---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Friday, December 28, 2012

“အစ္စလာမ် နှင့် အစားအစာ”


- “တွိုင်ယိဗါတ်” သန့် ရှင်းစင်ကြယ် ၍ “ဟလာလ်”တရားဝင် ခွင့်ပြုထားသော အစားအစာသည်

(၁) သက္က၀ါ တရားနှင့်ယုံကြည်ချက် အပေါ်တိုက်ရိုက်ဆက်စပ်ခြင်း-

ထို့ ပြင်တ၀ အသင်တို့ သည် မိမိတို့ အား အလ္လာဟ်အရှင်မြတ်က ပေးသနားတော်မူသည်များအနက်မှ(စားသုံး)ခွင့်ပြုထားတော်မူသော သန့် စင်သောအရာများကို စားသုံးကြလေကုန်။ ၄င်းပြင်အသင်တို့ သည် မိမိတို့ သက်ဝင်ယုံကြည်လျက်ရှိကြကုန်သော အလ္လာဟ်အရှင်မြတ်အားသာ ကြောက်ရွံကြလေကုန်။ကုရ်အာန် (5း88)

(၂) “အေဘာဒသ်”တစ်ရပ်ဖြစ်ခြင်း-

သို့ ရာတွင် အသင်တို့ သည် မိမိတို့ အား အလ္လာဟ်အရှင်မြတ်က ချီးမြင့်ပေးသနားတော်မူသောအရာများအနက် သန့် ရှင်းစင်ကြယ် သော၊စားသုံးခွင့်ပြုတော်မူသော၊အရာများကိုစားသုံးကြလေကုန်။ ထိုမှတပါး အသင်တို့ သည် အလ္လာဟ်အရှင်မြတ်ကိုသာ ခ၀ပ်ကိုးကွယ် ကြပါလျှင် ထိုအရှင်မြတ်၏ကျေးဇူးတော်များနှင့်စပ်လျဉ်း၍ ကျေးဇူးတင်ရှိကြလေကုန်။ ကုရ်အာန် (16း114)
.
“ကျမ်းမြတ်ကုရ်အာန်မှ “ဟလာလ်”သတ်မှတ်ခွင့်ပြုထားသော အစားအစာ”

- နွယ်ပင်များ၊ကောက်ပဲသီးနှံများ၊သစ်သီးဝလံများ၊သစ်ဥ/သစ်ဖုများ၊ စားသုံးခွင့်ပြုထားခြင်း၊ ကြည့်-ကုရ်အာန် (6း141)

- ခြေလေးချောင်းတိရစ္ဆာန် များကိုစားသုံးခွင့်ပြုထားခြင်း၊ကြည့်-ကုရ်အာန် (6း142)

- နို့ ရည် ကိုသောက်သုံးရန်ခွင့်ပြုထားခြင်း၊ကြည့်-ကုရ်အာန် (166း6)

- ပျားရည်ကို ဆေးဝါးအဖြစ်သောက်သုံးရန်ခွင့်ပြုထားခြင်း၊ ကြည့်-ကုရ်အာန် (166း9)

- ရေသတ္တ၀ါများကိုစားသုံးခွင့်ပြုထားခြင်း၊ကြည့်-ကုရ်အာန် (16း14)
.
“ကုရ်အာန်ကျမ်းမြတ်မှ “ဟရာမ်”တားမြစ်ထားသောအစားအစာများ”

- အလိုအလျောက် သေသော တိရစ္ဆာန်သည်၎င်း၊သွေးသည်၎င်း၊ ၀က်တိရစ္ဆာန်၏အသားသည်၎င်း၊အလ္လာဟ်အရှင်မြတ်မှတပါး အခြားကို ရည်စူးထားသော တိရစ္ဆာန်သည်၎င်း၊လည်မျို(ညှစ်၍ဖြစ်စေ၊ လိမ်၍ဖြစ်စေ)သေရသောတိရစ္ဆာန်သည်၎င်း၊ရိုက်နှက်၍ဖြစ်စေ ထိခိုက်၍ဖြစ်စေသေသော တိရစ္ဆာန်သည်၎င်း၊မြင့်ရာမှကျ၍သေသော တိရစ္ဆာန်သည်၎င်း၊ဦးချိုဖြင့်ဝှေ့ ခတ်ခြင်းခံရ၍သေသော တိရစ္ဆာန်သည် ၄င်း၊(အသက်မထွက်မှီတရားတော်နှင့်အညီ)အသင်တို့  “ဇဗ်ဟ်” လှီးဖြတ်နိုင်ခဲ့သော တိရစ္ဆာန်များမှအပ သားရဲတိရစ္ဆာန်များကိုက်ခဲ သတ်ဖြတ်ထားသော တိရစ္ဆာန်သည်၎င်း၊အသင်တို့ အပေါ်၌ “ဟရာမ်” ဟူ၍တားမြစ်ထားပြီးဖြစ်သည်။ရုပ်ပွါးဆင်းတုများထားရှိရာဌာနများတွင် ပူဇော်သက္ကာပြုရန် လှီးဖြတ်ထားသော တိရစ္ဆာန်သည်၎င်း၊မဲမြှားတို့ ဖြင့် အသင်တို့ ဝေစုဝေပုံ ခွဲခြင်းသည်၎င်း၊အသင်တို့ အဘို့ (စားသုံးခြင်းမပြုကြရန်) “ဟရာမ်”တားမြစ်ထားပြီးဖြစ်ချေသည်။ ဤသည်တို့ ကား ပြစ်မှုဒုစရိုက်များပင်တည်း။ ကုရ်အာန် (53း)
.
“ဟရာမ်”အဖြစ်တားမြစ်ထားသော်လည်း အခြေအနေတစ်ရပ်ပေါ်မူတည်၍ တပ်မက်ကျူးလွန်ခြင်းမရှိဘဲ စားသုံးခြင်းကိုခွင့်ပြုထားသည်။ ကုရ်အာန် (16း 115)
.
ထို့ ကြောင့် မွတ်စလင်မ် တစ်ဦးအနေဖြင့် မိမိစားသုံးသည့် (အရာ)အစားအစာသည်

(၁) “ဟလာလ်”အလ္လာဟ်အရှင်မြတ်က ခွင့်ပြုထားပြီးဖြစ်ရမည်။

(၂) “တွိုင်ယိဗါတ်”သန့် ရှင်းစင်ကြယ်မှုရှိရမည်။

အစားအစာတစ်ခုသည် “တွိုင်ယိဗါတ်” သန့် ရှင်းစင်ကြယ်မှုရှိသော်လည်း “ဟလာလ်”ခွင့်ပြုထားခြင်းမရှိလျှင် “ဟရာမ်”စားသုံးခွင့်မရှိချေ။ထို့ အတူ “ဟလာလ်”ခွင့်ပြုထားသော်လည်း “တွိုင်ယိဗါတ်”သန့် ရှင်းစင်ကြယ်ခြင်းမရှိလျှင် စားသုံးခွင့်မရှိချေ။  
.
Post by IYS member Ko Ye Han

Sunday, December 16, 2012

မွတ်စလင်မ်အမျိုးသ္မီးများ ရှောင်ရန်ဆောင်ရန် ဆေးဝါးနှင့်အလှကုန်ပစ္စည်းများ

လူတွေမှာအသက်အရွယ်ရလာတာနဲ့အမျှ သဘာဝအလျှောက် မျက်လုံး၊ ပါး၊ နှုတ်ခမ်း၊ လည်ပင်းတို့မှာအရေတွန့်လာကြပါတယ်။ အရေတွန့်မှာကို အမျိုးသ္မီးအများစုက စိုးရိမ်ကြပါတယ်။ မိမိတို့ငယ်ရွယ်စဉ်ကလို နုပျိုနေအောင် ငွေကုန်ခံအလှကုန်များဝယ်ပြီး ဖြည့်ဆည်းတတ်ကြပါတယ်။ အမျိုးသ္မီးအကြိုက်အတွက် အလှအပနဲ့ပတ်သက်တဲ့ အလှကုန်နဲ့ဆေးဝါးများကို ထုတ်လုပ်သူအရင်းရှင်များကလည်း သူ့ထက်ကိုယ်ပိုကောင်းအောင်၊ Customer ပိုများလာအောင် နည်းပညာမျိုးစုံနဲ့အမြဲစမ်းသစ်နေကြပါတယ်။ အလှကုန်မှာဆိုရင် အသားအရေအတွက်လိမ်းတဲ့ Day Cream, Night Cream, Anti Aging cream or Serum, Lotion, Oil, Powder မျိုးစုံရှိကြပါတယ်။
-
ဆေးဝါးမှာဆိုရင် အရွယ်နုပျိုစေရန်၊ အသားအရောင် စိုပြေလှပစေရန် Hormones နဲ့ ဆေးဝါးအမျိုးမျိုး ထုတ်လုပ်ကြပါတယ်။ Hormones ကို တိရိစ္ဆာန် Hormones ကနေထုတ်တာကြောင့် ဟရမ် အဖြစ်သတ်မှတ်ထားပါတယ်။
-
အလှကုန်များထက် ထိရောက်တာကိုသုံးလိုသူများက ဆေးထိုးခြင်း၊ ခွဲစိတ် ပြုပြင်ခြင်းတို့နဲ့ အရွယ်နုအောင်၊ လှအောင် ငွေကုန်ခံပြီးလုပ်ကြပါတယ်။ အရင်ခေတ်က စီလီကုန် အပျော့၊ အမာတို့ကို မျက်နှာနဲ့ ဘော်ဒီလှအောင် ခွဲစိတ်ဖြည့်စွတ်ကြပါတယ်။ အခုခေတ်မှာတော့ Botox Injection ကခေတ်စားလာပါတယ်။ Botox (Botulinum toxin) ဆိုတာ Botox is derived from the poison manufactured by the bacteria ဖြစ်ပါတယ်။ အရေတွန့်နေတဲ့နေရာကို Botox ဆေးထိုးထည့်လိုက်ရင် အဲဒီအရေပြားအောက်က ကြွက်သားအလုပ်လုပ်တာကို နှေးစေပြီး တစ်နည်း မသန်စွမ်းစေပြီး အရေတွန့်တာကို (၃ - ၆ လ) တင်းစေပါတယ်။ အရေပြားဆိုင်ရာဆရာဝန်ကြီးများနဲ့ ဆေးဖက်ဆိုင်ရာသုသေသီများက ပြင်ပကဘယ်လောက်ဘဲ ကြော်ငြာကောင်းကောင်း အားမပေးကြောင်း Botox ထိုးသူများအတွက် အန္ဒရယ်ရှိတာတွေ့ရှိရကြောင်း သတိပေးပါတယ်။ Botox ကိုအများအားဖြင့် မီဒီယာလောကတွင် အလုပ်လုပ်သူများနဲ့ လူချမ်းသာများမှ Injection ထိုးကြပါတယ်။ ကုန်ကျစရိတ်လည်းကြီးပါတယ်။
-
ယောက်ျား - မိန်းမ အသက်အရွယ်ရင့်လာသည်နှင့် မျက်နှာနဲ့ ဘော်ဒီမှာ တစ်ဖြေးဖြေးအရေတွန့်လာကြပါတယ်။ သိသာလာတဲ့အရွယ်က ၃၀ ကျော်မှာဖြစ်ပါတယ်။ ထင်ရှားလာတာက ၄၀ ကျော်အရွယ်မှာဖြစ်ပါတယ်။ အသက် ၄၀ ရောက်ရင် ဘော်ဒီအတွင်းမှာရှိတဲ့ Collagen ကနုပျိုတဲ့အရွယ်ကထက် တစ်ဝက်လောက်သာထုတ်လုပ်ပါတော့တယ်။
-
လူသားတွေမှာရှိတဲ့ Collagen အလုပ်လုပ်ပုံက အရေပြားကိုတင်းစေပြီး ကြွက်သားများကိုအားရှိနေစေပါတယ်။ လက်သည်းနဲ့ ဆံပင်ကိုလည်းသန်စေပြီး အသားအရေစိုပြေစေပါတယ်။ Collagen လျှော့နည်းလာတဲ့အရွယ်မှာတော့ ကိုယ်လက်၊ ခါးနာတတ်ခြင်း၊ မျက်နှာ လည်ပင်း နဲ့ ခြေ၊ လက်တို့မှာအရေပြားခြောက်သွေ့တွန့်လာခြင်းတို့ကို တွေ့လာရပါမယ်။
-
အခုနောက်ပိုင်းမှာ အလှကုန် ထုတ်လုပ်သူများက Eyes Cream, Face cream, Lips Cream, Serum တို့ကို Collagen ထည့်ပြီးဖော်စပ်ရောင်းချလာကြပါတယ်။ အလွယ်တကူရှာနိုင်တာက ကုန်တိုက်တွေပေါ်ကအလှကုန်အတန်းတွေမှာ Collagen Filler ဘူးတွေတွေ့ရပါလိမ့်မယ်။ တစ်ဖန် အချို့အလှကုန်ဆေးဝါးမှာလည်း Collagen tablets, powder များကိုရောင်းပေးပါတယ်။
-
အရွယ်နုလိုသူ အလှအပကြိုက်သူများအတွက် ဒါဟာသတင်းကောင်းတစ်ရပ်အဖြစ်ဝမ်းသာရမလို ဖြစ်ပေမယ့်လည်း မိမိကိုယ်ကို အစ္စလာမ်လမ်းစဉ်နဲ့အညီ သန့်ရှင်းစွာနေထိုင်ပြီး အလ္လာဟ်အရှင်မြတ်ပေးထားတဲ့ ဦးနှောက်ကို ကောင်းစွာအသုံးချတတ်မယ်ဆိုရင် မျက်စိနဲ့မြင်တိုင်းလည်းယုံလို့မရပြန်ဘူး။ အဲတော့မိမိတို့အလိုဆန္ဒကိုခဏဘေးဖယ်ပြီး တစ်နည်း မိမိစိတ်ကိုအလိုမလိုက်ဘဲ မှန်ကန်မှုအတွက် ဆွဗာလ်သည်းခံပြီး ပြန်လည်စစ်ဆေးလိုက်ရင် အလှကုန်နဲ့ဆေးမှာပါဝင်ဖော်စပ်ထားတဲ့ Collagen ဟာ တိရိစ္ဆာန်ကထွက်တဲ့ Collagen နဲ့ထုတ်လုပ်ထားတာတွေ့ရပါတယ်။
-
ဘာသာခြားအရင်းရှင်များအနေနှင့် ကုန်ပစ္စည်းရင်းနှီးမြှုတ်နှံရာမှာ ကုန်ကြမ်းဈေးသက်သာတာကိုအမြဲရွေးကြပါတယ်။ တိရိစ္ဆာန်တွေထဲမှာ ဈေးအသက်သာဆုံးနဲ့ အရေအတွက်အများဆုံးရတဲ့ တိရိစ္ဆာန် ဘယ်တိရိစ္ဆာန်လဲဆိုတာ စာဖတ်သူမွတ်စလင်မ်များသိပါလိမ့်မယ်။ အစ္စလာမ်သာသနာမှာ အဲဒီ တိရိစ္ဆာန်ဟာ ၁၀၀ % ဟရမ်ဖြစ်ပါတယ်။ ဒါဆိုကိုယ့်ကိုယ်ကိုတောင် ကောင်းမွန်အောင် ဖီးလိမ်းလို့တောင်မရတော့ပါလားလို့ စိတ်ဓါတ်မကျပါနဲ့။ စာရေးသူ Collagen နဲ့ပတ်သက်ပြီး ဆက်လက်လေ့လာလိုက်တဲ့အခါမှာ ငါးကထွက်တဲ့ Collagen tablets, powder များလည်းရှိပါသေးတယ်။ ဒါပေမယ့် တိရိစ္ဆာန် ကထွက်တဲ့ Collagen  လောက် များများစားစား မရှိနိုင်ပါဘူး။
-
Tablets နဲ့Capsuls မှာလည်း capsuls တွေက Gelatin ဟရမ်နဲ့လုပ်ထားတာတွေရှိပါတယ်။ Gelatin အများစုက ဝက်ကထုတ်လုပ်ကြပါတယ်။ အချို့ capsuls ကိုတော့ ငါး Gelatin နဲ့လုပ်ကြတာရှိပါတယ်။ မွတ်စလင်မ်များဗဟုသုတတိုးပွါးလာတာနဲ့အမျှ သန့်ရှင်းတာကို ပိုပြီး ရှာဝယ်နိုင်မယ်။ လေးနက်မှုထားဖို့ကအဓိကကျပါတယ်။ ဟလာလ် ရရှိရန် အလှကုန်နဲ့ဆေးဝယ်ယူတဲ့အခါမှာ Pharmacist ကိုသေချာမေးပြီးဝယ်ကြပါလို့ အကြံပေးအပ်ပါတယ်။ ဟလာလ်တံဆိပ်ပါတဲ့ Product တွေကိုရှာဝယ်နိုင်ရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။
-
လူဆိုတာ အားနည်းသူအဖြစ်မွေးလာကြတယ်။ တစ်ဖန်အားရှိတဲ့သူဖြစ်လာတယ်။ နောက်တစ်ဖန် အားအင်ချိနဲ့သူအဖြစ်ပြန်ရောက်သွားမယ်လို့ ကျမ်းမြတ်ကုရ်အာန်မှာပါ ပါတယ်။
.
မိမိကိုယ်ကို ဂရုစိုက်ပေးတာ စွန္နသ်ဖြစ်သော်လည်း မှန်ကန်တဲ့ ဟလာလ် နည်းနဲ့ဂရုစိုက်ပေးတာ အသန့်ရှင်းဆုံးဖြစ်ကြောင်း သတိတရားလေး ပေးလိုက်ပါတယ်။
-
ကိုးကား http://www.salamcards.com/static/AtoZListofIngredients.shtml
http://suewidemark.com/botox_not.htm

မမီးမီး
(အစ္စလာမ်ရောင်ခြည်)




Thursday, December 13, 2012

ဒုက္ခနဲ့ သုခကြားက ကြိုးတံတား

လူတိုင်းမွေးလာကတည်းက ဖြူစင်မှုနဲ့အတူမွေးဖွားလာပါတယ်။ ကလေးငယ်ရဲ့ ဖြူစင်မှုကို အရောင်မျိုးစုံ စိုးပေးတာက မိသားစုနဲ့ ဘေးပတ်ဝန်းကျင်တို့ဘဲဖြစ်ပါတယ်။ လူတိုင်းရဲ့ဘဝမှာ ဒုက္ခတစ်လှည့် သုခတစ်လှည့်စီရှိကြပါတယ်။ အမြဲတမ်းလည်း ဒုက္ခမှာမရှိဘူး။ အမြဲတမ်းလည်း သုခမှာမရှိပါဘူး။ အဲဒါကိုမမြဲတဲ့ သင်္ခါရ တရားလို့ခေါ်ပါတယ်။

ဒုက္ခရောက်နေချိန် (သို့) ရည်မှန်းချက်ကြီးနေချိန်တို့မှာ ကိုယ်တတ်နိုင်တာ ထက်လိုအပ်ချက်တွေကပိုများနေခဲ့ရင် အဲဒီအချိန်မှာ သမာအာဇီဝဆိုတာ မိမိထံမှပျောက်ကွယ် သွားတတ်ပြီး လူ့စည်းကမ်းချိုးဖောက်မှုတွေ စာရိတ္တပျက်ပြားမှုတွေက မိမိဘဝမှာ ကြီးစိုးလာနိုင်ပါတယ်။ မိမိအလိုကိုဖြည့်ဆည်းဖို့အတွက်သူများပိုင်နက်ကို ကျူးလွန်မှု သူများပိုင်ကို ခိုးဝှက်မှု လိမ်လည်မှုတို့နဲ့ မိမိသမိုင်းကို ညစ်ထေးစေတတ်ပါတယ်။ ဘယ်ဘာသာ ဘယ်တရားကဘယ်လိုဘဲဆုံးမ ဆုံးမ မိမိအလိုတော်နောက်ကို လိုက်ရင်း ဘုရားတရား သာသနာကဆုံးမမှုကို ဥပေက္ခါပြုမိပြီး မိမိစိတ်ကူး၊ မိမိဆန္ဒကိုသာ ကိုးကွယ်နေတတ်ကြပါတယ်။

တကယ်မှာတော့ ရဇ္ဇကီဆိုတာ အလ္လာဟ်အရှင်မြတ်ဆီက လာတာဖြစ်ပါတယ်။
ချို့တဲ့မှုကြောင့် သူများဆီမှာဒူးထောက်ပြီး ရှရစ်က် လုပ်စရာလည်းမလိုပါဘူး။
သည် အာယာ့သ်တော်ကိုသာ အမြဲသတိရနေဖို့လိုပါတယ်။

Quran (35:1) inn Allaha Ala kulli shai in Qadir.
No doubt only Allah is able to do all things.

