---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Friday, April 20, 2012

အခုတည်းက ပြင်ဆင်ထားကြတော့


ဥရောပ sahlgrenska သက္ကသိုလ်က သုသေသီတို့မှ ပြောပါတယ်။ နောက် ၃ - ၄ နှစ်အတွင်း ကမ္ဘာအနှံ့မှာ အရင်းရှင်တွေကို ဆန္ဒပြကြမယ်။ (အာရပ်နိုင်ငံများရဲ့ သက်ဦးစံပိုင်အုပ်ချုပ်ရေးစနစ်နဲ့ အရင်းရှင်စနစ်တို့ကို ပြည်သူလူထုက မကျေနပ်လို့ ဆန္ဒပြကြတာ နမူနာအဖြစ်မြင်နိုင်ပါတယ်) အခုကမ္ဘာ့လူအများစုမှာ အရင်းရှင်တို့ရဲ့ အမြတ်ကြီးစားမှု အတိုးစားမှုများကြောင့် အကြွေးတင်နေတဲ့လူတွေ ကမ္ဘာအနှံ့မှာအလွန်များနေပါတယ်။ ကမ္ဘာ့စီးပွါးရေး ထိုးကျသထက်ကျလာနေပြီဖြစ်ပါတယ်။ အရင်းရှင်နဲ့ အစိုးရတွေက အမြဲဆက်နွယ်နေတာမို့ အကြွေးဒဏ်မခံနိုင်လို့ ဆန္ဒပြသူတွေအတွက် ထိခိုက် ဒဏ်ယာရ သေကျေမှုတွေ ရှိလိမ့်မယ်။

အမေရိကန်နဲ့ အနောက်နိုင်ငံများလည်း ၁၀ နှစ်အတွင်း သိသိသာသာ စီးပွါးရေး ကျဆင်းလာမှာဖြစ်ပါတယ်။ အဲဒီကတစ်ဆင့် တတိယ ကမ္ဘာစစ်ကို မလွဲမရှောင်သာဖြစ်လိမ့်မယ်။လက်နက်အားကောင်းတဲ့နိုင်ငံများ စီးပွါးရေးကျပ်တည်းမှုနဲ့ တွေ့ကြုံရတဲ့အခါ အတိတ်ကလိုဘဲ တခြားနိုင်ငံတွေကို ကိုလိုနီလုပ် ကိုယ်ကျိုးရှာနိုင်ဖွယ်ရှိကြောင်း။

ဒါကြောင့် အခုတည်းက ရွှေ၊ ငွေ၊ အိမ်၊ မြေ တန်ဖိုးရှိရာများကို ဒီ ၁၀ - ၂၀ နှစ်ကြားမှာသုံးစွဲနိုင်ရန် စုဆောင်းထားသင့်ကြောင်း။

ဥာဏ်နဲတဲ့ ပြည်

(ဒီစာကိုရေးရဖို့ တော်တော်စဉ်စားရတယ်။ကြောက်လဲကြောက်တယ်။ ကျတော်မူဆလင်..မဟုတ်သလို
ဗုဒ္ဒဘာသာလဲမဟုတ်တဲ့ ခရစ်ယာန်တယောက်ပါ...အေးချမ်းရေးကိုမျော်လင့်လို့ ရေးပါတယ်..စိတ်မှာ
အခန့် မသင့်ရင်...ကျတော့်မှာပဲတာဝန်ရှိပါတယ်..ကျတော့် စာကိုလည်းကျတော်တာဝန်ယူပါတယ်...)

သေချာတွေးကြည့်ကြစတမ်းနော်..၁၉၈၈ မတိုင်ခင်မွေးဖွားခဲ့ကြတဲ့ လူငယ်သူရွယ်တွေနဲ့ လူကြီးသူမများ
ထို အတူ၈၈ အရေးခင်းကြီးပြီးမှလူလားမြောက်ကြသောလူငယ်မောင်မယ်များ..ကျတော်တို့ နိုင်ငံမှာဘာသာ
ရေးနဲ့ ပါတ်သတ်ပြီးဆူပူအကြမ်းဖက်မှုတွေ ၈၈ နောက်ပိုင်းမှာစိပ်လာတယ်..နောက်ဆုံးအနိုင်ရရင်လူများစု
ဘာသာကပဲအနိုင်နဲ့ ပိုင်းခဲ့တာပါပဲ..၈၈ မဖြစ်ခင်က ကျတော်မွေး၇ပ်မြေ ပြည်မြို့ မှာကလေးကဘ၀နဲ့ ၇ှိနေခဲ့ပါတယ်
တရက်မှာတော့..ကုလားဗမာရိုက်ကြပြီဆိုတဲ့ သတင်းကြားရပါတယ်..ကျတော်နေတဲ့ တရုတ်စုအရပ်မှာ မီးလောင်ခံတိုက်တလုံးပဲရှိတယ်..အရပ်ထဲရှိတဲ့ ကလေးတွေကိုလူကြီးတွေကခေါ်ပြီးအဲ့ တိုက်ထဲထည့် ထားပြီးသော့ခတ်ထား ခဲ့တယ်..သူတို့ လက်မှာတော့ ငှက်ကြီးတောင်ဓါးနဲ့ တုတ်တွေ..လောက်လေးတွေ တ၀င်းဝင်းတမြမြပေါ့...

