---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Friday, February 26, 2010

မော်လွတ်စ်နဗီ 1431 H.

.
ယနေ့(ရဗီအွလ်အောင်ဝလ်လ) ၁၂-ရက်နေ့သည် ကမ္ဘာ့မွတ်စ်လင်မ်အပေါင်း ချစ်ကြည်မြတ်နိုးရပါသော တမန်တော်မြတ် မုဟာမ္မတ်
(ဆွ.အ.ဝ) ၏မွေးနေ့ဖြစ်သောကြောင့် ဒီပို့စ်ကိုတင်ပြလိုက်ပါသည်။

بِسْمِ اللَّهِ الرَّحْمَـٰنِ الرَّحِيمِ

إِنَّ اللَّهَ وَمَلَائِكَتَهُ يُصَلُّونَ عَلَى النَّبِيِّ ۚ يَا أَيُّهَا الَّذِينَ آمَنُوا صَلُّوا عَلَيْهِ وَسَلِّمُوا تَسْلِيمًا

ဧကန်အမှန် အလ္လာဟ်အသျှင်မြတ်သည်လည်းကောင်း၊ ထိုအသျှင်မြတ်၏ '' မလာအိကာ '' ကောင်းကင်တမန်များသည်လည်းကောင်း၊ နဗီတမန်တော်မြတ်အပေါ်ဝယ် ကောင်းချီးမင်္ဂလာ ပို့သကြကုန်၏။ အို ... '' မုအ်မင်န် '' သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည်လည်း ထိုနဗီတမန်တော်မြတ်အပေါ်ဝယ် ကောင်းချီးမင်္ဂလာ ပို့သခြင်းကိုလည်းကောင်း၊ လွန်စွာ '' စလ္လာမ် '' မေတ္တာပို့သခြင်းကိုလည်းကောင်း ပြုကြလေကုန်။ ... မဟာမိတ်များကဏ္ဍ ကုရ်အာန် (၃၃:၅၆) ...

Watch videos : http://islam-yaungche.blogspot.com/2009/03/blog-post_09.html
.........................................................................................................................
.
“ချစ်ကြည်မြတ်နိုးဖွယ် တို့တမန်တော်” part 1

ကျေးဇူးတော်အစုံ ဂုဏ်တော်အနန္တနှင့်ပြည့်စုံ၍ မပြတ်မစဲ သနားကြင်နာတော်မူသော
အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့် အစပြုပါ၏။

နိဒါန်း
“အို - ငါအရှင်၏အချစ်တော် တမန်တော်မြတ်၊ ငါအရှင်သည် မောင်မင်းအား အကြောင်းမဲ့ စေလွှတ်တော်မူသည် မဟုတ်။ စေလွှတ်တော်မူခြင်းအလိုကား (အားလမီးန်) စကြ၀ဠာတစ်ခုလုံး ရဟမသ် ဂရုဏာတော်များ ရရှိစေရန်တည်း။” (ကျမ်းမြတ်ကုရ်အာန် ၂၁း၁၀၇)
ကျမ်းမြတ်ကုရ်အာန် တစ်စောင်လုံးတွင် ‘ရဟမသ်’ဟူသောစကားသည် အလ္လာဟ်အရှင်မြတ်က မိမိ၏ ဂုဏ်တော်ကို ဖွင့်ဆိုရာ၌လည်းကောင်း၊ တမန်တော်မြတ်၏ဂုဏ်ပုဒ်ကို ဖွင့်ဆိုရာ၌လည်းကောင်း သုံးစွဲထားတော် မူပါသည်။
နဗီတမန်တော်အပေါင်း တစ်သိန်းနှစ်သောင်းလေးထောင်ကျော် ပွင့်တော်မူခဲ့ရာတွင် အဘယ်နဗီတမန်တော်မျှ ‘ရဟမသ်’ဟူသောစကားနှင့် ဆက်စပ်ခြင်း၊ အမွှမ်းတင်ခြင်း ပြုတော်မူသည်ကို မတွေ့ရပါ။ ‘ရဟမသ်’ဟူသောစကားသည် မေတ္တာနှင့် ကရုဏာကို အနက်ပေးပါသည်။ ကျမ်းမြတ်ကုရ်အာန်တွင် ခပ်သိမ်းကမ္ဘာအား ကရုဏာတရားနှင့် မေတ္တာတရားသက်ရောက်စေခြင်းအဖြစ်နှင့် ပွင့်ပေါ်ထွန်းစေသည်ဟု ဖွင့်ဆိုထားခြင်းဖြစ်ပါသည်။ ဤဒေသနာတော် ထောက်ရှုထောအခါ ကျွန်ုပ်တို့၏ နဗီတမန်တော်သည် ကမ္ဘာခပ်သိမ်းအဘို့ လူ့ဘ၀လမ်းညွှန်အဖြစ်နှင့် သစ္စာတရားများကို ယူဆောင်လာခဲ့သော လူသားထုတစ်ရပ်လုံး၏ လူ့ဘ၀လမ်းညွှန် ကမ္ဘာ့ကရုဏာတော်ရှင် ‘ချစ်ကြည်မြတ်နိုးဖွယ်ရာ တမန်တော်’ဖြစ်သည်ကို ထင်းလင်းစွာ တွေ့မြင်ကြပါသည်။

Detail : http://islam-yaungche.blogspot.com/2009/03/blog-post_14.html

“ချစ်ကြည်မြတ်နိုးဖွယ် တို့တမန်တော်” part 2
http://islam-yaungche.blogspot.com/2009/03/part-2.html

“ချစ်ကြည်မြတ်နိုးဖွယ် တို့တမန်တော်” part 3
http://islam-yaungche.blogspot.com/2009/03/part-3.html

“ချစ်ကြည်မြတ်နိုးဖွယ် တို့တမန်တော်” part 4
http://islam-yaungche.blogspot.com/2009/03/part-4.htpml

“ချစ်ကြည်မြတ်နိုးဖွယ် တို့တမန်တော်” part 5
http://islam-yaungche.blogspot.com/2009/03/part-5.html

................................................................................................................................
THE 100

MUHAMMAD, No. 1
The 100, a Ranking of the Most Influential Persons in History
by Michael H. Hart

My choice of Muhammad to lead the list of the world's most influential persons may surprise some readers and may be questioned by others, but he was the only man in history who was supremely successful on both the religious and secular levels. Of humble origins, Muhammad founded and promulgated one of the world's great religions, and became an immensely effective political leader. Today, thirteen centuries after his death, his influence is still powerful and pervasive. The majority of the persons in this book had the advantage of being born and raised in centers of civilization, highly cultured or politically pivotal nations.

