---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Showing posts with label Prophet. Show all posts
Showing posts with label Prophet. Show all posts

Thursday, November 3, 2011

မဟတ္တမဂန္ဒီပြောသော တမန်တော်မြတ်မုဟမ္မဒ်၏ ကိုယ်ကျင့်သိက္ခာ


တမန်တော်မြတ်မုဟမ္မဒ်၏ကိုယ်ကျင့်သိက္ခာ ၊သမာဓိ သစ္စာတရားနှင့်
ပတ်သက်၍ မဟတ္တမဂန္ဒီ၏ပြော ကြားမှု

* ကျွန်ုပ်သိလိုခဲ့သည်မှာသန်းပေါင်းများစွာသောလူသားတို့၏နှလုံးသား
တွင်တိမ်းညွှတ်စွဲငြိစေပြီး အငြင်းပွားဖွယ်ရာအလျဉ်းမရှိ အကောင်းဆုံးပါဟု
လက်ခံထားရသူ တစ်ဦးသည်မည်သူပါလဲဟူ၍ ပင်ဖြစ်သည်။

* ကျွှန်ုပ်ပို၍သိရှိနားလည်သဘောပေါက်လာသည်မှာ ထိုခေတ် အခြေအနေ
များအရလူနေမှုဘ၀အစုစုတို့၏စီမံကိန်း(စနစ်)အတွက်အစ္စလာမ်သာသနာ
အနေဖြင့်နေသားတကျဖြစ်ခဲ့ရသည်မှာ“ဓါး”လက်နက်ကြောင့်မဟုတ်
ကြောင်းပင်ဖြစ်သည်။

မုဟမ္မဒ်၏-(ဆွလ္လာဟိုဝစ္စလာမ်)
-တည်ကြည်ခိုင်မာသောရိုးသားဖြူစင်မှု
-အတ္တစွဲကိုခြေဖျက်တတ်မှု
-သဘောတူညီမှုကတိက၀တ်များကိုစောင့်ထိန်းလိုက်နာမှု
-မိတ်ဆွေ၊ တပည့်များအပေါ်ပြည့်ဝစွာ တာဝန်ကျေပွန်မှု
-ရဲစွမ်းသတ္တိရှိမှု
-ကြောက်ရွံ့ခြင်းကင်းရှင်းသောစိတ်ဓာတ်
-“ကိုးကွယ်ရာထာဝရတုနိုင်းမဲ့အရှင်သခင်”ကိုအကြွင်းမဲ့ယုံပုံလွှဲအပ်
ထားရှိသည့်ယုံကြည်ချက်သဒ္ဒါတရားရှိမှုနှင့်
-သူကိုယ်တိုင်ဦးဆောင်ခဲ့သောအစ္စလာမ်သာသနာပြုလုပ်ငန်းတို့ကြောင့်
သာဖြစ်ပေသည်။ဤအရာများကသာသူရင်ဆိုင်ကြုံတွေ့ခဲ့ရသောအခက်
အခဲအကျပ်အတည်းများကိုလွယ်ကူစွာကျော်လွှားသွားစေနိုင်ခဲ့ပါသည်။
“ဓါး”ကြောင့်မဟုတ်ပါ။တမန်တော်မြတ်၏အတ္တုပ္ဖ္မတ္တိဒုတိယတွဲကို ဖတ်ပြီးသောအခါ
ဤမျှကြီးကျယ်သောပုဂ္ဂိုလ်မွန်၏အတ္တုပ္ဖတ္တိကိုဖတ်ရန်
ကျွှန်ုပ်တွင်စာအုပ်နောက်ထပ်မရှိတော့၍၀မ်းနည်းမိပါသည်။ (မဟတ္တမဂန္ဒီ)

Thanks to Sister Salma Lwin

Monday, February 14, 2011

မော်လွတ်စ်နဗီ

'' မော်လွတ်စ်နဗီခေါ် တမန်တော်မြတ် မုဟာမ္မတ်(ဆွ.အ.ဝ) ၏ မွေးနေ့ ''

ရဗီအွလ်အောင်ဝလ်လ ၁၂-ရက်နေ့သည် ကမ္ဘာ့မွတ်စ်လင်မ်အပေါင်း ချစ်ကြည်မြတ်နိုးရပါသော တမန်တော်မြတ် မုဟာမ္မတ် (ဆွ.အ.ဝ) ၏မွေးနေ့ဖြစ်သောကြောင့် ဒီပို့စ်ကိုတင်ပြလိုက်ပါသည်။

بِسْمِ اللَّهِ الرَّحْمَـٰنِ الرَّحِيمِ

إِنَّ اللَّهَ وَمَلَائِكَتَهُ يُصَلُّونَ عَلَى النَّبِيِّ ۚ يَا أَيُّهَا الَّذِينَ آمَنُوا صَلُّوا عَلَيْهِ وَسَلِّمُوا تَسْلِيمًا

ဧကန်အမှန် အလ္လာဟ်အသျှင်မြတ်သည်လည်းကောင်း၊ ထိုအသျှင်မြတ်၏ '' မလာအိကာ '' ကောင်းကင်တမန်များသည်လည်းကောင်း၊ နဗီတမန်တော်မြတ်အပေါ်ဝယ် ကောင်းချီးမင်္ဂလာ ပို့သကြကုန်၏။ အို ... '' မုအ်မင်န် '' သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည်လည်း ထိုနဗီတမန်တော်မြတ်အပေါ်ဝယ် ကောင်းချီးမင်္ဂလာ ပို့သခြင်းကိုလည်းကောင်း၊ လွန်စွာ '' စလ္လာမ် '' မေတ္တာပို့သခြင်းကိုလည်းကောင်း ပြုကြလေကုန်။ ... မဟာမိတ်များကဏ္ဍ ကုရ်အာန် (၃၃:၅၆) ...

Watch videos : http://islam-yaungche.blogspot.com/2009/03/blog-post_09.html
More article about our belove Prophet : http://islam-yaungche.blogspot.com/search/label/Prophet

Thursday, January 20, 2011

ကမ္ဘာပေါ်မှာအကောင်းဆုံးပုဂ္ဂိုလ်

Bestofmen.org Research team မှ အောက်ပါပုဂ္ဂိုလ် ၁၀ ယောက်မှ ကမ္ဘာပေါ်မှာအကောင်းဆုံးပုဂ္ဂိုလ်ကိုရွေးရန်တင်ပြခဲ့ပါသည်။

Who is the Best of Men?
1. Abraham Lincoln
2. Albert Einstein
3. Buddha
4. Jesus
5. ChristKarl Marx
6. Mahatma Gandhi
7. Martin Luther
8. Muhammad
9. Saint Paul William
10. Shakespeare

တစ်ကမ္ဘာလုံးမှ vote ပေးခဲ့ရာ ၁၁၊ ၀၁၊ ၂၀၁၁ ရက်နေ့ final အဖြေအရ မွတ်စလင်မ်လူထုချစ်မြတ်နိုးသော တမန်တော်မြတ် မိုဟာမတ်(ဆွ) သည် ကမ္ဘာပေါ်မှာအကောင်းဆုံးပုဂ္ဂိုလ်အဖြစ်ရွေးချယ်ခံခဲ့ရပြီး တမန်တော် အီစာ (အ) ကဒုတိယ၊ မဟတ်တမ ဂန္ဒီက တတိယရခဲ့ပါသည်။

၁။ တမန်တော်မြတ် မိုဟာမတ် (ဆွ)
၂။ Jesus (တမန်တော် အီစာ (အ) )
၃။ မဟတ်တမ ဂန္ဒီ

၁၉၇၈ ထုတ် အမေရိကန် နိုင်ငံသား Michael H. Hart ရေးသားသော The 100 စာအုပ်ထဲတွင်လည်း တမန်တော်မြတ် မိုဟာမတ် (ဆွ) သည် ပထမနေရာရခဲ့ပါသည်။ http://en.wikipedia.org/wiki/The_100

တမန်တော်မြတ်အား ကောက်ကျစ်မုန်းတီးမှုများဖြင့် လုပ်ကြံရေးသားနေသူများရှိနေကြသော်လည်း အမှန်တရားကို မည်သို့မျှပင် ဖုန်းကွယ်လို့မရနိုင်ပါ။ မဟုတ်မမှန်ရေးသားသူတို့၏ ညံ့ဖြင်းမှု အောက်တန်းကျမှုတို့သည်သာကျန်ရစ်ခဲ့ပေမည်။

"Allahumme Salli Ala Seyyidina Muhammedin Ve Ala Ali Seyyidina Muhammed"

reference : http://bestofmen.org/index.php?option=com_content&view=article&id=62

Sunday, January 9, 2011

Wednesday, May 26, 2010

တမန်တော်မြတ်ကြီး ရဲ့ မိန်းခွန်းတော်

““မိတ်ဆွေအပေါင်းတို့အနေနဲ့သိသင့် သိထိုက်ပါသည်ဟု သိစေချင်သောရည်ရွယ်ဖြင့် မျှဝေလိုက်တာပါ။ တစ်ခြားမိတ်ဆွေများကိုလဲ ဆက်လက်မျှဝေပေးကြပါလို. မေတ္တာရပ်ခံလျှက်””


တမန်တော်အပေါင်း၏ အချုပ်တံဆိပ်တော်ဦးစီးခေါင်းဆောင် ၊ တမန်တော်မြတ်ကြီး
မုဟမ္မဒ်(ဆွ) သက်တော် ၆၃ နှစ်အရွယ် ဇွလ်ဟဂ်ျလ ၈ ရက်နေ့တွင်
နောက်ဆုံးအကြိမ်ဟဂ်ျဝတ်ပြုစဉ် အာရာဖသ် ကွင်းပြင်တော်၌ မိန့်ကြားခဲ့သော
သမိုင်းဝင် မိန့်ခွန်းတော် -

““ ချီးမွမ်းထောမနာခြင်းဟူဟူသမျှသည် အလ္လာဟ်အရှင်မြတ်အဖို့သာတည်း။
သို့ကြောင့် ကျွန်ုပ်တို့သည် အရှင့်ကို ချီးမွမ်းထောမနာပြုကြပါ၏။
အရှင်မြတ်၏ အခွင့်လွှတ်ခြင်းကို ရှာဖွေကာ အရှင့်ဘက်သို့လှည့်ပါ၏။
ကျွန်ုပ်တို့စိတ်တွင်းရှိ မကောင်းမှုများမှလည်းကောင်း၊
ကျွန်ုပ်တို့လုပ်ကိုင်ဆောင်ရွက်မှုများမှ
ထွက်ပေါ်လာမည့်မကောင်းမှုများမှလည်းကောင်း၊ အရှင်ထံတော်တွင်
ခိုလှုံခွင့်တောင်းခံပါ၏။ ............. ””

အို - လူအပေါင်းတို့၊ ကျွန်ုပ်၏စကားကို နားဆင်ကြပါလော့၊
အဘယ်ကြောင့်ဆိုသော် ဤနှစ်ဟဂ်ျရာသီပြီး၌ ကျွန်ုပ်တို့
ပြန်လည်တွေ့ဆုံနိုင်မည်၊ မတွေ့ဆုံမည်ကို မသိရှိသောကြောင့်ပင်။
အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ -

အို - လူခပင်းတို့၊ ငါတို့သည် အသင်တို့အား
ယောက်ျားမိန်းမတစ်ယောက်ဆီမှဖန်ဆင်းခဲ့ပြီး အသင်တို့အချင်းချင်း
တစ်ဦးကိုတစ်ဦးမှတ်မိကြအံ့သောငှာ လူမျိုးစုအသီးသီး မျိုးနွယ်အသွယ်သွယ်
ပြုလုပ်တော်မူခဲ့၏။ ဧကန်စင်စစ် အသင်တို့အနက် (အလ်လဟ်အရှင်မြတ်အား)
ချစ်မြတ်နိုးကြောက်ရွံ့ဆုံးသော၊ အပြစ်များမှ အများဆုံးကြဉ်ရှောင်သော
ဖြောင့်မတ်မှန်ကန်သူသာလျှင် အလ္လာဟ်အရှင်မြတ်ထံတော်ဝယ်
အမြင့်မြတ်ဆုံးသောသူဖြစ်၏။ (ကုရ်အာန် ၄၉း၁၄)

အရှင်မြတ်ထံတော်ပါးတွင်ရှိသည့် သာလွန်မှုမှလွဲ၍ ၊ အာရဗ်တစ်ဦးသည်
အာရဗ်မဟုတ်သူတစ်ဦးထက်သည် သာလွန်သည်မဟုတ်သလို၊ အာရပ်မဟုတ်သူတစ်ဦးသည်လည်း
အာရဗ်တစ်ဦးထက် သာလွန်သည်မဟုတ်။ အဖြူသည်လည်း အမဲထက်မသာလွန်၊ အမဲသည်လည်း
အဖြူထက်သာလွန်သည်မရှိချေ။ လူသားအားလုံးသည် အာဒမ်၏
အဆက်အနွယ်သားမြေးများဖြစ်ကြပြီး ရွှံ့စေးမြေဖြင့်သာ ဖန်ဆင်းခံရ၏။
မျက်မှောင့်ပြုကြလော့၊ သွေးကြွေးကြောင့် လည်းကောင်း၊
ဥစ္စာဓနကြွေးများကြောင့်လည်းကောင်း လက်တုန့်ပြန်မှုအားလုံးကို
ငါ၏ခြေမှောက်ရောက်စေလျက် သင်ပုန်းချေလိုက်ပြီဖြစ်သည်။
ကအ်ဘာကျောင်းတော်ကို ထိန်းသိမ်းခြင်းနှင့် ဟာဂျီများကို ရေပေးဝေခြင်းမှအပ
ကျန်သမျှခပ်သိမ်းကား ကြွင်းကျန်မနေတော့ပြီ။ အို - ကိုရိုက်ရှ်
အမျိုးသားတို့ ၊ အချို့သူများက မိမိတို့၏ ဖန်ဆင်းမွေးမြူတော်မူသောအရှင်၏
ရှေ့တော်မှောက်တွင် နောင်တမလွန်ဘ၀ ဆုလာဘ်တော်များနှင့် ရှိနေစဉ်တွင်
အသင်တို့သည် တရားစီရင်မည့် ထိုသည့်နေ့တော်ကြီးတွင်
ဤလောကီဝန်ထုပ်ဝန်ပိုးများဖြင့် ပြည့်နှက်လျက်ရှိမနေစေလင့်။
ဤသို့သောအခြေအနေတွင် ငါသည် အရှင်မြတ်နှင့်ဆန့်ကျင်လျက်
အသင်တို့နှင့်အတူရှိနေမည်မဟုတ်ချေ။

မျက်မှောက်ပြုကြလော့၊ အတိတ်ခေတ်က အကျင့်ဆိုးအားလုံးသည်
ငါ၏ခြေအောက်ရောက်စေပြီး သင်ပုန်းချေလိုက်ပြီ၊ ချေမှုန်းပစ်လိုက်ပြီဖြစ်၏။
အတိတ်ခေတ်က လက်တုန့်ပြန်မှု၊ သွေးထွက်သံယို ကလဲ့စားချေတိုက်ခိုက်မှုများ၊
ရန်ငြိုးရန်စအားလုံးကို လွတ်ငြိမ်းစေလိုက်ပြီ၊ ဥပက္ခာပြုလိုက်ပြီ၊
သင်ပုန်းချေလိုက်ပြီ၊ ပယ်ဖျက်လိုက်ပြီ။ ..........

