---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Saturday, May 28, 2011

သန့်စင်သောအလှ

ကုရ်အာန် ၀၉၁း ၉။ စင်စစ် မိမိအသက်ဇီဝိန်ကို စင်ကြယ်သန့်ရှင်းစေခဲ့သူသည် အောင်မြင်ခဲ့လေပြီ။
.
ဒီကနေ့ ခါတိုင်းကဲ့သို့ ကျောင်းသူကျောင်းသားများကိုစာသင်ရန် စာအုပ်များထည့်ထားတဲ့သားရေအိတ်ကိုဆွဲပြီး ကျောင်းဖက်ကိုထွက်လာခဲ့တယ်။ ကျောင်းရောက်တော့ အခန်းရှေ့မှာ ဆရာမကိုထိုင်စောင့်နေကြတဲ့ ကျောင်းသားလေးနှစ်ယောက်ကိုတွေ့တယ်။ ဆရာမ စာသင်ခန်းတခါးကို သော့နဲ့ဖွင့်ပြီး
.
ကဲ...လာကြလို့ခေါ်လိုက်တယ်။ မကြာဘူး နောက်ကျောင်းသူ ကျောင်းသားတွေလည်းရောက်လာပြီး သူ့နေရာနဲ့သူထိုင်ကြတယ်။ သူတို့အားလုံးကိုစာသင်၊ အိမ်စာတွေစစ်၊ ကျောင်းဆင်းခါနီးနောက်အပတ်အတွက်အိမ်စာလေးတွေပေးလိုက်ပြီး အားလုံးက ဆရာမကိုနှုတ်ဆက်ပြီးပြန်သွားကြတယ်။ ပထမ ကျောင်းသား group ကိုတော့စာသင်ပြီးသွားပြီ ဒုတိယ group မလာခင် ဆရာမ ရေသောက်၊ ပြင်စရာရှိတာလေးတွေပြင်နေတယ်။
.
ဒီလိုနဲ့ဘဲ ဒုတိယ group မှာသင်မဲ့ ကျောင်းသူ ကျောင်းသားတွေအတန်းထဲကိုတဖြေးဖြေးဝင်လာကြတယ်။ အဲဒီအထဲမှာ ဒီနေ့သူများနဲ့မတူအောင် လည်ဟိုက်အင်္ကျီနဲ့ဂျင်းဘောင်းဘီအတိုဝတ်လာတဲ့ကျောင်းသူလေးကိုသတိထားမိလိုက်တယ်။ အဲဒီကျောင်းသူလေးရဲ့ထိုင်ခုံနားမှာ အခြားကျောင်းသားလေးတွေလည်းထိုင်ကြတယ်။ သူတို့ထိုင်နေကြထိုင်ခုံနဲ့စားပွဲလည်းဖြစ်ပါတယ်။
.
ဆရာမစာသင်တော့မယ်လို့ပြင်လိုက်ပါတယ်။ ဒါပေနဲ့ရှေ့ကမြင်ကွင်းက ဆရာမလက်မှာကိုင်ထားတဲ့ Pen ကိုစားပွဲပေါ်မှာပြန်ချထားလိုက်ရတယ်။ ဟင်း..... ဒီကောင်မလေး လည်ဟိုက်အင်္ကျီဝတ်ထားတာ မမြင်ချင်မှအဆုံးပါလား.... အင်္ကျီနဲ့ကိုမတူတော့ဘူး.... ဘေးနားမှာလည်းယောက်ျားလေးတွေနဲ့လို့စဉ်းစားမိပြီး သားရေအိပ်ထဲက paperclip ကိုယူလိုက်တယ်။

သမီး...အပြင်ကိုခဏလိုက်ခဲ့လို့ပြောပြီး အခန်းအပြင်ကိုခေါ်သွားလိုက်တယ်။
.
သမီးအင်္ကျီကအတော်လေးကို လည်ဟိုက်နေတယ်....သမီးဘေးနားမှာလည်းယောက်ျားလေးတွေထိုင်နေကြတယ် သမီးကိုမြင်နေရတယ်။ သမီး ဒီလိုဝတ်ရင်နောက်ဆို သမီးကိုသူတို့လေးစားမှာမဟုတ်ဘူး စကြလိမ့်မယ်။ အလှအပဆိုတာဖော်ဝတ်တိုင်းလည်းလှတာမဟုတ်ဘူး။ လုံလုံခြုံခြုံလေးဝတ်တဲ့ စတိုင်လေးတွေလည်းရှိတယ်။ အဲဒီစတိုင်လေးတွေဆို ကျက်သရေလည်းရှိတယ် သူများက ကိုယ့်ကိုလာစတာ အားမနာတာလည်း မလုပ်နိုင်တော့ဘူးလို့ရှင်းပြရတယ်။
.
ဆရာမပြောတာနားလည်လားသမီး?
ဟုတ် နားလည်ပါတယ်။
သမီး..ကြည့်လို့ကောင်းအောင် အင်္ကျီလေးကို ဒီ paperclip လေးနဲ့ပြုပြင်ပေးမယ်နော်။
ဟုတ်။
ကဲမှန်ထဲမှာကြည့်လိုက်ပါဦး စောစောကထက် သမီးကပိုလှသွားပြီ။ နောက်နေ့တွေလည်းဒီလို လုံလုံခြုံခြုံလေးဝတ်လာနော် သမီး။
ဟုတ်ကဲ့ဆရာမ။
လိမ်မာတယ်... ကဲအတန်းထဲပြန်ဝင်လိုက်။
ဟုတ်။
.
အဲဒီနေ့ကစလို့ ဒီကျောင်းသူလေးက ကျောင်းတက်တိုင်း အင်္ကျီလုံလုံခြုံခြုံဝတ်လာပြီး၊ ဘောင်းဘီအရှည်ဝတ်လာတာကိုတွေ့ရပါတယ်။ မြင်ရတဲ့ဆရာမအတွက်လည်း ပီတိတွေဖြစ်လို့။
.
ဆရာမအတွက်ရင်မောစရာဖြစ်ရတဲ့ကျောင်းသူလေးတွေလည်းရှိပါတယ်။ ကိုယ့်ကိုယ်ကိုတန်ဖိုးထားတတ်ဖို့သင်ပေးရင် သမီး သူငယ်ချင်းတွေ၊ ဆွေမျိုးတွေဆို ဒီထက်တောင်ဖော်ဝတ်သေးတယ်။ အခုခေတ်က ခေတ်မှီချင်ရင် သမီးတို့ဒီလိုဘဲဝတ်ရတယ်။ ဒါမှသူငယ်ချင်းတွေကလည်း ခင်တာ အပေါင်းအဖော်လည်းဆန့်တယ်ဆရာမရဲ့။
.
ကုရ်အာန် ၀၁၇း ၃၆။ ထို့ပြင်တစ်ဝ အသင်သည် မိမိမသိသော အကြောင်းအရာ၏ နောက်သို့ မလိုက်လေနှင့်၊ ဧကန်မလွဲ နား၊ မျက်စိ၊ စိတ်နှလုံး ဤအသီးသီးတို့သည် ၎င်းအသီးသီးတို့နှင့် စပ်လျဉ်း၍ စုံစမ်းမေးမြန်း ခြင်းကို ခံရမည်သာတည်း။
.
*** မိမိတို့ထက်သူများကပိုဆိုးတယ်လို့ပြောနေခြင်းက excuse တစ်ခုဖြစ်နေပြီ။ သူများကိုထောက်ပြနေမဲ့အစား ကိုယ့်ကိုယ်ကိုတန်ဖိုးရှိအောင်၊ ကိုယ့်အသိုင်းအဝိုင်းပိုမိုလှပအောင် အားပေးပံ့ပိုးပေးခြင်းကပိုကောင်းလိမ့်မယ်။
.
ဒီကျောင်းသူလေးတွေပြောတာ ငယ်ငယ်ကဖတ်ဖူးတဲ့ အရိုင်းကာတွန်းကိုသွားသတိရမိပါ
တယ်။ ကာတွန်းထဲမှာ လမ်းထဲက ခွေးလေးတွေ ကြောင်လေးတွေက အိမ်မွေး ပါပီခွေးလေး ကြောင်လေးတွေကို ဟေ့ကောင် တွေ...မင်းတို့ခေတ်မမှီဘူးကွာ... မင်းတို့ခေတ်မှီချင်ရင်ငါတို့လိုဘဲ အမြီးဖြတ်။ ဒီမှာတွေ့လားငါတို့အားလုံးအမြီးဖြတ်ထားကြတယ် ဘယ်လောက်လှသလဲ။ မင်းတို့အမြီးမဖြတ်ရင်ငါတို့နဲ့လာမပေါင်းနဲ့ ဒါဘဲတဲ့။ လူမှာလည်းအတိုအထွာအပြတ်တွေဝတ်မှ ခေတ်မှီတယ်၊ အပေါင်းအသင်းဆန့်တယ်လို့ထင်နေရင် မဟုတ်သေးပါဘူး။
.
ဘာသာတရားမှာကိုယ့်ကိုယ်ကိုတန်ဖိုးထားတတ်အောင်သင်ကြားပေးထားပါတယ်။
.
ကုရ်အာန် ၂၄:၃၀။ အိုနဗီတမန်တော် အသင်သည် '' မုအ်မင်န် '' သက်ဝင်ယုံကြည်သူတို့အား မိမိတို့၏မျက်စိများကို နှိမ့်ချထားရမည်ဟူ၍လည်းကောင်း၊ ထို့ပြင်မိမိတို့၏ အရှက်အင်္ဂါများကို ထိန်းသိမ်းကြရမည်ဟူ၍လည်းကောင်းပြောကြားပါလေ။ ဤသည်၎င်းတို့အဖို့အစင်ကြယ်ဆုံးပင်ဖြစ်သည်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ပြုလုပ်သမျှတို့ကို ကောင်းစွာသိရှိတော်မူသောအရှင်မြတ်ပင်ဖြစ်ပေသတည်း။

