---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Friday, August 19, 2011

ကုရ်အာန်လာ ကောင်းမြတ်သော အကျင့် သီလ ရှိသူ

အရှေ့အရပ်ဘက်သို့ လည်းကောင်း၊ အနောက်အရပ်ဘက်သို့ လည်းကောင်း
မျက်နှာမူခြင်းသည် အသင်တို့ အဖို့  ကောင်းမြတ်သော အကျင့်သီလ မဟုတ်သေးပေ ။

ကောင်းမြတ်သော သီလရှိသူ(သီလဝန် ဂုဏဝန်) ဟူသည်ကား အလ္လာဟ်အရှင်မြတ်ကို၎င်း၊ နောက်ဆုံးနေ့ ကို၎င်း၊ ကောင်းကင်တမန်များကို၎င်း၊ ကျန်းဂန်များကို ၎င်း၊ နဗီတမန်တော်များကို၎င်း ယုံကြည်မြတ်နိုးသော သူများပင်တည်း ။

၎င်းပြင် ယင်းသူတို့ သည် မိမိတို့ ၏ ဥစ္စာပစ္စည်းများကို စုံမက်နှစ်သက်ပါလျက်နှင့်ပင် ဆွေမျိုးညာတကာများအား၎င်း၊ မိသက်ဆိုး ဘသက်ဆိုးများအား၎င်း၊ သူဖုန်းစားများအား၎င်း၊ ကျေးကျွန်များကိုကျွန်ဘဝမှလွတ်မြောက်စေရာတွင်၎င်း

ပေးကမ်းလှူဒါန်းစွန့် ကြဲကြ၏

ထို့ ပြင်ယင်းသူတို့ သည် ဆွလားတ် ဝတ်ပြုကြ၏ ။

ဇကားသ် ဒါနကြေးကိုလည်း ပေးလှူကြ၏ ။

တစ်ဖန် ယင်းသူတို့ သည် ကတိပြုသောအခါတွင် မိမိတို့ ၏ ပဋိညာဉ် ကတိခံဝန်ချက်များကို အတည်ပြုကြ၏ ။ ဆင်းရဲဒုက္ခ ကျရောက်သည့် အခါတွင်၎င်း၊ ရောဂါဘယ ဖိစီးသည့်အခါတွင်၎င်း ၊ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်သည့် အခါတွင်၎င်း သည်းခံခြင်း ခန္တီစပါရမီ ကို ခိုင်ခန့် စွာ စောင့်စည်းကြ၏ ။

ထိုတရားလမ်းစဉ် များကို လိုက်နာ ကျင့်သုံးသော သူမွန်သူမြတ်တို့ သည်သာလျှင်သစ္စာဝါဒီများ ဖြစ်ကြကုန်၏ ။ ထိုသူမွန်သူမြတ်များ သာလျှင် အလ္လာဟ်အရှင်ကို ကြောက်ရွံ့ ရိုသေ မြတ်နိုးသော သီလဝန် ဂုဏဝန် များ ဖြစ်ကြကုန်၏ ။

ကျမ်းမြတ်ကုရ်အာန်း ( 2း 177 )

ပို့စ်တင်သူ IYS ဝိုင်းတော်သား Ko Zaw Zaw အားကျေးဇူးတင်ပါသည်။
Ref : Islam Yaungche Society (IYS) Group

Thursday, August 18, 2011

Tuesday, August 16, 2011

ဒိုအာတောင်းဆုတော်အဖြာဖြာ

(၁)မြင့်မြတ်သော သေခြင်းတရားရရှိရန်ကျင့်စဉ်
အကြင်သူသည် အောက်ပါတောင်းဆုတော်အား နေ့စဉ်များစွာရွတ်ဖတ်လျှင် ဒီန်းသာသနာအပေါ် တည်တံ့နိုင်စွမ်းရရှိပြီး မြင့်မြတ်သောသေခြင်းတရားရရှိမည်။ ( မစ်ရှ်ကားသ်)

ယင်းဒိုအာမှာ-
“ ယာဟိုင်ယု ယာကိုင်ယူမု ဗိရဟ်မသိက အပ်စ်သဂီဆု”

(၂)တောင်းဆိုမှုများ လက်ခံကဗူးလ်ဖြစ်စေရန်
အကြင်သူသည် အောက်ပါဒိုအာကို ရွတ်ဖတ်ပြီး လိုအပ်သမျှကို တောင်းခံပါက အလ္လာဟ်အရှင်မြတ်သည် ဧကန်မုချ ၄င်း၏တောင်းဆိုမှုများကို လက်ခံပါလိမ့်မည်။ (သစ်ရ်မီဇီ)

ယင်းဒိုအာမှာ-
“ လာအိလာဟ အစ်လ္လာအန်းသ စွဗ်ဟာနက အင်န္နီကွန်းသု မိနပ်ဇ်ဇွာလေမီးန်”

(၃)ဟဂ်ျနှင့် ရည်ရွယ်ချက်များပြည့်မြောက်စေရန်
အကြင်သူသည် အောက်ပါတောင်းဆုတော်ကို ရွတ်ဖတ်နေလေ့ရှိသော် ဟဂ်ျနှင့် မိမိ၏ရည်ရွယ်ချက်များအားလုံး
ပြည့်မြောက်မှု ရရှိပေမည်။

ယင်းဒိုအာမှာ-
“ လာအိလာဟ အစ်လ္လလ္လာဟွလ် ဖသ်သာဟွလ် အလီမွလ် ကရီဗွလ် မန္နားန်”

(၄)ရောဂါပေါင်း(၉၉)ပါး၏ဆေး
အကြင်သူသည် အောက်ပါကလေမာဟ်တော်အား နေ့စဉ်ကြိမ်ဖန်များစွာ ရွတ်ဆိုနေလေ့ရှိသော် လောကီနှင့်တမလွန်ဆိုင်ရာ ရောဂါပေါင်း(၉၉)ပါး၏ ဆေးသဖွယ်ဖြစ်မည်။(မစ်ရှ်ကာသ်ကျမ်း)

ယင်းဒိုအာမှာ-
“လာဟောင်လ ၀လာကုဝသ အစ်လ္လာဗစ်လ္လာဟ်”

(၅)အီမာန်နှင့်တကွ ကွယ်လွန်နိုင်စေရန်
အကြင်သူသည် အောက်ပါဒိုအာကို နမာဇ်ဝတ်ပြုပြီးတိုင်း အလေ့အထပြု ဖတ်ရွတ်လေ့ရှိသော် အင်ရှာအလ္လာဟ် အီမာန်နှင့်တကွ ကွယ်လွန်နိုင်ပေမည်။

ယင်းဒိုအာမှာ-
“ရဗ္ဗနာ လာသုဇစ်ဂ် ကုလူဗနာ ဗအ်ဒ အစ်ဇ်ဟဒိုင်သနာ ၀ဟဗ်လနာ မိလ်လ္လဒွန်က ရဟ်မသာန် အင်န္နက အန်းသလ်ဝဟ်ဟာဗ်”


(၆)ဂျဟန္နမ်ငရဲမှ လွတ်မြောက်ရန်
အောက်ပါတောင်းဆုတော်အား ဖရဇ်သ်ဆွလာသ် ၀တ်ပြုပြီးတိုင်း (၇)ကြိမ်စီရွတ်ဖတ်ခဲ့သော် အင်ရှာအလ္လာဟ် အလ္လာအရှင်မြတ်သည် ထိုသူ့အား ဂျဟန္နမ်ငရဲမှ လွတ်ကင်းစေတော်မူမည်။

“ အလ္လာဟွမ္မ အဂျီရ်နီ မိနန်းနာရ်”
.
ပို့စ်တင်သူ IYS ဝိုင်းတော်သား Sister Jasmine Shafee အားကျေးဇူးတင်ပါသည်။
Ref : Islam Yaungche Society (IYS) Group

လောကုတ္တရာ၏ ရိက္ခာ

.
ဟဇရသ်ဟစန်ဘဆွရီသခင်က မိန့်ခဲ့တယ်။
လေးခုသောအရာက လောကုတ္တရာရဲ့ ရိက္ခာဖြစ်ပါတယ်။

၁။ နမားဇ် (နမားဇ်ဟာ ပြီးပြည့်စုံတဲ့ ခ၀ပ်မှုဖြစ်ပြီး အလ္လာဟ်အရှင်မြတ်နဲ့ နီးစပ်ဖို့ အကောင်းဆုံးသော အကြောင်းခံပါ)

၂။ ရိုဇာဟ်ဥပုတ် (ခန္ဒာကိုယ်ကျန်းမာရေးထက် စိတ်ကျန်းမာရေးအတွက် ဆေးတစ်လက်ပါပဲ)

၃။ ဆွဒ်ကာဟ်အလှူဒါန (လူသားနဲ့ ငရဲမီးအကြား အကာအကွယ်ဖြစ်စေပြီး အလ္လာဟ်အရှင်မြတ်ရဲ့ အမျက်ကို ပြေစေတဲ့အရာဖြစ်ပါတယ်)

၎။ အရှင်မြတ်ကိုကြောက်ရွံ့မှုကြောင့်​ ကျတဲ့မျက်ရည် (အရှင်မြတ်ကျေနပ်နှစ်သက်ဖို့နဲ့​ ကျူးလွန်မိတဲ့ ဒုစရိုက်တွေ ခွင့်လွှတ်ခြင်းခံရစေဖို့ အကောင်းဆုံးအကြောင်းခံပါပဲ၊ မျက်ရည်တစ်စက်ပဲ ဖြစ်နေဦးတော့ အဖိုးထိုက်လှပါတယ်)

Ma Mei

Ref : Islam Yaungche Society (IYS) Group
Ref : google

Sunday, August 14, 2011

အသစ်ထပ်မံရရှိသော ဟဂ်ျခရီးခွဲတမ်း ၁၂၀၀

အသစ်ထပ်မံရရှိသော ဟဂ်ျခရီးခွဲတမ်း ၁၂၀၀ အတွက် ဟဂ်ျခရီးသွားအကျိုးဆောင်လုပ်ငန်းကုမ္ပဏီများ

ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ ဟဂ်ျဝန်ကြီးဌာနသို့ လျှောက်ထားနိုင်ကြောင်း ကြေငြာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
...သာသနာရေးဝန်ကြီးဌာန
(ဝန်ကြီးရုံး)
ကြေညာချက်(၃/၂၀၁၁)
နေပြည်တော်၊ ၁၃၇၃ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက်
(၂၀၁၁ခုနှစ်၊ ဇွန်လ ၂၃ရက်)

၁။ သာသနာရေးဝန်ကြီးဌာနအပါအဝင် မူလဟဂ်ျအကျိုးဆောင်လုပ်ငန်းကုမ္ပ​ဏီများအတွက် ဟဂ်ျခွဲတမ်း ၃၈၀၀ ရရှိခဲ့ရာမှ ၂၀၁၁ခုနှစ်တွင် မြန်မာနိုင်ငံသားဟာဂျီလောင်းများသွားရောက်ရန် ဟဂ်ျခွဲတမ်း ၅၀၀၀ အထိတိုးမြှင့်ပေးမည်ဖြစ်သောကြော​င့် ယခုနှစ်အတွက် ဟဂ်ျခွဲတမ်း ၁၂၀၀ ပိုမိုရရှိမည်ဖြစ်ပါသည်။

