---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Friday, February 27, 2009

ပဒုံမင်းသို့ သံတော်ဦးတင်ခြင်း (ထင်ထင်ရှားရှားဖတ်ရှူနိုင်ရန် ပုံများကိုကလစ်ပြီးဖတ်ပါ)





ဒီပို့စ်ကို ဝေမျှပေးတဲ့ http://www.myanmarmuslim.net အားအထူးပဲကျေးဇူးတင်ပါတယ်။

Wednesday, February 25, 2009

'' လူ ''

လူအစသွေးပုပ်မှ
သက်ရှိနေချိန် ဘဝမေ့လျှက်
ဂုဏ်တုဂုဏ်ပြိုင် မာနထောင်လွှား
အမှန်တရားအား မျက်နှာလွှဲ၍
မမြဲအရာ တပ်မက်စွဲလမ်း
ကြီးသူငယ်နိုင် လူတို့သည်ကား
ကမ္ဘာဆွေမျိုးသားချင်း
ခိုက်ရန်ပွါးများ သွေးမြေကျစေ
မလွဲဧကန် ထိုလက်တစ်စုံကား
ဤပထဝီမြေကို ဆွဲလှန်ခဲ့သော်
သူငါအပေါင်း ခိုကိုးရာမဲ့
သေမင်းတမန်လက်မှ
အဘယ်လွတ်ပါအံ့နည်း
လူသတ္တဝါအပေါင်း
အသက်ဇီဝိန် ဆုံးရှူံးချိန်၌
နောက်ဆုံးကျန်သောအရာမှာ
အပုပ်ကောင် ရုပ်ဆောင်ပါတကါး....

....လူ့ဘဝတရားရစရာ.......

Tuesday, February 24, 2009

လွတ်လပ်မှူ၏ ပန်းတိုင်

.
အို....ခလေးတို့
အသင်တို့ကား ဤဘဝ၌
မနာလို မုန်းတီးမှူဟူသော
ရွှေခြေချင်း ငွေခြေချင်းများနှင့်
မိမိကိုယ်ကို
အဘယ်ကြောင့် ခတ်ထားကြမည်နည်း
လွတ်လပ်စွာနေကြလေကုန်။
ဤလောက၌
လွတ်လပ်စွာနေက
အလွန်ပျော်စရာကောင်း၏။

မော်လနာ ရူမ်မီ (Turkey)

Sunday, February 22, 2009

မြန်မာမွတ်စလင်(မ်)ကလပ် (မလေးရှား) မှသောကြာနေ့ ခုသ်ွဗဟ်

.
မြန်မာမွတ်စလင်(မ်)ကလပ် (မလေးရှား) မှ ပေးပို့သော
အလ်ဟာဂ်ျ၊ မုဖ်သီ ဦးမြင့်သိန်း (ငြိမ်းချမ်းလုလင်) ၏ သောကြာနေ့ February 6, 2009 မှခုသ်ွဗဟ်ကိုစာဖတ်သူများအားဝေမျှလိုက်ပါသည်။

မြန်မာမွတ်(စ) လင်မ် ကလပ်မလေးရှား
Safar 25, 1430 – Feb 6,2009
သောကြာနေ့ ခုသ်ွဗဟ် ၂/၂၀၀၉

မွတ်စလင်မ် ဆန့်ကျင်ရေး လှုံ့ဆော်ချက်များ

ချီးမွမ်းခြင်း အပေါင်းတို့သည် အလ္လာဟ်အရှင်မြတ်အတွတ်သာ
ဖြစ်တော်မူပါ၏။ ထိုအရှင်စေလွှတ်တော်မူသော နဗီတမန်တော် အပေါင်းနှင့်
နောက်ဆုံးတမန်တော်ချုပ်၊ မုဟမ္မဒ် သခင်(ဆွ) အပေါ်သို့ ငြိမ်းချမ်းမှုအပေါင်း သက်ရောက်ပါစေ။

ညီအကို မောင်နှမ အပေါင်းတို့ခင်ဗျား_
အတ်စ္စလားမု အလိုင်ကွန်းမ်။ ဒီအပတ်မှာ ကျွန်တော်အနေနဲ့ မွတ်စလင်မ်ဆန့်ကျင်ရေး
လှုံဆော်ချက်များ ဆိုတဲ့ ခေါင်းစဉ်အကြောင်း တင်ပြလိုပါတယ်။ ဒီကိစ္စဟာ ကမ္ဘာဦးအစကနေစပြီး ရှင်ပြန်ထမြောက်ရမဲ့နေ့တိုင် ခောတ်အသီးသီးမှာရှိနေမဲ့ကိစ္စ
ဖြစ်တဲ့အတွက် မွတ်စလင်တွေကိုယ်တိုင်မှန်ကန်စွာကိုင်တွယ်ဖြေရှင်းတတ်ဘို့အရေး
ကြီးပါတယ်။ အနောက်တိုင်းမှ လုပ်ကြံစာပေနှင့် မီဒီယာတွေအကြောင်းကြည့်မယ်ဆိုရင်

•အင်္ဂလန်မှာ မီဇာနုလ်ဟတ်က် (အမှန်တရားရဲ့ ချိန်ခွင်) ဆိုပြီးထွက်ခဲ့တယ်။
•စလ်မာန် ရရှ်ဒီရဲ့ Satanic Verses (မာရ်နတ်ရဲ့ ကဗျာများ) ဆိုတဲ့ စာအုပ်ထွက်ခဲ့တယ်။

အခြားစာပေ ထောင်သောင်းမက ထွက်ခဲ့တာ အနှိုင်းမဲ့ ကိုးကွယ်ရှင် အလ္လာဟ်၊ တမန်တော်ချုပ်
မုဟမ္မဒ်သခင် (ဆွ) နဲ့ အစ္စလာမ်ကို လုပ်ကြံစော်ကားပြီး လူထုကို လှည့်ဖြားချက်များသာ
ဖြစ်ခဲ့ပါတယ်။ ဒီတင်မကအနောက်တိုင်းမှာအစ္စလာမ်သာသနာနဲ့မွတ်စလင်ကမ္ဘာက
ကမ္ဘာ့ယဉ်ကျေးမှုနဲူ့လူသားအကျိုးပြုခဲ့ပုံများကိုလည်းထိန်ချန်ခဲ့ကြပြီးသူတို့ကပဲကမ္ဘာကြီးကိုထိန်း
သိမ်းနေတဲ့ပုံစံ ရေးခဲ့ကြတယ်။ သူတို့ရဲ့ လုပ်ကြံစာတွေကို တန်ဖိုးဖြတ်ကြည့်မယ်ဆိုရင် အစ္စလာမ်ရဲ့ မှတ်ကျောက်ဖြစ်တဲ့ ကုရ်အာန်နဲ့ တမန်တော်မြတ်ရဲ့ သြဝါဒတွေကိုရည်ညွှန်း ကိုးကားထားတာမရှိဘူး။ ကိုကားချက်ရှိထားတာတွေကလည်း လွဲမှားစွာ ဘာသာပြန်ထားတဲ့ Half-truth လို့ခေါ်တဲ့ တစ်ဝက်မှန်
ဖေါ်ပြပြီး ကျန်တစ်ဝက်ကို အမှားတွေနဲ့ လိမ္မာကျွမ်းကျင်စွာ တန်ဆာဆင် ဖေါ်ပြကြပါတယ်။

အဲဒီစာပေတွေကိုသုံးသပ်ကြည့်ရင်ခရူးဆိတ်တစ္ဆေခြောက်ခံနေရတာကိုတွေ့ရပါတယ်။
အရင်တုံးကဆိုရင် မွတ်စလင်မ်တွေကို ခရစ်တော်ကို ဆန့်ကျင်သူများလို့ဆိုပြီး တိုက်ခိုက်ခဲ့
ကြပါတယ်။ ဒါပေမဲ့ အစ္စလာမ်မှာ ခရစ်တော်ကို လက်မခံရင် မွတ်စလင်မ် မဟုတ်ဘူးဆိုတာ
လူတွေ သိလာတော့ မွတ်စလင်မ်တွေကို အစွန်းရောက်တွေ၊ အယူသည်းသူတွေ၊
အကြမ်းဖက်သမားတွေ လို့ ပုဒ်မတတ်ကြပြန်ပါတယ်။ တကယ်တော့ ဒီစွပ်စွဲချက်တွေဟာ အစ္စလာမ့် သွန်သင်ချက်တွေနဲ့ လုံးဝ ဆန့်ကျင်နေပါတယ်။

ဒီအပြင် ပါလက်စတိုင်းလို့ပြောလိုက်တာနဲ့ မွတ်စလင်လို့ပဲ မြင်ကြပါတယ်။ အရဗ်ဆိုလိုက်တာနဲ့
မွတ်စလင်မ်လို့မြင်ကြပါတယ်။ ဒါဟာလွဲမှားတဲ့အမြင်ပါ။ ပါလက်စတိုင်းထဲမှာခရစ်ယာန်တွေ
အများကြီးရှိပါတယ်။ အရဗ် ခရစ်ယာန်တွေလည်း အများကြီးရှိနေပါတယ်။ ဥပမာ-ကုလသမဂ္ဂ
အထွေထွေ အတွင်းရေးမှုးချုပ်ဟောင်း ဘူးထရိုစ်ဂါလီ (အီဂျစ်) နဲ့ အီရတ်သမ္မတဟောင်း
ဆက်ဒမ်ဟူစိန်ရဲ့ ညာလက်ရုံး တာရစ်အဇစ်တို့ဟာ ခရစ်ယာန်အရဗ်တွေပါ။ ဒါကြောင့်
အနောက်တိုင်း မီဒီယာမှာ ဖော်ပြနေတဲ့ အရှေ့အလယ်ပိုင်း ဒေသကအကြမ်းဖက်မှုဆိုတဲ့ ပြဿနာမှာ ခရစ်ယာန်တွေလုပ်လိုက်တဲ့ ပြဿနာတွေကိုတောင် မွတ်စလင်မ်တွေရဲ့ အကြမ်းဖက်မှူအဖြစ် မြင်နေကြပါတယ်။

