---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည
်

Showing posts with label Eid. Show all posts
Showing posts with label Eid. Show all posts

Friday, October 26, 2012

အီဒူလ်အဒ်ဟာ မူဘာရက်

ဟစ်ဂ်ျရီ ၁၄၃၃
--------------------

Wednesday, August 22, 2012

အီဒွလ် ဖိသိရ် (သို့) ဥပုသ်လထွက် ၀ါကျွတ်ပွဲ အထိမ်းအမှတ်-- မိန့်ခွန်း

မြန်မာမွတ်ဆလင်အပေါင်းနှင့် တစ်ဘက်သတ် နှိပ်ကွပ်ခံနေရသူများ၊ အမှန်တရားဘက်မှ ရပ်တည်နေသူများ အားလုံးကို မေတ္တာပို့သပါတယ်။
.
ကျွန်တော်တို့ အစ္စလာမ် သာသနာဝင်များဟာ တစ်နှစ်မှာ အီးဒ် ဆိုတဲ့ ဝေါဟာရနဲ့ နှစ်ကြိမ်နှစ်ခါ နှစ်စဉ် ကျင်းပ ဆင်နွှဲ နေ ပါတယ်။ ကျွန်တော် လေ့လာမိသလောက် အီးဒ် ဆိုတဲ့ အာရ်ဗီဝေါဟာရရဲ့ အဓိပ္ပါယ်က ၀မ်းမြောက်အဲ လဲ ပျော်ရွှင်တဲ့ အ
ထိမ်းအမှတ် အခမ်းအနား ကျင်းပတဲ့ ပွဲတော်ကို အီးဒ် လို့ သုံးပါတယ်။ ဒါကြောင့် အာရဗ် ခရစ်ယာန်များက ခရစ်မတ် ပွဲ တော်ကို အီးဒုလ် မီးလာ့ဒ် လို့ ပြောဆိုပါတယ်။
.
အာရ်ဗီဝေါဟာရနဲ့ ပတ်သက်ရင်းနှီးတဲ့ ကျွန်တော်တို့ မွတ်ဆလင်တွေကလည်း ဥပုသ်လကုန် ၀ါကျွတ်ပွဲတော်ကို အီးဒုလ် ဖီးေဿလ် လို့ ခေါ် ကျင်းပပြီး၊ ကံဆောင်ပရိဝါ့သ် ပြုတာ ဟာ့ဂ်ျ အခမ်းအနားကို ဂုဏ်ပြုတဲ့ ပွဲတော်ကိုတော့ အီးဒ်ဒုလ် အဿွဟာရ် လို့ ခေါ်ဆို ကျင်းပလေ့ရှိပါတယ်။
.
ဒီနေ့ဟာ ကျွန်တော်တို့ မွတ်ဆလင်များ အတွက် အီးဒုလ်ဖီးေဿလ် ပွဲတော် ကျင်းပနေတဲ့ နေ့ပါ။ ဒီနေ့မှာ ကျွန်တော်တို့ ဟာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ကြည့်ပါ။ အမှန်တစ်ကယ် ၀မ်းသာအဲလဲနဲ့ ကြည်းနူးမှုတွေ ရင်ထဲမှာ တစ်ကယ်ပဲ ရှိ နေပါသလား။ သို့မဟုတ် ရင်ထဲမှာ ပြည့်တင်း မွန်းကျပ်မှုတွေနဲ့ ဟန်ဆောင်ပန်ဆောင် အီးဒ် (ပွဲတော်) ကို ပြုလုပ်နေကြ ပါ သလား။----
.
