ်လာမယ်။ ဒုက္ခနဲ့ သုခကြားက ကြိုးတံတားကိုတော့ ဆင်ခြင်တုံတရားနဲ့လျှောက်ကြဖို့ မေတ္တာနဲ့သတိပေးလိုက်ပါတယ်။

စာဖတ်သူများ ရွှင်လန်းကြပါစေ။

မမီးမီး
(အစ္စလာမ့်ရောင်ခြည်)



Monday, December 10, 2012

Awaken in the Dream Story

Once a man saw in his dream, that a lion was chasing him. The man ran to a tree, climbed on to it and sat on a branch. He looked down and saw that the lion was still there waiting for him. The man then looked to his side where the branch he was sitting on was attached to the tree and saw that two rats were circling around and eating the branch. One rat was black and the other one was white. The branch will fall on the ground very soon.

The man then looked below again with fear and discovered that a big black snake had come and settled directly under him.The snake opened its mouth right under the man so that he will fall into it. The man then looked up to see if there was anything that he could hold on to.

He saw another branch with a honeycomb. Drops of honey were falling from it. The man wanted to taste one of the drops. So, he put his tongue out and tasted one of the falling drops of honey. The honey was amazing in taste. So, he wanted to taste another drop and then anotherand as a result, he got lost into the sweetness of the honey. He forgot about the two rats eating his branch away, the lion on the ground and the snake that is sitting right under him. Suddenly when the branch broke he remembered all the dangers woke up from his sleep.

Since this was an unique dream, the man went to a pious scholar of Islam to know its meaning. The scholar said "The lion you saw is your death. It always chases you and goes where ever you go. The two rats, one black and one white, are the night and the day. Black one is the night and the white one is the day. They circle around, coming one after another, to eat your time as they take you closer to death. The big black snake with a dark mouth is your grave. It's there, just waiting for you to fall into it. The honeycomb is this world and the sweet drops of honey are the luxuries of this world. We like to taste a little of the luxuries of this world and it's very sweet. Then we want to taste little more and then more. Meanwhile, we get lost into it and we forget about our time, we forget about our death and we forget about our grave."

May Allah wake us up from the sleep and save us before it's too late.Ameen Summa-Ameeen