အရဗ်ကမ္ဘာဘက်က ကြည့်တော့လည်း အရဗ်တွေဟာ တူရကီတို့ရဲ့ အော်တိုမန်အင်ပါယာ
(အစ္စလာမ်အင်ပါယာ) မှာ တစ်စုတည်းရှိနေရာက အဲဒီအချိန်မှာရှိတဲ့ ပြင်သစ်နဲ့ ဗြိတိသျှ
အစိုးရတွေက ခွဲထွက်ဖို့ အားပေးခဲ့ကြပါတယ်။
ဒါပေမဲ့ လက်တွေ့မှာအော်တိုမန်အင်ပါယာပြိုကွဲသွားပြီး အာရပ်နိုင်ငံများစွာ ပေါ်ထွက်လာတဲ့အခါ လွတ်လပ်ရေးမရတဲ့အပြင် ဥရောပနိုင်ငံတွေရဲ့ ကိုလိုနီ ကျွန်ဘဝ ရောက်ခဲ့ကြပြီး အနောက်တိုင်းသားတွေအပေါ် နာကျည်းခဲ့ကြပါတယ်။ ဒီအခါ ခရူးဆိတ် ဒဏ်ရာဟောင်းတွေ ပြန်ပေါ်လာပြီး အနောက်တိုင်းသားဆိုတာနဲ့ ခရစ်ယာန်လို့ မြင်ကြတော့ပါတယ်။

ဒါပေမဲ့ အခုအခါမှာ အနောက်တိုင်းဆိုတာ ခရစ်ယန်ဘာသာတစ်ခုတည်း
ကိုယ်စားမပြုတော့ပါဘူး။ ဥရောပ၊ အမေရိကနဲ့ ကနေဒါမှာ မွတ်စလင်မ် အမြောက်အမြားရှိနေပါပြီ။ လူဖြူမွတ်စလင်မ်များစွာ ရှိနေပါပြီ။ အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသားဖြစ်တဲ့ အိုဗားမားဟာ အမေရိကန် သမ္မတတောင်ဖြစ် နေပါပြီ။ ကွယ်လွန်သွားပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါဟာ ခရစ်ယာန်-မွတ်စလင် ချစ်ကြည်ရေး ဆောင်ရွက်သွားခဲ့ပါတယ်။ အတိတ်ခေတ်မှာ ခရစ်ယန်တွေအနေနဲ့ မွစလင်မ်တွေအပေါ်
အမြင်မှားနေမှုတွေကိုလည်း ရှင်းလင်ပြသွားခဲ့ပါသေးတယ်။ အမှန်တရားကို လေ့လာသူတိုင်း အရှိတရားကို တွေ့ကြမှာဖြစ်ပါတယ်။

တမန်တော်ကြီး အိဗ်ရာဟိမ်ကို ဂျူး၊ ခရစ်ယာန်နဲ့ အစ္စလာမ်ဘာသာကြိး
(၃) ခုစလုံးကယုံကြည်ပြီး အလေးအမြတ်ထားကြပါတယ်။ ဟိန္ဒူစာပေတွေမှာလည်း ဖေါ်ပြထားကြောင်း သုသေတနများအရ တွေ့ရှိနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် Inter-faith ဘာသာပေါင်းစုံ ချစ်ကြည်ရေး လေ့လာမှုတွေမှာ Ibrahimi Faith အိဗ်ရာဟီမ် ဆိုင်ရာ ယုံကြည်ချက်ဆိုပြီး ခေါင်းစဉ်တရပ်အနေနဲ့ လေ့လာနေကြပြီ ဖြစ်ပါတယ်။

ဂျေရုစလင်မ် မြို့တော်မှာ ဂျူး၊ ခရစ်ယာန်နဲ့ အစ္စလာမ်ဘာသာ
အားလုံးရဲ့ အထွဋ်အမြတ် ထားရာ သာသနာ့ အဆောက်အအုံနဲ့ အမွေအနှစ်တွေ ရှိနေပါတယ်။ ဂျေရုစလင် မြို့တော်ဟာ မွတ်စလင်မ်တွေ လက်အောက်မှာ ရှိနေတုံးက ဂျူးနဲ့ ခရစ်ယာန်တွေ ပျော်ရွှင်စွာနေခဲ့ကြရပါတယ်။ ဥရောပမှာ ဂျူးတွေရဲ့ ဘဝဟာ လုံခြုံမုမရှိခဲ့ကြပါဘူး။ ဂျာမဏီမှာဟစ်တလာကဂျူးများကိုရက်စက်စွာသုတ်သင်ခဲ့တယ်လို့ဆို ပါတယ်။ ဒါပေမဲ့ ဂျူးတွေဟာ အရဗ်တွေ အုပ်ချုပ်မှုအောက်မှာ ပျော်ရွှင်ငြိမ်းချမ်းစွာနေခဲ့ကြပါတယ်။ သူတို့ရဲ့ ဘာသာရေး ဇီယွန်ဝါဒ အရ ကယ်တင်ရှင်ကို မျှော်နေခဲ့ကြပါတယ်။ ထာဝရဘုရားသခင်ရဲ့ကတိတော်လာ နယ်မြေ ကိုအာဖရိကသို့မဟုတ် တောင်အမေရိကတစ်နေရာရာမှာထူထောင်ဖို့ စဉ်းစားခဲ့ကြပါတယ်။

ဒါပေမဲ့ ဥရောပက ဂျူးပြသနာရှင်းတဲ့ အနေနဲ့ နိုင်ငံကြီးတစ်ချို့က နိုင်ငံရေးဇီယွန်ဝါဒ
သစ်တစ်ရပ်ကို ဂျူးတို့အကြား သွတ်သွင်းပေးပြီး အရဗ်တွေလက်ထဲမှာ ရှိနေတဲ့ ဂျေရုစလင်မြို့ကို လုပြီး ကတိတော်လာ နယ်မြေအဖြစ် (၁၉၄၈) ခုနှစ်မှာ အစ္စရေးနိုင်ငံ ထူထောင်ပေးခဲ့ကြပါတယ်။ ဂျူးဘုန်းတော်ကြီး အချို့ ကလည်း နိုင်ငံရေး ဇီယွန်ဝါဒသစ်ကို ဆန့်ကျင်ခဲ့ကြပါတယ်။ ပါလက်စတိုင်းတွေနဲ့ ငြိမ်းချမ်းရေးလိုလားတဲ့ အစ္စရေးဝန်ကြီးချုပ် ရာဘင် ဟာလည်း ဂျူးလူမျိုးအချင်းချင်း သတ်ခြင်းခံခဲ့ရပါတယ်။ ကမ္ဘာ့ကုလသမ္မဂ္ဂ
ကလည်း အစ္စရေးနဲ့ ပတ်သတ်ပြီး ကန့်ကွက်ဆန့်ကျင်တဲ့ ဆုံးဖြတ်ချက်များစွာ
ချမှတ်ခဲ့သော်လည်း လက်တွေ့မှာ အရာမထင်ပဲ ပါလတ်စတိုင်းတွေဟာ နိုင်ငံမဲ့ဘဝ ရောက်ခဲ့ကြရပါတယ်။ ဒီနေ့ဆိုရင် ပါလတ်စတိုင်းပြည်သူတွေရဲ့ ဘဝဟာ ကမ္ဘာ့ငြိမ်းချမ်းရေးရဲ့ အဓိက ပြဿနာတစ်ရပ် ဖြစ်နေပါပြီ။

အိန္ဒိယမှာ တစ်ချိန်က မဂိုအင်ပါယာကြီးအဖြစ် မွတ်စလင်မ်များနဲ့ ဟိန္ဒူများ
သွေးစည်းညီညွတ်စွာ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဗြိတိသျှတို့က မဂို အင်ပါယာကို သိမ်းပြီး ကိုလိုနီကျွန်ဘဝသွတ်သွင်းခဲ့တဲ့အခါ မွတ်စလင်များ၊ ဟိန္ဒူများနှင့် ဆစ်ခ်လူမျိုးတို့ လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့ကြပါတယ်။ အဲဒီအခါမှာ ကိုလိုနီနယ်ချဲ့ သွေးခွဲအုပ်ချုပ်ရေး စနစ်အရ ဘာသာတူအတွင်းမှာရော၊ ဘာသာခြားတွေအကြားမှာရော အောင်မြင်စွာသွေးခွဲနိုင်ခဲ့ကြပါတယ်။ အမြှော်အမြင်ရှိတဲ့ ဂန္ဒီ၊ နေရူး အစရှိတဲ့ ဟိန္ဒူခေါင်းဆောင်များ၊ ဂျင်နား၊ အိက်ဗာလ်နဲ့ အဗူလ်ကလမ် စတဲ့ မွတ်စလင်ခေါင်းဆောင်များက သွေးစည်းညီညွတ်စွာ ကြိုးပမ်းခဲ့လို့ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရခဲ့ပေမယ့် အသိပညာမဲ့တဲ့နောက်လိုက်တွေ အကြားမှာ အကွဲအပြဲတွေ ပေါ်ခဲ့ရပါတယ်။ ဟိန္ဒူ-မွတ်စလင်မ်သွေးခွဲရေးစာပေများ (ဝါ) မွတ်စလင်မ် ဆန့်ကျင်
ရေးစာ ပေများ ပေါ်ထွက်ခဲ့ပါတယ်။ ဥပမာ အစ္စလာမ်နဲ့ တမန်တော်မြတ်ကို
ဆန့်ကျင်စော်ကားတဲ့ ရန်ဂီလား ရစူလ် (ရောင်စုံတမန်တော်) ဆိုတဲ့ စာအုပ် ပေါ်ခဲ့ပါတယ်။ ဒီလိုနဲ့ အိန္ဒိယနဲ့ ပါကစ္စတန်ဆိုပြီး ပြိုကွဲသွားခဲ့ရပါတယ်။

သွေးချောင်စီး ပဋိပက္ခတွေ ပေါ်ခဲ့ရပါတယ်။ အထူးသတိထားဖို့က (၁၉၈၀) လောက်ကစပြီး
အိန္ဒိယမှာ ပေါ်ခဲ့တ မွတ်စလင်မ် ဆန့်ကျင်ရေး လုပ်ကြံစာပေတွေဟာ
မြန်မာစာပေလောကသို့ဝင်လာပြီး တရား မဝင် ဖြန့်ချီလာတာ တွေ့ရပါတယ်။ ဥပမာ- "အမျိုးပျောက်မှာ စိုးကြောက်စရာ " ဆိုတဲု့လုပ်ကြံစာအုပ်မျိုးဖြစ်ပါတယ်။
ဗုဒ္ဓဘာသာနဲ့ မွတ်စလင် ပဋိပက္ခဖြစ်အောင် လှုံဆော်ပြီး တိုင်းပြည်ပြိုကွဲအောင် ဆောင်ရွက်ချက်အဖြစ် သတိထားကြဖို့ အသိပေးအပ်ပါတယ်။