အို - လူသားအပေါင်းတို့၊ အမှန်ပင်၊ အသင်တို့သည် အသင်တို့၏
ဇနီးမယားများအပေါ်တွင် အခွင့်အရေးရှိသကဲ့သို့အသင်တို့ဇနီးမယားများသည်လည်း
အသင်တို့အပေါ်အခွင့်အရေးတန်းတူရှိသည်သာ။ အသင်တို့ဇနီးမယားများအား
အိမ်ထောင်ရေးဆိုင်ရာအခွင့်အရေးပေးလျက် ဂုဏ်သိမ်ချီးမြင့်ရန်
အသင်တို့အပေါ်တာဝန်တင်ပြီး သင့်လျော်မှုမရှိသော မမျှတသည့် အမှုမျိုးကို
မကျူးလွန်ကြလင့်။ သို့သော် သူတို့(သင်တို့၏ဇနီးမယားများက စတင်၍)က
ထိုသို့ကျူးလွန်ကြပါလျှင် သူတို့အား အိပ်ယာခွဲရန်နှင့် ပြင်းထန်မှုမရှိသော
အပြစ်ပေးရန် အခွင့်ရှိပေသည်။ အကယ်၍ အသင်တို့ဇနီးမယားများသည် စောင့်စည်း
ထိန်းသိမ်းသော ကာယိနြေ္ဒပိုင်ရှင်များဖြစ်ကြပါလျှင် သူတို့အား အ၀တ်တန်ဆာ
စီလျော်လျောက်ပတ်စွာဆင်ယင်ပေးခြင်းနှင့် ကောင်းမွန်တင့်တယ်စွာ
ကျွေးမွေးခြင်းကို မလင့်ဟင်းကြစေလင့်။

မှတ်သားလော့၊ အသင်ဇနီးမယားတို့အနေဖြင့် အသင်တို့ခင်ပွန်းသည်များ၏
ခွင့်ပြုချက်မရဘဲ ပစ္စည်းတစ်စုံတစ်ရာကို
တစ်ပါးသူအားပေးကမ်းခြင်းမပြုကြလင့်။

မှတ်သားလော့၊ အမျိုးသမီးများအား ကောင်းမွန်သိမ်မွေ့စွာ ဆက်ခံကြလော့။
......... အမျိုးသမီးများနှင့်ပတ်သက်၍မူ အလ်လာဟ်အရှင်မြတ်အား
ကြောက်ရွံ့ကြလော့၊ ဧကန်ပင်၊ အသင်တို့သည် အလ်လာဟ်အရှင်မြတ်၏
လုံခြုံစေခြင်းကာကွယ်မှုအပေါ်မှ သူမတို့အားဆောင်ယူခဲ့ကြသလို အရှင်မြတ်၏
နုတ်ကပါတ်တော်များဖြင့် သူမတို့အား
တရားဝင်စေခဲ့ကြသောကြောင့်ပင်။............

ချေးယူထားသည့် ငွေကြေးအားလုံးကို ပြန်လည်ပေးဆပ်ကြရမည်။ ချေးယူထားသည့်
ပစ္စည်းဥစ္စာများကိုလည်း ပြန်လည်
ပေးဆပ်ကြရမည်။ မိမိရရှိသည့် လက်ဆောင်ပဏ္ဍာများကိုလည်း အတုန့်အလှည့်ဖြင့်
ပြန်လည် လက်ဆောင်ပေးသင့်လေ
သည်။ မိမိတို့ထံ (တစ်စုံတစ်ယောက်က) စိတ်ချယုံကြည်စွာအပ်နှံထားသည်များမှ
အကြောင်းတစ်ခုခုကြောင့် အပ်နှံ
သူတစ်စုံတစ်ရာဆုံးရှုံးခဲ့လျှင် ထိုသူသည် အကောင်းဆုံးပြုလုပ်ပေးခြင်းဖြင့်
အပ်နှံသူကို ကျေနပ်စေရမည်။ .........

အသင်တို့၏ အခိုင်းအစေများနှင့်ပတ်သတ်၍မူ
အသင်တို့ကိုယ်တိုင်စားသောက်သည့်အတိုင်း သူတို့အား
ကျွေးမွေးကြပါလေ။အသင်တို့ဝတ်ဆင်သည့်အတိုင်း သူတို့အား ဆင်ယင်ပေးပါလေ။

ကျွန်ုပ်၏နောက်တွင် လမ်းမှားသို့မလိုက်မိစေရန်လည်းကောင်း၊
တစ်ယောက်၏လည်ကုပ်ကို တစ်ယောက်ညှစ်သကဲ့သို့
သတ်ပုတ်ခိုက်ရန်ဖြစ်ပွားခြင်းမရှိစေရန် စောင့်စည်းထိန်းသိမ်းကြပါလေ။ ............

အမှန်စင်စစ်သော်ကား ကောင်းမှုနှင့်မကောင်း မှုတို့မှာ တူကြသည်မဟုတ်ပေ၊
(သို့ဖြစ်ပေရာ) အသင်သည် (မကောင်းမှုကို) ကောင်းမှုဖြင့် ခုခံတွန်းလှန်
ပါလေ။ သို့ဖြစ်လျှင် အကြင်သူနှင့် အသင်၏အကြား၌ ရန်ငြိုးရှိ
သော်လည်းထိုသူသည် မိတ်ဆွေအရင်းကဲ့သို့ ဖြစ်လာပေမည်။(ကုရ်အာန် ၄၁း၃၅)

“အိုး” { ညီနောင် အပေါင်းတို.} အသင်တို.သည် အသင်တို.၏ ဘ၀ တကယ့် တိုးတတ်မူ.အစစ်အမှန်ကို အလိုရှိခဲ့ပါက မြတ်ရှင်အလ္လာဟ်နှင့် တမန်တော်မြတ်(ဆွ) အပေါ်ချစ်မြတ်နိုးခြင်းကို အသင်တို. (in the life)မှာ တစ်ပါတည်း ထည်.သွင်း ဘ၀တည်ဆောက်ကြလေကုန်။ iqbal

Special thanks to Thinzarlay.

Wednesday, April 21, 2010

PROPHET TEACH TO ALI (RAL)

(1) Refrain from sleeping between Subah and Ishraq; Asr and Maghrib; Maghrib and Isha
(2) Avoid sitting with stingy people
(3) Don’t sleep between people who sit
(4) Don’t eat and drink with your left hand
(5) Don’t eat those food you have taken out between your teeth
(6) Don’t break your knuckles
(7) Don’t look at the mirror in the night
(8) Don’t look at the sky while in salaath
(9) Don’t spit in the toilet
(10) Don’t clean your teeth with charcoal
(11) Sit and wear your trousers
(12) Don’t break tough things with your teeth
(13) Don’t blow on your food when it’s hot
(14) Don’t look for faults of others
(15) Don’t talk between iqamath and azan
(16) Don’t speak in the toilet
(17) Don’t speak tales about your friends
(18) Don’t antagonize your friends
(19) Don’t look behind frequently while walking
(20) Don’t stamp your feet while walking
(21) Don’t be suspicious about your friends
(22) Don’t speak lies at anytime
(23) Don’t smell and eat
(24) Speak clearly so others can understand
(25) Avoid travelling alone
(26) Don’t decide on your own but consult others who know
(27) Don’t be proud of yourself
(28) Don’t be sad about your food
(29) Don’t boast
(30) Don’t chase the beggars
(31) Treat your guests well with good heart
(32) Be patient when in poverty
(33) Assist a good cause
(34) Think of your faults and repent
(35) Do good to those who do bad to you
(36) Be satisfied with what you have
(37) Don’t sleep too much- it will cause forgetfulness
(38) Repent at least 100 times a day
(39) Don’t eat in darkness
(40) Don’t eat mouthful

Friday, February 26, 2010

မော်လွတ်စ်နဗီ 1431 H.

.
ယနေ့(ရဗီအွလ်အောင်ဝလ်လ) ၁၂-ရက်နေ့သည် ကမ္ဘာ့မွတ်စ်လင်မ်အပေါင်း ချစ်ကြည်မြတ်နိုးရပါသော တမန်တော်မြတ် မုဟာမ္မတ်
(ဆွ.အ.ဝ) ၏မွေးနေ့ဖြစ်သောကြောင့် ဒီပို့စ်ကိုတင်ပြလိုက်ပါသည်။

بِسْمِ اللَّهِ الرَّحْمَـٰنِ الرَّحِيمِ

إِنَّ اللَّهَ وَمَلَائِكَتَهُ يُصَلُّونَ عَلَى النَّبِيِّ ۚ يَا أَيُّهَا الَّذِينَ آمَنُوا صَلُّوا عَلَيْهِ وَسَلِّمُوا تَسْلِيمًا

ဧကန်အမှန် အလ္လာဟ်အသျှင်မြတ်သည်လည်းကောင်း၊ ထိုအသျှင်မြတ်၏ '' မလာအိကာ '' ကောင်းကင်တမန်များသည်လည်းကောင်း၊ နဗီတမန်တော်မြတ်အပေါ်ဝယ် ကောင်းချီးမင်္ဂလာ ပို့သကြကုန်၏။ အို ... '' မုအ်မင်န် '' သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည်လည်း ထိုနဗီတမန်တော်မြတ်အပေါ်ဝယ် ကောင်းချီးမင်္ဂလာ ပို့သခြင်းကိုလည်းကောင်း၊ လွန်စွာ '' စလ္လာမ် '' မေတ္တာပို့သခြင်းကိုလည်းကောင်း ပြုကြလေကုန်။ ... မဟာမိတ်များကဏ္ဍ ကုရ်အာန် (၃၃:၅၆) ...

Watch videos : http://islam-yaungche.blogspot.com/2009/03/blog-post_09.html
.........................................................................................................................
.
“ချစ်ကြည်မြတ်နိုးဖွယ် တို့တမန်တော်” part 1

ကျေးဇူးတော်အစုံ ဂုဏ်တော်အနန္တနှင့်ပြည့်စုံ၍ မပြတ်မစဲ သနားကြင်နာတော်မူသော
အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့် အစပြုပါ၏။

နိဒါန်း
“အို - ငါအရှင်၏အချစ်တော် တမန်တော်မြတ်၊ ငါအရှင်သည် မောင်မင်းအား အကြောင်းမဲ့ စေလွှတ်တော်မူသည် မဟုတ်။ စေလွှတ်တော်မူခြင်းအလိုကား (အားလမီးန်) စကြ၀ဠာတစ်ခုလုံး ရဟမသ် ဂရုဏာတော်များ ရရှိစေရန်တည်း။” (ကျမ်းမြတ်ကုရ်အာန် ၂၁း၁၀၇)
ကျမ်းမြတ်ကုရ်အာန် တစ်စောင်လုံးတွင် ‘ရဟမသ်’ဟူသောစကားသည် အလ္လာဟ်အရှင်မြတ်က မိမိ၏ ဂုဏ်တော်ကို ဖွင့်ဆိုရာ၌လည်းကောင်း၊ တမန်တော်မြတ်၏ဂုဏ်ပုဒ်ကို ဖွင့်ဆိုရာ၌လည်းကောင်း သုံးစွဲထားတော် မူပါသည်။
နဗီတမန်တော်အပေါင်း တစ်သိန်းနှစ်သောင်းလေးထောင်ကျော် ပွင့်တော်မူခဲ့ရာတွင် အဘယ်နဗီတမန်တော်မျှ ‘ရဟမသ်’ဟူသောစကားနှင့် ဆက်စပ်ခြင်း၊ အမွှမ်းတင်ခြင်း ပြုတော်မူသည်ကို မတွေ့ရပါ။ ‘ရဟမသ်’ဟူသောစကားသည် မေတ္တာနှင့် ကရုဏာကို အနက်ပေးပါသည်။ ကျမ်းမြတ်ကုရ်အာန်တွင် ခပ်သိမ်းကမ္ဘာအား ကရုဏာတရားနှင့် မေတ္တာတရားသက်ရောက်စေခြင်းအဖြစ်နှင့် ပွင့်ပေါ်ထွန်းစေသည်ဟု ဖွင့်ဆိုထားခြင်းဖြစ်ပါသည်။ ဤဒေသနာတော် ထောက်ရှုထောအခါ ကျွန်ုပ်တို့၏ နဗီတမန်တော်သည် ကမ္ဘာခပ်သိမ်းအဘို့ လူ့ဘ၀လမ်းညွှန်အဖြစ်နှင့် သစ္စာတရားများကို ယူဆောင်လာခဲ့သော လူသားထုတစ်ရပ်လုံး၏ လူ့ဘ၀လမ်းညွှန် ကမ္ဘာ့ကရုဏာတော်ရှင် ‘ချစ်ကြည်မြတ်နိုးဖွယ်ရာ တမန်တော်’ဖြစ်သည်ကို ထင်းလင်းစွာ တွေ့မြင်ကြပါသည်။

Detail : http://islam-yaungche.blogspot.com/2009/03/blog-post_14.html

“ချစ်ကြည်မြတ်နိုးဖွယ် တို့တမန်တော်” part 2
http://islam-yaungche.blogspot.com/2009/03/part-2.html

“ချစ်ကြည်မြတ်နိုးဖွယ် တို့တမန်တော်” part 3
http://islam-yaungche.blogspot.com/2009/03/part-3.html

“ချစ်ကြည်မြတ်နိုးဖွယ် တို့တမန်တော်” part 4
http://islam-yaungche.blogspot.com/2009/03/part-4.htpml

“ချစ်ကြည်မြတ်နိုးဖွယ် တို့တမန်တော်” part 5
http://islam-yaungche.blogspot.com/2009/03/part-5.html

................................................................................................................................
THE 100

MUHAMMAD, No. 1
The 100, a Ranking of the Most Influential Persons in History
by Michael H. Hart

My choice of Muhammad to lead the list of the world's most influential persons may surprise some readers and may be questioned by others, but he was the only man in history who was supremely successful on both the religious and secular levels. Of humble origins, Muhammad founded and promulgated one of the world's great religions, and became an immensely effective political leader. Today, thirteen centuries after his death, his influence is still powerful and pervasive. The majority of the persons in this book had the advantage of being born and raised in centers of civilization, highly cultured or politically pivotal nations.

