---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Friday, October 21, 2011

တို့ကုရ်အာန်မှာ

အကယ်၍မေးလာခဲ့သည်ရှိသော်
သတိပေးစကားရော ကတိပေးစကားပါ
တို့ကုရ်အာန်မှာပါ
မကြောက်အားရော အထောက်အထားပါ
တို့ကုရ်အာန်မှာပါ
အပိုမလိမ်တာရော ချိုမြိန်စရာပါ
တို့ကုရ်အာန်မှာပါ
ရှောင်ကြဉ်စရာရော အောင်မြင်စရာပါ
တို့ကုရ်အာန်မှာပါ
မယှဉ်နိုင်ကြောင်းရော အစဉ်ခိုင်ကြောင်းပါ
တို့ကုရ်အာန်မှာပါ

(ရေးဖွဲ့သူ စိန်ဋ္ဋေးဟန်)


Special thanks to Sister Salma Lwin

Tuesday, October 18, 2011

စက်တက်ဘာ ၁၁ လုပ်ဇတ်ဖော်ထုတ်ချက်များ

စက်တက်ဘာ ၁၁ လုပ်ဇတ်ဖော်ထုတ်ချက်များ
စက်တက်ဘာ ၁၁ ကတော့ ပြီးဆုံးသွားခဲ့ပါပြီ... ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်ကြီးကလည်း ၁၀ နှစ်တောင် ပြည့်ခဲ့ပါပြီ.... ဒါနဲ့ပတ်သက်ပြီး ဆွေးနွေးချင်တာက 9/11 ရဲ့အဓိကတရားခံဘယ်သူလဲ?

ဒါကိုဘဲ online က ခင်မင်ရင်နှီးခဲ့ရသူ သူငယ်ချင်း တစ်ယောက်နဲ့ ဆွေးနွေးဖြစ်တော့- သူက ဒီလိုဆိုပါတယ်-

အခုကျနော်သိလာတာတွေကိုလည်း ပိုသေချာအောင် မျှမျှတတ စဉ်းစားတတ်တဲ့ သူငယ်ချင်း နိုင်ငံရေး နှံ့စပ်သူများ ရှိရင်လည်း မေးမြန်း ကြည့်ပါ။ သတင်းမှန်ကို သိလာပါလိမ့်မယ်။ youtube ထဲမှာ 9/11 များကို ရိုက်ကြည့်ပြီး လေ့လာ ကြည့်ပါ။ အထူးသဖြင့် သိပ္ပံပညာ ရှင်တွေက ဘာပြောသလဲပေါ့။

9/11 ဖြစ်ပြီးမကြာမှီ- နယူးယောက်က ကျွန်တော့ မိတ်ဆွေ တစ်ဦးပြန်လာတော့- သူ့ဆီမှာ စီဒီခွေတစ်ခုပါလာတယ်။ နယူးယောက်က ရထားဘူတာတွေမှာ (အလကား) လိုက်ဝေတာတဲ့- အဲ့ဒီ အခွေထဲမှာ- အဆောက်အဦးကြီးပြိုကျတဲ့စနစ်၊ ပင်တဂွန်မှာ ကျတဲ့ လေယဉ်ရဲ့ အင်ဂျင် အားလုံးကို တွက်ပြထားတယ်။ မှတ်မိသလောက်နဲ့ လက်ရှိအခြေအနေအားလုံးကို တတ်နိုင်သမျှ ပြန်ပြောပြမယ်။- အကုန်လုံး စဉ်းစားလို့ရအောင်ပါ။

(၁) အဆောက်အဦးက လေယာဉ်နဲ့တိုက်လို့ တစ်ခုလုံး ၀ုန်းကနဲ့ မပြိုနိုင်ဘူး။

(၂) အဲ့ဒီအောက်က အဆောက်အဦးပြိုစေဘို့ ဗုံး ၁၃ လုံး ကွဲတယ်။ (ဖုံးထားတဲ့ သတင်း- နောက်ပိုင်း ပေါ်လာမယ်)

(၃) ဒုတိယ လေယဉ်တိုက်ဘို့ မီနစ် ၃၀ ကွာတယ်။ အဲ့ဒီ ပထမ လေယဉ်တိုက်တော့ သမ္မကြီးကို အကြောင်းကြားတယ်။ သမ္မတကြီးက အရေးယူဘို့ မပြောဘူး။ ဖလော်ရီဒါမှာ ရှိတဲ့ မူလတန်းကျောင်းလေးမှာ ကလေးတွေရွတ်ဆိုနေတဲ့ ကဗျာများကို ဘာမှ မဖြစ်သလို ဆက်လက်နားထောင်နေတယ်။