စာအုပ်နဲ့ မီဒီယာတွေမှာဖေါ်ပြတာကိုမယုံကြဖို့နဲ့ သက်ဆိုင်သူများထံ မေးမြန်းကြဖို့
တိုက်တွန်းအပ်ပါတယ်။ ဖေဖေါ်ဝါရီ ငါးရက်နေ့က အမေရိကန် သမ္မတ အိုဘားမားက မိန့်ခွန်းပြောကြားရာမှာ လူသားဝါဒ ညီနောင် စိတ်ဓာတ်နှင့် ပတ်သတ်ပြီး
တမန်တော်မြတ် မိုဟာမတ် သခင်ရဲ့ ဩဝါဒတော် တစ်ရပ်ကို ဖေါ်ညွှန်းပြောကြားသွား ခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ကလဲ အင်ဒိုနီးရှား ခရီးစဉ်မှာ အစ္စလာမ်နဲ့ ပူးပေါင်းဆောင်ရွက်လို့ရကြောင်း ဂုဏ်ပြုပြောကြားသွားခဲ့ပါတယ်။ ဒါကြောင့် အဖျက်သမားများကို သတိထားပြီး လူသားအကျိုး ဆောင်ရွက်ကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။

" အိုအမှန်တရားကို သက်ဝင် ယုံကြည်သူအပေါင်းတို့၊ အကယ်၍ စာရိတ္တဖောက်ပြန်သူတစ်ဦး
သည် အသင်တို့ထံ သတင်းတစ်ရပ်ရပ်ကို ယူဆောင်လာခဲ့သော် မှန်မမှန် စစ်ဆေးကြကုန်လော့။ အသင်တို့မသိဘဲ လူ့အစုအဝေး တစ်ရပ်ကို အန္တရယ် မပြုမိစေရန် ဖြစ်သည်။ သို့မဟုတ်က မိမိတို့ပြုမိခဲ့သော ကိစ္စကြောင့် အသင်တို့ ကြေကွဲ ကြရလိမ့်မည်။" (ကုရ်အာန် ၄၉း၆)

အလ်ဟာဂ်ျ၊ မုဖ်သီ ဦးမြင့်သိန်း (ငြိမ်းချမ်းလုလင်)

**မြန်မာမွတ်စလင်(မ်)ကလပ် အားအထူးပဲကျေးဇူးတင်ပါတယ်။**

Friday, February 20, 2009

စူရသုရ် ဟာမီမ် (စဂ်ျဒဟ်ကဏ္ဍ) - Creation of Universe

سورة فصلت

بِسْمِ اللَّهِ الرَّحْمَـٰنِ الرَّحِيمِ
(ဗစ်စ် မစ်လ္လာ၊ ဟစ်ရ် ရဟ်မာ၊ နစ်ရ်-ရဟီးမ်။)
မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အသျှင်မြတ်၏နာမံတော် ဖြင့်အစပြုပါ၏။

قُلْ أَئِنَّكُمْ لَتَكْفُرُونَ بِالَّذِي خَلَقَ الْأَرْضَ فِي يَوْمَيْنِ وَتَجْعَلُونَ لَهُ أَندَادًا ۚ ذَ‌ٰلِكَ رَبُّ الْعَالَمِينَ
(အို-နဗီတမန်တော်) အသင်သည်၎င်းတို့အားပြောကြားပါလေ၊
အချင်းတို့ အသင်တို့သည် ကမ္ဘာမြေကို နှစ်ရက် နှင့်ဖန်ဆင်းတော်မူခဲ့သောအသျှင်မြတ်အား သွေဖယ်ငြင်းပယ်လေသလော။ ထိုမှတစ်ပါးအသင်တို့သည် အသျှင်မြတ်နှင့် ဂုဏ်ရည်တူများကို ပြုလုပ်ထားကြလေသလော။ ထိုအသျှင်မြတ်သည်ပင် စကြဝဠာ ခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အသျှင်မြတ်ဖြစ်တော်မူ၏။ (ကုရ်အာန် ၄၁: ၉)

وَجَعَلَ فِيهَا رَوَاسِيَ مِن فَوْقِهَا وَبَارَكَ فِيهَا وَقَدَّرَ فِيهَا أَقْوَاتَهَا فِي أَرْبَعَةِ أَيَّامٍ سَوَاءً لِّلسَّائِلِينَ
၎င်းပြင်ထိုအသျှင်မြတ်သည် ယင်းပထဝီမြေဝယ် တည်ငြိမ်ကြံ့ခိုင်သော
တောင်များကို ယင်းပထဝီမြေ၏ထက်ဝယ်ပြုလုပ်ထားတော်မူ၏။
၎င်းပြင်ယင်းပထဝီမြေ၌ အကျိုးကျေးဇူးများကို ပွါးများစေတော်မူခဲ့၏။ ထိုမှတပါး ယင်းပထဝီမြေ၌ပင် ၎င်းမှထွက်သောအစာအဟာရများကို တိုင်းတာချင့်ချိန် သတ်မှတ်ထားတော်မူခဲ့၏။ (ယင်းအမှုကိစ္စအလုံးစုံတို့မှာ (လေးရက်နှင့်ပြီးမြောက်ခဲ့၏)။ ဤသည်မေးမြန်းသူတို့အဖို့ ညီမျှ(သောအဖြေ) ဖြစ်၏။ (ကုရ်အာန် ၄၁: ၁၀)

ثُمَّ اسْتَوَىٰ إِلَى السَّمَاءِ وَهِيَ دُخَانٌ فَقَالَ لَهَا وَلِلْأَرْضِ ائْتِيَا طَوْعًا أَوْ كَرْهًا قَالَتَا أَتَيْنَا طَائِعِينَ
ထိုနောက် ထိုအသျှင်မြတ်သည် မိုးကောင်းကင်ဘက်သို့ လှဲ့တော်မူခဲ့၏။ ထိုအချိန်တွင်ယင်းမိုးကောင်းကင်သည် မီးခိုးအခိုးအငွေ့သာ ဖြစ်နေခဲ့၏။ ထိုအခါ အသျှင်မြတ်သည် ယင်းမိုးကောင်းကင်ကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ အသင်တို့ကျေနပ်စွာဖြစ်စေ၊ မကျေနပ်ပဲဖြစ်စေလာ ကြလေကုန်ဟု မိန့်ကြားတော်မူခဲ့ရာ ယင်းမိုးကောင်းကင်နှင့် ပထဝီမြေတို့က ကျွန်တော်မျိုးတို့သည်ကျေနပ်စွာလာခဲ့ကြပါပြီဟု လျှောက်ထားခဲ့ကြလေ၏။ (ကုရ်အာန် ၄၁: ၁၁)

فَقَضَاهُنَّ سَبْعَ سَمَاوَاتٍ فِي يَوْمَيْنِ وَأَوْحَىٰ فِي كُلِّ سَمَاءٍ أَمْرَهَا ۚ وَزَيَّنَّا السَّمَاءَ الدُّنْيَا بِمَصَابِيحَ وَحِفْظًا ۚ ذَ‌ٰلِكَ تَقْدِيرُ الْعَزِيزِ الْعَلِيمِ
ထိုနောက် ထိုအသျှင်မြတ်သည် ယင်းမိုးကောင်းကင်ကို နှစ်ရက်နှင့် မိုးခုနစ်ထပ်ပြုလုပ်တော်မူခဲ့၏။ ထိုမှတပါး မိုးကောင်းကင်အသီးသီး၌ ၎င်းနှင့်သက်ဆိုင် သင့်မြတ်သော အမိန့်တော်ကိုထုတ်ပြန်တော်မူခဲ့၏။ ထို့ပြင်တစ်ဝ ငါအသျှင်မြတ်သည် အနီးဆုံး (ဖြစ်သော အောက်ဆုံး) မိုးထပ်ကို ကြယ်နက္ခတ်ဖြင့် တင့်တယ်စွာ တန်ဆာဆင်ယင်တော်မူခဲ့၏။ ထိန်းသိမ်းတော်မူခဲ့၏။ ဤသည်အလွန်တရာ နိုင်နင်း လွှမ်းမိုးတော်မူသော၊ အကြွင်းမဲ့သိတော်မူသော အသျှင်မြတ်၏ စီမံခန့်ခွဲသတ်မှတ် ပြဌာန်းခြင်းပေဖြစ်ပေသတည်း။
(ကုရ်အာန် ၄၁: ၁၂)

အကျယ်တဝင့်ရှင်းပြချက်
အလ္လာဟ်အသျှင်မြတ်သည် ဤကမ္ဘာမြေကြီးကို နှစ်ရက်နှင့်ဖန်ဆင်းတော်မူခဲ့၏။ ကမ္ဘာမြေကြီး မယိမ်းယိုင်ရန် အတွက်၎င်းအပေါ်တွင် တောင်ကြီးများကို(ကျောက်ဆူးများအဖြစ်)တည်ထားတော်မူသည်။ လူသားတို့အကျိုးငှါ ဓါတ်သတ္တုအမျိုးမျိုး၊ သစ်ပင်အစားစား၊ သစ်သီးဝလံအပြားပြား၊ တိရစ္ဆာန်အစုံစုံတို့ကိုလည်း ဖြစ်ပွါးစေတော်မူသည်။ လူသားတို့မှီဝဲစားသုံးနိုင်ကြရန် အလို့ငှါအစာအဟာရများကိုလည်းစနစ်တကျ စီမံထားတော်မူသည်။

ကမ္ဘာမြေကြီးကို ဖန်ဆင်းတော်မူရာတွင် နှစ်ရက်၊ ကမ္ဘာမြေကြီး ဆက်စပ်လျက်ရှိသည်များကို ဖန်ဆင်းတော်မူရာတွင် နှစ်ရက်၊ လေးရက်ကြာခဲ့သည်။
ထိုနောက် ထိုအသျှင်မြတ်သည် မိုးကောင်းကင်ဘက်သို့လှဲ့တော်မူခဲ့သည်။ ထိုအချိန်တွင် မိုးကောင်းကင်သည် အခိုးအငွေ့သာ ဖြစ်ရှိနေခဲ့လေသည်။ ထိုအသျှင်မြတ်သည် နှစ်ရက်နှင့် မိုးကောင်းကင်ခုနစ်ထပ်ကို ဖန်ဆင်းတော် မူသည်။

မိုးကောင်းကင်တိုင်း၌ သက်ဆိုင်ရာ အမိန့်တော်များကိုလည်း ထုတ်ပြန်တော်မူခဲ့သည်။ ထို့ပြင်တဝဤ ကမ္ဘာမြေကြီး၏အနီးစပ်ဆုံးဖြစ်သော မိုးကောင်းကင်ကို ကြယ်၊ နက္ခတ်တို့ဖြင့်လှပတင့်တယ် ရှူချင်စဖွယ် တန်ဆာဆင်ယင်ထားတော်မူသည်။ ကျွန်ုပ်တို့တွေ့မြင်နေကြရသော မိုး၊ မြေနှင့်တကွကမ္ဘာ့တန်ဆာပလာများမှာ အလ္လာအသျှင်မြတ် ဖန်ဆင်းထားတော်မူသော အရာများသာလျှင်ဖြစ်သည်။ အလ္လာဟ်အသျှင်မြတ်သည် မိုး၊ မြေနှင့်တကွစကြဝဠာအဝန်းကို ဖန်ဆင်းတော်မူသော ပြုစုပျိုးထောင်ပေးတော်မူသော စီမံကွပ်ကွဲတော်မူသော၊ စိုးပိုင်တော်မူသော တစ်ဆူတည်းသောအသျှင်သခင်ဖြစ်တော်မူသည်။

Click on the pictures for bigger and clear.




