---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Wednesday, June 29, 2011

Rajab - The month of Allah


The Holy Prophet (SAW) has said
“Rajab is the month of Allah, Sha’ban is my month and Ramadhan is the month of my followers. Whoever keeps one fast during Rajab becomes entitled to the great pleasure of Allah, the wrath of Allah remains at ...bay from him and a gate of hell is closed for him.”

The Holy Prophet (SAW) has recommended the recitation of an important prayer, to be performed on the first Thursday of Rajab, which will give us the following benefits:

(i) Forgiveness of major sins

(ii) Safety from troubles of the first night in the grave, and shelter on the day of resurrection, after the Trumpet is blown.

The Holy Prophet (SAW) has also said that Rajab is the name of a river in heaven with water whiter than milk and sweeter than honey and whoever keeps one fast in the month of Rajab will drink from that river.

Last day of Rajab.

For the person who fasts on the last day of Rajab, Allah will save him from the after effects of death.

Ref:http://www.hujjat.org/index.php?option=com_content&view=article&id=139%3Arajab-the-month-of-allah&catid=30&Itemid=100012See More

Istighfar - The Holy Prophet (saww) has said, "Rajab is the month for seeking forgiveness, so seek forgiveness from Allah (swt)".

Sadaqah - Giving `Sadaqah' (charity/alms) is also highly recommended .

Du'a and more information http://www.duas.org/rajabmth.htm

Tuesday, June 7, 2011

သမိုင်းစာမျက်နှာပေါ်မှသင်ခန်းစာများ(၂)

မွတ်စလင်မ်များအတွက်နယ်ချဲ့ ဗြိတိသျှပါလီမန်မှ (၁၈၈၂) တွင် အထက်ပါ ပြဌာန်းချက် အ တိုင်း နယ်ချဲ့ဗြိတိသျှတို့သည် ရောက်လေရာအရပ်တိုင်း အထူးသဖြင့် အရှေ့အလယ်ပိုင်း၊ အာဖရိကတိုက်၊ အိန်္ဒိယပြည်၊ မြန်မာပြည်၊ အရှေ့ပါကစ္စတန်နှင့် အနောက်ပါကစ္စတန်တွင် တိတိကျကျ ဆောင်ရွက်ကြသဖြင့် ယင်းနယ်မြေများရှိ မွတ်စလင်မ်များသည် အစ္စလာမ်သာသ နာကိုနားလည်သဘောပေါက်ရာတွင် တူညီနေကြလေသည်။ မြန်မာပြည်တိုင်းရင်းသား မွတ် စလင်မ်တို့ထံ အိန်္ဒိယနှင့် ပါကစ္စတန်နိုင်ငံများမှ တဆင့် အစ္စလာမ် သာသနာတော် ပြန့်ပွား ရောက်ရှိလာသည်။ အိန်္ဒိယတိုက်ငယ်တွင် အိန်္ဒိယပြည်၊ ပါကစ္စတန်၊ ဘင်္ဂလားဒေရှ့် နှင့် မြန်မာ ပြည်တို့ ပါဝင်ပြီး ဗြိတိသျှနယ်ချဲ့သည် အိန်္ဒိယပြည်တွင် ရုံးစိုက်ပြီး ကျန်ပြည်နယ်ငယ်များကို အုပ်စိုးလေသည်။

ထို့ကြောင့် ယင်းဒေသရှိ အစ္စလာမ် သာသနာဝင်တို့ အပေါ်ဗြိတိသျှနယ်ချဲ့တို့၏ ဖော်ပြပါ ပညာရေးမူဝါဒကို ကောင်းစွာပုံသွင်း နိုင်ခဲ့လေသည်။ ပေါ်လွင် လာသော ရုပ်သွင်မှာလည်း အိန်္ဒိယသဘာဝ၊ အိန်္ဒိယဓလေ့ ထုံးတမ်းများနှင့် အိန်္ဒိယယဉ်ကျေးမှု အတိုင်း ဖြစ်ကြသည်။ ၄င်းတို့အားလုံးသည် ထိုအိန်္ဒိယဓလေ့ ထုံးတမ်းများကို အစ္စလာမ့်အမွေအနှစ်ဟု နှစ်နှစ် ကာ ကာ လက်ခံယုံကြည်ထားကြလေသည်။ ၄င်းတို့သည် ဘာသာယဉ်ကျေးမှု၊ မိရိုးဖလာ ထုံးတမ်း ဓလေ့နှင့် လူမျိုး ယဉ်ကျေးမှုတို့ကိုပင် ခွဲခြား၍ နားမလည်ကြချေ။