၂။ ထို့ကြောင့် ၂၀၁၁ခုနှစ်၊ ဟဂ်ျဘုရားဖူးရာသီအတွက် ပိုမိုရရှိထားသော ဟဂ်ျခွဲတမ်း ၁၂၀၀ ကို မြန်မာနိုင်ငံရှိ မည်သည့်ဟဂ်ျခရီးသွားလုပ်ငန်းကုမ္ပဏီများမဆို အရေအတွက်ကန့်သတ်ချက်မရှိ ဆော်ဒီ အာရေးဗီးယားနိုင်ငံ၊ ဟဂ်ျဝန်ကြီးဌာနသို့ တိုက်ရိုက်လျှောက်ထားနိုင်ပြီး လျှောက်ထားမည့် ခရီးသွား ကုမ္ပဏီများအနေဖြင့် ဟာဂျီများခေါ်ဆောင်ခွင့်ပြုမိန့်​ကဒ်(မိုနာဇင်)ရရှိရေးကိုလည်း တစ်ပါတည်းရယူ ဆောင်ရွက်ရန်လိုအပ်ပါသည်။
၃။ သို့ဖြစ်ပါ၍ အသစ်ထပ်မံရရှိသောဟဂ်ျခွဲတမ်း ၁၂၀၀ အတွက်လျှောက်ထားလိုသော မည်သည့် ဟဂ်ျခရီးသွားကုမ္ပဏီများမဆို အရေအတွက်ကန့်သတ်ချက်မရှိ ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ ဟဂ်ျ ဝန်ကြီးဌာနသို့ ဟဂ်ျသွားရောက်ရမည့်အချိန်ကာလအမီ​ အချိန်တွက်ချက်၍ လျှောက်လွှာများပေးပို့ လျှောက်ထားနိုင်ပါကြောင်း ကြေညာအပ်ပါသည်။

Ref : Myanmar Religious Affairs, Myanmar Religious, Affairs

ပို့စ်တင်သူ IYS ဝိုင်းတော်သား Sister Salma Lwin အားကျေးဇူးတင်ပါသည်။
Ref : Islam Yaungche Society (IYS) Group

Islam Yaungche Ramadan Calenders

For Yangon

For KL. Malaysia

For Taiwan

For Jeddah, Saudi Arabai
For Göteborg, Sweden


Ref : Islam Yaungche Society (IYS) Group.

Friday, August 12, 2011

လွှာညီ အထပ်ထပ် ပေါင်းစုကာချည် မြတ်ဆွီယာမ်ဆီ

အိဗာဒသ်သည် အရဘီစကားဖြစ်၏။ ကျိုးနွံနာခံသည်ဟု အဓိပ္ပါယ်ရသည်။ မကောင်းမှု ရှောင်သော ကောင်းမှု ဆောင်သော ကျင့်မှုချက် အားလုံးတို့သည် အစ္စလာမ့် အယူအဆအရ
အိဗာဒသ် ဖြစ်သည်။ ဥပမာဆိုရသော် ညစ်ညမ်းသော စကား၊ များမှ ရှောင်ရှားခြင်း၊ မုသား
...ဆိုခြင်း၊ အငြိုးထား ခြင်း၊မနာလိုဝန်တိုခြင်း ၊သေရည်သေရက် သောက်စားခြင်း၊ တရားမ
ဝင် ကာမကျူးလွန်ခြင်း ၊ မိဘအား မခြေမငံ့ပြောခြင်း စသည့် မကောင်းမှု များကို
ရှောင်ရှား ခြင်းသည် လည်း အိဗာဒသ် ဖြစ်သည်။ ထို့အတူ မိဘမဲ့များ နွမ်းပါးသူ များ
အား စောင့်ရှောက်ပေး ကမ်းခြင်း၊ မိဘ အားပြုစု လုပ်ကျွေးခြင်း၊ တရား သဖြင့်
စီးပွားရှာဖွေခြင်း၊ အစ္စလာမ့်အကျိုးအတွက် ပညာ ဆည်းပူးခြင်း အိမ် ထောင်ပြုခြင်း
စသည့် ကောင်းမှု အဖုံဖုံ ဆောင်ရွက်ခြင်း သည်လည်း အိဗာဒသ် ဖြစ် သည်။

လောကီဆန်သည်ဟုထင်မှတ်ထားသော လမ်းပေါ် ရှိ ဆူးညှောက်ခလုပ် များ ဖယ်ရှားခြင်း၊
လမ်း ပျောက် သူကို လမ်းရှာ ပေးခြင်း၊ ဇနီးသည်နှင့် ကောင်းမွန်စွာ ဆက်ဆံခြင်း ၊
အပြုံချိုချို ထားရှိခြင်း၊ တို့သည်လည်း အိဗာဒသ် များဖြစ်ကြသည်။
ချုပ်၍ဆိုရလျှင် ပြုမူချက်တိုင်းပြုမူချက်တိုင်း​၌ အလ္လဟ် အရှင်မြတ်
နှစ်သက်သဘောတူ ရန် ရည်ရွယ် ၍ အစ္စလာမ့် စနစ်ဇယား အတိုင်း ကျင့်သုံးနေထိုင်
သွားခြင်း ကို အိဗာဒသ် ဟုခေါ်ဆိုပါသည်။၃

ဘ၀တစ်လျှောက်လုံးအားံ အစ္စလာမ့်စနစ်ဇယားနှင့် အညီ ပြုမူနေထိုင်နိုင် ရန်အတွက်
အလ္လဟ် အရှင်မြတ်က ဆွလာဟ် ၊ဆွီယာမ်၊ ဇကားသ်၊ ဟဂ်ျ တို့ကို မပြုမနေရတာဝန် ပင်မ
အိဗာဒသ် အဖြစ် သတ်မှတ်ထား ပါ သည်။ မွတ်စလင်များ နေ့စဉ် ၀တ်ပြု ရသော ငါးကြိမ်
ဆွလာသ် တာဝန် ပြီး နောက်တွင် တစ်နှစ်တွင် ရမသွာန်လကျရောက်တိုင်း ဆွီယာမ် ဥပုသ်
သီလ စောင့် ထိန်း ကြရ သည်။ ရမသွာန်လမြတ် တွင် အာရုဏ်ဦး အစပြုကာ နေ၀င်ချိန် ထိ
တိုင် အစားအသောက် ၊လိင်မှုကိစ္စ မှ ရှောင်ရှား ရပါသည်။ မည်မျှပင် ဆာလောင် မွတ်သိပ
်နေပါစေ ၊မည်မျှပင် စိတ်ပြင်းပြနေပါစေ ထမင်းတလုပ်၊ ရေတစ်စက် ပင်ပါးစပ်ထဲသို့
ထည့်သွင်း ခွင့် မရှိချေ။ အာရုံနစ်မူး စေသည့် အခြင်း အရာ များကို
လုပ်ခွင့်မရှိချေ။ ဤသို့သော စည်းကမ်း ချက် များစွာနှင့် သတ်မှတ်ထားသော မြတ်
ဆွီယာမ် ဥပုသ်ကို တင်းပြည့် စောင့်ထိန်းနိုင် ရေးမှာ အခြားသူများ၏
အမြင်အရဆိုလျှင် အတော်ပင် ခက် ခဲ လှသော ကျင့်ကြံမှု တစ်ခုဖြစ်သည်။ သို့သော်ငြား
သန်းရာချီသော မွတ်စလင်တိုသည့် ဤမျှ ခက်ခဲ ပင်ပန်းသော တာဝန်တစ်ရပ်ကို အ လွယ် တကူ
လိုလိုလားလား နှင့် ကျင့်သုံး လိုက်နာ နိုင်ကြ ပါ သည်။ ဤသို့ စွမ်းဆောင်နိုင်
သည်မှာ အဘယ်ကြောင့် ပါနည်း ။ စေ့စေ့တွေးကြည့် မည်ဆိုလျှင် သောင် ဟီဒ် ဆိုသော
အလ္လဟ် အရှင်မြတ် တစ်ပါးတည်းကိုသာ ယုံကြည်မှု ကြောင့် ဟုသာ အဖြေရ ပါသည်။

ရမသွာန်တစ်လလုံး စည်းမျဉ်းစည်းကမ်း များနှင့် အညီ ကျင့်ကြံနေထိုင်ရာခြင်းဖြင့်
တစ်နှစ် ပတ်လုံး အလ္လဟ်အရှင်မြတ် လိုလာသော ဘ၀နေဟန်ကို အလွယ်တကူကျင့်သုံး
နိုင်မှာဖြစ် ပါသည်။ ရှေ့တန်း မထွက်ခင် စခန်းသွင်း လေ့ကျင့် သင်တန်း တက်ခြင်း
ဟု နာလည်းမိပါသည်။ သို့မှသာ ခက်ခဲကြမ်းတမ်း လှ သော လူဘ၀၏ စိန်ခေါ်ချက် အထွေထွေ
ကို အစ္စလာမ်စနစ်ဇယားဖြင့် ကျော် လွှာ ဖြေရှင်းနိုင်မည်ဖြစ်သည်။
စိတ်ဓါတ်ကြံခိုင်ခြင်း၊ ကိုယ်ချင်း စာတက်ခြင်း၊ အချိန်လေး စား တက်ခြင်း၊
နိုးကြားတက်ကြွခြင်း၊ ညီအရင်း အစ်ကိုစိတ်ဓါတ်၊ ခန္တီးတရား၊ နှင့်အမိန့်နာခံ
တက်ခြင်း စသည့် ဘ၀တန်ဖိုးများ ကို ရမသွာန်က တပြိုင်နက် တည်း ပေးစွမ်းနိုင်
ပါသည်။ အထူးသဖြင့်မ ညီမျှမှုများ ထူပြောရာ ကမ္ဘာကြီးတွင် အလွန်းအမင်း တောင်းတ
နေသည့်် သာတူညီမျှခြင်း သဘောကို ဤရမသွာန်က ဆောင်ကြဉ်း ပေးပါသည်။

*အမြင့်မြတ်ဆုံးသော ကောင်းမှုတော်*

*
*
*အို မုအ်မင်န် ယုံကြည်သူအပေါင်းတို့ အလ္လဟ်အရှင်မြတ် သည် အသင် တို့ထက် အလျှင်
ရှိခဲ့ကြသော သူတို့အပေါ်ဝယ် ဥပုသ်သီးတင်း ဆောက်တည်ရန် ပညတ်တော် မူသကဲ့သို့ပင်
အသင်တို့အပေါ်၌ လည်း ဥပုသ်သီးတင်း ဆောက်တည်ရန် အမိန့်တော် ကို ပြဌာန်း အတည်ပြု
မူခဲ့လေပြီ။သို့(ဥပုသ် သီးတင်း ဆောက်တည် )မှသာ အသင်တို့သည် ပြစ်မှု ဒုစရိုက်
တို့မှ ကြဉ်ရှောင် သူများဖြစ်တန်ရာ၏။ကုရ်အာန်ကျမ်း​မြတ် ၂း၁၈၃၁ ၁
*

