မေတ္တာရှင် - ငါ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကို တရားဟောကြွတော့ ဆစ်ဒနီက ဗုဒ္ဓဘာသာ လူငယ်တွေက မြန်မာတစ်မျိုးသားလုံး သိသင့်တဲ့ မေးခွန်းတစ်ခု မေးတယ်။ အဲဒီမေးခွန်းက - မြန်မာတွေဟာ အမြင့်မြတ်ဆုံးဖြစ်တဲ့ ဗုဒ္ဓဘာသာကိုလည်း ကိုးကွယ်ခွင့်ရတယ်။ ဒါနကုသိုလ်လည်း အများကြီးပြုကြတယ်။ အဲဒီနှစ်ချက်ကို ထောက်ကြည့်ရင် မြန်မာတွေဟာ ကမ္ဘာမှာ အချမ်းသာဆုံး ဖြစ်သင့်တယ်။ ဒါပေမယ့် ထင်သလောက်... မချမ်းသာဘူး။ အဲဒါ ဘယ်အကြောင်းတွေကြောင့်လဲ တဲ့။
.
*** ဟာ သိပ်ကောင်းတဲ့ မေးခွန်းပဲ ဘုရား။ ဆရာတော်က ဘယ်လိုဖြေလိုက်လဲ ဘုရား။
.
မေတ္တာရှင် - အကျဉ်းချုပ် ဖြေလိုက်တာက မြန်မာတွေဟာ ဗုဒ္ဓစကားကို နားမထောင်ကြလို့ ဆင်းရဲနေကြတာလို့ ဖြေလိုက်တယ်။
.
*** အဲဒီလောက် ကျဉ်းလွန်းအားကြီးတော့လည်း ဘယ်နားလည်ပါ့မလဲ ဘုရား။ နည်းနည်းအကျယ်ချဲ့ ဖြေဦးမှပေါ့ ဘုရား။
.
မေတ္တာရှင် - မြန်မာအများစု မကြီးပွါးခြင်း အကြောင်း ၁၁ ချက်ကို တွေ့ရတယ်။ အဲဒီ ၁၁ ချက်ကို ပြင်လိုက်လျှင်တော့ ကြီးပွါးချမ်းသာလာကြမှာ။ အဲဒီ ၁၁ ချက်က -
.
၁။ တကယ် လိုအပ်သော နေရတွင် မလှူဘဲ နာမည်ကြီးမည့် နေရတွင်သာ စုပြုံလှူကြခြင်း။ ဥပမာအားဖြင့် စာသင်တိုက်တစ်တိုက်မှာ ကုဋီ (အိမ်သာ) လိုနေတယ်။ ဒါပေမယ့် လှူမယ့်သူ မရှိဘူး။ ဘာကျတော့ လှူသလဲ ဆိုတော့ ဘုရားခန်းထဲမှာ ရုပ်ပွါးတော်တစ်ဆူ ရှိပြီးဖြစ်လျက်နဲ့ နောက်ထပ် ရှစ်ဆူလောက် ထပ်လှူတော့ ဘုရားကိုးဆူဟာ ကျပ်ကျပ်တည်းတည်း စံနေတော်မူကြရတယ်။ ဗုဒ္ဓဘာသာအများစုဟာ ဘုရားဒကာ၊ ဘုရားအမသာ အမည်ခံချင်ကြတာ။ အိမ်သာဒကာ၊ အိမ်သာအမ အမည်မခံချင်ကြဘူး။ လှူတယ်ဆိုတာ ကိုယ့်အတွက် မဟုတ်ပါဘူး။ အလှူခံအတွက်ပါ။ ဒါကြောင့် အလှူခံ လိုအပ်တာကို ရွေးချယ်ပြီး လှူသင့်တယ်။ ကိုယ်လှူချင်တာကို ရမ်းပြီး မလှူသင့်ဘူး။
.
၂။ မြတ်စွာဘုရားက အင်္ဂုတ္တိရ်ပါဠိတော် ဇဏုသောဏိသုတ်မှာ သမ္မဒါလေးပါးနဲ့ ပြည့်စုံရင် ကြီးပွါးချမ်းသာမယ်လို့ ဟောခဲ့တယ်။ ဗုဒ္ဓဘာသာအများစုဟာ တစ်ပါးမှ မပြည့်စုံဘူး။
.
၃။ ဘာသာရေးအပေါ်မှာ ထားတဲ့ မေတ္တာ စေတနာမျိုးကို စီးပွါးရေးအပေါ်မှာ မထားကြလို့လည်း မြန်မာအများစုဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။
.
၎။ ပျင်းရိခြင်း အကုသိုလ်ကို ရောင့်ရဲခြင်းကုသိုလ်လို့ အထင်မှား ကျင့်သုံးနေတဲ့အတွက်လည်း မြန်မာတွေဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။
.
၅။ အတ္တသမာပဏီဓိ မင်္ဂလာချို့တဲ့လို့ တစ်နည်းအားဖြင့် မိမိကိုယ်မိမိ ကောင်းတဲ့အလုပ်မှာ ဆောက်တည်နေနိုင်စွမ်း မရှိလို့လည်း မြန်မာအများစုဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။
.
၆။ အချိန်တန်ဖိုးကို မသိကြတဲ့အတွက်လည်း ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။ အချိန်တန်ဖိုး သိတဲ့သူများဟာ ဥစ္စာစည်းစိမ်ကို ရခြင်း၊ ကုသိုလ်တရားကို ရခြင်း၊ ပညာဗဟုသုတကို ရခြင်း အမျိုးမျိုးနဲ့ အချိန်ကို တန်ဖိုးရှိစွာ အသုံးချတယ်။ အချိန်တန်ဖိုး မသိတဲ့သူများကတော့ မြူးထူးပျော်ပါးကစားခြင်း၊ ငြင်းခုံခိုက်ရန် စကားများခြင်း အချိန်ကို တန်ဖိုးမဲ့စွာ အသုံးချတယ်။
.
၇။ ကိုယ့်ထက်သာလျှင် မနာလိုဖြစ်ပြီး သူတစ်ပါးအကျိုး ပျက်စီးအောင် ဖျက်ဆီးတတ်ကြတယ်။ ဒီအချက်ဟာလည်း မြန်မာအများစု မကြီးပွါးခြင်းရဲ့ အကြောင်းတစ်ခုပဲ။ ကိုယ့်ထက်သာလို့ ဝမ်းသာရင် မုဒိတာလို့ ခေါ်တဲ့ ကုသိုလ်တရားဖြစ်တယ်။ ကိုယ့်ထက်သာလို့ မနာလိုဖြစ်ရင် ဣဿာဆိုတဲ့ အကုသိုလ်တရား ဖြစ်တယ်။ ပညာရှိ ပညာမဲ့ဆိုတာ ဒီနေရာမှာ ကွဲသွားတာပဲ။ ပညာရှိက ကိုယ့်ထက်သာတဲ့ လူကိုတွေ့ရင် ဝမ်းမြောက်ခြင်းဆိုတဲ့ မုဒိတာကုသိုလ်ကို အရယူတယ်။ ပညာမဲ့က ကိုယ့်ထက်သာတဲံသူကို တွေ့ရင် ဣဿာလို့ခေါ်တဲ့ အကုသိုလ်ကို အရယူတယ်။ ဒေါက်တာဘွဲ့ကြီး ရထားပါစေ၊ မနာလိုတတ်တဲ့သူဟာ ပညာမဲ့ပါပဲ။ ဘာအတန်းပညာမှ မတတ်ရင် နေပါစေ၊ ကိုယ့်ထက်သာတဲ့ သူအပေါ်မှာ ဝမ်းမြောက်ရင် ပညာရှိပဲ။
.
ဣဿာဖြစ်နေသလား၊ မုဒိတာဖြစ်နေသလား ဆိုတာ သူ့ရဲ့နှုတ်က ထုတ်ဖော် အစီရင်ခံပါလိမ့်မယ်။ တော်တာကို တော်ပါတယ်လို့ လှိုက်လှိုက်လှဲလှဲ ချီးမွမ်းစကားပြောရင် သူ့သန္တာန်မှာ မုဒိတာတရား ဖြစ်နေတယ်လို့ သိနိုင်တယ်။ မချီးမွမ်းဘဲ နှုတ်ဆိတ်နေခြင်း၊ မပြောပလောက်တဲ့ အားနည်းချက်ကို ထောက်ပြပြီး အပြစ်ပြောနေခြင်းဟာ သူ့သန္တာန်မှာ ဣဿာဖြစ်တယ်လို့ ပြတာပါပဲ။
.
ပညာမဲ့က သူ့သန္တာန်မှာ ဣဿာတရားဖြစ်နေတယ် ဆိုတာကို သူတစ်ပါးရဲ့ အပြစ်ကို အတုံးလိုက် အတစ်လိုက်ပြပြီး ထင်ထင်ရှားရှား ပြတယ်။ ပညာတတ်တွေကျတော့ သူတို့သန္တာန်မှာ ဖြစ်နေတဲ့ ဣဿာကို ထင်ထင်ရှားရှား မပြဘူး။ မသိမသာဘဲ ပြတယ်။ ပညာတတ်က သူတို့သန္တာန်မှာ ဣဿာဖြစ်နေတာကို သူတစ်ပါး သိသွားမှာကိုလည်း စိုးရိမ်တယ်။ အဲဒီတော့ ပညာတတ်က အောင်မြင်နေတဲ့ လူတစ်ယောက်ရဲ့ မပြောပလောက်တဲ့ အပြစ်ကလေးကို ခပ်ပါးပါး ထောက်ပြပြီး အမှတ်ယူတတ်တယ်။ အပေါ်ယံ ကြည့်ရင်တော့ အောင်မြင်နေတဲ့ လူရော၊ သူ့နောက်လိုက်တပည့်တွေကိုပါ မှားမှာစိုးလို့ သတိပေးတဲ့ ပုံစံမျိုးပေါ့။ အမှန်က မိမိရဲ့ဣဿာကို သူတစ်ပါး မသိအောင် ခပ်ပါးပါး လှစ်ပြတာပါပဲ။
.