လူတွေအနေနဲ့ကိုယ့်ဆွေမျိုးသားချင်း မိတ်ဆွေ သူငယ်ချင်းများရဲ့ အကုသိုလ်အလုပ်တွေကို မြင်ပေမယ့် ကိုယ်အမုန်းခံရမှာစိုးလို့ မပြောရဲ မဆိုရဲခေါင်းရှောင်တဲ့ လူတွေအများကြီးရှိကြပါတယ်။ လက်ညှိုးထိုးရင်မလွတ်ကြပါဘူး။ တကယ်တော့ အဲဒီလိုလူတွေဟာ မိမိကိုယ်ကျိုးကို ကြည့်တဲ့ လူတွေထဲက လူတွေဘဲဖြစ်ပါတယ်။ မိမိအမုန်းခံရမှာစိုးလို့ သူများကို မိမိအစားအမုန်း ခံခိုင်းတာလည်းရှိကြသေးတယ်။ အကုသိုလ်အလုပ်ကိုမမြင်ချင်ယောင်ဆောင်ပေးတဲ့လူက အကုသိုလ်ကျူးလွန်သူတွေအတွက် ချစ်မျိုး ချစ်ဆွေ ချစ်သူငယ်ချင်းတွေဖြစ်ကြတယ်။ သူများအကုသိုလ်အလုပ်ကိုမြင်လို့ မိမိအမုန်းခံရမှာမမှုဘဲ သတ္တိရှိရှိထောက်ပြတယ်၊ သွန်သင်လမ်းပြတဲ့လူက အမြဲအမုန်းခံရတတ်ပါတယ်။ အချို့ လူမှန်နေရာမှန်မှာ ရပ်တည်ချင်တဲ့ သူတို့ဘဲ အဲဒီလိုသွန်သင် လမ်းပြမှုကိုဝမ်းသာစွာနဲ့လက်ခံကြတယ်။

လူ့အိမ်ထောင်စုကြီးထဲမှာ တကယ်တမ်းမြင်သမျှတွေ့သမျှကို စကာမှာထည့်စစ်လိုက်တဲ့အခါမှာ တကယ့် လူတော် လူကောင်း လူမှန်ကလက်တစ်စုတ်စာလောက်ဘဲရှိတယ်။ ဒီခေတ်ကြီးထဲမှာ အမှားကိုမျက်စိပိတ် မသိချင်ယောင်၊ မမြင်ချင်ယောင်ဆောင်ပြီး အမှန်ကိုမျက်နှာလွှဲထားကြတယ်။ အချို့လူကြီးများ၏ မိုက်မဲမှုကြောင့် ဘဝရင့်ကျက်မှုမရှိသေးတဲ့ လူငယ်တွေက လူကြီးများလုပ်ခဲ့သမျှ ဒဏ်ကိုခံကြရတယ်။ အရင်ခေတ်က သားသ္မီးမကောင်း မိဘခေါင်း၊ ဒီခေတ်မှာတော့ မိဘမကောင်း သားသ္မီးခေါင်းဖြစ်နေတာ အတော်များများကိုမြင်တွေ့နေရပါတယ်။ နောက်ထပ်ကြုံတွေ့ရဦးမှာက ကမ္ဘာမီးလောင် သားကောင်ချနင်း။

လူတွေမှာ တစ်ဦးနဲ့တစ်ဦး ရင့်ကျက်မှုအပေါ်မူတည်ပြီး စိတ်ထားချင်း ကွာခြားကြတယ်။ မိဘနဲ့ သားသ္မီး၊ ညီအစ်ကို မောင်နှမတွေတောင် ရင့်ကျက်မှုအဆင့်ဆင့်အပေါ်မှာမူတည်ပြီး စိတ်ထားချင်းလည်းကွာခြားကြတယ်။ ဒါကြောင့် မိဘ၊ သားသ္မီး ညီအစ်ကို မောင်နှမ၊ သူငယ်ချင်းများ စိတ်နေစိတ်ထားမတူညီတာ အဆန်းမဟုတ်ပါဘူး။ ရင့်ကျက်မှုအားနည်းနေရင်တော့ ဘေးကလူ အမှားလုပ်လုပ်၊ အမှန်လုပ်လုပ် သေခြာခွဲခြားနိုင်စွမ်းမရှိသေးပါဘူး။

ဘာမဆို ကိုယ့်လုပ်ရပ်မှာ လိပ်ပြာသန့်ဖို့လိုတယ်။ ကိုယ်လုပ်သမျှက ကိုယ့်ရာဇဝင် ကိုယ်ရေးနေတာဘဲဖြစ်ပါတယ်။ ဒါကြောင့်ရာဇဝင်လှဖို့လိုတယ်။

လူတစ်ဦးတစ်ယောက် မဟုတ် မမှန်တာလုပ်နေရင် အားနာမှု၊ သနားမှု၊ ကြောက်ရွံ့မှုနဲ့ မပြောရဲ မဆိုရဲရင် အဲဒီလူကို ဒုစရိုက်လုပ်ဖို့ ဆက်အားပေးနေတာနဲ့တူတယ်။ ဒါပေမယ့် သတ္တိရှိရှိနဲ့ ထောက်ပြပြီး သမာအာဇီဝကျဖို့၊ သည်းခံတတ်ဖို့ စာရိတ္တကောင်းမွန်ဖို့ ဖေးမကူညီလမ်းပြပေးရင် လူတစ်ယောက်ကို လူ့ကိုယ်ရည်ကိုယ်သွေးမြှင့်တင် ပေးတာနဲ့တူတယ်။ ဒါမှ မိတ်ရင်း ဆွေရင်းဖြစ်ပါတယ်။

သုခတစ်လှည့်ရောက်လာတဲ့အချိန်မှာ အဲဒီသုခဟာ သန့်ရှင်းမှုနဲ့ရတဲ့ သုခဖြစ်ဖို့လိုပါတယ်။ သူတစ်ပါးဒုက္ခအပေါ်မှာ မတရားမှုနဲ့ရလာတဲ့ သုခမျိုးမဖြစ်စေဖို့ သတိထားရပါမယ်။ လူမှာရင့်ကျက် မှုရှိဖို့လိုတယ်။ လူမှာရင့်ကျက်မှုရှိဖို့အတွက် ပညာဗဟုသုတကြွယ်ဝရတယ်၊ သည်းခံတတ်ရတယ်၊ စည်းကမ်းကိုစောင့်ထိန်းတတ်ကြမှ သန့်ရှင်းတဲ့ သုခဆိုတာလည်းဖြစ်ပေါ်လာမယ်။ အဲတော့မှ စိတ်သန့် ကိုယ်သန့် ရာဇဝင်သန့်ပြီး ရလာတဲ့ ဆုလဘ်တစ်ခုဖြစ်ပေါ်လာမယ်။ ဒုက္ခနဲ့ သုခကြားက ကြိုးတံတားကိုတော့ ဆင်ခြင်တုံတရားနဲ့လျှောက်ကြဖို့ မေတ္တာနဲ့သတိပေးလိုက်ပါတယ်။

စာဖတ်သူများ ရွှင်လန်းကြပါစေ။

မမီးမီး
(အစ္စလာမ့်ရောင်ခြည်)



Monday, December 10, 2012

Awaken in the Dream Story

Once a man saw in his dream, that a lion was chasing him. The man ran to a tree, climbed on to it and sat on a branch. He looked down and saw that the lion was still there waiting for him. The man then looked to his side where the branch he was sitting on was attached to the tree and saw that two rats were circling around and eating the branch. One rat was black and the other one was white. The branch will fall on the ground very soon.

The man then looked below again with fear and discovered that a big black snake had come and settled directly under him.The snake opened its mouth right under the man so that he will fall into it. The man then looked up to see if there was anything that he could hold on to.

He saw another branch with a honeycomb. Drops of honey were falling from it. The man wanted to taste one of the drops. So, he put his tongue out and tasted one of the falling drops of honey. The honey was amazing in taste. So, he wanted to taste another drop and then anotherand as a result, he got lost into the sweetness of the honey. He forgot about the two rats eating his branch away, the lion on the ground and the snake that is sitting right under him. Suddenly when the branch broke he remembered all the dangers woke up from his sleep.

Since this was an unique dream, the man went to a pious scholar of Islam to know its meaning. The scholar said "The lion you saw is your death. It always chases you and goes where ever you go. The two rats, one black and one white, are the night and the day. Black one is the night and the white one is the day. They circle around, coming one after another, to eat your time as they take you closer to death. The big black snake with a dark mouth is your grave. It's there, just waiting for you to fall into it. The honeycomb is this world and the sweet drops of honey are the luxuries of this world. We like to taste a little of the luxuries of this world and it's very sweet. Then we want to taste little more and then more. Meanwhile, we get lost into it and we forget about our time, we forget about our death and we forget about our grave."

May Allah wake us up from the sleep and save us before it's too late.Ameen Summa-Ameeen

Saturday, December 8, 2012

ရှရစ်က်မလုပ်မိစေဖို့ သတိပြု

မြန်မာမွတ်စလင်မ်တွေအနေနဲ့ အထူးသဖြင့် အချို့မွတ်စလင်မ်အမျိုးသမီးတွေ ကုရ်အာန်ဘာသာပြန်ကို မဖတ်ဖြစ်ကြဘူး။ ဖတ်ပါလို့ပြောရင် အချို့ကကုရ်အာန်ကိုင်ရမှာ ဝန်လေးတယ်။ စီးပွါးရေး၊ ပညာရေး၊ အိမ်ထောင်ရေး စတဲ့ ကျပ်တည်းတဲ့အရေးကိစ္စပေါ်လာရင် ဆွလာ့သ်ဖတ်၊ ကုရ်အာန်ဖတ်၊ သဝါကာရ်လုပ်ပြီး အရှင့်ထံအပ်နှံအကူအညီတောင်းပြီး အရှင့်မြတ်ထံတော်မှ လမ်းပြ ကူညီစောင်မမှုကို သည်းခံစွာစောင့်စားနေရပါမယ်။ ဘဝမှာအခက်အခဲဆိုတာ သေချာပြန်ကြည့်ရင် နီအမာ့သ် ကောင်းချီးမင်္ဂလာတစ်မျိုးဖြစ်တယ်။ အခက်အခဲကနေ လူတွေ ရင့်ကျက်မှုရလာတယ်။ အခက်အခဲကနေ
အရှင့်ကျေးဇူးကိုမြင်တတ်လာတယ်။
-
ဒီကနေ့ကမ္ဘာပေါ်မှာ နိုဘယ်ဆုရတဲ့ လူတွေဟာဇိမ်နဲ့နေပြီး ရခဲ့တာမဟုတ်ပါဘူး။ အခက်အခဲပေါင်းများစွာကိုဖြတ်ကျော်လာပြီးမှ နိုဘယ်ဆုကိုရလာကြတာ နမူနာဖြစ်ပါတယ်။ ဒါကြောင့်လူ့ဘဝမှာ ဆိုးတစ်လှည့် ကောင်းတစ်လှည့်ဆီရှိကြတယ်။ အခက်အခဲကြောင့် အရှင်မြတ်ကို ယုံကြည်မှု လျှော့နည်းပြီး ရှရစ်က်လုပ်မိရင် မထင်မှတ်တဲ့ဆုံးရှုံးနစ်နာ မှုတွေဖြစ်ပေါ်လာမယ်။ ကုရ်အာန်ဖတ်သာဖတ်တတ်ပြီး အဓိပ္ပယ်မသိရင် ဘေးလူ ဆွဲရာပါတတ်ပါတယ်။ အလ္လာဟ်အရှင်မြတ်က မိမိတို့မသိသောအရာ နောက်ကို မလိုက်ဖို့လည်းမိန့်ထားပါတယ်။
-
ကုရ်အာန် ၀၁၇း ၃၆။ ထို့ပြင်တစ်ဝ အသင်သည် မိမိမသိသော အကြောင်းအရာ၏ နောက်သို့ မလိုက်လေနှင့်၊ ဧကန်မလွဲ နား၊ မျက်စိ၊ စိတ်နှလုံး ဤအသီးသီးတို့သည် ၎င်းအသီးသီးတို့နှင့် စပ်လျဉ်း၍ စုံစမ်းမေးမြန်း ခြင်းကို ခံရမည်သာတည်း။
-
အချို့အီမန်အားနည်းတော့ ဘာသာရေးဖက်မှာလည်းဖတ်ရွတ်ကြပြီး အကြားအမြင်၊ ဗေဒင်၊ ဆေးဆရာတွေကိုလည်း အားကိုးကြတယ်။ မိဘက ဘာသာရေးအားနည်းတော့ အဲဒီအမွေ သားသမီးတွေဆီပါ တစ်ဆင့်ကူးစက်ကြတယ်။ Astaqfirullah... ဒါပေမယ့် သားသမီးတွေခေတ်မှာ အင်တာနက်အားကောင်းတော့ အွန်လိုင်းမှာ ဘာသာရေးဗဟုသုတတွေ အတော်များများကိုရ
ကြတယ်။ တစ်ချို့လူငယ်တွေက သူတို့ လူကြီးတွေထက်တောင် ဘာသာရေးအသိပညာ ပိုကြွယ်ဝလာကြတယ်။ ဒီကနေ့ အချို့လူကြီးတွေကိုကော လူငယ် လူလတ်တွေကိုပါ ကုရ်အာန်ဘာသာပြန်ဖတ်ပါလို့တိုက်တွန်းရင် စိတ်မပါကြဘူး။ ကုရ်အာန်မှာ မိမိတို့ဖန်ဆင်းရှင်က ဘာတွေ မိန့်ထားလည်းမသိရတာ အလွန်နှမြောစရာကောင်းပါတယ်။ ပျားရည်ကိုယ့်ရှေ့မှာရှိပြီး မသောက်သုံးမိလို့ သူ့ရဲ့ချိုမြိန်တဲ့အရသာနဲ့ အကျိုးကျေးဇူးတွေကို မခံစားလိုက်ရတာနဲ့တူတယ်။

အမှားကိုသိသူတွေအတွက် အလ္လာဟ်အရှင်မြတ်ကနောင်တနဲ့ သော်ဗာဖတ်ပြီး အရှင့်ဖက်ကိုပြန်လှည့်ခြင်းကို နှစ်သက်ခွင့်လွှတ်တော်မူတယ်။ 

ကုရ်အာန် ၀၆၅း ၂။ စင်စစ် မည်သူမဆို အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့သည်ရှိသော် ထိုသူအတွက် အလ္လာဟ်အရှင်သည် ထွက်မြောက်ရာလမ်းကို ပြုလုပ်ပေးမည်ဖြစ်သည်။

သော်ဗာဖတ်ပြီး ထပ်ခါအပြစ်ကျူးလွန်နေရင်တော့ အပြစ်ဒဏ်ဆိုတာ ကျရောက်နိုင်တယ်။ ဒီ ဒွန္နယာမှာ ဖိသ်နာ ဖြားယောင်းမှုတွေ၊ ဟရမ်တွေ မိမိတို့ပတ်ပတ်လည်မှာရှိကြတယ်။ ကိုယ့်ကိုယ်ကိုအကောင်းဆုံး ကာကွယ်ပြီး အသန့်ရှင်းဆုံးဖြစ်အောင် ကြိုးစားရမယ်။ ဒီနေရာမှာ အရှင်မြတ်က မိမိတို့ကို
ပြုပြင်ပေးဖို့မစောင့်ပါနဲ့။ မိမိတို့ကိုယ်တိုင်သာ အသိစိတ်နဲ့ပြုပြင်ရပါမယ်။ ကုရ်အာန်မှာ အရှင်မြတ်ကမိန့်ထားပြီးပါပြီမိမိကိုယ်ကို မပြုပြင်သမျှကာလပတ်လုံး အရှင်မြတ်ကလည်းပြုပြင်ပေးမည် မဟုတ်လို့ကုရ်အာန် စူရဟ် ၁၃၊ အာယသ် ၁၁ မှာဖော်ပြထားပါတယ်။
-
မိမိတို့အနေနဲ့အရှင့်လမ်းမှန်ပေါ်မှာ ရှေ့တိုးပြီလျှောက်ချင်တဲ့ ဆန္ဒရှိရင် မိမိတို့စိတ်ကိုချုပ်ထိန်းနိုင်တဲ့ အရည်အချင်း အရှင်မြတ်ထံ အသနားခံပြီး လိုလိုလားလားတောင်းခံရပါမယ်။ အရှင့်မြတ်ကမိမိတို့ရဲ့ ရည်ရွယ်ချက်နဲ့ လက်တွေ့ဆောင်ရွက်မှုကို စောင့်ကြည့်နေသော အရှင်သခင်ဖြစ်ပါတယ်။ လူတစ်ဦးချင်းရဲ့ရ ည်ရွယ်ချက်နဲ့ ဆောင်ရွက်မှုတွေအပေါ်မှာ မူတည်ပြီး ဆိုးကျိုး ကောင်းကျိုးဆိုတာလည်း မိမိတို့ထံသက်ရောက်ပါတယ်။
-
အမှန်တရားကို သိမြင်၊ ကျင့်၊ ကြံ တတ်အောင် လူသားတွေ အမျှော်အမြင်ရှိအောင် သွန်သင်ပေးတဲ့ ကုရ်အာန်မွတ်စလင်မ်တွေ အတွက်ရှိပါတယ်။ ဒါကြောင့် ကုရ်အာန်စကျလာခါစတုန်းက ပထမအာယာ့သ်တော်မှာ ဂျီဗရာအီရ် (အ) က ဖတ်ပါလို့ စသင်ခဲ့တာပေါ့။

အခက်အခဲကြုံတွေ့နေသူများသည် အာယာ့သ်တော်ကိုသာသတိရကြပါ။
Fa-'inna ma-`al-`usri yusra.
Inna ma-'al'usri yus-ra

So,verily, with every difficulty, there is relief.
Verily, with every difficulty there is relief.
(Surah 'Inshirah 94:6)

မွတ်စလင်မ်တိုင်းလမ်းမှန်ရောက်ကြပါစေ။ အာမီးန် ယာရဗ္ဗ အာလ် လမီးန်။

မမီးမီး
(အစ္စလာမ့်ရောင်ခြည်)

Thursday, November 29, 2012

Du'a Hajad


Friday, November 23, 2012

Du'a of Ibrahim (a)


Wednesday, November 21, 2012

အလ္လာဟ်ရှင်မြတ် ၏ လမ်း၌ ကြိုးပမ်း က အလ္လာဟ်ရှင်မြတ်လမ်းပြမည်

အလ္လာဟ်အရှင်မြတ် ၏ လမ်းတော်၌ ကြိုးပမ်းဆောင်ရွက်ကြကုန်သော ၊ ဒုက္ခခံကြကုန်သော(မုဂျာဟဒဟ်) တရားအားထုတ် ကုန်ကြသော ပုဂ္ဂိုလ် မွန်တို့အားထိုအရှင်မြတ်သည်မိမိထံတော်ပါးသို့ချဉ်းကပ်နိုင်ရန် ထူးခြား ...လှသည့် ဥာဏ်အလင်း တစ် မျိုးကို ချီးမျြင့်တော်မူသည်။ မိမိနှင့် နီးစပ်မှု ၊ မိမိ၏ နှစ်သက်မှု နှင့်ဂျန္နတ်၏လမ်းများ ကိုမြင်စေတော်မူသည်။ ထိုအရှင် မြတ် ၏ လမ်းတော်၌ (မုဂျာဟဒဟ်) တရားအား ထုတ်သည် နှင့် အမျှထို ဥာဏ်အလင်းသည်ပို၍ပို၍ပွင်းလင်းလာပေသည်။ ထိုသည့် ဥာဏ်အလင်း ပွင့်လင်းလာသည် နှင့်အမျှ ထိုပုဂ္ဂိုလ်မွန်တို့ သည်နက်နဲသိမ်မွေ့လှသော အမှန်တရားများ ကို သိရှိလာကြပေသည်။ သူတစ်ပါး တို့ မတွေး မိသော အရာများကိုပင်မျက်ဝါးထင်ထင်တွေ့မြင်လာ ကြပေသည်။(အွတ်ဆ်မာနီ) မုချဧကန် အလ္လာဟ် အရှင်မြတ် သည် သူတော် ကောင်းများ နှင့်အတူတ ကွ ရှိတော် မူသည်´ ဟူသည်။`ထိုအရှင် မြတ်သည် သူတော် ကောင်းတို့ အား ကာကွယ် ထိန်းသိမ်း စောင့်ရှောက်တော် မူသည် ´´ဟူ၏။ ကျမ်းမြတ်ကုရ်အာန် မြန်မာ ဘာသာ ပြန်မှတင်ပြပါသည်။ Chapter (29) sūrat l-ʿankabūt (The Spider) Verse (29:69) - English Translation: : And those who strive for Us - We will surely guide them to Our ways. And indeed, Allah is with the doers of good.See more— with Fa Ri Daa. Special thanks to Sister Salma Lwin

Friday, November 9, 2012

There is a special hour on Friday

"There is a special hour on Friday, during which all prayers are accepted and answered by Allah, all Glory and Praise be to Him. This is part of the blessings that Allah has blessed this day with, over all the other days of the week. Ibn Qayyim al-Jawziyya (rahimahullah) said as to the exact hour of Friday during which this occurs is after the Asr prayer until the Magrib prayer because of the following hadith: "Friday has twelve hours (or part to it). There is one hour during which if a Muslim asks Allah anything, Allah will give it to him, so find it during the last hour after Asr." {Abu Dawud & An-Nasai} So don't forget to Tawba, zakir Astagfirullah and recite daroo sharif in every Jummu'ah.