ကျတော်တို့ ကြောက်မှာဆိုးလို့ တိုက်ထဲမှာကာတွန်းတို့ ကလေးအစီအစဉ်တို့ ကိုတယ်လီဗေးရှင်းကနေပြပေးကြတယ် ကျတော်တို့ လည်းကြောက်ရကောင်းမှန်းမသိခဲ့ဘူး..အဲ့ဒီTVအစီအစဉ်လေးတွေကိုဒီနေ့ ထိမှတ်မိနေတယ်.....

တခါကြတော့ကုလားတွေလာနေပြီ..ဆိုပြီးအော်ကြတယ်..ကလေးတွေကိုတိုက်ထဲထည့် ..ပြေးကြလွားကြပေါ့.. တကယ်ဖြစ်တာက ဟိန္ဒူလူမျိုးတွေကြောက်ပြီးပြေးကြရာကနေ ဗမာတွေကသူတိုကိုလာလုပ်ကြပါပြီဆိုပြီးဓါးစွဲကြတာပေါ့...
သိပ်မကြာပါဘူး ဟိန္ဒူကုလားတွေရဲ့ နွားတွေကိုဗမာတွေယူလိုက်ကြပါတယ်။

ကုလားဗမာအရေးခင်းလို့ နာမည်တတ်ခဲ့တဲ့ ထိုအရေးခင်းကလူငယ်တချို့ ကဗမာအမျိုးသမီး
လေးတယောက်ကို....ထင်ပြီးဈေးညှိရာကပြသနာတက်ကြပြီး ဗမာမီးသတ်တပ်သားလေးက
ဝင်တားရာကနေ ၀ိုင်းရိုက်လိုက်ကြတော့ ဗမာမီးသတ်တပ်သားလေးထိခိုက်ရာကစတာ
(နောက်ပိုင်းသိရတာကတော့ဈေးခေါ်ညှိခံရတဲ့ ကောင်မ လေးကတကယ်...သည် လို့ သိရပါတယ်..သိပ်တော့မသေချာဘူးပေါ့)

ကုလားတွေဆိုပြီးသိမ်းကြုံးသမပါတော့တယ်..မူဆလင်အိမ်တွေကိုတက်ဖျက်ဆီး.အ၀တ်စားတွေ၃ ..၄ ထပ်ဝတ်ပြီးပြန်ဆင်းလာကြတယ်..ဒါကတော့စိတ်နာလို့ လုပ်တဲ့ လုပ်ရပ်မဟုတ်ပါဘူး..တက်မက်လုယက်မှုဖြစ်နေပါတယ်..မူဆလင်ဆိုင်ဆိုရင်ကွမ်းယာ
ဆိုင်တောင်မရှိလောက်အောင်ပြားပြားဝပ်ခဲ့ရပြီးဗမာတွေတော့တော်တော်ပစ္စည်းတွေရလိုက်တယ်။

လုပ်ခဲ့တဲ့ သူတွေလိပ်ပြာသန့် ပါသလားမေးချင်တယ်။သိပ်မကြားဘူး၈၈ တော်လှန်ရေးကြီးပေါ်ပေါက်လာတယ်။ ဒီလိုပဲအဲ့ နောက်ပိုင်းနှစ်တွေမှာတခုခုပြောင်းလဲဖို့ ဖြစ်လာတိုင်းကုလားဗမာအရေးခင်းတွေဖေါ်ထုတ်ခဲ့ တယ်..

ဘယ်သူတွေကြောင့် ဘာကြောင်မပြောချင်ပင်မယ့်လိုရင်းကိုတွေးစေချင်တာပါ.....