သို့ရာတွင် ဗြိတိသျှနယ်ချဲ့၏ လှည့်ဖြားမှုက မည်မျှအထိ ထိရောက်ပိုင်နိုင်ပုံကို လေ့လာလျှင် ယင်းဗြိတိသျှ ပညာရေးစနစ် ပျိုးထောင်မှုအောက်တွင် ကြီးပြင်းလာသူသည် မစ္စတာဂလက်စ တုံး မရှိတော့သည့်နောက် ဗြိတိသျှနယ်ချဲ့တို့၏ နေမ၀င်နိုင်ငံများ နေ၀င်ပြီးသည့်နောက်၊ ခေတ်အဆက်ဆက်တိုင် ယင်းဒေသရှိ မွတ်စလင်မ်တို့မှာ ဆက်လက်၍ ဗြိတိသျှတို့၏ သွန်သင်မှုအတိုင်း မပြောင်းမလဲတွေ့နေရသေးသည်။ထို့ကြောင့်ဗြိတိသျှနယ်ချဲ့၏ မွတ်စလင်မ်များအတွက် ပညာရေးမူဝါဒ သက်ရောက်ရှင်သန်သည့် ဒေသရှိ မွတ်စလင်မ် တို့တွင် ကုရ်အာန်ကျမ်းသည် အဓိပ်္ပါယ် သိနားလည်ရန်မလိုဘဲ၊ အသံထုတ်ဖတ်တတ်ရုံ ဖတ်တတ်သော ဆရာဖြစ်သူက တပည့်ကိုလည်း အဖတ်သာသင်၏။ အဖတ်အရွတ်မျှဖြင့် ကုရ်အာန်ကျမ်းမြတ်ကို ဦးထိတ်ပန်ဆင် အရိုအသေထား၏။ သိနားလည်စရာမလို၊ မသိဘဲ ဖတ်ရုံဖြင့် စာတစ်လုံးလျှင် အကျိုးပေါင်းများစွာဖြင့် အကျေနပ်ကြီးကျေနပ်နေ၏။ ယင်းဆရာနှင့် တပည့်တို့ထံတွင် ကုရ်အာန်ဖတ်တတ်ရုံနှင့် သာသနာ့တည်ဆောက်မှု ဘ၀မှာ ပြီးပြည့်စုံ နေလေပြီ။ ကုရ်အာန် ကျမ်းမြတ်ကို ရေးသား ပို့ချသော အရဗီ စာပေသည် အခြား အခြားသော စာပေကဲ့သို့ စာပေတစ်ခု အနေဖြင့် လေ့လာရကောင်းမှန်း မသိရှိတော့ပေ။

ယနေ့ မွတ်စလင်မ်အများစုကို လေ့လာ ကြည့်ရှုကြပါလျှင် ဗြိတိသျှနယ်ချဲ့၏ မွတ်စလင်မ်များ အတွက် ပညာရေးမူဝါဒမှာ ယနေ့ထိတိုင် အပီပြင်ဆုံး အကောင်အထည် ပေါ်လွင်လျှက် ရှိနေသေး၏။ သင်ခန်းစာယူကြဖို့ အချိန်တန်နေလေပြီ။ ဘာသာရေးဆိုတိုင်း မစဉ်းစား မဆင်ခြင်ဘဲ လက်ခံနားထောင် မနေသင့်ဘဲ၊ ကုရ်အာန်လမ်းညွှန်မှု ဖြင့် လည်းကောင်း၊ တမန်တော်မြတ်၏ အဆုံးအမဖြင့်လည်းကောင်း၊ မိမိ၏ ဆင်ခြင်တုံတရား အသိပညာဖြင့် အမှန်နှင့် အမှားကိုခွဲခြား နားလည်ဖို့ အချိန်တန်လေပြီ။မွတ်စလင်မ်တိုင်း အမျိုးသမီးရော၊ အမျိုးသားပါ၊ လူကြီးရော လူငယ်ပါ၊ မိမိ၏ဘာသာသာသနာ အဆုံးအမကို မိမိကိုယ်တိုင် ကိုယ်ကျ အရင်းအမြစ်ကျကျ လေ့လာဆည်းပူးသင့်ပါသည်။ လေ့လာဆည်းပူးရန်လည်းတာဝန်ရှိပါသည်။

