---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Friday, April 24, 2009

တမန်တော်အာဒမ် (အ) သခင် - ဟောက်ဝါ (အ) သခင်မ/တမန်တော် ရှိုအိုက်ဗ် (အ) တို့တောင်းခံသော ဆုပတ္ထနာ

တမန်တော်အာဒမ် (အ) သခင် - ဟောက်ဝါ (အ) သခင်မတို့ အပြစ်မှ ချမ်းသာရရန်တောင်းခံသောဆုနှင့် တမန်တော် ရှိုအိုက်ဗ် (အ) သခင်တောင်းခံသော ဆုပတ္ထနာ။
ဒိုအာကိုထင်ထင်ရှားရှားဖတ်ရှူရန် ဒီမှာ ကလစ်ပြီးဖတ်ပါ။ မြတ်ဆုမွန်ဒိုအာစာအုပ်မှ တင်ပြပါသည်။

Wednesday, April 15, 2009

အသိပေးချက်

ဒီဘလော့ဂ်ပိုင်ရှင်နှင့် ချစ်သောမွတ်စလင်မ်စာဖတ်ပရိသတ်များ စုံစည်းရာနေရာလေးတစ်ခုလုပ်ထားပါတယ်။ http://noorullah.ning.com/ မှာမန်ဘာဝင်ပြီးတွေ့ကြရအောင်လားရှင်။

မိတ်ဆွေတို့၏ ဂျီမေးလ်လိပ်စာနဲ့ မန်ဘာဝင်ပါ။
အဒ်မင်မှ ၂၄ နာရီအတွင်း ပြန် contact လုပ်ပါလိမ့်မယ်။

လေးစားချစ်ခင်စွာဖြင့်
Muslimah

Monday, April 13, 2009

ကီယာမတ်နီးလျှင်ဖြစ်ပေါ်မည့်လက္ခဏာများ part 3

အထက်ဖော်ပြပါ ဖြစ်ပေါ်မည့် အကြောင်းအရာ လက္ခဏာရပ်များ၏ အမှတ်စဉ်များမှာ စာရှုသူများ လွယ်ကူ စွာနားလည် သဘောပေါက်ရန်အတွက်သာ အမှတ်စဉ်တပ် ရေးသားထားခြင်းဖြစ်သည်။ အထက်ပါ အမှတ်စဉ် အတိုင်း ဖြစ်ထွန်း ပေါ်ပေါက်မည်ဖြစ်ကြောင်း ရည်ညွှန်းခြင်း မဟုတ်ပေ။

(၁) ဒဂ်ျဂျားလ် ထွက်ပေါ်ခြင်း
(၂) ကောင်းကင်ယံမှ လူတိုင်းကြားရမည့် အသံထွက်ပေါ်ခြင်း
(၃) ဆိုဖီယာနီ ပေါ်ထွက်ခြင်း
(၄) မြေပြိုနိမ့်ဝင်ခြင်း
(၅) နဖ်စ်ဇကီယာ အသတ်ခံရမည်ဖြစ်ခြင်း
(၆) စိုင်ယဒ် ဟိုစိုင်န်နီ ပေါ်ထွက်ခြင်း
(၇) ရမ်ဇာန်လလယ်တွင် နေကြတ်၍ ထိုလကုန်ပိုင်းတွင် လငပုတ်ဖမ်းခြင်း တို့ဖြစ်သည်။

ဖော်ပြပါ အကြောင်းအရာများသည် တိကျလက္ခဏာရပ်တွင် ပါဝင်သော အဓိကအချက်များဖြစ်ပြီး အခြား လက္ခဏာရပ်အချို့လည်း ဖော်ပြထားသည်။ သို့သော် အဓိက မကျသည့်အတွက် မဖော်ပြတော့ဘဲ လေ့လာဆန်းစစ် လိုပါက ကျမ်းကြီးများတွင် လေ့လာနိုင်ကြောင်း တင်ပြလိုက်ရပါသည်။