ဒီအချိန်မှာအစစအရာရာပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေတဲ့ အချိန်မှာ..ဆူးတခုအနေနဲ့ ဝင်ထိုးတာကို ခံတော့မှာလား ရည်ရွယ်ချက်ရှိရှိထိုးနှက်နေတဲ့ တိုက်စစ်ကစားမှုကို ကျတော်တို့ တွေခံကြတော့မှာလား....မူဆလင်ဆိုတာကျတော်တို့  မြန်မာနိုင်ငံတိုင်းရင်းသားမဟုတ်ပင်မယ့် မြန်မာနိုင်ငံသားအဖြစ်ရပ်တည်ခဲ့တာကြာပါပြီ။ ကျတော်တွေ့းမိတာလေးပြောရရင်...
ရွှေဝါရောင်တော်လှန်ရေးမှာ ဆရာတော်တွေအရိုက်ခံရတော့ မူဆလင်လူငယ်တွေထကနေပါသလား..
မျက်ရည် လည်ရွဲနဲ့  ဆရာတော်တွေဖက်က၀င်ရောက်ရပ်တည်ခဲ့သလားဆိုတာ...မေးစရာတောင်မလိုပါဘူး.....

သာသနာမှာတကယ် သတ္တိခဲရဟန်းတော်တွေရှိသလို...ဆွမ်းကွမ်းရေချမ်း..သက်သာစေဖို့ သက္ကန်းရုံတဲ့ အတုယောင် တွေလည်းမနဲပါဘူး ဘာသာတိုင်းမှာပါ။ ဒီတော့သေချာတွေးပါ..ဘယ်သူတွေဖေါ်ဆောင်နေတဲ့ အကြမ်းဖက်မှုတွေလဲ... ဘယ်သူတွေဦးဆောင်နေတာလဲ....ဘာရည်ရွယ်ချက်လဲ..

ကျတော်တို့ ဥာဏ်နဲကြတော့မှာလား.........................
ငြိမ်းချမ်းရေးမလိုချင်တော့ဘူးလား............................

သမိုင်းသင်ခဲ့ဖူးကြမှာပါ..နယ်ချဲ့ ခံဘ၀တုန်းကပုန်ကန်မယ်လုပ်တော့ နယ်ချဲ့ အစိုးရက "မော်လ၀ီနဲ့ ယောဂီ"စာအုပ် ပြန်လည်ထုတ်ဝေခွင့်ပေးခဲ့ပြီး...အာရုံလွဲခဲ့တယ်လေ...ကုလားဗမာရိုက်ကြပါလေရော.......

ထပ်ဖြစ်ခံတော့မှာလား...ငြိမ်းချမ်းစွာနေထိုင်ခွင့်တွေဖျက်ကြတော့မှာလား........ဘာသာတိုင်းမှာဦးဆောင်တဲ့ လူကြီးသူမတွေရှိနေပါတယ်.........ကျတော်တို့ ဒီကုလားဗမာမှမက..ဘာသာရေး..အရေးခင်းတွေကို...ကန့် ကွက်သင့်ပါပြီ......

ချစ်ခြင်းမေတ္တာဖြင့်..တေးရေး-ကမ္ဘာ

From forward mail.

Thursday, April 12, 2012

ဝူဇူ၏ အကျိုးအာနိသင်


စိတ်လေနေရင် ဝဇူလုပ်
ခေါင်းမလင်းရင် ဝဇူလုပ်
ဒေါသထွက်သွားရင် ဝဇူလုပ်
... စိတ်ကောကိုယ်ပါ နွမ်းနေရင်လည်း ဝဇူလုပ်
ဒီဘိတ်လုပ်တာမပြီးနိုင်ရင်လည်း ဝဇူလုပ်
FB ကိုလိုတာထက်ပိုပြီးစွဲနေရင်လည်း ဝဇူထလုပ်
အကြောင်းတစ်ခုခုကြောင့်
မျက်နှာမှာ အရယ်အပြုံးပျောက်သွားရင်လည်း ဝဇူလုပ်
ပျော်လို့ ပျော်ရမှန်းမသိတော့ရင်လည်း ဝဇူလုပ်
ဘေးကျပ်နံကျပ်ဖြစ်နေရင်လည်း ဝဇူလုပ်
ပျင်းနေရင်လည်း ဝူဇူထလုပ်။

ဝဇူလုပ်ပြီးရင် စိတ်ရောကိုယ်ပါအေးမြသွားပြီး ရေကြောင့် အားပြည့်သွားမယ်။
ပြီးရင်တစ်ခါတည်းဆွလာ့သ်ပါ ဝတ်ပြုလိုက်ရင် ပိုကောင်းသွားမယ်။

Thursday, April 5, 2012