အပေါင်းအသင်းနဲ့ ယိုယွင်းပျက်စီးပြီး စာရိတ္တတွေ၊ ခေါင်းပါးနေတဲ့ခေတ်ရေစီးကြောင်းလမ်းပေါ်မှာ တရားဓမ္မကိုဥပေက္ခါလုပ်ပြီး ကိုယ့်ကိုယ်ကိုတန်ဖိုးချလိုက်တာတော့ အလွန်နှမြောစရာကောင်းပါတယ်။ မိမိတို့ကို မွေးထုတ်လိုက်တဲ့ မိဘတွေရဲ့သိက္ခါကိုလည်းငှဲ့ညှာသင့်ပါတယ်။
.
မိန်းကလေးတိုင်းက အလှအပကိုနှစ်သက်ကြတယ်။ ကိုယ်နှစ်သက်တဲ့အလှက သန့်စင်ဖို့လို့ပါတယ်။ မိန်းကလေးရဲ့အရှက်ဟာ တစ်ကိုယ်လုံးဖြစ်ပြီး ယောက်ျားများ၏ အရှက်မှာ လည်ပင်းကဒူးခေါင်းအောက်ထိဖြစ်ပါတယ်။ လူဆိုတာအရှက်ရှိမှ ဣနြေ္ဒထိန်းသိမ်းနိုင်မယ်။
.
အခြေအနေအမျိုးမျိုးကြောင့် လတ်တလောဟီဂျာ့ဗ်မဝတ်နိုင်သေးတာအပြစ်မပြောလိုပါဘူး။ မိန်းမကောင်းပီသအောင်တော့ အပေါ်အောက်လုံခြုံအောင်ဝတ်သင့်ပါတယ်။
.
ကုရ်အာန် ၀၆၇း ၂။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အနက် မည်သူသည် အကျင့်အမူအားဖြင့် အကောင်းဆုံးဖြစ် သည်ကို စမ်းသပ်ရန်အလို့ငှာ သေခြင်းကို၎င်း ရှင်သန်ခြင်းကို ဖန်ဆင်းခဲ့သည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အလွန်တရာ ခွင့်လွတ်တော်မူသောအရှင် ဖြစ်တော်မူ၏။
.
ဒီဆောင်းပါးကို မိန်းကလေးများနှစ်ဘဝအတွက် သောကထား၊ စေတနာထားလို့ ကိုယ့်အချိန်တွေကိုဖဲ့ပြီးရေး
လိုက်ပါတယ်။ ဒီစေတနာကြောင့် စာရေးသူကို မုန်းမယ်ဆိုရင်လည်းမုန်းပါစေ။

ဟေဒါယာ့သ် အမြင်မှန်ရနိုင်ကြပါစေ။
.
ကုရ်အာန် ၀၆၅း ၂။ စင်စစ် မည်သူမဆို အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့သည်ရှိသော် ထိုသူအတွက် အလ္လာဟ်အရှင်သည် ထွက်မြောက်ရာလမ်းကို ပြုလုပ်ပေးမည်ဖြစ်သည်။

စေတနာမေတ္တာဖြင့်
မွတ်စလင်မီးန်

Saturday, May 21, 2011

Love

Sunday, May 15, 2011

အလ္လာဟ်အရှင်မြတ်အလိုတော်ရှိရင် လေယာဉ်ကြီးတစ်စီးလုံးကိုတောင် လှည့်ပြန်ခိုင်းစေခဲ့တယ်

အလ်ဟမ်းဒို့လိလ္လာဟ်

၁၉၈၃ ခုနှစ်.... တစ်နေ့အဖေရုံးကနေ အိမ်ကိုထမင်းစားပြန်လာတယ်။ လက်ထဲမှာစာတစ်ဆောင်ပါတာကို သတိထားမိလိုက်တယ်။ အဖေက အနားကပ်ပြီး တိုးတိုးပြောတာကို အံ့ဩသွားတယ်။ သမီး ဖွားဖွားရန်ကုန်မှာဆုံးသွားပြီ... သမီးတို့သားအမိ ရန်ကုန်ကိုခဏပြန်ရလိမ့်မယ်....အဖေရဲ့စကားအဆုံးမှာ အိမ်ခန်းထဲမှာထိုင်နေတဲ့ မေမေ့ကိုလှမ်းကြည့်လိုက်တယ်။ ဒီသတင်းကြားရင် မေမေ့ခမြာစိတ်မကောင်းဖြစ်တော့မှာဘဲလို့ သားအဖနှစ်ယောက်စလုံးသိလိုက်တယ်။ စကားအဆုံးမှာ အဖေအိမ်ခန်းထဲဝင်ပြီး ဖွားဖွားဆုံးသွားကြောင်း မေ့မေ့ကိုပြောပြပြီး လက်ထဲကစာကိုပေးလိုက်တယ်.... ထင်တဲ့အတိုင်းဘဲ.... မေမေရဲ့မျက်နှာပေါ်မှာ မျက်ရည်စတွေနဲ့......။

မကြာပါဘူး လေယာဉ်လက်မှတ် ၂ ဆောင် ဝယ်လိုက်ကြတယ်။ ဖွားဖွားဆုံးလို့ ဝမ်းနည်းနေတဲ့မေမေ နှစ်ဖက်ဆွေမျိုးတွေအတွက် လက်ဆောင်ဝယ်ဖို့မမေ့... ရအောင်ဝယ်လိုက်သေးတယ်။