ရှေးယခင် လူ့အဖွဲ့အစည်းများတွင် မှာ ဆွီယာမ် တာဝန် ထမ်းဆောင်ရန် အမိန့်တာဝန်
ပေးခဲ့ကြောင်း အခြားသော ဘာသာတရားများ၏ ဥပုသ်သီလ က အပြစ်ကြွေးများ အတွက်
ပေးဆပ်ဖြစ်သော်လည်း မွတ်စလင်များအတွက် မူ ဆွီယာမ် ဥပုသ်သီလ သည် သက္က၀ါ
ဖွံဖြိုးစေ ရန် ဖြစ်ကြောင်း အထက်ပါ အာယသ်တော်မှာ ဖေါ်ပြထားပါသည်။ အလ္လဟ်အရှင်မြတ်
အပေါ်ထားရှိသည့် သက္က၀ါ ဆိုသော အလ္လဟ်အရှင်မြတ် အား သိစိတ်ဖြင့် ကြောက် ချစ်စိတ် က
မွန်မြတ် ကောင်း မွန်သော လုပ်ရပ် များကို ကျင့်ကြံတက်ခြင်း ၊ မကောင်းမှု
အထွေထွေးကို ရှောင်ကြဉ် တက်ခြင်း စသော အရည်အသွေး များကို ဖြစ်ထွန်း လာစေပါသည်။

ကောင်းမြတ်သောပြုမူ ဆောက်တည်ရေးတွင် လက်မနှေးကြသော ဆွဟာဗာ သာဝကတော်ကြီး များ က
ကောင်းမှုများ နှင့် ပတ်သက်၍ မည်သည်က အကောင်း ဆုံး ကျင့်ဆောင်မှု ဖြစ်ပါသနည်းဟု
တမန်တော်မြတ်ကြီး (ဆွ) ထံ မေး လျှောက် ကြသည်။ ထိုအခါ တမန်တော်မြတ်ကြီး က
ဆွီယာမ် ဥပုသ်သီလ ဆောက် တည်ခြင်းဖြစ် ကြောင်း၊ ယင်းဆွီယာမ် နှင့် တူညီသော
အရာမရှိ ကြောင်း ဖြေကြားခဲ့ပါသည်။(နစာအီ)၂

မွတ်စလင် တို့အား ဖရဇ်တာဝန်အဖြစ် ပြဌာန်းထား သော ဆွီယာမ်ဥပုသ် တွင် လည်း
အထပ်ထပ် နှောင်ပိုး ထားသော အလွှာများရှိပါသည်။ ဆွီယာမ်၏ ၀ိသေ သ လက္ခဏာထူးကို
သရုပ်ခွဲ ကြည့်မည်ဆိုလျှင်….

၁)ထုံးတမ်းစည်းမျဉ်း အလွှာ
၂)ရုပ်ကာယ အလွှာ
၃)ကာမဆန္ဒ အလွှာ
၎) စိတ်ခံစားမှု အလွှာ
၅) စိတ္တ အလွှာ
၆) နာမ်ဝိဥာဏ် အလွှာ များရှိကြသည်။ ၎

ဤ အလွှာ ၆လွှာ တို့သည် အလ္လဟ်အရှင်မြတ် လက်ခံတော်မူသည့် ဆွီယာမ် ၌ ပါရှိသော
ဝိသေထူး များဖြစ်ကြ သည်။ ဆွီယာမ်၏ အနှစ်သာရကို ဤအ လွှာ ၆ခု ကဖေါ်ကျူးနေပါသည်။

*ထုံးတမ်းစည်းမျဉ်း အလွှာ*

*
*

ဤအလွှာ၌ ဆွီယာမ် တာဝန်ကျေပွန်နိုင်ရန် သတ်မှတ်ပြဌာန်းထားသော အခြေခံ စည်းမျဉ်း
များဖြစ် သော မိုးသောက်ချိန်မှ နေ၀င်ချိန်အကြားတွင် အစား အသောက်ရှောင
်ကြဉ်ခြင်း၊ လိင်မှု ကိစ္စ ရှောင်ကြဉ်ခြင်း နှင့် တစ်နှစ်တွင် ၁လ ရမသွာန် လ
ဆွီယာမ်ဥပုသ် စောင့်ထိန်း ခြင်း တို့ ပါဝင် သည်။ ဆွီယာမ်၏ မြင့်မားသော
နာမ်ပိုင်းဟန် အနှစ်သာရ များ ပါဝင်ခြင်းမရှိပဲ အစ္စလာမ့် ဥပဒေအရ သတ်မှတ် ထားသော
ဆွီယာမ် ဆောက်တည်ခြင်း အထမြောက်နိုင်ရန် နယ်နမိတ် မျဉ်းဆန်ဆန်
စည်းကမ်းချက်များဖြင့် သတ် မှတ်ထားသည်။ အခြားသော ဆွီယာမ် အလွှာများ
နှင့်ပေါင်းစပ်နိုင်ခြင်း မရှိပဲ ထုံးတမ်းနည်းနာအရ သတ်မှတ်ထားသော ဆွီယာမ်
့ကိုသာ လိုက်နာ ကျင့်သုံးသူသည် အလ္လဟ်အရှင်မြတ်၏ အမိန့်တော် တစ်ခု ကို
ကျေပွန်သည်မှတပါး ဥာဏ်စင် ဖွံဖြိုးမှုများ ရရှိမည်မ ဟုတ်ချေ။

*ရုပ်ကာယ အလွှာ*

*
*

ဆွီယာမ်၏ ရုပ်ကာယအဆင့် တွင် ဆွီယာမ်စောင့်ထိန်းသူက တမန်တော်မြတ်ကြီး ၏ စွန္နဟ်
အတိုင်း ဆောက်တည်မည် ဆိုလျှင် ဆာလောင်မွတ်သိပ်ခြင်း ၊ ရေငတ် မွတ်ခြင်း
များဖြစ်ပေါ်ပါသည်။ တမန်တော်မြတ်ကြီး (ဆွ)သည် ဆဲဟ်ရီ ချိန်တွင် အနည်းငယ်မျှသော
အစာကို သာ သုံးဆောင် လေ့ ရှိပြီး အိဖ်တာရ် တွင်လည်း အစာအိမ်ပြည့်တင်းအောင်
စားသုံးတော်မမူချေ။ တမန်တော်မြတ် က ဗိုက်ပြည့် တင်း အောင်စားသုံးခြင်ကို
မနှစ်သက် ကြောင်း၊ အစာအိမ်၏ သုံးပုံ အနက် တစ်ပုံကို အစာ အတွက်၊ တစ်ပုံကို
ရေအတွက် ၊ ထားရှိရန် မိန့်ဆိုထား သည်။ (အိဗနေမာဂျဟ်)၂

တမန်တော်မြတ် ကြီးသည် စွန်ပလွံသီးအခြောက် အနည်းငယ် ၊ရေ တခွက်ဖြင့်
မဂ်ရီဘ်ဆွလာသ် မတိုင်မီ အိဖ်တာရ် လုပ်လေ့ရှိပါသည်။ ဆွီယာမ် စောင့်ထိန်း သူ အား
ဆာလောင်မွတ် သိပ်ခြင်း ၊ရေငတ်မွတ်ခြင်း ကိုခံစားစေခြင်းဖြင့် အငတ်ဘေး နှင့်
ရင်ဆိုင်နေရသော သန်းပေါင်းများ စွာသော ကမ္ဘာသူ ကမ္ဘာသားများ အပေါ် ကို
ကိုယ်ချင်းစာ စိတ် ကို ဤအလွှာက ဖြစ်ထွန်းစေပါသည်။

အချို့ သူတို့ သည် အိဖ်တာ၊ ဆဲဟ်ရီ အချိန် တို့တွင် မို့မို့မောက်မောက်
သုံးဆောင် သည်။ သို့ဖြင့် ၄င်းသူ၏ ဆွီယာမ်သည် သက်တောင့်သက်သာ ဖြစ်လှ သည်။
ရမသွာန် တစ်လလုံး၌ မည်သို့သော ဆာလောင်မွတ်သိပ်မှု ကိုမျှ မခံစားရ၍ ဤရုပ်ကာယ
အလွှာက ပေးသော ဆွီယာမ် အနှစ်သာရကို မရရှိကြ ပေ။ ထို့ပြင် ဆွီယာမ်၏ အခြားသော
အလွှာများသို့လည်း မတက်လှမ်းကြ သဖြင့် သူတို့ ၏ ဆွီ ယာမ်ဥပုသ်သည်
အစာငတ်ခံနေခြင်း ထက်မပိုတော့ပေ။ဤ အချက်ကို တမန်တော်မြတ် မုဟမ္မဒ် (ဆွ) က
၎င်းသူတို့၏ ဆွီယာမ် သည် ဆာ လောင်ခြင်း ရေငတ်ခြင်းများခံစားရရုံ မှတပါး အခြား
အရာ များရရှိ မည်မဟုတ်ဟု မိန့်ကြားခဲ့ ပါသည်။ (အိဗနိမာဂျဟ်)၂

*ကာမဆန္ဒအလွှာ*

*
*

ဤအလွှာက လိင်အာရုံနှင့် ကာမဆန္ဒ တို့ကို ထိန်းချုပ်နိုင်ခြင်းကို ထပ်ဟပ်ပါ သည်။
လိင်ဆွဲဆောင်မှုများ နှင့်ပြည် နှက်နေသော အဆက်မပြတ် လှုံ့ဆော် လျက်နေသော
မီဒီယာများ၊ ပတ်ဝန်ကျင် အ သိုင်း အ၀ိုင်း များ အလယ်တွင် ကာမ စိတ်ရိုင်းအား
ချုပ်တည်းနိုင်ရေး တွင် ဤအလွှာက အထိ ရောက် ဆုံး စွမ်း ဆောင်နိုင်ပါ သည်။
ဆွီယာမ်က လိင်စိတ် ဆန္ဒကို လျော့ကျစေသဖြင့် စိတ်ရိုင်း အား နိုးကြွစေ သော
မည်သည့် လှုံ့ဆော် ကိုမဆို ဆွီယာမ်စောင့်ထိန်းသူ က အလွယ်တကူ ရှောင်တိမ်းနိုင်
ပါသည်။ တမန်တော်မြတ်ကြီး (ဆွ)က မျက်လုံး ၊ အင်္ဂါများ ဟရာမ်အမှု မှ ရှောင်ရှား
နိုင်ရေးအတွက် လက်ထပ် ထိမ်းမြား နိုင်စွမ်းရှိပါ က လက်ထပ်ကြရန်
တိုက်တွန်းထားပြီး အကယ်၍ မတက်စွမ်း ပါက ဒိုင်းသ ဖွယ်ဖြစ်သော ဆွီယာမ်ဥပုသ်သီလ
ကို စောင့်ထိန်ကြရန် မိန့်တော်မူခဲ့သည်။ (ဗုခါရီ)၂
ဖဂျရ်မတိုင်ခင်ချိန် ကာလမှ မဂ်ရိဘ်အချိန် အကြားကာလ (ဆွီယာမ် စောင့်ထိန်းချိန် )
အတွင်း လိင်မှု ရေးရာ မှရှောင်ရှား နိုင်ခြင်းဖြင့် ဟရာမ် တရားမ၀င်သော
လိင်မှုကိစ္စ များ ရှောင်ရှားရန် ပို၍ ပင် လွယ် ကူလာ ပေသည်။