(၄) ဒုတိယ လေယဉ်တိုက်တယ်။ အဆောက်အဦး ပြိုကျတယ်။ ပြီးမှ သမ္မတကြီးက အရေးယူပါလို့ ပြောခဲ့တယ်။

(၅) သမ္မတကြီးက ဖလော်ရီဒါမှာ ပြောခဲ့တဲ့ စကားများနဲ့ ၀ါရှင်တန်မှာ ပြောတဲ့ စကား ရှေ့နောက်မညီလို့ သတင်းထောက်တွေက ၀ိုင်းမေးတာကို ပြန် မဖြေနိုင်ခဲ့ဘူး။

(၆) ပင်တဂွန် စစ်ဌာနချုပ်မှာ လေယဉ်တစ်စီးကျတယ်။ အဲ့ဒီ လေယဉ်အင်ဂျင်ကို အ၀တ်နဲ့ အုပ်ပြီး ထမ်းထုတ်သွားတာ- လူလေးယောက်ပဲ ဖြစ်တယ်။ သူတို့ ပြောတဲ့ ခရီသည် လေယဉ် ဆိုရင် အင်ဂျင်ကို လူလေးယောက် ထမ်းထုတ်လို့ မနိုင်ဘူး။ သတင်းထောက်တွေကို အဲ့ဒီ လေယဉ်အင်ဂျင် အပိုင်းအစများကို ဓါတ်ပုံရိုက်ခွင့် မပေးဘူး။

(၇) ပစ်ချလိုက်တယ်ဆိုတဲ့ လေယဉ်ကတော့ သတင်းလောက်ပဲ ပါတယ်။ ဘာလေယဉ်မှန်း မသိဘူး။ (ပြောတော့ ခရီးသည်တင် လေ ယဉ်လို့ ပြောတယ်။


မဖြစ်မှီနဲ့ ဖြစ်ပြီး အခြေအနေများ

လေယဉ်နဲ့ မတိုက်မှီ တစ်လ အလိုက အမေရိကန်နိုင်ငံ နယူးယောက်၊ မင်ဟယ်တန် (အဆောက်အဦး ရှိရာမြို့) အနီးမှာ ဒီအဆောက် အဦးကို စက်တင်ဘာလ အတွင်း မနက် ၉ နာရီ မတီးမှီ မလာပါနဲ့ လို့ ကြိုတင်စာဖြန့်ဝေတယ်။ အဲ့မှာ ရှိတဲ့ မြန်မာတွေလည်း အဲ့ဒီစာကို ရခဲ့တယ်။ အဲ့ဒီမြို့ထဲမှာ မြန်မာပြည်သား တရုတ် လူမျိုးပိုင်တဲ့ sun hotel ရှိတယ်။ မြန်မာ သင်္ဘောသားတွေ အများစု တည်းခိုတယ်။ ကျွန်တော့မိတ်ဆွေ သင်္ဘောသား တစ်ဦးလည်း အဲ့စာကို ရခဲ့တယ် ပြောတယ်။-

အဆောက်အဦးမှာ ဂျူးလူမျိုးတွေ ထောင်ချီပြီး အလုပ်လုပ်ကိုင်တယ်။ မြန်မာတွေလည်း ရှိတယ်။ မူဆလင်တွေလည်း ရှိတယ်။ ၀န်ထမ်းတွေ ပါ။ တကယ် ဖြစ်မယ့် နေ့မှာ ၀န်ထမ်းဂျူး အဲ့သည်ဂျူး တစ်ယောက်မှ အဆောက်အဦးကို မလာခဲ့ဘူး။ ဒါကြောင့် သေတဲ့ အထဲမှာ ဂျူး တစ်ယောက်မှ မပါခဲ့ဘူး။

ဖြစ်သွားပြီးနောက်ပိုင်း-- အမှုကို စစ်ဆေးဘို့ ခုံးရုံးဖွဲ့ခဲ့တယ်။ အဖွဲ့ ဥက္ကဌက ယခင်အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဟင်နရီ ကက်ဆင်းဂျား ဖြစ်တယ်။ သူက အမှုကို စုံစမ်းစစ်ဆေးရင်း- အမှုက ဂျူးတွေနဲ့ အမေရိကန်အစိုးရပိုင်း ထိပ်သီးတွေဆီကို ပတ်လာခဲ့တယ်။ ဒါကြောင့် ဒီအမှုကို သူ ဆက်လက် မကိုင် တွယ်တော့ပါဘူးလို့ တရားဝင်ကြေငြာပြီး နှတ်ထွက်သွားခဲ့တယ်။ အခုအချိန်ထိ အမှုက တန်း လန်းကြီး ဖြစ်နေပါတယ်။