ခရီးထွက်ရမဲ့နေ့..... အိမ်ကနေ လေဆိပ်ကို အဖေလိုက်ပို့တယ်။ အိမ်နဲ့ဝေးတဲ့အရပ်ကိုသွားတိုင်း အဖေကအိပ်ထဲမှာ passport ထည့်ယူသွားလေ့ရှိတယ်။ လေဆိပ်မှာ အဖေက form တွေဖြည့်၊ သေတ္တာတွေချိန်၊ ထိုင်လိုက် ထလိုက်နဲ့အိပ်ထဲက passport ခဏ ခဏ ပြုတ်ကျနေတော့..... အဖေက အမေ့ handbag ထဲမှာ ခဏထည့်ပေးထားပါ Immigration counter ဝင်ခါနီး ပြန်ပေးဖို့ပြောလိုက်ပါတယ်။

လေဆိပ်မှာအသိမိတ်ဆွေနဲ့ သွားဆုံကြတယ် လူကြီးတွေစကားပြောနေတာတွေ့တယ်..... ဒါပေမဲ့ မေမေ့မျက်နှာသိပ်မလန်းဘူး။ အဖေနဲ့ အမေ တစ်ယောက်ကိုတစ်ယောက် မှာစရာရှိတာတွေမှာနေကြတယ်...... အဖေက... သမီး မြန်မာပြည်ကိုခဏဘဲပြန်ရမှာ... ဟိုမှာကိစ္စတွေပြီးရင်ဒီပြန်လာရမှာဘဲ ဘာမှမပူနဲ့ ..... သမီးအတွက်ဆေးနဲ့ လိုတာတွေ ဖေဖေကြီးပို့ပေးမယ် ဟုတ်ပြီလားတဲ့.....။

ဒီလိုနဲ့ဘဲ သားအမိ နှစ်ယောက် လေယာဉ်ပေါ်ကိုရောက်လို့ကိုယ့်ထိုင်ခုံနဲ့ ကိုယ်ထိုင်ကြတယ်။ လေရင်မထွက်ခင်နဲ့ လေယာဉ်အတက်မှာ မေမေက ခရီးသွားရင် ဖတ်ရတဲ့ စာတွေသင်ပေးတယ်။ TG ကအစားအသောက်တွေစားပြီး ထိုင်းလေယဉ်မယ်က form ကာဒ်လေးတွေလာပေးတယ်။ မေမေက ballpan နဲ့ passport ထုတ်ဖို့ handbag ကိုဖွင့်လိုက်တဲ့အခါ ဟာ...... မျက်စိမျက်နှာပျက်သွားတယ်။ သမီးအဖေ passport ပါလာတယ်။ ဒုက္ခပါဘဲ မြန်မာပြည်ရောက်ရင်..... (အဲဒီခေတ်ကမင်္ဂလာဒုံလေဆိပ်မှာ ပြည်ပကပြန်လာသူတွေရဲ့ passport ပြန်သိမ်းတဲ့ခေတ်ပေါ့) passport ပြန်လျှောက်ရင်လည်းအချိန်ကြာတယ်။

မင်္ဂလာဒုံလေဆိပ်မှာ ခရီးသည်တွေပါသမျှ မွှေကြတဲ့ဝန်ထမ်းတွေ၊ ပါလာတာ သူတို့အကြိုက်တွေ့ရင် သူတို့ဆွဲယူထားတတ်ကြတယ် ရစ်တာတွေလည်းရှိတယ်။ အဖေ့ passport အသိမ်းခံရမှာဘဲ မေမေ့မှာ သောကဖြစ်နေတယ်။ မေမေက သမီးရေ ဘာမှလုပ်လို့မရတော့ဘူး ဒိုအာလုပ်ပါတဲ့။
အမေရဲ့လက်ရှိခံစားနေရတဲ့သောက အဖေရဲ့ဒုက္ခတို့ကိုပြေးမြင်ပြီး.... အလ္လာဟ်အရှင်မြတ်က ခလေးလေး တစ်ယောက်ရဲ့ဒိုအာကို လက်ခံပေးပါလို့.....

မေမေ့းနားမှာထိုင်နေတဲ့ အင်္ဂလိပ်ကြီးက ဘာဖြစ်လဲမေးလို့ မေမေပြောပြတော့ အင်း..... အိုင်လည်း ဘာမှလုပ်လို့မရဘူး....ဆုတောင်းပေးပါ့မယ်.... ယူစိတ်ကိုထိန်းထားနော် ဘုရားသခင်ကူညီမှာပါလို့သတိပေး အားပေးရှာတယ်။

ဒီလိုနဲ့ဘဲ လေယာဉ်ကမြန်မာပြည်နယ်အတွင်းကိုရောက်လာပြီ၊ pilot ကြေငြာသံကိုကြားလိုက်ရတယ် အခုမြန်မာနိုင်ငံ ထဲရောက်နေပါပြီနောက် ၁၅ မိနစ် Rangoon airport မှာ လေယာဉ်ဆင်းပါတော့မယ်တဲ့....

Pilot ရဲ့ကြေငြာသံအပြီးမကြာခင်မှာ မိုးရွာလာပါတော့တယ်.... လေယာဉ်က မင်္ဂလာဒုံလေယာဉ်ကွင်းကိုဆင်းဖို့ပြင်လိုက်တယ်.... မိုးကသည်းထန်လာတယ်..... pilot ကခရီးသည်တွေကို အကြောင်းကြားလာပါတယ်.... မိုးသည်းထန်စွာရွာနေသောကြောင့် Rangoon airport ကိုလေယာဉ်ဆင်းလို့မရပါဘူး ဒါကြောင့် မြန်မာပြည်ထဲမှာဘဲလေယာဉ်ကို တစ်ခေါက်ပတ်မောင်းကြည့်ပါမယ် မိုးနည်းလာရင် Rangoon airport ကိုဆင်းမယ်ဖြစ်ကြောင်း.....။ မြန်မာဝေဟင်ပေါ်မှာ ပတ်နေတုန်း ရန်ကုန်နဲ့ အခြားသောမြို့များကို လေယာဉ်ပေါ်ကမြင်နေရပါတယ်။ ဒီလိုနဲ့ လေယာဉ်တစ်ပတ်ပတ်ပြီး မိုးလည်းဖွဲလာပြီ အခုကျွန်တော်တို့ Rangoon ကိုလေယာဉ်ပြန်မောင်းနေပါပြီ မကြာခင် Rangoon airport မှာ landing လုပ်ပါတော့မယ်လို့ pilot ကကြေငြာပါတယ်။

လေယာဉ်ဆင်းခါနီး မိုးကသည်းထန်စွာရွာလာပြန်တယ် လေယာဉ်ကို မဆင်းနိုင်ဘဲနောက်တစ်ခေါက်ပြန်တက်ပြီး တခြားမြို့ဖက်ကိုမောင်းရပြန်တယ် မိုးဖွဲလာပြန်တယ် နောက်တစ်ခေါက်ရန်ကုန်ကိုပြန်မောင်းတယ် လေယာဉ်ဆင်းဖို့ကြိုးစားတယ် မိုးပိုပြီးသည်းထန်စွာရွာတဲ့အပြင် လေပါအရမ်းတိုက်လာတယ် အခေါက်ခေါက်ကြိုးစားပြီးနောက် pilot က Rangoon airport မှာ landing လုပ်ဖို့အဖန်ဖန်ကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး..... ကျွန်တော့ရဲ့ pilot သက်တမ်း အနှစ် ၂၀ ကျော်မှာဒါဟာပထမဦးဆုံးကြုံတွေ့ရတဲ့အခက်အခဲတစ်ခုပါ ကျွန်တော်တို့ Bangkok international airport ကိုလှည့်ပြန်ရပါတော့မယ် ဖြစ်ကြောင်း စိတ်မကောင်းစွာနဲ့ခရီးသည်များကို အသိပေးလိုက်ပါတယ်။