*စိတ်ခံစားမှုအလွှာ*

*
*

လူ့စိတ်နှလုံးနှင့်ရူဟ် ၀ိဥာဏ်တို့ အပေါ် ညှိုးနွမ်းစေသော ဒေါသ မောဟ စသည့်
စိတ်ခံစားချက်များ အား ထိန်းချုပ်ခြင်းကို ဤအလွှာက ဖေါ်ဆောင် ပါသည်။ ဆွီယာမ်ဥပုသ်
သည် ဆိုးဝါးသော စိတ်ခံစား ချက်များ ကနေ ကင်းဝေး စေပါ သည်။ တမန်တော်မြတ်ကြီး
မုဟမ္မဒ်(ဆွ)က ဆွီယာမ်စောင့်ထိန်းပါက အလဟ ဿ အချည်းအနှီး လုပ်ရပ်၊
စကားပြောဆိုခြင်း များ ကနေရှောင်ရှား သင့်ကြောင်း၊ အကယ်၍ တစ်ဦး တစ်ယောက် က
စက်ဆုတ်ဖွယ် ကောင်းသော စကား ပြောဆို ဆွေးနွေး လာပါက “ကျွန်တော် ဆွီယာမ် ဥပုသ်
စောင့်ထိန်းထားသည် ”ဟု ၄င်း အား တုန့်ပြန်ပြော သင့်ကြောင်း
မိန်မှာခဲ့သည်။(ဗုခါရီ)၂ ထို့ကြောင့် ဆွီယာမ် စောင့်ထိန်း သူအား အကျိုး
ယုတ်စေသော မနာလိုဝန်တိုခြင်း၊ မာန ထောင် လွှာခြင်း ၊ကြွားဝါတက်ခြင်၊ စကားပြော
ဆိုကြမ်း တမ်းခြင်း ၊ ဒေါသ ထွက်ခြင်း၊ စိတ် ရှုပ် ထွေးခြင်းစသော မရှိသင့်
မရှိအပ်သော စိတ်ခံစားချက် များ ဤအလွှာ က ရှောင် လွဲပေး ပါသည်။

*စိတ္တအလွှာ*

*
*

ဆွီယာမ်စောင့်ထိန်းသူ အနေဖြင့် ရှိုင်တွာန် လိုလားသော လောဘစိတ် စေးနှဲ တွန့်တို
စိတ်စသော စိတ်ရိုင်းများအား ကျော်လွှား ထိန်းချုပ်နိုင်မည့် နည်း လမ်းများ ကို
ဤအလွှာက လမ်းပြပေးသည်။ တမန်တော်မြတ်ကြီး မုဟမ္မဒ်(ဆွ) က မိန်တော်မူခဲ့သည်။
အလ္လဟ်အရှင်မြတ်သည် ဆွီယာမ် စောင့် ထိန်း စဉ်အတွင်း ၌ပင် လိမ်လည်မုသာပြောခြင်း၊
လုပ်ဆောင်ခြင်းများကို မရှောင်တိမ်းနိုင် သူတစ် ဦး ၏ ဆွီယာမ်ကြောင့် ခံစားရသော
ဆာလောင်မွတ်သိပ်ခြင်း၊ ရေငတ်ခြင်းတို့ကို အလ္လဟ်အရှင်မြတ် အလိုရှိ
တော်မမူ(ဗုခါရီကျမ်း) ၂

တတိုင်းရ ဖြစ်နေသော ပတ်ဝန်းကျင်း၌ လိုအပ်ချက် ဆန္ဒများ ပေါ်ထွန်း လာသည့်
အခါတိုင်း ချက်ခြင်း နီးပါးပင် မိမိတို့ ဖြည့်တင်း ခဲ့ကြသည်။ ရေဆာလာပါက ရေ
သန့်ဗူးဖြင့် တစ်ဖုံ ၊ မောဟိုက်လာပါက အားဖြည့် အချိုရည်ဖြင့် တစ်သွယ် ဆာ လောင်
လာပါ ကအစားကောင်းတို့ ဖြင့်တစ်နည်း ချက်ခြင်း ဆိုသ လို့ မိမိတို့ တောင်း တသော
စိတ်အာသီသ ခန္ဓာကိုယ် အာသီသတို့ကို ပြည့်အောင် ဖြည့် တင်း ခဲ့ကြ သည်။ သို့ သော်
ဆွီယာမ် စောင့်ထိန်းစဉ်အတွင် ၄င်း ဆန္ဒတို့ကို ဆိုင်းငံ့စောင့်ဆိုင်း ထားနေခြင်း
က အလွန် ရတောင့် ရခဲသော အရည်အချင်း တစ်ရပ်ပင်ဖြစ်သည်။ ထိုကြောင့် ဆွီယာမ်ဥပုသ်
ကနေ ခန္တီး တရား တန်ဖိုး နှင့် ၄င်း၏ အကျိုးဖြစ်ထွန်းမှုများကှို နားလည်
သိရှိစေပါသည်။ စိတ္တဗေဒ ရှုထောင့် အရ ဆိုလျှင် ရုပ် ၀တ္ထုများ ပြည့်လျှံနေသော
၊အတောမသတ်သော ဆန္ဒ များကို မွေးဖွား ပေးနေသော ကမ္ဘာကြီး နှင့် ဝေးရာသို့
အတိုင်းအတာ တစ်ခုအထိ ရှောင်ခွာ လာနိုင်ခြင်း ဟု ဆိုနိုင်ပါသည်။ ရုပ်ဝတ္ထု အသပြာ
များ နှင့် သွန်းလောင်း ထားသော ခေတ်သစ် လူနေမှုစတိုင် အပေါ် ရမက်ထား လိုစိတ်ကို
ဤအလွှာ က ချိုးနှိမ်ပစ်ပါသည်။ လူတို့၏ စိတ်ကို အားအင်ခွန်းအား များ ပေးစွမ်း
သော အစား အ သောက် တို့ကို ဆွီယာမ်ဥပုသ် အတွင်း ရှောင်ကြဉ်နိုင်ခြင်းက မိမိတို့၏
စွမ်းဆောင်ရည် များ အပေါ် အစား အသောက် များ က လွှမ်းမိုး နေသည် ဟူသော
ထင်မြင်နေစိတ်ကို လျှော့ချ နိုင်ပါ သည်။

*နာမ် ၀ိညာဉ် အလွှာ*

*
*

ဆွီယာမ်၏ အမြင့်ဆုံးနှင့် အရေးကြီးဆုံးဖြစ်သော သက္က၀ါ ခေါ် အလ္လဟ် အရှင်မြတ် အား
သိစိတ်ဖြင့် ချစ်ကြောက်ခြင်းကို ဤအလွှာက ဖေါ်ကျူး ပါသည်။ ဆွီယာမ် ရည်စူးချက်
နေ့စဉ် ဆွီယာမ်မ စောင့် တည်မှီ မိမိရည်စူးချက်ကို အဖန်ဖန်တလဲလဲ ပြုလုပ်ရန်
လိုအပ်ပါသည်။ တမန်တော်မြတ်ကြီး က ဖဂျရ် မတိုင်ခင် ဆွီယာမ် စောင့်တည်ရန်
မရည်စူးခဲ့သော မည်သူမဆို ဆွီယာမ်ရရှိလိမ့် မည်မဟုတ် ( အဗူဒါဝူးဒ်ကျမ်း)၂
ဟုမိန့်ချွေခဲ့သည်။

နေ့စဉ် မိမိ၏ရည်စူးချက်ကို ပြန်လည်ဆန်းစစ်ခြင်းသည် ဆွီယာမ်ဥပုသ်သီလ၏
ရှင်းသန့်သော နာမ်ပိုင်း ဆိုင်ရာဖွံ့ဖြိုးရေး အတွက် စစ်မှန်သော အုတ်မြစ်ချနိုင်
ခြင်းဖြစ်သည်။ ပြစားမှုမပါ ဟန်ဆောင် မှု ကင်းသော ဆွီယာမ်ဥပုသ်ကို အလ္လဟ်
အရှင်မြတ် အတွက် ရည်ရွယ်ပြီး စောင့်ထိန်းမည် ဆို လျှင် အတိတ် က ကျူးလွန်ခဲ့
သောအပြစ် ဂိုနဟ်များကို အလ္လဟ်အရှင်မြတ်က ခွင့်လွတ်ပေလိမ့်မည်။ အလ္လဟ် အရှင်မြတ်
နှင့်နီးရာသို့ ရောက်ရှိစေမည်ဖြစ်သည်။ တမန်တော်မြတ်ကြီး က ရမသွာန်လမြတ် ရောက်လာ
သည့် အခါတိုင်း ကောင်းကင် ဂျန္နသ်ဥယျာဉ် ၏ တံခါးပေါက်များ ပွင့်နေကြောင်း
မိန့်တော် မူခဲ့သည်။ (ဗူခါရီကျမ်း) ၂

ဆွီယာမ်သည် လူသားနှင့် အလ္လဟ်အရှင်မြတ်အကြားက သီးသန့် အိဗာဒဟ် ဖြစ်သည်။
သီးသန့်ဖြစ် သော ဆွီယာမ်ဥပုသ်နှင့် ပတ်သက်၍ အလ္လဟ်အရှင်မြတ် က ဤသို့
မိန့်ကြားထားပါသည်။ ဆွီယာမ် ဥပုသ် စောင့်ထိန်းခြင်းမှ အပ အာဒမ်၏ သားမြေးများ၏
ပြုမူဆောက်တည်မှုတိုင်း သည် ၄င်းတို့ အ တွက် သာလျှင်ဖြစ် သည်။ ဆွီယာမ်သည်
ငါအလ္လဟ်အရှင်မြတ် အတွက်သာလျှင်ဖြစ်ပြီး ငါအ ရှင် ကိုယ် တော် တိုင် ဆွီယာမ်အတွက်
ချီးမြင့်တော်မူမည် (မုစ်စလင်ကျမ်း)၂ ဟု မိန့်ကြား တော်မူခဲ့ သည်။

*သက္က၀ါဖြစ်ထွန်းခြင်း*

*
*

မြတ်ဆွီယာမ်အား ရမသွာန် လ ၁ရက် ၂ရက် ရက် ၃၀ စသည် ဖြင့် မိမိတို့ က တိုင်းတာ
သတ်မှတ် ကြပါသည် ။ သို့သော်လည်း ဆွီယာမ် ၏ ပေးသော သက္က၀ါ ဖြစ်ထွန်းမှု ကိုတော့
ရမသွာန် တစ်လ တည်းဖြင့် မတိုင်းတာ နိုင်ပါချေ။ တစ်နှစ် တာ အတွင်း ပြုမူ
ကျင့်သုံးသော မိမိတို့၏ နေမှုဟန် ကို ထောက်ရှုခြင်း ဖြင့် သာ ဆွီယာမ်ကပေးသော
သက္က၀ါဖြစ်ထွန်းမှုကို တိုင်းတာ သတ်မှတ်နိုင် ပါလိမ့် မည်။
အဆောက်အအုံတစ်ခု တွင် အုတ်မြစ် အမိုး အကာ အခင်း နည်းပညာ တို့က မရှိမဖြစ်
သည့်နည်းတူ ဆွီယာမ်တွင်လည်း အထက်ပါ အလွှာ ၆လွှာ သည် မရှိမဖြစ် အရေးကြီး လှပါသည်။