Antares is the 15th brightest star in the sky. It is more than 1000 lights years away.
Now how big are you?


Special Thanks to U Aung Tin for the galaxies pictures.

Science and Quran proof.


Scientist comment on the Quran.


Professor : Yoshihide Kozai
I am very much impressed by finding true astronomical fact in the Quran and for us the modern astronomers has been studying very small pieces of the Universe. We've concentrated our efforts for understanding of a very small part. Because by using telescope, we can see only very few parts of the sky without thinking about the whole Universe.
So by reading the Quran and by answering the questions, I think I can find my future way for investigation of the Universe.

Tuesday, February 17, 2009

Second month of the Islamic Calendar.

.
SAFAR
No specific modes of worship or special rules are set by the Shari'ah to observe this month.

Definition

The word Safar means "whistling of the wind". As most of the months were named according to weather conditions, at the time when this name was assigned it was probably a windy time of the year. However, being a lunar calendar, the months shift about 11 days every year so, the seasons do not necessarily correspond to the name of the month anymore.

Performing a sacrifice on the 6th day of this month is an innovation.

SIGNIFICANT EVENTS

1. The Battle of Abwaa took place on 12th of Safar in the year 2 AH
2. The Battle of Khaibar took place in the year 7 AH
3. Ali (RA) married the Prophet's (SAW) daughter Fatima (RA) in the latter days of Safar 2
4. AHKhubaib Ibn Adey (RA) was martyred in Safar in the year 4 AH in Makkah
5. Zaid Ibn Dathina (RA) was martyred in this month in the year 4 AH in Makkah

Today is Safar 22 1430 H. (Tuesday 17 Feb, 2009)

**Submited form http://www.ciinetwork.net/broadcasting/index.php?option=com_content&task=view&id=67&Itemid=106&PHPSESSID=ed2470cd1495e0e5057f656bca85519d

Sunday, February 15, 2009

The 100



MUHAMMAD, No. 1

The 100, a Ranking of the Most Influential Persons in History
by Michael H. Hart

My choice of Muhammad to lead the list of the world's most influential persons may surprise some readers and may be questioned by others, but he was the only man in history who was supremely successful on both the religious and secular levels. Of humble origins, Muhammad founded and promulgated one of the world's great religions, and became an immensely effective political leader. Today, thirteen centuries after his death, his influence is still powerful and pervasive. The majority of the persons in this book had the advantage of being born and raised in centers of civilization, highly cultured or politically pivotal nations.


The following is from Michael Hart's book and lists Prophet Muhammad as the most influential man in History. A Citadel Press Book, published by Carol Publishing Group
Ranking, list of 100 most influential persons in history:

  1. Prophet Muhammad
  2. Isaac Newton
  3. Jesus Christ
  4. Buddha
  5. Confucius
  6. St. Paul
  7. Ts'ai Lun
  8. Johann Gutenberg
  9. Christopher Columbus
  10. Albert Einstein
For more detail, click at http://www.amaana.org/ismailim.html

Honorable Mentions and Interesting Misses:
  • St. Thomas Aquinas
  • Archimedes
  • Charles Babbage
  • Cheops
  • Marie Curie
  • Benjamin Franklin
  • Gandhi
  • Abraham Lincoln
  • Ferdinand Magellan
  • Leonardo da Vinci
Rev. R. Bosworth-Smith

Muhammad was the soul of kindness, and his influence was felt and never forgotten by those around him.

Copy from http://www.amaana.org/ismailim.html
Special thanks to Amana.

Friday, February 13, 2009

သူတော်စင် ရွှေဘို သခင်ကြီး(၄) ပါး

ဆရာကြီးလေးပါးမှာ ပြည်ရွှေဘိုတွင် စုပေါင်းနေထိုင်ခဲ့သူများမဟုတ်ပဲ ဒေသခွဲများတွင် နေထိုင်သူများဖြစ်ကြပါသည်။ ဘုရင်မင်းမြတ် အမျက်တော်ရှ၍ ဆင့်ခေါ်တော်မူချိန်မှသာ ရွှေဘိုမင်းနေပြည်တော်သို့ စုရုံးရောက်ရှိခဲ့ကြပြီး ပြစ်ဒဏ်သင့်ခံခဲ့ရသော သူတော်စင် အစ္စလာမ်သာသနာဝင်ကြီးများဖြစ်ကြပါသည်။

ဦးအောင်ဇေယျသည် ၁၇၅၉-ခုတွင် ယိုးဒယားသို့ စစ်မထွက်မီ တိုတောင်းလှသောကာလ၌ သာသနာ့ဂိုဏ်းကွဲများ ပေါ်ပေါက်သည်ကို ဖြေရှင်းခဲ့သည်။ ၀ိနည်းတော်နှင့်အညီ ရဟန်းတော်များကို ကျင့်သုံးစေသည်။ ၀ိနည်းတော်ကို မရိုမသေ မလိုက်နာသူတို့အား ဒဏ်ခတ်စေရန် မဟာဒါန်ဝန် ခန့်အပ်သည်။ ၁၇၅၉-ခုနှစ်တွင် သာသနာတော်သန့်ရှင်းရေးအား တာဝန်ယူဆောင်ရွက်ရသောကြောင့် ကိုးကွယ်မှုအမျိုးမျိုးအား သန့်ရှင်းစေခဲ့ရာ ပသီမွတ်စ်လင်မ် တို့၏ ဓလေ့ထုံးတမ်းအား မေးမြန်းစဉ် ဂေါဝိန္ဒပုဏ္ဏား၏ လျှောက်တင်မှုအရ ပသီမွတ်စ်လင်မ် တို့အား ဆင့်ခေါ်တော်မူပြီး စစ်ဆေးမေးမြန်းခဲ့သည်တွင် သာသနာ့ယုံကြည်ချက်အား လျှောက်ထားခဲ့ကြသည်။

ဂေါဝိန္ဒပုဏ္ဏားစကားနှင့် ညီညွတ်သည်ဟု မင်းတရားကြီးထင်မှတ်တော်မူပြီး ဆရာကြီး(၄)ပါးအား အယူလွဲမှားနေသည်။ တရားဒေသနာတော် ဟောကြားပြုပြင်ရန် အချုပ်အာဏာသားတို့လက်သို့ လွှဲအပ် ခဲ့သည်။

မလိုက်နာငြင်းဆန်က စီရင်ရန် အမိန့်ချမှတ်တော်မူခဲ့သည်။ ဆရာကြီး(၄)ပါးတို့မှာ နောက်သားမြေးတို့အရေးမြော်တွေးပြီး ယုံကြည်ချက်အတွက် အသက်ပေးဆက်ခဲ့ကြသည်။ ဆရာကြီး(၄)ပါးကို ခေါင်းဖြတ်သတ်လိုက်သည်။

ထိုအချိန်တွင် ဥပ္ပါပျံ၊ တော်လဲ၊ ငလျင်လှုပ်၊ မှောင်ကြီးကျပြီး ကုန်းဘောင် ရွှေပြည်တွင် မိုးကြိုး(၁၃)ချက် တစ်ပြိုင်တည်းပစ်ခတ်သည်။ ဤနမိတ်အား ဘုရင်မင်းမြတ်မှ နက္ခတ်ဗေဒင်ပညာကျော် များအား ခေါ်ယူမေးမြန်းတော်မူရာ လူမျိုးတစ်ရာ့တစ်ပါးတို့တွင် မည်သည့်လူမျိုးဘာသာ ယုံကြည်မှုကိုမှ ညှဉ်းပန်းနှိပ်စက်၊ မပယ်ဖျက်သင့်ကြောင်း၊ ယခုအဖြစ်အပျက်မှာ တစ်ရာ့တစ်ပါးသော လူမျိုးမှ သူတော်စင်တို့ သွေးမြေကျ၍ ဤသို့ အတိတ်နမိတ်ကြီးများပြပါသည်။ (၃)နှစ်မိုးခေါင်ရန် ကိန်းရှိပါကြောင်း ပညာရှိများမှ လျှောက်တင်ကြသည်။

ဘုရင်မင်းမြတ်မှ ဆရာကြီး(၄)ပါး အခြေအနေ၊ ကျွန်ယုံတော်များအားမေးတော်မူရာ ဆရာကြီးတို့ မချေမငံပြု၍ လက်လွန်သွားကြောင်း သံတော်ဦးတင်ရာ အသင်တို့ မိုက်မဲလေစွတကားဟု အပြစ်တော် တင်ကာ မလိုတမာကုန်းချောသည့် လက်သုံးတော် ၀င်္ကပုဏ္ဏားအား ထောင်သွင်း၍ အကျဉ်းထားစေ အမိန့်တော်သတ်မှတ်ပြီး ဆရာကြီး(၄)ပါး ခန္ဓာဝန်ချရာနေရာသို့ သွားရောက်ကြည့်ရှုရာ ခြတောင်ပို့(၄)လုံး ဖြစ်နေသည်ကိုမြင်တော်မူလျှင် အမှန်ပင်သူတော်စင်များပါတကားဟု ယူကျုံးမရဖြစ်ကာ ၎င်းနေရာကို မင်းမှုထမ်းများအား သဲဖြူခင်း၊ ရာဇမတ်ကာပြီး ရွှေထီး(၄)လက်မိုး၍ အစောင့်ထားရန် အမိန့်တော် သတ်မှတ်ခဲ့သည်။ နန်းတော်သို့ပြန်ပြီး ၀င်္ကပုဏ္ဏားမိုက်အား သတ်စေရန် အမိန့်ချကာ သုံးထောင်ခုနှစ်ရာ ဆရာကြီးမျိုးနွယ်များကို ဆင့်ခေါ်ပြီး မလိုတမာကုန်းချောစကားကြောင့် ယူကျုံးမရဖြစ်ရကြောင်း ဆရာကြီး(၄)ပါးကိုရည်စူး၍ ၀တ်ကျောင်းတော်လေးဆောင်လှူဒါန်းတည်ဆောက်ပေးမည့်အကြောင်း မိန့်ကြားတော်မူသည်။ မြေဒူးမြို့တွင် မှန်စီရွှေချဗလီကြီး(၄)လုံး တိုင်းရင်းသားအစ္စလာမ်သာသနာဝင်များ အား ချီးမြှောက်ခဲ့သည်။