ကိုးကားချက်။ ။ ကူဝိတ်နိုင်ငံ ၊ ဒါရွလ်ဘယာန်စာပေတိုက်မှ ၁၉၆၄ ခုနှစ်တွင် (၆)ကြိမ် မြောက်ရိုက်နှိပ် ထုတ်ဝေခဲ့ရ သော မုဟမ္မဒ်ကုသုဗ် ရေးသားသည့် ရှဗ်ဟါသ်ဟောင်လုလ်အစ္စလာမ်အရဗီကျမ်းမှထုတ်နှုတ်ဘာသာပြန်ထားသည်ဆရာဦးမြတ်သူ၏ ဆောင်းပါးကို www.quraninburmese.com မှကူးယူဖေါ်ပြသည်။
Ref : Islam Yaungche Society (IYS) group

Friday, June 3, 2011

သမိုင်းစာမျက်နှာပေါ်မှ သင်ခန်းစာများ(၁)

အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်သော မွတ်စလင်မ်တို့သည် မြေပြင်အရပ်ရပ် တွင်နေထိုင်ကြပြီး လူမျိုးအသီးသီးဖြစ်လျက်လည်းကောင်း၊ ယဉ်ကျေးမှု အသီးသီးဖြစ်လျက် လည်းကောင်း၊ စကားအပြောအဆိုကွဲပြားလျက် လည်းကောင်းရှိလင့်ကစား တစ်ပါးတည်း သော ကိုးကွယ်ရာအရှင်အဖြစ် အလ္လာဟ်အရှင်မြတ်ကို သက်ဝင်ယုံကြည်ကြလေ သည်။ နောက်ဆုံးပေါ်ထွန်းခဲ့သော တမန်တော်မြတ်မုဟမ္မဒ် ၏နောက်လိုက်အဖြစ် လည်းကောင်း၊ မျက်နှာမူရာအရပ် တစ်ခုတည်းကို မျက်နှာမူရာတွင်လည်းကောင်း၊ တစ်စောင်တည်း သော ကျမ်းကို ပြည့်ဝကုံလုံပြီးပြည့်စုံသော ဘ၀လမ်းညွှန်အဖြစ် လိုက်နာရာတွင်လည်းကောင်း၊ ထပ် တူထပ်မျှ ဖြစ်ကြကုန်သည်။

ကိုယ်ကျင့်တရားတွင် အမြတ်ဆုံး၊ ကျင့်စဉ်ကျင့်ရပ်တွင် အစင်ကြယ်ဆုံး၊ လူမှုရေးတာ ၀န်တွင်အပီပြင်ဆုံး၊ လူ့အကျိုးပြုရာတွင်အထက်မြက်ဆုံး အုပ်စုအဖြစ်အတိတ်သမိုင်းက သက် သေခံလျက်ရှိသည်။

ကမ္ဘာ့သမိုင်းမှတ်တိုင်များအနက် အတိအကျမှတ်တိုင်တစ်ခုကို ထောက်ပြရသော်၊ ၁၈၈၂ခုနှစ် အီဂျစ်နိုင်ငံ၏ ““သောက်ဖီးက် သစ္စာဖေါက်မှုအရေး”” ကြောင့် ဗြိတိသျှတို့သည် အစ္စလာမ်သာ သနာဝင်တို့၏ နယ်မြေများအနက် အမာခံဒေသတစ်ခုဖြစ်သော၊ အီဂျစ်နိုင်ငံကို စတင်တိုက် ခိုက် သိမ်း ပိုက်နိုင်ခဲ့သည်။ မွတ်စလင်မ်တို့ဖက်မှ အူရာဘီခေါင်းဆောင်မှုဖြင့် ပြန်လှန်တိုက် ခိုက်ခဲ့သော်လည်း ခေတ်မှီလက်နက်အင်အား မမျှတမှုကြောင့်မွတ်စလင်မ်တို့စစ်ရှုံးပြီး ဗြိတိ သျှတို့သည် နယ်မြေတစ်ခုကို ခြေကုတ် ရခဲ့သည်။