The following is from Michael Hart's book and lists Prophet Muhammad as the most influential man in History. A Citadel Press Book, published by Carol Publishing Group
Ranking, list of 100 most influential persons in history:

Prophet Muhammad
Isaac Newton
Jesus Christ
Buddha
Confucius
St. Paul
Ts'ai Lun
Johann Gutenberg
Christopher Columbus
Albert Einstein

Watch video : http://islam-yaungche.blogspot.com/2009/02/100.html.

Saturday, February 20, 2010

အဖန်ဆင်းခံ ပုရွက်ဆိတ်၏ ထူးခြားချက်များ

The fact of creation documentary ဗီဒီအို နဲ့အတူ သောကြာနေ့ ခုသ်ွဗဟ်ကိုတင်ပြလိုက်ပါတယ်။
.


Myanmar Muslim Association of Malaysia
သောကြာနေ့ ခုသ်ွဗဟ် ၅/၂၀၁၀
Safar 1431
ကျေးဇူးသိတတ်ခြင်း
.
(တမန်တော်စုလိုင်မာန်နှင့်ပုရွက်ဆိတ်)
GRATEFULNESS (PROPHET SULAIMAANT & THE ANT) ချီးမွမ်းခြင်းအပေါင်းတို့သည်စကြာ
ဠာလောကခပ်သိမ်းအားပြုစုပျိုးထောင်တော်မူသောအနှိုင်းမဲ့ကိုးကွယ်ရာမြတ်အလ္လာဟ် အတွက်သာဖြစ်တော်မူပါ၏။ ထိုအရှင်မြတ် စေလွှတ်တော်မူသောလူသားအလင်းပြနဗီတမန်တော်အပေါင်းနှင့်နောက်ဆုံးတမန်တော်ချုပ် မုဟမ္မဒ်သခင်(ဆွ)အပေါ်သို့ ငြိမ်းချမ်းသာယာမှု အဖြာဖြာသက်ရောက်ပါစေ။
.
ညီနောင် ညီအစ်မအပေါင်းတို့ခင်ဗျား---(အတ်စ္စလာမုအလိုင်းကွန်း၊ ၀ရဟ်မသုလ်လါးဟိ၊ ၀ဗရကားသုဟ်)ဒီအပတ်မှာ ကျွန်တော့်အနေနဲ့ ကျေးဇူးတရားသိတတ်ခြင်းဆိုတဲ့အကြောင်းကို တင်ပြလိုပါတာယ်။ ဘာကြောင့်လဲဆိုတော့ “ကုဖ်ရ်”´ဆိုတဲ့သဘောမှာ
(၁) အမှန်တရားကိုငြင်းပယ်ခြင်း
(၂)အမှန်တရားကိုဖုံးကွယ်ခြင်းနဲ့
(၃)ကျေးဇူးကန်းခြင်းဆိုတာတွေ ပါဝင်ပါတယ်။
ကိုယ့်အပေါ်မှာရှိတဲ့ ကျေးဇူးတရားကို မသိတတ်တာလည်းမကောင်းဘူး။ ကျေးဇူးကန်းတာကတော့ ပိုဆိုးတာပေါ့။ ဒါကြောင့် ကျေးဇူးတရားသိတတ်ခြင်း (Shukr ရှုက်ရ်) ဟာ လူ့ကိုယ်ကျင့်တရားမှာအရေးကြီးပါတယ်။ဒီအကြောင်းကို တမန်တော်စူလိုင်မာန်နဲ့ ပုရွက်ဆိတ်ကလေးရဲ့သာဓကကိုအကြောင်းပြုပြီး တင်ပြလိုပါတယ်။
တမန်တော်မူစာ(အလိုင်)ဟာ အီဂျစ်ရဲ့ကျွန်ဘ၀ရောက်နေခဲ့တဲ့ အစ္စရေးလ်လူမျိုးတွေကိုကယ်တင်ခဲ့ပြီးဆိုင်းနိုင်းကျွန်းဆွယ်ကိုရောက်ရှိလာခဲ့ကြပါတယ်။ အလ္လာဟ့်ဘက်ကထူးဆန်းတဲ့ကူညီမှုတွေလည်းရခဲ့ကြပါတယ်။
.
ဒါပေမယ့်အစ္စရေးလ်လူမျိုးတွေဟာအနှိုင်းမဲ့ ကိုးကွယ်ရာမြတ်အလ္လာဟ်ရဲ့ကျေးဇူး၊ တမန်တော်မူဟာ(အလိုင်)နဲ့ တမန်တော်ဟာရွန် (အလိုင်)တို့ရဲ့ကျေးဇူးကို လစ်လျူရှုပြီးရွှေနွားရုပ်သွန်းလုပ်ပြီးကိုးကွယ်မှု၊အရက်သေစာသောက်စားမှုစတဲ့ ကိုယ်ကျင့်တရားဖေါက်ဖျက်မှုတွေပြုလာခဲ့ကြပါတယ်။
လွတ်လပ်တဲ့နိုင်ငံ ထူထောင်ဖို့ အမျိုးသားစိတ်ဓါတ်ပါပျောက်ဆုံးပြီး တမန်တော်မူစာ(အလိုင်)ကို ``အလ္လာဟ်နဲ့ အသင် ရန်သူတွေကိုသွားတိုက်ကြပါ။ ပြီးမှ ငါတို့ကိုခေါ်ပါ´´လို့တောင် တာဝန်မဲ့တဲ့စကား၊ စော်ကားတဲ့စကားမျိုးတွေ ပြောလာခဲ့ကြတဲ့အတွက် အလ္လာဟ်ကသူတို့ကို နှစ်ပေါင်း(၄၀) ကန္တာရထဲမှာ ပစ်ထားလိုက်ပါတယ်။ မိမိရဲ့တမန်တော်တွေကိုလည်း ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ (ကုရ်အာန်၊ ၂၀း၈၆-၉၇)
ဒီလိုနဲ့ ကျေးဇူးကန်းပြီး အမှန်တရားကို မလိုလားတဲ့မျိုးဆက်တစ်ခု ကျော်လွန်ပြီး မျိုး ဆက်သစ်ထဲမှာတမန်တော်ဒါဝူဒ်(အလိုင်)ကိုပေါ်ထွန်းစေခဲ့ပါတယ်။အနှိုင်းမဲ့ကိုးကွယ်ရာမြတ်အလ္လာဟ်ရဲ့အမိန့်ကိုနာခံပြီးလွတ်လပ်တဲ့ဒေသတစ်ခုကို ထူထောင်ခဲ့ကြပါတယ်။ တမန် တော်ဒါဝူဒ်(အလိုင်)ကွယ်လွန်တဲ့အခါ သားတော်တွေထဲကစုလိုင်မာန်(အလိုင်)သခင်ကို အလ္လာဟ်က တမန်တော်တာဝန်နဲ့ ဘုရင်တာဝန်(၂)ခုစလုံး ချီးမြှင့်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်က“၎င်းပြင် စုလိုင်မာန်သည် ဒါဝူဒ်၏ အရိုက်အရာကို ဆက်ခံခဲ့သည်။ ၎င်း(တမန်တော် စုလိုင်မာန်)က- အို---လူအပေါင်းတို့ ငါတို့သည်ငှက်တို့၏ဘာသာစကားကိုသင်ကြားပေးခြင်းခံခဲ့ရ၏။
.