The following is from Michael Hart's book and lists Prophet Muhammad as the most influential man in History. A Citadel Press Book, published by Carol Publishing Group
Ranking, list of 100 most influential persons in history:

Prophet Muhammad
Isaac Newton
Jesus Christ
Buddha
Confucius
St. Paul
Ts'ai Lun
Johann Gutenberg
Christopher Columbus
Albert Einstein

Watch video : http://islam-yaungche.blogspot.com/2009/02/100.html.

Friday, February 12, 2010

Tree of Prophets of Allah (SWT)

Please click the pictures to see clearly.

Thursday, February 11, 2010

Life Sketch of Muhammad (S.A.W)

1. HOLY NAMES
Muhammad
Ahmed
Hamid
Mahmood
Mahi
Hashir
Aaqib
.
2. HOLY BIRTH
- Islamic Dates/Day/Time/Place
12th or 9th Rabbi-ul-awal, Monday, Early in the morning (before sun rise) at Holy MAKKAH or
- English date/year
17th June 569. A.D or
- Hindi date date/year
1st of jaaith 3672 kul jug or
- Other Dates 1st year of elephant. (on40thday after elephant event) 2675th year to Prophet Noah's flood 2585th year to Prophet Ibrahimi year.
.
3. DEATH
12th Rabbi-ul-awwal 11 hijrah, 23 Nabvi, 8th June, 632 A.D, At the time of chast (after sun rise) In Madina munawwarah In the house of Bibi Ayesha R.A. Burried in the house of bibi Aysha R.A Grave exactly where died in the room.
.
4. LIFE SPAN
Total Life Span 63 years +0 month+4days+6 hours or total 22330 days or total 535924 hours. Stay in Holy Makkah - 53 years. Stay in Holy Madina - 10 years.
.
5. UNCLES
Total uncles - 9
Syedna Hamza R.A & Syedna Abbas R.A
Aabu Talib, Abu Lahab, Zubair, Maqoom, Zarrar, Haris & Mugheera
.
6. AUNTS
Total Aunts - 6
Syeda Safia R.A,
Um-e-Hakeem Baiza (Grandmother of Syedna Usman R.A), Aroohi, Ateka, Barrah, Amemmah
.
7. EVENTS BEFORE VAHEE
a) Death of Father Abdullah Bin Mutalib------------Before Holy Birth
b) Death of Mother Bibi Amena----------------------- 6th year after Birth
c) Death of Grand Father Abu Mutalib----------- 8th year after Birth
d) First business trip towards Syria------------- 13th year after Birth
e) Participation- Harb-e-Fajar (battle for Kabba hurmat )15th year Birth
f) Second business trip (with Mehsraslave of Bibi Khateeja R. A) 23rd year Birth
g) Wedding with Syeda Khateeja R.A ---------------25th year after Birth
h) Resolved tribe conflicts (fixing of Hajr-e-Asvad) 35th year after Birth
i) Starting to go to Cave Hira --------------------------36th year after Birth
j) Beginning to ascend Vahee------------------------40th year after Birth
.
9. SONS
Total Sons - 3
1. Syedna QASIM from Khateeja.R.A
2. Syedna Abdullah (Tayab, Tahir) from Khateeja R.A
3. Syedna Ibraheem from Maria Qubtia R.A All the sons died in their child hood, first 2 are burried in Jannat-ul-Moalla Makkah and Last one is in Jannat-ul-Baqqi Madina.
.
10. DAUGHTERS - 4 Daughters
1. Syeda Zainab R.A. married with Abual Bin Aas Bin Rabbi
2. Syeda Ruqayyia R.A married with Syedna Usman Bin Affan
3. Syeda Um-e-Kulsoom married
4. Syeda Fatima ZUHRA married with Syedna Ali Bin Abi Talib All daughters were from Um-ul-Momeneen Syeda Khatija R. A. All daughters except Syeda Fatima died in Prophets' life. All daughters burried in Jannat-ul-Baqi Madina.

The Prophet's Last Sermon
In the Name of Allah, the Most Gracious, the Most Merciful This sermon was delivered on the ninth day of Dhul Hijah, 10 A.H. (632 A.D.) in the valley of Mount Arafat .

"O People, lend me an attentive ear, for I know not whether, after this year, I shall ever be amongst you again. Therefore, listen to what I am saying to you very carefully and take these words to those who could not be present today.

O People, just as you regard this month, this day, this city as sacred, so regard the life and property of every Muslim as a sacred trust. Return the goods entrusted to you to their rightful owners. Hurt no one so that no one may hurt you. Remember that you will indeed meet your Lord, and that He will indeed reckon your deeds. Allah has forbidden you to take interest, therefore, all interest obligations shall henceforth be waived. Your capital, however, is yours to keep. You will neither inflict nor suffer inequity. Allah has judged that there shall be no interest and that all interest due to Abbas bin Abdul-Muttalib (the prophet's uncle) shall henceforth be waived.

Every right arising out of homicide in pre-Islamic days is henceforth waived and the first such right I waive is that arising from the murder of Rabiyah bin Al-Harith (relative of the prophet). O Men, the unbelievers indulge in tampering with the calendar in order to make permissible that which Allah forbade, and to forbid that which Allah had made permissible. With Allah the months are twelve; four of them are holy; three of these are successive and one occurs singly between the months of Jumadah and Shaaban. Beware of Satan, for the safety of your religion. He has lost all hope that he will ever be able to lead you astray in big things, so beware of following him in small things.

O People, it is true that you have certain right with regard to your women, but they also have rights over you. If they abide by your right then to them belongs the right to be fed and clothed in kindness. Do treat your women well and be kind to them for they are your partners and committed helpers. And it is your right that they do not make friends with any one of whom you do not approve, as well as never commit adultery.

O People, listen to me in earnest, worship Allah, say your five daily prayers, fast during the month of Ramadhan, and give your wealth in zakat. Perform Hajj if you can afford to. All mankind is from Adam and Eve, an Arab has no superiority over a non-Arab, nor a non-Arab has any superiority over an Arab; also a white has no superiority over a black, nor a black has any superiority over white except by piety and good action. Learn that every Muslim is the brother of another Muslim, and that Muslims constitute one brotherhood. Nothing shall be legitimate to a Muslim which belongs to a fellow Muslim unless it was given freely and willingly. Do not, therefore, do injustice to your selves.
Remember, one day you will appear before Allah and answer for your deeds. So beware, do not stray from the path of righteousness after I am gone.

O People, no prophet or apostle will come after me and no new faith will be born. Reason well, therefore, O People, and understand my words which I convey to you. I leave behind me two things, the Quran and my example, the Sunnah, and if you follow these you will never go astray.
All those who listen to me shall pass on my words to others, and those to others again; and may the last ones understand my words better that those who listen to me directly. Be my witness O Allah, that I have conveyed Your message to Your people."

Please keep forwarding this "Hadith" to all ... Because
the Prophet (sallallaahu alayhi wa sallam) said:
"Pass on knowledge from me even if it is only one Verse".

.
**Special thanks to Bashir Nuckchady and aunty Daw La' La' Myint.

Saturday, December 5, 2009

တမန်တော်မြတ်၏ မမေ့ပျောက်နိုင်သော သမိုင်းဝင် မိန့်ခွန်းတော်

တမန်တော်အပေါင်း၏ အချုပ်တံဆိပ်တော်ဦးစီးခေါင်းဆောင် ၊ တမန်တော်မြတ်ကြီးမုဟမ္မဒ်(ဆွ) သက်တော် ၆၃ နှစ်အရွယ် ဇွလ်ဟဂ်ျလ ၈ ရက်နေ့တွင်နောက်ဆုံးအကြိမ်ဟဂ်ျဝတ်ပြုစဉ် အာရာဖသ် ကွင်းပြင်တော်၌ မိန့်ကြားခဲ့သောသမိုင်းဝင် မိန့်ခွန်းတော် -

““ ချီးမွမ်းထောမနာခြင်းဟူဟူသမျှသည် အလ္လာဟ်အရှင်မြတ်အဖို့သာတည်း။
သို့ကြောင့် ကျွန်ုပ်တို့သည် အရှင့်ကို ချီးမွမ်းထောမနာပြုကြပါ၏။အရှင်မြတ်၏ ခွင့်လွှတ်ခြင်းကို ရှာဖွေကာ အရှင့်ဘက်သို့လှည့်ပါ၏။

ကျွန်ုပ်တို့ (All Human) စိတ်တွင်းရှိ မကောင်းမှုများမှလည်းကောင်း၊ ကျွန်ုပ်တို့
(All Human) လုပ်ကိုင်ဆောင်ရွက်မှုများမှထွက်ပေါ်လာမည့်မကောင်းမှုများမှ
လည်းကောင်း၊ အရှင်ထံတော်တွင်ခိုလှုံခွင့်တောင်းခံပါ၏။

””အို - လူအပေါင်းတို့၊ ကျွန်ုပ်၏စကားကို နားဆင်ကြပါလော့၊အဘယ်ကြောင့်ဆိုသော်
ဤနှစ်ဟဂ်ျရာသီပြီး၌ ကျွန်ုပ်တို့ပြန်လည်တွေ့ဆုံနိုင်မည်၊ မတွေ့ဆုံမည်ကို မသိရှိသောကြောင့်ပင်။အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ

-အို - လူခပင်းတို့၊ ငါအရှင်မြတ်သည် အသင်တို့အားယောက်ျားမိန်းမတစ်ယောက်ဆီမှ
ဖန်ဆင်းခဲ့ပြီး အသင်တို့အချင်းချင်းတစ်ဦးကိုတစ်ဦးမှတ်မိကြအံ့သောငှာ လူမျိုးစုအသီးသီး မျိုးနွယ်အသွယ်သွယ်ပြုလုပ်တော်မူခဲ့၏။

ဧကန်စင်စစ် အသင်တို့အနက် (အလ္လာဟ်အရှင်မြတ်အား)ချစ်မြတ်နိုး ကြောက်ရွံ့ဆုံးသော၊
အပြစ်များမှ အများဆုံးကြဉ်ရှောင်သောဖြောင့်မတ်မှန်ကန်သူသာလျှင်
အလ်လာဟ်အရှင်မြတ်ထံတော်ဝယ် အမြင့်မြတ်ဆုံးသောသူဖြစ်၏။
(ကုရ်အာန် ၄၉း၁၄)

အရှင်မြတ်ထံတော်ပါးတွင်ရှိသည့် သာလွန်မှုမှလွဲ၍ ၊ အာရပ်တစ်ဦးသည်အာရပ်မဟုတ်သူတစ်ဦးထက်သည် သာလွန်သည်မဟုတ်သလို၊ အာရပ်မဟုတ်သူတစ်ဦးသည်လည်းအာရပ်တစ်ဦးထက် သာလွန်သည်မဟုတ်။ အဖြူသည်လည်း အမဲထက်မသာလွန်၊ အမဲသည်လည်းအဖြူထက်သာလွန်သည်မရှိချေ။ လူသားအားလုံးသည် အာဒမ်၏အဆက်အနွယ်သားမြေးများဖြစ်ကြပြီး ရွှံ့စေးမြေဖြင့်သာ ဖန်ဆင်းခံရ၏။မျက်မှောင့်ပြုကြလော့၊ သွေးကြွေးကြောင့် လည်းကောင်း၊ဥစ္စာဓနကြွေးများကြောင့်လည်းကောင်း လက်တုန့်ပြန်မှုအားလုံးကိုငါ၏ခြေမှောက်ရောက်စေလျက် သင်ပုန်းချေလိုက်ပြီဖြစ်သည်။ကအ်ဘာကျောင်းတော်ကို ထိန်းသိမ်းခြင်းနှင့် ဟာဂျီများကို
ရေပေးဝေခြင်းမှအပကျန်သမျှခပ်သိမ်းကား ကြွင်းကျန်မနေတော့ပြီ။

အို - ကိုရိုက်ရှ်အမျိုးသားတို့ ၊ အချို့သူများက မိမိတို့၏ ဖန်ဆင်းမွေးမြူတော်မူသောအရှင်၏ရှေ့တော်မှောက်တွင် နောင်တမလွန်ဘ၀ ဆုလာဘ်တော်များနှင့် ရှိနေစဉ်တွင်အသင်တို့သည် တရားစီရင်မည့် ထိုသည့်နေ့တော်ကြီးတွင်ဤလောကီဝန်ထုပ်ဝန်ပိုးများဖြင့် ပြည့်နှက်လျက်ရှိမနေစေလင့်။ဤသို့သောအခြေအနေတွင် ငါသည် အရှင်မြတ်နှင့်ဆန့်ကျင်လျက်အသင်တို့နှင့်အတူရှိနေမည်မဟုတ်ချေ။မျက်မှောက်ပြုကြလော့၊ အတိတ်ခေတ်က အကျင့်ဆိုးအားလုံးသည်ငါ၏ခြေအောက်ရောက်စေပြီး သင်ပုန်းချေလိုက်ပြီ၊ ချေမှုန်းပစ်လိုက်ပြီဖြစ်၏။အတိတ်ခေတ်က လက်တုန့်ပြန်မှု၊ သွေးထွက်သံယို ကလဲ့စားချေတိုက်ခိုက်မှုများ၊ရန်ငြိုးရန်စအားလုံးကို လွတ်ငြိမ်းစေလိုက်ပြီ၊ ဥပက္ခာပြုလိုက်ပြီ၊သင်ပုန်းချေလိုက်ပြီ၊ ပယ်ဖျက်လိုက်ပြီ။