Special thanks to Ko Hla Tun Oo

Wednesday, April 8, 2009

ကီယာမတ်နီးလျှင်ဖြစ်ပေါ်မည့်လက္ခဏာများ part 2

ထို့အပြင် အခြားရေ၀ါယသ်များအဆိုအရ -

(၁) လူခြောက်ဆယ် နဗီအဖြစ် လီဆယ်ကြေညာခြင်း
(၂) စိုင်ယဒ်မျိုးနွယ်မှ (၁၂)ဦး အေမာမ်ဖြစ်ကြောင်း လီဆယ်ကြေညာခြင်း
(၃) သင်္ချိုင်းတွင် မဇ်ဂျစ်ဒ်များ ဆောက်လုပ်ခြင်း
(၄) ဘဂ္ဂဒတ်မြို့ ပျက်ခြင်း
(၅) “ကူဖွာ” မဇ်ဂျစ်ဒ် အုတ်နံရံပျက်ဆီးခြင်း
(၆) “မိုရာ့က်” ယူဖရေးတီးမြစ်ရေ လျှံပြီး ကူဖွာမြို့ရေကြီးခြင်း
(၇) ကူဖွာမြို့ပျက်ပြီး တဖန်စည်ကားခြင်း
(၈) “ဖိုရာ့က်” ယူဖရေးတီးမြစ်မှ “နဂျဖ်”မြို့တွင်း မြစ်လက်တက်အဖြစ် စီးဆင်းခြင်း
(၉) မဇ်ဂျစ်ဒ်၏ ခေါင်းဦးများကို ရွှေများဖြင့် ပြုလုပ်လာခြင်း
(၁၀) ခုနှစ်စင်ကြယ်အမြီးထောင်ပြီး အလင်းတန်းတစ်ခု ထွက်ပေါ်လာခြင်း
(၁၁) ကပ်၊ ဘေးကြီးများကျရောက်ခြင်း
(၁၂) ရောဂါဆန်းများ ပေါ်ပေါက်ခြင်း
(၁၃) ငလျင်ကြီးများ တုန်လှုပ်ခြင်း၊ မြေကြီးများ နိမ့်ပြိုခြင်း
(၁၄) လှိုင်းကြီး၊ ရေကြီးမှုများ ဖြစ်ပေါ်ခြင်း
(၁၅) “စာဟေဘိုဇန်ဂ်ျ” ဟု ကျော်ကြားသော စိုင်ယဒ်တစ်ဦး၏ လက်ချက်ဖြင့် “ဘာစရာ”မြို့ပျက်စီးခြင်း
(၁၆) တိုက်ပွဲများကြောင့် သေဆုံးဒဏ်ရာရသူ အမြောက်အများရှိလာခြင်းသုံးပုံနှစ်ပုံ လူများ သေကြေပျက်စီးမည်ဟုပင်ဖော်ပြထားသည်။
(၁၇) ကုရ်အာန် အာယသ်တော်များကို ရွှေဖြင့် စီခြယ်လာခြင်း၊ မဇ်ဂျစ်ဒ် မျှော်စင်များကို မြင့်မြင့်မားမား ဆောက်လုပ်လာခြင်း
(၁၈) ယီမင်နိုင်ငံသားတစ်ဦး ပေါ်ထွက်လာပြီး ၄င်းကြောင့် ပြသနာများကြီးထွားလာခြင်း
(၁၉) “အီရန်” နိုင်ငံ “ခိုရာစာန်” မြို့သားတစ်ဦး ပေါ်ထွက်လာပြီး ထိုမြို့ပတ်ဝန်းကျင်တွင် ပြသနာများ ရှုတ်ထွေးပြီး ကျယ်ပြန့်လာခြင်းစသည့် အခြားလက္ခဏာရပ်များလည်း ဖော်ပြထားသည်။

ဖော်ပြပါ လက္ခဏာရပ်များတွင် ဖြစ်ခဲ့သည်များလည်းရှိ၏။ ဖြစ်နေသည်များလည်းရှိ၏။ ဖြစ်လာမည်ဟု ခန့်မှန်းရသည်များလည်းရှိ၏။ ဖြစ်လာမည်ဟု လောလောဆယ် ခန့်မှန်း၍ မရသည်များလည်းရှိ၏။

Special thanks to Ko Hla Tun Oo

Saturday, April 4, 2009

ကီယာမတ်နီးလျှင်ဖြစ်ပေါ်မည့်လက္ခဏာများ part 1

မတရားအဓမ္မမှုများကမ္ဘာအ၀ှမ်း

မတရားအဓမ္မမှုများဖြင့် ဖုံးလွှမ်းသွားချေမည်ဟု ရေ၀ါယသ်အမြောက်အများတွင် ဖော်ပြထားသည်။ ယေဘုယျအားဖြင့် အဓမ္မ မတရားမှုများကြောင့် အုံကြွမှု၊ ဖောက်ပြန်မှု၊ စာရိတ္တချွတ်ယွင်းမှု အမျိုးမျိုးပေါ်ပေါက် ခဲ့သည်ကို သမိုင်းတွင် တွေ့ရမည်ဖြစ်သည်။
ဤအကြောင်းအရာကို “ဘေဟားရ်” ကျမ်း တွဲ(၅၂)၊ စာမျက်နှာ(၂၅၀-၂၆၀)တွင် အကျယ်တ၀င့် ဖော်ပြထားသော်လည်း ဤစာစောင်တွင် အကျဉ်းချုံး၍သာ တင်ပြမည်ဖြစ်သည်။