မုချဧကန် ဤသည် အမှန်ပင်ထင်ရှားလှစွာသောကျေးဇူးတော်ပင်ဖြစ်သည်-ဟုပြောကြားခဲ့လေသည်။ထို့အပြင် စုလိုင်မာန်အဖို့ သူ၏တပ်များသည် ဂျင်န်(မမြင်ရသောဖန်ဆင်း ခံများ)၊ လူများနှင့် ငှက်များဖြင့် စုစည်းစေခြင်းခံခဲ့ရ၏။ ၎င်းတို့သည် အဆင့်အတန်းအလိုက် အစီAစဉ်တကျ စီတန်းစေခြင်း ခံခဲ့ကြရ၏။ ၎င်း(တပ်)တို့သည် ပုရွက်ဆိတ်တောင်ကြားသို့ ရောက်ရှိခဲ့သောအခါပုရွက်ဆိတ်တစ်ကောင်က“အို-ပုရွက်ဆိတ်အပေါင်းတို့၊မိမိ၏တွင်းများထဲသို့ဝင်ရောက်ကြကုန်လော့။ စုလိုင်မာန်နှင့် သူ၏တပ်တို့သည် အသင်တို့အား မသိဘဲတက်နင်းမိကြလိမ့်မည်” ဟု ပြောကြားခဲ့လေသည်။ ထိုအခါ ၎င်း(တမန်တော် စုလိုင်မာန်)သည် ထိုပုရွက်ဆိတ်၏ စကားကြောင့် ပြုံးရယ်ခဲ့လေသည်။“အို---ကျွန်တော်မျိုး အားပြုစုပျိုးထောင်တော်မူသော အရှင်မြတ်၊ ကျွန်တော်မျိုးနှင့် ကျွန်တော်မျိုး၏မိဘနှစ်ပါး အပေါ်အရှင်ပြုတော်မူခဲ့သောစည်းစိမ်ချမ်းသာနှင့် စပ်လျဉ်း၍ကျွန်တော်မျိုးအားကျေးဇူးသိတတ်စေတော်မူပါ။အရှင်မြတ်နှစ်မြို့တော်မူသည့် ကောင်းမြတ်သော အကျင့်များ ကိုလည်း ဆောက်တည်နိုင်စွမ်း ပေးသနားတော်မူပါ။ထို့အပြင် အရှင်မြတ်၏ ကရုဏာတော် ဖြင့် ကျွန်တော်မျိုးအား အရှင်မြတ်၏သူတော်စင်အစေတော်တို့တွင် ၀င်ရောက်ပါဝင်ခွင့် ပေးသနားတော်မူပါ။” (ကုရ်အာန် ၊ ၂၇း၁၆-၁၉)
.
မန်သွိက် - သတ္တ၀ါအချင်းချင်း ဆက်သွယ်သောအခါအချင်းချင်း ဆက်သွယ်သောစကား တစ်ခုဖေါ်ပြတဲ့ အာယသ်လမ်းညွှန်တော်အရတမန်တော်စုလိုင်မာန်(အလိုင်)ရဲ့တပ်ထဲမှာဂျင်န်လို့ခေါ်တဲ့ အခိုးမဲ့မီးနဲ့ ဖန်ဆင်းခံထားရတဲ့သူတွေ၊ မြေနဲ့ဖန်ဆင်းခံထားရတဲ့ လူသား တွေ၊ လေပေါ်မှာပျံသန်းသွားလာနိုင်ကြတဲ့ ငှက်သတ္တ၀ါတွေပါဝင်ခဲ့ပါတယ်။ ဒီအပြင် ကုရ်အာန် (၃၄း၁၂-၁၄)အရ တမန်တော်စုလိုင်မာန်ဟာ လေကိုလည်း နိုင်တယ်။ကြေးနီကိုလည်း နိုင်တယ် စသည်ဖြင့် ဖေါ်ပြထားပါတယ်။ လူအပါအ၀င် သတ္တ၀ါတွေအချင်းချင်း သက်ဆိုင်ရာသဘာဝအလိုက် ဆက်သွယ်ပြောဆိုမှုတွေရှိနေတယ်ဆိုတာကို လွန်ခဲ့တဲ့နှစ်ပေါင်း(၁၄၀၀)ကျော်ကတည်းကဖန်ဆင်းရှင်က ကုရ်အာန်ထဲမှာ ဖေါ်ပြထားပြီးဖြစ်ပါတယ်။
တမန်တော်စုလိုင်မာန်သည် “မန်သွိက်” ကိုနားလည်ခြင်းသိပ္ပံပညာကောင်းစွာမထွန်းကားခင်ကတိရစ္ဆာန်တွေစကားနားလည်တယ်ဆိုတာပုံပြင်ဒဏ္ဍာရီလိုပဲလက်ခံခဲ့ကြတာပါ။ လက်တွေ့မှာ လက်မခံနိုင်ခဲ့ကြပါဘူး။ ဒါကြောင့် အချို့ ပုဂ္ဂိုလ်တွေက တမန်တော်စုလိုင်မာန်ဟာပုရွက်ဆိတ်မလေးရဲ့စကားကိုကြားပြီးသဘောကျလွန်းလို့ပြုံးရယ်သွားတယ်ဆိုတဲ့ကုရ်အာန်ရဲ့ဖေါ်ပြချက်ကို တိုက်ရိုက်လက်မခံနိုင်တဲ့အတွက် ပုရွက်ဆိတ်တောင်ကြားဆိုတာပုရွတ်ဆိတ်သတ္တ၀ါတွေကိုပြောတာမဟုတ်ဘူး။ ပုရွက်ဆိတ် (နမလ်) လို့အမည်ရှိတဲ့ လူမျိုးစုတွေ နေတဲ့တောင်ကြားကို ဆိုလိုတာပါဆိုပြီးတောင် ဖွင့်ဆိုခဲ့ကြ ပါတယ်။
.
ဒါပေမယ့် အခုအခါမှာတော့ သတ္တ၀ါတွေ၊သစ်ပင်တွေအချင်းချင်းဆက်သွယ်တဲ့စနစ် တွေကို သိပ္ပံပညာကရှာဖွေတွေ့ရှိသွားပြီဖြစ်ပါတယ်။
သစ်ပင်တွေ၊တိရစ္ဆာန်တွေဟာလူသားလိုပဲသက်ရှိဖြစ်ပါတယ်။
သူတို့ရဲ့ခန္ဓာကိုယ်တွေကို ဆဲလ်၊ကလပ်စည်းတွေနဲ့ဖွဲ့စည်းတည် ဆောက်ထားကြပါတယ်။ သစ်ပင်တွေဟာမရွေ့လျားနိုင်တဲ့ သက်ရှိဖြစ်လို့ သူတို့ကို ဖန်ဆင်းရှင်က အစိမ်းရောင်(ကလိုရိုဖီး) တွေပေးထားပြီး သူရှိတဲ့နေရာမှာ ရေ၊မြေ၊ လေ၊ မီး သဘာဝတွေကို စုပ်ယူပြီး အစာချက်နိုင်ကြပါတယ်။ သတ္တ၀ါတွေကတော့ ရွေ့လျားနိုင်ကြပါ တယ်။ သူတို့မှာလူသားလို ၀ိညာဉ် (Soul)နဲ့ ဆင်ခြင်တုံတရား(Reason)၊ Aသိဥာဏ် (Intellect)၊ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့် (Free-will) မရှိကြပါဘူး။ သူတို့မှာ သဘာဝအသိ (Instinct) သာရှိကြပါတယ်။ အဲဒီသဘာဝအသိနဲ့ ဖန်ဆင်းရှင်အလ္လာဟ် ထုတ်ပြန်ပို့ချတဲ့ ၀ဟီ လမ်းညွှန်ကို တစ်သွေမတိန်း လိုက်နာ ကျင့်သုံးနေကြတဲ့အတွက် အစ္စလာမ်သာသနာကို ကျင့်သုံးနေခြင်းပဲ ဖြစ်ပါတယ်။
ဒါကြောင့် အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်က သစ်ပင်တွေ၊ သတ္တ၀ါတွေကို ဥာဏ်မျက်စိနဲ့ကြည့်တတ်ရင် ဖန်ဆင်းရှင်အလ္လာဟ်ရဲ့သက်သေလက္ခဏာတွေကို တွေ့နိုင်မှာဖြစ်ကြောင်းသွန်သင်ထားခြင်းပဲဖြစ်ပါတယ်။
သစ်ပင်နဲ့ တိရစ္ဆာန်တွေဟာသက်ရှိဖြစ်ပေမယ့် ဆင်ခြင်တုံတရားနဲ့ လွတ်လပ်စွာရွေးချယ်ပြုပိုင်ခွင့်မရှိကြလို့ သူတို့မှာ ကုသိုလ်အကုသိုလ်ဆိုတာမရှိကြဘဲ ဂျန်နသ်(နိဗ္ဗာန်)နဲ့ ငရဲဆိုတာလည်းသူတို့အတွက် မရှိကြပါဘူး။