၈။ မြန်မာအများစု မကြီးပွါးခြင်းရဲ့ နံပါတ်ရှစ် အကြောင်းကတော့ စာပေဗဟုသုတ မရှိတာပါပဲ။
.
၉။ နံပါတ် ၉ အကြောင်းကတော့ ဒေသန္တရဗဟုသုတ မရှိတာပါပဲ။ ဒါကြောင့် စာပေဗဟုသုတရှိအောင် စာမျိုးစုံ ဖတ်သင့်ပြီး တစ်နှစ် တစ်ကြိမ် ဒေသန္တရဗဟုသုတခရီးကို သွားသင့်ပါတယ်။
.
၁၀။ နံပါတ်တစ်ဆယ် အကြောင်းကတော့ ခေါင်းဆောင်စိတ် နည်းပါးတာပါပဲ။ ကောင်းတဲ့ အလုပ်ဆိုရင် မခိုင်းဘဲ လုပ်တာ။ အလုပ်ကို အများကြီး လုပ်ပြီး အခွင့်အရေးကို နည်းနည်းယူတာတွေဟာ ခေါင်းဆောင်စိတ်ပါပဲ။ ဆန့်ကျင်ဘက်အားဖြင့် ခိုင်းမှ လုပ်တတ်တာ။ အလုပ်ကို နည်းနည်းလုပ်ပြီး အခွင့်အရေး အများကြီးယူတာဟာ နောက်လိုက်စိတ် ခေါ် ကျွန်စိတ်ပါပဲ။
.
၁၁။ မြန်မာအများစု မကြီးပွါးခြင်းရဲ့ ၁၁ ခုမြောက် အကြောင်းကတော့ ကိုယ့်အားကိုယ်ကိုးလိုစိတ် နည်းပါးတာပါပဲ။ အနောက်တိုင်းနိုင်ငံ အများစုက အရှေ့တိုင်းနိုင်ငံ အများစုထက် ချမ်းသာကြွယ်ဝနေရခြင်းရဲ့ အဓိကအကြောင်းဟာ ၁၈ နှစ်ပြည့်တာနဲ့ ကိုယ့်အားကိုယ်ကိုးပြီး စီးပွါးရေး အလုပ်လုပ်ကြလို့ပဲ။ အနောက်နိုင်ငံက လူငယ်တွေဟာ ၁၈ နှစ်ပြည့်ပြီးတာနဲ့ လူကြီးဖြစ်ပြီလို့ သတ်မှတ်ပြီး စီးပွါးရေးလုပ်ငန်း၊ တစ်နည်း ငွေဝင်တဲ့ လုပ်ငန်းတစ်ခုခုကို မဖြစ်မနေ လုပ်ကြတော့တာပဲ။ မြန်မာအမျိုးသမီးတစ်ဦး နယူးဇီလန်နိုင်ငံကို ပညာတော်သင် ရောက်သွားတယ်။ တစ်နေ့ ကိစ္စတစ်ခုရှိလို့ တက္ကစီ ငှားစီးသွားတယ်။ ကားမောင်းသမားလေးက အသက် ငယ်ရွယ်သူလေး ဖြစ်နေလို့ ကျောင်းမတက်ဘူးလားလို့ မေးကြည့်တဲ့အခါ ဆေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားဖြစ်နေတယ်။ မြန်မာအမျိုးသမီးဆိုတော့ မြန်မာပြည်ရဲ့ အလေ့အထအတိုင်း မိဘက မတတ်နိုင်လို့ တက္ကစီ မောင်းနေရတာလို့ ထင်သွားတာပေါ့။
.
*** အဲဒီအတိုင်း ဟုတ်ပါသလား ဘုရား။
.
မေတ္တာရှင် - ဘယ်ဟုတ်ရမှာလဲ။ မေးလိုက်တဲ့အခါ ဟိုက ဘယ်လို ပြောသလဲဆိုတော့ ကျွန်တော်တို့ နိုင်ငံရဲ့ အလေ့အထက အနောက်တိုင်းဆန်ပါတယ်။ ဒါကြောင့် ၁၈ နှစ် ပြည့်ပြီးတာနဲ့ မိဘကို အားကိုးပြီး မနေကြပါဘူး။ ကိုယ်ပိုင်လုပ်ငန်း တစ်ခုခုလုပ်ပြီး ငွေရှာပါတယ်။ အဲဒီငွေနဲ့ ကျောင်းတက်ပါတယ်။ ၁၈ နှစ် ပြည့်ပြီးရင် လူကြီးဖြစ်ပြီလို့ သတ်မှတ်ပါတယ်။ လူကြီးဘဝ ရောက်နေပြီ ဖြစ်ရက်နဲ့ မိဘလုပ်စာ ထိုင်စားရမှာ မိဘလုပ်စာနဲ့ ကျောင်းတက်ရမှာကို အင်မတန် ရှက်ကြပါတယ်။ ၁၈ နှစ်ပြည့်ပြီး သူငယ်ချင်းတွေ တွေ့ကြတဲ့အခါ ဘယအလုပ် လုပ်သလဲလို့ မေးမြန်းနှုတ်ဆက်တတ်ပါတယ်။ ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရက်နဲ့ စီးပွါးရေး အလုပ်တစ်ခုမှ မလုပ်တဲ့သူကို လူရာမဝင်သူလို့ သတ်မှတ်ပြီး ဘယ်သူမှ အပေါင်းအသင်း မလုပ်ကြပါဘူးလို့ အားရပါးရ ပြန်ပြောတယ်။
.
*** တပည့်တော်တို့ မြန်မာလူငယ်တွေနဲ့ ကွာလိုက်တာ ဘုရား။ ဒီမှာတော့ ကိုယ့်ကျောင်းစရိတ် ကိုယ်ရှာပြီး ကျောင်းတက်တဲ့လူကို ဆင်းရဲသားဆိုပြီး ဝိုင်းအထင်သေးကြတယ်။ မိဘလုပ်စာစား၊ မိဘအိမ်က ကားနဲ့ စတိုင်ကျကျ ကျောင်းတက်နိုင်သူကိုမှ သူဌေးဆိုပြီး အထင်ကြီးကြတယ်။
.
မေတ္တာရှင် - အေး ဟုတ်တယ်။ မြန်မာ အများစုဟာ ဂုဏ်မယူသင့်တာတွေကို ဂုဏ်ယူပြီး ဂုဏ်ယူသင့်တာကို ဂုဏ်မယူတဲ့အတွက် ကြီးပွါးသင့်သလောက် မကြီးပွါးကြတာဘဲ။
.
Copy from သတင်း ဥယျာဉ်
---
အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည်
Showing posts with label Buddhist Terrorist. Show all posts
Showing posts with label Buddhist Terrorist. Show all posts
Monday, June 10, 2013
Monday, June 3, 2013
Saturday, May 4, 2013
တင်ပါ့၊ မှန်ပါ့ဘုရား မလုပ်ခင် ဆင်ချင်တုံတရားလည်း ရှိကြဦး
(၁၀ နှစ်အရွယ်မွတ်စလင်မ်ကလေးငယ်အား မြန်မာဗုဒ္ဓဘာသာများမှ လူမဆန်စွာ ဝိုင်းရိုက်သတ်နေပုံ)
ဗုဒ္ဓဘုရားဟောသွားသည်မှာ သူ့အသက်သတ်ရင် အဖန် ငါးရာ ငါးကမ္ဘာမှာ ဝဋ်ကြွေးခံရမယ်။
ပါနာတိပါတာဟာ အကြီးဆုံးအပြစ်ဖြစ်တယ်။ အခုတော့ ၉၆၉ ဘုရားသားတော်တွေ (အယောင်ဆောင်) ကိုယ်တိုင် ပါနာတိပါတာကံကိုကျူးလွန်ပြီး လူသတ်နေပါလား။
တကယ်ပညာတတ် လူရည်သန့်ပတ်ဝန်းကျင်က ကြည့်ရင် မြန်မာမျက်ကမ်းမျိုးချစ်တွေ ဖြန့်ဝေနေတဲ့ လူမျိုးရေး ဘာသာရေးမုန်းတီးမှု ဝါဒတွေဟာတကယ် အဆင့်မရှိတဲ့လူတွေရဲ့ အတွေးအခေါ်တွေဖြစ်လို့ တကယ်ရှက်စရာကောင်းပါတယ်။ ဥရောပ သက္ကသိုလ်တစ်ခုမှ သုသေသနမှာ ဖော်ပြသွားပါတယ်။ လူတွေမှာ မိခင်ဝမ်းဗိုက်ထဲမှစ၍ အရွယ်ရောက်ကြီးပြင်းလာသည်အထိ အစားအသောက်ချို့တဲ့ခဲ့ရင် အဲဒီလူမျိုးတွေမှာ အတွေးအခေါ်လည်းချို့တဲ့ကြတယ်။ အတွေးအခေါ်ချို့တဲ့မှုကြောင့် အမှားအယွင်းများစွာလည်း ပြုလုပ်ကြတယ်။ မြန်မာနိုင်ငံဟာ အာရှမှာ နှစ်ပေါင်းများစွာ ချို့တဲ့ ကျပ်တည်းမှုအောက်မှာ ကျင်လည်ခဲ့ရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ -
စစ်အုပ်ချုပ်ရေးစနစ်အောက်မှာမွေးဖွား ကြီးထွားလာတဲ့ မြန်မာလူမျိုးအများစုဟာ ပညာရေးချို့တဲ့ကြတယ်။
စာပေဗဟုသုတနည်းတော့ ဘယ်သူဘာပြောပြော၊ ဘာပဲသတင်းဖြန့်ဖြန့် ဖြစ်နိုင် မဖြစ်နိုင် သုံးသတ်နိုင်တဲ့စွမ်းအားလည်း နည်းတယ်။
-