ရာသီဥတုအခြေအနေပြန်ကောင်းလာရင် ကျွန်တော်တို့နောက်တစ်ခေါက်ပြန်ထွက်မယ်ဖြစ်ကြောင်းကြေငြာပါတယ်။

ဒါနဲ့ဘဲ ဘိုးရင်းလေယာဉ်ကြီးဟာ ရန်ကုန်ဝေဟင်ပေါ်ကနေ ဘန်ကောက်မြို့ကိုလှည့်ပြန်ခဲ့ရပါတယ်။
အမေ့ဘေးနားက အင်္ဂလိပ်ကြီးက အမေ့ကိုပြောတယ် ယူကို ဘုရားသခင်တကယ် ကယ်တင်တာဘဲ there is no doubt တဲ့ ယူတို့သားအမိအတွက် အိုင် ဝမ်းသာပါတယ်တဲ့။

ဘန်ကောက်လေဆိပ်ကိုရောက်တော့ မေမေက အဖေ့ဆီဖုန်းဆက်လိုက်တယ် ရာသီဥတုကြောင့်ရန်ကုန်မှာလေယာဉ်ဆင်းလို့မရလို့ဘန်ကောက်ကိုပြန်လှည့်လာရကြောင်း ပြောပြတော့ passport ပျောက်လို့ပြာပြာသလည်းဖြစ်နေတဲ့ အဖေက ဟင်... ဟုတ်လား သားအမိတွေဘာများဖြစ်လဲ အခြားခရီးသည်တွေကောဘာဖြစ်သွားသေးလဲ ဒဏ်ရာတွေရကြလား စိတ်ပူပြီးမေးတယ်... မေမေက အားလုံး safety ဖြစ်ကြောင်းရှင်းပြမှ အဖေ့ရင်ထဲက အလုံးကြီးကျသွားတယ်..။ Passport ပျောက်နေတယ် အိမ်မှာများကျန်ခဲ့သလားလို့ ဘီဒိုအံဆွဲတွေမွှေပြီးရှာနေတာ တစ်အိမ်လို့ မွှနေပြီတဲ့.... အဲတော့မှ မေမေက မပူနဲ့တော့ ကျမ လေဆိပ်စာတိုက်က ပြန်ပို့ပေးလိုက်မယ်လို့ပြောလိုက်ပါတယ်။ နောက် ၂ ရက်ကြာတော့အဖေ့ဆီ Passport ရောက်လာပါတယ်။

ဘန်ကောက်လေဆိပ်မှာနားနေပြီးနောက် (after few hours later) ရာသီဥတုပြန်ကောင်းလာပြီဖြစ်လို့ ခရီသည်အားလုံးရန်ကုန်ကိုပြန်ရောက်ခဲ့ပါတယ်။ အဖေနဲ့အမေတို့နဲ့ခင်မင်ရင်းနှီးတဲ့ မြန်မာဗုဒ္ဓဘာသာ မိတ်ဆွေတစ်ယောက်ကလည်း အမေနဲ့သမီးကိုလေဆိပ်မှာလာကြိုပေးတော့ ရာသီဥတုကောင်းတဲ့အထိဇွဲမလျှော့ဘဲ လေဆိပ်မှာစောင့်ပေးပါတယ်။

Tips : မေမေအခက်အခဲကြုံလေတိုင်း စိတ်တတ်တဲ့ ဇီကီရ်က '' ယာဟိုင်ယို့ ယာကိုင်းယွမ်မို့ ဗေရဟ်မာတို့လာဟိ ( O the alive one, O the self-subsisting one ) '' နဲ့ '' ဝလာဟောင်လာ ဝလာကုဝသ အိလ္လာဗိလ္လာဟ်အလီးယို့အဇွီးမ် (ကျွန်တော်မျိုးမမှာ ဘယ်အရာမှတတ်နိုင်စွမ်းအားမရှိပါ၊ အလ္လာဟ်အရှင်မြတ်သာလျှင်အရာရာကိုတတ်နိုင်စွမ်းတော်မူသောအရှင်ဖြစ်၏) '' တို့ဖြစ်ပါတယ်။


အလ္လာဟ်အရှင်မြတ်၏ ကြင်နာမှု ကူညီဆောင်မမှုတို့သည် လေယာဉ်ကြီးတစ်စီးလုံးတောင်း လှည့်ပြန်ခိုင်းနိုင်တဲ့ အလ္လာဟ်အရှင်မြတ်ရဲ့ ကျေးဇူးတော် တန်ခိုးတော်အလွန်ကြီးမားပါတယ်။ မဖြစ်နိုင်တဲ့အရာကို ဖြစ်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့တာဟာ နှစ်ဘဝကိုစိုးပိုင်တော်မူသော အရှင်သာတတ်နိုင်စွမ်းရှိပါတယ်။
နောက်ပြီး မွတ်စလင်မ်၊ ခရစ်ယာန်၊ ဗုဒ္ဓဘာသာရယ်လို့ ဘာသာချင်းမတူသော်လည်း လူသားအချင်းချင်းအပေါ်ထားရှိကြတဲ့မေတ္တာတရားတွေက အလွန်ကို ဟာမိုနီဖြစ်လှပါတယ်။ ဘာသာမတူသော်လည်း တစ်ဦးကို တစ်ဦးလေးစားချစ်ခင်တတ်ကြလို့ တချိန်က မြန်မာ/ဗားမား ဆိုတဲ့နာမည်နဲ့ လူမျိုးဟာ ကမ္ဘာပေါ်မှာလှပခဲ့တယ်။ အခုခေတ်မှာတော့ အစစ အရာရာပြောင်းလဲခဲ့ပြီပေါ့။

ကိုယ်တွေ့ဇာတ်လမ်း

ရွှင်လန်းကြပါစေ။

Saturday, May 7, 2011

အိမ်မှုကိစ္စဗာဟီရ ဇနီးမယားပဲ လုပ်ရမှာစ

လေးစားအပ်ပါသော ပညာရှိကြီးများရှင့်။ ကျွန်မအမြဲကြားနေရတာက အစ္စလာမ်မှာ ဇနီးမယား တို့ရဲ့တာ ၀န် ၀တ္တရား တွေနဲ့ ပတ် သက် လို့ပဲ ဖြစ်ပါ တယ်။ လင်ယောက်ျား တို့ရဲ့တာဝန်ပိုင်း တွေကိုတော့ ဘယ်သူမှ မ ပြော ခဲ့ကြသလိုပါပဲ။ လင်ယော က်ျားတွေ က ဇနီးမယားကို ငွေ ကြေးဖြည့် ဆည်းပေးတာနဲ့ပဲ တာဝန် ကပြီး ဆုံးသွားပြီလား။ အခြား ဘာတာဝန်မှ မရှိတော့ ဘူးလားရှင့်။ အိမ်ကို ပြင်ဆင်ချယ်သရတာ ဘယ် သူလည်း။ မြက်ရိတ်ရ တာရောတော ကလေးတွေကို ထိန်း ကျောင်းရ၊ ချက်ရပြုတ်ရ၊ သန့်ရှင်းရေး လုပ် ရ ၊ လျှော်ဖွတ်ရ၊ မီးပူတိုက်ရ၊ ဒါတွေ အားလုံး မိန်းမကချည်း လုပ်နေရပါတယ်။ အမေရိကန် မွတ်စလင်မ်ယောက်ျား အများစုကြီးကတော့ ဗလီကို သွားကြတယ်။ ဒအ်ဝဟ်လုပ်ငန်းတွေကို လုပ်ကြတယ်။ သူတို့ရဲ့ ဇနီးမယား တွေကျတော့ အခြားဗာဟီရကိစ္စများနဲ့ပဲ ၀န်ပိနေကြရပါတယ်။ ဒါကြောင့် အနောက်တိုင်း သူအများစုက အစ္စလာမ်မှာ မိန်းမသားဟာ အနှိမ်ခံပဲလို့ ထင်ကြတာ၊ အစ္စလာမ် ဘာသာသို့ ကူးပြောင်းယုံကြည်ဖို့ ငြင်းဆန်ခဲ့ကြတာဟာ အထူး တလည်အံ့သြစရာ တော့ မရှိပါဘူး။ မိန်းမသား တွေကို ကျွန်ဇာတ်သွင်းချင်တဲ့ မွတ်စလင်မ် အမျိုးသားအချို့ရဲ့ စိတ်ဓာတ်ကို ကြောက်ရွံ့ကြလို့ပါပဲရှင်။