.
ပုရွက်ဆိတ်အချင်းချင်း ဆက်သွယ်သောဘာသာစကားခေတ်သစ်သိပ္ပံရဲ့သုတေသနများအရ ပုရွက်ဆိတ်တွေဟာ အချင်းချင်းပုရွက်ဆိတ်သဘာဝနဲ့အညီ စကားပြောရုံသာမကမကြာခဏ အစည်းအဝေးတောင်ကျင်းပကြကြောင်း တွေ့ရှိလာခဲ့ရပါတယ်။ တစ်ကောင် နဲ့တစ်ကောင် ဆက်သွယ်ချင်ရင် မိမိရဲ့အာရုံခံအတံနဲ့ ကျန်တစ်ကောင်ရဲ့ခေါင်းကို ပုတ်လိုက်ပါတယ်။ သူတို့ တွေဟာ ဓါတုဗေဒနည်း၊ ထိတွေ့မှု၊ အသံ၊ အနံ့၊ အမြင်စတဲ့နည်းတွေနှင့် အချင်းချင်းဆက်သွယ်စကားပြောလေ့ရှိကြပါတယ်။
.
ဒီ့အပြင် ပုရွက်ဆိတ်တွေဟာသူတို့ရဲ့ခန္ဓာကိုယ်ကို ပုရွက်ဆိတ်အိမ် တစ်စိတ်တစ်ပိုင်းကို ပုတ်ခတ်ပြီး အသံတွေကိုလည်း ဆင့်ပြန်နိုင်ကြပါသေးတယ်။ သူတို့အစာကို ရှာတွေ့ရင် သူတိုနောက်မှာဓါတု ပစ္စည်းနဲ့ပြုလုပ်ထားတဲ့ အရာတစ်ခုတန်းလန်းချကြပါတယ်။ ဖေရိမုန်းစ်(Pheromones) လို့ခေါ်ပါတယ်။ ကျန်ပုရွက်ဆိတ်တွေက မိမိတို့ရဲ့ အာရုံခံအတံ(antenna) တွေကို အသုံးပြုပြီးအဲဒီလမ်းကြောင်းအတိုင်း နောက် ကလိုက်သွားကြခြင်းဖြစ်ပါတယ်။
.
အခုဆိုရင် ပုရွက်ဆိတ်လောကနဲ့ ပတ်သက်တဲ့ အချက်အလက်များစွာတွေ့ရှိ နေပြီဖြစ်ပါတယ်။ ထူးခြားတာတွေက ပုရွက်ဆိတ်အမျိုးပေါင်း(း၈၀၀၀)လောက်ရှိတယ်။ အရွယ်အားဖြင့် (၀.၀၈) လက်မကနေ၂လက်မအထိ ရှိတတ်ကြပါတယ်။ မိမိခန္ဓာကိုယ်ထက်အဆ(၂၀)ကျော်လေးတဲ့အလေးချိန်ကို မနိုင်ကြတယ်။ သူတို့ဟာအလွန်သန့်ရှင်းကြတယ်။ သူတို့ရဲ့အာရုံခံအတံ (antenna)ကို သန့်ရှင်းဖို့ သူတို့ခြေထောက်လေးတွေကို သုံးကြတယ်။ သူတို့မှာရေမွှေးလို ထူးခြားတဲ့အနံ့တစ်မျိုးရှိကြတယ်။ ပုရွက်ဆိတ်ဘုရင်မကဥတွေဥချလိုက်ရင် ပုရွက်ဆိတ်အလုပ်သမားတွေက ဥတွေကိုပါးစပ်က ကိုက်ချီပြီး နွေးထွေးလုံခြုံတဲ့ အထူးခန်းမှာ သွားထားကြတယ်။
.
ရန်သူလာရင်လည်း သွားပြီးကာကွယ်ပေးကြတယ်။ ကြီးမားတဲ့အစောင့်ပုရွက်ဆိတ် တွေရဲ့တာဝန်ကတော့ ပုရွက်အိမ်ကို ပတ်ချာလှည့်ပြီးကာကွယ်ဖို့ပါပဲ။ ပုရွက်ဆိတ်တပ်ကတော့ ပုရွက်ဆိတ်အုံ တစ်ခုမှာအကြာကြီးမနေကြပါဘူး။ စစ်သားတွေလိုလိုင်းစီပြီးချီတက်သွားတတ်ကြပါတယ်။ ပုရွက်ဆိတ် အကောင် တစ်သိန်းခွဲလောက်အထိ ပါဝင်နိုင်ပါတယ်။ ပုရွက်ဆိတ်သေသွားရင်လည်း မြုပ်နှံလေ့ရှိကြပါတယ်။ အထူးသဖြင့် အလုပ်တာဝန်ခွဲဝေမှုစနစ်ကို အံ့ဖွယ်တွေ့မြင်ရပါတယ်။ မန်နေဂျာတွေ၊ကြီးကြပ်သူတွေ၊ အလုပ်သမားခေါင်းဆောင်တွေနဲ့ အလုပ်သမားတွေသဘောပါပဲ။ အချင်းချင်းလည်း “Chat” စကားပြောလေ့ ရှိကြပါတယ်။ ပစ္စည်းလဲလှယ်တဲ့ ဈေးသဘောမျိုးလည်း ရှိကြပါတယ်။ ဆောင်းတွင်းမှာ သစ်စေးတွေကို သိုလှောင်လေ့ ရှိကြပါတယ်။ ဒီသစ်စေးတွေစိုစွတ်လာရင် နေရောင်ထဲထုတ်ပြီး ခြောက်သွေ့အောင် လုပ်ပေးလေ့လည်းရှိကြပါတယ်။ လမ်းပိတ်တာကိုမနှစ်သက်ဘဲအခြားလမ်းများ ရှာသွားလေ့ရှိပါတယ်။ဒီအချက်တွေဟာ ဖန်ဆင်းရှင်အလ္လာဟ်ရဲ့ ကုရ်အာန်ကျမ်းမြတ်ရဲ့ အံ့ဖွယ်ထူးခြားချက်တွေကို ဖေါ်ညွှန်းနေခြင်းပဲဖြစ်ပါတယ်။
.
ကျေးဇူးသိတတ်ခြင်းတမန်တော်ကြီးစုလိုင်မာန်(အလိုင်)ပုရွက်ဆိတ်မလေးရဲ့စကားကိုကြားတော့ ၀မ်းသာအားရ ပြုံးရယ်ပြီးအနှိုင်းမဲ့ကိုးကွယ်ရာကို ဆင်ခြင်သတိရခဲ့ပါတယ်။ အထူးသဖြင့် ကျေးဇူးတရားသိတတ်ပြီးအလ္လာဟ် အပေါ်မှာတာဝန်ကျေတဲ့သူတစ်ယောက်ဖြစ်ဖို့ နှလုံးသွင်းခဲ့ပါတယ်။ ကိုယ့်မှာရှိတဲ့အရည်အချင်းတွေကို မောက်မာမှုအတွက်မသုံးဘဲအမှန်တရားနဲ့ တရားမျှတမှုအတွက် အသုံးချနိုင်အောင် ကြိုးစားရမှာဖြစ်ပါတယ်။ ဒါပေမယ့် ကျေးဇူးတရားနဲ့ အမှန်တရားယှဉ်လာရင် အမှန်တရားကို ဦးစားပေးရမှာဖြစ်ပါတယ်။ မိဘနဲ့ဆရာစကားကို အလေးထားဆောင်ရွက်ရမှာဖြစ်ပေမယ့် သူတို့တွေရဲ့စကားဟာ အလ္လာဟ်နဲ့ တမန်တော်ရဲ့ စကားနဲ့ ဆန့်ကျင်နေရင်တော့ လိုက်နာဖို့တာဝန်မရှိပါဘူး။ ယဉ်ကျေးစွာပြန်ရှင်းပြဖို့လိုပါတယ်။
.
လူသားတိုင်းဟာဖန်ဆင်းရှင်အလ္လာဟ်ရှေ့မှာစစ်ဆေးခံကြရမှာဖြစ်ပါတယ်။
အနှစ်ချုပ်ကတော့ အလ္လာဟ်ရဲ့လမ်းညွှန် ကုရ်အာန် ကျမ်းကိုမှတ်ကျောက်တင်ပြီးတမန်တော်မုဟမ္မ(ဒ်) (ဆွ)ရဲ့စံနမူနဲ့အညီကျင့်သုံးကြဖို့ တမန်တော် ကြီး စုလိုင်မာန်ရဲ့ ဆုဒုအာကို နှလုံးသွင်းကြဖို့ နှိုးဆော်လိုက်ပါတယ်။
.
အလ်ဟာဂ်ျ မုဖ်သီ ဦးမြင့်သိန်း (ငြိမ်းချမ်းလုလင်)