ဒါကြောင့်ဉာဏ်ပညာချို့တဲ့သူတွေကို အယူသွင်း၊ Brain wash လုပ်ဖို့ကလွယ်တယ်။ ဗုဒ္ဓဘုရားက လူ လူချင်းအမုန်းမပွါးဖို့၊ မေတ္တာတရားထားရှိဖို့ဟောကြား သွားသော်လည်း ၉၆၉ အဖွဲ့က ဗုဒ္ဓဘုရားရဲ့တရားကိုဆန့်ကျင်ပြီး အမုန်းပွါးစေခြင်း၊ သူတပါးကို ဖျက်ဆီးရာဖျက်ဆီး ကြောင်းတွေပြုလုပ်နေကြတယ်။ ပြီးတော့ မြန်မာလူမျိုးနဲ့ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်ရေး လှုပ်ရှားမှုလို့ နာမည်တတ်ပြီး လူအများကိုအယူသွင်းကြတယ်။ ဒါကိုဉာဏ်ပညာသေးသိမ်သူတွေက ဆင်ချင်တုံတရားမရှိ မော်ဖူးပြီး အကြမ်းဖက်ဂိုဏ်း ၉၆၉ ပြောသမျှ တင်ပါ့ဘုရား၊ မှန်ပါ့ဘုရားလုပ်နေကြတယ်။ ၉၆၉ ရဲ့ ၀ါဒမှိုင်းမိနေတဲ့ အထဲမှာ ပြည်သူတွေကအစ အစိုးရဝန်ထမ်းများအထိ ပါတယ်။
-
မြန်မာလူမျိုးဟာ ဗုဒ္ဓဘာသာကိုကြည်ညိုတဲ့လူမျိုးတွေဖြစ်လို့ မြန်မာလူမျိုးကို သံဃာဝတ်ရုံနဲ့ အယုံသွင်းရင် လွယ်တယ်ဆိုတာ ကလိမ်ကကျစ် နည်းဗျုဟာသုံးတတ်တဲ့အာဏာရှင်တွေ ကောင်းစွာသိတယ်။ အခုခေတ် မြန်မာဗုဒ္ဓဘာသာဝင် မျိုးဆက်သစ်ကိုကြည့်ရင် ဗုဒ္ဓဘာသာအကြောင်း ဂဂဃဃမသိကြတော့ဘူး။ သီလငါးပါးကိုလည်း အားလုံးမထိန်းတတ်ကြတော့ဘူး။ ဒါကြောင့် အရက်သေစာသောက်စားခြင်း၊ ခိုးခြင်း၊ လုခြင်း, က်ျား - မ အရှက်အကြောက်နည်းလာခြင်းတို့ကို မြင်တွေ့နေရခြင်းဖြစ်တယ်။
-
တကယ်တမ်းအမျိုးဘာသာကို ကာကွယ်ချင်ရင် ကိုယ့်ဗုဒ္ဓဘာသာ ကမ္ဘာပေါ်မှာ အခုလိုနာမည်ပျက်မရအောင် အမည်းစက်မထင်ရအောင် အကြမ်းဖက်မှု မလုပ်ရဘူး။ သူတစ်ပါးကို သတ်ဖြတ် ရိုက်နှက် အနိုင်ကျင့်ခြင်းမလုပ်ရဘူး။ အခုတော့ မြန်မာဗုဒ္ဓဘာသာဝင် အကြမ်းဖက်သမားများရဲ့လူမဆန်မှုကြောင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဒလိုင်လာမတောင် ဗုဒ္ဓဘာသာဝင်အစား ကမ္ဘာကိုတောင်းပန်နေပြီ။ ဒါကို ယိုသူမရှက် မြင်သူရှက်လို့ခေါ်တယ်။
-
မြန်မာအမျိုးသ္မီးတွေကိုစောင့်ရှောက်ချင်ရင် မွတ်စလင်မ်နောက်ပါသွားမှာထက် လက်ရှိ မြန်မာပြည်တွင်း၊ ထိုင်းနိုင်ငံ နဲ့ တရုပ်နိုင်ငံတို့မှာ ပြည့်တန်စာလုပ်စားနေတဲ့ မြန်မာအမျိုးသ္မီးတွေအတွက် ပိုပြီးကာကွယ်သင့်တယ်။ တရုပ်နယ်စပ်ရှိ လူကုန်ကူးမှုမှာ မြန်မာအမျိုးသ္မီးတွေကို လူမဆန်စွာကျင့်သုံးတယ်။ အချို့တရုပ်ယောက်ျားတွေမှာမြန်မာအမျိုးသ္မီးကိုဝယ်ယူပြီး ကလေးတစ်ယောက်မွေးပြီးတာနဲ့ ကလေးကိုယူထားပြီး နောက်တရုပ်ယောက်ျား တစ်ယောက်ကိုပြန်ရောင်းစားလိုက်တယ်။ (Ref : Human trafficking report)
ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားအမျိုးသ္မီးတွေကို ထိုင်းရဲက မရင်ငယ်အဖြစ်ယူထားတာတွေ၊ ထိုင်းမာဖီရာဂိုဏ်းက ဖမ်းထားပြီး အိမ်တွင်းပိတ်ပြီး နင်တို့မြန်မာခွေးမတွေကို
ခွေးလိုပဲကျင့်တယ်လို့ အော်ဟောက်ပြီး မုဒိန်းကျင့်တာတွေ၊ ဒီအပြင် မြန်မာအမျိုးသ္မီးတွေကို ထိုင်းတငါသည်တွေကို ရောင်းစားတာတွေ တငါသည်တွေက သင်္ဘောပေါ်မှာ မြန်မာအမျိုးသ္မီးတွေကို အလှည့်ကျမုဒိန်းကျင့်၊ အစာရေစာကောင်းကောင်းမကျွေး၊ သူတို့စိတ်အလိုမကျရင် သတ်ပြစ်ပြီး အလောင်းကို ပင်လယ်ထဲပြစ်ချကြတာတွေကျတော့ အခုလို လက်သီးလက်မောင်း
မပြရဲကြပါလား။ သူများနိုင်ငံမှာ မြန်မာအလုပ်သမားတွေ အဆဲအဆိုခံပြီး မျက်နှာငယ်ငယ်နဲ့အလုပ်လုပ်နေရတာ မြန်မာ့ဂုဏ်သိက္ခာဆယ်ဖို့ ၉၆၉ တို့ အကြံမပေါ်ကြပါလား။ ထိုင်းနယ်စပ်မှာ ခိုးဝင်လာတဲ့ မြန်မာပြည့်တန်စာတွေကို ထိုင်းရဲက နှစ်စဉ်ဖမ်းမိလို့ ထိုင်းသတင်းစာမှာ ခေါင်းကြီးစဉ်နဲ့စီပါတယ်။ ဒါတွေကို ရှက်ကော ရှက်တတ်ပါရဲ့လား အမျိုးပျောက်မှာ စိုးကြောက်နေတဲ့ ၉၆၉ ဘက်တော်သားတို့ရေ။ ထိုင်း၊ တရုပ်နိုင်ငံတွေမှာ ရာနဲ့ ထောင်နဲ့ချီပြီး အနိုင်ကျင့်ခံနေရတဲ့ မြန်မာအမျိုးသ္မီးတွေကို ၉၆၉ တို့ သွားပြီး မကယ်တင်ကြပါလား။ မွတ်စလင်မ်နိုင်ငံတစ်နိုင်ငံက မြန်မာအိမ်ဖော် တစ်ယောက်ကို နှိမ်ဖြစ်သွားရင်ဖြင့် သတင်းဖြန့်လို့မဆုံးတော့ဘူး။
နောက်ပြီး ပြည်ပမှာ နိုင်ငံခြားသားတွေနဲ့ လက်မထပ်ပဲအတူနေတဲ့ မြန်မာအမျိုးသ္မီးတွေကော နိုင်ငံခြားသားနဲ့အိမ်ထောင်ကျသွားတဲ့အမျိုးသ္မီးတွေ များစွာရှိတယ်။ နောက်ပိုင်းကျရင် မြန်မာတွေအကြောက်ကြီးကြောက်နေတဲ့ မျိုးမစစ်တဲ့ မြန်မာတွေပိုများလာမယ် ဆိုတာ ဆင်ချင်တတ်ဖို့သင့်ပြီ။ အခုခေတ် သင်္ကြန်ဆိုရင် မြန်မာအမျိုးသ္မီးတွေမူးလို့ ယူးလို့ မြန်မာအမျိုးသ္မီး ကောင်းခြင်းငါးဖြာနဲ့ညီတဲ့ မြန်မာဝတ်စုံတွေကျွတ်ပြီး ဘောင်းဘီတိုတွေနဲ့ အောက်စတွေလွတ်ပြီး မမြင်ခြင်မှအဆုံး ထိရောက်ကြတယ်။ က်ျား - မ ပူးကပ် ပွတ်တိုက်နေကြတာ မိန်းမကောင်းတွေလား ပြည့်တန်စာတွေလား ခွဲမရအောင် မြင်ရတဲ့လူတွေအတွက် ခက်နေတယ်။ မြန်မာအမျိုးသ္မီး ကောင်းလေးတွေဘယ်နားမှာလည်း ကောက်ရိုးပုံထဲ အပ်ရှာသလို ရှာရမယ့်ခေတ်ဖြစ်နေပြီ။ ၉၆၉ များအနေနဲ့ ကိုယ့်မြန်မာအမျိုးသ္မီးတွေကို ထိန်းသိမ်းကာကွယ်ချင်ရင် အရှက်အကြောက်ရှိတတ်ဖို့ ကိုယ့်ကိုကိုယ်တန်ဖိုးထားတတ်ဖို့အရင် သင်ပေးလိုက်ကြပါ။ အမျိုးသ္မီးတွေကို စာရိတ္တရေးရာမသင်ပြပဲ သူတစ်ပါးကို အမုန်းပွါးလိုက်သတ်နေတာက သံဃာအစစ်တွေရဲ့စရိုက်မဟုတ်ဘူး။ သံဃာဆိုတာ လောကီရေးတွေကိုတွယ်တာစုံမက်မှုနည်းရတယ်။ ၉၆၉ သံဃာများမှ ဘာကြောင့် ဒကာမတွေကိုဒီလောက် စိတ်ဝင်စားနေရပါသလဲ ?