အို - လူသားအပေါင်းတို့၊ အမှန်ပင်၊ အသင်တို့သည် အသင်တို့၏ ဇနီးမယားများအပေါ်တွင် အခွင့်အရေးရှိသကဲ့သို့အသင်တို့ဇနီးမယားများသည်လည်းအသင်တို့အပေါ်အခွင့်အရေးတန်းတူရှိသည်သာ။ အသင်တို့ဇနီးမယားများအားအိမ်ထောင်ရေးဆိုင်ရာအခွင့်အရေးပေးလျက် ဂုဏ်သိမ်ချီးမြင့်ရန်အသင်တို့အပေါ်တာဝန်တင်ပြီး သင့်လျော်မှုမရှိသော မမျှတသည့် အမှုမျိုးကိုမကျူးလွန်ကြလင့်။ သို့သော် (သင်တို့၏ဇနီးမယားများက စတင်၍)ထိုသို့ကျူးလွန်ကြပါလျှင် သူတို့အား အိပ်ယာခွဲရန်နှင့် ပြင်းထန်မှုမရှိသောအပြစ်ပေးရန် အခွင့်ရှိပေသည်။

အကယ်၍ အသင်တို့ဇနီးမယားများသည် စောင့်စည်းထိန်းသိမ်းသော ကာယိနြေ္ဒပိုင်ရှင်များဖြစ်ကြပါလျှင် သူတို့အား အ၀တ်တန်ဆာစီလျော်လျောက်ပတ်စွာဆင်ယင်ပေးခြင်းနှင့် ကောင်းမွန်တင့်တယ်စွာကျွေးမွေးခြင်းကို မလင့်ဟင်းကြစေလင့်။မှတ်သားလော့၊ အသင်ဇနီးမယားတို့အနေဖြင့် အသင်တို့ခင်ပွန်းသည်များ၏ခွင့်ပြုချက်မရဘဲ ပစ္စည်းတစ်စုံတစ်ရာကိုတစ်ပါးသူအားပေးကမ်းခြင်းမပြုကြလင့်။မှတ်သားလော့၊ အမျိုးသမီးများအား ကောင်းမွန်သိမ်မွေ့စွာ ဆက်ခံကြလော့။အမျိုးသမီးများနှင့်ပတ်သက်၍မူ အလ္လာဟ် အရှင်မြတ်အားကြောက်ရွံ့ကြလော့၊ ဧကန်ပင်၊ အသင်တို့သည် အလ္လာဟ် အရှင်မြတ်၏လုံခြုံစေခြင်းကာကွယ်မှုအပေါ်မှ သူမတို့အားဆောင်ယူခဲ့ကြသလို အရှင်မြတ်၏နုတ်ကပါတ်တော်များဖြင့် သူမတို့အား တရားဝင်စေခဲ့ကြသောကြောင့်ပင်။ချေးယူထားသည့် ငွေကြေးအားလုံးကို ပြန်လည်ပေးဆပ်ကြရမည်။

ချေးယူထားသည့်ပစ္စည်းဥစ္စာများကိုလည်း ပြန်လည်ပေးဆပ်ကြရမည်။ မိမိရရှိသည့် လက်ဆောင်ပဏ္ဍာများကိုလည်း အတုန့်အလှည့်ဖြင့်ပြန်လည် လက်ဆောင်ပေးသင့်လေသည်။ မိမိတို့ထံ (တစ်စုံတစ်ယောက်က) စိတ်ချယုံကြည်စွာအပ်နှံထားသည်များမှအကြောင်းတစ်ခုခုကြောင့် အပ်နှံသူတစ်စုံတစ်ရာဆုံးရှုံးခဲ့လျှင် ထိုသူသည် အကောင်းဆုံးပြုလုပ်ပေးခြင်းဖြင့်အပ်နှံသူကို ကျေနပ်စေရမည်။ အသင်တို့၏ အခိုင်းအစေများနှင့်ပတ်သတ်၍မူအသင်တို့ကိုယ်တိုင်စားသောက်သည့်အတိုင်း သူတို့အားကျွေးမွေးကြပါလေ။အသင်တို့ဝတ်ဆင်သည့်အတိုင်း သူတို့အား ဆင်ယင်ပေးပါလေ။ကျွန်ုပ်၏နောက်တွင် လမ်းမှားသို့မလိုက်မိစေရန်လည်းကောင်း၊တစ်ယောက်၏လည်ကုပ်ကို တစ်ယောက်ညှစ်သကဲ့သို့သတ်ပုတ်ခိုက်ရန်ဖြစ်ပွားခြင်းမရှိစေရန် စောင့်စည်းထိန်းသိမ်းကြပါလေ။

အမှန်စင်စစ်သော်ကား ကောင်းမှုနှင့်မကောင်း မှုတို့မှာ တူကြသည်မဟုတ်ပေ၊(သို့ဖြစ်ပေရာ) အသင်သည် (မကောင်းမှုကို) ကောင်းမှုဖြင့် ခုခံတွန်းလှန်ပါလေ။ သို့ဖြစ်လျှင် အကြင်သူနှင့် အသင်၏အကြား၌ ရန်ငြိုးရှိသော်လည်းထိုသူသည် မိတ်ဆွေအရင်းကဲ့သို့ ဖြစ်လာပေမည်။(ကုရ်အာန် ၄၁း၃၅)

** ကုရ်အာန်ကိုစွဲမြဲစွာကိုင်ထားရမည် **

Special thanks to brother ကျော်ဇေယျာဦး

Monday, March 23, 2009

“ချစ်ကြည်မြတ်နိုးဖွယ် တို့တမန်တော်” part 5

.
ငြိမ်းချမ်းရေးတမန်တော်
တမန်တော်မြတ်သည် အစ္စလာမ်ကို တင်ပြခဲ့ခြင်းကြောင့် မက္ကာဟ်မြို့သားများမှာ အလုံးအရင်းနှင့် ရန်သက္ကရု ပြုလာခဲ့ကြသည်။ နောက်ဆုံးတွင် တမန်တော်မြတ်ကို လက်နက်စွဲကိုင်ပြီး ဆန့်ကျင်လာခဲ့က၏။ မည်မျှပင် ခက်ခဲကြမ်းတမ်းမှုများ၊ ဆင်းရဲပင်ပမ်းမှုများနှင့် ကြုံတွေ့ခဲ့ရသော်ငြါးလည်း တမန်တော်မြတ်မှာ စိတ်ပျက်အားလျော့ခြင်းမရှိခဲ့ေ
ပ။ အလံမလဲခဲ့ပေ။ နောက်ဆုံးတွင် မိမိ၏အသက်ဘေးအန္တရာယ်နှင့် အစ္စလာမ် သာသနာ့အရေးအတွက် မဒီနာမြို့သို့ ထွက်ခွာပြောင်းကြွခဲ့ရရှာ၏။
တမန်တော်မြတ်ကြီးနှင့် လူထုကြီးမှာ မက္ကာဟ်မှ အတန်ငယ်ကွာလှမ်းသည့် ဟုဒိုင်ဗီယာအရပ်ကို ရောက်သည့်တိုင်အောင် မနားမနေခရီးဆက်ခဲ့သည်။ ဤနေရာတွင် ဝမ်းသာပျော်ရွှင်နေသော ဟာဂျီများ၏ မျက်နှာမှာ တမဟုတ်ခြင်း လငပုတ်ဖမ်းသည့်နှယ် ညိုမဲသွားကြ၏။ မက္ကာဟ်မှ သံတမန်တစ်ဦးက တမန်တော်မြတ်ထံ ရောက်လာပြီး 'ဤနေရာမှ ရှေ့ကို တလှမ်းစာသော်မျှတိုးရန် မကြံပါနှင့်' ဤသတိပေးချက် ကို မလိုက်နာပါက မွတ်စလင်မ်များအဘို့ ဒုက္ခဆိုးနှင့် ကြုံတွေ့ရပေမည်။ မက္ကာဟ်မြို့သို့ အသင်တို့ ဝင်ရောက်ခွင့်မရှိဟု ရာဇသံပေးလာခဲ့၏။ အတော်အတန်အရေးဆို တောင်းပန်သည့်အခါတွင်မှ မက္ကာဟ်သားများ က စာချုပ်တစ်ရပ် ချုပ်ဆိုရေးကို ဆွေးနွေးကြရန် သဘောတူညီခဲ့ကြ၏။
စာချုပ်ပါစကားများမှာ မွတ်စလင်မ်တို့ကို အကြီးအကျယ် လှုပ်လှုပ်ရှားရှားဖြစ်စေခဲ့သည်။ သို့သော် တမန်တော်မြတ်(ဆွ)က ယင်းတို့အား ဆိတ်ငြိမ်စွာနေစေခဲ့ပြီး စာချုပ်ကို ရေးသားရန် အမိန့်ပေးခဲ့၏။ ဤစာချုပ် ချုပ်ဆိုရာနေရာတွင် မွတ်စလင်မ်တစ်ထောင့်လေးရာထိစုဝေးလျက်ရှိနေ၏။ အားလုံးပင် ကြံ့ခိုင်သန်စွမ်းပြီး ရဲစွမ်း သတ္တိအပြည့်အဝရှိကြ၏။ လက်နက်စဲကိုင်ပြီး တိုက်ပွဲဝင်ရဲသူများဖြစ်၏။ အစ္စလာမ့်ညီနောင်များအတွက် အသက်ကို ပဓာနမထားကြသူမျပင် ဖြစ်ကြ၏။ သို့သော် တမန်တော်မြတ်က ဤစာချုပ်ချုပ်ကို လက်မှတ် ရေးထိုးခဲ့သည်မှာ ငြိမ်းချမ်းရေးကို ရှေ့ရှုပြီး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပေသည်။
ငြိမ်းချမ်းရာအစစ်အမှန်အစ္စလာမ်ကို လက်တွေ့သရုပ်သကန်ဖော်ကျူးခဲ့သည့် မဟာတမန်တော်မြတ်၏ စွန္နသ် မေတ္တာလမ်းစဉ်သည် လောကအဝှန်းကို ဆင်းရဲခပ်သိမ်း၊ ဒုက္ခခပ်သိမ်း၊ ကြောင့်ကြခပ်သိမ်းမှ အမှန်တကယ် လွတ်ငြိမ်း နိုင်ပါသည်။ ဤအချက်ကို အကြမ်းမဖက်ရေးဝါဒီ မဟတ္တမဂန္ဒီကြီး၊ ပြင်သစ်ဘုရင် နပိုလီယန်၊ အင်္ဂလိပ်စာရေးဆရာကြီး အားနဒ်ရှော၊ ရုရှားငြိမ်းချမ်းရေးသမားကြီး တော်လ်စတွိုင်း၊ အနောက်တိုင်း ဒဿနိကပဂေးကြီး ရပ်စဲလ်၊ သမိုင်းသုတေသီ မိုက်ကယ်အိပ်ခ်ျဟတ်စ် တို့အပြင် ခေတ်သစ်၊ ခေတ်နှောင်း၊ ခေတ်ဟောင်းတို့တွင် ပေါ်ထွန်းခဲ့သည့် ပညာရှင်သုတေသီ အမြောက်အမြားတို့က ဝန်ခံအသိအမှတ်ပြုခဲ့ပါသည်။ ဗြိတိန်နိုင်ငံ၏ အိမ်ရှေ့မင်းသား ချားလ်စ်သည် ဤစာရင်းတွင် ထိပ်ဆုံးကပါပေသည်။
မေတ္တာရှင်၏ ငြိမ်းချမ်းရေးလမ်းစဉ်နှင့် ချစ်မြတ်နိုးဖွယ်ရာ ပြုမူကျင့်ဆောင်ချက်များသည် လူသားတို့အား နှစ်ဘဝချမ်းမြေ့သာယာရေးကို လက်တွေ့ ကျကျ သရုပ်ဖော်ထားပါသည်။ နှလုံးသားကိလေသာကြေးညှော်တို့မှ ကင်းစင်စေရေးမှသည် အတွင်းအဇ္ဈတ္တသန္တာန်၌ သန္တိသုခစိုက်ရေးအထိ အလေးဂရုပြုကာ နည်းပေးလမ်းပြထား ပေသည်။
လူမှုဆက်ဆံရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဘက်စုံပညာရေး၊ စူးစမ်းရှာဖွေ သုတေသနပြုရေး စသည်တို့ကို အစ္စလာမ်ဓမ္မတွင် တွေ့မြင်ရမှာဖြစ်သလို လူသားဝါဒ ဖော်ထုတ်ရေး၊ အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေး၊ လူမျိုးကြီးဝါဒနှင့် ဇာတ်စနစ်ဖျက်သိမ်းရေး၊ ကျွန်စနစ်ချုပ်ငြိမ်းရေး၊ ဝိသမလောဘကိုအရင်းခံသည် လက်ဝါးကြီးအုပ် ဂုတ်သွေးစုပ် စီးပွားရေးစနစ်ပပျောက်ရေး၊ သမာအာဇီဝကျသော စီးပွားရေး စနစ်ဖြင့် အသက်မွေးဝမ်းကျောင်းထူထောင်ရေး၊ အမျိုးသမီးများဘဝမြှင့်တင်ရေး၊ လူငယ်ဘဝ စနစ်တကျ ပြုစု ပျိုးထောင်ရေး၊ သက်ကြီးရွယ်အိုတို့အား စောင့်ရှောက်ရေး၊ တိရိစ္ဆာန်အခွင့်အရေး အပြည့်အဝပေးရေး၊ မွေးရပ်မြေကို ချစ်မြတ်နိုးရေး၊ အမျိုးသားရေးတာဝန်များ ကျေပွန်ရေး၊ ပြည်ထောင်အချင်းချင်း ဆက်ဆံရေး၊ ဂျီနီဗာကွန်ဗင်းရှင်း၏ ရေသောက်မြစ်ဟုဆိုနိုင်သော စစ်နှင့်ငြိမ်းချမ်းရေးကာလ ဥပဒေသတို့မှာ မြတ်တမန်တော် ကိုယ်တော်တိုင် ကျင့်သုံးခဲ့သည့် လောကပါလတရား တစ်စိတ်တဒေသာလျှင်ဖြစ်ပေသည်။
ယနေ့ကမ္ဘာတွင် ကမ္ဘာ့ကုလသမဂ္ဂ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၊ ကလေးများရန်ပုံငွေ အဖွဲ့၊ မြာက်အတ္တလန္တိတ်စာချုပ်နိုင်ငံများက အစရှိသည့်အဖွဲ့အစည်းများက အဓိကထား ဖ်ာဆောင်နေကြသော တရားမျှတမှု၊ လူသားချင်းစာနာမှု၊ ကလေးငယ်များ၏ အခွင့်အရေးများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ အိမ်နီးချင်းများ အပေါ်ထားရှိရမည့် တာဝန်ဝတ္တရားများသည် အစ္စလာမ်သာသနာဝင်များအတွက် အလ္လာဟ်အရှင်မြတ်က ချပေးသနားတော်မူခဲ့ကာ ကျမ်းမြတ် ကုရ်အာန်၌ရှင်းလင်းထားရှိပြီး တမန်တော်မြတ်(ဆွ)ကိုယ်တိုင်လည်း စံပြလက်တွေ့ဖော်ဆောင်လိုက်နာခဲ့ပြီးဖြစ်ပေသည်။ ဤသည်တို့မှာ တမန်တော်မြတ်ကြီး၏ မေတ္တာတရားနှင့် ယှဉ်၍ ပြုမူဆောင်ရွက်ခဲ့သောချစ်စဖွယ်အပြုအမူများပင် ဖြစ်ပါသည်။