Thursday, February 18, 2010

ဆွစ်ဇာလန်မှ မီနာရသ် ပိတ်ပင်ရေး နှိုးဆော်ခဲ့သူနိုင်ငံရေးသမား အစ္စလာမ်ဘာသာ ကူးပြောင်း

ဆွစ်ဇာလန်နိုင်ငံတွင် အစ္စလာမ် တရားဟောစင်မြင့်များ ဆောက်လုပ်ခွင့် ပိတ်ပင်ရန် အဓိက နှိုးဆော်ခဲ့သူ ထင်ရှားကျော်ကြားသည့် နိုင်ငံရေးသမား တစ်ဦးသည် ယခုအခါ အစ္စလာမ် ဘာသာဝင်အဖြစ် ခံယူလိုက်ကြောင်း သိရသည်။ ဆွစ်ဇာလန်၏ အကြီးမားဆုံး နိုင်ငံရေးပါတီတစ်ခုလည်းဖြစ်သော အတိုက်အခံ ဆွစ်ပြည်သူ့ပါတီ (SVP) မှ ဩဇာကြီးမားသော နိုင်ငံရေးသမား တစ်ဦးဖြစ်သူ ဒင်နီ ရယ်လ်စထရစ်ခ်ျ (Daniel Streich) သည် SVP မှ ဦးဆောင်စည်းရုံးသည့် အစ္စလာမ် တရားဟောစင်မြင့်များ တည်ဆောက်ခွင့် ပိတ်ပင်ရေး ဥပဒေကို အတည်ပြုနိုင်အောင် အဓိက ကြီးမှူးနှိုးဆော်ခဲ့သူလည်းဖြစ်သည်။