၉၆၉ တို့ဝါဒဖြန့်တဲ့စကားတွေမှာ မွတ်စလင်မ်တွေလက်ထဲ မြန်မာအမျိုးသ္မီးတွေပါသွားရတယ်၊ အတင်းဘာသာဝင်ခိုင်းတယ်ဆိုတာ ကလေးကစားစရာ ရယ်စရာဖြစ်နေပါပြီ။ လူအများစုဖြစ်တဲ့ ဗုဒ္ဓဘာသာနောက်ကိုသာ မွတ်စလင်မ်တွေပါသွားတာ၊ ဘာသာပျက်သွားတာ အများကြီးရှိကြပါတယ်။ စာရေးသူအမျိုးတွေကအစ ဗုဒ္ဓဘာသာနောက်ကို ပါသွားတာပဲ မနည်းပါဘူး။
-
အမိမြန်မာနိုင်ငံကို ကာကွယ်ချင်တယ်ဆိုရင်လည်း မြန်မာနိုင်ငံရှိ တော၊ တောင်၊ ရေ၊ မြေရှိသမျှ သယံဇာတတွေကို လာတူးယူသွားတဲ့ တရုပ်ကို ဆန့်ကျင်သင့်တယ်။ အခုတော့ပြည်မကြီးကတရုပ်ကို မဆိုထားနဲ့ ပြည်တွင်းက တရုပ်ကိုတောင် အသံမာနဲ့မပြောရဲကြဘူး။ ဆင်းရဲနွမ်းပါးတဲ့ မြန်မာပြည်တွင်းမွတ်စလင်မ်ကိုတော့ ဝိုင်းဖိနှိပ်သတ်ဖြတ်ကြတယ်။ အားနည်းသူကိုအနိုင်ကျင့်တာ တကယ်သတ္တိရှိသူတွေရဲ့ အကျင့်မဟုတ်ဘူး။ အဲတာအမျိုးဘာသာနဲ့လူမျိုးကာကွယ်နေတာမဟုတ်ဘူး။ လူဆိုး လူမိုက် ပညာမဲ့ လူရမ်းကား ပေါက်လိုပဲစား အောက်တန်းစားလူတွေရဲ့စရိုက်သာဖြစ်တယ်။ ဒီစရိုက်တွေကို ကမ္ဘာလူထုကြီးကမြင်လိုက်ရတော့ Myanmar people are low class, no class တဲ့....
-
အရင်ကတည်းကမှ သူများနိုင်ငံမှာ မြန်မာလူမျိုးတွေ အိမ်ဖော်၊ အလုပ်သမား သွားလုပ်နေကြတာ အခုဆို မြန်မာလူမျိုးဆိုရင် အဆင့်မရှိ အောက်တန်းကျ ရုံတင်မကဘူး စရိုက်ပါရိုင်းတဲ့ လူရမ်းကားအဖြစ်မြင်သွားကြပြီ။ ဒါကိုယ့်သမိုင်းကိုရေးကြတာပဲ။ သမိုင်းဆိုတာ ဖြောက်ဖျက်လို့မရဘူး။
-
မြန်မာနိုင်ငံတွင်းမှာ မွတ်စလင်မ်က ဗုဒ္ဓဘာသာဝင်နဲ့စကားမများလိုက်နဲ့၊ သဘိတ်မကျကွဲစေနဲ့၊ ကိုယ်ရင် ဘုန်းကြီးတွေနဲ့ မတိုက်မိစေနဲ့။ သွားညိလို့ကတော့ သတ်မယ် ဖြတ်မယ် ဝိုင်းရိုက်ကြမယ်။ မြန်မာနိုင်ငံကြီးဟာ တကယ့်ကို လူစိတ်မရှိတော့တဲ့ လူရိုင်းမြေဖြစ်နေတယ်။ မြန်မာအိမ်နီးချင်းနိုင်ငံမှာ ရွေးကောက်ပွဲရောက်ရင် မဲဆွယ်တဲ့လူက ပြည်သူအချို့ကို မဲထည့်ပေးရန်အတွက် ငွေထိုးပေးတယ်။ မဲဝယ်ဖို့အတွက် သန်းပေါင်းများစွာ budget သုံးကြပါတယ်။ မြန်မာနိုင်ငံမှာ အပြစ်မဲ့တဲ့ မွတ်စလင်မ်ကလေး၊ လူငယ်၊ လူကြီးတွေကိုသတ်ဖြတ်လုယက်၊ အိုးအိမ်၊ ဗလီ၊ စာသင်ကျောင်းတို့ကို ဖျက်ဆီးရာမှာ အကြမ်းဖက်သမားများ တစ်ရက်ကို ကျပ်ငွေ ၃၀၀၀ စီရကြကြောင်း သတင်းရရှိပါတယ်။ အဲဒီ Funding ဘယ်ကလာပါသလဲ ?
-
မြန်မာအစိုးရ၊ ခင်ညွန့်၊ ဝီရသူ နဲ့ ၉၆၉ တို့ မွေး အကြမ်းဖက်သမားများ တစ်မြို့ဝင်တစ်မြို့တွက် မွတ်စလင်မ်များကိုသတ်နေကြတာ တောင်ကုတ်၊ ရိုဟင်ဂျာ၊ ကရင်မွတ်စလင်မ်ရွာ၊ မိတ္ထီလာ၊ ရန်ကုန်၊ ဥက္ကံမြို့နောက်မြို့တွေလည်း ဆက်လုပ်သွားမယ်ဆိုတာ သိတယ်။ ဒါသူတို့လုပ်နေတဲ့ Myanmar Muslim Genocide ဖြစ်တယ်။ တိုင်းရင်းသားလူနည်းစုငယ်တို့မတရားသတ်ဖြတ်ခြင်းခံနေရချိန်မှာ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှုတ်ဆိတ်နေမှုဟာ တကယ်တော့ စာတွေ့သာရှိပြီးလက်တွေ့မှာ အလုပ် မလုပ်တတ်ကြောင်း သက်သေပြနေသလိုဖြစ်ပါတယ်။
-
မြန်မာလူမျိုးများဂုဏ်ယူပြီးပြောခဲ့ပါတယ် ဗုဒ္ဓဘာသာမှာအကြမ်းဖက်မှုမရှိဘူး။ အလယ်အလတ် လမ်းစဉ်လိုက်တဲ့ ဘာသာလို့။ အခု Update ကို ကြည့်ရင် တစ်ချိန်က ဗုဒ္ဓဘာသာမြန်မာနိုင်ငံဟာ ဒီကနေ့ကမ္ဘာ့အလယ်မှာတော့ အစွန်းရောက် အကြမ်းဖက် ဗုဒ္ဓဘာသာမြန်မာနိုင်ငံအသွင်သို့ ပြောင်းလဲခဲ့ပြီဖြစ်ကြောင်း အသိပေးလိုက်ပါတယ်။
IYS
Monday, April 15, 2013
အရေခြုံ
အရှင့် အိမ်တော်
ကျူးကျော်ဝင်ရောက်
ကျူးကျော်ဝင်ရောက်
မိစ္ဆာဘီလူး အကြမ်းဖက်သမားတို့
နိုင်ငံ့သိက္ခါ မထောက်ထားပဲ
ပွါးများရမ္မက် စစ်မက်ခင်း၍
နီနီတွတ်တွတ် ကလေးငယ်မှ
လူအိုမချန် အပြုတ်နှံ၍
သူအိုး၊ သူ့အိမ်၊ သူ့ခြံမြေ၌
မီးတစ်လူလူ အငွေ့ တစ်ထောင်းထောင်း
မီးတစ်လူလူ အငွေ့ တစ်ထောင်းထောင်း
ပြာမှုန်ချ၍ ဖျက်စီးရက်လေ
အာဏာရှင်တို့
အပြစ်မဲ့သူ အလောင်းပေါ်ဝယ်
အပြစ်မဲ့သူ အလောင်းပေါ်ဝယ်
ပျော်စံရိပ်ငြိမ် စည်းစိမ်ခံစား
တရားလက်လွတ် မစာကိုယ်ချင်း
ကောက်ကျစ် စဉ်းလဲ
မင်းလုပ်အုပ်ချုပ် မိုက်ယုတ်ခဲ့ပြီ
မိဘမဲ့သူငယ် အပြစ်မဲ့သူတို့ကား
ယင်းသွေးစုတ်မိစ္ဆာတို့ယုတ်မာမှုကြောင့်
ကွဲကွာသေကြေ ပျက်စီးခဲ့ပြီ
လူမျိုးမုန်းတီးရေး ဩဝါဒပေး
အမျိုးယုတ် လူမိုက်တို့မည်
သာသနာဖျက် အရေခြုံတို့ပင်တည်း။
....
....
(အစ္စလာမ့်ရောင်ခြည်)
တရားနာလျှင် အရေခြုံကိုမကြည့် သူ့ဉာဏ်စင်ကိုသာကြည့်။
Friday, April 5, 2013
ကမ္ဘာကလက်ဖြားခါရတဲ့ လူယုတ်မာများ
၄၈လမ်း အစ္စလာမ်စာသင်ကျောင်းကို မီးသတ်ကားဥသြ မဆွဲဘဲတိတ်တဆိတ်လာတာဟာ ရှို့မီးအတွက်ကြိုတင်လုပ်ကြံပြင်ဆင်ထားတယ်ဆိုတာသိသာပါတယ်။ ကျောင်းထဲမှာဝါရာကြိုး မီးမလောင်ပါဘူး။ ကြမ်းခင်းမှာဆီတွေစိုနေလို့ ကြမ်းခင်းတွေ ပြောင်နေပါတယ်။ အဲဒီဆီကိုဘယ်သူ လာထည့်သွားပါသလဲ။ ကလိမ်ကကျစ်နည်းနဲ့ရှို့တဲ့ ရှို့မီးဆိုတာ ထင်ရှားပါတယ်။ အဲဒါကို မြန်မာ့အသံကဗြောင်လိမ်ပါတယ်။
အဲဒီညက လူတစ်ယောက်စာသင်ကျောင်းကိုလာသွားပြီး ကားတစ်စီးပေါ်တက်သွားတာ ကျောင်းသားလေးတစ်ယောက်မြင်လိုက်ပါတယ်။ ကားနံပတ်ကိုလည်း မှတ်မိတယ်။ အခုအာဏာပိုင်တွေက ဒီကလေးလေးကို ပါးစပ်ပိတ်ပြစ်ဖို့ လိုက်ဖမ်းနေတယ်။ .