Ref : IYS Group

Sunday, November 4, 2012

ကျွန်တော့်ဘဝရဲ့ အောင့်သက်သက်များ


မိဘတွေက မွေးစာရင်းမှာ နာမည်ရေးရင် မြန်မာနိုင်ငံမှာနေပြီး မြန်မာစာသင်တဲ့ ကျောင်းထားမဲ့ ရည်ရွယ်ချက်နှင့် မြန်မာနာမည်ရေးပါတယ်။
.
ဒါပေမဲ့ မြန်မာပြည်မှာ သနပ်ခါးပါးကွက်လေးနဲ့ ကျောင်းစတက်တဲ့ မူလတန်းကတည်းက ကုလားလို့ ဆရာမရော သူငယ်ချင်းတွေပါ ခေါ်ကြတယ်။
.
ဟုတ်ကဲ့ ကျွန်တော် ရေရေရာရာမသိသေးတဲ့ ဝေါဟာရ အဆန်းလေးမို့ အောင့်သက်သက်နဲ့ ပြုံးနေခဲ့ပါတယ်။
.
အလယ်တန်းကျောင်းသားဘဝမှာ လူရည်ချွန်ရွေးခံရတော့ မင်းက ကုလားတဲ့ လိုက်လို့မရဘူးဆိုပြန်တယ်။
.
အဲဒီတုန်းက မရေမရာ စဉ်းစားမိတာ စာတော်ရဲ့သားနဲ့ ငါဘာလို့ ကုလားဖြစ်ရတာလဲ။
.
ဟုတ်ကဲ့ မိဘတွေက စိတ်အားမငယ်အောင် ထပ်ပြီး ငါ့သားကြိုးစားထား ဆိုတဲ့ အားပေးတာလေးကြောင့် အောင့်သက်သက်နဲ့ မျက်ရည်သုတ်ပြီး ပြုံးနေခဲ့ပါတယ်။
.
အသက်ကလေးရလာတော့ နိုင်ငံသားစီစစ်ရေးကတ်ပြား လုပ်ရမယ်ဆိုပြီး အဖေက လ.ဝ.က ဆိုတဲ့ရုံး သွားရမယ်ဆိုတော့ ဘာမှန်းညာမှန်းမသိ လွှတ်ပျော်နေတာ ငါတော့ လူဖြစ်ကတ်ရတဲ့ လူကြီးဖြစ်ပြီပေါ့။
.
ရုံးထဲဝင်ဝင်ချင်း တွေ့ရတဲ့ စာသား အဓိပ္ပါယ် အဖေ့မေးကြည့်မိတာ နအုံပူကနဲဖြစ်သွားလို့ ဆက်မမေးပဲ ပါးစပ်ပိတ်လိုက်ရတယ်။ 'အဖေ လူကို ဘယ်လိုမြိုရတာလဲ' ဆိုတာလေး မေးမိတာကို ရိုက်ရလားလို့ တွေးရင်း လက်ထောက်ရင်း ကွမ်းဝါးနေတဲ့ လက်ထောက်ဦးစီးမှုးဆီ ရောက်သွားပါတယ်။
.
ဟုတ်ကဲ့ အဖေဘက်က အဖိုးရဲ့ အဖေက အိန္ဒိယ၊ အမေက ရှမ်း။ အဖွားရဲ့ အဖေရော အမေရော ဗမာစစ်စစ်။
.
အမေဘက်က အဖိုးရဲ့ အဖေက ဗမာ၊ အမေက အိန္ဒိယ။ အဖွားရဲ့ အဖေက စူရတီ၊ အမေက မွန်။ ဦးစီးမှုးက ကျွန်တော်တို့က သွေးနှောတွေဖြစ်လို့ လူမျိုးနေရာမှာ ခုလိုရေးပေးပါတယ်။ အိန္ဒိယ+ရှမ်း+ဗမာ+စူရတီ+မွန် တဲ့။ ဒီတစ်ခါ နအုံထပ် အနွှေးခံရတာက 'အဖေတို့ အမေတို့ရဲ့ အဘိုးတို့ အဘွားတို့က ဘာလို့ အမျိုးတူအောင် မင်္ဂလာ မဆောင်တာလည်း' မေးမိလို့ပါ။ အဖြေမရပဲ အရိုက်ခံနေရလို့ အောင့်သက်သက်နဲ့ လူမျိုးပေါင်းစုံတဲ့ နိုင်ငံသားစီစစ်ရေးကတ်ကြီး ရလာမဲ့အရေး တွေးရင်း အောင့်သက်သက်နဲ့ ပြုံးနေခဲ့ပါတယ်။
.
အစိုးရစစ် ၈တန်းမှာ ဂုဏ်ထူးတွေနဲ့ အောင်ပြန်တော့ နာမည်ကြီးတဲ့ အထက်တန်းကျောင်းတက်ချင်လို့ မိဘကို ပူဆာမိတယ်။
.
စေတနာကြီးတဲ့ မိဘတွေက သားပညာရေး ထူးချွန်စေလိုတော့ အထက(*)ဗိုလ်တစ်ထောင်ကို ဟိုလူကြီးပြေးကပ် ဒီလက်ဆောင်ဝယ်ပေးနဲ့ ရအောင် အပ်ပေးရှာပါတယ်။
.
ဟုတ်ကဲ့ တစ်ခန်းလုံးမှာ တစ်ယောက်တည်းသော မွတ်စလင်မ် ၉တန်းကျောင်းသားကို ဟိန္ဒူအစ တရုတ်အဆုံး အကုန်လုံး ကုလားခေါ်ကြပြန်တော့ သြော် သူငယ်ချင်းတွေ နုတ်ကျိုးနေလို့ ခေါ်တာ ခေါ်ကြပါစေပေါ့ အောင့်သက်သက်နဲ့ ပြုံးနေခဲ့ပါတယ်။
.
၁၀တန်းအောင်တော့ ကျောင်းမပြီးသေးတဲ့ ခေတ်ဆိုတော့ အင်စတီကျူတ်တတ်ချင်တဲ့ ရောဂါ တစ်စခန်းထပြန်ပါတယ်။ အမှတ်ကောင်းအောင်ကြိုးစားဆိုတဲ့ မိဘတွေရဲ့ အားပေးမှုတွေကြောင့် စက်မှုတက္ကသိုလ်တက်ခွင့်ရပါတယ်။ ရှားရှားပါးပါး သူငယ်ချင်းကောင်းတွေ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာစာ မိုင်နာယူရတဲ့ ပထမနှစ် နဲ့ ဒုတိယနှစ်မှာ မြန်မာစာ အမှတ်ကောင်းအောင် ကြိုးစားပြီး အမြဲအမှတ်ကောင်းခဲ့တော့ ကမ္မဝါဖတ်မဲ့ ကုလားဆိုပြီး အခေါ်ခံရပြန်တယ်။
.
ဟုတ်ကဲ့ မြန်မာစာဋ္ဌာနမှုးအစ ကျောင်းသားတွေအဆုံး ဂုဏ်ထူးရှင် ကုလားဆိုပြီး ခေါ်တာတစ်မျိုး ဘတ်စ်ကားပေါ်က လစ်ရင်လစ်သလို 'သာရေးကြိုးတစ်ပြား' လို့ ကောင်းချီးပေးခံရတာတစ်ဖုံ ဆိုတော့ အောင့်သက်သက်နဲ့ ၈နှစ်နီးပါး အမုန်းမဖက် ပြုံးနေခဲ့ပါတယ်။
.
မြန်မာပြည်မှာမွေး မြန်မာပြည်မှာနေ
မြန်မာစကားပြော မြန်မာစာသင်
မြန်မာလိုနေပြီး အစ္စလာမ်ဘာသာဝင်ဖြစ်လို့ ဘယ်လောက်ပညာတတ်တတ် ထိုက်တန်တဲ့ နိုင်ငံ့ဝန်ထမ်း နေရာမရနိုင်တော့ တတ်တဲ့ပညာ ချောင်ခဏထိုးပြီး ဝမ်းစာရေးပြဿနာ ဖြေရှင်းရပြန်တယ်။
.
လူမျိုးစုံ ဘာသာစုံနဲ့ ထိတွေ့ဆက်ဆံရတဲ့အခါ စီးပွားရေး သမားပီပီ နူတ်ထွက်စကား ချိုသာရမယ် ဆိုတော့ ယဉ်ကျေးမှုကို ရှေ့တန်းတင်ပြီး ဆက်ဆံတော့ စီးပွားတက်လာပါတယ်။ ဟုတ်ကဲ့ ပြဿနာက ကုလားဆိုင်မှာ ဝယ်ရတာကောင်းတယ်ဆိုတဲ့ စကားကြောင့် ငိုရခက် ရယ်ရခက် ဘာပြောရမှန်းမသိတော့ အောင့်သက်သက်နဲ့ ပြုံးနေခဲ့ပါတယ်။
.
စစ်အစိုးရ အဆက်ဆက်မှာ ပါးရိုက်ခံလိုက် နားရိုက်ခံလိုက် အကြိမ်ကြိမ်ခံလာခဲ့ရတဲ့ ပြည်ထောင်စု ကုလား ကျွန်တော်များကို ရွှေဒုံးဘီအောင်ရဲ့ မဟုတ်မတရား စွပ်စွဲရေးသားထားတဲ့ ဖွတ်ကလိ စာအုပ်ကြီးနဲ့ စတင်ဖိနှိပ်တဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေဟာ တကယ့် ငရဲခန်းပါပဲ။ နိုင်ငံတစ်ဝှမ်း အစ္စလာမ်မုန်းတီးရေးတွေ ရိုက်သွင်းပြီး ဝတ်ပြုဆောင် ဗလီတွေဖျက်ဆီး မီးရှို့၊ အိမ်တွေ ဆိုင်တွေကို နေ့မအား ညမအား ဝင်လု အကြမ်းဖက်၊ ကိုယ်ဝန်ဆောင် မွေးကင်းစ ကလေးမကျန် သတ်ဖြတ်တဲ့ ရာဇဝတ်မှုကြီးတွေကို ဘာသာရေးဝတ်စုံတွေ ဝတ်ထားသူများ တရပ်စပ်ကျူးလွန်ကြပါတယ်။
.
နိုင်ငံတော်ကို ငြိမ်ဝပ်ပိပြားအောင် အုပ်ချုပ်နေသူများက အစော်ကားခံရတဲ့ အနှိပ်စက်ခံရတဲ့ ကျွန်တော်တို့ကို ကုလားပေါ်ကုလားထပ်နေအောင် စော်ကားထားတဲ့ ဖွတ်ကလိ စာအုပ်ကြီးထဲက အကြောင်းတွေ မြောက်ဥက္ကလာပက ဘုရားထဲခေါ်ပြီး မဟုတ်မှန်ကြောင်း ဆင့်ခေါ်စာပို့ပြီး ရှင်းပြခိုင်းပါတယ်။
.
ဟုတ်ကဲ့ အဲဒီတုန်းကတည်းက ဖျက်ဆီးခံထားရတဲ့ ဗလီဝတ်ကျောင်းတွေ အစိုးရတွေသာ ဘောင်းဘီပြောင်းသွားတယ် အခုထိ ပြင်ဖို့လည်းမပေး၊ ဝတ်ပြုခွင့်လည်းမပေးသလို တရားခံတွေလည်း ဘယ်ဆီမှာမှန်းမသိတော့ပါ။ ဆိုးတာက လာလုပ်ရင် ပြန်မခုခံရဘူးဆိုပြီး ထုတ်ပြန်ထားတဲ့ အမိန့်ကြောင့် အောင့်သက်သက်နဲ့ လက်ပိုက်လို့သာ ပြုံးနေခဲ့ပါတယ်။
.
တစ်နှစ်တစ်မျိုး မရိုးနိုင်အောင် ဖန်တီးနေတဲ့ လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေဟာ အာဏာရှင်တို့ အသက်ဆက်နိုင်ရေးအတွက် နိုင်ငံတကာ အတွေ့အကြုံနည်းပါးလှတဲ့ ရိုးသားသူ ပြည်သူများဟာ အသုံးချခံတွေ ဖြစ်ခဲ့ ဖြစ်စဲပါ။
.
အခုလို ဒီမိုကရေစီ မြေစမ်းခရမ်းပျိုးနေချိန်မှာ လွတ်လပ်ခွင့်ပေးခဲ့တဲ့ မီဒီယာကို မီးကုန်ယမ်းကုန် အသုံးချပြီး အစ္စလာမ်ဘာသာဝင်များကို ကမ်းကုန်အောင် online ကနေ တိုက်ခိုက်နေရင်းကနေ ကျောက်နီမော်မှာ ဖြစ်ပွားခဲ့တဲ့ သာမာန် ဖြစ်ရိုးဖြစ်စဉ် ရာဇဝတ်မှုကို ဘာသာရေး လူမျိုးရေး ခေါင်းစဉ်တွေတပ်ပြီး လှုံ့ဆော်လာကြပြီး အဲဒီအမှုနဲ့ ဘာမျှမဆိုင်ပဲ တောင်ကုတ်မှာ အပြစ်မဲ့ အစ္စလာမ်ဘာသာဝင် ခရီးသွား ၁၀ဦးကို နေ့ခင်းကြောင်တောင် လူမြင်ကွင်းမှာ ရက်ရက်စက်စက် ရိုက်သတ်ခဲ့ပါတယ်။
.
ဟုတ်ကဲ့ သတင်းစာတွေမှာ 'မွတ်စလင် ကုလား ၁၀ဦး အသတ်ခံရ' ဆိုပြီး ရိုင်းစိုင်းစွာ ကနဦး သတင်းထုတ်ပြန်ခဲ့ပြီး နောက်ထပ်ပြင်ဆင်ချက်မှာ 'ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင် ၁၀ဦး အသတ်ခံရ' ဆိုပြီး ဒဏ်ရာကို ဆားထပ်ထည့်ပေးပါတယ်။
.
နိုင်ငံတော်က စုံစမ်းပြီး သက်သေထွက်မဲ့သူမရှိလို့ အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်ဖို့ အခက်အခဲတွေဖြစ်ရပါတယ်လို့ သတင်းထုတ်ပြန်ပါတယ်။ အခုလို
.
နိုင်ငံတော်ရဲ့ တရားရေးမဏ္ဌိုင် ကောင်းမွန်လွန်းလို့ အောင့်သက်သက်နဲ့ မချိပြုံး ပြုံးနေခဲ့ပါတယ်။
.
ဟုတ်ကဲ့ အခုဖြစ်နေတဲ့ ရခိုင်ပြည်နယ် အရေးမှာ အဖြစ်မှန်တွေကို ပြည်သူတွေကို ဖုံးကွယ်ထားပြီး မမှန်ကန်တဲ့ မီဒီယာတွေရဲ့ သွေးထိုးမှုတွေကို လက်ပိုက်ကြည့်နေတာ၊ ရိုဟင်ဂျာဆန့်ကျင်ရေးတို့ ဘင်္ဂါလီ ဆန့်ကျင်ရေးတို့ကနေ မွတ်စလင်မ်ဆန့်ကျင်ရေးဖြစ်လာနေတာ၊ နိုင်ငံတစ်ဝှမ်းမှာ စာတွေဝေပြီး တရားဝင် မွတ်စလင်မ် မုန်းတီးရေးလုပ်နေသူတွေကို လစ်လျူရှုထားတာ၊ ကရင်ပြည်နယ်က ဗလီဝတ်ကျောင်းတွေ ဗုံးခွဲခံရတဲ့ အဆင့်ရောက်လာနေတာ၊ လူလယ်ခေါင်မှာ ဘာသာရေးဝတ်စုံတွေနဲ့ လူတွေ အစ္စလာမ်ဘာသာကို ပြောင်းပြောင်းတင်းတင်း စော်ကားတာကို ခွင့်ပြုနေတာတွေဟာ အောင့်သက်သက်နဲ့ အပြုံးမပျက် ခံနေရတဲ့ အဖိနှိပ်ခံတွေကို အစွန်းရောက် အကြမ်းဖက်သမားတွေ ဖြစ်လာအောင် လုပ်နေခြင်းပဲလို့ ယူဆရမလိုဖြစ်နေပါတယ်။
.
ဟုတ်ကဲ့ ကျွန်တော်တို့နေထိုင်တဲ့ တိုင်းပြည်မှာ ဘာသာရေး လွတ်လပ်ခွင့် အပြည့်ရှိပါတယ်။
.
အစ္စလာမ်ဘာသာကလွဲရင်ပေါ့ဗျာ*******

Special thanks to brother Mohammed Naeem


Friday, November 2, 2012

Friday, October 26, 2012

အီဒူလ်အဒ်ဟာ မူဘာရက်

ဟစ်ဂ်ျရီ ၁၄၃၃
--------------------

Thursday, October 25, 2012

ထူးကဲမြင့်မြတ်သောညများ

တမန်တော်မြတ် (ဆွ) မိန့်တော်မူသည်မှာ ညကြီး ၅ ညရှိပေသည်။
ထိုညများမှာ ဒိုအာတောင်းဆုပြုပါက ပယ်ချခြင်းခံရမည်မဟုတ်ပေ။
ယင်းတို့မှာ
.
၁။ ဂျူမူအာ သောကြာည
၂။ ရဂျဗ်လ၏ ပထမည
၃။ ရှအ်ဗန်လ၏ ၁၅ ရက်ည
၎။ အီဒုရ်ဖီသရ်ညနှင့်
၅။ အီဒုလ်အဿွဟာည များဖြစ်သည်။
.
ထိုညများတွင် ဒိုအာကဗူလ်ဖြစ်သောကြောင့် အထူးဂရုစိုက် အလေးထားကာ နိုးနိုးကြားကြားဧဗာဒသ်လုပ်နေရမည်။
.
သောကြာညဆိုသည်မှာ ကြာသပတေးနှင့် သောကြာ ကြားညကို ဆိုလိုသည်။
ထူးကဲမြင့်မြတ်သောညများနှင့် နဖိလ်နမာဇ်များမှ

Saturday, October 20, 2012

ဥပုဒ်စောင့်ထိန်းခြင်းနှင့် ကျန်းမာရေးအကျိုးအမြတ်

ယခု ဇီလ်ဟာ့ဂ်ျလ ၁၀ ရက်အတွင်းပြုသင့်သော အေဘာဒသ်များ

Angels in Islam

1. Allah has created Angels out of light and gave them various duties to perform.
2. They are not visible to us.
3. They do not commit any sins nor do they disobey Allah.
...
4. They do what Allah has ordered.
5. We do not know their exact number.
6. We know of four famous Angels. They are: -

* Hazrat JIBRAEEL Alayhis Salaam.
* Hazrat MICHAEEL Alayhis Salaam.
* Hazrat IZRAAELL Alayhis Salaam.
* Hazrat ISRAFEEL Alayhis Salaam.

7. Hazrat JIBRAEEL (Alayhis-Salaam) brought Allah's Books, Orders and messages to all the Prophets. He was also sent to help the Prophets at times and fight against their enemies.
.
8. Hazrat MICHAAEEL (A.S.) is in charge of food and rain. Other Angels work under him who are in charge of clouds, the seas, the rivers and the winds. He gets the order from Allah. He then orders the others under his command.
.
9.Hazrat IZRAAEEL (A.S.) takes away life with the order of Allah. He is in charge of death. Numerous Angels work under him. Some take away the lives of good persons whilst others looking very fearful take away the lives of sinners and disbelievers.
.
10. Hazrat ISRAAFEEL (A.S.) will blow the SOOR (TRUMPET) on the DAY OF JUDGMENT. The sound will destroy and kill everything that is on earth and in the skies. When he blows for the second time all will come to life with the order of Allah.
.
11. There are two Angels that are always with every person. One writes all his GOOD DEEDS whilst the other enters all his BAD DEEDS. They are known as :- KIRAAMAN-KAATIBEEN.
.
12. The MUNKAR and NAKEER question a person when he dies.
.
13. Some Angels are in charge of HEAVEN, some of HELL, some of looking after children, the old ,the weak and others whom Allah wishes to protect.
.
14. From the QURAN and HADITH we come to know that various other angels are in charge of various other duties.
 
from IYS Group.

Monday, October 1, 2012

သားသ္မီးမကောင်း မိဘခေါင်းတော့မဖြစ်စေလို



ကုရ်အာန် ဝ၆၇း ၂။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အနက် မည်သူသည် အကျင့်အမူအားဖြင့် အကောင်းဆုံးဖြစ်သည်ကို စမ်းသပ်ရန်အလို့ငှါ သေခြင်းကိုလည်းကောင်း ရှင်သန်ခြင်းလည်းကောင်း ဖန်ဆင်းခဲ့သည်။
-
ကုရ်အာန် ၂၄:၃၀။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ပြုလုပ်သမျှတို့ကို ကောင်းစွာသိရှိတော်မူသောအရှင်မြတ်ပင်ဖြစ်ပေသတည်း။
-
The Prophet said: He does not belong to us who does not show mercy to our young ones and respect to our old ones, who does not recommend what is reputable and prohibit what is disreputable (Tirmidhi).
-
Yahya's version says: Allah will record on his behalf a good deed for it, and will blot out a sin for it (Sunan Abu Dawud).
-
အထက်ပါကုရ်အာန်နှင့် ဟဒီးစ်တော်များအရ လူဆိုတာအကျင့်အမူအကောင်းဆုံးဖြစ်အောင်ကျိုးစားရမယ်။ တစ်ဦးနဲ့တစ်ဦးအပေါ် သနားညှာတာမှု၊ လေးစားမှုတွေထားရှိကြရပါမယ်။ ငယ်တဲ့သူတွေကို သနားခြင်း၊ လူကြီးတွေကိုလေးစားတတ်ခြင်းတို့က အစ္စလာမ်သာသနာတော်က မွတ်စလင်မ်များကို ကောင်းသောအကျင့်များ သွန်သင်ဆုံးမပေးထားတာဖြစ်ပါတယ်။ မိမိတို့ကိုအုပ်ထိန်းတဲ့ မိဘ၊ ဆရာများကလည်း လူလူချင်းမေတ္တာထားတတ်ရန်၊ လေးစားတတ်ရန်၊ ရိုင်းပင်းကူညီတတ်ရန် ကလေး လူငယ်များကိုသွန်သင်ပေးခဲ့ကြပါတယ်။
-
ဘာသာတရားနှင့်လူကြီးများ၏ လမ်းပြ သွန်သင်ဆုံးမမှုကို လိုက်နာကျင့်သုံးပြီး ကိုယ်ကျင့်တရားကောင်းမွန်စွာရပ်တည်နေသူတို့မှာ လူ့အသိုင်းအဝိုင်းအတွင်း စံနမူနာဖြစ်ပါတယ်။ ထိုသူနှင့်ပေါင်းသင်းသူတို့မှာလည်း စိတ်အေးချမ်းမှုရရှိပြီး ထိုသူဦးဆောင်သောအဖွဲ့အစည်းတွေမှာလည်း တိုးတက်အေးချမ်း တည်ငြိမ်မှုတို့ ဖြစ်ပေါ်စေပါတယ်။
-
အသက်အရွယ်ကြီးလာပေမယ့် စိတ်ဓာတ်နဲ့ အသိဉာဏ်ပိုင်းဆိုင်ရာမှာ ကလေးသူငယ်တစ်ယောက်လိုဘဲ သူငယ်နာမစင်သေးတဲ့သူတွေမှာ သူကိုယ်တိုင်ကော သူ့ပတ်ဝန်းကျင်မှာပါ အရာရာက ကသောင်းကနင်းဖြစ်ပေါ်စေပါတယ်။ ဒီဆိုးကျိုးရဲ့ရလဒ်က မိမိကိုယ်ကိုကော မိမိနှင့်ပတ်သက်နေသူတို့ကိုပါ နစ်နာဆုံးရှုံးမှုတွေဖြစ်ပေါ်စေပါတယ်။ မိမိကိုယ်ကို ရင့်ကျက်သူတယောက်ဖြစ်လာဖို့ ကျိုးစားအားထုတ်မှုမရှိခဲ့ရင်တော့ ဘဝမှာအမှားတွေ ထပ်ခါ ထပ်ခါကျူးလွန်မိမယ်။ အလိမ္မာနည်းသူ၊ ရန်လိုသူ၊ သနားညှာတာမှုကင်းမဲ့သူ၊ လေးစားမှုမရှိသု၊ သူ့ကျေးဇူးကန်းသူတို့မှာ မိတ်ကောင်းဆွေကောင်းကင်းမဲ့ပြီး မည်သူမှ ပေါင်းဖက်လိုခြင်းမရှိ တစ်ယောက်ပြီး တစ်ယောက်ထိုသူ့အား ကျောခိုင်းသွားမည်သာဖြစ်ပါတယ်။
-
ဒီကနေ့အရာရာခေတ်မှီတိုးတက်နေတဲ့ခေတ်ကြီးမှာ အချို့လူငယ်တွေ ပြင်ပလက္ခဏာသာခေတ်မှီပြီး စိတ်ဓါတ်ရေးရာမှာကျောက်ခေတ်နောက်ပြန်ပြေးနေကြပါတယ်။ အချို့မှာ လူကြီးကိုပြန်အော်ဟောက်ခြင်း၊ အိမ်တွင်း အိမ်ပြင် လမ်းပေါ်မှာ ရန်တွေ့ခြင်း၊ ထေ့ငေါ့ စောင်းမြောင်းခြင်း၊ ဖနောင့်တိုက်သွားခြင်း၊ လူကြီးရှေ့ တခါးစောင့်ပိတ်ခြင်း၊ လူကြီးများ၏စေတနာ ပြောဆို ဆုံးမမှုကို ဥပေက္ခါပြု ညင်းဆိုခြင်း စသည်များကို တွေ့မြင် ကြားသိရတာ အလွန်အံ့ဩမိပါတယ်။ သည်မိုက်ရိုင်းသောအပြုအမူ အပြောအဆိုများကြောင့် လူကြီးများမျက်ရည်ကျတာ မြင်လိုက်ရတဲ့အခါ '' အာ့စ်သဂ်ဖိရုလ္လာဟ် '' ဒီခေတ်ကလေးတွေများ ဘယ်လိုဖြစ်သွားကြပြီလဲလို့ စိတ်မကောင်းဖြစ်မိပါတယ်။ ပိုပြီးအံ့ဩတာက အဲဒီလိုအလိမ္မာနည်းတဲ့သူတွေဟာ မိမိကိုယ်ကိုအရင်ပြုပြင်ရကောင်းမှန်းမသိဘဲ လူအများကို အွန်လိုင်းမှာ စာသင်နေခြင်းက အလွန်စိတ်ပျက်စရာကောင်းပါတယ်။
-
သတိထားရမည့်အချက်မှာ လူကြီးဖြစ်စေ လူငယ်ဖြစ်စေ လူဆိုတာ မည်သူမှပြည့်စုံမှုမရှိ။ လူကြီး လူငယ်အားလုံးမှာဟာနေတဲ့ ကွက်လပ်ကိုယ်စီရှိကြပါတယ်။ အမှား လူတိုင်းမှာရှိကြတယ်။ ဒါကိုအပြစ်မြင်ရန်လိုနေမယ့်အစား နားလည်သဘောပေါက် ခွင့်လွှတ်သည်းခံပြီး လိုနေတဲ့ကွက်လပ်တွေကို ဉာဏ်အမျှော်အမြင်နဲ့ ဖြည့်ဆည်းပေးနိုင်ပါတယ်။ ချက်ခြင်းဖြစ်ပေါ်လာတဲ့စိတ်ခံစားမှု၊ ဒေါသတို့ကိုရှေ့ထားရင်တော့ မိမိ ကိုယ်ကိုယ်ကိုရော၊ မိမိကိုမွေးထုတ်ပေးတဲ့ မိဘရဲ့ ဂုဏ်သိက္ခါပါချမိလိမ့်မယ်။ သားသ္မီးမကောင်းမိဘခေါင်းတဲ့။ လုံးဝပြင်ဆင်လို့မရတဲ့သူကိုမှသာ ဥပက္ခါပြုကောင်းပြုရပါလိမ့်မယ်။ လူမှာ အမည်းစက်ဆိုတာဖျက်ရခက်တယ်။ လူသာ သေသွားပေမဲ့ နာမည်အမြဲရှင်သန်နေသူတွေနဲ့လူသာရှင်သန်နေပေမဲ့ နာမည်ကတော့ သေသွားပြီဆိုတဲ့ လူနှစ်မျိုးထဲမှာ ပထမလူစားမျိုးဖြစ်ပါစေ။
-
မိမိယုံကြည်ချက်၊ ခံစားချက် တစ်ခုခုမှာ အမျှော်အမြင်၊ ဆင်ချင်တုံတရားမရှိခဲ့ရင် အဲဒီယုံကြည်မှု၊ ခံစားမှုတို့ဟာ အစွန်းရောက်ဖြစ်သွားတတ်တယ်။ ယုံကြည်မှု၊ ခံစားမှုတစ်စုံတစ်ရာကို ချင့်ချိန်တတ်ရင် သင့်တော်ကောင်းမွန်သောအခြေအနေတစ်ရပ်မှာရှိလိမ့်မယ်။ လူမှန် နေရာမှန်ဖြစ်ဖို့ မိမိကိုယ်ကိုဘယ်လောက်ထိရင့်ကျက်မှုရှိပြီလဲ စမ်းစစ်ကြည့်၊ ဘာသာတရား၏ လမ်းညွှန်ချက်များနှင့် တစ်ဖန်စမ်းစစ်ကြည့်၊ မိမိထက်ရင့်ကျက်သူနှင့် တစ်ဖုံစမ်းစစ်ကြည့်ရင် မိမိတို့မှာဖြည့်ဆည်းစရာကွက်လပ်တွေ တစ်ခုပြီးတစ်ခု တွေ့မြင်ရပါလိမ့်မယ်။
-
မိမိကိုယ်ကိုပြုပြင် တိုးတက်ရေးအတွက် မိမိပုံရိပ်ကိုပြတဲ့ ကြေးမုံဟာအကောင်းဆုံးဖြစ်ပါတယ်။
ရင့်ကျက်မှုဟူသော အောင်လက်မှတ်ရတဲ့တစ်နေ့မှာတော့ လူအများကိုလမ်းညွှန်ပါ။ ဗဟုသုတတွေသင်ပေးပါ။ အဆိုးအကောင်းခွဲခြားတတ်ဖို့ မိမိအတွေ့အကြုံတွေကိုမျှဝေပါ။ အောင်လက်မှတ်မရခင်တော့ လူအများကိုသင်တာထက် မိမိကိုယ်တိုင်အရင် အကျင့်သီလကောင်းနှင့် ဗဟုသုတရှာမှီးရန်ကျောင်းခေါင်းလောင်းသံဆီသို့လှမ်းလိုက်ကြစို့။ 