ခိုင်မြဲ သော ၊ တောင်းတင်းသော အဆောက်အုံတစ်ခု ဖြစ်လာ ရေးတွင် အုတ်မြစ်၊ အမိုး
အကာ အခင်း ၊ဆောက် လုပ် သည့် နည်းပညာ တို့ကို စနစ်တကျ အသုံးချရန် အရေးပါသကဲ့သို့
ထုံးတမ်း စည်းမျဉ်း အ လွှာ၊ ရုပ်ကာယ အလွှာ ၊စိတ်ခံစားချက် အလွှာ၊ စိတ္တ အလွှာ
၊နာမ်ဝိညာဉ် အလွှာ အသီးသီး တို့က ဖေါ် ကျုး နေသော အနှစ်သာရများ ကို နှားလည်
ကျင့်သုံး မှသာ မိမိတို့စောင့် ထိန်း သော ဆွီယာမ် ဥပုသ် သည် အလ္လဟ် အရှင်မြတ်
ကိုယ်တော်တိုင် ချီးမြင့်မည့် ဆွီယာမ်၊ သက္က၀ါဖြစ်ထွန်းသော ဆွီယာမ် ဖြစ်လာ
ပါမည်။ ထိုဆွီယာမ်က ပင် ရမသွာန်တည်းဟူသော လတစ်လကို လွန်မြောက်ကာ တစ်နှစ်တာ
၊တစ်သတ် တာ ရှိ မိမိတို့၏ ဘ၀နေဟန်ကို အပြောင်းအလဲကြီး ပြောင်းလဲ စေမည်ဖြစ် ပါ
ကြောင်း…………

ကိုးကား
၁။ကျမ်းမြတ်ကုရ်အာန် မြန်မာဘာသာပြန်
၂။အင်္ဂလိပ်ဘာသာပြန် ဟဒီဆ်း များ (ဆော့ဖ်ဝဲ)
၃။Toword Understanding Islam by Maududi
၎။Why do Muslim Fast by Bhilal Phlip

တင်ပြရေးသားသူ မုဟမ္မဒ် စအီးဒ် (ဒအ်ဝဟ်အကယ်ဒမီ-ပါကစ္စတန်)

ပို့စ်တင်သူ IYS ဝိုင်းတော်သား Ko Thek Ko အားကျေးဇူးတင်ပါသည်။
Ref : Islam Yaungche Society (IYS) Group

Tuesday, August 9, 2011

ကျမ်းမြတ်ကုရ်အာန်ကပြောသော ဆွီယာမ်

စိတ်စွမ်းရည်ကိုဖွံ့ဖြိုးတိုးတက်စေသောကျင့်စဉ်

ဘာသာသာသနာတိုင်းတွင် ဥပုသ်သီလစောင့်ထိန်းခြင်းကို ပြဌာန်းထားသကဲ့သို့ အစ္စလာမ်သာသနာ ၀င်များဖြစ်သော မွတ်စလင်မ်(ခေါ်) ငြိမ်းချမ်းရေးဝါဒီများ အတွက် လည်း ဥပုဒ်သီ လစောင့်ထိန်းခြင်းကို တာဝန်တစ်ရပ်အဖြစ် ပြဌာန်းထားသည်။ မွတ်စလင်မ်တို့၏ ဥပုဒ်သီလ စောင့်ထိန်းခြင်းသည် အစ္စလာမ့် အခြေခံမဏ္ဍိုင်ကြီး (၅)ခုအ နက် တစ်ခုအပါအ၀င်ဖြစ်သည်။ အစ္စလာမ်သာသနာ ၀င်တို့၏ဥပုဒ်သီလ စောင့်ထိန်းခြင်းတွင် စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ရှိမှုကို လေ့ကျင့်ပေးသော ကျင့်စဉ်ဖြစ်သကဲ့သို့ ရုပ်ပိုင်း ဆိုင်ရာအားဖြင့်လည်း ဆင်းရဲသားများ၏ စား ရမဲ့သောက်ရမဲ့ ဘ၀ကိုလက်တွေ့ ခံစားရစေ၍ ကိုယ်ချင်း စာနာစိတ်များ ဖြစ်ပေါ်စေရန် အတွက်လည်းဖြစ်သည်။ သို့မှသာအစ္စလာမ့်မဏ္ဍိုင် တစ်ခုဖြစ်သော (ဇကားသ်)ဆင်းရဲသားများ၏ ထောက်ပံ့ကြေး ရံပုံငွေဆိုသည်ကို ပိုမိုနားလည် လာစေနှိုင်မည်ဖြစ်သည်။
ဆွီယာမ်(ခေါ်) ဥပုသ်သီလ စောင့်တည်ခြင်းသည် လူသား၏စိတ်စွမ်းအင်ကို ဖွံ့ဖြိုးတိုးတက်စေ၍ မကောင်းမှုဒုစရိုက်များမှရှောင်ကျဉ် စေနှိုင်သော ကျင့်စဉ်တစ်ရပ်လည်း ကြောင်း၊ ကျမ်းမြတ်ကုရ် အာန်၂း၁၈၃တွင်-

(အိုသက်ဝင်ယုံကြည်သူ အပေါင်းတို့ ငါအရှင်သည် အသင်တို့၏အလျှင်က ရှိခဲ့ကြကုန်သော သူများအ ပေါ် သို့ (ဆွီယမ်)ဥပုဒ်သီလ စောင့်ထိန်းခြင်းကို သတ်မှတ်ပြဌာန်းထား သကဲ့သို့ အသင်တို့အပေါ်သို့ လည်း (ဆွီယမ်)ဥပုဒ်သီလ စောင့်ထိန်းခြင်းကို ပြဌာန်းခဲ့သည်။ သို့မှသာအသင်တို့သည် အရှင့်သိစိတ်ဖြင့် ရှင်သန်သူများ(၀ါ) မကောင်းမှုဒုစ ရိုက်များမှ ရှောင်ကြဉ်၍ ကောင်း မြတ်သော အကျင့်သီလများတွင် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်နှိုင်ရန် အလှို့ငှာဖြစ်သည်) ကုရ် အာန်၂း၁၈၃

ထိုဗျာဒိတ်ပါ (လအလ်လကွမ်-သသ်သကူးန်း)(ဆွီဟမ်)ဥပုဒ်သီလ စောင့်ထိန်းခြင်းဖြင့် မကောင်းမှုဒုစ ရိုက်များမှ ရှောင်ကျဉ်နှိုင်ရန်အတွက် ဖြစ်သည်။ စားခြင်းသောက်ခြင်း နှင့် မေထုံမှီ ၀ဲခြင်းသည် သာမန် အချိန်များတွင် ပြုခွင့်ရှိသော်ငြားလည်း ဥပုဒ်သီလစောင့်ထိန်းချိန်တွင် ထိုအမှုများကို ရှောင်ကျဉ်ခြင်း အလေ့အကျင့်မှ မိမိ၏စိတ်စွမ်းအင်ကို ချုပ်တည်းနှိုင်ရန် လေ့ကျင့် ပေးခြင်းဖြစ်သည်။

လူသားသည် စားရမဲ့သောက်ရမဲ့သော အချိန်များနှင့်ဆုံဆည်းနှိုင်ခွင့် ရှိနှိုင်သည့်နည်းတူ ခင်ပွန်းသည်က ဇနီးမယားနှင့်လည်းကောင်း၊ ဇနီးသည်ကလည်း ခင်ပွန်းသည်နှင့် လည်းကောင်း ကင်းကွာ၍နေရသော အချိန်များလည်း ရှိနှိုင်ပေသည်။ ထိုသို့သော အချိန်များတွင် (ဆွီယမ်)ဥပုဒ်သီလ စောင့်ထိန်းခြင်းသည် စာလောင်ငတ်မွတ်ခြင်းနှင့် လို လားတတ်မက်ခြင်းတို့၏ နောက်ဆက်တွဲဆိုးကျိုးများနှင့် မကောင်းမှု ဒုစရိုက်များမှ လွယ်ကူစွာတွန်းလှန် ရှောင်ကျဉ်နှိုင်ရန် ပြုစုပြိုးထောင်ပေးသော ကျင့်စဉ်တစ် ရပ်လည်း ဖြစ်သည်။

ထိုနည်းတူစွာ အစ္စလာမ်သာသနာက ပြဌာန်းထားသော စနစ်ဇယားအတိုင်း ကိုယ်စိတ်နှလုံးသုံးပါးစလုံး က အရှင့်သိစိတ်ဖြင့် မကောင်းမှုဒုစရိုက်များမှ ရှောင်ကြဉ်၍ ကောင်း မြတ်သောအကျင့်သီလများတွင် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက် နှိုင်ခြင်းနှင့်အတူ လိုက်နာဆောင်ရွက် ရခြင်းကိုပင် စိတ်သဏ္ဍန် တွင် ပီတိသောမနဿ ခံစားနေ မည် ဖြစ်သည်။

တုနှိုင်းမဲ့ကိုးကွယ်ရာ အလ္လာဟ်အရှင်သည် မိမိ၏ဖန်ဆင်းခံ ကျေးကျွန်များဖြစ်သော လူသား၏သဘော သဘာဝကို အသိဆုံးသော အရှင်ဖြစ်၏။ လူသားသည် အခြားဖန် ဆင်းခံသတ္တဝါများနှင့် မတူသောအ ချက်မှာ အကောင်းနှင့်အဆိုးကို ခွဲခြားသိမြင်နိုင်သော အချက်ပင်ဖြစ်သည်။ ဤသည်ကို ဆင်ခြင်တုံ တရားဟု ယေဘူယျ ခေါ်ဆိုကြ သည်။ လူသား၏တန်ဘိုးသည် ထိုဆင် ခြင်တုံတရားအားဖြင့်အကောင်း နှင့်အဆိုးကို ခွဲခြားသိရှိပြီး မကောင်းမှုများမှ ရှောင်ကျဉ်နှိုင်၍ ကောင်းမှုများအားဖြင့် ဘ၀တည် ဆောက် နှိုင်ခြင်းအပေါ် သတ်မှတ်ဆုံးဖြတ်ခြင်း ဖြစ်သည်။

လူသားသည် အတ္တစိတ်၏ လွှမ်းမိုးမှုကိုခံရတတ်သော သဘောသဘာဝ ရှိသူဖြစ်သည်။ ဥပမာ- လူသတ်မှု တစ်ခုကို ကျူးလွန်မိသူသည် ထိုပြစ်မှု၏နောက်ဆက်တွဲ ဆိုးကျိုး များကို မသိ၍ ကျူးလွန်ခြင်း မဟုတ်ပေ။ မိမိ၏ဒေါသ စိတ်ရိုင်းကို ထိန်းချုပ်နိုင်ခြင်း မရှိသောကြောင့် လူသတ်မှုကျူးလွန်မိခြင်း ဖြစ်သည်။ ထိုကဲ့ သို့ပင် ကာမေသုမိစ္ဆာ စာရ ကံကျူးလွန်မိသူသည် မိမိ၏ ရာဂစိတ်ရိုင်းကို မထိန်းချုပ်နိုင်ခြင်း ကြောင့်ပင်။ ထိုနည်းတူစွာ သူတစ်ပါး၏ ဥစ္စာပစ္စည်းကို ခိုးဆိုးလုယက် တိုက်ခိုက်မတရား ယူခြင်းသည် လည်း မိမိ ၏လောဘစိတ်ရိုင်းကို မထိန်းချုပ်နှိုင် ခြင်းကြောင့် ပင်။