ဒီမှာနားထောင်ကြည့်ပါ။ https://soundcloud.com/narrsin/qhtp9ukktz1b
.
သူတို့ နည်းက အကြမ်းဖက်မှုနဲ့တစ်နည်း ကလိမ်ကကျစ်နည်းနဲ့တစ်ဖုံ နိုင်ငံအနှံ့ရှိ ဗလီတွေကို မီးရှို့ဖျက်ဆီးမယ်။ ပြီးရင်ဗလီအဟောင်းနေရာမှာ အသစ်ပြန်ဆောက်ခွင့်မပြု - ဒီလိုညစ်ပတ်နေကြတာ မသိဘူးမှတ်နေလား။ မျက်ကမ်းမျိုးချစ်တွေတိရိစ္ဆာန်စိတ်နဲ့ အပြစ်မဲ့တဲ့လူတွေကို အကြမ်းဖက်လိုက်သတ်လို့ရရင်ရမယ်။ ဒါပေမယ့် မြဲမြဲမှတ်ထား အစ္စလာမ်ဘာသာ ဘယ်တော့မှ မပျောက်ကွယ်သွားဘူး။
.
မြန်မာနိုင်ငံသို့ OIC လာမှာကိုဘာကြောင့် ခါးခါးသီးသီး ပြည်တွင်းမှာဆန္ဒပြခဲ့ကြသလဲ။ အခုလိုတစ်မြို့ဝင်တစ်မြို့ထွက် အပြစ်မဲ့တဲ့ မွတ်စလင်မ်တွေကို သတ်ဖြတ်နေတာကို OIC အဖွဲ့မှ မသိ မမြင်စေချင်၊ ကမ္ဘာ့ခုံရုံးမှာ အရေးယူခြင်းမခံရအောင်၊ သူတို့လုပ်ကြံမှုတွေကို တိုင်းပြည်အပြင်သတင်းမပြန့်နှံ့သွားရအောင် ကြံစီထားကြတယ်ဆိုတာ အချိန်နဲ့ သူတို့ရဲ့ ရာဇဝတ်ကျူးလွန်မှုတို့က သက်သေပြနေပါတယ်။
.
အာဏာပိုင်တွေနဲ့အကြမ်းဖက်သမားတွေဟာ ဗုဒ္ဓဘာသာငါးပါးသီလကို အရှက်အကြောက်မရှိ ပေါ်တင်ကျူးလွန်နေကြပြီလား။ ဗုဒ္ဓဘာသာဝင်စစ်ရင် ဗုဒ္ဓဘာသာတရားတွေကိုလည်း နာခံသူတွေဖြစ်ရမယ်။ ဗုဒ္ဓကိုတကယ်ကိုးကွယ်နေတာလား ကိုယ့်မိစ္ဆာစိတ်ကိုကိုးကွယ်နေတာလား။ .
ငါးပါးသီလဆိုတာ
.
*ပါဏာတိပါတာ - သူ့အသက် သတ်ခြင်းမှ ရှောင်ကြည်ရန်
(အခုတော့ အပြစ်မဲ့တဲ့လူတွေကို ရိုက်သတ်၊ ထိုးသတ်၊ အရှင်လတ်လတ် မီးရှို့သတ်၊ သားသ္မီးချင်းမစာနာ ကလေးလေးတွေကအစလိုက်သတ်နေတာ လူစိတ်မရှိကြတော့ဘူး)
.
*အဒိန္နာဒါနာ - သူတစ်ပါး ပစ္စည်း ခိုးယူခြင်းမှ ရှောင်ကြဉ်ရန်
(သူများအိမ်တွေ ဆိုင်တွေ ဖျက်ဆီး၊ သူများပစ္စည်တွေ လုယူ၊ ခိုးယူ၊ ဓါးမြတိုက်ယူ)
.
*ကာမေသုမိစ္ဆာစာရာ - သူတစ်ပါး သားမယား ပြစ်မှားခြင်းမှ ရှောင်ကြဉ်ရန်
(တိုင်းရင်းသား လူနည်းစုက အိမ်ထောင်ရှင်မိန်းမကော၊ အိမ်ထောင်မရှိသေးတဲ့ အပျိုလေးတွေပါ မုဒိန်းကျင့်)
.
*မုသာဝါဒါ - လိမ်ညာ ပြောဆိုခြင်းမှ ရှောင်ကြည်ရန်
(လူမဆန်တဲ့ အကြမ်းဖက်မှုတွေလုပ်ပြီး မီဒီယာပေါ်မှာ မျက်နှာဗြောင်တိုက်ပြီးလိမ်)
.
*သုရာ မေရိယ - သေရည် အရက်သောက်ခြင်းမှ ရှောင်ကြဉ်ရန်
(အရက်သောက်ပြီး လူသတ်၊ အရက်သောက်ပြီးရမ်းကား၊ အရက်လက်ဆောင်ရရင် အင်မတန်သဘောကျ)
.
ဘာသာရေးခေါင်းဆောင်တွေ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တစာစာအော်နေတဲ့ နိုင်ငံရေးသမားတွေ၊ ငြိမ်းချမ်းရေးဆုရှင်တို့အသံတွေ ဘယ်ရောက်သွားကြပါသလဲ။ ဗုဒ္ဓဘာသာဝင်ကောင်းပီသရင် အခုလိုရေငုံနှုတ်ပိတ်မနေကြဘူး။ လူမှုရေးဖက်က၊ တရားဥပဒေဖက်က၊ ဘာသာရေးဖက်က ထွက်ပြောရမယ်။ လူသားအချင်းချင်းစာနာမှုပြရမယ်။ ကိုယ်ဟောနေတဲ့တရားတွေ၊ တောင်းဆိုခဲ့တဲ့လူ့အခွင့်အရေးတွေက မြန်မာစစ်မှရမယ်ဆိုတာမျိုးလား။
.
မြန်မာလူမျိုးသည် ကမ္ဘာပေါ်မှာ အင်မတန်မှ စိတ်နေသဘောထားကောင်းလွန်ပါတယ်လို့ ကိုယ့်ကိုကိုယ်ဂုဏ်ယူပြီးပြောကြတယ်။ အရင်ခေတ်တွေကတော့ ဟုတ်ကောင်းဟုတ်မယ်။ အခုတော့ အင်မတန်မှ ရက်စက်တတ်လွန်းတာ ကမ္ဘာကတောင် လက်ဖြားခါသွားပါပြီ။
Sunday, March 31, 2013
ဧရာဝတီမှ အင်တာဗျူးနှင့် ပတ်သက်ပြီး မေးချင်တာလေးများ
ဦးဇင်း ၀ီရသူရဲ့ အင်တာဗျူး ဖတ်ပြီးတဲ့အချိန် စိတ်ထဲမှာ မေးချင်စိတ်ပေါက်လာတာလေးတွေရှိလို့ ရေးခြင်းဖြစ်ပါတယ်။ ကျွန်မ အစ္စလာမ် ဘာသာဝင်တစ်ယောက်ပါ။ ဗုဒ္ဓဘာသာကိုလဲ တော်တော်များများလေ...့လာထားပါတယ်။ ကျွန်မရေးတဲ့စာနဲ့ ပတ်သက်ပြီး လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်။ ကြိုက်တဲ့အချိန်လဲ ဆွေးနွေးနိုင်ပါတယ်။
.
မေးခွန်း (၁)ရဲ့ အဖြေတွေထဲက စိတ်ထဲမှာ မတင်မကျဖြစ်နေတာလေးတွေက———-
.
မိတ္ထီလာကိစ္စမှာ အသေအပျောက်များခြင်းဟာ မွတ်စလင်မ်တွေက “ နောက်တနေ့ မနက် ၄ နာရီ လုံခြုံရေးတွေ ရုပ်သွားတဲ့အခါကျတော့ ပုန်းအောင်းနေတဲ့ မွတ်စလင်တွေ သွေးကြွသွားပြီးတော့ ကြွေးကြော်သံတွေ ကြွေးအော်တယ်။ ကျန်တဲ့သူတွေက သံပြိုင်အော်ကြတယ်။ အဲဒီတော့မှ မြို့လူထုက မွတ်စလင်တွေ ဒီမှာရှိတယ်ဆိုပြီးတော့ သိသွားကြတယ်။ သိသွားတဲ့အချိန်မှာ လာဝိုင်းကြတယ်။” လို့ ဆိုထားပါတယ်။
.
ကျွန်မရဲ့ သာမန် အတွေးလေးနဲ့ပဲ တွေးကြည့်မိတာပါ။ တကယ်တမ်းဆိုရင် လုံခြုံရေးရှိနေတုန်း အော်ရင် တစ်ခုခုဖြစ်ရင်တောင် လုံခြုံရေးတွေ အားကိုးနဲ့ ပိုမိုက်လို့ ရနိုင်တာကို လုံခြုံရေးတွေ ရုပ်သွားမှ အော်တယ်ဆိုတော့ အဲဒီ မွတ်စလင်မ်တွေက လာဝိုင်းတဲ့ ဗမာလူအုပ်ထက် ပိုသတ္တိကောင်းပုံရတယ်လို့ ခံစားမိတယ်။
.