ရှကျရတွလ်အီမံကျမ်းလာ သခင်ကြီး(၄)ပါးအကြောင်း

မြန်မာဘုရင်ကို တင်သွင်းလွှာ (၁၂၄၅-ခုနှစ်၊ တော်သလင်းလ)

ဘုရားကျွန်တော် မြေဒူးမြို့နေ သင်္ဘောဘလီဝင်၊ တကာကြီးငယ်တို့နှင့် ပသီကျောင်းထိုင် ဆရာမို့ဟရစ်ဒင် ရွှေဘ၀ါးတော်အောက် ရှိခိုးသံတော်ဦးတင်ပါသည်ဘုရား ။

အင်းဝမင်းဆက် စနေမင်းလက်ထက် မြန်မာသက္ကရာဇ် (၉၀၀)ကျော်က မွတ်စ်လင်မ်လူပေါင်း သုံးထောင်ခွန်နှစ်ရာတို့သည် ကာသီရွှေဝါ၊ ကာသီရွှေဒုံး၊ ကာသီပန်းဝါ၊ ကာသီမြတ်ကြာ မင်နာနုရပ်၊ မင်းန၀ါဟရပ်၊ မင်းသီဟရပ်၊ မင်းနေမျိုးဂုဏ္ဏရတ်တို့နှင့် ၀င်စားလာရောက်ရာ စားမြဲ နေမြဲ ပေးချသနားတော်မူပြီးလျှင် ရွှေချမှန်စီ ပလီ(၄)လုံး မြေဒူးမြို့အတွင်း တည်လုပ်သနားတော်မြတ်ခံရ၍ ကျမ်းဂန်နှင့်အညီ ကျင့်ဆောင်နေထိုင်ကြသည်နောက် ယခု ဘုရင်မင်းမြတ်ဘေးတော် အလောင်းမင်းတရားကြီးလက်ထက် မွတ်စ်လင်မ်လူမျိုးတို့ကို မမြင်ဘူးသည်နှင့် အပါးတော်တွင် ကျွန်ယုံ ပုဏ္ဏား ဂေါဝိန္ဒကိ မေးတော်မူရာ ဂေါဝိန္ဒပုဏ္ဏားက ၎င်းလူမျိုးတို့သည် ကြက်ငှက်ကျွဲနွားတို့ကို အရှင်လတ်လတ် လှီးဖြတ်သစား၊ အယူမှားသောသူ လူမျိုးဖြစ်ပါသောကြောင့် ဟင်ဒွတ်စတံဒလင်လိ (ဒေလီ)ဗာရာဏသီမြို့များက နှင်ထုတ်လိုက်သောသူများဖြစ်ပါကြောင်း ရှိခိုးသံတော်ဦးတင်၍ ကျွန်တော်မျိုးဘေး၊ ဆရာကြီး မုဟမ္မဒ်ရှောင်ရှန်၊ ဆရာကြီး မိုဟစ်ဗွလ္လာ၊ ဆရာကြီးရှမ္မဒါရ်၊ ဆရာကြီးအွတ်သမံ တို့ကို အရတောင်းတော်မူပြီးလျှင် အစ္စလာမ်ဘာသာကိုလွှတ်၍ ၀က်သားကိုစားရ မည်။ ရုပ်ပွားဆင်းတုတို့ကို ရှိခိုးပူဇော်ရမည်။ ရာဇမာန်ပွား၍ ထောင်မှာ အကျဉ်းချထား၊ ညှဉ်းပန်းနှိပ်စက်၊ အသက်ကို အသေသတ်မည်၊ ထုတ်ယူသွားရာ ၎င်းဆရာကြီး(၄)ပါးတို့သည် သုသာန်ဝမှာ ၀ိုဇူသန့်စင်၍ ဒိုရကအတ် နမာတ်ဖတ်ရွတ် ဒိုအာဆုတောင်းပြီးလျှင် ဦးချစစ်ဂျဒါတွင်းမှာ အသေခံသောကြောင့် ကောင်းကင်က အတိတ်ကြီးနမိတ်ကြီးပြသည်။ ငလျင်လှုပ်သည်။ ဥပ္ပါတ်ပျံသည်၊ တော်လဲသည်။ နန်းတော်ကန်တော့တိုင်ကို မိုးကြိုးပစ်သည်။ မှောင်ကျသည်။ နေမထွက် ကြယ်ပေါ်သည်။ နေ့ကိုညဥ့်အတိ ဖြစ်နေသည်။ နေ့ည၌မကွဲရှိနေသောကြောင့် ဂေါဝိန္ဒပုဏ္ဏားကို ထောင်မှာ အကျဉ်းထား သင့်၊ မသင့်ကို ချင့်ချိန်၍ အဆုံးစီရင်မည်။ ကြယ်သွားနေသွား အတိတ်ကိန်းခန်းကို နားလည်သူပညာရှိ တို့ကို ခေါ်၊ အမိန့်တော်နှင့်ခေါ်ပြီးလျှင် မေးတော်မူပြန်ရာ ၎င်းပညာရှိတို့က လူမျိုးတစ်ရာ့တစ်ပါးတွင် တစ်ပါးလူမျိုးကို မပယ်သင့်၊ ဦးခေါင်းကသွေးသည် မြေတွင်စွန်းငြိပါသောကြောင့် အစားအစာ မွတ်သိပ်ရန်၊ မိုးသုံးနှစ်မခြိမ်းမရွာရှိမည်။ မိုးမှောင်လည်း ခုနှစ်ရက်လည်မှ လင်းမည်၊ ထင်မြင်ပါကြောင်း ရှိခိုးသံတော်ဦးတင်ကြ၍ သူတော်စင် မှန်မမှန်ကို သုဿာန်ဝမှာ အစောင့်နှင့်ထား၊ မိန့်တော်မူပြီးလျှင် ၎င်း ဆရာကြီးလေးပါးအလောင်းသည် မဖူးမရောင်၊ မသိုးမပုတ်၊ ကျီးငှက်တို့အချဉ်း မှောင်လင်းသည့်နောက် ခုနှစ်ရက်ရှိလျှင် ခြတောင်ပို့လေးလုံး အထူးအဆန်းသည်ကို ရွှေနားတော်မြတ် ကြားသိတော်မူ၍ ရာဇမတ်ကာရန် ရွှေထီးလေးစင်းအုပ်ထားရှိသည့်နောက် မိုးသုံးနှစ်မခြိမ်းမရွာရှိသည်နှင့် မြေဒူးမြို့သို့ ထွက်စံတော်မူ၍ မူးမြစ်တူးဖောက်၊ ရွှေဘိုကန်တော်သို့ ရေသွင်းတော်မူပါ ဆရာကြီး(၄)ပါးတို့ အဆက်အနွယ်ကိုခေါ်၍ ရှေးအစဉ်အလာ ဘာသာထုံးစံကျမ်းဂန်ထွက်ရှိသည့်အတိုင်း ကျင့်ဆောင် ကိုးကွယ် စားသောက်နေထိုင်မြဲ ငြိမ်ဝပ်စွာနေထိုင်ရမည်။ အထက်ကနည်း ရွှေချမှန်စီ ဗလီလေးလုံး မြေဒူးမြို့အတွင်း တည်လုပ်သနားတော်မူပြန်၍ ငါးနှစ်မြန်မာနှင့် ရောနှောရှိနေသည်ကို ၎င်းမင်းတရားကြီး လက်ထက်ကစ၍ မြန်မာနိုင်ငံတွင် မွတ်စ်လင်မ်လူမျိုးတို့ ထင်ပေါ် စည်ပင်ရှိကြပါသည်။ ၎င်းရွှေချမှန်စီ တည်လုပ်တော်မူခဲ့သည်။ သင်္ဘောဗလီသည် ပတိမ်းစားအရေးတွင် သူပုန်လူဆိုးတို့ ဖျက်ဆီးပျက်စီး၊ အမှုထမ်း ဆင်းရဲသားတို့ မတည်မလုပ်နိုင် ယခုတိုင် ဗလီဝင်လူတစ်ရာကျော်တို့သည် ၀တ်ဝါရိုဇာ နမာဇ် စောင့်ထိန်းရန် မရှိသည်ဖြစ်ပါသောကြောင့် ဘုရားကိုယ်စားတော်စားတည်လုပ် မစတော်မူလျှင် ကမ္ဘာထက်ဆုံးတိုင် ကုသိုလ်တော်သည် အခေါင်အဖူးထူးမြတ်လှသည်။ သိမ်ဗလီဖြစ်ပါ၍ တည်လုပ်မစ သနားတော်မြတ်ခံရပါမည့်အကြောင်းကို ရွှေဖ၀ါးတော်အောက် ရှိခိုးသံတော်ဦးတင်ပါသည်။

(မြေဒူးရှိုက်မိုဟ်ယစ်ဒီန် (ခ) ဦးရွှေတောင်ရေး ရှဂျရတွလ်အီမံကျမ်းနှင့် ဖွသာအေ့အလွတ်ရှဟူရ်ကျမ်း၊ ၂-ကျမ်းတွဲ စာ ၁၆၇-၁၆၉)

ဤသင်္ခါရလောကကြီးတွင် အလ္လာဟ်အသျှင်မြတ်အားရိုကျိုးသစ္စာရှိသော မွတ်စ်လင်မ်မောင်နှမများအား မတရားသတ်ဖြတ်၊ အနိုင်ကျင့်၊ နှိတ်ကွတ်ချင်းတို့သည် အချည်းနှီးဖြစ်သွားမည်မဟုတ်။ သေပြီးနောက် နောင်တမလွန်ဘဝ မဆိုထားဘိ၊ သည်လက်ရှိဘဝမှာပင် လူသားတို့၏ ကောင်းကျိုး၊ ဆိုးကျိုး ကိုမျက်မြင်ကိုယ်တွေ့ခံစားရမည်။

မွတ်စ်လင်မ်မောင်နှမများ ကိုယ်တတ်နိုင်သလောက် ထိုသခင်ကြီး ၄ ပါးနှင့် အမ္ဘာတစ်ဝှမ်းအပြစ်မဲ့ မတရားသတ်ဖြတ်ခံရသော မွတ်စ်လင်မ်ရှဟီဒီများအတွက် ဇေရာဒဟ်ပြု၊ ဒုအာဆုမွန်ကောင်းများ တောင်းပေးကြပါရန်မေတ္တာရပ်ခံပါသည်။
*** ဒီပို့စ်အတွက်အဓိကကူညီပေးတဲ့ ညီမလေးဝိုင်း ကိုအထူးပဲကျေးဇူးတင်ပါတယ်။***