များသောအားဖြင့် ခိုးဆိုးလုယက် တိုက်ခိုက်သတ်ဖြတ်မှုများမှာ ဆာလောင်ငတ်မွတ်၊ လိုလားတောင့် တရာမှ တစ်ဆင့်၊ ဆင်းရဲလွန်းခြင်း၏ဒဏ်၊ လူရာမ၀င်လွန်းဟု ခံစားရ ခြင်းဒဏ်၊ အနှိမ် ခံရသည်ဟုထင် မြင်စွဲမှတ်လာသည့် ဒဏ်စသည့် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက်ပေါင်းများစွာမှ အခြေခံလာခြင်း ဖြစ်သည်။ ထို့အတွက်ကြောင့် ဆာ လောင်ငတ်မွတ်ခြင်းဒဏ်၊ လိုလားတောင့်တခြင်းဒဏ်များကို ကျင့် သားရစေရန်၊ ဆာလောင်ငတ်မွတ်လာလျှင်လည်း ခံနှိုင်ရည်ရှိစွာဖြင့် ကြံ့ခိုင်ခြင်းဟူသော မယိမ်းမယိုင် နှိုင်သည့် စိတ်ဓါတ်မျိုးကို (ဆွီယမ်) ဥပုသ်သီလ စောင့်ထိန်းခြင်းဖြင့် လေ့ကျင့်ပေခြင်း ဖြစ်သည်။

သို့ဖြစ်၍ ရမ်ဒွါန်လမြတ်တွင် လူခပ်သိမ်းတို့အဖို့ လမ်းညွှန်အဖြစ် ကျမ်းမြတ်ကုရ်အာန်ကို တမန်တော်မြတ် အပေါ်သို့ ဗျာဒိတ်အဖြစ်ချပေးခဲ့ကြောင်း၊ အစ္စလာမ်သာသနာ ၀င် တို့အား တစ်နှစ်တွင်တစ်လ ရမ်ဒွါန် လတွင် ဥပုသ်သီလ စောင့်ထိန်းရန်နှင့်၊ ကျန်းမာရေးချို့ တဲ့သူများ၊ ခရီးသည်များအတွက် ဥပဒေအသေး စိတ်ကို ကျမ်းမြတ်ကုရ် အာန် ၂း၁၈၄တွင်-ပြဌာန်းထားပေသည်။

(ဆွီယမ်)ဥပုဒ်သီလဆိုင်ရာ စီးကမ်းများ

(အသင်တို့ဆွိယာမ်ဥပုဒ်သီတင်း ဆောက်တည်ကြရမည့်နေ့ရက်များကား) ရေတွက်ထားသည့် (အနည်း ငယ်မျှသော)နေ့ရက်များပင်တည်း။ သို့ရာတွင်အသင်တို့အနက်မှ တဦးတစ်ယောက် သောသူသည် ဝေဒ နာစွဲကပ်၍မကျန်းမာသောကြောင့်ဖြစ်စေ၊ သို့တည်းမဟုတ် ခရီးထွက်လျက် ရှိနေသောကြောင့်ဖြစ်စေ၊ ထိုသူ့အပေါ်၌အခြား သောနေ့ ရက်များတွင် တွက်ချက်၍ ဖြည့်စွက်(ဆောက်တည်)ရန်တာဝန်ရှိပေ သည်။ တဖန် အကြင်သူတို့သည် ခဲယဉ်းစွာ ဥပုဒ်သီလဆောက်တည်ကြရပါမူ ယင်းသူတို့သည် (ထိုပျက် ကွက်သော နေ့ရက်များ)အစား (တစ်ရက် လျှင်)သူဆင်းရဲတဦးကို (ထမင်းတစ်ရက်စာ) ကျွေးမွေးကြ ရမည်။ သို့ရာတွင် အကြင်သူသည် မိမိစိတ်စေတနာအ လျောက် တစ်စုံတစ်ခုသော ကောင်းမှုကုသိုလ်ကို ပြုလုပ်ခဲ့သည်ရှိသော် ယင်းသို့ပြုလုပ်ခြင်းကား ထိုသူ၏အဖို့ ပို၍ပင်ကောင်းမြတ်ပေသည်။ သို့သော်ငြား လည်းအကယ်စင်စစ် အသင်တို့သည် ဥပုသ်သီလဆောက်တည်ခြင်း၏အကျိုးအာနိသင်တို့ကိုသိနားလည် သူများ ဖြစ်ကြပါလျှင် အသင်တို့အဖို့အရာ ဥပုဒ်သီလဆောက်တည်ခြင်းသည် သာလျှင် ပို၍ကောင်းမြတ် သောအမှုပင် ဖြစ်ပေသတည်း။)

ကျမ်းမြတ်ကုရ်အာန်၂း၁၈၅တွင်-

(ရမ်ဒွါန်လ၌ပင် ကုရ်အာန်ကျမ်းတော်မြတ်သည် လူသားခပ်သိမ်းတို့အဖို့ တရားလမ်းညွှန်အဖြစ်လည်း ကောင်း၊ အမှားအမှန်ကို ခွဲခြားသိစေနှိုင်သော ထင်ရှားလှသည့် မှတ် ကျောက် အ ဖြစ်လည်းကောင်း ချပေးခဲ့လေသည်။ အသင်တို့အနက်မှ မည်သူမဆို ထို(ရမ်ဒွါန်)လမြတ်နှင့် ကြုံကြိုက်ခဲ့ပါလျှင် ထိုသူသည် ယင်းလမြတ်၌ (တစ်လပတ် လုံး) ဥပုဒ် သီလဆောက်တည်ရပေ မည်။ သို့ဖြစ်လေရာ အကြင်သူတစ် ဦးတစ်ယောက်သည် တစ်စုံတစ်ရာ ဝေဒနာစွဲကပ်၍ မကျန်းမမာဖြစ်ခဲ့သော်၊ သို့တည်းမဟုတ် ခရီးထွက် လျက်ရှိနေခဲ့သော် ထိုသူ့အပေါ်ဝယ် အခြား သော နေ့ရက်များတွင် (မိမိပျက်ကွက်ခဲ့သောဥပုသ်ရက်များ ကို)တွက်ချက်၍ (ဖြည့်စွက်)ဆောက်တည်ရန် တာဝန်ရှိ ပေသည်။ အလ္လာဟ်အရှင်မြတ်သည်အသင်တို့ အဖို့ သက်သာချောင်ချိ မှုကို အလိုရှိတော်မူပေသည်။ အသင်တို့ အဘို့ခက်ခဲမှုကိုကား (အလျင်း)လို လားတော်မူသည် မဟုတ်ချေ။ ထို့ပြင်တ၀ (အလ္လာဟ်အရှင်မြတ်သည်)အသင်တို့ ပျက်ကွက်ခဲ့သောနေ့ ရက်) အရေအတွက်ကို ပြီးပြည့်စုံရန်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အား ထိုအရှင် မြတ်ညွှန်ပြ တော် မူသော နည်းလမ်းအတိုင်း ကြီးကဲမြင့်မြတ်တော်မူကြောင်း ရွတ်ဆိုကြရန်၎င်း (အလိုဆန္ဒ ရှိတော် မူသည်)၊ သို့မှသာလျှင် အသင်တို့သည် (ထိုအရှင်မြတ်၏) ကျေးဇူးကို သိသောသူများ ဖြစ်ကြရာသည်။)

ကျမ်းမြတ်ကုရ်အာန်သည် လူသားတစ်ရပ်လုံးအဖို့ လမ်းညွှန်ကျမ်းဖြစ်သည်နှင့်အညီ အမှန်နှင့်အမှားကို ခွဲခြားသိရှိရန်အတွက် မှတ်ကျောက်လည်းဖြစ်သည်။ မွတ်စလင်မ် များအဖို့ ဘိုးဘွားဘီဘင်များမှတစ်ဆင့် လက်ဆင့်ကမ်းကျင့်သုံး၍ ပုံစံအမျိုးမျိုးဖြင့် မိမိတို့ထံသို့ ရောက်ရှိလာသော ရိုးရာယဉ်ကျေးမှုများနှင့် တရားစစ်တရားမှန်များကို ကျမ်းမြတ်ကုရ်အာန်၏ စံချိန်စံညွှန်း မှတ်ကျောက်ဖြင့် စမ်းစစ်ကြရမည်မှာ လည်း တာဝန်တစ်ရပ်ဖြစ်ကြောင်းကို ထိုဗျာဒိတ်က လမ်းညွှန်ထားခြင်းဖြစ်သည်။ သို့မှသာမွတ်စ လင်မ် များအတွင်း အဓိကနှင့်သာမညကို ခွဲခြားသိရှိ ပြီး အဓိကမကျသည့် ကိစ္စရပ်များကိုအခြေခံ၍ အငြင်းပွားမှု များမှ ကင်းဝေးနှိုင်ပြီး စည်းလုံးညီညွတ်မှု ပြိုကွဲခြင်းမှ ကာ ကွယ်နှိုင်မည် ဖြစ်သည်။

ထိုနည်းတူစွာ ကျမ်းမြတ်ကုရ်အာန် ၂း၁၈၇တွင်-

(အို-မွတ်စ်လင်မ်အပေါင်းတို့) အသင်တို့အဖို့ရာ ဥပုသ်နေ့၏ညဥ့်၌ မိမိတို့ဇနီးမိန်းမများနှင့် သံဝါသပြုခြင်း ကိုခွင့်ပြု တော်မူလေပြီ။ ယင်းဇနီးမိန်းမများသည် အသင်တို့အဖို့ရာ (အရှက်အိနြေ္ဒ ကို လုံခြုံစေသော) ၀တ်စားတန်ဆာများ(ကဲ့သို့) ဖြစ်ကြ၏။ ထိုနည်းတူစွာ အသင်တို့သည်လည်း ထိုဇနီးမိန်းမများအဖို့အရာ (အရှက်အိနြေ္ဒကို လုံခြုံစေသော) ၀တ်စား တန်ဆာများ (ကဲ့သို့) ပင်ဖြစ်ကြလေသည်။ မိမိတို့ကိုယ်ကို မိမိတို့ပင် လှည့်စားလျက် ရှိနေခဲ့ကြသည်ကို အလ္လာဟ်အရှင်မြတ်သည် သိရှိပြီး ဖြစ်တော်မူ၏။ သို့ပင်တ စေ ထိုအရှင်မြတ်သည် အသင်တို့အပေါ်ဝယ် ကရုဏာတော်ဖြင့် ပြန်လှည့်တော်မူ၍ အသင်တို့ကို ခွင့်လွှတ်တော်မူပြီးဖြစ်၏။ ထို့အတွက်ကြောင့် ယခုမှစ၍အ သင်တို့သည် ထိုဇနီးမိန်းမတို့နှင့် သံဝါသပြု ကြလေကုန် အသင်တို့အဖို့ အလ္လာဟ်အရှင်မြတ် ပြဋ္ဌာန်းထားတော် မူသောအရာများကို ရှာဖွေကြလေ ကုန်။ ထိုမှတစ်ပါးတုံ အသင်တို့သည် ချည်မျှင်အနက်မှ ချည်မျှင်အဖြူကို ပေါ်လွင်ထင်ရှားစွာခွဲခြားနှိုင် သည့် အရုဏ်ဦးအချိန်တိုင်အောင် စားကြကုန် သောက်ကြကုန်လော့။ တဖန်အသင်တို့သည် ညဥ့်အချိန် ရောက်သည့်တိုင်အောင် ဥပုသ်သီလ ဆောက်တည်ကြကုန်လော့။ သို့ရာတွင် အသင်တို့သည်ဗလီ ကျောင်းတော်များတွင် (အေ့တိကာဖ်)သီတင်းသုံး နေထိုင်ကြ စဉ်အခါ၌ ဇနီးမိန်းမတို့နှင့် သံဝါသပြု ခြင်းကို အလျင်းမပြုကြကုန်လင့်။ ဤသည်တို့သည် အလ္လာဟ်အရှင်မြတ် သတ် မှတ်ထားသောနယ်နိမိတ် များပင် ဖြစ်ရကား အသင်တို့ သည် ထိုနယ်နိမိတ်များ၏ အပါးသို့ပင် မချဉ်းကပ်ကြကုန်လင့်အလ္လာဟ် အရှင်မြတ်သည် ဤနည်းအတိုင်းပင် မိမိအမိန့် ပြဌာန်းချက် များကို လူခပ်သိမ်းတို့ (သိစိမ့်သော ငှါ) ရှင်းလင်းဖော်ပြထားလေသည်။သို့မှသာလျှင် ယင်းသူတို့သည် ပြစ်မှုဒုစ ရိုက်တို့မှ ရှောင်ကြဉ်သော သူများ ဖြစ်တန်ကြရာကုန်သတည်း။)