ကျွန်တော်ယုံကြည်နေပါတယ်။ ဒီနေ့ ကျွန်တော်တို့ မြန်မာမွတ်ဆလင် အားလုံးရဲ့ အဖြစ်က သူ့အတွက် လာ့ဘ် လာဘ ငွေစ၊ ကြေးစလေး ရမလား ဆိုတာကို ရင်ထားမှာ ထားပြီး မျက်နှာက အပြုံးတုနဲ့ လူတိုင်းကို ဆက်ဆံ နေရတဲ့ တည်းခိုခန်း က ဧည့်ကြိုတစ်ဦးရဲ့ အပြုံးမျိုးနဲ့ သာယာနေရတဲ့ အဖြစ်ထက် မပိုနိုင်ပါ။ ဘယ်နေ့မှာ ငါတို့ အတွက် ဘေးဒုက္ခများ လာလေ မလဲလို့ ရင်ထဲမှာ အပူမီးတွေ ကိန်းနေရဆဲပါ။
.
ဒီအပူမီးတွေကို ကုစားဘို့ လူအများစုကြီးက လောကီငွေကြေး အမြောက်အများကို အလုအယက် ရှာဖွေနေကြတယ်။ ဖြစ် ပေါ်လာတဲ့ ဘေးဘယာများကို ဒီငွေကြေးနဲ့ ဖုံးလိုက်မယ် ဆိုတဲ သဘောမျိုးလည်း တစ်ချို့မှာ ရှိနေပါတယ်။ ကိုယ်အတွေ့ အကြုံနဲ့ကိုယ်- ကိုယ့်အယူအဆနဲ့ကိုယ် ဖြစ်နေတာကြောင့် လူတစ်ဦးချင်းရဲ့ ပုဂ္ဂလ ခံစား များကို မှားသည် မှန်သည် မဝေဖန်လိုပါ။ ဒါပေမယ့် လူတိုင်းကိုတော့ စနစ်တကျ ပြန်လည်သုံးသပ်စေဘို့ သတိ ဖေါ်ပေးလိုပါတယ်။
.
ဒီနေ့ မြန်မာ မွတ်ဆလင်တွေဟာ မတော်မတရား တစ်ဘက်သတ် နှိပ်ကွပ်ခံနေရတာကို မွတ်ဆလင်တိုင်း သာမက အမှန် တစ်ကယ် လူ့အခွင့်အရေးမှာ တန်ဘိုးထားတဲ့ လူတိုင်း သိနေမြင်နေပါတယ်။ ဒီလို အရေးကြီးတဲ့ သော့ချက်ကို အရင် မရှင်းဘဲ လက်ပူတိုက် ဖုံးဖိ ရှင်းနေယုံနဲ့ ကိစ္စတစ်ရပ်ဟာ အဆင်ပြေသွားမှာ မဟုတ်ပါ။ မိမိ နဲ့ မိမိရဲ့ ပတ်ဝန်းကျင်ကြီး တစ်ခုလုံး ငြိမ်းချမ်းသာယာသွားမှ မိမိကိုယ်တိုင်လည်း အေးချမ်းသာယာနိုင်မှာ ဖြစ်ပါ တယ်။ ဥပမာ မိမိ အိမ်တစ်လုံးထဲပဲ-- မီးဘေး အာမခံ ၀ယ်ထားပေမယ့်၊ ပတ်ဝန်းကျင်က အိမ်တွေဟာ အလွယ် တစ်ကူ လောင်ကျွမ်းနိုင်တဲ့ လောင်စာတွေ ဖြစ် နေရင်--၊ အချိန်မရွေး မီးထလောင်နိုင်တယ်၊ အချိန်မရွေး အိုးအိမ် ဥစ္စာများ ဆုံးရှုံးသွားနိုင်တယ်။ မိမိရဲ့ မီးအာမခံ လျှော်ကြေးက ဘေးဒုက္ခရောက်ပြီးမှာ ပြန်ရကောင်း ရလာမှာ ဖြစ်တယ်၊ ဒါတောင် မသေချာလှပါ။ အလားတူပဲ-- မြန်မာ မွတ်ဆလင် တွေဟာ မိမိရဲ့ ငြိမ်းချမ်းရေးကို ရယူဘို့ ကြိုးစားတဲ့ အခါမှာ ရခိုင်မှာ ဘာဖြစ်ဖြစ် ငါတို့ ဗမာပြည်ဘက် အခြမ်း ကို မကူးစက်လာရင် ပြီးရော စိတ်မျိုး၊ ကချင်မှာ ဘာဖြစ်ဖြစ် ငါတို့ ကရင်ဘက်ကို မကူးစက်လာရင် ပြီးရော စိတ်မျိုး- ဘယ် သူသေသေ ငတေမာ ပြီးရော ဆိုတဲ့ စိတ်မျိုးကို လုံးဝ မထားသင့်ပါ။