စာဖတ်သူများရွှင်လန်းချမ်းမြေ့ကြပါစေ။

Wednesday, February 11, 2009

ရွှေတိဂုံဘုရား အလှူခံပုံး ကန်ထရိုက်မပေးဟု ဂေါပကအတွင်းရေးမှူးငြင်းဆို

ရွှေတိဂုံဘုရား အလှူခံပုံး ကန်ထရိုက်မပေးဟု
ဂေါပကအတွင်းရေးမှူးငြင်းဆို
မင်းနိုင်သူ/ ၉ ဖေဖော်ဝါရီ ၂၀၀၉

ရွှတိဂုံဘုရားအလှူခံပုံးများအား တနှစ်လျှင် သိန်းငါးထောင်ဖြင့် ဘာသာခြားတဦးပိုင် ကုမ္ပဏီတခုသို့ ကန်ထရိုက်ပေးထားသည်ဆိုသည်ဟု ပြောဆိုရေးသားနေခြင်းမှာ မှန်ကန်မှုမရှိကြောင်း ရွှေတိဂုံဘုရား ဂေါပကအဖွဲ့တာဝန်ရှိသူတဦးက ခေတ်ပြိုင်သို့ ငြင်းဆိုလိုက်သည်။

ရွှေတိဂုံဘုရားအလှူငွေများကို ဘာသာခြားလုပ်ငန်းရှင်တဦးအား ကန်ထရိုက်ပေးထားသည်ဆိုသည့် ရေရာမှုမရှိသည့် အင်တာနက်တွင် ဖြန့်နေသည့် ကောလာဟလ သတင်းနှင့် ပတ်သက်ပြီး ရွှေတိဂုံဘုရား ဂေါပကအဖွဲ့သို့ ခေတ်ပြိုင်က ဆက်သွယ်မေးမြန်းရာ ဂေါပကအထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ယခုကဲ့သို့ ငြင်းဆိုလိုက်ခြင်းဖြစ်သည်။

"ကျနော်အတွင်းရေးမှူးပါ။ အတိအလင်းပြောပါတယ်။ ဒါမျိုးလုပ်လည်း မလုပ်ပါဘူး။ လုပ်လည်း မလုပ်အပ်ပါဘူး။ ဒီလုပ်ငန်းစဉ်တွေကို ကိုယ်တိုင်ကြည့်ချင်တယ်ဆိုလည်း လာကြည့်လို့ရပါတယ်။ နေ့စဉ်နေ့တိုင်း ဘယ်လောက်ရတယ်။ ဘယ်လိုအပ်တယ်ဆိုတာက လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ရတာ တွေလေ။ ဘယ်သူပဲဖြစ်ဖြစ် သိချင်ရင် တရားဝင်မေးလိုက်ပါ" ဟု ဦးဝင်းကြိုင်က ပြောသည်။

အင်တာနက်ပေါ်တွင် အမည်မသိ အမျိုးသမီးတဦးအသွင်ဖြင့် ရွှေတိဂုံဘုရားအား ပြည်သူများ အလှူငွေမထည့်ချင်အောင် ရေးသားဝါဒဖြန့်မှုနှင့် ပတ်သက်ပြီး ရန်ကုန် ဆရာတော်တပါးအား လျှောက်ထားရာ
"ဘာသာရေး ပဋိပက္ခဖန်တီးဖို့လည်း ဖြစ်နိုင်တယ်။ ရွှေတိဂုံကို ပြည်သူတွေ အကြည်ညှိပျက်အောင် ရေးတာမျိုးလည်း ဖြစ်နိုင်တယ်။ ဒီလို ဘယ်သူဘယ်ဝါမှန်းမသိတဲ့ အရေးအသားတွေကြောင့် အတိတ်က ဘာသာရေး ပြဿနာတွေ ဖြစ်ခဲ့ပြီးပြီ။ သတိနဲ့ ချင့်ချိန်ဖတ်ကြရင် ကောင်းမယ်" ဟု အမိန့်ရှိသည်။

ရွှေတိဂုံဘုရားတွင် ရွှေဆိုင်း၊ ဓာတ်ပုံ၊ ကားရပ်နားကွင်း၊ စားသောက်ဆိုင်၊ ဖိနပ်လက်ခံဌာန၊ အိမ်သာ စသည့်လုပ်ငန်းများကိုသာ တနှစ်စာကန်ထရိုက်ပေး လုပ်ကိုင်စေကြာင်း၊ အလှူခံပုံးများမှ တရက်တာရရှိသော အလှူငွေများကိုလည်း ညနေသိမ်း၊ မနက်ရေတွက် ဘဏ်အပ်စနစ်ဖြင့် လုပ်ကိုင်နေပါကြောင်း ဂေါပက အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ဆက်ရှင်းပြသည်။

နိုင်ငံခြားသား ၀င်ရောက်မှုမှရရှိသော နိုင်ငံခြားငွေများကိုလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဘဏ်တွင် စာရင်းဖွင့်အပ်နှံကာ ဂေါပကအစည်းအဝေးဆုံးဖြတ်ချက်အရ ဘုရားကြီး၏လိုအပ်မှုများတွင် ပြန်လည် သုံးစွဲနေပါသည်ဟုလည်း ဦးဝင်းကြိုင်က ပြောသည်။

Special thanks to Vitoria Million.

Tuesday, February 10, 2009

စူရာသုရ် မုအ်မင်န် (ယုံကြည်သူများကဏ္ဍ)


بِسْمِ اللَّهِ الرَّحْمَـٰنِ الرَّحِيمِ
(ဗစ်စ် မစ်လ္လာ၊ ဟစ်ရ် ရဟ်မာ၊ နစ်ရ်-ရဟီးမ်။)
မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အသျှင်မြတ်၏နာမံတော် ဖြင့်အစပြုပါ၏။

وَلَقَدْ خَلَقْنَا الْإِنسَانَ مِن سُلَالَةٍ مِّن طِينٍ
မချွတ်မလွဲ ငါအသျှင်မြတ်သည် လူသားကို ရွှံ့မြေ၏ အဆီအနှစ်ဖြင့် ဖန်ဆင်းတော်မူခဲ့၏။ (ကုရ်အာန် ၂၃ : ၁၂)

ثُمَّ جَعَلْنَاهُ نُطْفَةً فِي قَرَارٍ مَّكِينٍ
ထို့နောက်ငါအသျှင်မြတ်သည် ထိုလူသား (၏အဆက်အနွယ်) ကို လုံခြုံ သောနေရာတစ်ခု (သားအိမ်တွင်း) ၌ ကာလလရေကြည် ဖြစ်စေတော်မူခဲ့၏။ (ကုရ်အာန် ၂၃ : ၁၃)


ثُمَّ خَلَقْنَا النُّطْفَةَ عَلَقَةً فَخَلَقْنَا الْعَلَقَةَ مُضْغَةً فَخَلَقْنَا الْمُضْغَةَ عِظَامًا فَكَسَوْنَا الْعِظَامَ لَحْمًا ثُمَّ أَنشَأْنَاهُ خَلْقًا آخَرَ ۚ فَتَبَارَكَ اللَّهُ أَحْسَنُ الْخَالِقِينَ
ထို့နောက်ငါအသျှင်မြတ်သည် ထို ကာလလရေကြည်ကို သွေးခဲအဖြစ် ဖန်ဆင်းတော်မူခဲ့ပြန်၏။ တစ်ဖန်ငါအသျှင်မြတ်သည် ယင်းသွေးခဲကို အသားတုံးအဖြစ်ဖန်ဆင်းတော်မူခဲ့ပြန်၏။ တစ်ဖန်ငါအသျှင်မြတ်သည် ယင်းအသားတုံးကို အရိုးများအဖြစ် ဖန်ဆင်းတော်မူခဲ့ပြန်၏။ ထို့နောက်ငါအသျှင်မြတ်သည် ထိုအရိုးများကို အသားဖြင့်တန်ဆာဆင်မြန်းပေးတော်မူခဲ့၏။ ထို့နောက်ငါအသျှင်မြတ်သည် ယင်း (အသားဖြင့်ဆင်မြန်းပြီးဖြစ်သောအရိုးများကို) အခြားဖန်ဆင်းအပ်သော အရာတစ်ခုအဖြစ် ဖြစ်ပေါ်လာစေတော်မူခဲ့၏။ သို့ဖြစ်ပေရာ အကောင်းဆုံးသော ဖန်ဆင်းတော်မူသော အလ္လာဟ်အသျှင်မြတ်သည် အဘယ်မျှထူးကဲမြင့်မြတ်လှဘိပါသနည်း။ (ကုရ်အာန် ၂၃ : ၁၄)

လူသားဖြစ်စဉ်
လူသား၏ဖြစ်စဉ်ကိုစဉ်းးစားဆင်ခြင်ပါက အလ္လာဟ်သျှင်မြတ်၏ တန်ခိုးတော်အနန္တကို သိမြင်နိုင်ပေသည်။ လူသား၏ဖြစ်စဉ်ကိုနက်နက်နဲနဲ စဉ်းးစားဆင်ခြင်လေလေ အလ္လာဟ်သျှင်မြတ်၏အံ့မဆုံးသော တန်ခိုးတော်ကိုတွေ့ရလေလေဖြစ်သည်။ လူသား၏ပုံပန်းသဏ္ဌန်ကား အချိုးအစားကျလှ၏။ ပြေပြစ်လှ၏။ အပြစ်ဟူ၍စိုးစဉ်းမျှမရှိ။ လိုလေသေးသောအရာဟူ၍လည်းတစ်စုံတစ်ရာမှမရှိ။

ဤမျှထူးဆန်းအံ့ဩဖွယ်ရာလူသားသည် အိမ်တွင်းဖြစ်ပစ္စည်းလော၊ အလျှင်းမဟုတ်။ လူသားသည်မိမိ ကိုယ်ကိုမိမိပိုင်ဆိုင်လေသလော၊ အလျှင်းမဟုတ်။ လူသားသည်မိမိကိုယ်ကို ပြုလုပ်ဖန်ဆင်းနိုင်သလော၊ အလျှင်းမဟုတ်။ လူသားသည်မိမိကိုယ်ကို သေခြင်းတရားမှ လွတ်မြောက် စေနိုင်ပါသလော၊ အလျှင်းမဟုတ်။ အမှန်မှာ လူသားသည် အလ္လာဟ်သျှင်မြတ်၏ အဖန်ဆင်းခံသက်သက်သာဖြစ်သည်။