ထိုဗျာဒိတ်ပါ ချည်မျှင်အနက်နှင့် ချည်မျှင်အဖြူဟူသည် ညဉ့်အမှောင်နှင့် နေ့၏အလင်းတို့၏ စပ်ကြားရှိ အရုံဦး အချိန်ဖြစ်သည်ဟု (မုဖတ်စစ်ရ်)များက ဖွင့်ဆိုကြသည်။

ဖေါ်ပြပါဗျာဒိတ်များသည် (ဆွီယမ်)ဥပုဒ်သီလ စောင့်ထိန်းခြင်းဆိုင်ရာ ဥပဒေများဖြစ်သည်။ ထိုဥပဒေများ သည် လူသားသဘာဝနှင့် ဆန့်ကျင်နေခြင်းမရှိသကဲ့သို့ လူသား များလိုက်နာကျင့် သုံးရန်အတွက်လည်း မည်သည့်အ ခက်အခဲမျှမရှိကြောင်းကို ထင်ရှားစွာတွေ့မြင်ရပေသည်။

အစ္စလာမ်သာသနာ၏ လမ်းညွှန်မှုများသည် တစ်ခုနှင့်တစ်ခု ဆက်နွယ်လျှက်ရှိနေပေသည်။ ထိုဥပဒေ များ၏ အနှစ်သာရများကို နားလည်သဘောပေါက်ပြီး လက်တွေ့လိုက် နာ ကျင့်သုံးနှိုင် ခြင်းဖြင့် လူ့အဖွဲ့ အစည်းကြီးတစ်ခု လုံးအတွင်းတွင် ပရိပက္ခကင်းဝေးစွာဖြင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲ ဘ၀တည်ဆောက် နှိုင်မည်ဖြစ်သည်။

အစ္စလာမ် သာသနာသည် လူမှုရေး နယ်ပယ်၌ တရားမျှတမှုကို လုံးဝအခြေခံ၍ တည်ဆောက်ထားသော လူ့အဖွဲ့အစည်းကြီး တစ်ခုဖြစ်သည်။ ထိုလူ့အဖွဲ့အစည်းကြီးကို (အွမ္မဟ်)သို့မဟုတ် ငြိမ်းချမ်းရေးဝါဒီမွတ် စလင်မ်အသိုက်အမြုံကြီးဟု ခေါ်သည်။ ထိုအသိုက်အမြုံကြီးသည် ကုရ်အာန်ပြစနစ်ဇယားအတိုင်းတမန် တော်မြတ်ကိုယ်တိုင်က မဟာသာဝကများနှင့်အတူ ခဲရည်ဖြင့်သွန်းလောင်းထားသော အဆောက်အဦး ကြီးသဖွယ် အလွန်ကျစ်လစ်ခိုင်မာ တောင့်တင်းသော လူ့အဖွဲ့အစည်းကြီး တစ်ခုကိုလက်တွေ့ တည် ဆောက်ပြခဲ့သည်။ ထိုလူ့ အဖွဲ့အ စည်းကြီး၏ ညီညွတ်မှုသည် တစ်ဦးတစ်ယောက်အပေါ်ကျရောက်လာ သော အခက်အခဲများကို စုပေါင်းရင်ပေါင်တန်း၍ ညီညာစွာ ၀ိုင်းဝန်းဖယ်ရှားပေးသူများ ဖြစ်ကြသည်။ ထိုအကြောင်း ကို(ကုရ်အာန် ၆၁း၎) တွင် ဖေါ်ပြထားသည်။

“အွမ္မဟ်”(ခေါ်)မွတ်စလင်မ် အသိုက်အမြုံကြီးအတွင်း စည်းလုံးညီညွတ်၍ ခိုင်မာတောင့်တင်းသော ခဲရည် ဖြင့် သွန်းလောင်းထားသည့် အဆောက်အဦကြီး သဖွယ်ရှိ နေခြင်း သည် ကုရ်အာန် ပြစနစ်ဇယားအတိုင်း အပြည့်အ၀ လိုက်နာကျင့်သုံးခဲ့သည့် တမန်တော်၏ကျင့်စဉ်ကျင့်ရပ် ပေါ်တွင်တည်ရှိနေသော လက္ခဏာ တစ်ရပ် ဖြစ်သည်။ အကယ်၍ “အွမ္မဟ်”ဟူသော မွတ်စလင်မ် အသိုက်အမြုံကြီးအတွင်း စည်းလုံးညီ ညွတ်မှုပြိုကွဲ၍ ဂိုဏ်းဂဏများစွာ ပေါ်ပေါက် လာခြင်းသည်၊ ကုရ်အာန်ပြ စနစ်ဇယားအတိုင်း လိုက်နာ ကျင့်သုံးမှု မရှိတော့သည့် တမန်တော်၏ ကျင့် စဉ်ကျင့် ရပ်များနှင့် ဆန့်ကျင်သော လက္ခဏာတစ်ရပ် ဖြစ်သည်။

မွတ်စလင်မ်များသည် မွန်မြတ်လှသော ရမ်ဇွါန်လမြတ်တွင် (ဆွီယမ်) ဥပုဒ်သီလ စောင့်ထိန်းခြင်းဖြင့် အလ္လာဟ်ပြစနစ်ဇယားအပေါ် တမန်တော်မြတ်မုဟမ္မဒ် (ဆွလ္လာဟ်ဟုအ လိုက်ဟိဝဆွလ္လာမ်)၏ လက်တွေ့ ဘ၀တည်ဆောက်မှုစံအတိုင်း လျှောက်လှမ်းရင်း ခဲရည်ဖြင့်သွန်းလောင်းထားသော အဆောက်အဦးကြီး သဖွယ် ပြန်လည်စည်းလုံး ညီ ညွှတ်နှိုင်ပါစေကြောင်း ဆန္ဒပြု လိုက်ပါသည်။

ပို့စ်မျှဝေသူ ဦးစိုးလွင်(ငြိမ်းချမ်းလျှပ်စစ်) အားကျေးဇူးတင်ပါသည်။
Ref : Islam Yaungche Society (IYS) Group

Monday, August 8, 2011

လမြတ်ရမဇွာန်တွင်ရွတ်ဖတ်ရမည့် “ဆုမွန်ဒုအာများ”

၁- စဲဟ်ရီ အချိန်ရွတ်ဖတ်နေရမည့်ဒုအာ
“ ယာ ၀ါစေအလ်မဂ်ဖွေရသ်”

၂-အစွရ်အချိန်မှ မဂ်ရစ်ဗ်အချိန်ထိ ရွတ်ဖတ်နေရမည့်ဒုအာ
“ယာ ၀ါစေအလ် ဖဒ်ွလေ အစ်ဂ်ဖစ်ရ်လီ”
...
၃-ရိုဇဟ် ပထမနေ့မှ ဆယ်ရက်မြောက်နေ့ အထိ ရွတ်ဖတ်နေရမည့်ဒုအာ
“အလ္လာဟွမ်မရ်ဟမ်နီ ယာအရ်ဟမရ် ရာဟေမီန်း”

၎-ရိုဇဟ် တစ်ဆယ့်တစ်ရက်နေ့မှ နှစ်ဆယ်ရက်မြောက်နေ့ အထိ ရွတ်ဖတ်နေရမည့်ဒုအာ
“ အလ္လာဟွမ် မဂ်ဖစ်ရ်လီ ဇူနူဘီ ယာရဗ္ဗလ် အာလမီးန်”

၅-ရိုဇဟ် နှစ်ဆယ့်တစ်ရက်နေ့မှ နောက်ဆုံးနေ့ အထိ ရွတ်ဖတ်နေရမည့်ဒုအာ
“ အလ္လာဟွမ္မ အသ်ကေနီ မိနန်နာရိ ၀အဒ်ခိလ်နီ ဖိလ်ဂျန္နသီ ယာရဗ္ဗလ် အာလမီးန်”

၆-ကဒရ်ညမြတ်ဖြစ်နိုင်သော ရိုဇဟ် ၂၁-၂၃-၂၅-၂၇ နှင့် ၂၉ ရက်များတွင် နေ့ ည
များစွာ ရွတ်ဖတ်နေရမည့်ဒုအာ
“ အလ္လာဟွမ္မ အင်နက အဖုဝ်၀ွန်း သုဟစ်ဗ်ဗွလ် အဖ်ဝ ဖာအ်ဖုအန်းနီ ယာဂဖူးရူ
ယာဂဖူးရူ ယာဂဖူးရူ”

၇-လမြတ်ရမဇွာန်တွင် သွားရင်းလာရင်း အချိန်တိုင်း အကြိမ်ကြိမ်
အဖန်ဖန်ရွတ်ဖတ်နေရမည့် ဒုအာ
“ လာအိလာဟ အစ်လ္လလ္လာဟု နပ်စ်သဂ်ဖိရွလ္လာဟ ၀နပ်စ်အလုကလ်ဂျန္နသ ၀နအူဇုဗိက မိနန္နာရိ”

ပို့စ်မျှဝေသူ sister Jasmine Shafee အားကျေးဇူးတင်ပါသည်။
Ref : Islam Yaungche Society (IYS) Group