အမေရိကန်အစိုးရက ထိုးချတဲ့ (လေယဉ်ထဲပါ အသေခံတိုက်သူ) မုဟမ္မဒ် အာ့ခ်တားက- သူဟာ အီဂျစ်မှာ ရှိနေပါတယ်။ ကျောင်း တက်နေပါတယ်လို့ ပြောပါတယ်။ ခင်ဗျားတို့ စွပ်စွဲတာ လူမှားနေပြီလို့ ပြောပါတယ်။ (သူကတော့ အမေရိကန်ကို လာခဲ့တယ်။ ပြန်ခဲ့တာ ၈ လရှိပါပြီတဲ့)။

အမေရိကန် အစိုးရက ဘင်လာဒင်ကို ထိုးချတယ်။ သူက အာဖဂန်ကို ၀င်ချင်တယ်လေ။ အာဖဂန်ကို ဘာကြောင့် ၀င်ချင်ရသလဲ။ သူက ကာဇက်စတန်က ရေနံနဲ့ ဂစ်ကို သယ်ယူဘို့ အာဖဂန်ကို ပိုက်လိုင်း ဖြတ်ဖေါက်ရမယ်။ ဒါကြောင့် တာလီဘန် နိုင်ငံခြားရေးဝန်ကြီးကို နယူးယောက်ကို ခေါ်ယူပြီး ဆွေးနွေးခဲ့ တယ်။ အကောက်ခွန်ကိစ္စ အပေးအယူ မတည့်ခဲ့ဘူး။ ပြီးတော့ အာဖဂန်က ကြေးနီးနဲ့ ယူရေနီယံ ထွက်တယ်။ အာဖဂန်ကို သူ့သြဇာ သွပ်သွင်းနိုင်ရင် တရုတ်နဲ့ ရုရှားကိုလည်း လှမ်းထောက်ထားလို့ ရတယ်။- (တွက်ထားတာတွေကတော့ မျိုးစုံပေါ့ဗျာ)။

အမေရိကန်နိုင်ငံတွင်းမှာ နောက်ကွယ်က ကိုင်ထားတဲ့ ဂျူးတွေ ကိုလည်း အမေရိကန်လူမျိုးတွေက အတိုးကြီးစားမှုနဲ့ မုန်းတီးမှု မြင့်တက် လာခဲ့တယ်။ ဂျူးတွေကလည်း သူတို့ကို မုန်းမယ့်အစား မူဆလင်ကိုမုန်းဘို့ အာရုံ လွှဲချင်တယ်။ (ဂျူးအားလုံးတော့ မဟုတ်ဘူးနော်- အဓိက ကြိုးကိုင် ဇီယွန်ဝါဒီတွေပါ)။ ဒီနှစ်ခု ပေါင်းစပ်ပြီး ဘင်လာဒင်ကို ထိုးချလိုက်ရင် ဘင်လာဒင် ခိုလှုံ နေတဲ့ အာဖဂန်ကို သူတို့ တိုက်လို့ ရမယ်လေ။