အေမာမ်ဂျာ့အ်ဖရ်ဆွာဒီက်(အ.စ)၏ တပည့်သာဝကတစ်ဦးသည် အေမာမ်ဇမားန်(အ.ဂျ)မပွင့်မီ ဖြစ်ထွန်း မည့်အကြောင်းအရာများနှင့် မည်သည့်အခါ ပွင့်ပေါ်မည်ကို

၎င်း၏ဆရာသခင်အား မေးမြန်းရာ-
(၁) မတရား၊ အဓမ္မ၊ အကျင့်ပျက်၊ ဖောက်ပြန်မှုများ နေရာအနှံ့လွှမ်းခြုံသွားမည်။
(၂) ကျမ်းမြတ်ကုရ်အာန်ကို ပေါ့ပေါ့တန်တန် မှတ်ယူကြမည်ဖြစ်ကြမည်။
(၃) အလ္လာ့ဟ်အလိုတော်ကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်လာကြမည်။
(၄) လက်မှားသူတို့ လမ်းမှန်သူပေါ် လွှမ်းမိုးလာလိမ့်မည်။
(၅) ယောက်ျားအချင်းချင်း၊ မိန်းမအချင်းချင်း ဖောက်ပြန်ကြလိမ့်မည်။
(၆) အီမာန်ရှင်များ (အမြင်အားဖြင့်)နှုတ်ဆိတ်နေချေမည်။
(၇) ကြီးသူကို ငယ်သူက လေးစားမည်မဟုတ်ချေ။
(၈) ဆွေမျိုးသားချင်း အဆက်အသွယ်ဖြတ်တောက်ပစ်ကြမည်။
(၉) ကတုံးကတိုက်လုပ်သူများ ကျော်ဇောလာကြမည်။
(၁၀) အရက်သေစာ (မူးယစ်ဆေးဝါး) သုံးစွဲသူ များပြားလာကြမည်။
(၁၁) ကောင်းမှုကိုရှောင်၍ မကောင်းမှုဖက် တိမ်းညွှတ်ကြမည်။
(၁၂) ဟလာလ်သည် ဟရာမ်၊ ဟရာမ်သည် ဟလာလ်ဖြစ်မည်။
(၁၃) ဘုရားကျောင်းကန်များတွင် သီလမရှိသူတို့ ဂေါပကဖြစ်ကြမည်။
(၁၄) ထုထည်ကြီးများသော ငွေကြေးများကို အလ္လာဟ်အလိုမတူသောလမ်း (ပြသနာ၊ ကြီးစိုးမှု၊ တိုက်ပွဲ) တို့တွင် မတွန့်မတို သုံးစွဲလာကြမည်။
(၁၅) လာဘ်ပေးလာဘ်ယူ လာဘ်စားမှုများ ကျယ်ပြန့်လာမည်။
(၁၆) အဖိုးအခယူ၍ အမျိုးသမီးများကို ဖျော်ဖြေသော ယောက်ျားရွှင်များ ပေါ်ပေါက်လာမည်။
(၁၇) လောင်းကစားမှုများ (ဥပဒေမှ တားထားလျက်) ကျယ်ပြန့်လာမည်။
(၁၈) ကျမ်းမြတ်ကုရ်အာန်ကို နားဆင်ရန် ၀န်လေးလာကြမည်ဖြစ်ပြီး အကျိုးမရှိသည့် အပျော်အပါးများ ကို ထက်သန်စွာ နားဆင်ကြမည်ဖြစ်သည်။
(၁၉) မဇ်ဂျစ်ဒ် (ဗလီ)များကို ကျောက်သံပတ္တမြားများဖြင့် စီခြယ်လာကြမည်။
(၂၀) ဟဂ်ျနှင့် ဂျီဟာဒ်ကို ကိုယ်ကျိုးအတွက် ပြုလုပ်လာကြမည်။
(၂၁) စိတ်ဓါတ်များ မာကြောခက်ထန်လာမည်။
(၂၂) မည်သူ မှန်သည်၊ မှားသည်ကို ဂရုမစိုက်ဘဲ အောင်နိုင်သူဘက်မှ ရပ်တည်လာကြလိမ့်မည်။
(၂၃) သမာအာဇီဝရှိသူကို ရှုံ့ချပြီး မသမာသူကို ချီးမွမ်းကြမည်။
(၂၄) “မက္ကာ” နှင့် “မဒီနာ” မြို့၌ အကအခုန်၊ အဆိုအတီးအမှုတ်များ ပေါ်ပေါက်လာမည်။
(၂၅) ကိုယ်တိုင်တရားမရှိသူများ စင်မြင့်မှ တရားရေအေးတိုက်ကျွေးကြမည်။
(၂၆) ကောင်းမှုဆောင်ရန်၊ မကောင်းမှုရှောင်ရန် တိုက်တွန်းသူများကို ပျက်ရယ်ပြုလိမ့်မည်။
(၂၇) အိမ်နီးနားချင်း အချင်းချင်း ဂရုစိုက်မည်မဟုတ်ချေ။