.
လူ့အသိုင်းအ၀ိုင်း ငြိမ်းချမ်းရေးအတွက် အနစ်နာခံရပါမယ်။ စည်းလုံးညီညွတ်ရပါမယ်။ ငါသေမှာ ကြောက်လို့ ဆိုတဲ့ စိတ်နဲ့ ယုတ်မာနေသူများကို အလိုက်သင့်ဆောင်ရွက်နေခြင်းဟာ အနစ်နာခံနေခြင်း မဟုတ်ပါ။ ဘယ်သူမှ အလကား မသေချင် ပေမယ့်- မတရားမှုများ ပပျောက်သွားအောင် ပြောသင့်တာများကို ပြောရမှာ ဖြစ်ပါ တယ်။ ယုတ်မာသူများဟာ ညီညွတ် လာတဲ့ အင်အားတစ်ခုကို အချိန်မရွေး ဖြိုခွဲ အားနည်းသွားအောင် လုပ်ပစ် ဘို့ ကြံစည်နေတယ် ဆိုတာကိုလည်း အမြဲ တွက်ထားရပါမယ်။ ဒါကြောင့် အချင်းချင်း သွေးမကွဲဘို့၊ ငွေကြေး ဥစ္စာနဲ့ ဆွဲမြှူခြင်းအပေါ် မသာယာမိဘို့- ရာထူးဌာနန္တရ ကို မမက်မိဘို့ အလွန်အရေးကြီးပါတယ်။ ရာထူးမက် မယ်၊ ငွေကြေးမက်မယ်- အမှန်တရားကို ဖုံးကွယ်ထားမယ် ဆိုရင် တော့--၊ အဲ့ဒီ လူ့အသိုင်းအ၀ိုင်းဟာ ဘယ် တော့ ငြိမ်းချမ်းသာယာမှုကို ရနိုင်တော့မှာ မဟုတ်ပါ။
.
နောက်လိုက်များ အနေနဲ့လည်း ကိုယ်ကျိုးကြည့်တဲ့ ခေါင်းဆောင်များကို နေရာမပေးသင့်တော့ပါ။ အချင်းချင်း ကာဒယာနီ ပရ်ဝေဇီ ၀ါဟာဘီ ဆွန်နီ၊ ရှီယာ ထိုးချ စွတ်စွဲနေပြီး တစ်ကယ့် သတ္တိကောင်း ခေါင်းခံရဲတဲ့ ခေါင်းဆောင်များကို ပုတ်ခတ် ပါယ်သတ်နေခြင်းများကိုလည်း အထူးဆင်ခြင်ရတော့မယ့် ကာလကို ရောက်နေပါတယ်။ ဘယ်သူဖြစ်ဖြစ် မိမိရဲ့ အသိုင်း အ၀ိုင်းတစ်ခုကို တစ်ကယ့် စေတနာကောင်းနဲ့ သတ္တိကောင်းနဲ့ အမှန်တရားအတွက် လုပ်ဆောင်ပေးနိုင်မယ့် လူသားကိုသာ ဦးစီးဦးဆောင်တင်မြှောက်သင့်ပါတယ်။
.
ငါ နာတုံးခဏ အမေလေးတ၊ ပြီးရင် နဂိုဇတ်ကို ဆက်က နေတဲ့ အလေ့အကျင့်မျိုးက ပညာမဲ့တို့ရဲ့ အလေ့ အကျင့်များ စိတ် စရိုက်များ ဖြစ်ပါတယ်။ ဒီလို စိတ်စရိုက် ပိုင်ရှင်များဟာ အီမန်ပိုင်း ဆိုင်ရာမှာ အလွန်အားနည်း နေပါသေးတယ်။ မိမိကိုယ် မိမိ ပြန်လည် ဆင်ခြင်သင့်ပါတယ်။ အယူသည်းခြင်းဟာ အီမန်မြင့်ခြင်း အီမန်ကြီးခြင်း မဟုတ်ပါ။ အနစ်နာခံခြင်း၊ စွန့် လွှတ်ခြင်း၊ စွန့်စားခြင်း လူထုအတွက် သောကထားခြင်း၊ မိမိထက်ပိုပြီး မိမိရဲ့ အသိုင်းအ၀ိုင်းကို ဦးစားပေးခြင်း မိမိရဲ့ အ သိုင်းအ၀ိုင်း အနာဂါတ်ကို တွက်ချက်ပြီး အသိုင်းအ၀ိုင်းကောင်း စားမယ်ဆိုရင် မိမိဘက်က ဘာမဆို လုပ်ရဲ ပေးဆပ်ရဲခြင်း သည်သာ အီမန်ကြီးခြင်း အီမန်မြင့်ခြင်း ဖြစ်ပါတယ်။
.
ကျွန်တော်တို့ အနေနဲ့-- မြန်မာနိုင်ငံထဲမှာ ရှိသမျှသော မွတ်ဆလင်များရဲ့လက်တွေ့ ခံစားချက်များ နစ်နာချက်များကို ကုစား ပေးနိုင်ရပါမယ်။ အလားတူ အခြားသော သူများရဲ့ နစ်နာမှု၊ ဆုံးရှုံးမှု အားလုံးကိုလည်း တတ်အားသမျှ ကာကွယ် ကုစား ပေးရပါမယ်။ မတရားမှု အားလုံးကို ရပ်တန့်သွားအောင် ကြိုးစားရပါမယ်။ ဒီအတွက် အသင်းအဖွဲ့တိုင်းရဲ့ ခေါင်းဆောင်တိုင်း မှာ တာဝန်ရှိနေပါတယ်။ ငါ့အသင်း ကောင်းစားဘို့ ငါ့ဂိုဏ်း ကောင်းစား ဘို့၊ ငါ့အမျိုးအနွယ် ကောင်းစားဘို့ ဆိုတဲ့ စိတ်မျိုး သာ ထားနေရင်တော့-- ဒီလို ခေါင်းဆောင်မျိုးကို အဲ့ဒီ အသိုင်းအ၀ိုင်းက ဖယ်ရှားပစ်ရမှာပါ။ ဒီအတွက် လူထုမှာလည်း အသိရှိနေဘို့ လိုပါတယ်။ ခေါင်းဆောင်ဆိုသူ လှည့် တိုင်း လည်နေတဲ့ လူတန်းစားမျှသာ ဖြစ်နေသေးရင်တော့-----။ နောင် မျိုးဆက်ပေါင်းများစွာအထိ အဲ့ဒီ လည်ပတ်ခြင်း ရဟတ်ထဲမှာသာ မွေ့နေရမှာပါ။-- စစ်မှန်တဲ့ အီးဒ် (ပျော်ရွင်မှု ပွဲတော်) ဆို တာ ဘယ်တော့မှ ဖြစ် လာတော့မှာ မဟုတ်ပါ။
.
မြန်မာတစ်ပြည်လုံးမှာ ရှိတဲ့ မွတ်ဆလင်များ အနေနဲ့ စစ်မှန်တဲ့ အီးဒ် ရဲ့ ရသကို ခံစားနိုင်အောင် အမှန်တစ်ကယ် ကြိုးစား ကြပါလို့ တိုက်တွန်းပါတယ်။ အလားတူ လူ့အခွင့်အရေး လှုပ်ရှားသူများ အနေနဲ့လည်း မိမိရဲ့ ရင်ထဲမှာ အစွဲကင်းပြီး တစ် ကယ့် လူသားတွေ အတွက် အလုပ်လုပ်ပေးနေတဲ့ ဆိုတဲ့ အသိနဲ့ လူ့အခွင့်အရေးနေ့ ကို ဘ၀င်ကျကျ စိတ်ချမ်းသာသာ ဆင်နွဲနိုင်အောင် ကျင်းပနိုင်တဲ့ နေ့ရက်များပေါ်လာပါစေလို့ မေတ္တာပို့သပါတယ်။
.
ဦးဌေးလွင်ဦး
ကုရ်အံဘာသာပြန် ဆရာ
B.A၊ မြန်မာစာ (ရန်ကုန်)။ A A (Media Marketing, Utica NY, USA)