လက်နက်အင်အားကြောင့် တစ်ကြိမ်ထိုးဖေါက်ဝင်ရောက် နိုင်လင့်ကစား မွတ်စလင်မ် တို့သည် နိုးကြားထက်မျက် တက်ကြွသူများ ဖြစ်ကြသည်။ သူတို့အားလုံးထံတွင် လူ့ဘ၀ဖွံ့ဖြိုး တိုးတက်မှု အမျိုးမျိုးကို ပို့ချသော ဘ၀လမ်းညွှန်မှုကျမ်းရှိသည်။ ထိုလမ်းညွှန်ကျမ်းမှာ မည် သည့်အရပ်တွင်ရှိသည့် မွတ်စလင်မ်၊ မည်သည့်အမိဘာသာစကားကိုပင် ပြောပြော၊ မူရင်းအား ဖြင့် အရဗီစာပေနှင့်ရေးသားထားသောကျမ်းကို ဖတ်ရွတ်ရာတွင်၊ နားလည် သဘောပေါက်ရာ တွင်၊လက်တွေ့လိုက်နာကျင့်သုံးရာတွင် အားလုံးသောမွတ်စလင်မ်တို့တွင် တူညီချက် တစ်ရပ် ရှိသည်ကို ဗြိတိသျှတို့က တဖြည်းဖြည်းလေ့လာ တွေ့ရှိရလေသည်။

ထို့ကြောင့် ဗြိတိသျှတို့သည် မွတ်စလင်မ်တို့၏ နယ်မြေတစ်ကွက်ကို အချိန်တော်ကြာ အုပ်စိုးနိုင်ဖို့ရာ အခက်အခဲရှိကြကြောင်း သိမြင်လာလေသည်။ ရရှိပြီးဖြစ်သော နယ်မြေကို ကောင်းစွာအုပ်ချုပ်နိုင်ရေး၊ နောက်ထပ် မွတ်စလင်မ်များ၏ နယ်မြေများကို ဆက်ခါဆက်ခါ သိမ်းပိုက်နိုင်ရေးအတွက် ဗြိတိသျှတို့ အပြင်းအထန် ဆက်လက်လေ့လာ ကြလေတော့သည်။

စစ်ပွဲများအပွဲပွဲနွှဲပြီး အသက်ပေါင်းများစွာ သေဆုံးပြီးမှ အောင်မြင်ခြင်းထက် ရန်သူဖြစ်သူများကပင် အညံ့ခံလက်မြှောက်အရှုံးပေးပြီး ကျွန် တော်တို့မွတ်စလင်မ်များအ တွက် အသင်တို့ဗြိတိသျှများသာ အုပ်ချုပ်စိုးမိုးသူအရှင်သခင်များဖြစ်သည်ဟု မွတ်စလင်မ် တို့၏ လက်တွေ့ဘ၀ကပင် သက် သေခံလာရလောက်အောင် ကြိုးပမ်းဆောင်ရွက်ချက် တစ်ရပ်ကို ပြုလုပ်ခဲ့လေသည်။

သာမန်အားဖြင့်ပြောရလျှင် လိမ်မာပါးနပ်သည်ဟု ဆိုနိုင်သော်လည်း အကြံပက်စက် သော ဗြိတိသျှတို့မှာ အသိဉဏ်ဖြင့် ပရိယာယ်ကိုသုံးစွဲရာတွင် အလွန်ထက်မြက်လေသည်။ တစ်ဖက်သားအပေါ် လိမ်လည်လှည့်ဖြားရာတွင် တစ်ဖက်ရန်သူက အလိမ်ခံရသည်ဟု မထင် သည့်အပြင်ကျေးဇူးရှင်ဟုပင် ထင်မှတ်လာရန် ပြုနိုင်စွမ်းရှိ၏။ ရန်သူသည် မိမိနှင့် နောင်လာ နောက်သားမျိုးဆက်များကိုပင် ယင်းအမွေဆိုးကို မက်မက်မောမောလိုလိုချင်ချင်ဆက်ခံယူ စေကြသည်။