နိဂုံး
မဟာတမန်တော်မြတ်ကြီး၏ ဘဝတစ်လျှောက် ကျင့်သုံးခဲ့သည့် အကြောင်းအရာများသည် အစ္စလာမ် သာသနာဝင်များအတွက်စံပြုနမူနာယူဖွယ်၊ ချစ်မြတ်နိုးဖွယ်ရာများပင်ဖြစ်ပေသည်။
'ကြာလည်းမနှောင်း - နှောင်းလည်းဆန်းသစ်
ကဏ္ဍသစ်ကို - မြတ်ချစ်တမန်ဖွင့်ခဲ့သည် 'ဆိုသည့် ကဗျာလေးအတိုင်းပင် တမန်တော်မြတ်ကြီးသည် ကျွန်ုပ်တို့အတွက် 'ချစ်ကြည်မြတ်နိုးဖွယ်တို့တမန်တော်'ပင်ဖြစ်ပါပေတော့သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ ခေါင်းဆောင်ကြီး တမန်တော်မြတ်(ဆွ)၏ သွန်သင်ဆုံးမမှုများကို နောက်လိုက်ကောင်းများပီပီ လိုက်နာ ဖော်ထုတ်ကြပါစို့ . . . . . . ။

Special thanks to sister Imaamah

Friday, March 20, 2009

“ချစ်ကြည်မြတ်နိုးဖွယ် တို့တမန်တော်” part 4

.
ရန်ကုန်ရန်ချင်းမတုန့်နှင်းဘဲ မေတ္တာတရားဖြင့် အနိုင်ယူခဲ့ပုံ
တမန်တော်မြတ်၏ ဟောကြားချက်များကို တစ္ဆေ၊ မိစ္ဆာ ဆင်းတု ရုပ်ပွား၊ စုံးနတ်ကဝေ စသည်တို့ကို နှစ်ခြိုက် ကိုးကွယ်နေကြသော ပြည်သူအများကြားသည့်အခါ ယမ်းနှင့် မီးတွေ့သလို ဒေါသမာန်ထွက်ကြပြီး တမန်တော်အား ကျောက်ခဲများနှင့် ပေါက်ကြလေသည်။ ကိုယ်တော်မှာ မရှုမလှခံစားသည့်အခါ ကရုဏာသက်သူတို့က ကိုယ်တော်အား ရက်စက်သူများအပေါ် ကြီးလေးသော အပြစ်ဒဏ်ကျရောက်စေရန် ကျိန်ဆိုတော်မူပါလော့ဟု လျှောက်ကြသည်။ ကိုယ်တော်က လက်တော်ကိုမြှောက်၍ 'အလ္လာဟ်အရှင်မြတ်သည် ဝေနေယျသတ္တဝါအပေါင်းတို့အပေါ်၌ ကရုဏာ မေတ္တာတရားပြန့်ပွားစေရန် ကျွန်ုပ်ကိုစေလွှတ်တော်မူသည်။ သို့ပါလျက် ၎င်းတို့အပေါ်ဝယ် အပြစ်ကျရောက်ရန် အဘယ်ကဲ့သို့ ကျိန်ဆိုပါအံ့နည်း'ဟု မိန့်ဆိုခဲ့သည်။

ပကတိအေးချမ်းတည်ငြိမ်သောတမန်တော်မြတ်(ဆွ)
တစ်ခါက တမန်တော်မြတ်က ဟာဂ်ျပြုရန်သွားသောအခါ အဲဟ်ရာမ်ဝတ်စုံအနေဖြင့် ဟောင်းနွမ်း နေသော အထည်အား ဝတ်ဆင်ထားသည်ကိုတွေ့ရသည်။ ယင်းအပေါ်တွင် အပေါက်များကို ဖာထေး ထားသည်။ ဟာဂ်ျကာလတွင် တမန်တော်မြတ်က အလ္လာ့ဟ်ထံသို့ ဆုတောင်းသည်မှာ 'အို - အလ္လာဟ် အရှင်မြတ် - ဤသည်ကျွန်ုပ်၏ ဟာဂ်ျ ဖြစ်ပါသည်။ မည်သည့်ပြစားမှုလည်းမရှိပါ။ မည်သည့်ဂုဏ်ဖော်ခြင်းလည်း မပြုပါ'ဟုဆိုခဲ့သည်။
စကားအရာတွင် မလိုအပ်လျှင်မပြောတတ်၊ အလဟဿစကားကို ပြောဆိုခြင်းမရှိပေ။ သူတစ်ပါးကို ပင့်မြှောက်ခြင်းလည်းမပြု။ တမန်တော်မြတ်ပြုံးခြင်းသည် ရယ်ခြင်းပင်ဖြစ်သည်။ စကားအရာတွင် အလွန်နှေးခြင်း မရှိသကဲ့သို့ မြန်မြန်ဆန်ဆန်စကားပြောခြင်းလည်းမရှိပါ။ ရဲဘော်ရဲဘက် ဆွဟာဗီတို့က တမန်တော်မြတ်၏ ပြုံးခြင်းကို သဘောတူညီမှုအဖြစ် မှတ်ယူထားကြသည်။ တမန်တော်မြတ်၏ အစုအဝေးသည် ပညာဗဟုသုတ ဖြန့်ဝေရာ အစုအဝေးဖြစ်သည်။ စောင့်ထိန်းတတ်မှု၊ တာဝန်သိမှု၊ ကောင်းမြတ်သော ကျင့်စဉ်ကျင့်ရပ်ကို ဖြန့်ဝေပေးနိုင်ခြင်း ပြုသောနေရာလည်းဖြစ်သည်။ သူတစ်ပါးအကြောင်းကို ဝေဖန်မှုပြုရာ၊ အတင်းအဖျင်းပြောရာ နေရာလည်းမဟုတ်ပေ။ တမန်တော်မြတ်မိန့်ချွေစဉ်ကာလ ရဲဘော်ရဲဘက်တို့၏ အာရုံပြုမှုအခြေအနေက အာရဗီစကားပုံအရ ပြောရသော် 'သူတို့၏ငြိမ်သက်မှုကြောင့် ခေါင်းပေါ်တွင် ငှက်များပင်နားနေနိုင်ပါသည်'ဟု ဆိုရပေမည်။

တမန်တော်မြတ်၏ ထူးကဲမွန်မြတ်လှသော ကိုယ်ကျင့်တရားများ
တမန်တော်မြတ်သည် အဘယ်မျှထူးကဲမွန်မြတ်လှသော ကိုယ်ကျင့်တရားများကို ပိုင်ဆိုင် ထားတော်မူလေသည်။ အံ့ဖွယ်ရာပင်ဖြစ်သည်။ မိမိလက်အောက်ငယ်သားများအား သွားကြကုန်။ မိမိတို့ အလုပ်များကို ဆောင်ရွက်ကြကုန်ဟု မိန့်ကြားရန် အားနာတော်မူလေသည်။ ဤသည်ကား ကိုယ်တော်၏ ကိုယ်ရေးကိုယ်တာ ကိစ္စများနှင့် ပတ်သက် သည့်အခါမျိုး၌ဖြစ်သည်။
တစ်ခါက လူတစ်ဦးသည် တမန်တော်မြတ်(ဆွ)ထံ ဆိတ်များတောင်းလေသည်။ ထိုဆိတ်များသည် တမန်တော်မြတ်(ဆွ)ပိုင်ဆိတ်များဖြစ်သည်။ ထိုဆိတ်အုပ်သည် တောင်နှစ်လုံးကြား၌ ကျက်စားလျက်ရှိသည်။ တမန်တော်မြတ်(ဆွ)သည် ဆိတ်အားလုံးကို ထိုသူအားပေးလိုက်သည်။ ထိုသူသည် ဆိတ်အုပ်ကိုယူ၍ မိမိအမျိုးသားများထံသို့ ရောက်ရှိ၍ မိမိ၏အမျိုးသားများအား ပြောပြသည်မှာ 'ကျွန်ုပ်၏အမျိုးသားအပေါင်းတို့ အစ္စလာမ်သာသနာအား လက်ခံကြကုန်။ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ ပြောနေပါသည်။ မုဟမ္မဒ်(ဆွ)သည် အလွန်ရက်ရောသူ ဖြစ်သည်။ ပေးကမ်းစွန့်ကြဲသည့်နေရာ၌ ဆင်းရဲသွားမည်ကို ထည့်သွင်းစဉ်းစားခြင်းမရှိပါ'ဟုပြောလေသည်။ 'မွတ်စလင်မ်ကျမ်း'
သာဝကကြီး အတ်စ်ဝသ်(ရသွေ့)သခင်ထံမှ ဆင့်ပြန်ခဲ့သည်။ ထိုသာဝကကြီးပြောပြခဲ့သည်မှာ ကျွန်ုပ်သည် အာအေရှာသခင်မအား တမန်တော်မြတ်(ဆွ)သည် အိမ်၌ရှိစဉ် မည်သည့်အမှုကိစ္စများကို ဆောင်ရွက်တော်မူသနည်းဟု မေးမြန်းလျှောက်ထားရာ သခင်မက အိမ်တွင်းကိစ္စများကို ကူညီ ဆောင်ရွက်တော် မူသည်ဟု မိန့်ကြားလေသည်။ (ဗုခါရီကျမ်း)
တမန်တော်မြတ်(ဆွ)၏ တမန်တော်သက်တမ်းမှာ ကာလအားဖြင့် (၂၃)နှစ်သာရှိသည်။ ဆောင်ရွက်မှု အတိုင်း အတာမှာမူ ကိယာမသ်နေ့အထိ ကျယ်ဝန်းမှုရှိသည်။ ထို့ကြောင့် တမန်တော်၏ဘဝတာမှာ တစ်စက္ကန့် ဟူသော အချိန်ကာလသည်ပင် နှစ်ပေါင်းထောင်သောင်းမကထက် ညီသည်ဟု ဆိုရပေမည်။

Special thanks to sister Imaamah

Wednesday, March 18, 2009

“ချစ်ကြည်မြတ်နိုးဖွယ် တို့တမန်တော်” part 3

.
တမန်တော်မြတ်(ဆွ)က ရန်သူများအား ခွင့်လွှတ်ချမ်းသာပေးတော်မူခြင်း
တမန်တော်မြတ်(ဆွ)က မိမိအား အမျိုးမျိုးစော်ကား နှောက်ယှက်ကြ၊ ခဲနှင့်ပေါက်ကြ၊ သေကြောင်းကြံကြ၊ စစ်ပွဲအလီလီ ဆင်နွှဲခဲ့ကြသည့် ရန်သူတို့အလယ်တွင် အောင်နိုင်သူအဖြစ်နှင့် ရှိနေသည်။ သူတို့အား ရှင်စေသေစေဟု အာဏာကုန် အမိန့်ပေးနိုင်ချေလည်းရှိနေသည်။ သို့သော်လည်း ရန်သူကို လုံးဝ လက်တုန့်မပြန်။ အာဏာလည်း မဖက်ခဲ့။ ပြစ်ဒဏ်လည်းမစွက်ခဲ့။ 'လွတ်ငြိမ်းချမ်းသာရာ ရသူများအဖြစ်နှင့် သွားကြ'ဟူသော စကားတစ်ခွန်းတည်းနှင့် မေတ္တာထား တုန့်ပြန်ပြခဲ့သည်။ တမန်တော်မြတ်သည် လူသားအားလုံးကို ချစ်ကြည်စုံမက်တော်မူခြင်းကြော
င့် မည်သူ့အပေါ် တွင်မျှ အမုန်းမပွားခဲ့။ သို့သော် လူတို့အနေနှင့် ထိန်းကွပ်နိုင်ခြင်းမရှိသော အရာအချို့ကမူ အမှန်ပင်ရှိနေသည်။ တမန်တ်ာမြတ် (ဆွ)အပေါ် အပြစ်ရှာသည်ကား တကယ်တော့ မိမိကိုယ်ကိုသာလျှင် မတော်မတရားပြုရာရောက်စေမည် ဖြစ်ပါသည်။

တမန်တော်မြတ်(ဆွ)၏ ရက်ရောလှပုံ
ငါးပုံတစ်ပုံသော သုံ့လက်ရပစ္စည်းများမှာ တမန်တော်မြတ် စိတ်ကြိုက်ပြုပိုင်ခွင့်ရှိသည်။ သူ့အတွက်ဟူ၍ ချန်ထားခဲ့သည့် ရသမျှဝေစုထဲက အများဆုံးကို မိမိအား တစ်ချိန်က အသက်ကို လုပ်ကြံရန်အထိ အကြံပက်စက်ခဲ့ဖူးသည့် ရန်သူကြီးများ၏ မေတ္တာကို ရအံ့စိမ့်သောငှာ အကုန်ပုံအောပြီး ပေးတော်မူခဲ့သည်။ တမန်တော်မြတ်အနေနှင့် တစ်ချိန်က မက္ကာသား ရန်သူကြီးများအား သူတို့လိုလားနေကြသည့်အတိုင်း မိမိဘက်က သူတို့ဘက်ကို ချီးမြှင့်နိုင် သမျှကို ခွဲဝေပေးတော်မူခဲ့သည်။