Thursday, August 30, 2012

Read Quran each day


Sunday, August 26, 2012

ကျောက်ဆိုင်နှလုံးသားများ လောကအလှတရားနှင့် နူးညံ့စေသောဝ်

ကုရ်အာန် ၈၅း ၁၄ ထို့အပြင် ထိုအရှင်သည်သာလျှင် လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်သော၊ အလွန်ချစ်ခင်မြတ်နိုးသော အရှင်မြတ်ဖြစ်သည်။
.
ဤလောကတွင်အလှအပဆုံး အဖြူစင်ဆုံး အမြင့်မြတ်ဆုံး အကြင်နာဆုံးသော အချစ်မှာ တစ်ပါးတည်းသောအလ္လာဟ်အရှင်အားချစ်ခြင်းဖြစ်သည်။ ထိုအရှင်သည် ချစ်ခြင်းတရားနှင့်ပြည့်စုံသော နှလုံးသားများကို ဖန်ဆင်းရှင်လည်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် နှလုံးသားများကို အချစ်နှင့်လှည့်စေ၍ အရှင့်အားသိကာ ရိုကျိုးနှိမ့်ချခြင်း၊ အမိန့်နာခံခြင်း၊ ကိုးကွယ်ခြင်း၊ ချီးမွမ်းထောပနာပြုခြင်းနှင့် ပီတိဝေဖြာခြင်းတို့ဖြစ်ပေါ်စေသည်။ ထိုသို့ယုံကြည်ကိုးကွယ်ခြင်းသည် အခြားမည်သည့်အရာနှင့်မှ အရှင်မြတ်နှင့်ယှဉ်တွဲ၍မကိုးကွယ်နိုင်ပါ။ ပြည့်စုံသောအချစ်ဟူသည် ရိုကျိုးနှိမ့်ချခြင်းနှင့် အမိန့်နာခံခြင်းတို့မပါဝင်ဘဲပြည့်စုံမှုမဖြစ်နိုင်ပါ။
.
ဟဒီးစ်တော်၌လာရှိသည်မှာအရှင်မြတ်သည် မိုးနှင့်လည်းမဆန့်၊ မြေနှင့်လည်းမဆန့်။ သို့သော် မုအ်မင်န်၏ နှလုံးသား၌ ဝင်ဆန့်တော်မူသည်။
.
သင့် '' ငါ '' အတ္တ (သင်္ခတ) ထွက်ခွါသွားသောအခါ၊ အရှင့် (အသင်္ခတ) ဝင်ရောက်လာပြီး သင်၏ သတိမပြုမိတော့သော သင့်ကိုယ်တွင် အရှင်မြတ်၏ အလှတရားတော်ကို ထုတ်ဖော်ပြသလေသည်။
.
လူသားချင်းထားရှိသောအချစ်ဆိုသည်မှာ ပေးဆပ်ခြင်း၊ ဂရုစိုက်ခြင်း၊ ပူပန်ခြင်း၊ ကာကွယ်ပေးခြင်း၊ ပြုစုယုယပေးခြင်း၊ ယိုင်းပင်းကူညီ ပံ့ပိုးပေးခြင်း၊ အနစ်နာခံခြင်း၊ မျှဝေပေးခြင်းတို့ဖြစ်သည်။
.
အချစ်သည် တာရှည်လာသောအခါ ဝိဇ္ဇာဉာဏ်၏ အလင်းရောင်ဖြစ်လာသည်။ ထိုသို့ဖြစ်လာသောအခါ စိတ်နှလုံး၏ ငြိမ်းချမ်းမှု၊ သာယာမှုနှင့် ကြည်နူးနှစ်ခြိုက်မှုတို့ကိုပေးအပ်လေသည်။ ထိုမေတ္တာအရင်းခံကြောင့် နောင်အနာဂတ်တွင် တစ်ဦးကိုတစ်ဦးဖေးမကူညီယိုင်းပင်းကြလေသည်။
.
** ကုရ်အာန် ၂း ၃၀ အသင်တို့မသိသော အကြောင်းများစွာကို ငါအရှင်သာလျှင် သိတော်မူသည်။
.
အလ္လာဟ်အရှင်မြတ်က လူသားတွေကိုမေတ္တာတရားနဲ့ ဆင်ချင်တုံတရားတွေသင်ပေးထားတော်မူတယ်။ လောကအလှတရားတွေကို ဖန်ဆင်းပေးတဲ့အရှင်က ဖန်ဆင်းပေးပြီးပြီ။ သည်တန်ဖိုးတွေကိုသိပြီး အွန်လိုင်းမှာတိုက်ခိုက်မှုအသီးသီးတွေနဲ့ မေတ္တာတရားခေါင်းပါးတဲ့ ကျောက်ဆိုင်ကျောက်ခဲတွေ လက်ရှိဖြစ်ပေါ်နေတဲ့ ပြည်တွင်း ပြည်ပ အကျည်းတန်မှုတွေကို ဖယ်ရှားပြီး လူအချင်းချင်းမေတ္တာစိတ်လေးတွေ ပြန်ထားကြမယ်ဆိုရင် အလွန်ငြိမ်းချမ်းသာယာတဲ့ လူ့အသိုင်းအဝိုင်းကြီး တစ်ခုဖြစ်လာမှာပါ။ အင်ရှာအလ္လာဟ်။

Wednesday, August 22, 2012

အီဒွလ် ဖိသိရ် (သို့) ဥပုသ်လထွက် ၀ါကျွတ်ပွဲ အထိမ်းအမှတ်-- မိန့်ခွန်း

မြန်မာမွတ်ဆလင်အပေါင်းနှင့် တစ်ဘက်သတ် နှိပ်ကွပ်ခံနေရသူများ၊ အမှန်တရားဘက်မှ ရပ်တည်နေသူများ အားလုံးကို မေတ္တာပို့သပါတယ်။
.
ကျွန်တော်တို့ အစ္စလာမ် သာသနာဝင်များဟာ တစ်နှစ်မှာ အီးဒ် ဆိုတဲ့ ဝေါဟာရနဲ့ နှစ်ကြိမ်နှစ်ခါ နှစ်စဉ် ကျင်းပ ဆင်နွှဲ နေ ပါတယ်။ ကျွန်တော် လေ့လာမိသလောက် အီးဒ် ဆိုတဲ့ အာရ်ဗီဝေါဟာရရဲ့ အဓိပ္ပါယ်က ၀မ်းမြောက်အဲ လဲ ပျော်ရွှင်တဲ့ အ
ထိမ်းအမှတ် အခမ်းအနား ကျင်းပတဲ့ ပွဲတော်ကို အီးဒ် လို့ သုံးပါတယ်။ ဒါကြောင့် အာရဗ် ခရစ်ယာန်များက ခရစ်မတ် ပွဲ တော်ကို အီးဒုလ် မီးလာ့ဒ် လို့ ပြောဆိုပါတယ်။
.
အာရ်ဗီဝေါဟာရနဲ့ ပတ်သက်ရင်းနှီးတဲ့ ကျွန်တော်တို့ မွတ်ဆလင်တွေကလည်း ဥပုသ်လကုန် ၀ါကျွတ်ပွဲတော်ကို အီးဒုလ် ဖီးေဿလ် လို့ ခေါ် ကျင်းပပြီး၊ ကံဆောင်ပရိဝါ့သ် ပြုတာ ဟာ့ဂ်ျ အခမ်းအနားကို ဂုဏ်ပြုတဲ့ ပွဲတော်ကိုတော့ အီးဒ်ဒုလ် အဿွဟာရ် လို့ ခေါ်ဆို ကျင်းပလေ့ရှိပါတယ်။
.
ဒီနေ့ဟာ ကျွန်တော်တို့ မွတ်ဆလင်များ အတွက် အီးဒုလ်ဖီးေဿလ် ပွဲတော် ကျင်းပနေတဲ့ နေ့ပါ။ ဒီနေ့မှာ ကျွန်တော်တို့ ဟာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ကြည့်ပါ။ အမှန်တစ်ကယ် ၀မ်းသာအဲလဲနဲ့ ကြည်းနူးမှုတွေ ရင်ထဲမှာ တစ်ကယ်ပဲ ရှိ နေပါသလား။ သို့မဟုတ် ရင်ထဲမှာ ပြည့်တင်း မွန်းကျပ်မှုတွေနဲ့ ဟန်ဆောင်ပန်ဆောင် အီးဒ် (ပွဲတော်) ကို ပြုလုပ်နေကြ ပါ သလား။----
.
ကျွန်တော်ယုံကြည်နေပါတယ်။ ဒီနေ့ ကျွန်တော်တို့ မြန်မာမွတ်ဆလင် အားလုံးရဲ့ အဖြစ်က သူ့အတွက် လာ့ဘ် လာဘ ငွေစ၊ ကြေးစလေး ရမလား ဆိုတာကို ရင်ထားမှာ ထားပြီး မျက်နှာက အပြုံးတုနဲ့ လူတိုင်းကို ဆက်ဆံ နေရတဲ့ တည်းခိုခန်း က ဧည့်ကြိုတစ်ဦးရဲ့ အပြုံးမျိုးနဲ့ သာယာနေရတဲ့ အဖြစ်ထက် မပိုနိုင်ပါ။ ဘယ်နေ့မှာ ငါတို့ အတွက် ဘေးဒုက္ခများ လာလေ မလဲလို့ ရင်ထဲမှာ အပူမီးတွေ ကိန်းနေရဆဲပါ။
.
ဒီအပူမီးတွေကို ကုစားဘို့ လူအများစုကြီးက လောကီငွေကြေး အမြောက်အများကို အလုအယက် ရှာဖွေနေကြတယ်။ ဖြစ် ပေါ်လာတဲ့ ဘေးဘယာများကို ဒီငွေကြေးနဲ့ ဖုံးလိုက်မယ် ဆိုတဲ သဘောမျိုးလည်း တစ်ချို့မှာ ရှိနေပါတယ်။ ကိုယ်အတွေ့ အကြုံနဲ့ကိုယ်- ကိုယ့်အယူအဆနဲ့ကိုယ် ဖြစ်နေတာကြောင့် လူတစ်ဦးချင်းရဲ့ ပုဂ္ဂလ ခံစား များကို မှားသည် မှန်သည် မဝေဖန်လိုပါ။ ဒါပေမယ့် လူတိုင်းကိုတော့ စနစ်တကျ ပြန်လည်သုံးသပ်စေဘို့ သတိ ဖေါ်ပေးလိုပါတယ်။
.
ဒီနေ့ မြန်မာ မွတ်ဆလင်တွေဟာ မတော်မတရား တစ်ဘက်သတ် နှိပ်ကွပ်ခံနေရတာကို မွတ်ဆလင်တိုင်း သာမက အမှန် တစ်ကယ် လူ့အခွင့်အရေးမှာ တန်ဘိုးထားတဲ့ လူတိုင်း သိနေမြင်နေပါတယ်။ ဒီလို အရေးကြီးတဲ့ သော့ချက်ကို အရင် မရှင်းဘဲ လက်ပူတိုက် ဖုံးဖိ ရှင်းနေယုံနဲ့ ကိစ္စတစ်ရပ်ဟာ အဆင်ပြေသွားမှာ မဟုတ်ပါ။ မိမိ နဲ့ မိမိရဲ့ ပတ်ဝန်းကျင်ကြီး တစ်ခုလုံး ငြိမ်းချမ်းသာယာသွားမှ မိမိကိုယ်တိုင်လည်း အေးချမ်းသာယာနိုင်မှာ ဖြစ်ပါ တယ်။ ဥပမာ မိမိ အိမ်တစ်လုံးထဲပဲ-- မီးဘေး အာမခံ ၀ယ်ထားပေမယ့်၊ ပတ်ဝန်းကျင်က အိမ်တွေဟာ အလွယ် တစ်ကူ လောင်ကျွမ်းနိုင်တဲ့ လောင်စာတွေ ဖြစ် နေရင်--၊ အချိန်မရွေး မီးထလောင်နိုင်တယ်၊ အချိန်မရွေး အိုးအိမ် ဥစ္စာများ ဆုံးရှုံးသွားနိုင်တယ်။ မိမိရဲ့ မီးအာမခံ လျှော်ကြေးက ဘေးဒုက္ခရောက်ပြီးမှာ ပြန်ရကောင်း ရလာမှာ ဖြစ်တယ်၊ ဒါတောင် မသေချာလှပါ။ အလားတူပဲ-- မြန်မာ မွတ်ဆလင် တွေဟာ မိမိရဲ့ ငြိမ်းချမ်းရေးကို ရယူဘို့ ကြိုးစားတဲ့ အခါမှာ ရခိုင်မှာ ဘာဖြစ်ဖြစ် ငါတို့ ဗမာပြည်ဘက် အခြမ်း ကို မကူးစက်လာရင် ပြီးရော စိတ်မျိုး၊ ကချင်မှာ ဘာဖြစ်ဖြစ် ငါတို့ ကရင်ဘက်ကို မကူးစက်လာရင် ပြီးရော စိတ်မျိုး- ဘယ် သူသေသေ ငတေမာ ပြီးရော ဆိုတဲ့ စိတ်မျိုးကို လုံးဝ မထားသင့်ပါ။
.
လူ့အသိုင်းအ၀ိုင်း ငြိမ်းချမ်းရေးအတွက် အနစ်နာခံရပါမယ်။ စည်းလုံးညီညွတ်ရပါမယ်။ ငါသေမှာ ကြောက်လို့ ဆိုတဲ့ စိတ်နဲ့ ယုတ်မာနေသူများကို အလိုက်သင့်ဆောင်ရွက်နေခြင်းဟာ အနစ်နာခံနေခြင်း မဟုတ်ပါ။ ဘယ်သူမှ အလကား မသေချင် ပေမယ့်- မတရားမှုများ ပပျောက်သွားအောင် ပြောသင့်တာများကို ပြောရမှာ ဖြစ်ပါ တယ်။ ယုတ်မာသူများဟာ ညီညွတ် လာတဲ့ အင်အားတစ်ခုကို အချိန်မရွေး ဖြိုခွဲ အားနည်းသွားအောင် လုပ်ပစ် ဘို့ ကြံစည်နေတယ် ဆိုတာကိုလည်း အမြဲ တွက်ထားရပါမယ်။ ဒါကြောင့် အချင်းချင်း သွေးမကွဲဘို့၊ ငွေကြေး ဥစ္စာနဲ့ ဆွဲမြှူခြင်းအပေါ် မသာယာမိဘို့- ရာထူးဌာနန္တရ ကို မမက်မိဘို့ အလွန်အရေးကြီးပါတယ်။ ရာထူးမက် မယ်၊ ငွေကြေးမက်မယ်- အမှန်တရားကို ဖုံးကွယ်ထားမယ် ဆိုရင် တော့--၊ အဲ့ဒီ လူ့အသိုင်းအ၀ိုင်းဟာ ဘယ် တော့ ငြိမ်းချမ်းသာယာမှုကို ရနိုင်တော့မှာ မဟုတ်ပါ။
.
နောက်လိုက်များ အနေနဲ့လည်း ကိုယ်ကျိုးကြည့်တဲ့ ခေါင်းဆောင်များကို နေရာမပေးသင့်တော့ပါ။ အချင်းချင်း ကာဒယာနီ ပရ်ဝေဇီ ၀ါဟာဘီ ဆွန်နီ၊ ရှီယာ ထိုးချ စွတ်စွဲနေပြီး တစ်ကယ့် သတ္တိကောင်း ခေါင်းခံရဲတဲ့ ခေါင်းဆောင်များကို ပုတ်ခတ် ပါယ်သတ်နေခြင်းများကိုလည်း အထူးဆင်ခြင်ရတော့မယ့် ကာလကို ရောက်နေပါတယ်။ ဘယ်သူဖြစ်ဖြစ် မိမိရဲ့ အသိုင်း အ၀ိုင်းတစ်ခုကို တစ်ကယ့် စေတနာကောင်းနဲ့ သတ္တိကောင်းနဲ့ အမှန်တရားအတွက် လုပ်ဆောင်ပေးနိုင်မယ့် လူသားကိုသာ ဦးစီးဦးဆောင်တင်မြှောက်သင့်ပါတယ်။
.
ငါ နာတုံးခဏ အမေလေးတ၊ ပြီးရင် နဂိုဇတ်ကို ဆက်က နေတဲ့ အလေ့အကျင့်မျိုးက ပညာမဲ့တို့ရဲ့ အလေ့ အကျင့်များ စိတ် စရိုက်များ ဖြစ်ပါတယ်။ ဒီလို စိတ်စရိုက် ပိုင်ရှင်များဟာ အီမန်ပိုင်း ဆိုင်ရာမှာ အလွန်အားနည်း နေပါသေးတယ်။ မိမိကိုယ် မိမိ ပြန်လည် ဆင်ခြင်သင့်ပါတယ်။ အယူသည်းခြင်းဟာ အီမန်မြင့်ခြင်း အီမန်ကြီးခြင်း မဟုတ်ပါ။ အနစ်နာခံခြင်း၊ စွန့် လွှတ်ခြင်း၊ စွန့်စားခြင်း လူထုအတွက် သောကထားခြင်း၊ မိမိထက်ပိုပြီး မိမိရဲ့ အသိုင်းအ၀ိုင်းကို ဦးစားပေးခြင်း မိမိရဲ့ အ သိုင်းအ၀ိုင်း အနာဂါတ်ကို တွက်ချက်ပြီး အသိုင်းအ၀ိုင်းကောင်း စားမယ်ဆိုရင် မိမိဘက်က ဘာမဆို လုပ်ရဲ ပေးဆပ်ရဲခြင်း သည်သာ အီမန်ကြီးခြင်း အီမန်မြင့်ခြင်း ဖြစ်ပါတယ်။
.
ကျွန်တော်တို့ အနေနဲ့-- မြန်မာနိုင်ငံထဲမှာ ရှိသမျှသော မွတ်ဆလင်များရဲ့လက်တွေ့ ခံစားချက်များ နစ်နာချက်များကို ကုစား ပေးနိုင်ရပါမယ်။ အလားတူ အခြားသော သူများရဲ့ နစ်နာမှု၊ ဆုံးရှုံးမှု အားလုံးကိုလည်း တတ်အားသမျှ ကာကွယ် ကုစား ပေးရပါမယ်။ မတရားမှု အားလုံးကို ရပ်တန့်သွားအောင် ကြိုးစားရပါမယ်။ ဒီအတွက် အသင်းအဖွဲ့တိုင်းရဲ့ ခေါင်းဆောင်တိုင်း မှာ တာဝန်ရှိနေပါတယ်။ ငါ့အသင်း ကောင်းစားဘို့ ငါ့ဂိုဏ်း ကောင်းစား ဘို့၊ ငါ့အမျိုးအနွယ် ကောင်းစားဘို့ ဆိုတဲ့ စိတ်မျိုး သာ ထားနေရင်တော့-- ဒီလို ခေါင်းဆောင်မျိုးကို အဲ့ဒီ အသိုင်းအ၀ိုင်းက ဖယ်ရှားပစ်ရမှာပါ။ ဒီအတွက် လူထုမှာလည်း အသိရှိနေဘို့ လိုပါတယ်။ ခေါင်းဆောင်ဆိုသူ လှည့် တိုင်း လည်နေတဲ့ လူတန်းစားမျှသာ ဖြစ်နေသေးရင်တော့-----။ နောင် မျိုးဆက်ပေါင်းများစွာအထိ အဲ့ဒီ လည်ပတ်ခြင်း ရဟတ်ထဲမှာသာ မွေ့နေရမှာပါ။-- စစ်မှန်တဲ့ အီးဒ် (ပျော်ရွင်မှု ပွဲတော်) ဆို တာ ဘယ်တော့မှ ဖြစ် လာတော့မှာ မဟုတ်ပါ။
.
မြန်မာတစ်ပြည်လုံးမှာ ရှိတဲ့ မွတ်ဆလင်များ အနေနဲ့ စစ်မှန်တဲ့ အီးဒ် ရဲ့ ရသကို ခံစားနိုင်အောင် အမှန်တစ်ကယ် ကြိုးစား ကြပါလို့ တိုက်တွန်းပါတယ်။ အလားတူ လူ့အခွင့်အရေး လှုပ်ရှားသူများ အနေနဲ့လည်း မိမိရဲ့ ရင်ထဲမှာ အစွဲကင်းပြီး တစ် ကယ့် လူသားတွေ အတွက် အလုပ်လုပ်ပေးနေတဲ့ ဆိုတဲ့ အသိနဲ့ လူ့အခွင့်အရေးနေ့ ကို ဘ၀င်ကျကျ စိတ်ချမ်းသာသာ ဆင်နွဲနိုင်အောင် ကျင်းပနိုင်တဲ့ နေ့ရက်များပေါ်လာပါစေလို့ မေတ္တာပို့သပါတယ်။
.
ဦးဌေးလွင်ဦး
ကုရ်အံဘာသာပြန် ဆရာ
B.A၊ မြန်မာစာ (ရန်ကုန်)။ A A (Media Marketing, Utica NY, USA)

Special thanks to Brother Ko Thuriya

Monday, August 20, 2012

Eid Mubarak



Wednesday, August 15, 2012

အူမဲရ်ကဇ္ဇာနဖိလ်နမာဇ်

မိမိတို့၏ ဘဝသက်တမ်းတစ်လျှောက် လွတ်သွားခဲ့သည့် ဖရတ်စ်နမာဇ်များ (တစ်နည်း ရေတွက်၍ မရနိုင်လောက်သည့် ကဇွာများ) ဖြစ်ခဲ့သော်ငြှားလည်း ဤနမာဇ်တစ်ကြိမ်ဖတ်ရုံမျှဖြင့် ပြီးပြည့်စုံ သွားစေနိုင်သည့် နမာဇ်ဖြစ်ပါတယ်။
.
တမန်တော်မြတ်ကြီးမှ ဆင့်ပြန်ခဲ့သည်မှာ အကြင်သူတစ်ဦး၏နမာဇ်များကဇွာဖြစ်သွားခဲ့ပြီး မည်၍မည်မျှ ကဇွာဖြစ်ခဲ့ကြောင်းမသိခဲ့သူတစ်ဦးအတွက် သောကြာနေ့တွင် နဖိလ်နမာဇ် ၄ ရကသ်ကို စလာမ်တစ်ကြိမ်တည်းဖြင့် ရကသ်တိုင်းတွင်
-
စူရာဖွာသီဟာ ၁ ကြိမ်၊
အယသုရ် ကူရ်စီ ၇ ကြိမ်၊
အင်နာအက်သွိုင်နာ ကလ်ကောင်စရ် ၁၅ ကြိမ်နှင့်
နဖိရ် ၄ ရကသ်,
စလာမ်လှည့်ပြီးဒရူးရှရီးဖ် အကြိမ် ၁၀၀ ဖတ်ပါ လို့မိန့်ကြားတော်မူခဲ့ပါသည်။
.
ဟဇရသ်အလီက ဆင့်ပြန်ခဲ့သည်မှာ အကြင်သူ၏ နှစ်ပေါင်း ၇၀၀ ကနမာဇ်များကဇွာဖြစ်နေသော်လည်း ဤနမာဇ်ကို တစ်ကြိမ်ဖတ်ရုံမျှဖြင့် ကပ်ဖါရာပြီးမြောက်သွားနိုင်ကြောင်းပြောခဲ့ပါသည်။
.
တမန်တော်မြတ်အား လူသက်တမ်းတစ်လျှောက် နှစ် ၇၀ - ၈၀ ခန့်သာရှိ၍ ကပ်ဖါရာပြီးမြောက်သည်ဆိုသည်မှာ အဘယ်ကြောင့်နည်း ဟုလျှောက်ထားမေးမြန်းရာ တမန်တော်မြတ်က ထိုဖတ်ရွတ်သူ၏သက်တမ်းတစ်လျှောက်ကဇွာဖြစ်ခဲ့ရုံသာမက ထိုသူ၏မိဘ၊ သားသမီးများအားလုံးတို့၏ ကဇွာများအတွက် လုံလောက်စေတယ်လို့ မိန့်ကြားတော်မူခဲ့ပါသည်။

Wednesday, August 1, 2012

To read in Ramadan


Saturday, July 28, 2012

Dua from Holy Quran

Please click image to read clearly.