ယမန်နှစ်က ယင်းဥပဒေကို အတည်ပြု ပြဌာန်းလိုက်ပြီးနောက် နိုဝင်ဘာလတွင် စထရစ်ခ်ျသည် SVP မှ နှုတ်ထွက်လာခဲ့ပြီး ယင်း၏ နိုင်ငံရေးပါတီဟောင်းက အစ္စလာမ် ဘာသာရေးအား အဓိက အတိုက်အခံ ပြုလုပ်နေခြင်းအား စတင်ဆန့်ကျင်လာခဲ့သည်။ စထရစ်ခ်ျက မိမိသည် SVPနှင့်အတူ ယင်းဥပဒေကို အတည်ပြုနိုင်အောင် ကြိုးပမ်းခဲ့မှုများအတွက် နောင်တရလာမိကြောင်းလည်း ပြောကြားခဲ့သည်။ “ကနဦး အဆိုတင်သွင်းမှု အောင်မြင်သွားတာနဲ့ ဒီဥပဒေ အတည်ဖြစ်လာဖို့ သေချာနေပြီဆိုတာ ကျွန်တော်သဘောပေါက်ခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ကျွန်တော်ဟာ နက်နက်နဲနဲ ခံစားမှုတစ်ခု ၀င်လာခဲ့ပါတယ်။ ကျွန်တော်ဟာ နိုင်ငံရေးသမားတစ်ယောက်အဖြစ် နှစ်ပေါင်း (၃၀)ကျော် ကျင်လည်ခဲ့တာပါ။ ဒါပေမယ့် အစ္စလာမ်ဘာသာဝင်တွေရဲ့ ယုံကြည်ကိုးကွယ်မှုကို ဆွစ်ဇာလန်မှာ ဖိနှိပ်မှုတွေဖြစ်လာအောင် လုပ်ခဲ့မိပါပြီ”ဟု စထရစ်ခ်ျကဆိုသည်။ ယင်းသည် ယခင်က ခရစ်ယာန် ဘာသာဝင်တစ်ဦး ဖြစ်ခဲ့ပြီး ဆွစ်တပ်မတော်၏ ညွှန်ကြားရေးမှူး တစ်ဦးလည်းဖြစ်သည်။

ယခုအခါတွင်တော့ စထရစ်ခ်ျသည် ကုရ်အာန်ကျမ်းစာနှင့် အစ္စလာမ် အဆုံးအမများကို စနစ်တကျ လေ့လာသင်ယူပြီးနောက် ၎င်း၏ယုံကြည်ကိုးကွယ်မှုကို အစ္စလာမ်ဘာသာရေးအတွက် အပြည့်အ၀ စိတ်နှစ်ကာ မြှုပ်နှံလိုက်ပြီဖြစ်သည်။ “အစ္စလာမ်ဘာသာဟာ ကျွန်တော့်အတွက်တော့ ဘ၀မှာ ကြုံရမယ့် မေးခွန်းတွေကို လက်တွေ့ကျကျ အဖြေပေးခဲ့ပါတယ်။ အမှန်ပြောရရင် ဒီလိုအဖြေမျိုးတွေကို ခရစ်ယာန်ဘာသာမှာ ကျွန်တော်လုံးဝ မတွေ့ခဲ့ဖူးပါဘူး”ဟု စထရစ်ခ်ျက ၀န်ခံခဲ့သည်။ စထရစ်ခ်ျသည် ယခုအခါ ဘာသာရေး ကိုင်းရှိုင်းလှသည့် အစ္စလာမ် ဘာသာဝင်တစ်ဦး ဖြစ်လာပြီး ဗလီသို့ နေ့စဉ်သွားရောက်ကာ ကုရ်အာန်ကျမ်းမြတ်ကို တစ်နေ့(၅)ကြိမ် ရွတ်ဖတ်ပူဇော်လျက်ရှိသည်။ SVP ပါတီကမူ စထရစ်ခ်ျ အစ္စလာမ်ဘာသာဝင်အဖြစ်သို့ ကူးပြောင်းခံယူသွားခြင်းအတွက် စိုးရိမ်မိကြောင်း ကြေညာထားခဲ့သည်။

Ref : ww.hikmah.info

Friday, February 12, 2010

Tree of Prophets of Allah (SWT)

Please click the pictures to see clearly.

Thursday, February 11, 2010

Life Sketch of Muhammad (S.A.W)

1. HOLY NAMES
Muhammad
Ahmed
Hamid
Mahmood
Mahi
Hashir
Aaqib
.
2. HOLY BIRTH
- Islamic Dates/Day/Time/Place
12th or 9th Rabbi-ul-awal, Monday, Early in the morning (before sun rise) at Holy MAKKAH or
- English date/year
17th June 569. A.D or
- Hindi date date/year
1st of jaaith 3672 kul jug or
- Other Dates 1st year of elephant. (on40thday after elephant event) 2675th year to Prophet Noah's flood 2585th year to Prophet Ibrahimi year.
.
3. DEATH
12th Rabbi-ul-awwal 11 hijrah, 23 Nabvi, 8th June, 632 A.D, At the time of chast (after sun rise) In Madina munawwarah In the house of Bibi Ayesha R.A. Burried in the house of bibi Aysha R.A Grave exactly where died in the room.
.
4. LIFE SPAN
Total Life Span 63 years +0 month+4days+6 hours or total 22330 days or total 535924 hours. Stay in Holy Makkah - 53 years. Stay in Holy Madina - 10 years.
.
5. UNCLES
Total uncles - 9
Syedna Hamza R.A & Syedna Abbas R.A
Aabu Talib, Abu Lahab, Zubair, Maqoom, Zarrar, Haris & Mugheera
.
6. AUNTS
Total Aunts - 6
Syeda Safia R.A,
Um-e-Hakeem Baiza (Grandmother of Syedna Usman R.A), Aroohi, Ateka, Barrah, Amemmah
.
7. EVENTS BEFORE VAHEE
a) Death of Father Abdullah Bin Mutalib------------Before Holy Birth
b) Death of Mother Bibi Amena----------------------- 6th year after Birth
c) Death of Grand Father Abu Mutalib----------- 8th year after Birth
d) First business trip towards Syria------------- 13th year after Birth
e) Participation- Harb-e-Fajar (battle for Kabba hurmat )15th year Birth
f) Second business trip (with Mehsraslave of Bibi Khateeja R. A) 23rd year Birth
g) Wedding with Syeda Khateeja R.A ---------------25th year after Birth
h) Resolved tribe conflicts (fixing of Hajr-e-Asvad) 35th year after Birth
i) Starting to go to Cave Hira --------------------------36th year after Birth
j) Beginning to ascend Vahee------------------------40th year after Birth
.
9. SONS
Total Sons - 3
1. Syedna QASIM from Khateeja.R.A
2. Syedna Abdullah (Tayab, Tahir) from Khateeja R.A
3. Syedna Ibraheem from Maria Qubtia R.A All the sons died in their child hood, first 2 are burried in Jannat-ul-Moalla Makkah and Last one is in Jannat-ul-Baqqi Madina.
.
10. DAUGHTERS - 4 Daughters
1. Syeda Zainab R.A. married with Abual Bin Aas Bin Rabbi
2. Syeda Ruqayyia R.A married with Syedna Usman Bin Affan
3. Syeda Um-e-Kulsoom married
4. Syeda Fatima ZUHRA married with Syedna Ali Bin Abi Talib All daughters were from Um-ul-Momeneen Syeda Khatija R. A. All daughters except Syeda Fatima died in Prophets' life. All daughters burried in Jannat-ul-Baqi Madina.