နယ်ချဲ့ဗြိတိသျှတို့သည် ထိပ်တိုက်တွေ့နေရသော မွတ်စလင်မ်အင်အားစု အရေးနှင့် ပတ်သက်၍ ကောင်းစွာလေ့လာဆည်းပူးပြီး ထိုအချိန်ထိုအခါက ဗြိတိသျှအစိုးရ၏ နန်းရင်းဝန် ““ ၀ီလျံအက်(ဒ်)၀ါဒ်ဂလက်စတုံး (၁၈၀၉-၁၈၉၈)သည် မိမိ၏ ပါလီမန်တွင် မွတ်စလင်မ်တို့ အပေါ် ထာဝစဉ်အောင်နိုင်ရေး သုတေသနစာတမ်းတစ်စောင် တင်သွင်းခဲ့သည်။

မစ္စတာ၊ ဂလက်စတုံးသည် ဗြိတိသျှပါလီမန်လွှတ်တော်တွင် မိန့်ခွန်းပြောကြားရင်း ကျမ်းမြတ်ကုရ်အာန်ကို မိမိလက်တွင် ကိုင်လျက်၊-


““ ရဲဘော်တို့ အဲဒီကျမ်းစာအုပ်ဟာ မွတ်စလင်မ်တို့ဘ၀တည် ဆောက်မှုအတွက် ဥပဒေဖြစ်တယ်။ မွတ်စလင်မ်တွေဟာ ဒီကျမ်းကိုသဘောပေါက်ပြီး လက်တွေ့လိုက်နာကျင့် သုံးနေသမျှ ကာလပတ်လုံး ကျွန်ုပ်တို့ဗြိတိသျှများအပါအ၀င် မည်သည့်လူမျိုးမျှ မွတ်စလင်မ် တို့ကို ဖိနှိပ်အုပ်ချုပ်နေနိုင်မှာမဟုတ်။ ၄င်းတို့နယ်မြေများတွင် ပိုင်ပိုင်နိုင်နိုင်အေးချမ်းစွာကြီးစိုး နိုင်ကြမှာမဟုတ်ဘူး။ ဘာကြောင့်လည်းဆိုတော့ မွတ်စလင်မ်တို့ရဲ့အတွေး အခေါ်အမျှော်အ မြင်၊ လုပ်ရည်ကိုင်ရည်များကို ထက်မြက်မြင့်မားအောင် သွန်သင်ရာမှာ ဘယ်လုပ်ငန်းတာဝန် ၀တ္တတရားနဲ့ ဆောင်ရွက်မှုတွေလုပ်ရင်းဖြင့် ဘ၀တည်ဆောက်ရတယ်လို့ တစ်သွေ မတိမ်း လိုက်နာရန် မွတ်စလင်မ် ယောက်ျားမိန်းမတို့အား ဒီကျမ်းကပြဌာန်းထားတယ်”” “ “ဒီတော့ ဗြိတိသျှအာဏာပိုင်တွေဟာ ရောက်လေရာအရပ်မှာရှိတဲ့ မွတ်စလင်မ်တွေအတွက် အလိမ္မာတ ရားသုံးပြီး အောက်ပါပညာ ရေးမူဝါဒတစ်ခုကို မဖြစ်ဖြစ်အောင် ကြိုးစား အကောင်အထည်ဖေါ် ကြရမယ် ”

ဗြိတိသျှနန်းရင်းဝန် ဂလက်စတုံးက မွတ်စလင်မ်တို့အတွက် ပညာ ရေးမူဝါဒ ပြဌာန်း ချက်မှာ၊-

(၁) အစ္စလာမ်သာသနာသည် မွတ်စလင်မ်အားလုံးကို နေ့စဉ်နှင့်တစ်သက်တာပတ်လုံး အလ္လာဟ်အရှင်မြတ်အား တသသတိရလျက်၊ ၀တ်ပြုလျက်၊ ရှိနေရမည်ဖြစ်သည်။ တစ်ကိုယ် ရည် တစ်ကာယ တရားဘ၀နာ စီးဖြန်းပြီး ဤလောကအလှကို ရွံရှာမုန်းတီးမှုကိုသာ ပြဌာန်း ကြောင်း ကောင်းစွာသဘောပေါက်စေရမည်။ ဤလူ့ဘောင်လောကသည် အကုသိုလ်အတိ ပြီးလျက်ရှိပြီး ကောင်းမှုနှင့်မကောင်းမှုကို နားလည်သည့်ကယ် တင်ရှင်လမ်းပြများကို ရှာဖွေပြီး တပည့်ခံလိုက်နာကြရမည်ဟု သင်ကြားပေးရမည်။