Sunday, July 22, 2012

ဇကားသ်နှင့်မွတ်စလင်မ်တို့၏တာဝန်

ဇကာသ်သည်မွတ်စလင်မ်လူအဖွဲ့ အစည်အတွက်အရေးကြီးလှသောမဏ္ဍိုင်ကျင့်စဉ်ဖြစ်သည်။
ငွေကြေးပြည့်စုံသောသူတို့သည်သူ တို့၏ဝန်းကျင်းရှိဒုက္ခနှင့်ကြုံ​နေရသူ၏အခက်အခဲများကိုဇကာသ်ဖြင့်ကူ
ညီကြသည် ပေးရန်တာဝန်ရှိသောသူကယူပိုင်ခွင့်ရှိသူတို့ကို ပံ့ပိုးကာ လူအဖွဲ့အစည်းအတွင်းညီမျှသောအ
ခြေအနေကိုဖန်တီးယူခြင်းဖြစ်သည်။ တမန်တော်မြတ်ကွယ်လွန်ပြီးနောက်ပထမခလီဖါကြီးအဗူဗကရ်သခင်၏
ခေတ်တွင်ဇကာသ်မပေးဆောင်သောသူတို့ကိုသူပုန်အဖြစ်သတ်မှတ် ခဲ့သောသာဓကရှိခဲ့သည်။
ခုလ်ဖါအေ့ရာရှိဒင်န်ခေတ်နောက်ပိုင်း အုမိုင်ယာမင်းဆက် အုမရ်ဗင်အဗ်ဒုလ်အဇီဇ်ခေတ်ကာလ (ဟိဂျရိ၉၉နှစ်)
တွင် အစ္စလာမ်နိုင်ငံတော်တွင်ဇကာသ်ယူမည့်သူမရှိ အားလုံးအခြေအနေကောင်းသိုရောက်ခဲ့သောသာဓကရှိ
နေသည်။
.
တမန်တော်မြတ်သည်ကျမ်းတော်မြတ်ကု​ရ်အာန်ကဖေါ်ညွှန်သောအစ္စလာမ်လူ့အဖွဲ့အစည်းကိုတည်ဆောက်
နေချိန်တွင်မွတ်စလင်မ်တို့၏ဘဝသည်အဖက်ဖက်မှညှဉ်းပန်းမှုဒါဏ်ကြော​င့်အလွန်မှပင်ဆင်းရဲမွဲပြာခဲ့သည်။
တမန်တော်မြတ်ကမွတ်စလင်မ်တို့အားအရှ်အရ်အနွယ်ဝင်တို့၏အတုကို​ယူစေခဲ့သည် အရှ်အရ်အနွယ်ဝင်
တို့သည်စစ်ပွဲကာလတွင်၎င်းအစာရေစာခေါင်းပါးချိန်တွင်၎င်း သူတို့သည် ရိက္ခာပစ္စည်းများကို စုပေါင်း၍ခွဲဝေယှဉ်တွဲ စာသုံးကြသည်တမန်တော်မြတ်ကဤအရှ်အရ်အုပ်စုဝင်တို့သည်ကျွန်ုပ်မှဖြစ်သည် ကျွန်ုပ်သည်အရှ်
အရ်တို့မှဖြစ်သည်ဟု ရဲဘော်ရဲဘက် ဆွဟာဗီတို့အားသွန်သင်နည်ယူစေခဲ့သည်။
တမန်တော်မြတ်၏ဘဝတစ်သက်တားဘဝတစ်ခုလုံးသည် ပစ္စည်းမဲ့ကျော မွဲလူတန်းစားတို့၏ ဘဝရပ်တည်မှုနှင့် စားဝတ်နေမှုဖူလုံရေးအတွက်ကြိုးပမ်းခြင်းဖြင့်ကုန်ဆုံးခဲ့ရသည်။ တမန်တော်မြတ်ကွယ်လွန်ချိန်တွင်အ
စ္စလာမ်နိုင်ငံတော်၏အကျယ်အဝန်း သည်စတုရန်းမိုင်းပေါင်း၁သန်းကျော်သို့ ရောက်ရှိခဲ့ပြီးဖြစ်သော်လည်းတမန်တော်မြတ်ပိုင် ဆိုင်သောဥစ္စာ​ပစ္စည်း အခြေအနေကို အာအေရှသခင်မက အောက်ပါအတိုင်းဖေါ်ပြသည်။ တမန်တော်မြတ်တွင်ဗီရီုတွင်အဝတ်
မရှိခဲ့ ကွယ်လွန်ချိန်တွင်ဝတ်ဆင်ထား သည့်အဝတ်သည်ပင် အဖါပေါင်းများ စွာဖြင့်ဖါတေးသီထားသည်ကိုအားလုံးကမြင်တွေခဲ့သည်။
.
ဤမလုံးလောက်မှုသည်မရှိ၍မဟုတ် လိုအပ်ချက်ရှိနေသောပြည်သူတို့၏ ဘဝကိုဖြည့်တင်းမြှင့်တင်ပေးနေရ၍
ဖြစ်သည်။ တမန်တော်မြတ်သည်ဝန်းကျင်ရှိလူ တစ်ဦးတစ်ယောက်အစာရေစားမစား ရ၍တစ်ညတာမျှငတ်ပြတ်စွာနေခဲ့ရမှု
ကိုအလွန်တရားစက်ဆုတ်ရွံရှာခဲ့သည်။ သို့ဖြစ်၍အောက်ပါအတိုင်းဆိုခဲ့သည်။
ရွာတစ်ရွာတွင်လူတစ်ဦးသည်ငတ်ပြတ်မှုဒါဏ်ဖြင့်တစ်ညတာကုန်ဆုံးခဲ့​သည်ရှိသော်ယင်းရွာ၏စောင့်ရှောက်မှုနှင့်တာဝန်ကိုအလ္လာဟ်အရှင်မြတ်သည်ရုပ်သီမ်းတော်မူသည်။

Special thanks to IYS member Javed Ansari

Saturday, June 30, 2012

ရှိုင်သွာန်၏ လှည့်ကွက်

ကုရ်အာန် ၀၁၇း ၃၆။ ထို့ပြင်တစ်ဝ အသင်သည် မိမိမသိသော အကြောင်းအရာ၏ နောက်သို့ မလိုက်လေနှင့်၊ ဧကန်မလွဲ နား၊ မျက်စိ၊ စိတ်နှလုံး ဤအသီးသီးတို့သည် ၎င်းအသီးသီးတို့နှင့် စပ်လျဉ်း၍ စုံစမ်းမေးမြန်း ခြင်းကို ခံရမည်သာတည်း။
.
ဟဒီးစ် : တစ်နေ့အီဗလီးစ်သည် တမန်တော်မြတ်ကြီး၏နေအိမ်သို့ အကျည်းတန်သောအဖိုးအိုတစ်ယောက်အသွင် အယောင်ဆောင်ပြီးရောက်လာခဲ့ပါတယ်။
.
တမန်တော်မြတ်ကြီး၏နေအိမ်သို့သွားချင်လို့တော့မဟုတ်ပါ။ ၎င်းနှင့် တမန်တော်မြတ်ကြီး အမေး အဖြေလုပ်နိုင်ရန် အလ္လာဟ်အရှင်မြတ်မှ အီဗလီးစ်အား တမန်တော်မြတ်အိမ်သို့သွားရန်အမိန့်ပေးခံရ၍ဖြစ်ပါတယ်။ အဲဒီမှာ တမန်တော်မြတ်ကြီးမှ အီဗလီးစ်၏ အလုပ်များကိုမေးမြန်းရာ အီဗလီးစ်မှ ဤသို့ပြောပါတယ်။
.
'' အိုးမိုဟာမတ် သင်သိပါ၏လော ကျုပ်တွင်လက်ရုံးပေါင်း ၇၀ ၀၀၀ ရှိ၏။ လက်ရုံးတစ်ကောင်လျှင် ရှိုင်တွာန်နောက်လိုက် ၇၀ ၀၀၀ ဆီရှိ၏။ လူတို့အား အောက်တန်းကျစေ၍ လူအများသေကြေပျက်စီးစေသော စစ်ပွဲများဖြစ်စေရန် လည်းကောင်း၊ ၎င်းတို့၏ စိတ်ကို ကျုပ်သွေးဆောင်မည်။ သင်၏နောက်လိုက်သားများအားနည်းမျိုးစုံနှင့် လှည့်စားဖြားယောင်း သွေးဆောင်မည်။ ကျုပ်အသက်နှင့် ရှိနေသမျှကာလပတ်လုံး ဖြားယောင်းသွားမည်။ ''
.
ရှိုင်တွာန်၏ ဖြားယောင်းသွေးဆောင် နှောင့်ယှက်မှုကို လူသားတိုင်းခံကြရပါတယ်။ စိတ်နှင့်ပြစ်မှားမှု၊ ကိုယ်နှင့်ပြစ်မှားမှု၊ အပြောနှင့် အလုပ်မညီစေရန်၊ လူအချင်းချင်းအငြင်းပွါးနေကြရန်၊ ဟရမ်ကို မသိဘဲကျူးလွန်မိရန်၊ သိလျှက်နှင့်ကျူးလွန်နေရန်၊ တစ်ဦးကို တစ်ဦးနားလည်မှုလွဲမှားစေရန် စတဲ့အကြောင်းပေါင်းများစွာမှာ ရှိုင်သွာန်၏လှည့်ကွက်တွေဖြစ်ပါတယ်။ ဟရမ်ကိုရှောင်ကြည်ကြပြီး ဟလာလ်လမ်းပေါ်မှာ ကြိုးစားကျင့်သုံးနေသူတွေ ကိုလည်းနောက်နည်းတစ်မျိုးနဲ့ ဖြားယောင်းပြန်တယ်။အဖြစ်မှန်တွေကို နမူနာအဖြစ်ပြရလျှင်
.
၁) လူတစ်ယောက် ဆေးလိပ်ရဲ့ ဆိုးကျိုးတွေကိုသိပြီး နှစ်ရှည်သောက်လာတဲ့ဆေးလိပ်ကို ရအောင်ဖြတ်တောက်ခဲ့တယ်။ အဲဒီနောက်မှာ အလုပ်ကိုကြိုးစားပြီး ငွေစုခဲ့တယ်။ အရင်ဆိုးခဲ့သမျှကိုလည်းပြန်လိမ္မာအောင်ပြုပြင်တယ်။ သူများအရက်လာ တိုက်လည်းမသောက်ဘူး။ စိတ်သာအဓိက စိတ်ကိုထိန်းနိုင်ရင် ဘယ်သူမှသူ့ကိုတိုက်တွန်းလို့မရဘူးလို့ယုံကြည်ခဲ့တယ်။ ဒါပေမယ့် သူ့စိတ်ကို သွေးဆောင်နိုင်တဲ့ ရှိုင်သွာန်ကို သူမယုံခဲ့ဘူး။ မကြာပါဘူး သူ့စီးပွါးရေးကျခဲ့တယ်။ သူစိတ်ထိခိုက်နေတဲ့အချိန်မှာ သူဖြတ်ထားတဲ့ ဆေးလိပ်ဘူး က သူ့အိမ်ကိုရောက်လာပါတယ်။ သူ့အမျိုးကိုယ်တိုင် ဆေးလိပ်ယူလာပေးတာပါ။ အဲတော့ နှလုံးသားမှာ အီမာန်မရှိတဲ့ လူတစ်ယောက်ဟာ စိတ်ညစ်ညစ်နဲ့ အနားမှာရှိတဲ့ ဆေးလိပ်ကို ယူဖွာတော့တာဘဲ။ ပြီးတော့ ကမ္ဘာကြီးကိုအဆိုးမြင်တဲ့ အတွေးထောင်ထဲမှာ သူ့ကိုယ်သူနစ်ထားလိုက်တယ်။ (သူ့ကိုအနိုင်ယူလိုက်တဲ့ရှိုင်တွာန်ကတော့ ဘေးကကြည့်ပြီးဟားတိုက်ရီနေမှာဘဲ)

.
၂) မွတ်စလင်မ်အမျိုးသမီးတစ်ယောက် သူမဟာအလှအပကိုအလွန်နှစ်သက်သူဖြစ်ပါတယ်။ အရှင်မြတ်ကိုချစ်ကြောက်ရိုသေမှုကြောင့် အရှင့်အမိန့်နာခံရန်အတွက် သူမအလွန်နှစ်သက်တဲ့ အလှအပတွေကိုစွန့်လွှတ်ထားတာအလွန်ကြာပြီ။နှစ်သစ်မှာတော့ သူမအိမ်ကိုလက်ဆောင်တစ်ထုတ်ရောက်လာပါတယ်။ သူမဖွင့်ကြည့်လိုက်တဲ့အခါ လက်သည်းဆိုးဆေးတွေ အလှပြင်ပစ္စည်းတွေပါလာတယ်။ စာဖတ်သူများသိတဲ့အတိုင်း cosmatic အများစုမှာဟရမ်ပစ္စည်းများနှင့် ပေါင်းစပ်ဖော်စပ်ထားပါတယ်။ သူမလက်ထဲကို ၎င်းပစ္စည်းတွေရောက်သွားပေမယ့်လည်း အလဟမ်းဒို့လိလ္လာဟ် သူမစိတ်က အီမာန်ခိုင်မြဲနေဆဲမို့ ၎င်းပစ္စည်းတွေကို စိတ်ဝင်စားခြင်းမရှိခဲ့ပါဘူး။
.
၃) နောက်အစ်ကိုကြီးတစ်ယောက် သူ့တို့မိသားစုတစ်အိမ်သားလုံး ရုံးပိတ်ရက်မှာအိမ်ပိတ်ပြီးအပြင်သွားလည်ကြတယ်။ သူတို့အိမ်အပြင်သွားလည်နေချိန်မှာ အိမ်ကိုဧည့်သည်လာပြီး အိမ်ရှေ့ကလှမ်းခေါ်ပါတယ်။ နောက်တစ်နေ့ အဲဒီ ဧည့်သည်နဲ့ အိမ်ရှင်တို့တွေ့တဲ့အခါ ဘယ်နေ့ ဘယ်အချိန်က အဲဒီအိမ်ကိုရောက်ခဲ့ကြောင်း၊ အိမ်ထဲမှာလူတွေတွေ့လို့ အိမ်ရှေ့ကအကြိမ်ကြိမ် အော်ခေါ်ပေမယ့်လည်း သူ့ကိုဘယ်သူမှလှည့်မကြည့်ဘူးလို့ပြောပါတယ်။ အိမ်ရှင်အစ်ကိုကြီးက အဲဒီနေ့ အဲဒီအချိန် အိမ်သော့ခပ်ပြီး တစ်အိမ်လုံးအပြင်သွားနေကြောင်းရှင်းပြတယ်။ အိမ်ရှင်တွေမရှိတဲ့အချိန်မှာ အိမ်ရှင်နဲ့တူတဲ့လူတွေက ဘာကြောင့်ရောက်နေတာလဲ ???
.
၎) လျှပ်ပေါ်လော်လီပုံများကိုကြည့်ခြင်း။ မြင်လိုက်ခြင်း၊ သိမ်းထားခြင်းတို့မှာ ကြည့်သူ မြင်သူတို့အတွက်စိတ်အရသာတစ်ခု၊ စိတ်လှုတ်ရှားမှု၊ စိတ်နှင့်ပြစ်မှားမှုတို့ဖြစ်စေပြီး လူ့အသိုင်းအဝန်းထဲမှာယနေ့ထိတိုင် ရာဇဝတ်မှုကျူးလွန်သူများစွာရှိနေဆဲဖြစ်ပါတယ်။ ထိုအမှုအခင်း၏ သားကောင်တို့မှာအမျိုးသမီးများဖြစ်ကြပြီး၊ အပြစ်မဲ့သောကိုယ်ဝန်များဖျက်ချခြင်းခံကြရတယ်။ အချို့နိုင်ငံများ၏ ဥပဒေ အရ မုဒိန်းကြောင့်ရလာသောကိုယ်ဝန်၊ အဆင်သင့်မဖြစ်သေးဘဲ ရလာသောကိုယ်ဝန်များကို ဖျက်ချပိုင်ခွင့်ပြုထားတယ်။ အချို့နိုင်ငံ၏ ဥပဒေအရဆိုလျှင် ကိုယ်ဝန် ၇ လထိဖျက်ချခွင့်ပေးထားကြတယ်။ ကိုယ်ဝန် ၇ လဆိုသည်မှာ မွေးခါနည်း ကိုယ်လက်အင်္ဂါစုံလင်နေသောကလေးအရွယ်ဖြစ်ပါတယ်။ ဘာသာတိုင်းမှာလည်း လူသတ်တာကိုတားမြစ်ထားပါတယ်။
.
သုသေသီများ၏ မှတ်ချက်အရ လျှပ်ပေါ်လော်လီပုံများကို ကြည့်သူ၊ မြင်သူတို့၏ စိတ်ပိုင်းဆိုင်ရာမှာ လှိုင်းခတ်နိုင်တယ်။ သွေးသားအရ ၎င်းပုံများကို မြင်ခြင်း၊ ကြည့်ခြင်းဖြင့် ယောက်ျားများအတွက် တဏှာစိတ်ဖြစ်စေသလို၊ မိန်းကလေးမှာလည်း မိန်းကလေးအချင်းချင်းပုံကြည့်ခြင်းဖြင့် ထိုစိတ်များဖြစ်ပေါ်စေနိုင်ပါတယ်။ ယခုခေတ် လျှပ်ပေါ်လော်လီပုံတွေမှာ အမျိုးသမီးပုံတင်မက အမျိုးသားပုံတွေပါ များစွာရှိပါတယ်။.လူအများသုံးသော FB မှာလျှပ်ပေါ်လော်လီပုံဝတ်ထားသော မင်းသမီး၊ မော်ဒယ်ပုံများတင်သော လူနှစ်မျိုးရှိပါတယ်။ တစ်မျိုးမှာသဘောကျ၍ တင်တာသိသာပါတယ်။ နောက်တစ်မျိုးမှာ ဝေဖန်ရန်တင်ခြင်းဖြစ်ပါတယ်။ ၎င်းကိုမြင်သော သူငယ်ချင်းမှ မင်းတင်တဲ့ပုံကြောင့် ငါ ဘယ်လိုဖြစ်သွားတယ်လို့လာပြောမှာမဟုတ်ပါဘူး။ မွတ်စလင်မ်များအနေနှင့် မိမိမျက်လုံးကို ထိန်းသိမ်းရန် လိုအပ်ပါတယ်။ ထို့ကြောင့် ၎င်းပုံများနှင့်ပတ်သက်၍ သတိပေး ဝေဖန်ရာမှာ ပုံကိုမတင်ဘဲ စာနှင့်အကျိုးအကြောင်းရေးသည်က အသင့်တော်ဆုံးဖြစ်ပါတယ်။ ဤအချက်ကိုမွတ်စလင်မ်တိုင်း သိနားလည်ထားသင့်ပါတယ်။ ရင့်ကျက်မှုရှိသော လူကြီးများက လူငယ်များကို သင်ပေးရပါမည်။ လူငယ်များမှလည်း တွေ့မြင်သည်များကို ဆင်ခြင်တုံတရားနှင့် စဉ်းစားချင့်ချိန်ရပါမည်။ မလုပ်ခင် အရင်စဉ်းစားပါ။.သာသနာနှင့်ပတ်သက်သော စာပေများမျှဝေနေသူများလည်းသတိထားရပေမည်။ အကယ်၍မွတ်စလင်မ်ဂရုပ်လုပ်နေသော အဒ်မင်ဖြစ်နေပါလျှင် ပို၍သာ သတိထားဆင်ခြင်ရန်လိုအပ်ကြောင်း မွတ်စလင်မ်မောင်နှမများကိုအကြံပေးလိုက်ပါတယ်။
.
ရှိုင်တွာန်၏ လှည့်စားဖြားယောင်းသွေးဆောင်မှုများမှ ကာကွယ်ရန်အောက်ပါ ဒိုအာကိုလည်းမျှဝေလိုက်ပါတယ်။.رَّبِّ أَعُوذُ بِكَ مِنْ هَمَزَاتِ الشَّيَاطِينِوَأَعُوذُ بِكَ رَبِّ أَن يَحْضُرُونِ.ရဗ်ဗေ့၊ အအူးသို့၊ ဗေ့က၊ မင်န် ဟ-မ-ဇာတစ်ရှ်၊ ရှယာတွီးနေ့၊ဝ-အအူးသို့၊ ဗေ့က၊ ရဗ်ဗေ့၊ အန်-ယ်-ယဟ်သွို့ရူးန်။ကုအာန် (၂၃ : ၉၇)
.
More knowledge, more survive.
.
စေတနာမေတ္တာဖြင့်....