The Prophet's Last Sermon
In the Name of Allah, the Most Gracious, the Most Merciful This sermon was delivered on the ninth day of Dhul Hijah, 10 A.H. (632 A.D.) in the valley of Mount Arafat .

"O People, lend me an attentive ear, for I know not whether, after this year, I shall ever be amongst you again. Therefore, listen to what I am saying to you very carefully and take these words to those who could not be present today.

O People, just as you regard this month, this day, this city as sacred, so regard the life and property of every Muslim as a sacred trust. Return the goods entrusted to you to their rightful owners. Hurt no one so that no one may hurt you. Remember that you will indeed meet your Lord, and that He will indeed reckon your deeds. Allah has forbidden you to take interest, therefore, all interest obligations shall henceforth be waived. Your capital, however, is yours to keep. You will neither inflict nor suffer inequity. Allah has judged that there shall be no interest and that all interest due to Abbas bin Abdul-Muttalib (the prophet's uncle) shall henceforth be waived.

Every right arising out of homicide in pre-Islamic days is henceforth waived and the first such right I waive is that arising from the murder of Rabiyah bin Al-Harith (relative of the prophet). O Men, the unbelievers indulge in tampering with the calendar in order to make permissible that which Allah forbade, and to forbid that which Allah had made permissible. With Allah the months are twelve; four of them are holy; three of these are successive and one occurs singly between the months of Jumadah and Shaaban. Beware of Satan, for the safety of your religion. He has lost all hope that he will ever be able to lead you astray in big things, so beware of following him in small things.

O People, it is true that you have certain right with regard to your women, but they also have rights over you. If they abide by your right then to them belongs the right to be fed and clothed in kindness. Do treat your women well and be kind to them for they are your partners and committed helpers. And it is your right that they do not make friends with any one of whom you do not approve, as well as never commit adultery.

O People, listen to me in earnest, worship Allah, say your five daily prayers, fast during the month of Ramadhan, and give your wealth in zakat. Perform Hajj if you can afford to. All mankind is from Adam and Eve, an Arab has no superiority over a non-Arab, nor a non-Arab has any superiority over an Arab; also a white has no superiority over a black, nor a black has any superiority over white except by piety and good action. Learn that every Muslim is the brother of another Muslim, and that Muslims constitute one brotherhood. Nothing shall be legitimate to a Muslim which belongs to a fellow Muslim unless it was given freely and willingly. Do not, therefore, do injustice to your selves.
Remember, one day you will appear before Allah and answer for your deeds. So beware, do not stray from the path of righteousness after I am gone.

O People, no prophet or apostle will come after me and no new faith will be born. Reason well, therefore, O People, and understand my words which I convey to you. I leave behind me two things, the Quran and my example, the Sunnah, and if you follow these you will never go astray.
All those who listen to me shall pass on my words to others, and those to others again; and may the last ones understand my words better that those who listen to me directly. Be my witness O Allah, that I have conveyed Your message to Your people."

Please keep forwarding this "Hadith" to all ... Because
the Prophet (sallallaahu alayhi wa sallam) said:
"Pass on knowledge from me even if it is only one Verse".

.
**Special thanks to Bashir Nuckchady and aunty Daw La' La' Myint.

Sunday, February 7, 2010

Mother

Mother
Always There,
Wallahi you are
There and Here,
Never stops,
Never gives,
Never First,
Until...Until Her Heart Finds Rest.
Verliy Beloved Are You,
Thinking of me as first,
Never stops,
until i got satisfied.
They can denie.
But I AM A LIVING PROOF
You are trully unlike dad.
My Mother.
O My mother.
Always first
May The Mercy Of Allah Rain Upon You.
LOVE YOU.
More will come InshaAllah.
Ref : http://www.islamicpoem.com/?q=node/375

Saturday, February 6, 2010

(ခဲဘွယ်ဘောဇဉ်ကဏ္ဍ) နှင့် E code များ

အအူသို့၊ ဗစ်လ္လာဟေ့၊ မေနတ်ရှ် - ရှိုင်တွာန်နစ်ရ် ရဂျီးမ်။
ဗစ်စ် မစ်လ္လာ၊ ဟစ်ရ် ရဟ်မာ၊ နစ်ရ်-ရဟီးမ်။

ဧကန်စင်စစ်အလ္လာဟ်အသျှင်မြတ်သည် သက်ဝင်ယုံကြည်ပြီး ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ကြကုန်သောသူတို့ အားအကြင်ဥယာဉ်များသို့ဝင်ရောက်စေတော်မူမည်။ ထိုဥယာဉ်များအောက်မှ စမ်းရေချောင်းများသည် စီးတွေလျက်ရှိကြပေမည်။ (ကုရ်အာန် ၂၂:၁၄)

စင်စစ်အသင်တို့ရှေ့ဝယ်ဖတ်ကြားဖော်ပြပြီးဖြစ်သောတိရစ္ဆာန် များမှတစ်ပါး ကျန်ခြေလေးချောင်းတိရစ္ဆာန် များကိုအသင်တို့အဖို့ (ဟလာလ်) တရားဝင်စားသုံးခွင့်ပြုပြီးဖြစ်ချေသည်။ သို့ဖြစ်ပေရာ ဆင်းတုများတည်းဟူသော အညစ်အကျေးမှရှောင်ရှားကြလေကုန်။ (ကုရ်အာန် ၂၂:၃၀)

အို မုအ်မင်န်သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့သည် မိမိတို့ထားရှိလေသောပဋိညာဉ်ကတိဝန်ခံချက်များအတိုင်း လိုက်နာဆောင်ရွက်ကြလေကုန်။ လာလတ္တံ့သော မုက္ခပါဌ်တော်၌အသင်တို့အားကြားနာစေအံ့သော အရာများမှအပ (ကုလားအုတ်၊ ကျွဲ၊ နွား၊ သိုး၊ ဆိတ် ကဲ့သို့သော) ခြေလေးချောင်းရှိသော တိရစ္ဆာန်တို့သည်ကားအသင်တို့အဖို့ '' ဟလာလ် '' ဟူ၍စားသုံးခွင့်ပြုထားပြီးဖြစ်ချေသတည်း။ (ကုရ်အာန် ၅:၁)