(၂) ကုရ်အာန်သည် အလွန်မြင့်မြတ်သောကျမ်းဖြစ်သည်။ လူတိုင်းနှင့်မဆိုင်။ လူတိုင်းမ လေ့လာရ။ သာမန်လူသားများ လေ့လာပါက လမ်းလွဲသွားမည်။ ကျမ်းမြတ်ကို ဖွင့်ဆိုရန်မှာ ဘာသာရေးပညာရှင် အလင်းရပုဂ်္ဂိုလ်များသာ ဖွင့်ဆိုနိုင်သည်။ ထိုပုဂ်္ဂိုလ်တို့၏ သင်ကြားပြ သမှုကိုသာခံယူရမည်။ သာမန်မွတ်စလင်မ်များအဖို့ အသံထုတ်ရုံသက်သက် နားလည်သ ဘောပေါက်ရန်မလိုပဲ ရွတ်ဖတ်သရဇ္ဈာယ်ရုံဖြင့် လာဘ်လာဘတိုးပွားပြီး လုံလောက်လှပြီဟု သာ သင်ကြားပို့ချပေးရမည်။

ဒီအချက်နှစ်ချက်ကို ပိုင်ပိုင်နိုင်နိုင် မွတ်စလင်မ်များအား ပို့ချပြီး အသားသေနေအောင် ပြုလုပ်နိုင်လျှင် တို့နယ်ချဲ့ဗြိတိသျှတို့အတွက် မွတ်စလင်မ်များကို လက်နက်ဆွဲကိုင် တိုက်ခိုက် နေစရာမလို။ ယှဉ်ပြိုင်ကြိုးစား နေရန်မလိုပဲ သူတို့သည် တို့အဖို့ထာဝရ အလုပ်အကျွေးပြုမည့် တပည့်ကောင်း၊ ကျွန်ကောင်းများအဖြစ် ကမ္ဘာတည်သရွေ့ ရပ်တည်နေကြမည် မှာမြေကြီး လက်ခတ်မလွဲပင် ဖြစ်သည်။

ဤကဲ့သို့ သင်ကြားပေးခြင်းမျိုးမဟုတ်ပဲ အကယ်၍ ကုရ်အာန်လမ်း ညွှန်မှုကို မွတ်စ လင်မ်များ ဖတ်ရွတ်လေ့လာပြီး နားလည်သဘောပေါက်သည် ဆိုသည်နှင့် ဧကန်အမှန် အစ္စလာမ်သည်၊-

(၁) လူမှုဆက်ဆံရေး၊ စီးပွားရေး၊ ကြီးပွားရေးတို့ကို လူ့လောကတစ် ခွင်တွင် တစ် သက်ပတ်လုံး မည်သို့ဆည်းပူးရှာဖွေခံစား၍ ဤသာယာဝပြောသော လောကသစ်ကို တည် ဆောက်ရန်သင်ကြားပေးသည့် လမ်းညွှန်ဖြစ်ကြောင်း သိသွားကြပေမည်။အဲဒီအခါ တို့ဗြိတိသျှ တို့အဖို့ ဒီလောကကြီးတွင် ကြီးပွားချမ်းသာတိုးတက်ဖို့ ရှိတော့မည် မဟုတ်သဖြင့် မွတ်စလင်မ် များအား ကုရ်အာန်ပါ လူမှုဆက်ဆံရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ နားလည်သ ဘောပေါက်ခြင်း မရှိစေပဲ အဖတ်သက်သက်(Mere Recitation) ဖြင့် အလွန်မတန်ပြည့်စုံ ပြီဟုသိစေလျက် မြင်သာမြင်မကြင်စေနှင့်၊ ဖတ်သာဖတ်စေ နားလည်ရန် သဘောပေါက်ရန် စိတ်ကူးမပေါ်စေနှင့်။