မေးခွန်း (၂) ရဲ့ အဖြေ ထဲမှာ မတင်မကျ ဖြစ်မိတာက——————
“တကယ်တန်းကျတော့ သူတို့မှာ ဘာလက်နက်မှ မရှိဘူး။ ၁၀ ယောက်မှာ ၁ ယောက်ပဲ တုတ်ပါတယ်။ အဲဒီတုတ်ကလည်း အိမ်ဖျက်ဆီးထားတဲ့နေရာကနေ ပါလာတဲ့တုတ်။ အဲဒါပဲ။ ကိုယ်က တုတ်ပဲ ပါတယ်။ ဘာလက်နက်မှ မပါဘူး။ ဟိုကလူတွေက ဓားတွေနဲ့ ဆီးခုတ်တယ်ဆိုတော့ အတုန်းအရုန်း ကျတယ်ဗျ။ ဒုတိယနေ့ကလည်း ဘယ်သူမှ မစီစဉ်ဘူး။ အသံကြောင့် ဖားသေဖြစ်သွားတာ။” လို့ ဖြေထားပါတယ်။
.
အဲဒါနဲ့ ပတ်သက်ပြီးတော့လဲ ကျွန်မ တွေးမိတာက ရှိရှိသမျှသော ဓာတ်ပုံအများစု၊ ဗီဒီယိုဖိုင်တွေထဲမှာတောင် တွေ့နိုင်တာက လုံခြုံရေးတွေ ကြားထဲက တိုးထွက်လာတဲ့ လူတွေမှာတောင် နံပါတ်တုတ်လိုမျိုး အရာတွေ၊ နောက် တစ်ချို့ပုံတွေမှာဆို ဓားအိမ်နဲ့ ဓားလွယ်ထားတဲ့ လူတွေ ၊ အဲဒီလူတွေက ဘယ်က ရောက်လာပါသလဲ။ ပြီး ကြိုတင်မစီစဉ်ခဲ့ဘူးဆိုရင် အဲဒါတွေ ဘာလို့ အဆင်သင့်ပါနေရတာလဲ။
.
မေးခွန်း (၃) အတွက် အဖြေထဲက————————-
.
“ ဦးဇင်းတရားဟောတုန်းက အဲဒီမှာ စတေကာတွေ ၂၅ လောက် ဖြန့်ခဲ့တယ်။ အဲဒီစတေကာကလည်း Save Our Future အဲဒါလေးပါပဲ။”
.
အဲဒါဆိုရင် “ရန်ကုန်လို မြို့ကြီးမှာတောင် အလကားလိုက်ဝေနေတဲ့ တရားခွေတွေ၊ စတစ်ကာတွေ — စတာတွေကို ဘယ်သူက အကုန်အကျခံပြီး ဝေပေးနေတာလဲ၊ ဖြန့်ဖြူးနေတာလဲ “
.
မေးခွန်း (၄) ရဲ့ အဖြေ ထဲက——
.
“ ဦးဇင်း အခု အမှုတွေ အများကြီးကိုင်တွယ်ထားတယ်ပေါ့။—————- ဒီအမှုတွေအားလုံးကို ဦးဇင်းဆီမှာ ၅၀ ကျော် လက်ခံထားပြီးတော့ တယ်လီဖုန်းနဲ့ ဖြေရှင်းပြီး—————–“
.
ကျွန်မသိထားတဲ့ သံဃာဆိုတာ လူတွေကို တရားရေအေး တိုက်ကျွေးပြီး သူတို့ကိုယ်တိုင် လောကီဘောင်ကိစ္စအ၀၀ ကိုစွန့်ခွာထားသူတွေပါ။ ခု ဦးဇင်း ၀ီရသူအနေနဲ့ အမှုတွေ အများကြီးကိုင်တွယ်ထားတယ် ဆိုတာဟာ ၀ိနည်းနဲ့ ညီပါရဲ့လား။ သံဃာ အလုပ်မလုပ်ဘဲ လူ့ဘောင်ရေးရာတွေမှာ ၀င်ပါနေသလို ဖြစ်မနေဘူးလား။ နောက်ပြီး မြန်မာနိုင်ငံဟာ ပြည်သူ့ရဲ၊ စစ်တပ်နဲ့ တရားရေး ဆိုင်ရာ မဏ္ဍိုင်တွေအစား ဦးဇင်းကို အားကိုးရတယ်ဆိုတော့ တရားရေးဝန်ကြီးဌာနရဲ့ အထက်မှာ ဦးဇင်း ရှိနေတာလား “ လို့ တွေးမိပါတယ်။
.
မေးခွန်း(၅)—————-
.
“ သာသနာရေး ၀န်ကြီးဌာန ကတောင် ခွင့်မပြုထားတဲ့ တံဆိပ်တစ်ခုကို တတ်သလောက် မှတ်သလောက် လိုက်ဖြန့်ဖြူးတယ် “ လို့ ဆိုထားတဲ့ အတွက် — ဗုဒ္ဓဘာသာသည် ယခုကဲ့သို့ promote လုပ်မှသာလျှင် ခိုင်မြဲမည်ဟု ယုံကြည်ပါသလား။ ကျွန်မ နားလည်တာကတော့ ဘာသာတရား ယုံကြည်မှုဆိုတာ မိမိရဲ့ အတွင်းစိတ်သဏ္ဍာန်ထဲမှာ ကိန်းအောင်းတဲ့ အရာ ဖြစ်တဲ့အတွက် အပေါ်ယံ promote လုပ်ခြင်းဟာ အဓိက အနှစ်သာရ မဟုတ်ပါဘူး။
.
နောက်ပြီး– ဦးဇင်းက ခုလို ပြောလိုက်ခြင်းအားဖြင့် ဗုဒ္ဓဘာသာဝင်များသည် ယုံကြည်မှုပိုင်းဆိုင်ရာမှာ အလွန်အမင်းအားနည်းလာသည် ဟု သွယ်ဝိုက်သော နည်းဖြင့် စော်ကားလိုက်သည်ဟု ခံစားမိပါသည်။
.
မေးခွန်း (၆)————————
.
“NLD က ခွပ်ဒေါင်းမဟုတ်ဘူး။ မွတ်စလင်တွေရဲ့ မွတ်ဒေါင်းလို့ ဆိုထားပါတယ်။”
.
“ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ဒီလိုနှုတ်ဆိတ်သွားသလဲဆိုတာကို ဒေါ်အောင်ဆန်းစုကြည် နားရောက်နေတဲ့ သူတွေကြောင့် ဖြစ်နိုင်တယ်လို့ ယူဆတယ်။”
.
“မြို့တွေတော်တော် များများရဲ့ NLD ရုံးတွေမှာ ရုံးထိုင်တာက မွတ်စလင်တွေများတယ်။ သူတို့တတွေကြောင့် ဗမာတွေက NLD ရုံးကို သွားပြီးတော့ လှည့်ပြန်လာရတယ်။”
.
“ဓမ္မနဲ့ အဓမ္မမှာ အမြဲတမ်း ဓမ္မဘက်က ရပ်တည်နေပါတယ်ဆိုတဲ့ မင်းကိုနိုင်က ပထမ ရခိုင်အရေးအခင်းမှာ တကယ်တန်းကျတော့ ဓမ္မဘက်မှာ ရပ်တည်တာ မတွေ့ရတော့ဘူး။ အဲဒါကြောင့် အဲဒါကို ထည့်ဟောတာ။”
.
အဲဒီအချက်တွေနဲ့ ပတ်သက်လို့———–
.
ပထမ အချက်—— NLD သည် နိုင်ငံတော်တွင် တရားဝင် မှတ်ပုံတင်ထားသော ပါတီဖြစ်သောကြောင့် ဦးဇင်းအနေနဲ့ ယခုကဲ့သို့ ပြောဆိုခြင်းသည် အသရေဖျက်မှု မြောက်တာ သိပါသလား။
.
ဒုတိယအချက်— ယူဆတယ်လို့ သုံးထားတဲ့အတွက် ဦးဇင်းကိုယ်တိုင် သေချာမသိဘဲ မိမိရဲ့ ကိုယ်ပိုင် အမြင်နဲ့ ဆုံးဖြတ်တာ ဖြစ်တယ်လို့ တွေးမိပါတယ။်
.
တတိယအချက်— ကျွန်မ တို့ မြန်မာနိုင်ငံဟာ အခုအချိန်မှာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံဆီသို့ အသွင်ကူးပြောင်းနေတဲ့ကာလ ဖြစ်တဲ့အတွက် အရည်အချင်းရှိတဲ့ မည်သူမဆို နေရာက မရှားပါဘူး။ မွတ်စလင်မ်တွေက ရုံးမှာရှိနေလို့ ဗမာတွေက ပြန်လာရတယ်ဆိုတာက အဓိပ္ပါယ်ရှိရဲ့လား လို့ တွေးမိပါတယ်။ တကယ်တမ်း အရည်အချင်းရှိမယ်ဆိုရင် အဲဒီလူအတွက် လုပ်စရာ အလုပ်တွေက ရှိနေတဲ့ အချိန်တောင် လောက်မှာ မဟုတ်ပါဘူး။
.
စတုတ္ထအချက် ————- ဓမ္မ = တရားမှု ၊ အဓမ္မ = မတရားမှု လို့ သိထားပါတယ်။ မှားခဲ့ရင် ပြင်ပေးပါ။ အဲဒီတော့ ကိုမင်းကိုနိုင် အနေနဲ့ ရခိုင်အရေးအခင်းမှာ ဓမ္မ ဘက်မှာ မရပ်ဘူးလို့ ဆိုရင် အဲဒီ ဓမ္မ ဆိုတဲ့အရာက စစ်မှန်တဲ့ ဓမ္မ ဟုတ်မနေလို့ရော မဖြစ်နိုင်ဘူးလား။
.