မက္ကာမြို့တော်သည် ထာဝရဘေးမဲ့မြို့တော်ဟု တမန်တော်မြတ်(ဆွ)က ကြေညာတော်မူခြင်း
တမန်တော်မြတ်(ဆွ)သည် တစ်ရက်တာ မက္ကာမြို့တော်တွင် နေထိုင်စဉ်အတွင်းဝယ် လုပ်ဆောင်မှုများ ပြီးစီးသွားခဲ့သည်။ နံနက်မိုးလင်းချိန်တွင် ကအ်ဗာ၏ကျောင်းတော်ဝန်းကျင်၌ ခူဇာတို့က ဟုဒိုလ်မျိုးနွယ်မှ ရုပ်ထုကိုးကွယ်သူ တစ်ဦးအား သတ်ဖြတ်ခဲ့ကြောင်းကို တမန်တော်မြတ်မှာ သတင်းကြားခဲ့သည်။ ဤတွင်အမြတ်တော်ရှတော်မူသဖြင့် လူထုကြီးအား မိန့်ခွန်းမြွက်ကြားခဲ့သည်။ တမန်တော်မြတ်က အသက်ဖိုး လျော်ကြေးကို ပေးခဲ့သည်။ အသတ်ခံရသူကား ဒိဋ္ဌိတစ်ဦးဖြစ်ပြီး မိမိ၏မဟာမိတ်များအပေါ်တွင် မညှာစတမ်း တမန်တော်မြတ်က ဤသို့အပြစ်ဒဏ်ခပ်ခဲ့ခြင်းကို မက္ကာသားတို့က အံ့ဩမဆုံးဖြစ်ခဲ့ကြရသည် သူ၏တရားမျှတမှု စိတ်ရင်းကောင်းရှိမှုနှင့် ခွင့်လွှတ်ခြင်းကြီးမှုကိုကြည့်ပြီး အစုလိုက် အအုံလိုက် အစ္စလာမ်ကို လက်ခံလာခဲ့ ကြသည်။ မိန်းမရိုင်းကြီး ဟင်းဒ်သည်ပင် မွတ်စ်လင်မ်ဖြစ်လာခဲ့သည်။

တမန်တော်မြတ်၏ စာနာထောက်ထားတတ်မှု
လူတစ်ယောက်သည် မိမိကိုယ်တိုင် ဒုက္ခမဖြစ်ဖူးပါက သူတစ်ပါး ဒုက္ခကိုလည်း မသိတတ်ပေ။ စိတ်ဓါတ်လည်း မပျော့ပျောင်းပေ။ စာနာ ထောက်ထားမှုကို မသိပေ။ အလ္လာဟ်အရှင်မြတ်သည် တမန်တော်မြတ်အား ကမ္ဘာ့ကရုဏာရှင် အဖြစ်နှင့် စေလွှတ်တော်မူခဲ့သည်။ ထို့အတွက်ကြောင့်ပင် အလ္လာဟ် အရှင်မြတ်သည် တမန်တော်မြတ်အား ကမ္ဘာသူ ကမ္ဘာသားများကို သနားကြင်နာထောက်ထား စာနာတတ်တော်မူစေရန် ကလေးဘဝမှာပင် မိတဆိုး၊ ဖတဆိုး ဖြစ်စေ တော်မူခဲ့သည်။ ဒုက္ခဆင်းရဲမှု အမျိုးမျိုးနှင့်လည်း ရင်ဆိုင်စေတော်မူခဲ့သည်။ တမန်တော်မြတ်သည် ကမ္ဘာ့ကရုဏာရှင် ပီပီ ကမ္ဘာသူကမ္ဘာသား အားလုံးတို့အား ကြင်နာစာနာတော်မူသည်။ မိတဆိုး ဖတဆိုးကလေးများကို အလွန် သနားတော် မူသည်။ ဆင်းရဲသူ ဆင်းရဲသားများကို အလွန်ကိုယ်ချင်းစာနာတော်မူသည်။ သူတစ်ပါး၏ဒုက္ခကို မိမိဒုက္ခသဖွယ် ထင်မှတ်တော်မူသည်။ ကိုယ်ဖိရင်ဖိ ပြုစုတော်မူသည်။

Special thanks to sister Imaamah

Monday, March 16, 2009

“ချစ်ကြည်မြတ်နိုးဖွယ် တို့တမန်တော်” part 2

.
နဗီတမန်တော်မြတ်ဖြစ်ခြင်း
ယင်းသို့ ခေတ်စံနစ်နှင့် ယုံကြည်မှုတို့သည် ကြီးစွာမှားယွင်းတိမ်းချော်
နေသည်ကို သိမြင်နားလည်သော် ကျွန်ုပ်တို့၏ခေါင်းဆောင်ကြီး မဟာတမန်တော်မြတ် မုဟမ္မဒ်(ဆွ)သည် အမိုက်မှောင်ကမ္ဘာကို တော်လှန်ပြောင်းလဲပစ်ရန် ကြိုးပမ်းအားထုတ်ခြင်းပြုလာပေ၏။ ခေတ်ဆိုး၊ စံနစ်ဆိုးနှင့် လူဆိုးကြီးများကို ဖယ်ရှား၍ ခေတ်သစ်၊ စံနစ်သစ်၊ ယုံကြည်မှုအသစ်၊ လူသစ်များကို ဖန်တီးရန် ကြံစည်အားထုတ်လာခဲ့ပေသည်။
တမန်တော်မြတ်(ဆွ) သက်တော်(၄၀) အရွယ်တွင် အောက်လ္လာဟို့အရှင်မြတ်သည် တမန်တော်မြတ်အား လူသားတို့၏ နောက်ဆုံးတမန်တော်ဘွဲ့ကိုအပ်နှင်း၍ အလ္လာဟ်အရှင်မြတ်၏ ဝဟီများ(ဗျာဒိတ်များ)ကို တဆင့် ဖြန့်ဝေစေတော်မူခဲ့လေသည်။
တစ်နေ့သောအခါ တမန်တော်မြတ်သည် ဟီရာလိုဏ်ဂူတွင် တရားအားထုတ်နေစဉ် ကောင်းကင်တမန် ဂျီဗရာအီလ်ရောက်ရှိလာပြီး အလ္လာဟ်အရှင်မြတ်ထံတော်မှ အောက်ပါမုက္ခပါဋ္ဌ်တော်ကို ရွတ်ဖတ်သရဇ္ဈာယ်တော် မူပါမည့်အကြောင်း လျှောက်ထားပန်ကြားလေတော့သည်။
'မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၏ နာမတော်ဖြင့် အသင်ဖတ်ပါလေ။ ထိုအရှင်မြတ်သည် (ကမ္ဘာအဝှမ်းကို)ဖန်ဆင်းတော်မူ၏။ ထိုအရှင်မြတ်သည် လူသားအား သွေးခဲတစ်ခုဖြင့် ဖန်ဆင်းတော်မူ၏။ အသင်ဖတ်ပါလေ။ အသင့်အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်သည် အလွန်နူးညံ့သိမ်မွေ့တော်မူ၏။ ထိုအရှင်မြတ်သည် ကလောင်ဖြင့် သင်ကြားပေးတော်မူ၏။ ထိုအရှင်မြတ်သည် လူသားအား ထိုလူသား မပြုသော အရာများကို သင်ကြားပေးတော်မူ၏။' (ကုရ်အာန် ၉၆း၁-၅)
အထက်ပါ ဒေသနာတော်သည် အလ္လာဟ်အရှင်မြတ်ထံမှ တမန်တော်မြတ်ထံသို့ ဦးစွာပထမ ကျရောက်လာ ခဲ့သော မုက္ခပါဋ္ဌ်တော်ဖြစ်၏။

တမန်တော်မြတ်(ဆွ) ၏ စံပြဘဝ
တမန်တော်မြတ်(ဆွ)သည် ကွယ်လွန်ချိန်ထိတိုင် စံပြဘဝဖြင့် လက်တွေ့နေထိုင်သွားခဲ့သည်။ စည်းစိမ်မခံ၊ အခွင့်ထူးမခံ၊ ကုရ်အာန်ကိုလက်ခံခြင်း၊ ပို့ချခြင်း၊ နှုတ်တိုက်ချပေးခြင်းဖြင့်လည်းကောင်း၊ ဆင်းရဲသားများနှင့် ခရီးသွားများကို လှူဒါန်းခြင်းဖြင့်လည်းကောင်း၊ မမာမကျန်းဖြစ်နေသူများနှင့် ချိနဲ့သူများထံ သွားရောက်ခြင်းဖြင့်လည်းကောင်း၊ မွတ်စလင်ဟုတ်သူကိုဖြစ်စေ၊ မဟုတ်သူကိုဖြစ်စေ ကောင်းကျိုးဆောင်ပေးခြင်းဖြင့်လည်းကောင်း၊ မိမိ၏အုပ်စုဝင်များ ကို နှုတ်အားဖြင့် ဆဲဆိုတိုက်ခိုက်လာခြင်းကိုလည်းကောင်း၊ ဓားလှံလေးမြားအားဖြင့်လည်းကောင်း အစဉ်တဆက် ရန်ပြုလာချက်များကိုလည်းကောင်း အကာအကွယ်ပေးခဲ့သည်။
ရှေးယခင်က လုံးဝမရှိခဲ့သည့် ဘာသာရေးကို ထိပ်တန်းထား အုပ်ချုပ်သည့်စနစ်ကို အောင်မြင်စွာ အခိုင်အမာ စီမံတည်ဆောက်ပေးခဲ့သည်။ မည်သည့်လူသားတစ်ဦးအနေနှင့်မျှ ဤသို့ မစွမ်းနိုင်ရာ။ သို့သော် တမန်တော်မြတ်(ဆွ) ၏ အင်ပါယာကြီးကမူ သန်းပေါင်း ရာပေါင်းများစွာသော လူသားတို့၏ နှလုံးသားများအပေါ် ဩဇာဝင့်ဆဲ စိုးမိုးလျက်ပင်။ ကုရ်အာန်၏ ဥပဒေများကလည်း တမန်တော်မြတ် ကွယ်လွန်ပြီးနောက်ပိုင်း နှစ်ပေါင်း (၁၄၀ဝ)ကြာသည့် ယနေ့ကာလ အထိတိုင်ပင် အစွမ်းအထက်ဆုံး အကြောင်းခများအဖြစ် တည်ရှိနေပေသည်။

ဗဒရ်စစ်ပွဲ၌ တမန်တော်မြတ်က မွတ်စလင်မ်တို့အပေါ် ပြသခဲ့သော မေတ္တာ
တမန်တော်မြတ်(ဆွ) က စစ်တလင်းတွင် မိမိ၏နောက်လိုက်များကို ခင်းကျင်းနေရာယူ စီစဉ်ပေးတော် မူသည်။ အင်အားက နည်းလွန်းရုံမက လက်နက်အင်အားကလည်း အင်မတန်မှပင် ချို့တဲ့လွန်းနေခြင်းကိုမြင်ပြီး တမန်တ်ာမြတ်ခမျာ စိတ်နှလုံးပူပန်နွမ်းလျမဆုံးဖြစ်နေမိရှာသည်။ တမန်တော်မြတ်သည် ကအ်ဗာဘက်လှည့်ပြီး အလ္လာဟ်အရှင်၏ရှေ့တော်ဝယ် ဦးချလျက်ရှိနေရှာသည်။ မိမိနောက်လိုက်များ၏အပြစ်များကို ခွင့်လွှတ်ချမ်းသာပေးတော်မူလှည့်ပါ။ မိမိအတွက် အရှင်၏ကတိတော်ကို အမှန်ပင်ပြည့်ဝစေတော်မူလှည့်ပါ။ မိမိအား ကူညီထောက်ပံ့တော်မူ လှည့်ပါဟု ဆုပန်မဆုံး ရှိနေခဲ့သည်။ မိမိတစ်ဦးတည်းသာလျှင် တတ်စွမ်း နိုင်သည့် ကျိုးနွံမှုမျိုးဖြင့် ကျိုးနွံလျက် မြေတွင် ဦးချပြီး ငိုကြွေးမပျက်ရှိနေတော်မူရှာသည်။ 'အရည်အတွက် အရရော အင်အားအရရော လုံးဝ အားရစရာမရှိလေပြီ။ အရှင်၏ အကူအညီတော်သာ လျှင် ကယ်တင်အားထားရာ ရှိပေတော့သည်'ဟု မြည်တမ်းလျက်ရှိရှာသည်။ မြတ်တမန်ကား တဒင်္ဂတာမျှ မှေးကနဲဖြစ်သွားခိုက်မှာပင် မိမိ၏ ဆုတောင်းပြည့်မည့်အကြောင်း အလ္လာဟ်အရှင်ဘက်က အဖြေကို ရရှိခဲ့ရှာသည်။ တမန်တော်မြတ်သည် ဝတ်ပြုရာက ထတော်မူခဲ့ပြီး ရင်ဝယ်ပီတိအဟုန်က သိမ့်သိမ့်တုန်လျက် မိမိ၏ အမျိုးသားထုထံ ကြွလှမ်းလာပြီး တိုက်ပွဲဝင်ရေးအတွက် အားပေးစကားဆိုခဲ့ရှာသည်။ လူထုကြီးကား စိတ်ဓါတ် အဟုန် အမြင့်ဆုံးထိတိုင်ထွက် သွားခဲ့ကြပြီး မိမိတို့မျက်စိရှေ့ဝယ် ဂျန္နသ်သုခဘုံကို မြင်ယောင်လျက် ရှိနေကြသည်။ တမန်တော်မြတ်က တိုက်ပွဲဝင်လော့ဟု နှိုးဆော်ခဲ့လေပြီ ယုံကြည်သူတို့ကား တစ်သားတည်း ဖြစ်သွားကြပြီး သူတို့ကား အသက်ရှင်နေရစ်ရန် တိုက်ပွဲဝင်ခြင်းမဟုတ်၊ အသေခံရန် တိုက်ပွဲဝင်ကြခြင်းဖြစ်သည်ဟု ယုံကြည်ခဲ့ကြလေသည်။
မွတ်စလင်မ်တို့က မဒီနာမြို့သို့ သုံ့ပန်းများထက် တစ်ရက်အလျှင်စောပြီး ရောက်လာခဲ့ကြသည်။ နောက်နေ့တွင် အကျဉ်းသားများ ရောက်လာခဲ့ကြရာ၌ ကြင်ယာတော် စောင်ဒဟ်သခင်မမှာ အဗူ ယဇီဒ်ဆုဟိုင်လ်ကိုမြင်ခဲ့ရသည်။ သူမက သူ့ကိုမြင်သည်တွင် 'အို - အဗူယဇီဒ် အရှုံးပေးအညံ့ခံလိုက်ပြီလား၊ လက်ပေးအောက်ချခံလိုက်ပြီလား။ ဒီလိုအညံ့ခံတာထက်စာရင် သေရတာက ပိုမြတ်သေးတယ်'ဟု ပြောချလိုက်သည်။ ဤသို့ သရော်ပြောလိုက်ခြင်းသည် သုံ့ပန်းကို လက်နောက်ပြန်ကြိုးတုတ်ထားခြင်းကို မမြင်မိဘဲ ပြောဆိုလိုက်ခြင်းဖြစ်သည်။ မိမိကြင်ရာတော်၏ နှုတ်မှ ဤသို့ပြောဆိုသံကို အိမ်တော်တွင်ရှိနေသည့် တမန်တော်မြတ်က ကြားသိသွားခဲ့သည်တွင် 'အို - နှမတော် စောင်ဒဟ်၊ ရှင်မက သူ့အား အလ္လာဟ်အရှင်၏ တမန်တော်ကြီးကို ဆန့်ကျင်ဖို့ မြှောက်ထိုးပင့်ကော်လုပ်နေခြင်းလား' ဟုမေးလာသည်။ ကြင်ယာတော်က 'အို - အလ္လာဟ်၏တမန်တော် အသင့်အား သစ္စာတရားနှင့်အတူ စေတော်မူသော အရှင့်ကို တိုင်တည်ပါ၏။ သူတို့ကို ဤအခြေအနေမျိုးနှင့်တွေ့ရသည်တွင် ကျွန်မစိတ်က မပြောဘဲမနေနိုင်၍ ဖြစ်ရပါသည်'ဟု ပြန်လည် လျှောက်ထားတော်မူခဲ့သည်။
ဤဖြစ်ရပ်က ထိုစဉ်ကရှိနေသည့် လွတ်လပ်စွာပြောဆိုခွင့်ရှိပုံကို ထင်ဟပ်ခြင်းဖြစ်ပါသည်။ စောင်ဒဟ် သခင်မမှာ အကျဉ်းသားများအပေါ် သနားကရုဏာမရှိ၍ကားမဟုတ်ချေ။ တမန်တော်မြတ် ကိုယ်တော်တိုင်လည်း သုံ့ပန်းများအပေါ် စာနာမှုထားရှိသည်။ မက္ကာသားတို့ဘက်ကလာပြီး မရွေးမချင်း သို့တည်းမဟုတ် အလ္လာဟ်အရှင်မြတ်ဘက် သူတို့နှင့်ပတ်သက်ပြီး အမိန့်တစ်စုံတစ်ရာ မကျရောက်မချင်း မွတ်စလင်မ်တို့အနေနှင့် ဤသုံ့ပန်းများကို လုံးဝသိမ်မွေ့ နူးညံ့စွာ သဘောထားကြီးစွာဖြင့် ဆက်ဆံခြင်းပြုကြဟု မိန့်ဆိုအပ်နှံတော် မူခဲ့သည်။