ထိမ်းမြားမှု့လင်ခန်းမယားခန်း ဆက်ဆံရေး


အဖြေ။ ။ အလိုင်ကုမုစ် စလာမို ၀ရဟ်မသွလ’ာဟိ ၀ဗရကားသုဟူ၊ အလွန်ချစ်ခင်ကြင်နာသနားတော်မူသော မဟာဂရုဏာတော်ရှင် အလ’ာအရှင်မြတ်၏ နာမတော်ဖြင့် အစပြုပါရစေ။

ချီးမွမ်း ထောပနာအ၀၀နှင့် ကျေးဇူးတော် ခပ်သိမ်းသည် အလ္လဟ်အရှင့် အဖို့သာဖြစ်သည်။ အရှင်မြတ်၏ တမန်တော်မုဟမ္မဒ် အပေါ်သို့လည်း ငြိမ်းချမ်းမှုနှင့် ကောင်းချီးမင်္ဂလာ များ ခညောင်းပါစေသား။

အစ္စလာမ်ရဲ့ မှန်ကန်တဲ့ သွန်သင်ချက်များကို သိလိုစိတ်ပြင်းပြ လှသလို ဖြန့်ချီပေးလိုတဲ့ ဆန္ဒနဲ့ မေးလာခဲ့တဲ့ ညီမငယ်ကို ကျုပ်တို့ဘက်မှ လည်း ကျေးဇူး တင်မိပါ တယ်။

အိမ်ထောင်သည် ဘ၀ကို ဆိုလိုတာဟာ လင်နဲ့မယားကြား ဒီဘ၀မှာနဲ့ တမလွန်ဘ၀တို့မှာ တည်ငြိမ် အေးချမ်းမှုနဲ့ ပျော်ရွှင်သုခ တို့ရရှိရေးအတွက် အပြန်အလှန် အညမည ဆက်ဆံရေးပဲဖြစ်တယ်ကွဲ့။ လင်နဲ့မယား တို့အကြား တစ်ဦးကို တစ်ဦး အပြန်အလှန်ဖြည့် ဆီးပေးရမယ့် တာဝန်တွေ ရှိနေပါတယ်။ အနန္တတန်းခိုး တော်ရှင် အလ္လဟ်က ကျမ်းမြတ်ကုရ်အာန် အခုလိုဗျာဒိတ်ချွေတော် မူထားပါတယ်။

..သူတို့တတွေ (အမျိုးသမီးများ)မှာလည်း သူတို့(အမျိုးသားများ)နည်းတူ အခွင့်အရေးများရှိသလို ကြင်နာယုယမှုပေးရန်လည်း (တာဝန်)ရှိ၏။.. (စူရာ-အလ်ဘကရာဟ် ၂း ၂၂၈)

ညီမငယ်ရဲ့ မေးမြန်းချက်နဲ့ပတ်သက်လို့ ဂျစ်ဒဟ်အခြေစိုက် အစ္စလာမ်မစ်ကွန်ဖရင့်အစည်းအရုံး(OIC) လက်အောက်ခံ ဖိကာဟ်အကယ်ဒမီမှ ဥက္ကဌ မုဖ်သီ မုဟမ္မဒ်တကီးအုဆ်မာနီရဲ့ ပြောကြားထားချက်က ဒီလိုပါ။

ညီမငယ်က သီးသီးသန့်သန့် မေးမြန်းလာတဲ့မေးခွန်းကို မဖြေကြားခဲ့လျှင် ဒီလိုကိစ္စရပ် တွေနဲ့ပတ်သက်လာလျှင် အမြဲတမ်း နှလုံးသွင်းထားရမယ့် အခြေခံအချက် တစ်ချက်ကို အလွယ်တကူ နားလည်အောင် ရှင်းပြချင်ပါတယ်။ အစ္စလာမ့် သွန်သင်ချက်တွေနဲ့ မွတ်စလင်မ်တွေရဲ့ ယေဘုယျလက်တွေ့ကျင်သုံးပုံတို့ကို ရှင်းရှင်း လင်းလင်း ခွဲခြားသိရှိဖို့ လည်း လိုအပ်ပါတယ်။ ကံအကြောင်း မလှတာကတော့ အစ္စလာမ်ရဲ့ မြင့်မြတ်တဲ့ သွန်သင်ချက်တွေကို မွတ်စလင်မ် အများစုကြီးက မသိရှိကြတဲ့ ခေတ်ကြီးနဲ့ ဒီသွန်သင်ချက် တွေကို သူတို့တတွေရဲ့ နေ့စဉ်ဘ၀တွေ လက်တွေ့ မကျင့်သုံးကြတဲ့ ခေတ်ထဲကို ရောက်ရှိ နေကြတာပဲဖြစ်ပါတယ်။ သူတို့ရှင်သန် နေထိုင်ကြီးပြင်း နေရတဲ့ ပတ်ဝန်းကျင်မှ ဓလေ့ထုံးစံ တွေရဲ့သြဇာကို အများဆုံး ခံနေကြတာပါပဲ။ အဲဒါကြောင့် မွတ်စလင်မ်တွေ လုပ်ကိုင်နေကြတဲ့အရာတိုင်းကို အစ္စလာမ်နဲ့ အတူတွဲဖက်ပြီး မြင်လို့မရနိုင်ပါဘူး။

ဒါကြောင့် အစ္စလာမ်ရဲ့ အရည်အသွေးတွေကို ကောင်းမြတ်ခြင်းတွေကို အကဲဖြတ်ချင့် တွက်ကြရာမှာ ယနေ့မွတ်စလင်မ်တွေရဲ့ လက်တွေ့ကျင့်သုံးနေမှုကို အကိုး အကားပြု လို့ မရပါဘူးခင်ဗျာ။ ကျမ်းမြတ် ကုရ်အာန်နဲ့ စွန္နဟ်မှာ ချမှတ်ထားတဲ့ အစ္စလာမ့်စည်းမျဉ်း တွေဘက်ကိုသာ ပြန်လှည့် သင့်ကြပါတယ်။ မွတ်စလင်မ်တွေက ရှရီအသ်ရဲ့လမ်းညွှန်မှုကို သိသိသာသာ ကျောခိုင်းခဲ့မယ်ဆိုရင် အခုသုံးသပ်ပြမယ့် အခြေခံအချက် အလက်အပေါ်မှာ အားနည်းချက် ကိုသာ တွေ့ရမှာဖြစ်ပါတယ်။ ဒါ ဟာ ဒီလမ်းညွှန်ချက်ကို ဥပေက္ခာပြု ကျောခိုင်းခဲ့ကြတဲ့ သူတို့တွေရဲ့အဖြစ်သာ ဖြစ်ပါတယ်။ ဒီအခြေခံအချက်ကို မူတည်ပြီး ညီမငယ်ရဲ့အဖြေကို အခုပေးလိုက်ပါမယ်။