Special thanks to Brother Ko Thuriya

Monday, August 20, 2012

Eid Mubarak



Sunday, November 13, 2011

ဆင်းရဲသားများအတွက် ကုရ်ဗာနီ

မပြတ်မစဲသနားကြင်နာတော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့်အစပြုပါ၏။
ချီးမွမ်းထောပနာခြင်းအပေါင်းသည် အလ္လာဟ်အရှင်မြတ်အတွက်သာဖြစ်ပါသည်။
.
ဒီနှစ်ဟစ်ဂ်ျရီ ၁၄၃၂ မှာအီဒ်ဒွလ်အဒ်ွဟာအခါသမယကို ရောက်ခဲ့ပြီးပါပြီ။ မွတ်စလင်မ်များမှ မရှိသူဆင်းရဲသားများအတွက် သားကောင်များကို စွန့်လွှတ်လှူတန်းမျှဝေပေးခဲ့ကြသည်။ ဤကုရ်ဗာနီသည် ယစ်ပူဇော်ခြင်းလည်းမဟုတ်၊ အချို့နိုင်ငံများကဲ့သို့ အမျိုးသားများ မိမိခွန်အားသန်စွမ်းကြောင်းကြွားဝါရန် သားကောင်ကိုသတ်ဖြတ်သည်လည်းမဟုတ်၊ အပျော်အမဲလိုက်ချင်းလည်းမဟုတ်ပါ။
.
လပေါင်းများစွာ၊ နှစ်နှင့်ချီ၍ နွမ်းပါး ငတ်မွတ်နေသဖြင့် ဟင်းလျာကောင်းများတမ်းတနေသူ ဆင်းရဲသားများအတွက် မိမိတို့ ငွေ၊ အချိန်၊ ခွန်အားများရင်းကာ တစ်နှစ်တစ်ခေါက်စွန့်လွှတ်လှူတန်းခြင်းသာဖြစ်ပါသည်။
.
အကယ်၍ ဘာသာတစ်ခုက နောက်ဘာသာတစ်ခုကို မိမိတို့အယူဝါဒရှူထောင့်မှကြည့်လျှင် ဘယ်သောအခါမှ ထိုစွန့်လွှတ်မှုကိုနားလည်နိုင်မည်မဟုတ်။ မိမိတို့ရှူထောင့်မှကြည့်ပြီး ထိုကုရ်ဗာနီကိုရှူံ့ချဝေဖန်ပြစ်တင်သူများလည်းများစွာရှိကြသည်။ မည်သို့ပင်ပြစ်တင်နေကြသော်လည်း မွတ်စလင်မ်အိမ်နီးချင်းမှ အသားတစ်ထုတ်ကိုတော့နှစ်တိုင်းမျှော်ခဲ့သူများ၊ အသားရပြီး ဒီကနေ့ဈေးဖိုးတော့သက်သာပြီ၊ဟင်းကောင်းတစ်မယ်စားရပြီဟု ဝမ်းသာသောအိမ်များစွာ မြန်မာနိုင်ငံ၌ရှိကြသည်။
.
ဆင်းရဲနွမ်းပါးမှုနှုန်း တစ်နှစ်ထက်တစ်နှစ်မြင့်တက်လာလေ ဆင်းရဲသားဦးရေလည်းတိုး၍သာလာလေဖြစ်နေပါသည်။ ကုရ်ဗာနီရက်များကျရောက်သည့်နေ့များတွင် မွတ်စလင်မ်များ၏ အိမ်တခါးပေါက်ဝ၊ ခြံဝတို့တွင်အသားအလှုရရန် မျက်နှာငယ်လေးနှင့်စောင့်မျှော်နေကြသူများ၊ တိုးဝှေ့ပြီးအသားထုတ်ရအောင်ယူသောသူများ၊ ရပြီးသူတွေကနောက်တစ်ခေါက် ရအောင်ကြိုးစားကြသူများ၊ လူကြီး၊ လူငယ်၊ ကလေးများမှအစကုရ်ဗာနီသားကို တောင်းရမ်းကြသည်။ ထိုသို့အိမ်တိုင်ယာရောက်လာတောင်းကြသော ဆင်းရဲသားများမှာကျွန်ုပ်တို့နှင့် တစ်နိုင်ငံတည်းမွေးကြသော မြန်မာလူမျိုးမောင်နှမအများစုဖြစ်ကြပြီး တစ်နှစ်ထက်တစ်နှစ်တိုး၍လာပါသည်။ ၎င်းဆင်းရဲသားများသည် ဩငါတို့ကိုဒီလို တစ်နှစ်တစ်ခေါက် အသားလေးစားရအောင်လှုမဲ့သူတောင်မရှိကြပါလားဟု စိတ်ညှိုးနွမ်းကြရှာသည်။