Special thanks to sister Imaamah

Saturday, March 14, 2009

“ချစ်ကြည်မြတ်နိုးဖွယ် တို့တမန်တော်” part 1

.
ကျေးဇူးတော်အစုံ ဂုဏ်တော်အနန္တနှင့်ပြည့်စုံ၍ မပြတ်မစဲ သနားကြင်နာတော်မူသော
အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့် အစပြုပါ၏။

နိဒါန်း
“အို - ငါအရှင်၏အချစ်တော် တမန်တော်မြတ်၊ ငါအရှင်သည် မောင်မင်းအား အကြောင်းမဲ့ စေလွှတ်တော်မူသည် မဟုတ်။ စေလွှတ်တော်မူခြင်းအလိုကား (အားလမီးန်) စကြ၀ဠာတစ်ခုလုံး ရဟမသ် ဂရုဏာတော်များ ရရှိစေရန်တည်း။” (ကျမ်းမြတ်ကုရ်အာန် ၂၁း၁၀၇)
ကျမ်းမြတ်ကုရ်အာန် တစ်စောင်လုံးတွင် ‘ရဟမသ်’ဟူသောစကားသည် အလ္လာဟ်အရှင်မြတ်က မိမိ၏ ဂုဏ်တော်ကို ဖွင့်ဆိုရာ၌လည်းကောင်း၊ တမန်တော်မြတ်၏ဂုဏ်ပုဒ်ကို ဖွင့်ဆိုရာ၌လည်းကောင်း သုံးစွဲထားတော် မူပါသည်။
နဗီတမန်တော်အပေါင်း တစ်သိန်းနှစ်သောင်းလေးထောင်ကျော် ပွင့်တော်မူခဲ့ရာတွင် အဘယ်နဗီတမန်တော်မျှ ‘ရဟမသ်’ဟူသောစကားနှင့် ဆက်စပ်ခြင်း၊ အမွှမ်းတင်ခြင်း ပြုတော်မူသည်ကို မတွေ့ရပါ။ ‘ရဟမသ်’ဟူသောစကားသည် မေတ္တာနှင့် ကရုဏာကို အနက်ပေးပါသည်။ ကျမ်းမြတ်ကုရ်အာန်တွင် ခပ်သိမ်းကမ္ဘာအား ကရုဏာတရားနှင့် မေတ္တာတရားသက်ရောက်စေခြင်းအဖြစ်နှင့် ပွင့်ပေါ်ထွန်းစေသည်ဟု ဖွင့်ဆိုထားခြင်းဖြစ်ပါသည်။ ဤဒေသနာတော် ထောက်ရှုထောအခါ ကျွန်ုပ်တို့၏ နဗီတမန်တော်သည် ကမ္ဘာခပ်သိမ်းအဘို့ လူ့ဘ၀လမ်းညွှန်အဖြစ်နှင့် သစ္စာတရားများကို ယူဆောင်လာခဲ့သော လူသားထုတစ်ရပ်လုံး၏ လူ့ဘ၀လမ်းညွှန် ကမ္ဘာ့ကရုဏာတော်ရှင် ‘ချစ်ကြည်မြတ်နိုးဖွယ်ရာ တမန်တော်’ဖြစ်သည်ကို ထင်းလင်းစွာ တွေ့မြင်ကြပါသည်။

တမန်တော်မြတ် ငယ်စဉ်ဘဝ
ကျွန်ုပ်တို့၏ တမန်တော်မြတ် မုဟမ္မဒ်(ဆွ)ကို ခရစ်သက္ကရာဇ် ၅၇၁-ခု၊ ဧပြီလ (၂၂)ရက် တနင်္လာနေ့ [၅၇၀-ခု သြဂုတ်လ (၂၀)ရက် ဟုလည်း တွေ့ရပါသည်။] (ဆင်ခုနှစ် ပထမနှစ် ရဗီအွလ်အောင်ဝလ်လ)တွင် မက္ကာမြို့၌ ဖခင် အဗ္ဗဒွလ္လာဟ်သခင်နှင့် မိခင် အာမီနာသခင်မတို့မှ မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့ပါသည်။
တမန်တော်မြတ်(ဆွ) မဖွားမြင်မီ (၆)လအလိုတွင် ဖခင်ဖြစ်သူ ကွယ်လွန်ခဲ့ကာ၊ သက်တော်(၆)နှစ်အရွယ်တွင် မိခင်ကြီးလည်း ကွယ်လွန်ခဲ့ရှာသည်။ သက်တော် (၈)နှစ်အရွယ်တွင် တမန်တော်မြတ်(ဆွ)၏ အားကိုး အားထားရသော ဘိုးတော် ကွယ်လွန်ခဲ့ပြန်သည်။ ထို့ကြောင့်
တမန်တော်မြတ်(ဆွ)သည် ငယ်စဉ်ကပင် မိဘမဲ့ဖြစ်ခဲ့ရပြီး ဘကြီးတော် အဘူတွာလစ်ဗ်၏ ထိန်းသိမ်းစောင့်ရှောက်ခြင်းကို ခံယူခဲ့ရရှာသည်။

တမန်တော်မြတ်၏ လူငယ်ဘဝ
တမန်တော်မြတ်(ဆွ)သည် ငယ်စဉ်ဘဝမှာပင် ရိုးသား၏။ မိမိလုပ်အားဖြင့် မိမိဘဝရပ်တည်နိုင်မှုကို အသက် မွေးဝမ်းကြောင်းပြုရ၏။ မှန်ကန်မှုကိုနှစ်သက်၏။ ကတိသစ္စာတည်ကြည်၏။ မွေးချင်းရွယ်တူမိတ်ဆွေများအား ချစ်ကြည်၏။ ခင်မင်၏။ မိမိချွေးဖြင့် ရင်းနှီးစားသောက်ခြင်းကိုသာ နှစ်သက်၏။ အမှန်တရားကို ရှာဖွေ၏။ လေ့လာ၏။ ဖြောင့်မတ်မှုကို ကျင့်သုံး၏။ ထို့ကြောင့်ပင် တမန်တော်ကို အာရဗ်အမျိုးသားများက 'အလ်အမင်း' ဖြောင့်မတ် တည်ကြည်သူ၊ မှန်ကန်သူ၊ 'ဆွဒစ်က်'သစ္စာရှင်ဟု ခေါ် ကြသည်။ တမန်တော်မြတ်(ဆွ)သခင်သည် သက်တော်(၂၅)နှစ်အရွယ်တွင် ဘီဘီခတီဂျာသခင်မ (ပထမဆုံး မွတ်စလင်မ်အမျိုးသမီး) နှင့် ထိမ်းမြားမင်္ဂလာပြု၍ (၂၅)နှစ်တိုင်တိုင် ချစ်ခင် နှစ်သက်စွာဖြင့် ပေါင်းသင်း နေထိုင်ခဲ့သည်။
တိုင်းပြည်ရပ်ရွာအကျိုး သယ်ပိုးဆောင်ရွက်ခြင်း
တမန်တော်မြတ်(ဆွ)သည် တိုင်းပြည် လူမျိုးနှင့် ရပ်ရွာကျောင်းကန်များ၏အကျိုးကို နဗီတမန်တော်မဖြစ်မီ ကပင် ဦးဆောင်၍သယ်ပိုးဆောင်ရွက်ခဲ့သည်။ ကအ်ဗာကျောင်းတော် အဆောက်အဦး၏ ပျက်စီးယိုယွင်းမှုများကို အသစ် ပြန်လည်တည်ဆောက်ပေးခဲ့သည်။ တိုင်းပြည်ရပ်ရွာကောင်းစားရေး၊ စည်ပင်သာယာရေး၊ လူထု သက်သာချောင်ချိရေး၊ ငြိမ်းချမ်းသာယာရေး၊ ရသင့်ရထိုက်သော လူ့အခွင့်အရေးများ ရရှိစေရေး၊ ကြီးနိုင်ငယ်ညှင်းစနစ်ကို တိုက်ဖျက်ေး၊ ခရီးသည် ဒုက္ခသည်များ ကယ်တင်မြှင့်တင်ရေး စသည်တို့ကို မြို့ပေါ်ရှိလူ ကြီးများနှင့် စုပေါင်းဆောင်ရွက်ခဲ့သည်။
မှောင်မိုက်နေသော ခေတ်ကမ္ဘာ
ထိုအချိန်က အာရေဗျကျွန်းဆွယ်ကြီးတစ်ခုလုံးသည် အမိုက်မှောင်များဖုံးလွှမ်း၍ နိမ့်ကျဆိုးသွမ်းလှပေသည်။ ကြီးနိုင်ငယ်ညှင်းစံနစ်၊ ကျေးကျွန်စံနစ် ထွန်းကားပြီး လူကိုလူလိုမမြင်။ အမျိုးသမီးများကို လုံးဝတန်ဖိုး မထား၊ မမျှတသော အနိုင်ကျင့်မှုများဖြင့် အမျိုးသမီးများပေါ် ပြုကျင့်ဆက်ဆံကြသည်။ ယုံကြည်ကိုးကွယ်မှု၌လည်း အကျင့်စာရိတ္တ ပျက်စီးနေသော ထိုခေတ်၊ ထိုဒေသသည် သဘာဝမကျသော ယုံကြည်ကိုးကွယ်မှုများဖြင့်သာ
ပွန်းတီး နေပေတော့သည်။ ယင်းယုံကြည်ကိုးကွယ်မှုများသည် လူသားတို့၏ လူမှုရေး၊ စီးပွားရေး၊ ငြိမ်းချမ်းသာယာရေး၊ တရား မျှတရေးတို့ကို မည်သို့မျှ အကျိုးပြုနိုင်ခြင်းမရှိတော့ပဲ အထက်ပါဆိုးဝါးမှုများသာ ပိုမို ကြီးထွားအားပေးနေပေတော့သည်။

Special thanks to sister Imaamah.

Monday, March 9, 2009

မော်လွတ်စ်နဗီခေါ် တမန်တော်မြတ် မုဟာမ္မတ်(ဆွ.အ.ဝ) ၏ မွေးနေ့

.
ယနေ့(ရဗီအွလ်အောင်ဝလ်လ) ၁၂-ရက်နေ့သည် ကမ္ဘာ့မွတ်စ်လင်မ်အပေါင်း ချစ်ကြည်မြတ်နိုးရပါသော တမန်တော်မြတ် မုဟာမ္မတ် (ဆွ.အ.ဝ) ၏မွေးနေ့ဖြစ်သောကြောင့် ဒီပို့စ်ကိုတင်ပြလိုက်ပါသည်။

بِسْمِ اللَّهِ الرَّحْمَـٰنِ الرَّحِيمِ

إِنَّ اللَّهَ وَمَلَائِكَتَهُ يُصَلُّونَ عَلَى النَّبِيِّ ۚ يَا أَيُّهَا الَّذِينَ آمَنُوا صَلُّوا عَلَيْهِ وَسَلِّمُوا تَسْلِيمًا

ဧကန်အမှန် အလ္လာဟ်အသျှင်မြတ်သည်လည်းကောင်း၊ ထိုအသျှင်မြတ်၏ '' မလာအိကာ '' ကောင်းကင်တမန်များသည်လည်းကောင်း၊ နဗီတမန်တော်မြတ်အပေါ်ဝယ် ကောင်းချီးမင်္ဂလာ ပို့သကြကုန်၏။ အို ... '' မုအ်မင်န် '' သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည်လည်း ထိုနဗီတမန်တော်မြတ်အပေါ်ဝယ် ကောင်းချီးမင်္ဂလာ ပို့သခြင်းကိုလည်းကောင်း၊ လွန်စွာ '' စလ္လာမ် '' မေတ္တာပို့သခြင်းကိုလည်းကောင်း ပြုကြလေကုန်။ ... မဟာမိတ်များကဏ္ဍ ကုရ်အာန် (၃၃:၅၆) ...