Tuesday, June 26, 2012

လူယုတ်မာများသို့

လူယုတ်မာများသို့

မိယုတ် ဖယုတ်မှ မွေးဖွားလာသော အချို့ဗုဒ္ဓဘာသာ အမည်ခံ လူယုတ်မာများသည်
၎င်းတို့ဗုဒ္ဓဘာသာနှင့် ဘုရားမျက်နှာမှ မထောက် မွတ်စလင်နှင့် ခရစ်ယာန်တို့ ဘလော့ဂ်များ ဝဘ်ဆိုက်များသို့
လှည့်လယ်ကာ ၎င်းတို့အောက်တန်းကျသောစိတ်ဓာတ်များဖြင့် အမျိုးယုတ်ကြောင်း ၎င်းတို့ကိုယ်တိုင် ဖော်ပြလျှက်ရှိကြသည်။

အချို့ ဘလော့ဂ်၊ ဝဘ်ဆိုက်ပိုင်ရှင်များမှာ မြန်မာအကြမ်းဖက်သမားများ၏ စာရိတ္တများကို ကမ္ဘာမှသိစေရန် ပြည်ပသက်ဆိုင်ရာအဖွဲ့အစည်းများသို့ ထိုသူယုတ်မာတို့ စော်ကားရေးသားချက်များကို ပို့ပေးကြသည်။ ယခုကာလ၌ မြန်မာ လူမျိုးကြီးဝါဒ အကြောင်းကို ကမ္ဘာမှသိရှိပြီး ဖြစ်သည်။

ဤဘလော့ဂါတို့အနေနှင့် မရှိသွေးကြီးများ၏ ရူးသွပ်သော မိစ္ဆာကွန်မန့်များကို အနည်းငယ်မျှမဖတ်ဘဲ မြင်လျှင် မြင်ချင်းဖျက်ပြစ်ကြောင်း အသိပေးအပ်ပါသည်။

အကယ်၍ မွတ်စလင် ဆိုက်များအား လိုက်လံဖျက်ဆီးပါက ဘလော့ဂ်၊ ဝဘ်ဆိုက်တစ်ခုအစား နောက်ထပ် ရာ၊ ထောင်နှင့်ချီပြီး အသစ်များ တိုးများလာမည်ဖြစ်ကြောင်း၊ မြန်မာပြည်ဖွားမွတ်စလင်အင်အားသည် ပြည်တွင်း ပြည်ပ၌ များစွာရှိကြောင်းကြိုတင် အသိပေးလိုက်ပါသည်။

မွတ်စလင်မ် ဘလော့ဂါများ

Wednesday, June 20, 2012

ရှဗ်ဗိဘာရာသ် (ငြိမ်းချမ်းခွင့်ရသည့် ည)