Saturday, August 6, 2011

သရာဝီဟ် နမာဇ်၏ အကျိုးကျေးဇူးများ

ဟဇ်ရသ် အလီ (ရသွေ့) ဆင့်ပြန်သည်မှာ ပုဂ္ဂိုလ်တစ်ဦးသည်မဟာ တမန်တော်
မြတ်(ဆွ) ထံ ရမ်ဇာန်လမြတ်၌ သရာဝီဟ်နမာဇ်ဝတ်ပြုခြင်း၏အကျိုးကျေးဇူးနှင့် ပတ်သက်၍ လာရောက်မေးမြန်းမှုကို မိန့်ကြားတော်မူသည်မှာ…. ‘အကြင်သူသည် လမြတ်ရမ်ဇာန်၌ သရာဝီဟ်နမာဇ်ဝတ်ပြုပါက မိခင်ဝမ်းကြပ်အတွင်းမှ မွေးဖွားသန့်စင်လာသော ကလေးပမာအပြစ်ဂုနဟ်အပေါင်းမှ ကင်းစင်သွားမည်။

၁။ တစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် မိခင်ဝမ်းကြပ်အတွင်းမှ မွေးဖွားသန့်စင်လာသကဲ့သို့
အပြစ် (ဂုနဟ်) အပေါင်းမှကင်းစင်တော်မူလိမ့်မည်။

၂။ နှစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ၎င်းနှင့်တကွမိဘနှစ်ပါးလုံး (အီမာန်ရှင်) ဖြစ်ပါက အပြစ် (ဂုနဟ်) အပေါင်းမှ ချမ်းသာလွတ်ငြိမ်းခွင့်ရရှိလိမ့်မည်။

၃။ သုံးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် အလ္လာဟ်အရှင်မြတ်၏ (အရ်ရှ်) ပလ္လင်တော်အောက်မှ ကောင်းကင်တမန်တစ်ပါး ကြွေးကြော်မည်မှာ “အို-အီမာန်ရှင်သင်ရဲ့ (အအ်မာလ်)ကို အလ္လာဟ်အရှင်မြတ်အတွက်သာပြုကျင့်ပါမူ သင်၏ယခင်
မကောင်းမှုများအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူလိမ့်မည်။

၎။ လေးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ကောင်းကင်ကျကျမ်းကြီးများဖြစ်သော (၁) သောင်ရားသ်ကျမ်း (၂) အင်န်ဂျီလ်ကျမ်း (၃) ဇဗူရ်ကျမ်း (၄) ကျမ်းတော်မြတ်ကုရ်အာန်ကျမ်းများကို သိလာဝသ်ပြုသကဲ့သို့ အကျိုးကျေးဇူးတော်များ ရရှိပေမည်။

၅။ ငါးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် မတ်စ်ဂျိဒေဟရာမ် နှင့် မတ်စ်ဂျိဒေအက္ကဆွာဗလီဝတ်ကျောင်းတော်ကြီးများ၌ နမာဇ်ဝတ်ပြုသကဲ့သို့ အကျိုးကျေးဇူးများရရှိပေမည်။

၆။ ခြောက်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ဗိုင်သွလ်မအ်မူးရ်ကျောင်းတော်ကြီးကို သ၀ါးဖ်ပြုသကဲ့သို့ အကျိုးကျေးဇူးများရရှိပေမည်။

၇။ ခုနှစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် တမန်တော်မူစာ (အလိုင်း) နှင့် ဖိရ်အောင်န်၊ ဟာမန်တို့ စစ်ဖြစ်ပွားချိန် တမန်တော်မူစာ (အလိုင်း)၏ဘက်မှ ပါဝင်ကူညီသကဲ့သို့ အကျိုးကျေးဇူးများရရှိပေမည်။

၈။ ရှစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် အလ္လာဟ်အရှင်မြတ်က တမန်တော် အိဗ်ရာဟီးမ်
ခလီလွလ္လာဟ်အား ချီးမြှင့်မှုမျိုးကို ချီးမြှင့်ခြင်းခံရပေမည်။

၉။ ကိုးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ကိုယ်တော်မြတ် (ဆွ)သခင်၏
သက်တမ်းတော်နှင့်အညီအမျှ ကုသိုလ်အကျိုးစ၀ါးဗ်များ ချီးမြှင့်ခြင်းခံရပေမည်။

၁၀။ ဆယ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် လောကတစ်ခွင်လုံးထက် သာပို၍ကောင်းမြတ်သောအရာကို ချီးမြှင့်ခြင်းခံရပေမည်။

၁၁။ ဆယ့်တစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် စစ်မှန်သောမုအ်မင်န်ဖြစ်ပါက လောကမှ အီမာန်နှင့်တကွ
ခေါ်ယူသော အဆင့်အတန်းမျိုးရရှိပေမည်။

၁၂။ ဆယ့်နှစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ကိယာမသ်နေ့တွင်
၎င်းသူ၏မျက်နှာမှာ လပြည့်ဝန်းပမာ လင်းဝင်းတောက်ပသော အဆင့်အတန်းမျိုးရရှိပေမည်။

၁၃။ ဆယ့်သုံးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ကိယာမသ်နေ့တွင် မကောင်းမှုအပေါင်းမှ ထိန်းသိမ်းစောင့်ရှောက်ခြင်းခံရပေမည်။

၁၄။ ဆယ့်လေးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ကိယာမသ်နေ့ ၌ ထိုသူအား ၎င်းသရာဝီဟ်နမာဇ်ကပင် သက်သေခံတော်မူပေမည်။ ထို့ကြောင့် ၎င်းသူအားစစ်ဆေးမေးမြန်းခြင်းမရှိ ဂျန္နတ်သုခဘုံသို့ ၀င်ရောက်ရပေမည်။

၁၅။ ဆယ့်ငါးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် အလ္လာဟ်အရှင်မြတ်၏
အရ်ရှ်ပလ္လင်တော်ကို ထမ်းထားသော ဖရိရှ်သဟ်များသည် ၎င်းသူအတွက်
အရှင်မြတ်ထံတော်ပါး၌ ရဟ်မသ်တော်များ တောင်းခံပေးသနားတော်မူပေမည်။

၁၆။ ဆယ့်ခြောက်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ဂျဟန္နမ်မှ
လွတ်ငြိမ်းချမ်းသာခွင့်ရရှိပြီး ဂျန္နတ်သုခဘုံအတွင်းသို့
ဝင်ရောက်စေတော်မူပေမည်။

၁၇။ ဆယ့်ခုနှစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် အမ်ဗေရာ (အလိုင်း)များ၏ အဆင့်အတန်းမျိုးရရှိပေမည်။

၁၈။ ဆယ့်ရှစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် သင်နှင့် သင်၏မိဘနှစ်ပါးစလုံးကို အလ္လာဟ်အရှင်မြတ်က လက်ခံတော်မူပေမည်။

၁၉။ ဆယ့်ကိုးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ဂျန္နတ်တွင် ၎င်းရရှိသောအဆင့်အတန်းထက်သာပို၍ တိုးမြှင့်ပေးခြင်းခံရပေမည်။

၂၀။ နှစ်ဆယ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် “ရှဟီဒီ” သာသနာ့သူရဲကောင်း
“ဆွာလေဟီးန်” သူမွန်သူမြတ်များကဲ့သို့ ကုသိုလ်ချီးမြှင့်ခြင်းခံရပေမည်။

၂၁။ နှစ်ဆယ့်တစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ဂျန္နတ်သုခဘုံတွင် ၎င်းသူအတွက် “နူရ်” အလင်းရောင်ဖြင့်ပြုလုပ်ထားသော ဂေဟာတစ်ခု ချီးမြှင့်ခြင်းခံရပေမည်။

၂၂။ နှစ်ဆယ့်နှစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည်
ကိယာမသ်ကမ္ဘာ့တစ်ရားခွင်နေ့တွင် ၎င်းအား သောကအပေါင်း စိုးရိမ်မှုအပေါင်းမှကင်းဝေးစေတော်မူပေမည်။

၂၃။ နှစ်ဆယ့်သုံးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ဂျန္နတ်သုခဘုံတော်အတွင်း မြို့ကြီးတစ်မြို့ ချီးမြှင့်ခြင်းခံရပေမည်။

၂၄။ နှစ်ဆယ့်လေးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် (၂၄)မျိုးသော တောင်းဆုများကို ကဗူလ်ပြု လက်ခံတော်မူပေမည်။

၂၅။ နှစ်ဆယ့်ငါ်းရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် “ကဗရ်” အဇားဗ်ပြစ်ဒဏ်အပေါင်းမှ လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းခံရပေမည်။

၂၆။ နှစ်ဆယ့်ခြောက်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ၎င်း၏သက်တမ်းအပြင် နှစ်ပေါင်းလေးဆယ်သာပို ၍ အကျိုးစ၀ါးဗ် ချီးမြှင့်ခြင်းခံရပေမည်။

၂၇။ နှစ်ဆယ့်ခုနှစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူအား “ပွလ်ဆွေရားသ်” တံတားပေါ်မှ မျက်စိတစ်မှိတ်လျှပ်တစ်ပြက်အတွင်း ဖြတ်သန်းခွင့်ပြုခြင်းခံရပေမည်။

၂၈။ နှစ်ဆယ့်ရှစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ဂျန္နတ်ဥယျာဉ်တော်တွင် ထပ်ဆင့်တိုးမြှင့်တော်မူခြင်းခံရပေမည်။

၂၉။ နှစ်ဆယ့်ကိုးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် အလ္လာဟ်အရှင်မြတ် ကဗူလ်ပြုလက်ခံတော်မူသော ဟဂ်ျအကြိမ်ထောင်ပေါင်းများစွာပြုသကဲ့သို့ အကျိုးကျေးဇူးတော်များရရှိပေမည်။

၃၀။ သုံးဆယ်ရက်ညမြောက်၌ သရာဝီဟ်နမာဇ်မပျက်မကွက်ဝတ်ပြုသူအား အရှင်မြတ်မိန့်တော်မူမည်မှာ “အို-ငါအရှင့်ဗန္ဒဟ်၊ သင် ဂျန္နတ်သုခဘုံအတွင်းမှ မည်သည့်သစ်သီးဝလံမျိုးကိုမဆို စားသုံးလော့၊ စလ်စဗီးလ်ရေဖြင့် ရေချိုးလော့၊
ကောင်စရ်ရေကို သောက်သုံးလော့၊ သင်၏အရှင်သခင်သည်
ငါအရှင်မြတ်သာလျှင်ဖြစ်တော်မူသည်။ သင်သည် ငါ၏ဗန္ဒဟ်ကျေးကျွန်ဖြစ်သည်။

မုစ်လင်မ်အပေါင်းတို့အတွက် အလွန်အရေးကြီးပါသည်။ လမြတ်ရမ်ဇာန်မှာ (သရာဝီဟ်) နမားဇ်ကို စွဲမြဲစွာဖတ်ကြပါ။ ဘယ်သောအခါမှ ပျင်းရိ၍ မစွန့်လွှတ်သင့်ပေ။

မကောင်းမှုလုပ်ရပ်များကို စွန့်လွှတ်ပြီး အရှင်မြတ်
နှစ်သက်တော်မူသောအရာများကို ပြုလုပ်ဆောက်တည်နိုင်စွမ်းပေးသနားတော်မူပါစေ။
ဤစာကို ၀င်ရောက်ဖတ်ရှုသောသူအားလုံးသရာဝီ ဟ်နမာဇ်ကိုအပြည့်အ၀၀တ်ပြုနိုင်စွမ်းပေးသနားတော်မူပါစေ။ ( အာမီန်း )

Special thanks to Ko Than Aung Htwe
Ref : Islam Yaungche Society Group