.
မြန်မာသမိုင်းတလျှောက် မွတ်စလင်မ်ကို မွတ်စလင်မ်ဟုမခေါ်ဘဲ ခါးသီးစေသော ကုလား ဟူသောအခေါ်၊ လူမျိုးရေးဘာသာရေးမှာ ခွဲခြားဆက်ဆံမှုတို့သည် မျိုးဆက်ပေါင်းများစွာခံခဲ့ရပြီးဖြစ်သည်။ ဤသည်ကုလသမဂ္ဂ၏ ပြဌာန်းထားသော လူ့အခွင့်အရေးကို နားမလည်ကြ၍ တစ်ကြောင်း၊ မေတ္တာတရားများမေ့လျှော့သွားကြ၍လည်းကောင်းဖြစ်နိုင်ပါသည်။
.
ကုရ်ဗာနီကို ကုလားများနွားသတ်သည်ဟု ပြောကြပါသည်။ ရှိပါစေတော့။ ထိုသို့ပြောဆိုသူတို့မှာ မွတ်စလင်မ်တို့၏ စွန့်လွှတ်မှုစေတနာနှင့် အောက်ပါကျမ်းမြတ်ကုရ်အာန်ပါအမိန့်တော်များကိုနားမလည်ကြလို့ပင်ဖြစ်သည်။
.
အသင်တို့သည် ၎င်းတို့(၏အသား)အနက်မှ မိမိတို့ကိုယ်တိုင်လည်း စားသုံးကြလေကုန်။ (လက်ဖြန့်တောင်းခံခြင်း မပြုဘဲ) ရောင့်ရဲတင်းတိမ်(မှုဖြင့်သိက္ခာစောင့်စည်း)သူအား လည်းကောင်း၊ (သိက္ခာမစောင့်စည်းနိုင်ဘဲဖွင့်ဟ) တောင်းရမ်းသူအားလည်းကောင်း၊ ကျွေးမွေးကြလေကုန်။ ( ကုရ်အာန်၂၂း၃၆)
.
အလ္လာဟ်အရှင်မြတ် အထံတော်သို့ ယင်းကုရ်ဗာနီသားကောင်တို့၏ အသားများသည် အလျင်းရောက်ရှိသည် မဟုတ်ပေ။ ထိုနည်းတူစွာ ယင်းကုရ်ဗာနီ သားကောင်တို့၏ အသွေးများသည်လည်း အလျင်းရောက်ရှိသည် မဟုတ်ပေ။ စင်စစ် အသင်တို့၏ ရိုသေလေးမြတ်မှု၊ အမိန့်တော်ကိုရိုသေလိုက်နာမှု၊ ကောင်းမြတ်သော အကျင့်သီလသည်သာလျှင်ထိုအရှင်မြတ် အထံတော်သို့ ရောက်ရှိပေသည်။ ထိုအရှင်မြတ်သည် ယင်းကုရ်ဗာနီ သားကောင်များကို အသင်တို့၏လက်အောက်ခံများ ပြုလုပ်ထားတော်မူပေသည်။ ကုရ်အာန် (၂၂း၃၇)
.
ထို့ကြောင့် မွတ်စလင်မ်များသည် လူတစ်ဘက်သားအား ကျောသားရင်သားမခွဲခြားဘဲ လူမျိုးမရွေး ဘာသာမရွေး မရှိဆင်းရဲသားများကို တန်းတူ လှူတန်းခဲ့ကြသည်။ မွတ်စ်လင်မ်တို့သည် မိမိတို့တတ်နိုင်သလောက်ငွေနှင့် သားကောင်များကိုဝယ်ယူကုရ်ဘာနီပြုလုပ်ပြီး ရက်ရက် ရောရောပေးကမ်းလှူတန်းကြသည်မှာ တစ်ကမ္ဘာလုံးမှမွတ်စ်လင်မ်မောင်နှမများ၏ တူညီသောစိတ်စေတနာများဖြစ်ပါသည်။