ဂျွမ္မဟ်ခွသ်ဘဟ်- ရှဗ်ဗိဘာရာသ် (ငြိမ်းချမ်းခွင့်ရသည့် ည)
.
الحمد لله نحمده ونستعينه ونستغفره، ونعوذ بالله من شرور أنفسنا ومن سيئات أعمالنا، من يهده الله فلا مضل له، ومن يضلل فلا هادي له، وأشهد أن لا إله إلا الله وحده لا شريك له وأشهد أن محمداً عبده ورسوله
.
လေးစားချစ်ခင်ရသော မွတ်စ်လင်မ် ညီအကိုမောင်နှမအပေါင်းတို့ ...... ချီးမွမ်းခြင်းအပေါင်းတို့သည် အလ္လာဟ်အရှင်မြတ် အတွက်သာတည်း။ ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်ထံ တော်မှသာ အကူအညီတောင်းခံပါသည်။ ခိုလှုံခွင့်နှင့် ခွင့်လွှတ်မှုကိုလည်းတောင်းခံပါသည်။ ထိုအပြင် ကျွန်ုပ်တို့ စိတ်အတွင်းရှိ မကောင်းမှုကို အားပေးသည့်လှုံဆော်မှုနှင့် ပြင်ပမှ ပြစ်မှုကျူးလွန်အောင်ပြုလုပ်သည့် လှုံဆော်မှု များမှ ကာကွယ်မှုရရန် အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံပါသည်။ ထို့အပြင် တမန်တော်မြတ်(ဆွ)နှင့် မိသားစုဝင်များ အဆွဟာဗ်တော်များ အားလုံးအပေါ် အလ္လာဟ်အရှင်မြတ်၏ ရဟ်မသ်တော် ဘရကသ်တော်များ ကျရောက် စေသားဟုလည်း ဆုမွန်ကောင်းတောင်း ခံအပ်ပါသည်။ အာမီးန် ယနေ့တင်ပြချင်တဲ့အကြောင်းအရာကတော့..... ရှဗ်ဗိဘာရာသ် (ငြိမ်းချမ်းခွင့်ရသည့် ည) ရှာဘာန်လ ၁၅ ရက်နေ့ည မြန်မာ ပြက္ခဒိန်အရ ဆိုလျှင် ရှာဘာန်လ ၁၄ ရက် ည
Islamic Calendar
1. Muharram
2. Safar
3. Rabi' al-awwal
4. Rabi' al-thani
5. Jumada al-awwal
6. Jumada al-thani
7. Rajab
8. Sha'aban
9. Ramadan
10. Shawwal
11. Dhu al-Qi'dah
12. Dhu al-Hijjah
.
လေးစားချစ်ခင်ရသော မွတ်စ်လင်မ် ညီအကိုမောင်နှမအပေါင်းတို့ ......
ရှာဘာန်လ ဆန်းပြီဆိုလျှင် မြန်မာပြည်တွင် ရှဗ်ဗိဘာရာသ်ည ရောက်တော့မည်ကို မွတ်စ်လင်တိုင်း စိတ်စော နေမိပါသည်။ သောကြာနေ့ ခွသ်ဗဟ် များတွင်လည်း ရှဗ်ဗိဘာရာသ်ည အကြောင်း ကြိုတင် ဟောကြပြောကြ၍ လူတိုင်းသည် ထိုညကို စောင့် မျှော်နေကြပါသည်။ ရှဗ်ဗိဘာရာသ် ညသည် ရှာဘာန်လ ၁၅ ရက် ညပိုင်း ကျ ရောက်ပါသည်။ အစ္စလာမ်ဘာသာတွင် ညအချိန်သည် အရင်ကျရောက်ပြီး နေ့အချိန်သည် နောက်မှကျရောက်သည်။ ဥပမာ နေ့တစ်နေ့၏ မဂ်ရိဗ် အချိန်သည် ညအစဖြစ်ပြီး ၄င်းညသည် မိုးလင်းနေထွက်ချိန်ထိ ရှိ၏။ နေ့အချိန်သည် နေထွက်ချိန်မှာ နေ၀င်ချိန် အထိဖြစ်သည်။ ထို့ကြောင့် မြန်မာ အချိန် ၁၄ ရက်နေ့ မဂ်ရိဗ် ဆွလာသ်အချိန်သည် အစ္စလာမ်ဘာသာအရ ၁၅ ရက်နေ့ည စတင်ပြီဖြစ်သည်။ အရှေ့အာရှနိုင်ငံများ (အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလာဒေးရှ်၊ မြန်မာ) စသည့် နိုင်ငံများတွင် ရှဗ်ဗိဘာရာသ် ညကို နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိပါသည်။ ကျွန်တော်တို့ မှတ်မှတ်ရရဆိုလျှင် မြန်မာနိုင်ငံတွင် ဗလီဝတ်ကျောင်း တော်များ၌ လူကြီးလူငယ် မရွေး သွားရောက်ကြပြီး တရားသွားနားထောင်ကြ၊ ကဘရ်သင်္ချိုင်းများသို့ သွားရောက်ကြ၊ သေဆုံးသူ ဆွေမျိုးသားချင်းများကို အပြစ်အပေါင်း မှကင်းလွှတ်စေလိုကြောင်း ဖတ်ရွတ် ဆုတောင်းကြ လေ့ရှိပါသည်။ အစွာရ် ဆွလာသ် အချိန် ကုန်လွန်သည်နှင့် မြောက်များစွာသော ရန်ကုန်မြို့ရှိ လိုင်းကားများ ဘတ်စ်ကားများ တိုက်စီကားများသည် မွတ်စ်လင်မ် တို့ကို အနယ်နယ်အရပ်ရပ်မှ တာမွေသင်္ချိုင်း၊ ကန်တော်ကလေးသင်္ချိုင်း သို့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို စတင်လုပ်ပေးကြပြီဖြစ်သည်။ အထူးသဖြင့် မဂ်ရိဗ်အချိန်နောက်ပိုင်းတွင် ကားများ၊ လူများ ကြိတ်ကြိတ်တိုးနေအောင် တာမွေ နှင့် ကန်တော်ကလေး သင်္ချိုင်းများတွင် စည်းကားနေပေတော့သည်။ သင်္ချိုင်းများအတွင်းနှင့် အပြင်ဘက်တို့တွင်လည်း ကျောင်းအလှူငွေ ကောက်ခံသူများနှင့် ၄င်းတို့၏ ကောင်တာများ၊ အစ္စလာမ့်ပစ္စည်းများ ရောင်းချသည့်ဆိုင်များ နှင့် တောင်းရမ်းသူ ရာနှင့် ထောင်နှင့်ချီ နေအောင် တွေ့နိုင်သည်။ ဆုတောင်းလာကြသူတို့ သည် မိမိတို့၏ ဆုတောင်းခြင်း၊ ပေးလှူခြင်း လုပ်ငန်းများ လုပ်ကိုင်ပြီးသည်နှင့် မိမိအိမ်များသို့ ကိုယ်စီ ပြန်ကြတော့သည်။
.
အချို့ ရပ်ကွက်ဗလီဝတ်ကျောင်းတော်များတွင် အီရှာ ဆွလာသ် ဖတ်ပြီးနောက် အီမာမ် ဆွာဟိဗ်က ရှဗ်ဗီဘာရာသ် ညမြတ် အကြောင်း သိကောင်းစရာများကို ဟောပြောလေ့ရှိပြီး လူငယ်များသည် ၄င်းတရားကို အပြီးတိုင်အောင် နားထောင်ပြီး နောက် သင်္ချိုင်းများသို့ သွားရောက်လေ့ရှိသည်။ အချို့ရပ်ကွက်ဗလီများတွင် အီရှာအချိန်ကတည်းက ည ၃ နာရီနောက်ပိုင်း စဲဟ်ရီ လာရောက်စားသုံးနိုင်ကြောင်း ကြော်ငြာဘုတ်များတွင် ကျေညာချက်များ တင်ပြထားလေ့ရှိသည်။ လူငယ်သဘာဝ အစားအစား အကောင်းဆုံး ချက်ပြုတ်သော ဗလီများမှ ကျွေးမွေးသော ဗီရ်ရာန၊ီ အုန်းထမင်း၊ ဟလ၀ါ နှင့် တခါတရံ ဖာလူဒါကိုပါမကျန် ပျော်ပျော်ပါးပါး လိုက်လံစားသုံးလေ့ ရှိသည်ကို မေ့မရနိုင်ပါ။ အရွယ်ရောက်လာသည့်အခါ တဖြေးဖြေး ရှ်ဗ်ဗီဘာရာသ်ည ရန်ကုန် တွင် ယခင်ကကဲ့သို့ လူမစည်တော့သည်ကို သတိထားမိသည်။ အကြောင်းကတော့ ၁၉၉၀ နောက်ပိုင်း ရေဝေး ကဗရ်စတန် တည် ဆောက်ပြီးနောက် လူတို့သည့် ဟိုဘက်သွားလိုက် ဒီဘက်သွားလိုက်နှင့် ဖြစ်နေသည်ကို သတိထားမိသည်။ မည်သို့ပင်ဖြစ်စေ ယနေ့တိုင် ဘာရာသ်ညမြတ်ကို မြန်မာ အိန္ဒိယ ပါကစ္စတန် စသည့် နိုင်ငံများတွင် ဆက်လက်ကျင်းပနေသည်ကို သိရသည်။ ဗလီဝတ်ကျောင်းတော် အီမာမ် အများစုက ၄င်း ရှဗ်ဗီဘာရာသ်ညနှင့် ပတ်သက်လျှင် တင်ပြရှင်းပြသည်မှာ မြန်မာမွတ်စ်လင်မ် အများစု အနေဖြင့် လက်ခံကျင့်သုံးကြသည်မှာ ရာစုများစွာတိုင်အောင် အယူဝါဒမကွဲပြားဘဲ တစိုက်မတ်မတ် လုပ်ဆောင်လာ ကြသော်လည်း အာရဗ် နိုင်ငံများ၊ ထိုင်း၊ မလေး၊ အင်ဒို စသည့် ရှာဖအီ မဇ်ဟဗ် ကျင့်သုံးသည့် နိုင်ငံများတွင် ၄င်းညအကြောင်း ပြောလျှင် လုံးဝမသိကြသလို လက်မခံကြသည်ကိုလည်း တွေ့ရ ပေသည်။ ၄င်းတို့က အများအားဖြင့် ပြောကြသည်မှာ ၄င်းည၏ ထူးမြတ်ခြင်း၊ ၄င်းညတွင် အမလ်အီဗါဒသ်အဖြစ် လုပ်ကိုင်နေခြင်းများ၊သင်္ချိုင်းများသို့ သွားရောက်ဇီယာရသ်လုပ်ခြင်းများသည် သာသနာတော်တွင် မရှိကြောင်း ပြောကြသည်။ မိမိတို့ ဆရာများ ဆွဲကိုင်ထားသော ဟဒီးဆ်တော်များကို ခိုင်မာမှုမရှိကြောင်း တင်ပြကြသည်။
.
ထို့ကြောင့် သူတို့နိုင်ငံတွင် ရှ်ဗ်ဗီ ဘာရာသ် အယူအဆများမရှိဟု ပြောကြလေသည်။ မိမိတို့ သိသော ရှ်ဗ်ဗိဘာရာသ် ညနှင့် လုပ်ဆောင်ချက်များမှာသိရ်မိဇီဟဒီးဆ်ကျမ်းတွင် အိုင်ရှာ (ရ) ၏ တင်ပြချက်ကို ဖေါ်ပြထားသည်မှာ၊ တစ်ည မိမိအိပ်ရာမှ နိုးချိန် တမန်တော်မြတ်ကို မတွေ့ရသဖြင့် လိုက်ရှာရာ အိမ်မှထွက်ခွါနေသော တမန်တော်မြတ်ကို တွေ့ရသည်။ ထိုအခါ ကျွန်မ နောက်မှ လိုက်ကြည့်ရာ တမန်တော်မြတ်သည် ဂျန္နသ် ဗကိအ်ဖက်သို့ သွားနေသဖြင့် ကျွန်မလည်း နောက်မှလိုက်သွားမိသည်။ တမန်တော်မြတ်သည် ကဗရ်ရှေ့တွင် ရပ်လျှက် သေဆုံးသူတို့အတွက် ခွင့်လွှတ်မှုကိုတောင်းခံနေပေသည်။ ကျွန်မကို တွေ့လျှင် အိုအိုင်ရှာ အလ္လာဟ်နှင့် အလ္လာဟ်တမန်တော်သည် အသင့်ကို သစ္စာ ဖေါက်သည်ဟု အသင်ထင်မြင်နေသလား။ ကျွန်မက မဟုတ်ကြောင်း တမန်တော်မြတ် အနေဖြင့် ကိစ္စရှိမည်ဖြစ်၍ အခြား ဇနီးတော် တစ်ဦးဦးထံ သွားနေသလားဟုသာ ထင်မြင်ကြောင်းပြောမိသည်။ တမန်တော်မြတ်က အိုအိုင်ရှာ ဤညသည် မည်သည့်ည ဖြစ်သည်ကို အသင်မသည် သိပါသလားဟုမေးရာ ကျွန်မက အလ္လာဟ်နှင့် အလ္လာဟ်ရစူလ်သာ အသိဆုံးဖြစ်ပါကြောင်းပြောရာ၊ တမန်တော်မြတ် က ဒီညသည် ရှာဘာန်လ ၁၅ ရက်နေ့ညဖြစ်ကြောင်း ဘာရာသ်ခေါ် လွတ်ငြိမ်းချမ်းသာခွင့်ပြုသည့် ညဖြစ်ကြောင်း၊ အလ္လာဟ်အရှင်မြတ်သည် ဗနီကလ်ဗ် တို့၏ သိုးများပေါ်ရှိ အမွှေးများ အရေအတွက်နှင့် တူညီ သော လူတို့၏ အရေအတွက်ကို အပြစ်ငရဲများမှ ခွင့်လွှတ်မည်ဖြစ်ကြောင်း ပြောပြပါသည်။ ထိုအကြောင်းများကြောင့် မိမိတို့သည်
(၁) ကဘရ်စတန်သင်္ချိုင်းများ သို့သွားရောက်ခြင်း
(၂) တစ်နေ့လုံးအတွက် ဆွလာသ် ၅ ကြိမ် ရအောင် ဖတ်ခြင်း
( ၃) မဂ်ရိဗ် ဆွလာသ် အပြီး နဖိလ် ဆွလာသ် ၂ ရကအသ် ၃ ကြိမ် ဖတ်ခြင်း
(၄) စူရာ ရာစီးန် ၃ ကြိမ်ဖတ်ခြင်း
(၅) ညအခါ သဟဂ်ျဂျွဒ် နမာဇ် ဖတ်ခြင်း
(၆) ကျမ်းမြတ်ကုရ်အာန် ဖတ်ခြင်း
(၇) ဇိကိရ် ရသလောက်လုပ် ခြင်း
(၈) ဆွလာသ် သစ်ဘိဟ် ဖတ်ခြင်း
(၉) စဟ်ရီစားသောက်ခြင်း ရိုဇာစောင့်ထိန်းခြင်း
(၁၀) တတ်အားသ၍ အလှူဒါနပြုလုပ်ခြင်း စသဖြင့် မိမိတို့၏ ရှဗ်ဗိဘာရာသ်ကို အကောင်းဆုံးဖြစ်အောင် အမလ်အိဗါဒသ်များဖြင့် ကျေနပ်စရာဖြစ်အောင် လုပ်ဆောင်လေ့ရှိပါသည်။
.
သို့သော်ငြားလည်း ယနေ့ခေတ်လူတို့သည် အထက်ပါဖေါ်ပြချက်များ မှန်ကန်မှုရှိမရှိကို အထူးတလည် လိုက်လံမေးမြန်း ရှာဖွေကြလေ့ရှိသည်ကိုလည်း သိသဖြင့် ယနေ့ အိန္ဒိယတိုက်ခွဲတွင် ပါကစ္စတန်နိုင်ငံမှ ကမ္ဘာကျော် အစ္စလာမ် သာသနာ့ပညာရှင် မောင်လာနာ မုဖ်သကီး ဆွာဟိဗ် တင်ပြသည့် ရှဗ်ဗီဘာရာသ် အကြောင်း သိကောင်းစရာများကို အောက်ပါအတိုင်း မြန်မာဘာသာသို့ ပြန်ဆိုရေးသားလိုက်ပါသည်။
.
၁။ ရှာဘန်လမြတ်သည် မြင့်မြတ်သော လမြတ်များတွင် ပါပြီး ၄င်းလမြတ်နှင့် ပတ်သက်ပြီး တမန်တော်မြတ် (ဆွ) ၏လမ်းညွှန်ချက် များကို လေ့လာနိုင်ပါသည်။ ဟဒီးဆ်တော်များအရ တမန်တော်မြတ် (ဆွ) သည် လမြတ် ရှာဘန်တွင် ရက်များစွာ၌ဥပုသ် တည်ဆောက်သည်ကို တွေ့နိုင်ပါသည်။ အဆိုပါ ဥပုသ်စောင့်ထိန်းခြင်းသည် တမန်တော်မြတ်(ဆွ)အပေါ်တွင် ဖရဇ်တာဝန် မဖြစ်မနေလုပ်ရမည့် တာဝန်အဖြစ် မတည်ရှိသော်လည်း တမန်တော်မြတ်(ဆွ)သည် လာတော့မည့် လမြတ်ရမ်ဇာန်နှင့် ပတ်သက်ပြီး ပြင်ဆင်ခြင်းလုပ်ငန်းများကို လုပ်သည့်အနေဖြင့် ရိုဇာစောင့်ထိန်းခြင်း အခြားလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက် သည်ကို လေ့လာနိုင်ပါသည်။
.
၂။ အနက်စ်(ရ)တင်ပြသည်မှာ တမန်တော်မြတ်အား ရမ်ဇာန်လမြတ်ပြီးနောက် မည်သည့် လ၏ရိုဇာသည် အမြင့်မြတ်ဆုံးဖြစ်ပါသနည်းဟု မေးရာဖြေကြားသည်မှာ ရှာဘန်လ၏ ရိုဇာဖြစ်ကြောင်းမိန့်ပါသည်။
.
၃။ အိုစာမာဗင်ဇိုဒ်(ရ)က တမန်တော်မြတ် (ဆွ) အား ပြောဆိုသည်မှာ “အိုတမန်တော်မြတ်(ဆွ) သခင်သည် ရှာဘာန်လတွင် အများနှင့်မတူ ထူးထူးကဲကဲ ဥပုသ် စော့င်ထိန်းလေ့ရှိပါသည်။ မည်သည့် အကြောင်းကြောင့် ပါနည်း” ဟုမေးရာ တမန်တော်မြတ်(ဆွ)က “အို အိုစာမာ ရှာဘာန်လသည် ရဂျဗ်လနှုင့် ရမ်ဇာန်လမြတ်တို့ အကြားတွင် ကျရောက်ပြီး များစွာသောသူတို့သည် ဤလကို မေ့ထားကြလေ့ရှိသည်။ ၄င်းနောက် ဤလတွင် လူတို့၏ ကောင်းမှု မကောင်းမှု စာရင်းအစုစုကို အလ္လာဟ်အရှင် မြတ်ထံ ဆက်သလေ့ရှိပါသည်။ မိမိသည် မိမိ၏ စာရင်းဇယားကို အလ္လာဟ်အရှင်မြတ်ထံ တင်ပြသည့်အချိန်တွင် ရိုဇာစောင့်ထိန်းလျှက် ရှိနေချင်ပါသည်”” ဟု ဖြေကြားပါသည်။
.
၎။ အိုင်အိရှာ (ရ) တင်ပြသည်မှာ တမန်တော်မြတ် (ဆွ) ရှာဘာန် လတွင် တစ်လလုံး ရိုဇာစောင့်ထိန်း လေ့ရှိပါသည်။ သို့ဖြင့် မိမိသည် တမန်တော်မြတ် (ဆွ) အား မေးမြန်းသည်မှာ ““ ရှာဘာန်လသည် သခင့် အတွက် အလွန်အနှစ်သက်ဆုံးသော လများတွင် ပါဝင်ပါသလား”” သခင်က ““ရှာဘာန်လတွင် အလ္လာဟ် အရှင်မြတ်သည် ကွယ်လွန်သေဆုံးမည့်သူများ စာရင်းကို ထုတ်ပြန်လေ့ရှိ ပါသည်။ မိမိသည် မိမိ၏ သေစာရင်းကို ထုတ်ပြန်သည့်အချိန်တွင် ရိုဇာစောင့်ထိန်းလျှက်ရှိချင်ပါသည်”” ဟု ဖြေကြားပါသည်။
.
၅။ အိုင်အိရှာ (ရ) မိန့်သည်မှာ တမန်တော်မြတ် (ဆွ) သည် ရိုဇာစောင့်ထိန်းပြီဆိုလျှင် မိမိတို့ထင်မြင်မိသည်မှာ သခင်သည် ရိုဇာစောင့်ထိန်းခြင်းကို ရပ်ဆိုင်းတော့မည်မဟုတ်ဟု ဟူ၍ဖြစ်သည်။ . ရိုဇာစောင့်ထိန်းခြင်းကို ရပ်ဆိုင်းလိုက်ပြီဆို လျှင် နောက်ထပ် ရိုဇာစောင့်ထိန်းတော့မည်မဟုတ်ဟု ထင်မြင်ကြသည်။ တမန်တော်မြတ် သည် ရမ်ဇာန်လမှလွဲလျှင် မည်သည့်လတွင်မှ တစ်လ လုံးပြည့် အောင် ရိုဇာစောင့်ထိန်းခဲ့သည်မဟုတ်ပါ။ သို့သော် ရှာဘန်လတွင်မူ အခြားသောလများထက် ရိုဇာအများဆုံး စောင့်ထိန်း တော်မူလေ့ရှိပါသည်။
.
၆။ အိုင်အိရှာ (ရ) တင်ပြသည်မှာ တမန်တော်မြတ် (ဆွ) သည် ရှာဘာန်လ၏ ရိုဇာစောင့်ထိန်းခြင်းကို အထူး ဂရုပြုစောင့်ထိန်းသည်ကို တွေ့ရသည်။ သခင်သည် ရက်အနည်းမှလွဲ၍ ရှာဘာန် တစ်လလုံး ရိုဇာစောင့်ထိန်း လေ့ရှိသည်။ မသိလျှင် သခင်သည် ရှာဘာန်တစ်လလုံး ရိုဇာစောင့်ထိန်းသည်ဟု ထင်မြင်ရပါသည်။ စလီမာ (ရ) တင်ပြသည်မှာ တမန်တော်မြတ် (ဆွ) အား မိမိသည် လနှစ်လတွင် တနှစ်လုံးပြည့် အောင် ရိုဇာစောင့်ထိန်းတော်မူလေ့ရှိ သည်။ ထိုလနှစ်လမှာ ရမဇာန် နှင့် ရှုာဘာန်လတို့ဖြစ်သည်။ အထက်ပါ ဟဒီးဆ်များကို လေ့လာခြင်းအားဖြင့် တမန်တော်မြတ် (ဆွ) သည် ရှာဘာန်လတွင် ရက်များစွာ ရိုဇာဥပုတ်စောင့်ထိန်း လေ့ရှိသည်ကို တွေ့ရပါသည်။ ထိုသို့စောင့်ထိန်းခြင်းသည် တမန်တော်မြတ်အပေါ်တွင် ဖရဇ် တာဝန်တစ်ရပ်မဟုတ်သော်လည်း တမန်တော်အနေဖြင့် တဆိုက်မတ်မတ် ရိုဇာစောင့်ထိန်းခြင်းကို ကြည့်ခြင်းဖြင့် သိရသည်မှာ ရှာဘာန်လသည် မြင့်မြတ်သော လဖြစ်သည်မှာ သေချာခြင်းပင်ဖြစ်ပါသည်။ သို့သော် အထူးသတိထားသင့်သည်မှာ ရှာဘာန်လ ရိုဇာစောင့်ထိန်းခြင်းသည် သန်မာသော စွမ်းဆောင်နိုင် သော သူတို့အတွက် သာဖြစ်သည်။ ရှာဘာန်လရိုဇာစောင့်ထိန်းခြင်းဖြင့် အားပြတ်ကာ ရမ်ဇာန်လ ရိုဇာစောင့်ထိန်းခြင်း မပြုလုပ်နိုင်သည့် အခြေအနေကို ရောက်မသွားရန် သည်အလွန်ပင်အရေးကြီးပါသည်။ သို့ဖြင့်၍ မည်သူမဆို ရှာဘာန်လ ရိုဇာစောင့်ထိန်းခြင်းဖြင့် နေထိုင်မကောင်း ဖြစ်ခြင်း၊ ရမ်ဇာန်လတွင် ရိုဇာမစောင့်ထိန်းနိုင်လောက်အောင် အားအင်ရုတ်ရော့ သွားအောင်ဖြစ်မည်ဆိုလျှင် မိမိတို့အနေဖြင့် ရှာဘာန်လတွင် ရိုဇာမစောင့်ထိန်းရန်သာဖြစ်သည်။ ရမ်ဇာန်လမြတ်၏ ရိုဇာစောင့်ထိန်းခြင်းသည် ပိုမိုမြင့်မြတ်သည်ကို မိမိတို့ မမေ့ကြရန် အရေးကြီးပါ သည်။ တမန်တော်မြတ် (ဆွ) မိန့်သည်မှာ သာမန် မွတ်စ်လင်မ်ထုအနေဖြင့် ရမ်ဇာန်လမရောက်ခင် နှစ်ရက် ခန့်အတွက် လုံးဝ ရိုဇာမစောင့် ထိန်းရန် လမ်းညွှန်ထားခြင်းဖြစ်ပါသည်။
.
“မည်သူမဆို ရမ်ဇာန်လမြတ်၏ ရိုဇာစောင့်ထိန်းခြင်းကို ရှာဘာန်လ၏ နောက်ဆုံး ရိုဇာ တစ်ရက် သို့မဟုတ် နှစ်ရက်ဖြင့် အစမပြုကြပါနှင့်” ဟူ၍ဖြစ်ပါသည်။ အဘူဟိုရိုင်ရာ (ရ) တင်ပြထားသည်မှာ “ရှာဘာန်လ၏ ပထမ နှစ်ပတ် ကုန်လွန်သွားပြီးနောက် ရိုဇာမစောင့် ထိန်းကြရ” ဟု၍ဖြစ်ပါ သည်။ သဘောမှာ ရှာဘာန်လ၏ နောက်ဆုံး နှစ်ပတ်တွင် မည်သူမျှ ရိုဇာစောင့်ထိန်းခြင်းမပြုကြနှင့်ဟူ၍ ဖြစ်ပါသည်။ တနည်းအား ဖြင့် နောက်ဆုံးနှစ်ပတ် စားစားသောက်သောက်ဖြင့် ရမ်ဇာမ်လအတွက် ပြင်ဆင်ထားကြရန် သတိပေးထားခြင်းဖြစ်ပါ သည်။ ရှာဘာန်လ၏ ထူးမြတ်မှုတစ်ခုသည် ၄င်းလတွင် ညတစ်ညရှိပါသည်။ ၄င်းညကို “လိုင်လတွလ်ဘာရာသ် အပယ်ငရဲမှ လွတ်မြောက်မှုရနိုင်သောည” ဟုခေါ်ပါသည်။ ၄င်းညသည် ရှာဘာန်လ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့ ည ၏ ကြားညဖြစ်ပါသည်။ ဘာရာသ်ည၏ ထူးမြတ်နှင့် ပတ်သက်သော ဟဒီးဆ်တော်များကို ဆက်လက်လေ့လာကြည့်ကြပါစို့။ အိုင်အိရှာ (ရ) တင်ပြသည်မှာ တမန်တော်မြတ် (ဆွ) သည် တစ်ရက် သဟဂ်ျဂျွဒ် ဆွလာသ် ဖတ် နေစဉ် စိဂ်ျဒဟ် ပြုလုပ်နေသည် မှာ အတော်ပင်ကြာမြင့်သွားပြီဖြစ်သည်၊ မည်မျှကြာသနည်းဟူမှု ကျွန်မအနေဖြင့် ထင်လိုက် သည်မှာ တမန်တော်မြတ် (ဆွ) ကွယ်လွန်သွားပြီလားဟု ထင်လိုက်ရပါသည်။ ကျွန်မလည်း အိပ်နေရာမှထလာကာ တမန်တော်မြတ် (ဆွ) ၏ လက်မကို မကြည့် လိုက်ရာ လှုပ်ရှားလာသည်ကို တွေ့ရသဖြင့် စိတ်သက်သာရလာပြီး မိမိနေရာသို့ ပြန်လာလိုက်ပါသည်။
.
ထို့နောက် တမန်တော်မြတ် (ဆွ) စိဂ်ျဒဟ် လုပ်နေရင်း နုတ်မှ အောက်ပါ အတိုင်း ရေရွတ်သည်ကို ကြားရပါသည်။ “ ကျွန်တော်မျိုးသည် အရှင်မြတ်၏ အပြစ်ပေးခြင်းကို အရှင်မြတ်၏ ခွင့်လွှတ်မှု အရိပ်အောက်တွင် ခိုလှုံပါသည်၊ ကျွန်တော်မျိုးသည် အရှင်မြတ်၏ မနှစ်သက်မှုကို အရှင်မြတ်၏ နှစ်သက်မှု အရိပ်အောက်တွင် ခိုလှုံပါသည်၊ ကျွန်တော်မျိုးသည် အရှင်မြတ်၏ ဂရုဏာတော်၏ အရိပ်အောက် တွင် ခိုလှုံပါသည်၊ ကျွန်တော်မျိုးသည် အရှင်မြတ် ထိုက်တန်သင့်မြတ်သည့် အနေအထားမျိုးဖြင့် ချီးမွန်းနိုင်ခြင်း အလိုငှာ မတတ်သာလေပြီဖြစ်သည်၊ အရှင်မြတ်သည် မိမိ၏ သတ်မှတ် တည်ရှိမှုအနေအထားဖြင်ပင် တည်ရှိ နေပါသည်”။ ထို့နောက် တမန်တော်မြတ် (ဆွ) သည် မိမိ၏ ဆိဂ်ျဒဟ် မှထလာကာ ဆွလာသ်ကို အဆုံးသတ် လိုက်ကာ မိမိကို ပြောပါသည်၊ “ အို အိုင်ရှာ အသင်အနေဖြင့် အလ္လာဟ်တမန်တော် သည် အသင့်ထံပါးမှ စွန့်ခွါထွက်သွားပြီဟု ထင်ပါသလား၊ အိုင်ရှာ (ရ) အို တမန်တော် ကျွန်မ အနေဖြင့် အလွန်စိုးရိမ် သွားသည်မှာ သခင် စိဂ်ျဒဟ် လုပ်နေသည်မှာ ကြာလွန်းသဖြင့် သခင်၏ ၀ိဥါည် ထွက်သွားပြီ ဖြစ်ပြီးလားဟု ထင်မြင်ရခြင်း ဖြစ်ပါသည်။ တမန်တော်မြတ် (ဆွ) မိန့်သည်မှာ အိုအိုင်ရှာ အသင်သည် ဒီည မည်သည့်ညဖြစ်သည်ကို သိပါသလား၊ အိုင်ရှာက အလ္လာဟ်နှင့် အလ္လာဟ် တမန်တော်သာ အသိဆုံးဖြစ်ကြောင်းပါဟု ပြောပါသည်။ ထိုအခါ တမန်တော်မြတ်က ဒီညသည် ရှာဘာန်လ၏ ၁၅ ရက်မြောက်ည ဖြစ်သည်။ ဤညတွင် အလ္လာဟ်အရှင်မြတ် သည် မိမိ၏ ကျေးကျွန်များကို ကြည့်ရှုပြီးနောက် ကောင်းမွန်မြင့်မြတ်သော မှန်ကန်သောသူတို့အား အပြစ်များကို ခွင့်လွှတ်တော်မူပြီး မိမိ၏ ဂရုဏာ တရားကို ချီးမြင့်တော်မူလေသည်။ သို့သော် မမှန်ကန်သူ အပြစ်လုပ်သူတို့အတွက် ပြစ်ဒါဏ်များ သတ်မှတ်တော်မူပြီး သူတို့အနေဖြင့် ခွင့်လွှတ်မှု မတောင်းခံသမျှ ကာလပတ်လုံး ၄င်းအပြစ်ဒါဏ်များကို တည်ရှိစေလေသည်။ . အိုင်ရှာ (ရ) တင်ပြသည်မှာ ထိုညမြတ်တွင် အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင် အောက်သို့ ဆင်းသက် လာပြီးနောက် မြောက်များစွာသော လူများ ၄င်းတို့၏ အရေအတွက်သည် ဗနီခလ်ဗ် အမျိုးနွယ်ဝင်တို့၏ သိုးများ၏ အမွေးအရေအတွက်ထက် ပင်များပြားသော လူတို့အား အပြစ်များမှ ခွင့်လွှတ်တော်မူလေသည်။ မဒီနာ မြို့ပတ်ဝန်းကျင်တွင် ဗနီကလ်ဗ် ဟူသော အမျိုးနွယ် ၀င်တို့တွင် များစွာသော သိုးများရှိပြီး ၄င်းသိုးတို့၏ အမွှေးများအရေအတွက်သည် မည်မျှများလိမ့်မည်ကို မိမိတို့ခန့်မှန်းနိုင်သည်။ တနည်းအားဖြင့် မြောက်များ စွာသော လူတို့၏ အရေအတွက်ကို ဆိုလိုခြင်းဖြစ်ပြီး ၄င်းတို့၏ ပြစ်ဒါဏ်များကို ခွင့်လွှတ်မည်ဟု ဆိုလိုရင်းဖြစ်ပါသည်။
.