ထိုအသျှင်မြတ်၏ လက်တော်တွင်း၌သာရှိနေပေသည်။ ထိုအသျှင်မြတ်၏လူသား၌ မိမိအလိုတော်အတိုင်းခြယ်လှယ်တော်မူသည်။ ထိုအသျှင်မြတ်သည်ဤ သည့်လူသားအား အကြောင်းမဲ့ ဖန်ဆင်းထားတော်မူသည်မဟုတ်ပေ။ ထိုအသျှင်မြတ်သည်လူသားအား စတင်ဖန်ဆင်းတော်မူသကဲ့သို့ သေစေတော်မူမည်။ ထို့နောက် တဖန်ရှင်ပြန်ထစေတော်မူဦးမည်။

လူသား၌ လျှို့ဝှက်ထားသည့် စွမ်းရည်သတ္တိများ အမြောက်အများ ရှိနေပေသေးသည်။ ထိုသည့်စွမ်းရည်သတ္တိများ သည်ပေါ်လွင်ထင်ရှားရဦးမည်။ ထို့ပြင်တဝ လူသားအသက်ရှင်နေစဉ် ကျင့်မူခဲ့သောအရာများနှင့် စပ်လျင်း၍ ကောင်းကျိုး၊ ဆိုးကျိုးများကို ပေးတော်မူဦးမည်ဖြစ်သည်။ ဤအကြောင်းနှင့်ပတ်သက်ပြီး ကုရ်အာန် ၂:၂၅ ၏အဖွင့်တွင် အကျယ်ရေးသားခဲ့လေပြီ။ ပြန်လည်ရှူပါကုန်။

A proof from the Scientist.

Saturday, February 7, 2009

ကုရ်အာန် ဗဟုသုတ

.
သူငယ်ချင်းတို့ ဗဟုသုတမေးခွန်းလေးတွေကို အတူတူ ဖြေကြည့်ကြရအောင်နော်။

၁။ တမန်တော်မုဟမ္မဒ်(ဆွ)သည် မဒီနာရွှေမြို့တော်တွင် ဘယ်နှနှစ်ကြာ ၀ဟီဗျာဒိတ်တော်ကို ရရှိခဲ့ပါသနည်း။
၂။ ပထမဆုံးသော စူရဟ်ကို ဘယ်ဒေသမှာ ချပေးခဲ့ပါသလဲ။
၃။ ကုရ်အာန်တစ်အုပ်လုံး အစအဆုံးပြီးပြည့်စုံစေရန် နှစ်ပေါင်း မည်မျှကြာအထိ ၀ဟီ(ဗျာဒိတ်တော်)ချပေးခဲ့ရပါသနည်း။
၎။ ဆွလားသ်၏ ရကအသ်တိုင်းတွင် မဖတ်မနေဖတ်ရသော ကုရ်အာန်၏ စူရဟ်မှာ အဘယ်နည်း။
၅။ အလ္လာဟ်အရှင်မြတ်က ဆုဒုအာတစ်ခုအဖြစ် သင်ကြားပေးခဲ့သော စူရဟ်မှာ အဘယ်စူရဟ်နည်း။
၆။ စူရဟ် ဖွာတေဟာကို ကုရ်အာန်၏အစတွင် ဘာအကြောင်းကြောင့် ထားခဲ့ရပါသနည်း။
၇။ ကုရ်အာန်ထဲတွင် သူမ၏အမည်ကို တွေ့ရှိရသော တစ်ဦးတည်းသော အမျိုးသမီးကား မည်သူနည်း။
၈။ ညွှန်ကြားချက်အများဆုံးကို ကုရ်အာန်၏ မည်သည့်စူရဟ်မှာ တွေ့ရှိရပါသနည်း။
၉။ ဗစ္စမီလ္လာဟ်နှင့် စတင်ထားခြင်းမရှိသည့် စူရဟ်ကား အဘယ်နည်း။
၁၀။ ကုရ်အာန်၏ မည်သည့်စူရဟ်တွင် ဗစ္စမီလ္လာဟ် နှစ်ကြိမ်ပါရှိသနည်း။
၁၁။ တမန်တော် အသီးသီး၏နာမည်ဖြင့် အမည်တပ်ထားသော စူရဟ်များမှာ ကုရ်အာန်ထဲတွင် ဘယ်နှစ်ခုပါရှိသနည်း။ ယင်းတို့ကို ပြောပြပါ။
၁၂။ ကုရ်အာန်၏ မည်သည့်အပိုင်းမှာ အာရ်တွလ်ကုရ်စီ (ပလ္လင်တော်ကဏ္ဍ)ကို တွေ့ရှိနိုင်ပါသနည်း။
၁၃။ ကုရ်အာန်ထဲတွင် ဂုဏ်ပေးဖော်ပြထားသော တမန်တော်မဟုတ်သည့် လူပုဂ္ဂိုလ်သုံးပါး၏အမည်ကား အဘယ်နည်း။
၁၄။ ကမ္ဘာပေါ်တွင် လူသန်းပေါင်းများစွာက အာဂုံဆောင်ထားခဲ့ရသော တစ်ခုတည်းသော ကျမ်းစာကား မည်သည်နည်း။
၁၅။ ကုရ်အာန်၏ အာယသ်အချို့ကို ကြားနာခဲ့ကြသော ဂျင်န်များက အချင်းချင်းဘယ်သို့ ဆိုခဲ့ကြပါသနည်း။
၁၆။ ကျမ်းမြတ်ကုရ်အာန်ကို ကမ္ဘာ့ဘာသာစကား ဘယ်နှမျိုးနှင့် ဘာသာပြန်ဆိုပြီးခဲ့ပါပြီနည်း။
၁၇။ ကုရ်အာန်ထဲတွင် ယင်း၏ မျိုးဆက်သုံးဆက်မှ တမန်တော်များကို ဖော်ပြခံထားရသော တမန်တော်၏အမည်ကား အဘယ်နည်း။
၁၈။ ကမ္ဘာကြီး၏ အစနှင့်အဆုံး နိဂုံးကို အရှင်းလင်းဆုံးဖော်ပြထားသော ကျမ်းဂန်ကား အဘယ်နည်း။
၁၉။ ကုရ်အာန်အရ မက္ကာမြို့ကို အခြား မည်သည့်အမည်ဖြင့် ခေါ်ဆိုထားပါသနည်း။
၂၀။ မဒီနာမြို့ကို ကုရ်အာန်ကပေးထားသော အခြားအမည်တစ်ခုကို ပြောပြပါ။
၂၁။ ကုရ်အာန်က မည်သူက၏မျိုးဆက်ကို ဗနီအစ္စရာအီလ်ဟူ၍ ခေါ်ဆိုထားပါသနည်း။
၂၂။ ကုရ်အာန်ထဲတွင် တိရစ္ဆာန်အမည်နှင့်ရှိနေသော စူရဟ်မည်မျှရှိသနည်း။
၂၃။ မည်သည့်စူရဟ်ကို လအမည်ပေးထားသနည်း။
၂၄။ ကြယ်အမည်နှင့် မည်သည့်စူရ်ဟ်ကို ပေးထားသနည်း။


အဖြေ
၁။ ၁၀ - နှစ်
၂။ မက္ကာမြို့
၃။ ၂၂ - နှစ်၊ ၅ - လ၊ ၁၄ - ရက်
၎။ စူရဟ် ဖွာတေဟာ
၅။ စူရဟ် အလ်ဖွာတေဟာ
၆။ ၎င်းသည် ကုရ်အာန်၏ တံခါးမဖြစ်ပါသည်။
၇။ မယ်ရယမ်သခင်မ
၈။ စူရဟ် အလ်ဗကရဟ်
၉။ စူရဟ်သောင်ဗဟ် (သို့မဟုတ်) ဗရားအ
၁၀။ စူရဟ် အလ်နမလ်
၁၁။ ၆-စူရဟ် (က) စူရဟ် အလ်ယူနွတ်စ် (ခ) စူရဟ် အလ်ဟူးဒ် (ဂ) စူရဟ် အလ်ယူစုဖ်
(ဃ) စူရဟ် အလ်နူးဟ် (င) စူရဟ် အလ်မုဟမ္မဒ်
၁၂။ တတိယပိုင်းအစ (ကဏ္ဍ ၂၊ ပါဒ ၂၅၅)
၁၃။ လွတ်ကမန်း အဇီဇ်(အီဂျစ်မှ) နှင့် ဇုလ်ကရ်နိုင်း
၁၄။ ကုရ်အာန်
၁၅။ ကျွန်ုပ်တို့သည် မှန်ကန်သောလမ်းကို ညွှန်ပြသည့် စံတုမဲ့ ရေးသားချက်ကို ကြားနာခဲ့ရပါသည်။
အမှန်ပင် ကျွန်ုပ်တို့ ယင်းကို ယုံကြည်ခဲ့ကြပါသည်။
၁၆။ ၁၀၃-မျိုးခန့်
၁၇။ အီဗရာဟီမ် နဗီ
၁၈။ ကုရ်အာန်ကျမ်း
၁၉။ ဗက္ကာဟ်နှင့် ဗလဒုလ်အမီးန်
၂၀။ ယသရိဗ်မြို့
၂၁။ တမန်တော်ယာကုဗ်၏မျိုးဆက်
၂၂။ စူရဟ် ၆-ခုရှိသည်။ (က) အလ်ဗကရဟ်(နွားမကဏ္ဍ) (ခ) အလ်အန်အမ်း(သားကောင်များကဏ္ဍ) (ဂ) အလ်နဟလ်(ပျားများကဏ္ဍ) (ဃ) အလ်နမလ်(ပုရွက်ဆိတ်ကဏ္ဍ) (င) အလ်အန်ကဗူးသ်(ပင့်ကူကဏ္ဍ) စူရဟ် (စ) အလ်ဖီးလ်(ဆင်ကဏ္ဍ)
၂၃။ အလ်ကမရ် (စူရ်ဟ် ၅၄)
၂၄။ အလ်နဂျမ် (စူရဟ် ၅၃)

Special thanks to sister Waing.