Saturday, December 8, 2012

ရှရစ်က်မလုပ်မိစေဖို့ သတိပြု

မြန်မာမွတ်စလင်မ်တွေအနေနဲ့ အထူးသဖြင့် အချို့မွတ်စလင်မ်အမျိုးသမီးတွေ ကုရ်အာန်ဘာသာပြန်ကို မဖတ်ဖြစ်ကြဘူး။ ဖတ်ပါလို့ပြောရင် အချို့ကကုရ်အာန်ကိုင်ရမှာ ဝန်လေးတယ်။ စီးပွါးရေး၊ ပညာရေး၊ အိမ်ထောင်ရေး စတဲ့ ကျပ်တည်းတဲ့အရေးကိစ္စပေါ်လာရင် ဆွလာ့သ်ဖတ်၊ ကုရ်အာန်ဖတ်၊ သဝါကာရ်လုပ်ပြီး အရှင့်ထံအပ်နှံအကူအညီတောင်းပြီး အရှင့်မြတ်ထံတော်မှ လမ်းပြ ကူညီစောင်မမှုကို သည်းခံစွာစောင့်စားနေရပါမယ်။ ဘဝမှာအခက်အခဲဆိုတာ သေချာပြန်ကြည့်ရင် နီအမာ့သ် ကောင်းချီးမင်္ဂလာတစ်မျိုးဖြစ်တယ်။ အခက်အခဲကနေ လူတွေ ရင့်ကျက်မှုရလာတယ်။ အခက်အခဲကနေ
အရှင့်ကျေးဇူးကိုမြင်တတ်လာတယ်။
-
ဒီကနေ့ကမ္ဘာပေါ်မှာ နိုဘယ်ဆုရတဲ့ လူတွေဟာဇိမ်နဲ့နေပြီး ရခဲ့တာမဟုတ်ပါဘူး။ အခက်အခဲပေါင်းများစွာကိုဖြတ်ကျော်လာပြီးမှ နိုဘယ်ဆုကိုရလာကြတာ နမူနာဖြစ်ပါတယ်။ ဒါကြောင့်လူ့ဘဝမှာ ဆိုးတစ်လှည့် ကောင်းတစ်လှည့်ဆီရှိကြတယ်။ အခက်အခဲကြောင့် အရှင်မြတ်ကို ယုံကြည်မှု လျှော့နည်းပြီး ရှရစ်က်လုပ်မိရင် မထင်မှတ်တဲ့ဆုံးရှုံးနစ်နာ မှုတွေဖြစ်ပေါ်လာမယ်။ ကုရ်အာန်ဖတ်သာဖတ်တတ်ပြီး အဓိပ္ပယ်မသိရင် ဘေးလူ ဆွဲရာပါတတ်ပါတယ်။ အလ္လာဟ်အရှင်မြတ်က မိမိတို့မသိသောအရာ နောက်ကို မလိုက်ဖို့လည်းမိန့်ထားပါတယ်။
-
ကုရ်အာန် ၀၁၇း ၃၆။ ထို့ပြင်တစ်ဝ အသင်သည် မိမိမသိသော အကြောင်းအရာ၏ နောက်သို့ မလိုက်လေနှင့်၊ ဧကန်မလွဲ နား၊ မျက်စိ၊ စိတ်နှလုံး ဤအသီးသီးတို့သည် ၎င်းအသီးသီးတို့နှင့် စပ်လျဉ်း၍ စုံစမ်းမေးမြန်း ခြင်းကို ခံရမည်သာတည်း။
-
အချို့အီမန်အားနည်းတော့ ဘာသာရေးဖက်မှာလည်းဖတ်ရွတ်ကြပြီး အကြားအမြင်၊ ဗေဒင်၊ ဆေးဆရာတွေကိုလည်း အားကိုးကြတယ်။ မိဘက ဘာသာရေးအားနည်းတော့ အဲဒီအမွေ သားသမီးတွေဆီပါ တစ်ဆင့်ကူးစက်ကြတယ်။ Astaqfirullah... ဒါပေမယ့် သားသမီးတွေခေတ်မှာ အင်တာနက်အားကောင်းတော့ အွန်လိုင်းမှာ ဘာသာရေးဗဟုသုတတွေ အတော်များများကိုရ
ကြတယ်။ တစ်ချို့လူငယ်တွေက သူတို့ လူကြီးတွေထက်တောင် ဘာသာရေးအသိပညာ ပိုကြွယ်ဝလာကြတယ်။ ဒီကနေ့ အချို့လူကြီးတွေကိုကော လူငယ် လူလတ်တွေကိုပါ ကုရ်အာန်ဘာသာပြန်ဖတ်ပါလို့တိုက်တွန်းရင် စိတ်မပါကြဘူး။ ကုရ်အာန်မှာ မိမိတို့ဖန်ဆင်းရှင်က ဘာတွေ မိန့်ထားလည်းမသိရတာ အလွန်နှမြောစရာကောင်းပါတယ်။ ပျားရည်ကိုယ့်ရှေ့မှာရှိပြီး မသောက်သုံးမိလို့ သူ့ရဲ့ချိုမြိန်တဲ့အရသာနဲ့ အကျိုးကျေးဇူးတွေကို မခံစားလိုက်ရတာနဲ့တူတယ်။

အမှားကိုသိသူတွေအတွက် အလ္လာဟ်အရှင်မြတ်ကနောင်တနဲ့ သော်ဗာဖတ်ပြီး အရှင့်ဖက်ကိုပြန်လှည့်ခြင်းကို နှစ်သက်ခွင့်လွှတ်တော်မူတယ်။ 