မေးခွန်း (၇)——— ။ဆရာတော်ရဲ့ ဟောပြောချက်တွေမှာ အစ္စလမ်ဘာသာဝင်တွေရဲ့ ၇၈၆ အမှတ်တံဆိပ်ရေးထားတဲ့ ဆိုင်တွေမှာ အားမပေးရဘူးလို့ ပါနေတော့ ဘာသာရေးနဲ့ လူမျိုးရေး ခွဲခြားမှုတွေဖြစ်ပြီး လူ့အဖွဲ့အစည်း ကြားမှာ မယုံကြည်မှုတွေ၊ မုန်းတီးမှုတွေ မဖြစ်စေနိုင်ဘူးလားဘုရား။ ဆိုတာကို ———————–
.
“အဲဒါက ဗမာနည်းမဟုတ်ဘူး။ အဲဒါ မွတ်စလင်နည်းလေ။ မွတ်စလင်တွေ အဲဒီအတိုင်း ကျင့်သုံးတာ။”
.
အဲဒီအချက်မှာ — ဦးဇင်းအနေနဲ့ ဘာသာပေါင်းစုံချစ်ကြည်ရေး တို့၊ ငြိမ်းချမ်းရေးတို့ ဒီလောက်လုပ်နေတာတောင် ဒီ ၇၈၆ ကိစ္စကို မသိဘူးဆိုတော့ ဦးဇင်း လုပ်နေတဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေး ၊ ငြိမ်းချမ်းရေးတွေက တကယ် ရင်ထဲက စစ်မှန်တဲ့စေတနာနဲ့ လုပ်နေတာ ဟုတ်ရဲ့လားလို့ သံသယ ၀င်မိပါတယ်။ တကယ်ကို စိတ်ထဲမှာ မကျေလည်ခဲ့ဘူး ဆိုရင် အဲဒီ အချိန်တွေမှာ မေးခဲ့ရမှာ မဟုတ်ဘူးလား။
.
တလက်စတည်း အဲဒါလေးကိုလဲ နည်းနည်း ရှင်းပြချင်ပါတယ်။ ကျွန်မတို့ ဆိုင်တွေ အိမ်တွေမှာ ၇၈၆ တပ်ခြင်းသည် “ မဟာကရုဏာတော်ရှင် အလ္လာဟ် အရှင်မြတ်၏ နာမတော်ဖြင့် အစပြုပါ၏” ကို အာရဗီ ဗျည်းအက္ခရာတွေရဲ့ နံပါတ်တွေ ပေါင်းခြင်းနဲ့ ရေးထားတာပါ။ ပြီး ကျွန်မတို့တွေဟာ အစားအသောက်ရဲ့ သန့်ရှင်းစင်ကြယ်မှုကို အထူးကြပ်မတ်ထားတာပါ။ ကုရ်အာန် ကျမ်းစာထဲမှာ သွေးစားဖို့ ခွင့်မပြုထားပါဘူး။ (ဗမာအခေါ် လည်လှီးသား ) လည်ပင်းသွေးကြောကို ဖြတ်ပြီး သွေးကို ကုန်စင်အောင် ထုတ်ထားတဲ့ အသားကိုပဲ စားခွင့်ရှိပါတယ်။ အဲလို လှီးဖြတ်တဲ့အခါမှာလည်း အလ္လာဟ့်ရဲ့ နာမတော်ကို တသ ပြီး မှ လှီးဖြတ်ရပါတယ်။ အဲဒါကြောင့် ၇၈၆ တပ်ထားခြင်းဖြင့် အစားအသောက်ကို လွယ်ကူစွာ ရှာဖွေစားသောက်နိုင်ခြင်းကြောင့် အဲဒီအမှတ်အသားကို တပ်ထားခြင်းဖြစ်ပါတယ်။ အစားအသောက်ဆိုင် ဆိုတာမှာတောင် တခြား အစားအစာ ၊ အသီးအနှံ၊ ဟင်းသီးဟင်းရွက် စတာတွေကို ကြိုက်တဲ့နေရာက ၀ယ်လို့ ရပါတယ်။
.
ဥပမာအနေနဲ့ ပြောရရင်——City Mart ဘယ်သူပိုင်လဲ လူတိုင်းသိပါတယ်။ ရွှေပုစွန် – မွတ်စလင်မ်ပိုင်လား၊ တခြားဘာသာဝင်ပိုင်လား ———– သွားကြည့်လိုက်ပါ။ အယူသည်း ပါတယ်လို့ ခုဝိုင်းပြီး လက်ညှိုးထိုးထားတဲ့ (ဘုရ်ခါ) အမည်းဝတ်တွေ၊ မုတ်ဆိတ်နဲ့ လူတွေ ၊ အဖြူရောင် အရှည်ကြီး ၀တ်ထားတဲ့ လူတွေ ရှောင်လို့တောင် မလွတ်ပါဘူး။ ဒါနဲ့တောင် ခုလိုမျိုး ပြောနေတာကို တကယ် အံ့သြမိပါတယ်။ ကျွန်မကိုယ်တိုင်လဲ အသားကလွဲလို့ ဘယ်ပစ္စည်းမဆို ပစ္စည်းမှန်ပြီး ဈေးမှန်တဲ့ ဆိုင်မှာပဲ ၀ယ်ယူသုံးစွဲပါတယ်။
.
ပြီးတော့ သူတို့တပ်လို့ ငါတို့လဲ တပ်မယ်ဆိုတာက ကူးချတာပါပဲ။ ဂေါတမ မြတ်စွာဘုရား ဟောကြားထားတဲ့ ဗုဒ္ဓသာသနာသည် သူများကို ကူးချမှ အောင်မြင်ခြင်းကို ရောက်နိုင်တော့မယ်လို့ ယူဆထားတာပါလား ။ ဒါဆိုရင်တော့ မြတ်စွာဘုရားကိုပါ စော်ကားတဲ့အဆင့်ဖြစ်နေပါပြီ။ ဦးဇင်းအနေနဲ့ ကိုယ့်သာသနာကို ဖြန့်ဖြူးချင်စိတ်များပြီး သတိလက်လွတ်ဖြစ်သွားမှာ စိုးရိမ်မိပါတယ်
.
မေးခွန်း (၈)————————-
.
ဖြေထားတာလေးတော့ ကောင်းပါတယ်။ ဒါပေမယ့် —————-
.
ပထမအကြိမ် ဦးဇင်း ထောင်ကျခဲ့တာက ဘာသာရေး၊ လူမျိုးရေး မုန်းတီးမှု ဖြစ်ပွားစေသော စာရွက်စာတမ်းများ ဝေခဲ့တာကြောင့် ဆိုတော့ ထောင်က ထွက်လာပြီးနောက်မှာရော ဦးဇင်းရဲ့ မုန်းတီးရေး အစွဲတွေ တကယ် ကျွတ်ခဲ့ရဲ့လား ဆိုတာကို သံသယဖြစ်မိပါတယ်။
.
မေးခွန်း (၉)————
.
“အဲဒါအရေးယူရမယ်။ ပေါ်ပေါ်တင်တင်လုပ်တဲ့သူကို အရေးယူတာထက်၊ နောက်ကွယ်ကနေ သွေးထိုးပြီးတော့ သပ်လျှိုနေတဲ့သူတွေကို အရေးယူတာက ပိုပြီးထိရောက်တယ်။ ဥပမာအားဖြင့်- မော်လ၀ီ ဆရာတွေပေါ့။ သူတို့တွေက ကလေးလေးတွေကို စာသင်ပေးတယ်။သူတို့တွေက သွေးခွဲ စကားတွေကို ပြောပြီးတော့ သွေးခွဲတာများတယ်။ ကလေးလေးတွေက ရဟန်းသံဃာတွေကို ကြည့်တဲ့ အကြည့်က တကယ့်ရန်သူလိုပဲ။ ဗမာတွေကို ကြည့်တဲ့ အကြည့်က တကယ့်ရန်သူကြီးတွေလို။ အဲဒီလိုဖြစ်နေတယ်။ အဲဒီတော့ သွေးခွဲတဲ့သူတွေ၊ အထူးသဖြင့် ကလေးတွေကို မှိုင်းတိုက်ပြီးတော့ သွေးခွဲနေတဲ့နေတဲ့သူတွေကို အရေးယူနိုင်အောင်ကြိုးစားရမယ်။”
.
အဲဒါနဲ့ပတ်သက်လို့——————————
.
မော်လ၀ီဆရာတွေက ကလေးတွေကို စာသင်ပေးပြီး သွေးခွဲတယ်ဆိုတဲ့ကိစ္စပါ— အပေါ်မှာ ပြောခဲ့သလိုပဲ ဦးဇင်း အနေနဲ့ စိတ်ထဲမှာ မကျေလည်ထားဘူးဆိုရင် ဘာသာပေါင်းစုံငြိမ်းချမ်းရေး လုပ်တဲ့အချိန်တွေမှာ တွေ့ခဲ့တဲ့ ဦးဇင်းရဲ့ မွတ်စလင်မ် မိတ်ဆွေတွေကို မေးကြည့်ခဲ့နိုင်ပါရက်နဲ့ မမေးဘဲ ခု အင်တာဗျူးမှာတောင် ခုလို ထပ်ဖြေထားတာတွေ့ရတော့ ဦးဇင်းရဲ့ ချစ်ကြည်ရေး ကိစ္စကြီးက သံသယဖြစ်စရာကောင်းလှပါတယ်။
.
ကြုံတုန်းတလက်စတည်း– တကယ်လို့များ ဦးဇင်းအနေနဲ့ သွားလေ့လာချင်တယ်ဆိုရင် ဦးဇင်းကြိုက်တဲ့ ဘာသာရေး စာသင်ကျောင်းကို လက်ညှိုးထိုးပါ။ တပည့်တော် ခေါ်သွားပေးပါ့မယ်လို့ ဒီနေရာကနေ ပြောချင်ပါတယ်။
.