အာဖဂန် ခေါင်းဆောင် မူလာအိုမာက - ဘင်လာဒင် ဖြစ်ကြောင်း တိကျတဲ့ သက်သေပြပါ။ တိကျခဲ့ရင် ငါကိုယ်တိုင် ဖမ်းပြီး မင်းတို့လက်ထဲ ကို အပ်မယ်လို့ ပြောခဲ့တယ်။ သူတို့က တိကျတဲ့ သက်သေမပြနိုင်ဘူး။ (အာလ်ဂျဇီးရာဟ် တသင်းဌာနက တရားဝင်ပြောခဲ့တယ်။) နောက် ဆုံး ဘင်လာဒင်ကို သူတို့ အရှင်ဖမ်းမိတယ်။ (မကြာသေးမှီကပါ) ဒါပေမယ့် အသေမိတယ်ပြောပြီး အလောင်းဖျောက်ပစ်လိုက်တယ်။ (အဖြေက ရေထဲကို ပစ်ချလိုက်တာတဲ့)။ အထူးလေ့ကျင့်ထားတဲ့ အထူးကွန်မင်ဒို ၁၀ ယောက်က တိုက်ခန်းထဲမှာ လှောင်ပိတ်နေတဲ့ (တောထဲမှာလို ထွက်မပြေးနိုင်တဲ့) လက်နက်မဲ့ လူတစ်ယောက်ကို အသေမိတယ်ဆိုတာကော ယုတ္တိရှိရဲ့လား။ အရှင်ဖမ်းပြီး လူသိရှင်ကြား ခုံရုံးတင်ပါလား။ ဒီတော့ အမှုက အမှန်ပေါ်လာမယ်လေ။ ဒီလို အဖြစ်မခံနိုင်တော့ နှတ်ပိတ် လိုက်တာပေါ့။ ဘင်လာဒင်ရဲ့ ရန်သူတော်ကြီးလို့ သိထားတဲ့ သမ္မကြီး ဂျော့ဘုခ်ျက “ဘင်လာဒင် သေပြီဆိုပြီး ကြည်နူးမနေသင့်ဘူး၊ သူဟာ တရားခံအစစ် ဖြစ်တယ် မဖြစ်ဘူး ဆိုတာ ခုံရုံးတင် စစ်ဆေးခြင်း မပြုရသေးသလို၊ ဆုံးဖြတ်ချက်လည်း မချရသေးဘူး၊ ငါကတော့ ဘယ်ထောက်လှမ်းရေးကိုမှ အယုံ အကြည် မရှိဘူး၊” လို့ ဖလော်ရီဒါ- သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားတာ မကြာသေးပါ။ what Bush said about Bin Ladin ဆိုပြီး နက်မှာ ရှာကြည့်ပါ။

အဓိက အကျဆုံး နောက်တစ်ချက်က- အီရန်သမ္မတ အမာဒီနဂျစ်က ၂၀၁၀ ကုလသမဂ္ဂ ကွန်ဖရင့်မှာ- 9/11 ဟာ လုပ်ဇတ်ဖြစ်တယ်။ အမေရိကန်က မူဆလင် နိုင်ငံတွေကို ကျူးကျော်လိုလို့ ဇတ်လမ်းဆင်ခဲ့တာ ဖြစ်တယ်လို့ နယူးယောက် ကုလရုံးမှာ ကမ္ဘာ့နိုင်ငံများ အား လုံးရှေ့မှာ ဗြောင်ပြောခဲ့တယ်။ ဒါကို သမ္မတ အိုဘားမားက စကားကို မဆင်မခြင် ပြောတယ်လို့ ပြောတော့- သူက ခင်ဗျားတို့ အနေနဲ့ ကုလသမဂ္ဂကို ခုံရုံးဖွင့်ခိုင်းပြီး ဒီကိံစ္စကို စစ်ဆေးပါ။ ကျုပ်တို့ ဆီမှာ အဆောက်အဦးကို အောက်က ဗုံး ၁၃ လုံးခွဲခဲ့တဲ့ အချက်အလက် အထောက်အထား အပြည့်အစုံရှိတယ်။ လို့ ပြန်ပြောတယ်။ သမ္မတ အိုဘားမားက ဘာမှ မပြောနိုင်ဘူးလေ။ အီရန်သမ္မတဟ အဆောက် အဦးပျက်နားကို ကိုယ်တိုင်သွားခဲ့တယ်။ အဲ့ဒီမှာ သူ့ကို ကြိုဆိုသူတွေအများကြီးပါ။ အထောက်အထား အများကြီးကိုလည်း သူ့ကို ပေးခဲ့ တယ်။ ဒါကို အမေရိကန် မီဒီယာတိုင်း (အထူးသဖြင့် နယူးယောက်မှာ ကျက်စားတဲ့ သတင်းဌာနတိုင်း သိပါတယ်။) ဘာဖြစ်လို့ ဒီကိစ္စတွေ ကို ဖုံးကွယ်ထားတာလဲ။- ကဲ ဒီလောက်ဆို စဉ်းစားလို့ရမယ် ထင်ပါတယ်။ သက်ဆိုင်ရာ အထောက်အထားတွေကိုတော့ ကျွန်တော် အခု ပြောတာထဲက သိချင်တဲ့ အပိုဒ်များကို အင်္ဂလိပ် အဆင်ပြေသလို ပြန်ပြီး gooole မှာ ရှာကြည့်ပါ။ အများစုကို တွေ့ရပါလိမ့်မယ်။

ဒီလောက်ဆို အဖြေထွက်နိုင်ပါတယ်..

Special thanks to Sister Sky Blue

Friday, October 7, 2011