ကုရ်အာန် ၀၆၅း ၂။ စင်စစ် မည်သူမဆို အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့သည်ရှိသော် ထိုသူအတွက် အလ္လာဟ်အရှင်သည် ထွက်မြောက်ရာလမ်းကို ပြုလုပ်ပေးမည်ဖြစ်သည်။

သော်ဗာဖတ်ပြီး ထပ်ခါအပြစ်ကျူးလွန်နေရင်တော့ အပြစ်ဒဏ်ဆိုတာ ကျရောက်နိုင်တယ်။ ဒီ ဒွန္နယာမှာ ဖိသ်နာ ဖြားယောင်းမှုတွေ၊ ဟရမ်တွေ မိမိတို့ပတ်ပတ်လည်မှာရှိကြတယ်။ ကိုယ့်ကိုယ်ကိုအကောင်းဆုံး ကာကွယ်ပြီး အသန့်ရှင်းဆုံးဖြစ်အောင် ကြိုးစားရမယ်။ ဒီနေရာမှာ အရှင်မြတ်က မိမိတို့ကို
ပြုပြင်ပေးဖို့မစောင့်ပါနဲ့။ မိမိတို့ကိုယ်တိုင်သာ အသိစိတ်နဲ့ပြုပြင်ရပါမယ်။ ကုရ်အာန်မှာ အရှင်မြတ်ကမိန့်ထားပြီးပါပြီမိမိကိုယ်ကို မပြုပြင်သမျှကာလပတ်လုံး အရှင်မြတ်ကလည်းပြုပြင်ပေးမည် မဟုတ်လို့ကုရ်အာန် စူရဟ် ၁၃၊ အာယသ် ၁၁ မှာဖော်ပြထားပါတယ်။
-
မိမိတို့အနေနဲ့အရှင့်လမ်းမှန်ပေါ်မှာ ရှေ့တိုးပြီလျှောက်ချင်တဲ့ ဆန္ဒရှိရင် မိမိတို့စိတ်ကိုချုပ်ထိန်းနိုင်တဲ့ အရည်အချင်း အရှင်မြတ်ထံ အသနားခံပြီး လိုလိုလားလားတောင်းခံရပါမယ်။ အရှင့်မြတ်ကမိမိတို့ရဲ့ ရည်ရွယ်ချက်နဲ့ လက်တွေ့ဆောင်ရွက်မှုကို စောင့်ကြည့်နေသော အရှင်သခင်ဖြစ်ပါတယ်။ လူတစ်ဦးချင်းရဲ့ရ ည်ရွယ်ချက်နဲ့ ဆောင်ရွက်မှုတွေအပေါ်မှာ မူတည်ပြီး ဆိုးကျိုး ကောင်းကျိုးဆိုတာလည်း မိမိတို့ထံသက်ရောက်ပါတယ်။
-
အမှန်တရားကို သိမြင်၊ ကျင့်၊ ကြံ တတ်အောင် လူသားတွေ အမျှော်အမြင်ရှိအောင် သွန်သင်ပေးတဲ့ ကုရ်အာန်မွတ်စလင်မ်တွေ အတွက်ရှိပါတယ်။ ဒါကြောင့် ကုရ်အာန်စကျလာခါစတုန်းက ပထမအာယာ့သ်တော်မှာ ဂျီဗရာအီရ် (အ) က ဖတ်ပါလို့ စသင်ခဲ့တာပေါ့။

အခက်အခဲကြုံတွေ့နေသူများသည် အာယာ့သ်တော်ကိုသာသတိရကြပါ။
Fa-'inna ma-`al-`usri yusra.
Inna ma-'al'usri yus-ra

So,verily, with every difficulty, there is relief.
Verily, with every difficulty there is relief.
(Surah 'Inshirah 94:6)

မွတ်စလင်မ်တိုင်းလမ်းမှန်ရောက်ကြပါစေ။ အာမီးန် ယာရဗ္ဗ အာလ် လမီးန်။

မမီးမီး
(အစ္စလာမ့်ရောင်ခြည်)