.
ကမ္ဘာပေါ်တွင် လူချမ်းသာ၊ ဆင်းရဲတို့ရှိချင်းသည် ချမ်းသာသူတို့ ပိုင်ဆိုင်မှုများကိုသာဖက်တွယ်မနေဘဲ ကိုယ်ကျိုးကိုစွန့်၍ လူအများအကျိုးဆောင်ရွက်ပေးခြင်း၊ ဆင်းရဲသူတို့မှာ ငတ်မွတ်ဆာလောင်နေချိန် မိမိတို့အား လူအချင်းချင်းမှ မျှဝေလှူတန်းရာမှ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ကိုသတိရခြင်း၊ လူသားချင်းအပေါ်စာနာမှုထားခြင်းတို့သည် မွန်မြတ်သောအလုပ်များပင်တည်း။
.
အကယ်၍တစ်ဦးတစ်ယောက်၏ ဆန္ဒအတိုင်း ကမ္ဘာပေါ်မှာ ချမ်းသာဆင်းရဲမရှိအားလုံးတန်းတူသာရှိနေမည်ဆိုလျှင်၊ လူ ဟူသောလူသားသည် လွယ်ကူမှုအပေါ်တန်ဖိုးထားတတ်ခြင်းကင်း၍၊ ငါ ဟူသောတကိုယ်ကောင်းဆန်မှု၊ ကျေးဇူးကန်းမှုတို့သည် ဆထက်တပိုး ပို၍တိုးများလာမည်။ ပြစ်မှုဒုစရိုက်များကျူးလွန်နေကြသူများသည် ဆင်ခြင်တုံတရားခေါင်းပါး၍ အလိမ္မာကင်းသောသူများဖြစ်ကြသည်။ အမုန်းတရားနှင့် ကျင်လည်နေခြင်းသည်ရောဂါဆိုး၏ ဝေဒနာကိုဝယ်ယူခံစားနေသူနှင့်တူသည်။
.
ဧကန်အမှန်အလ္လာဟ် အရှင်မြတ်သည် မည်သည့်သွေဖည်ငြင်းပယ်သောသစ္စာမဲ့သူကိုမျှ နှစ်သက်တော်မူသည်မဟုတ်ပေ။
ကုရ်အာန် (၂၂း၃၈)
.
တစ်ဆူတည်းသော အလ္လာဟ်ရှင်မြတ်သည် အစစအရာရာကို သိမြင်တော်မူသည်။ ထို့ကြောင့်စကြာဝဠာ၌ ရှိရှိသမျှတို့ကို မည်သို့မည်ပုံဖန်ဆင်းရမည်ကို အသိဆုံးဖြစ်သည်။ အရှင်မြတ်၏ တန်ခိုး၊ ဖန်ဆင်းမှုအဆင့်ဆင့်တို့ကို တော်ယုံဉာဏ်အမြှော်အမြင်ဗဟုသုတနှင့် လိုက်မှီ နားလည်ရန်မလွယ်ပါ။ မိမိတို့စိတ်နှလုံးများကို ဖြူစင်အောင်အထပ်ထပ်ဆေးကျောပြီး မေတ္တာတရားအစစ်အမှန်ရှိမှသာလျှင် နားလည်နိုင်လိမ့်မည်။
.
ငတ်မွတ်ခေါင်းပါးနေသော မရှိဆင်းရဲသားမြောက်များစွာတို့သည်နှစ်စဉ် နံနက်ဝေလီဝေလင်းအချိန်မှစ၍ စုအုံလို့ကုရ်ဗာနီသားကို အလုအယက်တောင်းနေကြသောမြင်ကွင်းမှာ အလ္လာဟ်ရှင်မြတ်၏ ညွှန်ကြားချက်များသည်ချွင်းချက်မရှိအမြဲမှန်ကန်နေကြောင်း သက်သေသာတကတစ်ရပ်ဖြစ်သည်။
.
ရွှင်လန်းကြပါစေ။






Saturday, November 5, 2011

Thursday, September 1, 2011

EID MUBARAK 1432 HJ.