ကျမ်းမြတ်ကုရ်အာန်နဲ့ စွန္နဟ်တို့ထဲမှာ ဆီလျောရာ လေ့လာချက်ကနေပြီး ထင်ထင်ရှားရှားသိရတာ ကတော့ အစ္စလာမ်က ထိမ်းမြားမှုအရ ဆက်သွယ်မှုကို လင်နဲ့မယားအကြား နှစ်ဦးနှစ်ဖက် မဋိညာဉ်ပြုချက် အဖြစ် ချမှတ် ထားပါတယ်။ တစ်ဦးချင်းစီမှာ အခွင့်အရေးတွေ၊ တာဝန်ဝတ္တရားတွေ၊ သူ့အပိုင်းနဲ့သူ ရှိပါတယ်။ ကျမ်းတော်မြတ် ကုရ်အာန်ထဲမှာ ဒီအချက်နဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မိန့်ဆိုထားချက်က ဒီလိုပါခင်ဗျာ။

ထိုဇနီးမယားတို့အပေါ်ဝယ် တာဝန်များရှိသကဲ့သို့ အခွင့်အရေးများလည်း ရှိကြပေသည်။(စူရာ-အလ်ဘကရာဟ် ၂း၂၂၈)

ဒီအာယသ် တော်အရ ရှင်းရှင်းလင်းလင်း သိရတာကတော့ သူ့ခင်ပွန်းအပေါ် ဇနီးမယားဘက်က ဖြည့်ဆီး ပေးရမယ့်တာဝန်နဲ့ဝတ္တရားများက အခွင့်အရေးများနဲ့ တန်းတူညီတူ ပဲဖြစ်ပါတယ်။ ကျမ်းမြတ်ကုရ်အာန်က သူ့ရဲ့ဇနီးသည် အပေါ် တရားသဖြင့် ပြုမူရေးဆိုတာက ခင်ပွန်းသည်လိုက်နာ စောင့်ထိန်းရမယ့် ပညတ်ပါပဲ။ စူရာဟ်-ဘကရာဟ်(၂း၂၂၈)ရဲ့ အခြားတစ်နေရာမှာ ခင်ပွန်းသည်ကို အောက်ပါစကားရပ်များနဲ့ ညွှန်ကြားထားပါသေးတယ်။

၎င်းအပြင် အသင်တို့သည် ဇနီးမယားများနှင့် ကောင်းမွန်စွာဆက်ဆံကြကုန်လော့။
(စူရာဟ်-နီစာ ၄း၁၉)


ဒါကြောင့် အစ္စလာမ်က လင်ယောက်ျားရဲ့တာဝန် ၀တ္တရားတွေထက် မိန်းမသားတွေရဲ့ တာဝန်ဝတ္တရားတွေကို ပိုမိုအလေး ထားပြဆိုထားတယ်ဆိုတာ မမှန်ကန်ပါဘူး။ အပြန်အလှန် အားဖြင့် တမန်တော်မြတ်(ဆွ)ရဲ့ သြ၀ါဒတော် အတော် များများမှာ လင်ယောက်ျားရဲ့ အခွင့်အရေးကို ပြောတာထက် ဇနီးမယားမိန်းမသား တွေရဲ့ အခွင့်အရေးတွေကို အသားပေးမိန့် ဆိုထားချက်တွေက ပိုပြီးများပါသေးတယ်။ အခု ဥပမာအချို့ကို တင်ပြသွားပါမယ်။

(၁) တမန်တော်မြတ်(ဆွ)က မိန့်ဆိုခဲ့သည်မှာ အသင်တို့အနက် အကောင်းဆုံးသူသည်ကား မိမိတို့၏ ဇနီးမယားများအပေါ် အကာင်းဆုံးသူတို့ပင် ဖြစ်ချေ၏။ (သိရ်မီဇီကျမ်း)

(၂) ကိုယ်တော်မိန့်ချွေခဲ့သည်မှာ မည်သည့်မွတ်စလင်မ်မှ သူ၏ဇနီးမယားကို မမုန်းတီးရပါ။ သူ့အနေနှင့် သူမ၏အရည်အသွေးများထဲမှ အချို့ကို မနှစ်မျို့လျှင်လည်း၊ စုံမက်စရာအခြားအရည်အသွေးအချို့ကို တွေ့နိုင်ကောင်းပေသည်။(စွဟီးမွတ်စလင်မ်ကျမ်း)

(၃) ကိုယ်တော်က သြ၀ါဒချွေခဲ့သည်မှာ အသင်တို့သည် သူမတို့အပေါ် တရားသဖြင့် ကောင်းမွန်စွာဆက်ဆံကြရမည်ဟူသော ကျွန်ုပ်၏ မိန့်မှာချက်ကို စွဲကိုင်ထားပါလေ။(သိရ်မီဇီကျမ်း)

ဤဥပမာ တွေက တမန်တော်မြတ်ကြီး ဟာ အမျိုးသမီးတွေရဲ့ အခွင့်အရေးများနဲ့ ပတ်သက်ပြီး ဘယ်လောက်အထိ အလေးအနက် ထားခဲ့တယ် ဆိုတာကို ပြည့်စုံစွာ ဖော်ပြထား ချက်များပင်ဖြစ်ပါတယ်။ ဘယ်လောက် အလေးအနက်ထားခဲ့သ လည်းဆိုရင် တမန်တော်မြတ်ရဲ့ နောက်ဆုံးဟဂ်ျမိန့်ခွန်း မှာတောင် ခင်ပွန်းသည်ဘက်မှ ဇနီး မယားနဲ့ ပတ်သက်လို့ တင်ရှိနေတဲ့ တာဝန် ၀တ္တရားတွေကို အလေးထားပြီး အရေးတကြီး ပြောဆိုသွားခဲ့ပါတယ်။

ညီမငယ်ရဲ့မေးခွန်းထဲမှာ ဒီနေ့ခေတ်မိန်းမ သားတွေဟာ ချက်ပြုတ်ရ၊ လှဲရကျင်းရ၊ ကလေးတွေကို ပြုစုရနဲ့၊ ၀န်ပိနေကြတာများပါတယ်။ တစ်ခါတစ်ခါမှသာ ခင်ပွန်းသည်တွေက ဒီအိမ်မှုကိစ္စတွေမှာ ၀င်ကူတတ်ကြတာလေ။

အိမ်မှုကိစ္စတွေနဲ့ ပတ်သက်ပြီး တင်ရှိနေတဲ့ဇနီး သည်တစ်ဦးရဲ့ တာဝန်ပိုင်း တွေနဲ့ပတ်သက်လို့ အစ္စလာမ်ရဲ့ မှန်ကန်တဲ့ ရပ်တည်ချက်ကို အခုဖော်ပြသွားပါရစေ။