အလိုအလျောက်သေသော တိရစ္ဆာန်သည်၎င်း၊ သွေးသည်၎င်း၊ ဝက်တိရစ္ဆာန်၏အသားသည်၎င်း၊ အလ္လာဟ်အသျှင်မြတ်မှတစ်ပါး အခြားကိုရည်စူးထားသောတိရစ္ဆာန်သည်၎င်း၊ လည်မျို (ညှစ်၍ဖြစ်စေ၊ လိမ်၍ဖြစ်စေ) သေရသော တိရစ္ဆာန်သည်၎င်း၊ ရိုက်နှက်၍ဖြစ်စေ၊ ထိခိုက်၍ဖြစ်စေသေသော တိရစ္ဆာန်သည်၎င်း၊ မြင့်ရာမှကျ၍သေသော တိရစ္ဆာန်သည်၎င်း၊ ဦးချိုဖြင့်ဝှေ့ခတ်ခြင်းခံရ၍သေသော တိရစ္ဆာန်သည်၎င်း၊ (အသက်မထွက်မီ တရားတော်နှင့်အညီ) အသင်တို့ ဇဗ်ဟ် လှီးဖြတ်နိုင်ခဲ့သောတိရစ္ဆာန်များမှအပ သားရဲတိရစ္ဆာန်များကိုက်ဖြတ်ထားသော တိရစ္ဆာန်သည်၎င်း၊ အသင်တို့အပေါ်၌ ဟရာမ် ဟူ၍တားမြစ်ထားပြီးဖြစ်လေသည်။ ရုပ်ပွါးဆင်းတုများထားရှိရာဌာနများတွင် ပူဇော်ရန်လှီးဖြတ်ထားသည့် တိရစ္ဆာန်များ၎င်း၊ မဲမြှားတို့ဖြင့် အသင်တို့ဝေစုဝေပုံ ခွဲထားသည်တို့ကို၎င်း အသင်တို့စားသုံးခြင်းမပြုကြရန် ဟရာမ် တားမြစ်ထားပြီးဖြစ်ချေသည်။ (ကုရ်အာန် ၅:၃)

အို မုအ်မင်န်သက်ဝင်ယုံကြည်သူအပေါင်းတို့ မုချဧကန် သေစာအရက်သည်၎င်း၊ လောင်းတမ်းကစားခြင်းသည်၎င်း၊ ရုတ်ထု၊ ဆင်းထု အစရှိသည့် အရာများသည်၎င်း၊ မြှား (ဖြင့်ကံစမ်းခြင်း) သည်၎င်းအလွန်ဆိုးရွား ညှစ်ညမ်းလှသော အမှူကိစ္စများ ရှိုင်တွာန် အပြုအမူများသာ ဖြစ်၏။ သို့ဖြစ်ပေရာ အသင်တို့သည် ထို ဆိုးရွားညှစ်ညမ်းလှသော အရာကိုရှောင်ကြည်ကြကုန်လော့။ သို့မှသာလျှင်အသင်တို့အောင်မြင်ကြပေမည်။ (ကုရ်အာန် ၅:၉၀)

မုချဧကန် ရှိုင်တွာန် မိစ္ဆာကောင်သည် သေစာအရက် (ကိုသောက်စားခြင်း) ဖြင့်၎င်း၊ လောင်းတမ်းကစားစေခြင်းဖြင့်၎င်း၊ အသင်တို့၏စပ်ကြားဝယ် ရန်ငြိုးပွါးမှူကို၎င်း၊ မုန်းတီးမှူကို၎င်း၊ ဖန်တီးရန်နှင့်အသင်တို့ကို အလ္လာဟ်အသျှင်မြတ်အားအောက်မေ့သတိရခြင်းမှ၎င်း၊ ဆွလာတ် ဝတ်ပြုခြင်းမှ၎င်း ပိတ်ပင်တားဆီးရန်သာလျှင် ကြံစည်လျက်ရှိလေ၏။ သို့ဖြစ်ပေရာ အသင်တို့သည် သေစာအရက်သောက်စားခြင်းနှင့် လောင်းတမ်းကစားခြင်းမှ ရပ်စဲကြပါမည်လော။ (ကုရ်အာန် ၅:၉၁)

''ဟလာလ် '' တရားဝင်စားသုံးခွင့်ပြုထားသောအစားအသောက်၊ '' ဟရာမ် '' တရားတော်မှခွင့်မပြုသောအစားအသောက်၊ Mushbooh (သို့) မာက်ရူ သည် ဟလာလ် (သို့) ဟရာမ် မသေချာသောအစားအသောက်ဖြစ်ပါသည်။ ဥရောပနိုင်ငံများ၌ မုန့် ၊ သကြားလုံး၊ ဂျယ်လီ၊ ဆေး နှင့် အစားအသောက်များတွင်ပါဝင်သောအရာများကို Ingredients နေရာတွင် E code များနှင့်ဖော်ပြထားပါသည်။ ဥရောပနိုင်ငံများတွင်နေထိုင်ကြသောမွတ်စ်လင်မ်များ နှင့် ဥရောပမှတင်သွင်းသော အစားအသောက်များ/ဆေးများ တွင် ဟလာလ်နှင့်ဟရာမ် ကိုကောင်းစွာခွဲချားနိုင်ပြီးစိတ်သန့်သန့်နှင့် ဟလာလ် စားသုံးနိုင်ရန် E codes information များကို http://special.worldofislam.info/Food/numbers.html မှကောက်နှုတ်၍အောက်တွင်ဖော်ပြလိုက်ပါသည်။မေတ္တာရှေ့ထားလျှက်။

FOOD INGREDIENT NUMBERS:
(E-numbers)
http://islam-yaungche.blogspot.com/search/label/%E1%80%9F%E1%80%9C%E1%80%AC%E1%80%9C%E1%80%B9%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7%E1%80%9F%E1%80%9B%E1%80%AC%E1%80%99%E1%80%B9

Monday, February 1, 2010

Your love is my energy

Stay close my heart
to fill up confidence
Show me the reality
to stand in rights place
Guide me to speak
to spread your words
Give me a brave heart
to challenge liars
Stretch my time
to serve oness
Protect me from fire
to taste the stream of honey
in your garden.
........
Allah s.w.t. says in Surah Al-Baqarah verse 195
But do good; for Allah loves those who do good.”
.
Allah s.w.t. also says in Surah Al-A'raaf verse 56:
“for the Mercy of Allah is (always) near to those who do good.”