(၂၈) ဆန္ဒနှင့် ၀မ်းစာ အတွက်သာ အထူးဦးစားပေးကြမည်။
(၂၉) ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကြောင့် လောကီရေးရာတွင်သာ နစ်မြုပ်ကျင်လည်နေကြမည်။
(၃၀) အမျိုးသမီးများ အီမာန်မတူသူများနှင့် လက်ဆက်ကြမည်။
(၃၁) အမှန်တရားနောက်လိုက်သူကို လူ့ငနွားဟု ပျက်ရယ်ပြုကြလိမ့်မည်။
(၃၂) အသေအပျောက်မှုများ များပြားပါလျက် လူဦးရေ တိုးပွားလိမ့်မည်။
(၃၃) အလေးအတောင်းခိုးကြမည်။
(၃၄) ကြွယ်ဝချမ်းသာသူများ တစ်သက်တွင် တစ်ကြိမ်ပင် “ဇကားသ်” ထုတ်မည်မဟုတ်ချေ။
(၃၅) နှစ်စဉ် ပြသနာအဆန်းများနှင့် Bit Aat အသစ်အဆန်း အမျိုးမျိုး ပေါ်ပေါက်မည်။
(၃၆) မသူတော်များ၏ အမိန့်ကို နာခံကြမည်။
(၃၇) နံနက်အချိန်အထိ မူးရူးနေမှုများ မြောက်များလာမည်။
(၃၈) ငွေကြေးကြွယ်ဝသူကို ခ ယ ပင့်မ ကြမည်။
(၃၉) အများသူငှာအရှေ့ မရှောင် လိင်ဆက်ဆံမှုများ ရှိလာမည်။
(၄၀) တိုင်းပြည်အတော်များများ၌ အမျိုးသမီးများ အုပ်ချုပ်လာမည်။
(၄၁) တရားသူကြီးများ အမှန်တရားကို မျက်ကွယ်ပြုစီရင်ကြမည်။
(၄၂) တစ်ရက်တွင် အနည်းဆုံး ငရဲတစ်ကြိမ် မလုပ်ရလျှင် မနေနိုင်သူများ မြောက်များလာမည်။
(၄၃) (မိုနာဖီးက်)အရေခြုံများ အခွင့်ထူးများရရှိပြီး (အီမာန်)သစ္စာရှင်များအဖို့ မည်သည့်အခွင့်ထူးမျှ ရရှိခံစားရမည်မဟုတ်ချေ။
(၄၄) အမြင်အားဖြင့် လူဟုပြော၍ ရသော်လည်း နှလုံးသားများမှာ ရှိုင်သွာန် မိစ္ဆာကဲ့သို့ဖြစ်မည်။
(၄၅) မဇ်ဂျစ်ဒ် တွင်ထိုင်၍ အတင်းအဖျင်းများကို မြိန်ရေယှက်ရေ ပြောဆိုကြမည်။
(၄၆) အလ္လာ့ဟ် လမ်းမှာထက် ဂုဏ် ပကာသန ထင်ပေါ်လိုမှုများအတွက် လှူဒါန်းစွန့်ကြဲကြမည်။
(၄၇) ခိုးဆိုးလုယက်မှုများ မြောက်များလာမည်။
(၄၈) မွေးသမိခင်၊ ဖခင်ကိုပင် သား/သမီးများ မကောင်းဆိုကြမည်။
(၄၉) အတိုးအညွန့်စားသူ များပြားလာမည်။
(၅၀) လင်မယားကွာရှင်းမှုများ (Talaaq) မြောက်များလာမည်။

အထက်ပါ အကြောင်းအရာများ တွေ့မြင်ကြားသိရလျှင် မိမိကိုယ်မိမိ ဆန်းစစ်ပြီး အလ္လာဟ်အသျှင်မြတ်ထံ လွတ်မြောက်ရန် ဒိုအာတောင်းခံပါ။

အရှေ့တွင် ဖော်ပြခဲ့သည့်အတိုင်း မတရားမှုနှင့် အဓမ္မမင်းများ စိုးစံအုပ်ချုပ်ခြင်းဆိုသည့် အကျိုးတရားကြောင့် ဖြစ်ပေါ်လာမည့် အကြောင်းတရားများဖြစ်သည်။ အဓမ္မနှင့် မတရားမှုများ ကျယ်ပြန့်လာပါက အဓမ္မ၊ မတရားကို တရားဖြင့်ဆေးကြော ရန် အမှောင်ခွင်း၍ အလင်းဆောင်မည့် သူရိယနေမင်း ထွက်ပေါ်လာမည်ဖြစ်သည်။

Special thanks to Ko Hla Tun Oo