နောက်တစ်ချက်— ကလေးတွေက ရဟန်း သံဃာကို ကြည့်တဲ့ အကြည့်က တကယ့်ရန်သူလိုပဲ လို့ ဖြေထားတော့ မေးစရာ မေးခွန်းလေး တစ်ခု ထပ်ထွက်လာပါတယ်။ ဂေါတမမြတ်စွာဘုရားရဲ့ တရားတော်သည် မေတ္တာတရားတော် ဖြစ်တယ်လို့ ကျွန်မ လေ့လာသိရှိထားပါတယ်။ ဒါဆိုရင် ဘုရားသားတော်ဖြစ်တဲ့ ၊ သံဃာဖြစ်တဲ့ ဦးဇင်းက ကိုယ့်ကို ရန်သူလို ဆက်ဆံတဲ့လူကို မေတ္တာမထားနိုင်ဘူးဆိုတော့ ဦးဇင်းကိုယ်တိုင် ဂေါတမမြတ်စွာဘုရားရဲ့ တရားတော်ကို တကယ်ကျင့်ကြံ အားထုတ်ပါရဲ့လား။
.
ကျွန်မ တွေးမိတဲ့ အပိုင်းအစလေးတွေပါ။ ဂေါတမမြတ်စွာဘုရား နဲ့ မြတ်စွာဘုရားဟောကြားခဲ့တဲ့ ဗုဒ္ဓသာသနာအား စော်ကားလိုသည့် စိတ် မြူတစ်မှုန်စာတောင် မရှိပါ။ သာသနာဟု အမည်တပ်ပြီး သာသနာဖျက်မှာကိုတော့ တကယ်စိုးရိမ်မိပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံဟာ ဘုရားပုထိုးတွေ အလွန်များပြားပြီး အလွန်သပ္ပါယ်စရာ ၊ နေရာတိုင်းမှာလဲ မြစ်ချောင်းအင်းအိုင် အလှတွေ၊ မတူညီကွဲပြားတဲ့ အလှတွေနဲ့ အလွန်လှပတဲ့ နိုင်ငံလေးပါ။ ကျွန်မ ကိုယ်တိုင် မြန်မာနိုင်ငံရဲ့ ဒုတိယ ဘုရားပုထိုး အများဆုံး မြို့မှာ မွေးဖွားခဲ့ပြီး ကျွန်မရဲ့ မွေးရပ်မြေကိုလဲ အလွန်ချစ်လို့ ကျွန်မ သူငယ်ချင်းတွေကိုယ်တိုင် ကျွန်မရဲ့ နာမည်ရင်းမခေါ်ဘဲ မြို့နာမည်နဲ့ တွဲခေါ်ခဲ့ကြတာပါ။
.
ထေရ၀ါဒဗုဒ္ဓဘာသာဝင်အများစု ရှိတဲ့ ကျွန်မတို့ရဲ့ မြန်မာနိုင်ငံလေးကို ကမ္ဘာမှာ အကြမ်းဖက်နိုင်ငံ၊ အစွန်းရောက်နိုင်ငံဆိုပြီး နာမည်ပျက်မှာကိုတော့ အရမ်းစိုးရိမ်မိပါတယ်။
.
ကျွန်မ အစ္စလာမ် ဘာသာကိုသက်ဝင်ယုံကြည်တဲ့ မွတ်စလင်မ်တစ်ယောက်ပါ။ ဒါပေမယ့် အကြမ်းဖက် အစွန်းရောက် မဟုတ်ပါဘူး။
.
Jue Jue Than FB စာမျက်နှာ မှ ကူးယူဖော်ပြပါသည်
Saturday, March 30, 2013
Wednesday, March 27, 2013
မျက်ကမ်းမျိုးချစ်များသည် ဗုဒ္ဓ၏ လမ်းစဉ်ကိုသွေဖယ်ပြီး မိမိအတ္တကိုသာ ကိုးကွယ်နေကြပြီလား
ဗုဒ္ဓမြတ်စွာဘုရား ပွင့်ပေါ်ခဲ့ခြင်းသည် ဗုဒ္ဓဘာသာဝင်များအတွက် သီးသန့်  ကန့် သက်ချက်
နဲ့ ပေါ်ထွန်းခဲ့ခြင်း မဟုတ်။
မြန်မာပြည်အတွက် သီးသန့် ပေါ်ထွန်းခဲ့ခြင်းလဲမဟုတ်။
မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ၊ လာအို၊ ကမ္ဘောဒီယား၊ အိန္ဒိယ နိုင်ငံများ အတွက်သီး
သန့် ပေါ်ထွန်းခဲ့ခြင်းမဟုတ်။
အတိအကျပြောရသော်...ကမ္ဘာသူ၊ ကမ္ဘာသား များ၏ ကောင်းကျိုးချမ်းသာအတွက် ဖြစ်သည်။
လူသားအားလုံး၏ ကောင်းကျိုးချမ်းသာအတွက်ဖြစ်သည်။
သက်ရှိသတ္တ၀ါ အားလုံး၏ ကောင်းကျိုးချမ်းသာအတွက်ဖြစ်သည်။
သဘာဝ ပတ်ဝန်းကျင်အတွက် ဖြစ်သည်။
ဗုဒ္ဓဘာသာဝင်များ၏ အဆင့်မြင့် ကိုယ်ကျင့်သိက္ခာအတွက်ဖြစ်သည်။
လူသားအားလုံး၏ အဆင့်မြင့် ကိုယ်ကျင့်သိက္ခာ အတွက်ဖြစ်သည်။
ကုလားဟူ၍ မခွဲခြားခဲ့။ တရုတ်ဟူ၍ မခွဲခြားခဲ့။
အသားဝါ မဲ သည်ဟူ၍ မခွဲခြားခဲ့။
အသားဝါဟူ၍ မခွဲခြားခဲ့။
အသားဖြူဟူ၍ မခွဲခြားခဲ့။
အဟုတ်သော်ကား..... လူသားပဓာန၀ါဒ အတွက် ပေါ်ထွန်းခဲ့သည်။
အဟုတ်သော်ကား.... မြတ်စွာဘုရားသည် လူမျိုးကြီးစနစ်ကို တော်လှန်၍
အောင်မြင်သော လက်ရှိ သာသနာတော်ကို တည်ထောင်ခဲ့သည်။
ဇာတ်စနစ် ခွဲခြားခြင်းကို တော်လှန်ပြီး အောင်မြင်သော ဗုဒ္ဓသာသနာတော်ကို တည်ထောင်ခဲ့သည်။
ကျမ်းကိုး (သီလက္ခန္ဓ၀ဂ်၊ အမ္ဗဋ္ဌသုတ္တန်။)
Ref : ဘာသာပေါင်းစုံ လူမျိုးစုံ သူငယ်ချင်းများ ငြိမ်းချမ်းရေးအဖွဲ့
နဲ့ ပေါ်ထွန်းခဲ့ခြင်း မဟုတ်။
မြန်မာပြည်အတွက် သီးသန့် ပေါ်ထွန်းခဲ့ခြင်းလဲမဟုတ်။
မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ၊ လာအို၊ ကမ္ဘောဒီယား၊ အိန္ဒိယ နိုင်ငံများ အတွက်သီး
သန့် ပေါ်ထွန်းခဲ့ခြင်းမဟုတ်။
အတိအကျပြောရသော်...ကမ္ဘာသူ၊ ကမ္ဘာသား များ၏ ကောင်းကျိုးချမ်းသာအတွက် ဖြစ်သည်။
လူသားအားလုံး၏ ကောင်းကျိုးချမ်းသာအတွက်ဖြစ်သည်။
သက်ရှိသတ္တ၀ါ အားလုံး၏ ကောင်းကျိုးချမ်းသာအတွက်ဖြစ်သည်။
သဘာဝ ပတ်ဝန်းကျင်အတွက် ဖြစ်သည်။
ဗုဒ္ဓဘာသာဝင်များ၏ အဆင့်မြင့် ကိုယ်ကျင့်သိက္ခာအတွက်ဖြစ်သည်။
လူသားအားလုံး၏ အဆင့်မြင့် ကိုယ်ကျင့်သိက္ခာ အတွက်ဖြစ်သည်။
ကုလားဟူ၍ မခွဲခြားခဲ့။ တရုတ်ဟူ၍ မခွဲခြားခဲ့။
အသားဝါ မဲ သည်ဟူ၍ မခွဲခြားခဲ့။
အသားဝါဟူ၍ မခွဲခြားခဲ့။
အသားဖြူဟူ၍ မခွဲခြားခဲ့။
အဟုတ်သော်ကား..... လူသားပဓာန၀ါဒ အတွက် ပေါ်ထွန်းခဲ့သည်။
အဟုတ်သော်ကား.... မြတ်စွာဘုရားသည် လူမျိုးကြီးစနစ်ကို တော်လှန်၍
အောင်မြင်သော လက်ရှိ သာသနာတော်ကို တည်ထောင်ခဲ့သည်။
ဇာတ်စနစ် ခွဲခြားခြင်းကို တော်လှန်ပြီး အောင်မြင်သော ဗုဒ္ဓသာသနာတော်ကို တည်ထောင်ခဲ့သည်။
ကျမ်းကိုး (သီလက္ခန္ဓ၀ဂ်၊ အမ္ဗဋ္ဌသုတ္တန်။)
Ref : ဘာသာပေါင်းစုံ လူမျိုးစုံ သူငယ်ချင်းများ ငြိမ်းချမ်းရေးအဖွဲ့
People of Myanmar need peace of mind
Real monk have no racist.
Real monk have no terrorist. Real monk understand the equality.
Real monk never kill to others life.
(Because they are son of Buddah and killing is forbidden in Buddhish).
Real monk guided people not to commit sins.
Real monk have a peace of mind.
Real monk never keep silent on brutal killing.
Real monk will never do such a shame things.
People of Myanmar need education. They need to understand human rights, unity and patience.
Now country of Myanmar's image have been changed to Buddhish terrorist country in the world. It is shame. Government have to responsible it !
Subscribe to:
Posts (Atom)