(၂) အစ္စလာမ်သည် လူတို့နေထိုင်အသက်ရှင်ရာ ရပ်ကွက်နယ် ပယ်၊ တိုင်းပြည် လူ့ဘောင်တစ်ခုလုံးကို မည်သို့မည်ပုံ စီမံကွပ်ကဲအုပ်ချုပ်ရမည်ကို သင်ကြားပေးသောစနစ် ကျင့်စဉ်တစ်ခုဖြစ်သည်ကို လုံးဝအသိ မပေးရ။ ဒီနည်းတွေ ကုရ်အာန်မှာပါလို့ ပါမှန်းမသိစေရ။ ကုသိုလ်ရရေး၊ ဂျန္နသ်ရရေးအတွက် ထပ်တစ်လဲလဲ ရွတ်ဖတ်စေရမည်။ ဒါမှသာ ဒီမြေဒီမိုးရှိရှိ သမျှ၊ တို့ရဲ့ပိုင်နက်ဖြစ်ပြီး မွတ်စလင်မ်တွေဟာ ယင်းပိုင်နက်မှ သစ္စာအရှိဆုံး ကျေးကျွန်များ အဖြစ် သားစဉ်မြေးဆက် ရပ်တည်နေမည်ဖြစ်သည်။

(၃) အစ္စလာမ်သည် လူသားတို့ဘ၀ဖြစ်စဉ်၊ လူသားဘ၀၏ ရည်ရွယ်ချက်၊ လူ့တန်ဖိုး၊ လူ့အရည်အသွေးဖြင့် အပြည့်အ၀ နေထိုင်အသက် ရှင်သန်ရန် လမ်းညွှန်ပြထားသည်ကို လုံးဝပြည့်ဖုံးကားချပြီး သေနေ့မွေးနေ့နှစ်နေ့အတွင်း ဘ၀ကိုအရှုံးပေးလက်မြှောက်ပြီး အညံ့ဆုံး သတ္တ၀ါအဖြစ် မိမိကိုယ်ကို ခံယူထားရုံမျှ အသိပေးပါ။

(၄) အစ္စလာမ်သာသနာတွင် အဆိုအမျိုးမျိုး အတွေးအခေါ်ကင်းမဲ့သော ပုံပြင်ဒဏ္ဍာရီ သိန်းသောင်းဖြင့် သံသယဖြစ်ဖွယ် အသွယ်သွယ်နှင့် အငြင်းပွားစရာများ ပြည့်နှက်လျက် အသေးအဖွဲကွဲလွဲချက်များအပေါ် ငြင်းခုံနေခြင်း၊ ခိုက်ရန်ဖြစ်ပွားနေခြင်း၊ မွတ်စလင်မ်အချင်း ချင်း တစ်ဖက်နှင့်တစ်ဖက် ပုတ်ခတ်ပြောဆိုနေခြင်း၊ အသေသတ်နိုင်သည်အထိ တိုင်ပွဲဝင်ခြင်း သည် သာသနာ့အာဇာနည်ဘွဲ့ရပြီး သာသနာကို ချစ်သည့်သူတိုင်း ပြုကိုပြုရမည့် တာဝန်ဖြစ် သည်ဟု သိနားလည်စေရမည် ဟူသောမိန့်ခွန်းဖြင့် ““ဂလက်စတုံး”” က မိန့်ခွန်းကိုအဆုံး သတ်ခဲ့သည်။

ဤနေရာတွင် ၀ိတိုရိယခေတ် ဗြိတိသျှနန်းရင်းဝန် ““ဂလက်စတုံး””အကြောင်း အနည်း ငယ်ပြောလိုသည်။ သူသည် ဗြိတိသျှသမိုင်းတွင် ကျော်ကြားဆုံး၊ အတော်ဆုံး အစွမ်းဆောင် နိုင်ဆုံး နိုင်ငံရေးသမားတစ်ဦးဖြစ်သည်။

၁၈၆၈မှ၁၈၉၄ခုနှင့်အတွင်း ဗြိတိသျှနန်းရင်ဝန်အဖြစ် လေးကြိမ်တိုင်တိုင် ရွေးချယ်ခံခဲ့ရသူဖြစ် သည်။

ဦးမြတ်သူ၏ဆောင်းပါး Ref : www.quraninburmese.com
Ref : Islam Yaungche Society (IYS) Group