နောက်ဟဒီးဆ်တော်တစ်ပုဒ်တွင် အိုင်ရှာ (ရ) ကပင်တင်ပြခဲ့သည်မှာ ““၄င်းညတွင် ဗနီကလ်ဗ် တို၏ သိုးများ၏ အမွှေးများ အရည်အတွက်နှင့် ညီမျှသော လူအရေအတွက်အား ဂျဟန္နမ် ငရဲမီးလောင် မြိုက်နေရာမှ ခွင့်လွှတ်မှု ပေးသည်ဟူ၍ ဖြစ်ပါသည်။ အလ္လာဟ်အရှင်မြတ် ခွင့်လွှတ် လိုက်သူများတွင် မည်သူမည်ဝါကို ခွဲခြားခြင်းမပြုဘဲ တနည်းအားဖြင့် ၄င်းတို့အတွင်း အလ္လာဟ်အရှင်မြတ်အား ရှိရ်က် လုပ်သူများ၊ နှလုံးသားများအတွင်း မကောင်းမှု များဖြင့် ပြည့်နက် နေသူများ၊ ဆွေမျိုးညာသကာနှင့် အဆက်ဖြတ်ထားသူများ၊ ခြေမျက်စိအောက် ဂုဏ်မောက် သလို လုံချည် ဘောင်းဘီ ၀တ်ကြသူများ၊ အရက်သေစာ သောက်စားသူများ စသဖြင့် မခွဲခြားဘဲ အပယ် ငရဲမှ ထုတ်ယူကာ အပြစ်ခွင့်လွှတ်လိုက်ခြင်းဖြစ်ပါသည်။ မုအာဇ် (ရ) တင်ပြသည်မှာ တမန်တော်မြတ်(ဆွ) မိန့်တော်မူသည်မှာ အလ္လာဟ်အရှင်မြတ် သည် ဘာရာသ်ည အခါတွင် မိမိဖန်ဆင်းတော်မူခဲ့သည့် လူအပေါင်းတို့ကို ကြည့်ရှုတော်မူလျှင် ၄င်းတို့ အားလုံးကို အပြစ်အပေါင်းမှ ခွင့်လွှတ်တော်မူလေသည်။ သို့သော် ၄င်းတို့အနက် အလ္လာဟ် အရှင်မြတ်အား ရှိရ်က် လုပ်သူအပေါင်းတို့နှင့် စိတ်နှလုံးများအတွင်း မကောင်းစိတ်ထားသူများ မပါဝင်ပါလေ။ ဖေါ်ပြပါ အဟာဒီးဆ် များနှင့် ပတ်သက်ပြီး အများစုသော ပညာရှင်များက အချို့ဟဒီးဆ်တော်များသည် ခိုင်မာမှုရှိပြီး အချို့သည် အားနည်းချက်များရှိသည်ကို လက်ခံကြပါသည်။ သို့သော် အချို့သောပညာရှင်တို့က ဟဒီးဆ် အချို့၏ ခိုင်မာမှုဆိုင်ရာ ချို့ယွင်းချက်များအပေါ် လက်ခံမှုမပြုကြဘဲ ဘာရာသ်ည၏ ထွတ်မြတ်မှုကို ငြင်းပယ်လိုက်ကြသည် လည်းရှိပါသည်။ ၄င်းတို့၏ ညင်းပယ်မှုကို မည်သို့မှ တုံ့ပြန်ပြောဆိုလိုသော်လည့်း ၊ အထက်ပါ ဟဒီးဆ်များကို စုပေါင်းကြည့်လိုက်သည့်အခါ၊ များစွာသော ပညာရှင်တို့သည် ၄င်းည၏ ထွတ်မြတ် မှုကို လက်ခံကာ အမလ် အိဗါဒသ် လုပ်ကာ အကျိုးပွားများလာသည်မှာ နှစ်အဆက်ဆက် ခေတ် အဆက်ဆက် ရှိခဲ့ပြီဖြစ်သည်။ ဘာရာသ်ည၏ ထူးမြတ်မှုကို နားလည်လက်ခံသောသူတို့အတွက် ၄င်းညကို ပိုင်နိုင်စွာအသုံးချနိုင် လျှင် အကောင်းဆုံးဖြစ်သည်။ ၄င်းတစ်ညတာအတွက် နိုးနိုးကြားကြား ရှိနေသင့်သည်။
.
သို့သော် ညတာ၏ အချိုအစိတ်အပိုင်းတွင် နိုးကြားနေလျှင်လည်း ကောင်းလှပါသည်။ ၄င်းည၏ အစိတ်အပိုင်းသည် ညဦးပိုင်းဖြစ်စေ မိုးလင်းပိုင်းဖြစ်စေ ပြဿနာ မဖြစ်နိုင်ပါ။ ၄င်းနောက် အောက်ဖေါ်ပြပါ အိဗါဒသ်များကို တတ်အားသ၍ လုပ်နိုင်ပါသည်။
.
(၁) ဆွလာသ် တည်ဆောင်မှုသည် အမလ် အိဗါဒသ်အပေါင်းတွင်အကောင်းဆုံးဖြစ်သည်။ မည်မျှသော ရကအသ် ဖတ်သင့်ကြောင်း အတိအကျ မဆိုထားသော်လည်း ၈ ရကအသ် ဖတ်ဖြစ်နိုင်လျှင် အကောင်းဆုံးဖြစ် သည်။ ပညာရှင်အများစုသည် ၈ ရကအသ် အနည်းဆုံး ဖတ်ကြသည်။ ဆွလာသ် ဖတ်လျှင်လည်း သတိပြုသင့် သည်က ဆွလာသ်၏ စိဂ်ျဒဟ်နှင့် ရကုအ် ကို ခပ်ကြာကြာ ခါတိုင်းထက် အချိန်ပိုကာ လုပ်သင့်သည်။ စူရာအတွဲများကိုလည်း ရှည်လျှားသည့် စူရာကို ဖတ်နိုင်ကကောင်းသည်။ စူရာအရှည် အလွတ်မဖတ်နိုင်က အတိုစူရာများကို တတ်နိုင်သလောက်တွဲကာ ဖတ်လျှင်လည်းကောင်းပါသည်။
.
(၂) ဆွလာသ်ဖတ်ပြီးသည့်နောက် ကျမ်းမြတ်ကုရ်အာန် ဖတ်ခြင်းသည် အကောင်းဆုံးသော အအ်မာလ် အိဗါဒသ် ဖြစ်သည်။ ကျမ်းမြတ်ကုရ်အာန်မှ မည်သည့် စူရာဖြစ်စေ၊ ဖတ်နိုင်သလောက် ဖတ်လေ ကောင်းလေ ဖြစ်သည်။
.
(၃) ကျမ်းမြတ်ကုရ်အာန် ဖတ်ခြင်းကို ရပ်နားသည့်အခါ သို့မဟုတ် အခြားအမလ်ကို လုပ်ခြင်လာ သည့်အခါ ဇိကိ၇် လုပ်ခြင်းသည် အကာင်းဆုံးဖြစ်သည်။ ဇိကိရ် လုပ်သည့်အခါ အကောင်းဆုံးမှာတော့ တမန်တော်မြတ် (ဆွ) အပေါ် ဆွလ၀ါသ် ဖတ်ပို့ဖြင်းဖြစ်သည်။ မိမိ ရသည့် ဆွလ၀ါသ် ကို ဖတ်နိုင်သလောက် ဖတ်နိုင်ပါသည်။ ဇိကိရ်ကို ထိုင်လျှက်ဖြစ်စေ၊ လျှောင်းလျှက်ဖြစ်စေ၊ လမ်းလျှောက်လျှက်ဖြစ်စေ ဖတ်ရွတ်နိုင်ပါသည်။
.
(၄) အထူးဒိုအာတောင်းခံခြင်းဖြစ်သည်။ ဤညတွင် မိမိ၏ ဆွလာသ်များ၊ ကျမ်းမြတ်ကုရ်အာန် ဖတ်ခြင်း၊ ဇိကိရ်စိတ်ခြင်း စသည်တို့ကို လုပ်ပြီးသည့်နောက် မိမိတို့သည် အလ္လာဟ်အရှင်မြတ် ထံတော်မှ မိမိတို့၏ အမလ် အိဗါဒသ်များကို လက်ခံအောင် လွတ်ငြိမ်းချမ်းသာခွင့်ရအောင် အပယ်ငရဲမီးမှ လွတ်ငြိမ်းခွင့်ရအောင် အထူးဒိုအာ တောင်းခံရမည်။ ဒိုအာတောင်းခံခြင်း ဟူသည် မိမိတို့နှင့် အလ္လာဟ်အရှင်မြတ်အကြား အဆက်အသွယ် ခိုင်မာသည်ထက် ခိုင်မာအောင် လုပ်ခြင်း ဖြစ်သည်ကို သဘောပေါက်ရမည်။ ဒါကြောင့် မိမိတို့သည် ဒိုအာတောင်းခံခြင်းကို အထူးဂရုစိုက် တောင်းခံရမည်။ ဒိုအာတောင်းခံလေ အလ္လာဟ်အရှင်မြတ် နှစ်သက်မြတ်နိုး လေဖြစ်သည်။ မိမိတို့သည်မှာ ဒိုအာတောင်းခံရင်း စိတ်ကုန်သွားလေ့ရှိပြီး အလ္လာဟ်အရှင်မြတ် အနေဖြင့်မူ နားထောင်ခြင်းကို မငြီးညူနိုင်အောင်ပင်ဖြစ်တော့သည်။ မိမိတို့၏ ဒိုအာတောင်းခံချက်များ ချက်ခြင်း မပြည့်ဝသေးသည်ကို စိတ်ပျက်စရာလည်း မလိုပါ၊ ယခုမတွေ့သေးပေမဲ့ အချိန်တန်သည့်အခါ တောင်းသည့် အရာထက် ပိုမိုကောင်းမွန်သောအရာကို ရရှိသည့်အတွက် စိတ်အပျော်ကြီးပျော်နေလိမ့်မည်။
.
အမှန်တော့ တမန်တော်မြတ် (ဆွ) တောင်းခံခဲ့သည် တောင်းဆုဒိုအာများသည် စံနမူနာယူထိုက် သည့် ဒိုအာများပင်ဖြစ်သည်။ ပိုင်ပိုင်နိုင်နိုင်ရှိမှု၊ ပြည့်စုံကုံလုံမှု၊ တင်ပြချက်များ လေးနက်မှု၊ စသည့် ဘက်ကကြည့်လျှင် မည်သူမျှ ယနေ့တိုင် တမန်တော်မြတ် (ဆွ) ကဲ့သို့ ဒိုအာတောင်းခဲ့နိုင်မည် မဟုတ်ပါ။ မည်သည့်လူသားမျှ အဆိုပါ ဒိုအာများကို ယှဉ်ပြိုင် ရေးသားတောင်းဆိုနိုင်မည်မဟုတ် ပါ။ သို့ဖြစ်၍ မိမိတို့အနေဖြင့် ၄င်းဒိုအာများကို တတ်နိုင်သ၍ လေ့လာကာ နေ့စဉ်မိမိတောင်းဆို သည့်ဒိုအာဖြစ် အစဉ်တောင်းဆိုနေသင့်သည်။ အကယ်၍ မိမိအနေဖြင့် ဒိုအာမူရင်းအတိုင်း အာရဗီ ဘာသာဖြင့် မတောင်းနိုင်ပါကလည်း စိတ်ပျက်စရာမလိုပါ။ မိမိတို့ ကိုယ်ပိုင် ဘာသာစကား မြန်မာလိုတတ်က မြန်မာလို အင်္ဂလိပ်လိုတတ်က အင်္ဂလိပ်လို တောင်းခံနိုင်ပါသည်။ အချို့မိတ်ဆွေများသည် အကြောင်းအမျိုးမျိုးကြောင့် ညအခါ ထခြင်း ဖတ်ရွတ်ခြင်း မပြုလုပ်နိုင်သဖြင့် စိတ်ပျက်မနေသင့်ပါ။ အချို့သည် နေမကောင်းသည့်အတွက်၊ အချို့က ခရီးထွက်နေခြင်း၊ စာပေလေ့လာ နေခြင်း၊ အမျိုးသမီးများ ရာသီလာခြင်း၊ ကိုယ်ဝန်ဆောင် နေသည့်ကာလဖြစ်ခြင်း စသည့်အကြောင်းအမျိုးမျိုးရှိ နေနိုင်တတ်ပါသည်။ ထိုသူတို့အဖို့ အထူးသဖြင့် ဆွလာသ် ၅ ကြိမ်ကို မပြတ်တန်းဖတ်ခြင်းသည် အကောင်းဆုံးဖြစ် သည်။ တတ်နိုင်ပါက ဇိကိရ်ကို အဆက်မပြတ် ဖတ်နေသင့်သည်။ သွားသွားလာလာ စားစား သောက်သောက် လုပ်နိုင်ပါသည်။ အမျိုးသမီးများအနေဖြင့် ဇိကိရ်တွင် အထက်တွင် ဖေါ်ပြသည့် အတိုင်း တမန်တော်မြတ် (ဆွ) အပေါ် ဒရူးဒ် ဆွလ၀ါသ် တတ်အားသ၍ ဖတ်နေသင့်သည်။ ဘာရာသ်ညတွင် ကျွန်ုပ် မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလာဒေးရှ်၊ ပါကစ္စတန်၊ အီရန် စသည့်နိုင်ငံများတွင် သင်္ချိုင်း သို့သွားရောက်ကြပြီး သေဆုံးလေသူ မိဘဖိုးဖွားများအတွက် ခွင့်လွှတ်မှုတောင်းခံလေ့ရှိသည်။ အချို့သော် ပညာရှင်များက ထိုညတွင် တမန်တော်မြတ် (ဆွ) သည် အိပ်နေရာမှ တိတ်တစိတ် ဂျန္နသွလ်ဘကီဟ် သင်္ချိုင်းသို့သွားရောက်ပြီး သေဆုံးလေသူများအတွက် ငြိမ်းချမ်းမှု ကင်းလွတ်မှုကို တောင်းခံခဲ့ကြောင်း တင်ပြကြပါသည်။ သို့သော် ၄င်းဟဒီးဆ်တော်များ သည် အလွန်ပင် အထောက်အထား ခိုင်မာမှု အားနည်းပါးလွန်းသည့်အတွက် ယနေ့၎င်းလုပ်ရပ် ကို မလုပ်ကြတော့ပေ။ သို့သော် များစွာသောသူတို့က ၄င်းလုပ်ရပ်ကို မွတ်စ်သဟဗ် အဖြစ် သတ်မှတ်ကာ လုပ်ကြသည်။ သို့သော် မှတ်ထားသင့်သည်က ၄င်းလုပ်ရပ်သည် အရေးတကြီး မဖြစ်မနေလုပ်ရမည့် အိဗါဒသ် မဟုတ်သလို ပုံမှန်လုပ်စရာလည်း မလိုအပ်သည့် အိဗါဒသ် တခု ဖြစ်ကြောင်းသိရမည်။
.
တကယ်တော့ မိမိအိမ်တွင် ဖတ်ရွတ်ပြီး သေဆုံးသူများအတွက် ဖတ်ရွတ်ကာ လွတ်ငြိမ်းချမ်းသာမှုကို တောင်းခံနိုင်ပါသည်။ ၄င်းညတွင် အထူးသတိထားသင့်သည်မှာ မကောင်းမှုနှင့် တတ်အားသ၍ ဝေးသည်ထက် ဝေးအောင်နေ ခြင်းဖြစ်သည်။ ဘာရာသ်ညတွင် ဘာတွေလုပ်သင့်သနည်းဆိုသည်ကို နားလည်သည့်အခါ မိမိတို့အနေဖြင့် ၄င်းလုပ်ငန်းများကို လုပ်ကိုင်ဆောင် ရွက်နေခြင်းသည် မကောင်းမှုမှ ကင်းဝေးအောင်နေနိုင်ရန် အတွက် အကောင်းဆုံးအခွင့် အရေးတစ်ခုပင်ဖြစ်သည်။ စင်စစ် ၄င်းညသည် မိမိတို့သည် ကိုယ်ကိုယ်ကို အလ္လာဟ်အရှင်မြတ်ထံ ၀ကွက်အပ်နှံ ထားခြင်းသည် အကောင်းဆုံးလုပ်ရပ်ဖြစ်သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ် မနှစ်သက်သည့် အလုပ်မှန်သမျှကို မိမိတို့သည် အဆင်ပြေစွာ ရှောင်ကြဉ်နိုင်မည့် အခြေအခြေအနေများ ရရှိလာနိုင်သည်။ . အထူးသဖြင့် မိမိတို့စိတ်တွင် အတင်းပြောခြင်းနှင့် မကောင်းမှုကို တွေးခြင်း မဖြစ်အောင် အထူးသတိပြုရမည်။ မကောင်းမှု၏ အတွေးသည် မကောင်းမှုကို ပြောဖြစ်စေသလို လုပ်လည်း လုပ်ဖြစ်စေပါသည်။ ထို့ကြောင့် အထက်ပါ ဟဒီးဆ်တော်တွင် တင်ပြခဲ့သည်မှာ မကောင်းစိတ်ကို နှလုံးသားတွင် မရှိစေခြင်း ဆိုသည့်အချက်ကို ကောင်းကောင်းသတိပြုစေချင်ပါသည်။ အချို့သော မွတ်စ်လင်မ်တို့သည် ၄င်းညတွင် အထူးစားဖွယ်သောက်ဖွယ်များကို ချက်ပြုတ်ကြခြင်း အကြီးအကျယ် ကျွေးပွဲ မွေးပွဲများ ပြုလုပ်ခြင်း၊ ဗလီဝတ်ကျောင်းတော်များ၊ သင်္ချိုင်းများကို ဆင်ယဉ်ခြင်း၊ မီးထွန်းကြခြင်း၊ အမွှေးနံ့သာများ လိမ်းလည်သပ္ပယ်ကြခြင်း အချို့နေရာများတွင် ပွဲလမ်းသဘင်များလုပ်ကြခြင်း၊ အရောင်းအ၀ယ် လုပ်ငန်းများ အကြီးအကျယ်လုပ်ကြခြင်း၊ စသည့်လုပ်ရပ်များသည် အခြေအမြစ်မရှိသည့် လုပ်ငန်းများ လုပ်ရပ်များဖြစ်သဖြင့် ၄င်းတို့ကို မလုပ်သင့်ပါ။ မွတ်စ်လင်မ်များ ထိုသို့လုပ်ခြင်းသည် အခြားဘာသာဝင်တို့၏ ဘာသာရေးပွဲတော်များ၏ လုပ်ရိုးလုပ်စဉ်များကို ကူးချလုပ်နေခြင်းဖြစ်သည်ကို သတိထားရမည်။ သိလျှက်နှင့် ဆက်လက်လုပ်လျှင် အပြစ်ထိုက်သည်ကို သိသင့်သည်။ မိမိကိုယ်၌ကလည်း ထိုသို့လုပ်နေလျှင် မိမိလုပ်ရမည့် ကောင်းမှုကုသိုလ်များကို မလုပ် နိုင်သဖြင့် မိမိ၏ ကုသိုလ်ရှာဖွေမှု အခွင့်အရေး ဆုံးရှုံးနိုင်ကြောင်း သဘောပေါက်ရမည်။ အချို့သောသူတို့သည် ထိုညတွင် ဘာရာသ် ည၏ ထူးမြတ်မှုများကို ရှည်လျှားထွေပြားစွာ တရားတဘောင် ဟောကြားနေသည်ကို တွေ့နိုင်သည်။ ထိုသို့ပြုလုပ်ခြင်းသည် အခြားသူများ၏ တန်ဖိုးရှိသော အချိန်ကို ဖြုန်းစေသည့်အပြင် မိမိ၏ အချိန်လည်း ကုန်ဆုံးသည်ကို သတိပြုရန် လိုအပ်သည်။ အကယ်၍ ဘာရာသ်ည အကြောင်းကို အခြားသူများသိလိုစေပါက ကြိုတင်ဟော ပြောအကြောင်းကြားရန် လိုအပ်ပါသည်။ ဤညသည် မိမိတို့ကိုယ်စီ မိမိတို့အတွက် ကြိုးပမ်းရန် သာလိုအပ်သည်ကို သတိပြုရမည်။
.
တရားအားထုတ်ရာတွင်လည်း တစ်သီးပုဂ္ဂလ ကြိုးပမ်းရမည်။ စုပေါင်း ဆွလာသ်ဝတ်ပြုခြင်း၊ စုပေါင်း ဇိကိရ်ပြုလုပ်ခြင်းများ မပြုလုပ်သင့်ပါ။ ဤညသည် မိမိတို့အနေဖြင့် မိုးမြေအဆုံး စကြာဝဠာတစ်ခွင်လုံး၏ ဖန်ဆင်းရှင်နှင့် တွေ့ဆုံနိုင်ရေအတွက် ကြိုးပမ်းနေချိန်ဖြစ်သဖြင့် မိမိနှင့် အလ္လာဟ်အရှင်မြတ်အကြား အခြားမည်သူကိုမျှ မလာရောက်နိုင်ရေး၊ အ၀င်ရောက်နိုင်ရေးကို မိမိတို့ကောင်းကောင်းကြီး သတိထားသင့် ပါသည်။ ဥပမာ တမန်တော်မြတ် (ဆွ) ကိုကြည့်လျှင် ဤညမှာ တစ်ကိုယ်တည်း အိဗါဒသ် လုပ်နေတာကို မြင်ရသိရလိမ့်မည်။ ဇနီးတော် အိုင်ရှာ (ရ) သည် မိမိဘာသာ ရှိနေသည်ကိုလည်း တွေ့ရမည်။ တမန်တော်မြတ်သည် သူမကို မိမိအိဗါဒသ် မှာ မပါဝင်စေခဲ့ဘူး။ တစ်ကိုယ်တော် အိဗါဒသ် လုပ်ခြင်းကိုသာ ပေါ်လွင်စေပါသည်။ တမန်တော် မြတ်သည် မစ်ဂျိဒ် နဗ၀ီကို ဆင်ယင်ခြင်း၊ မီးရောင်စုံထွန်းခြင်း၊ အခြားသူများကိုခေါ်ပြီး အိဗါဒသ်လုပ်နေခြင်းကိုလည်း မတွေ့ရသဖြင့် ဘာရာသ်ည၏ အိဗါဒသ်သည် တစ်ကိုယ်တော် သီးသန့်လုပ်သင့်ကြောင်း၊ ဗလီဝတ်ကျောင်းတော်များတွင် လုပ်ပါကလည်း စုပေါင်း လုပ်ခြင်းကိုသာ ရှောင်ရှားပြီး မိမိဘာသာ တစ်ကိုယ်လည် ထောင့်တစ်နေရာတွင် လုပ်သင့်ပါသည်။ ပညာရှင်အများစုအနေဖြင့် ၄င်းညတွင် စဲဟ်ရီစားသုံးပြီး ၁၅ ရက်နေ့တွင် ရိုဇာဥပုတ် စောင့်ထိန်းကြ လေ့ရှိပါသည်။ ၄င်းရိုဇာသည် မွတ်စ်သဟဗ် အဆင့် တနည်းအားဖြင့် လုပ်သင့်ကြောင်း အကြံပြုသည့်အဆင့် သာရှိပါသည်။ လုပ်ပါက ကောင်းပြီး မလုပ်ပါကလည်း အပြစ်မရှိကြောင်း၊ ဖရဇ် တာဝန်မဟုတ်ကြောင်း သိစေပါသည်။ တမန်တော်မြတ် (ဆွ) အနေဖြင့် ၄င်းရက်တွင် နဖိလ် ရိုဇာ စောင့်ထိန်းသင့်ကြောင်း အထူးသတိပေးခဲ့ပါသည်။ အချို့ကတော့ ဤ ဟဒီးဆ်တော်ကို မမှန်ကန်ကြောင်း ပြောကြပေလိမ့်မည်။ သို့သော် အထက်တွင် ဖေါ်ပြခဲ့သည့် ဟဒီးဆ်တော်များကို ကြည့်လျှင် တမန်တော်မြတ်သည် ရှာဘာန်လ၏ ရိုဇာကို မပြတ်တမ်းနှင့် အများဆုံးရိုဇာစောင့်ထိန်းခဲ့သည်ကို ကြည့်ခြင်းဖြင့် တမန်တော်မြတ် ရိုဇာစောင့်ထိန်းခဲ့ခြင်းကို ငြင်းဆိုနိုင်ဖွယ်မရှိပါ။
.
ထို့အပြင် မြောက်များစွသော ပညာရှင်များ မိမိတို့၏ အကြီးအကဲများသည် ရှာဘာန်လ၏ မြင့်မြတ်ခြင်းအကြောင်း ရှာဘာန်လတွင် ရိုဇာစောင့်ထိန်းခြင်းအကြောင်းကို နှစ်ပေါင်း ရာစု ထောင်စု ချီကာ တင်ပြ လုပ်ပြ ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ဘာရာသ် ည သည် အမှန်ဖြစ်ခြင်း ၄င်း၏ အိဗါဒသ်များ နေ့အခါ ရိုဇာစောင့်ထိန်းခြင်းများ အကျိုးကျေးဇူးများသည် မှန်ကန်သည်ဟု တင်ပြလိုက်ပါသည်။ ကျွန်တော်တို့ အမြဲကြားနေရသည့် ကျွန်တော်တို့၏ ဆရာသခင် မော်လာနာ ဗရှိရွလ္လာဟ် ဆွာဟိဗ် (ရ) ၏ ရန်ကုန်မြို့ ၁၃၆ လမ်း မဒါးဗလီတွင် အီရှာဆွလာသ် အပြီး တရားဟော်ပြောမှုကိုမူ ကျွန်ုပ်တို့သည် မဖြစ်မနေ သွားနားထောင်မိသည်။ ဆရာကြီးက အထက် တွင် ဖေါ်ပြသည့် ဟဒီးဆ်တော်များ၊ ကို တင်ပြလေ့ရှိပြီး အထူးသတိပေးတတ်သည်မှာ ၄င်းညတွင် လုပ်ဆောင်ရမည့် အမလ် အိဗါဒသ် များတွင် “ဆွလာသွလ် သစ်ဘီဟ်” ကို ဖတ်ဖြစ်အောင် ဖတ်ကြရန် ပင်ဖြစ်သည်။ ၄င်းဆွလာသ်တွင် ဖတ်ရမည့် ဇိကိရ်မှာ “စူဗဟာနလ္လာဟိ ၀လ်ဟမ်ဒုလိလ္လာဟိ ၀လာအိလာဟ အိလလ္လာဟု ၀လ္လာဟု ၀အက်ဘရ်” ပင်ဖြစ်ပါသည်။ ဆရာကြီးတင်ပြသည့် “ဆွလာသွလ် သစ်ဘီဟ်” ဖတ်နည်းမှာ ပထမ ၄ ရကအသ် နိယသ်ချီပြီးနောက် အလ္လာဟုအက်ဘရ် သက်ဗီရ် ဖတ်ပြီး
(၁) စူရာဖာသိဟအရင် အထက်ပါဇိကိရ် ကို ၁၅ ခေါက်ဖတ်ပါ
(၂) စူရာဖါသိဟဖတ်ပြီးနောက် ၄င်းဇိကိရ်ကို ၁၀ ခေါက်ဖတ်ပါ
(၃) ရူကုအ် စူဘဟာနလ္လာရဗ်ဗိယလ်အဇီးမ် ၃ ခါ ဖတ်ပြီး ၄င်းဇိကိရ်ကို ၁၀ ခေါက်ဖတ်ပါ
(၄) ရုကုအ်အပြီး ပြန်မတ်တတ်ရပ်ချိန်တွင် ၄င်းဇိကိရ်ကို ၁၀ ခေါက်ဖတ်ပါ
(၅) ပထမ စိဂ်ျဒဟ်တွင် စူဘဟာနလ္လာရဗ်ဗိယလ်အာ့လာ ၃ ကြိမ်ဖတ်ပြီး နောက် ၄င်းဇိကိရ်ကို ၁၀ ခေါက်ဖတ်ပါ
(၆) ပထမ စိဂ်ျဒဟ် အပြီး ပြန်ထိုင်ချိန်တွင် ၄င်းဇိကိရ်ကို ၁၀ ခေါက်ဖတ်ပါ
(၇) ဒုတိယ စိဂ်ျဒဟ်တွင် စူဘဟာနလ္လာရဗ်ဗိယလ်အာ့လာ ၃ ကြိမ်ဖတ်ပြီးနောက် ၄င်းဇိကိရ်ကို ၁၀ ခေါက်ဖတ်ပါ။
.
ဤသို့ဖြင့် (၁) ရကအသ်တွင် ၄င်းဇိကိရ် အကြိမ် ၇၅ ခေါက်ဖတ်မိသွားလိမ့်မည်။ ၄ ရကအသ် ဖတ်မိလျှင် အကြိမ်ပေါင်း ၃၀၀ ဖတ်မိလိမ့်မည်။ ဤသည်မှာ ဆွလာသွလ် သစ်ဘီဟ် ပင်ဖြစ်သည်။ ဆရာကြီးဆက်လက်တင်ပြသည်မှာ မဂ်ရိဗ် ဆွလာသ်အပြီးတွင် နဖိလ် ဟာဂျသ် ၂ ရကအသ် ၃ ကြိမ် ဖတ်ကာ အကြိမ်တိုင်း အတွက် ပထမအကြိမ်တွင် မိမိ အသက်ရှည်ကျန်းမာရန်အတွက်၎င်း၊ ဒုတိယ အကြိမ်တွင် ရိုဇီရိက္ခာ တိုးပွားရန်အတွက်၎င်း၊ တတိယအကြိမ်တွင် ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးရန်အတွက် ၄င်း နိယသ်ထားကာ ဖတ်သင့်ကြောင်းတင်ပြလေ့ရှိပါသည်။ ဆက်လက်တင်ပြသည်မှာ စူရာ ရာစီးန် ကို ၃ ကြိမ် အထက်ပါ နိယသ်ဖြင့် ဖတ်သင့်ကြောင်းဖြစ်ပါသည်။ တစ်ခေါက် ဖတ်ပြီးတိုင်း အောက်ပါ ဒိုအာကို ဖတ်သင့်ကြောင်းတင်ပြပါသည်။ . မဂ်ရိဗ် ဖတ်ပြီးနောက် ဆွလာသ် ၂ ရကအသ် ၃ ကြိမ် ဖတ်သည်ဆိုရာတွင် ၆ ရကအသ် ဖြစ်မည်။ ၂ ရကအသ် ဖတ်ပြီးတိုင်း အောက်ပါ ဒိုအာကို တစ်ခေါက်ဖတ်ပါက အလွန်ကောင်းပါသည်။ ထိုနည်းအတိုင်း စူရာ ရာစီးန် ဖတ်ရာတွင်လည်း တစ်ခါ ဖတ် ပြီးတိုင်း အောက်ပါဒိုအာကို တစ်ခေါက်ဖတ်ပါက အလွန်ကောင်းပါသည်။ ဒိုအာတောင်းသည့်အခါတွင်လည်း ကောင်းကောင်းမွန်မွန် စိတ်ဝင်စားစွာဖြင့် မိမိအလိုဆန္ဒများကို တောင်းခံ သင့်ပါသည်။ မိမိအလိုဆန္ဒများကို တောင်းခံသည့်အပြင် မိမိတို့ သိလျှက်ဖြစ်စေ မသိ၍ဖြစ်စေ ကျူးလွန်ခဲ့သည် အပြစ်များကိုလည်း ခွင့်လွှတ်ပါလို ကြောင်း တောင်းခံသင့်သည်။
.
အများအားဖြင့် မိမိတို့ ကျူးလွန်တတ်သည့် အပြစ်ဂိုနာများတွင်
(၁) ကုဖုရ်နှင့် ရှိရိက် လုပ်ခဲ့မိခဲ့လျှင် ၄င်း၊
(၂) မိမိညီအကိုများနှင့် ရန်လိုမုန်းထားမိခဲ့ လျှင်၎င်း၊
(၃) ဆွေမျိုးသားခြင်းများ၏ အခွင့်အရေးကို မပေးခဲ့မိလျှင်၎င်း၊
(၄) မိဘ များကို ကလန်ကဆန် လုပ်ခဲ့မိသည်များကို၎င်း၊
(၅) အရက်သေစာ သောက်စားမိခဲ့သူလျှင်၎င်း၊
(၆) သူတစ်ပါးကို မတရားလုပ်ခဲ့မိ ခဲ့လျှင်၎င်း၊
(၇)ခိုးယူ လိမ်လည် ခဲ့မိလျှင်၎င်း၊
(၈) သူများအကြောင်း မတရားအတင်းပြောခြင်း၊ ဂုံးတိုက်ခြင်း၊ သူတစ်ပါးကို ဂျောက် ကျအောင် လုပ်ခဲ့ခြင်း၊ စသဖြင့် မိမိတို့၏ ပြစ်မှုအပေါင်းကို အလ္လာဟ်အရှင်မြတ်ထံ စိတ်ရောကိုယ်ရော နှလုံးအပါ လိုလိုလားလားဖြင့် အပြစ်အပေါင်းမှ ကင်းလွှတ်ခွင့်ရအောင်လည်း တောင်းခံရန် မမေ့သင့်ပါကြောင်းတင်ပြလိုက်ပါသည်။
.
ဘာရာသ် ညတွင် အောက်ပါဒိုအာကို အနည်းဆုံး သုံးကြိမ်ဖတ်က အလွန်သင့်တော်ပါသည်။ အဆုံးအနေဖြင့် တင်ပြလိုသည်မှာ မွတ်စ်လင် ညီနောင်အပေါင်းတို့ မိမိတို့သည် ကမ္ဘာ၏ အရှေ့အနောက် တောင်မြောက် အရပ်တိုင်းတွင် ရှိနေသည်။ အမေရိကမှာ မြန်မာ မွတ်စ်လင်တွေ ရှိသလို အခြား နိုင်ငံများ အရှေ့အလယ်ပိုင်း အာစီယံနိုင်ငံများ တောင်အမေရိကနှင့် သြစတေးလျှ နိုင်ငံတို့မှာလည်း ရှိပါသည်။ အချို့က မြန်မာနိုင်ငံ ပေါက် မွတ်စ်လင်တွေဖြစ်သလို ဟနဖီမဇ်ဟဗ် ၀င်တွေဖြစ်ပါတယ်။ အချို့က ရှာဖအီ မဇ်ဟဗ်ဝင် တွေဖြစ်ကုန်ပါတယ်။ အချို့က အထက်ပါ ဟဒီးဆ်တော်တွေနှင့် ဘာရာသ် ညကို လက်ခံကျဉ်းပသလို အချို့က လက်မခံဘူးဆိုတာကို နားလည်သဘောပေါက်နိုင်ပါတယ်။ သို့သော် မည်သို့ပင်ဖြစ်ပါစေ တစ်ဦးကို တစ်ဦး နားလည်သဘောပေါက်ပေးမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ယူနီတီ တစ်ခု ရလာနိုင်ပါတယ်။ အားလုံးငြိမ်းချမ်း နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ အာမီးန်။
.
بَارَكَ الله لِي وَلَكُمْ فِي الْقُرْآنِ الْعَظِيمِ ، وَنَفَعَنِي وَإِيَّاكُمْ بِمَا فِيهِ مِنَ الآيَاتِ وَالِّذكْرِ الْحَكِيمِ ، وَتَقَبَّلَ مِنِّي وَمِنْكُمْ تِلاوَتَهُ إِنَّهُ هُوَ السَّمِيعُ الْعَلِيمُ ، أَقُولُ قَوْلِي هذَا وَأَسْتَغْفِرُ الله الْعَظِيمَ لِي وَلَكُمْ، وَلِسَائِرِ الْمُسْلِمِينَ وَالْمُسْلِمَاتِ ، وَالْمُؤْمِنِينَ وَالْمُؤْمِنَاتِ ، فَاسْتَغْفِرُوهُ فَيَا فَوْزَ الْمُسْتَغْفِرِينَ وَيَا نَجَاةَ التَّائِبِينَ .
.
လေးစားစွာဖြင့်။
မော်လာနာ မုဟမ္မဒ် အက္က်ဘရ်ရှားဟ်
.
Special thanks to U Kamal Myo Myint