Friday, February 6, 2009

စူရာဟ် အလ်ကာဖီရူန်

.
سورة الكافرون
စူရာဟ် အလ်ကာဖီရူန် (မယုံကြည်သူများကဏ္ဍ)

بِسْمِ اللَّهِ الرَّحْمَـٰنِ الرَّحِيمِ
(ဗစ်စ် မစ်လ္လာ၊ ဟစ်ရ် ရဟ်မာ၊ နစ်ရ်-ရဟီးမ်။)
မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အသျှင်မြတ်၏နာမံတော် ဖြင့်အစပြုပါ၏။

قُلْ يَا أَيُّهَا الْكَافِرُونَ
ကုလ် ယားအိုင်ယုဟလ် ကားဖိရူးန်
၁။ (အို-နဗီတမန်တော်) အသင်သည် ဤသို့ ပြောကြားပါလေ၊ အို-ကာဖိရ် ငြင်းပယ်သူအပေါင်းတို့။

لَا أَعْبُدُ مَا تَعْبُدُونَ
လာအအ်ဗုဒု မာသအ်ဗုဒူးန်
၂။ ငါသည် အသင်တို့ ကိုးကွယ်လျက်ရှိကြသော ကိုးကွယ်ရာများကို ကိုးကွယ်ဆည်းကပ်သည်မဟုတ်ပေ။

وَلَا أَنتُمْ عَابِدُونَ مَا أَعْبُدُ
ဝလာ အန်းန်သွန်းမ် အားဗိဒူးန မာ အအ်ဗုဒ်
၃။ ၎င်းပြင် အသင်တို့သည်လည်း ငါကိုးကွယ်လျက်ရှိသော ကိုးကွယ်ရာကို ကိုးကွယ်ဆည်းကပ်ကြသူများ မဟုတ်ပေ။

وَلَا أَنَا عَابِدٌ مَّا عَبَدتُّمْ
ဝလာ အနာ့ အားဗိဒွန်းမ် မား အဗသ်သွန်းမ်
၎။ ထို့ပြင်ငါသည် အသင်တို့ကိုးကွယ်ကြကုန်သော ကိုးကွယ်ရာများကို ကိုးကွယ်ဆည်းကပ်မည့်သူမဟုတ်ပေ။

وَلَا أَنتُمْ عَابِدُونَ مَا أَعْبُدُ
ဝလာ အန်းန်သွန်းမ် အားဗိဒူးန မာ အအ်ဗုဒ်
၅။ ထိုနည်းတူစွာ အသင်တို့သည်လည်း ငါကိုးကွယ်ရာကို ကိုးကွယ်ဆည်းကပ် ကြမည့်သူများမဟုတ်ပေ။

لَكُمْ دِينُكُمْ وَلِيَ دِينِ
လကွန်မ် ဒီးနုကွန်းမ် ဝလိယဒီးန်
၆။ (စင်စစ်မှာကား) အသင်တို့အဖို့ အသင်တို့၏ အကျိုး၊ လမ်းစဉ်၊ သာသနာဖြစ်၍ ငါ၏အဖို့ ငါ၏အကျိုး၊ လမ်းစဉ်၊ သာသနာပင်ဖြစ်သည်။
(ကုရ်အာန်: ၁၀၉)

Wednesday, February 4, 2009

ဆွလာသုလ် ဟာဂျာသ် ခေါ် လိုအင်ဆန္ဒပြည့်စုံရန် တောင်းခံ ဆွလာသ်

.
တမန်တော်မြတ်၏ ဩဝါဒမှတ်တမ်းတစ်ရပ်တွင် မည်သူမဆို မိမိ၏လိုအင်ဆန္ဒ တောင်းတမှူတစ်စုံတစ်ရာအတွက် အလ္လ့ာဟ်ထံ လျှောက်ထားတောင်းခံလိုသော် စနစ်တကျ ဝူဒူအ် သန့်စင်မှူပြု၍ ဆွလာသုလ် ဟာဂျာသ် နီယသ် ရည်စူးမှူပြု၍နှစ်ရကအသ် နဖိလ်ဆွလာသ်တည်ဆောက်ပါ။

ထို့နောက် အလ္လာဟ်ကိုချီးမွမ်းခြင်း၊ (စုဗ်ဟားနလ်လာဟ်, ဝလ်ဟမ်းဒုလိလ်လာဟ်, ဝလားအိလားဟ အိလ်လလ်လာဟ်,
ဝလ်လားဟုအတ်က်ဗရ်။) (၁၁ ကြိမ် (သို့) ပိုဖတ်နိုင်ပါသည်။) နှင့်

တမန်တော်မြတ်အပေါ် ဆွလဝါသ်မေတ္တာ ( အလ္လာဟ်ဟူမ်မ, ဆွလေ့အလ္လာဟ် ဆိုင်ရေ့ဒီနာ, မူဟာမ္မတ် ဝအာလေဟီ ဝဆွအ်ဗေ့ဟီး ဝဆွလင်မ်။) ပို့ခြင်းတို့ပြု၍ (၁၁ ကြိမ် (သို့) ပိုဖတ်နိုင်ပါသည်။) ပြီးလျှင်

အောက်ပါ ဒုအာအ်ဆုမွန်ကိုရွတ်ဖတ်၍ မိမိလိုအပ်ချက်ကိုတောင်းခံပါဟု မှာကြားကြောင်းတွေ့ရ၏။ (ဟာဒီးစ်တော်သိရ်မိဇိကျမ်း)

လားအိလာဟ အိလ်လလ်လားဟုလ် ဟလီးမုလ်ကရီးမ် စုဗ်ဟားနလ် လားဟိ ရဗ်ဗိလ် အရ်ရှိလ် အဇွီးမ်။

အလ္လာဟ်အသျှင်မြတ်မှအပ ကိုးကွယ်ရာမရှိ၊ အလွန်ထောက်ထား ညှာတာတော်မူသော အသျှင်၊ အလွန်ပေးကမ်းချီးမြှင့်တော်မူသောအသျှင်ဖြစ်တော်မူပါ၏။ ကြီးကျယ်မြင့်မြတ်တော်မူသော အရရှ် ပလ္လင်တော်၏ အသျှင်ဖြစ်တော်မူသော အလ္လာဟ်အသျှင်မြတ်သည် အတိုင်းအဆမရှိ သန့်ရှင်းစင်ကြယ်တော်မူပါ၏။

အလ်ဟမ်းဒု လိလ်လားဟိ ရဗ်ဗိလ်အားလမီးန်
ချီးမွမ်းခြင်းအပေါင်းသည် လောကခပ်သိမ်းကို အဆင့်ဆင့် ပြုစုပျိုးထောင်တော်မူသောအလ္လာဟ်အသျှင်မြတ် အတွက်သာလျှင်တည်း။

အတ်စ်အလုက မူးဂျိဗားသိ ရဟ်မသိက်၊ ဝအဇားအိမ မဃ်ဖိရသိက်။
အသျှင်ထံ ကျွန်တော်မျိုး/ကျွန်တော်မျိုးမ အသနားခံတောင်းခံအပ်ပါသည်။ အသျှင်မြတ်၏ ကရုဏာတော် ထိုက်တန်စေသည့်အကြောင်းများကိုလည်းကောင်း၊ အသျှင်မြတ်၏ လွတ်ငြိမ်းချမ်းသာခွင့် အတည်ပြုပြဋ္ဌာန်းပေးခြင်းခံရမှူကိုလည်းကောင်း။

ဝလ်ဂနီးမသ မင်န်ကုလ်လိ ဗိရ်၊ ဝါ့စ်စလားမသ မင်န်ကုလ်လိအိဆ်မ်။
၎င်းအပြင်မြတ်သောအကျင့်တိုင်း၏ ဝေစုကိုလည်းကောင်း၊ မကောင်းမှူတိုင်းမှ လုံခြုံငြိမ်းချမ်းခွင့်ကိုလည်းကောင်း တောင်းခံပါ၏။

လာ သဒအ်လီ ဇမ်းဗန့်(န်) အိလ်လာ ဂဖရ်သဟ်၊ ဝလာဟမ်းမန့်(န်) အိလ်လာ ဖရဂ်ျသဟ်။
ကျွန်တော်မျိုး/ကျွန်တော်မျိုးမ အား မကောင်းမှူ၌ လစ်လျူရှူထားတော်မမူပါနှင့်။ ယင်းမကောင်းမှူမှ လွတ်ငြိမ်းချမ်းသာကိုသာ ပေးသနားတော်မူပါ။ ပူပင်သောက၌လည်း ထားတော်မမူပါနှင့်။ ယင်းသောက၏ကင်းဝေးမှူကိုသာ ပေးသနားတော်မူပါ။

ဝလာဟားဂျသန့်(န်) ဟိယ လက ရိဒွါန့် အိလ်လာ ကဒွိုင်းသဟာ၊ ယာအရ်ဟမရ်ရားဟိမီးန်။
ကျွန်တော်မျိုး/ကျွန်တော်မျိုးမ အား အလိုဆန္ဒမပြည့်သူအဖြစ်လည်း ထားတော်မမူပါနှင့်။ ကျွန်တော်မျိုး/ကျွန်တော်မျိုးမ ၏ယင်းအလိုဆန္ဒအတိုင်း အသျှင်နှစ်မြို့တော်မူပါက ယင်းကိုပြည့်ဝစေတော်မူပါ။ အို သနားကရုဏာရှိသူတို့တွင် အကောင်းဆုံးသနားကရုဏာ ထားရှိတော်မူသောအသျှင်။

ကိုယ်တွေ့ ထိရောက် ခဲ့သောကြောင့် စာဖတ်သူများအား မျှဝေလိုက်ပါသည်။
မေတ္တာရှေ့ထားလျှက်။
(ဟာလီမာ)

Sunday, February 1, 2009

အကြင် ဥယာဉ်


အခါတစ်ပါး၌
အလွန်သာယာလှပသော

ပန်း
ဥယာဉ်သည် တစ်ဘက်ကမ်းမှ
မြင့်မိုရ်တောင်တွင် တည်ရှိ၏။

ထိုအခါဝယ်
ကျွန်ုပ်တွင် လှေတစ်စင်းရှိ၏

သို့သော် တက်မ မရှိ။


အားနွဲ့သောလက်တစ်စုံသည်
ကာလကြာ တက်မတစ်စုံကိုဖန်တီး၏။
၎င်းလှေအား
ခန္တီပင်လယ်၌ လှော်ခတ်
ထိုဥယာဉ်သို့ရောက်သော်
လှရောင်စုံ ပန်းမာလာများကို
ပွေ့ပိုက်ရှူရှိုက်၏

သို့သော် ရနံ့ မရှိ။

အဘယ်ဥယာဉ်သည်

စမ်းချောင်း၊ နို့ရည်ချောင်း၊
ပျားရည် ချောင်းများနှင့်
တသွင်သွင် စီးဆင်းနေသော
အသျှင့်ဂရုဏာနှင့် ပြီးပြည့်စုံသော ဥယာဉ်လောက်
အဘယ်သာ အေးမြသာယာပါအံ့နည်း .....။

(ဟာလီမာ)