အားလုံးအနက် ပထမအချက်ကတော့ အစ္စလာမ်ရဲ့သွန်သင်ချက်များအရ ချက်ပြုတ်ရေးဟာ မိန်းမသားတစ်ဦးရဲ့ ဥပဒေအရ တင်ရှိနေတဲ့တာဝန် ၀တ္တရား မဟုတ်ပါဘူး။ အိမ်မှုကိစ္စကို ထိန်းသိမ်းစောင့် ရှောက်ဖို့လည်း ထိုနည်းတူပါပဲ။ ဒီလိုကိစ္စမျိုးတွေကို ဇနီးသည်က ထမ်းဆောင်ဖို့ငြင်းဆန်ခဲ့ရင် လင်ဖြစ်သူက မယားကို ဒါတွေလုပ်ရမယ်လို့ အဓမ္မခိုင်းစေလို့ မရပါဘူး။ ဥပဒေ ပညတ်ချက်များ အရ အစ္စလာမ်က လင်နဲ့မယား နှစ်ဦးစလုံးက ဘ၀အဖော် ကောင်းများအဖြစ်နဲ့ ပြုမူနေထိုင်သွား ကြရမှာဖြစ်ပါတယ်။ ဒါကြောင့် ဥပဒေအရ လိုအပ်ချက်တွေတစ်ခု တည်းကိုတွက်ချက်ပြီး၊ ဒီကြင်ဖော်စုံတွဲကို ချုပ်ခြယ်ကန့် သတ်ထားလို့ မရပါဘူး။ ရင့်ကျက် တဲ့ဘ၀တစ်ခုဖွံ့ဖြိုးတိုးတက် စေဖို့အတွက် နှစ်ဦးသားလက် တွဲသွားသင့်ကြပါတယ်။ ဒါမှသာ ဖြေသိမ့်ရာနဲ့ ငြိမ်းချမ်းမှုကို အဖြစ်နိုင်ဆုံးရရှိကြမှာ ဖြစ်ပါတယ်။ နေ့စဉ်နဲ့အမျှ သူတို့ရင်ဆိုင်နေ ကြရတဲ့ပြဿနာ တွေကို ဖြေရှင်းသွားရာမှာ အချင်းချင်းပူး ပေါင်းယှဉ်တွဲ ဆောင်ရွက် သွားကြဖို့ကို ဖိတ်ခေါ်ထား ပါတယ်။ မိန်းမသားက အိမ်ကို စီမံခန့်ခွဲ၇ မှာဖြစ်ပြီး လင်ယောက်ျားကတော့ အိမ်ပြင်ထွက်ပြီး စီးပွားရေးအတွက် လုံးပန်းဖို့တာဝန်ရှိပါတယ်။ ဒီလိုအလုပ် တာဝန်ခွဲထားမှုက မွတ်စလင်မ်တို့ရဲ့ ဓလေ့ဖြစ်နေပါတယ်။

တမန်တော်မြတ်ရဲ့ သမီးတော် ဖာသွေမာဟ်သခင်မ သည်ပင်လျှင် သူ့လက်နဲ့သူ အိမ်မှု တာဝန်တွေကို လုပ်ကိုင်ခဲ့ရပါတယ်။ ခင်ပွန်းကောင်း အလီသခင်က အပြင်မှာ စီးပွားရေး အတွက် လုံးပန်းနေရပါတယ်။ ဒါကို တမန်တော်မြတ်က ကန့်ကွက်ခဲ့ တာမရှိပါဘူး။ ဒီအလုပ်အားလုံးကို လုပ်ရမယ်လို့သာ သမီးဖြစ်သူကို အားပေးမှု တောင်ပြုခဲ့သေးတယ်။

ဥပဒေရှုထောင့် သက်သက်က ဆိုရင်တော့ ဇနီးမယားဟာ ချက်ရေးပြုတ်ရေးကိစ္စကို (သို့မဟုတ်) အခြားအလုပ်တွေကို ငြင်းဆန်စ ရာရှိရင် ငြင်းဆန်မှာ ဖြစ်သလိုပဲ၊ တစ်ဖက်မှာ လည်း ခင်ပွန်းသည်က သူ့ဇနီးကို သူ့ဆွေမျိုးသား ချင်းတွေဆီ သွားဖို့ ခွင့်ပန်တာကို ငြင်းဆန်မယ်ဆိုပါတော့၊ နှစ်ဦးသား ဒီလိုတင်းကြပ်တဲ့ အချုပ်အချယ် တွေကို ဥပဒေ သဘော သက်သက်နဲ့ တင်းခံနေကြမယ် ဆိုရင်တော့ အတုံ့အလှည့် နားလည်မှုရှိ တော့မှာ မဟုတ်သလို နှစ်ဦးသားကြား နှစ်ဦးနှစ်ဖက် ပူးပေါင်း ဆောင်ရွှက်မှု ကလည်း တိုးတက် လာစရာရှိမှာ မဟုတ်ပါဘူး။

ဒါကြောင့် ဇနီးသည် ဘက်က အိမ်မှုကိစ္စလုပ်ရတာ သူ့သိက္ခာကျတာပဲလို့ မမှတ်ယူသင့်ပါဘူး။ အမှန်ဆိုရင် အိမ်ရှင်မဘက်က အခုလိုတက်တက်ကြွကြွ ဖြည့်ဆီးပေးသွားမှုဟာ လူ့အဖွဲ့အစည်းအတွင်း မိသားစုစနစ်အတွင်း မိသားစုစနစ်အတွက် တောင့်တင်းခိုင်မာမှုရဲ့ အခြေခံရင်း မြစ်ပဲဖြစ်ပါတယ်။ မိမိ တို့မိသားစုအတွက် သာမက ခြုံပြီးပြောရရင် တစ်နိုင်ငံလုံး အတွက် ကြီးမားတဲ့ဖြည့် ဆည်းချက်ပါပဲ။ ဘာကြောင့်လည်းဆိုရင် နိုင်ငံတော်ကြီးပိုမို သာယာဖြောင့်ဖြူး ရေးအတွက် ချောမွေ့ဖြောင့်ဖြူးတဲ့ မိသားစုစနစ် တစ်ခုအပေါ်မှာ မှီခိုနေလို့ပါပဲဗျာ။ အံ့သြစရာကောင်း တာကတော့ဗျာ ဒီကနေ့လေယာဉ် မယ်တွေဟာ လေယာဉ်ပေါ်က ရာနဲ့ချီတဲ့ တစိမ်းတရံစာ တွေကို အစားအသောက်တွေ တည်ခင်းပေး တာကိုတော့ ဒီကနေ့မှာဆိုရင် သဘောထားကြီးမှု၊ တိုးတက်မှုနဲ့ လွတ်မြောက်မှုတို့ရဲ့ သင်္ကေတရယ်လို့ တွင်တွင်ကြီး ပြောနေကြပေမယ့်၊ ဇနီးသည်တစ်ဦးက ဒါထက် အများကြီးပေါ့ပါးတဲ့ ၀န်ဆောင်မှု သူ့မိသား စုကိုပေးတာကျတော့ ဂုဏ်သိက္ခာကျစရာ ဒါမှမဟုတ် အောက်တန်းစားကျတဲ့လုပ်ရပ်ရယ်လို့ သတ်မှတ်နေကြတာပါပဲဗျာ။

ဒီကနေ့ အနောက်နိုင်ငံ တွေမှာ ကြောက်ဖွယ်လိလိ မိသားစုပြိုကွဲ တဲ့အခြေအနေ ဆိုးကြီးကို ရင်ဆိုင် တွေ့ကြုံ နေကြရတယ်လေ။ ဒီချွတ်ယွင်း ချက်ကြောင့် သူတို့ရဲ့ ခေါင်းဆောင်တွေက အကြီးအကျယ် အနှောက် အယှက်ပြု နေကြတယ်။ ဒါဟာ လင်နဲ့မယား တို့အကြား အတုံ့အလှည့် ပူးပေါင်းဆောင်ရွက်မှုတွေ လျော့နည်းသွား ကြတာကြောင့် ဖြစ်ရတာပါ။ လင်နဲ့မယားတို့အကြား တစ်ဦးချင်းစီရဲ့ သဘာဝ၊ ဇီဝဆိုင်ရာနဲ့ ဘာသာရေး ဆိုင်ရာလိုအပ်ချက် တွေအလိုက် ဖြည့်ဆည်းသွား ကြရမယ့်တာ ၀န်ပိုင်းတွေကို ဆုံးဖြတ်ကြရမှာ အရေးပါနေပါတယ်။