Saturday, March 7, 2009

မိုဟာမ္မတ်(ဆွ) အားထိမ်းမြားခြင်းနှင့်ပတ်သက်၍ဘာသာခြားများရှုတ်ချ မှုများကိုပြန်လည်ရှင်းလင်းခြင်း

.
တမန်တော်မြတ် မိုဟာမ္မတ်(ဆွ) အားကြင်ယာတော်များနှင့်ထိမ်းမြားခြင်းနှင့်ပတ်သက်၍ဘာသာခြားများရှုတ်ချကန့်ကွက်မှု
များကိုပြန်လည် ရှင်းလင်းခြင်း

In defence of Islam မှကောက်နှုတ်တင်ပြသည်။ တမန်တော်မြတ် မိုဟာမ္မတ် (ဆွ.အ.ဝ) ၏ လူငယ်ဘဝတစ်လျောက်လုံးတွင် ကြင်ယာတော် ခဒီဂျာ သခင်မတစ်ဦးတည်းနှင့်သာထိမ်းမြားခဲ့သည်။ လူငယ်ဘဝတွင် ယောင်္ကျားများ၏ ကာမဂုဏ် စိတ်အမြင့်ဆုံးဖြစ်နေလင့်ကစား တမန်တော်မြတ်ကား ကြင်ယာတော် တစ်ဦးတည်းကိုသာထိမ်းမြားလက်ထပ်ခဲ့သည်။

ထိုခေတ်အချိန်ကာလတွင် တမန်တော်မြတ် နေထိုင်ခဲ့သောပတ်ဝန်းကျင်တွင် ဇနီးမိန်းမ များများယူကြခြင်းသည် သာမန်ဓလေ့ထုံးစံတစ်ရပ်ဖြစ်ခဲ့သည်။ ထို့အပြင်အိမ်ထောင်ကွဲခြင်းမှာလည်းအလွန်လွယ်ကူခဲ့သည်။ သို့သော်တမန်တော်မြတ်သည် ကြင်ယာတော် တစ်ဦးတည်းကိုသာထိမ်းမြားလက်ထပ်ခဲ့သည်။

ထို့အပြင်တမန်တော်မြတ် ထိမ်းမြားလက်ထပ်ခဲ့သော ကြင်ယာတော်မှာ တမန်တော်မြတ်ထက်လည်းအသက်ကြီးသူဖြစ်သည်။
** ခဒီဂျာသခင်မသည် တမန်တော်မြတ်နှင့် ထိမ်းမြားချိန်၌ သက်တော် ၄၀ ရှိပြီဖြစ်သည်။ မုဆိုးမလည်း ဖြစ်သည်။ အကယ်၍တမန်တော်မြတ်သည် စွတ်စွဲခံရသလို တဏှာရမ္မက်ကြီးသူဆိုလျှင် တမန်တော်မြတ်၏နုပျိုနေသော သက်တော် ၂၅ နှစ်အရွယ်မှာ မုဆိုးမ အသက်ကြီးသူနှင့်အဘယ်ကြောင့်ထိမ်းမြားနိုင်မည်နည်း။ ဤသို့ထိမ်းမြားခဲ့ခြင်းသည် အမျိုးသ္မီးကိုညှာတာခြင်း၊ မုဆိုးမအား လေးစားခြင်းတို့ကြောင့်ဖြစ်သည်။ **

တမန်တော်မြတ် မိုဟာမ္မတ် (ဆွ.အ.ဝ) သည် အိမ်ထောင်သက် ၂၅ နှစ်လုံးလုံး ၎င်း ကြင်ယာတော်အတွက် သစ္စာရှိသောခင်ပွန်းအဖြစ် အတူနေထိုင်ခဲ့သည်။ ထိုအတောအတွင်းကာလမှာလည်း အခြားမည်သည့်အမျိုးသ္မီးကိုမျှ ထိမ်းမြားလက်ထပ်ခြင်းမပြုခဲ့ပါ။ ခဒီဂျာ သခင်မသေဆုံးသွားတဲ့အထိသစ္စာရှိ
ရှ
ိ အတူတူနေထိုင်ခဲ့ပေသည်။ ထိုအချိန်တွင် တမန်တော်မြတ် မိုဟာမ္မတ် (ဆွ.အ.ဝ)၏ သက်တော်မှာ ၅၀ ရှိပြီဖြစ်သည်။

ထိုသက်တော် ( ၅၀ ) နောက်ပိုင်းတွင် တမန်တော်မြတ်သည်အခြားကြင်ယာတော်များအား လူမှူရေး၊ နိုင်ငံရေး ရည်ရွယ်ချက်များဖြင့်သာ ထိမ်းမြားလက်ထပ်ခဲ့သည်။ ထိုသို့လက်ထပ်ရာမှာ အကျင့်စာရိတ္တကောင်းမွန်သော အမျိုးသ္မီးများအား ဂုဏ်ပြုလိုသောအကြောင်းကြောင့်၎င်း မျိုးနွယ်အုပ်စုများကို ဂုဏ်ပြုလိုသောအကြောင်းကြောင့်၎င်း ထိမ်းမြားခဲ့ခြင်းဖြစ်သည်။ ထိုမှတစ်ဆင့်အစ္စလာမ် ဘာသာသည် ထိုမျိုးနွယ်အုပ်စုများတွင် တစ်နည်းပြန့်နှံ့သွားခဲ့သည်။

တမန်တော်မြတ်သည် ကိုရိုက်ရှ် မျိုးနွယ်မှ ကြင်ယာတော် ၆ ဦးနှင့် တစ်ခြားသော အာရဗ်မျိုးနွယ်စုများမှ ကြင်ယာတော် ၅ ဦး၊ စုစုပေါင်း ကြင်ယာတော် ၁၁ ဦးနှင့်ထိမ်းမြားလက်ထပ်ခဲ့သည်။ အာအေရှာ သခင်မမှအပ ကျန်သောကြင်ယာတော်များမှာ မုဆိုးမနှင့်တစ်ခုလပ်များဖြစ်ကြပြီး ၎င်းတို့အားဂုဏ်ပြုရန်ထိမ်းမြားပေးခဲ့ခြင်းဖြစ်သည်။ ယခင်ခေတ်ကာလတွင် ထိုကဲ့သို့သော မုဆိုးမနှင့်တစ်ခုလပ်အမျိုးသ္မီးများကိုမည်သူမှ လက်မထပ်ကြပဲ ပြစ်ပယ်ထားကြသည်။

တမန်တော်မြတ်၏ ကြင်ယာတော်များအားလုံးသည် အာအေရှာ သခင်မမှအပ ငယ်ငယ်ရွယ်ရွယ်များလည်းမဟုတ်ပါ။ လှပသောသူများလည်းမဟုတ်ပါ။ သို့ပါ၍ တမန်တော်မြတ်အား အဘယ်ကြောင့် တဏှာရမ္မက်ကြီးသူဟုစွတ်စွဲနိုင်အံ့နည်း။ တမန်တော်မြတ်သည် လူသားတစ်ဦးဖြစ်သည်။ ဘုရားမဟုတ်ပါ။ တမန်တော်မြတ်မှာလည်း လူသားကဲ့သို့ သားသ္မီးလိုချင်သောဆန္ဒရှိပေလိမ့်မည်။ ထိုဆန္ဒကြောင့် ထိမ်းမြားလက်ထပ်ချင်သောဆန္ဒရှိပေလိမ့်မည်။ ခဒီဂျာသခင်မနှင့်မွေးဖွားခဲ့သော သား ၂ ဦးနှင့်သ္မီး၃ဦးသေဆုံးသွားခဲ့သည်။ အငယ်ဆုံးသ္မီးတော် ဖွာတေမာသခင်မတစ်ဦးတည်းသာ အသက်ရှင်ခဲ့သည်။

ဓလေ့ထုံးတမ်းများအရဥစ္စာဓနချမ်းသာကြွယ်ဝသော လူများသာလျှင် ဇနီးမိန်းမအများယူလေ့ရှိသည်။ တမန်တော်မြတ်ကဲ့သို့ ချို့တဲ့သောသူသည် လူမှူရေး၊ နိုင်ငံရေး အတွက်ရည်စူးပြီး ထိုကြင်ယာတော်များနှင့်ထိမ်းမြားခဲ့ခြင်းဖြစ်သည်။ တမန်တော်မြတ်သည်၎င်း ကြင်ယာတော်များနှင့် ညီညီမျှမျှတရားမျှတစွာဖြင့်ပေါင်းသင်းနေထိုင်ခဲ့လေသည်။ မည်သည့်ကြင်ယာတော်ကိုမျှ ခွဲခြားဆက်ဆံခြင်းမပြုခဲ့ပါ။

ဒီစာအုပ်ရေးသူ Vieccia Vaglieri မေးထားသည်မှာ ဘာသာခြားများသည် တမန်တော်မြတ်အား ကြင်ယာတော်များနှင့်ထိမ်းမြားလက်ထပ်ခြင်းနှင့် စပ်လျဉ်း၍ကန့်ကွက်နေကြခြင်းမှာ တမန်တော်မြတ်၏ ဘဝတစ်လျှောက်လုံးတွင် ပွင့်ပွင့်လင်းလင်း ရှင်းရှင်းနေထိုင်ပြခဲ့သောကြောင့်လား သို့မဟုတ်ရှေးယခင်ကတမန်တော်များအကြောင်းကိုအသေအချာဂဂဏဏမသိကြခဲ့လို့ ပဲလား။

**သို့မဟုတ် သူတစ်ပါးအားမုန်းတီးမှုက ကိုယ့်သမိုင်းကိုယ်မေ့နေကြလို့လား **

မှတ်ချက် : ရှေးယခင်မှမွတ်စ်လင်မ် မဟုတ်သောဘာသာခြားဘုရင်များမှာလည်း နိုင်ငံရေး၊ လူမျိုးရေးအတွက် ရည်ရွယ်၍ ကြင်ယာတော်အမြောက်အများနှင့် ထိမ်းမြားခဲ့သည်မှာ သမိုင်းထင်ရှားတွေ့ရှိရပါသည်။

ဥပမာ : အနော်ရထာ၊ ကျန်စစ်မင်း၊ ဘုရင့်နောင်၊ မင်းတုန်းမင်း၊ သီပေါမင်း တို့သည်ကြင်ယာတော်အမြောက်အများယူခဲ့ကြပေသည်။ ထိုဘုရင်များသည် မြန်မာနိုင်ငံ၌ဗုဒ္ဓဘာသာ ထွန်းကား တိုးတက်ရေးအတွက်
ကြိုးပမ်းသောဘုရင်များလည်းဖြစ်ကြသည်။ ထို့အတူ အိန္ဒိယ၊ တရုပ်၊ ထိုင်း နိုင်ငံများတွင်လည်း ထိုနည်း၎င်း တွေ့ရှိရသည်။ လူတွင်မည်သို့ပင်အမှန်တရားကိုရှင်းပြစေကာမူ ထိုသူ၏ယင်ထဲတွင်အမုန်းရှိနေသမျှကာလပတ်လုံး သူတစ်ပါးအားအပြစ်ရှာခြင်းမှရပ် ကြမည်မဟုတ်။

ရေးသားသူ Veccia Vaglieri (A famous Italian Orientalist) ၏ In defence of Islam စာအုပ်မှ ကျွန်ုပ်ဘာသာပြန်ဆိုသည်။

တမန်တော်မြတ်၏ဩဝါဒတော်တွင်လာရှိသည်မှာ : လူတွင်အသားတုံးတစ်တုံးရှိသည်။ ကိုယ်ကောင်းလျှင် ထိုအသားတုံးသည်ဖြူမည်။ ကိုယ်ဆိုးလျှင် ထိုအသားတုံးသည်မည်းမည်။ ထိုအသားတုံးသည် နှလုံးသားပင်ဖြစ်သည်။

- The Encyclopeadia Britannica book : Mohammed was the most succefull of all religious personalities.

- Thomas Carlyle : Prophet Mohammed (PBUH) his sincerity .... Such sincerity, as we named it, has in very truth something of divine. Heros and hero book page 71.

- Mahatama Gandhi : The more I study the more I discover that the strenght of Islam does not lie in the sword. A sikh journalist in '' Nawan hindustans '' Delhi.

Sunday, February 15, 2009

The 100



MUHAMMAD, No. 1

The 100, a Ranking of the Most Influential Persons in History
by Michael H. Hart

My choice of Muhammad to lead the list of the world's most influential persons may surprise some readers and may be questioned by others, but he was the only man in history who was supremely successful on both the religious and secular levels. Of humble origins, Muhammad founded and promulgated one of the world's great religions, and became an immensely effective political leader. Today, thirteen centuries after his death, his influence is still powerful and pervasive. The majority of the persons in this book had the advantage of being born and raised in centers of civilization, highly cultured or politically pivotal nations.


The following is from Michael Hart's book and lists Prophet Muhammad as the most influential man in History. A Citadel Press Book, published by Carol Publishing Group
Ranking, list of 100 most influential persons in history:

  1. Prophet Muhammad
  2. Isaac Newton
  3. Jesus Christ
  4. Buddha
  5. Confucius
  6. St. Paul
  7. Ts'ai Lun
  8. Johann Gutenberg
  9. Christopher Columbus
  10. Albert Einstein
For more detail, click at http://www.amaana.org/ismailim.html

Honorable Mentions and Interesting Misses:
  • St. Thomas Aquinas
  • Archimedes
  • Charles Babbage
  • Cheops
  • Marie Curie
  • Benjamin Franklin
  • Gandhi
  • Abraham Lincoln
  • Ferdinand Magellan
  • Leonardo da Vinci
Rev. R. Bosworth-Smith

Muhammad was the soul of kindness, and his influence was felt and never forgotten by those around him.

Copy from http://www.amaana.org/ismailim.html
Special thanks to Amana.