အတိုချုပ်ပြော ရရင်တော့ ဇနီးသည်ဆိုတာ အိမ်မှုကိစ္စတွေကို ထမ်းဆောင်ဖို့ ဥပဒေအရ ကိုက နှောင်ဖွဲ့ထားတာမှ မဟုတ်ပဲလေ။ အကြံပေးချင်တာကတော့ ဒီတာဝန်တွေကို သူ့မိသားစုနဲ့အတူ ပူးပေါင်းထမ်း ဆောင်ရမယ့် အခန်းကဏ္ဍအဖြစ် ဇနီးသည်က ထမ်းဆောင် သွားပါ။ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးအတွက် ဂုဏ်သိက္ခာရှိလှတဲ့ ဖြည့်ဆည်းချက်တစ်ခုလို့ ခံယူသွားဖို့ပါပဲ။ ဒါမှသာ သူကအနေနဲ့ တမလွန်မှာ ကြီးကဲတဲ့ဆုလဒ်ကြီးကို ၇ရှိခံစားစေရာဖြစ်မှာပါ။

တစ်ချိန်တည်းမှာ ခင်ပွန်းသည် ဘက်ကလည်း အိမ်မှုကိစ္စဆိုတာ ဥပဒေအရ ဇနီးသည်ကသာ လုပ်ရမယ့် တာဝန်ရယ်လို့ သဘော မထားသင့်ပါဘူး။ မိသားစုကြီးရဲ့ ကောင်းကျိုးအတွက် စေတနာဝန် ထမ်းဖြည့်ဆီး ပေးနေပါလားလို့ သတိမူရပါမယ်။ ဒါကြောင့် လင်ယောက်ျားဖြစ် သူဟာ သူ့ဇနီးသည်ရဲ့စေတနာကို အစဉ်သဖြင့် လိုလိုလား လားအသိအ မှတ်ပြုလက်ခံ ပေးရမယ်။ အိမ်ရှင်မဖြစ်နေလို့ ဒါတော့ သူလုပ်ရမယ့် ဥပဒေပါ တာဝန်ပဲလို့ မဆိုအပ်ပါဘူး။ ဒီအိမ်မှု ကိစ္စအားလုံးကို ဇနီးမယားကပဲ လုပ်စေရယ်လို့ တွက်ထား လို့မရပါဘူး။ ဖြစ်နိုင်ရင် ခင်ပွန်းသည်က ဇနီးသည်ကို အိမ်ဖော်အကူ တွေ စီမံပေးထား ရမယ်။ ကိုယ်ကိုယ်တိုင် ကလည်း ဒီကိစ္စတွေမှာ ပါဝင်ဖြည့်ဆည်း ပေးသွားသင့် ပါတယ်။

ခိုင်လုံလှတဲ့ ဟဒီးဆ်သြ၀ါဒတော်အများအပြားအရ သိရှိရတာကတော့ တမန်တော်မြတ်ကြီးဟာ အင်မတန်ကြီးမား လှတဲ့တာဝန်တွေရှိနေတဲ့ကြားက တောင် အိမ်မှုကိစ္စအတော်များများကို ကိုယ်တော့် လက်နဲ့ကိုယ်တိုင် လုပ်ဆောင်သွားခဲ့ တယ်။ ဆိတ်နို့ညှစ် တာတို့၊ သူ့အ၀တ်အစား သူလျှော်တာတို့ လုပ်သွားတယ်။ ကိုယ်တော်ရဲ့ ကြင်ရာ တော်ကြီးများ ဟာလည်း ဒီလုပ်ငန်းတွေကို စေတနာ အလျောက်သာ လုပ်ကိုင် သွားလေ့ရှိပါတယ်။ တမန်တော်မြတ်ကြီးက သီးသီးသန့်သန့်ကြီး အမိန့်ပေး စေခိုင်းမှု တစ်စုံတစ်ရာ မှမပါပဲနဲ့ ဖြည့်ဆည်း ပေးသွားကြတာသာ ဖြစ်ပါတယ်။

ဒါကြောင့် အိမ်မှုကိစ္စ ဆိုတာ ဇနီးမယား ဘက်က လုပ်ပေးရမယ့် တာဝန်ပဲရယ်လို့ ဇောင်းပေးရေး သားတဲ့စာအုပ် တွေက မမှန်ပါဘူးခင်ဗျား။ အမှန်ဆိုရင် အစ္စလာမ့်ဥပဒေ ဓမ္မသတ်ကျမ်း အားလုံးမှာ လင်နဲ့မယား ဇနီးမောင်နှံတို့ရဲ့ တာဝန် ၀တ္တရားတွေနဲ့ အခွင့်အရေး တွေကို တန်းတူညီတူ ဆွေးနွေးရေးသား ဖော်ပြထားကြတာ ချည်းဖြစ် ပါတယ်။ ခင်ပွန်းဖြစ်သူ က ဇနီးမယားကို စားဝတ်နေရေး အတွက် ထောက်ပံ့ပေး ရုံသာမက ကျမ်းတော်မြတ်ကုရ်အာန်မှာ မိန့်ဆိုထားချက် အပိုင်းအရ တရားသဖြင့် ကောင်းစွာ ဆက်ဆံသွားဖို့ လည်း လိုအပ်ပါတယ်။ ဒါကြောင့် အစ္စလာမ့်ဓမ္မသတ်ဖိ ကာဟဟ်ရှင်ကြီး များက ခင်ပွန်းသည် ဟာ ဇနီးသည်ရဲ့ခွင့်ပြုချက်မရပဲ လေးလထက်ပိုပြီး ခရီးမထွက်ရဘူးရယ်လို့ ရှုမြင်ခဲ့ကြတာဖြစ်ပါတယ်။

ကံဆိုးတာ ကတော့ များစွာသော မွတ်စလင်မ်တွေဟာ သူတို့ရဲ့ဘာသာတရားရဲ့သွန်သင်ချက်တွေကို မသိနား မလည်ကြ တာပါ။သူတို့ရဲ့ ဒီလို အသိမဲ့မိုက်မှား မှုကြောင့် ပဲ။ ဇနီးမယားအပေါ် သူတို့ဘက်က ဆက်ဆံမှုမှာ အမှားတွေကို သူတို့တစ် တွေကျူးလွန်နေကြတာ ဖြစ်ကြောင်းပါခင်ဗျာ။

သာယာငြိမ်း ချမ်းသော သီရိဂေဟာတည်ဆောက်နိုင်ကြပါစေ။

တင်ပြသူ… ၀ါးခယ်မ မောင်မင်းနိုင်

Reference : http://muslimtime.wordpress.com
Picture : Google

Sunday, May 1, 2011

ဂျပန် Teriyaki ကြက်သားကြော်


ကြော်နည်း
-----------

၁) ကြက်သားရင်အုံ ၃၀၀ ဂရမ်
၂) Teriyaki sauce ထမင်းစားဇွန်း ၃ ဇွန်း
၃) နာနတ်ယို (pineapple marmalade) လက်ဖက်ရည်ဇွန်း ၂ ဇွန်း ခွဲ
၎) ဆီ

ကြက်သားကို အသင့်အတင့်အရွယ်တုံးပါ။
ဆီပူမှာထည့်ကြော်ပြီး Teriyaki sauce ထည့်မွှေပေးပါ။
ကြက်သားကျက်ခါနီးမှာ နာနတ်ယို (pineapple marmalade) ထည့်ပြီးမွှေပါ။
ကြက်သား Teriyaki sauce၊ နာနတ်ယိုတို့နဲ့စေးကပ်လာရင် စားသုံးနိုင်ပါပြီ။ ကြော်ရတာအလွန်လွယ်ကူပြီး Teriyaki ကို ဆလပ်ရွက် ၊ ထမင်းပူ၊ ဆန်ပြုတ်တို့နဲ့အတူစားနိုင်ပါတယ်။ နေမကောင်းရာမှ နလန်ထူစသူများ၊ အစားအသောက်အရသာပျက်နေသူများကိုလုပ်ကျွေးရန်သင့်တော်တဲ့ Teriyaki ဖြစ်ပါတယ်။