---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Monday, November 29, 2010

Living without Ego

Sunday, November 28, 2010

Sunday, November 21, 2010

ခင်မင်တဲ့ မောင်နှမတွေ အတွက် Yen ta fo တရုတ်ခေါက်ဆွဲ




တရုတ်ခေါက်ဆွဲချက်နည်းကို မေးတဲ့သူလေးတွေတိုးလာလို့ ဒီနေ့အားချိန်ရှိတုန်း ရေးပြီးပို့စ် တင်ပေးလိုက်ပါတယ်

ဒီနေ့ Yen ta fo တရုတ်ခေါက်ဆွဲချက်စားဖြစ်ပါတယ်။ တရုတ်လူမျိုးတွေ Asia ကို migrant လုပ်သွားတုန်းက Yen ta fo လည်းပါသွားတာပေါ့။ Thai - Malaysia မှာ မွတ်စလင်မ်ဆိုင်မဟုတ်ရင်တော့ ကိုယ်မစားတဲ့ အသားတွေပါတယ်နော်။ Asiaသွားလည်တတ်တဲ့သူတွေ သတိတော့ထားပေါ့။

About Yen ta fo
------------------
Yen ta fo Noodle is came from chinese langue “ Ngueng Ngoue Foo” when go to taijew chinese , They call Yueng Tao Foo , Then to Thai , we call Yen ta fo

Ngueng Ngoue Foo is mean bean – cured cheese

ဒီခေါက်ဆွဲက မြန်မာပြည်ကိုမရောက်ဘူးထင်ပါတယ်။ တရုတ် Taijew ဘက် ကအစာပါ။ Taijew လူမျိုးတွေက ထိုင်းနဲ့မလေးကို migrant လုပ်ခဲ့ကြတယ်လေ။ တရုတ်ခေါက်ဆွဲကို soup ရည်နဲ့စားသုံးကြတာ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံတွေမှာ များတယ်။ မြန်မာပြည်မှာခေါက်ဆွဲကြော်များတယ်လို့ထင်ပါတယ်။

တရုတ်ခေါက်ဆွဲချက်နည်း
--------------------------
၁) ကြက်သားရင်အုံသားကိုပါးပါးလှီး ပြီး ငရုတ်ကောင်း မှုန့် (black pepper)၊ ကြက်သွန်ဖြူမှုန့်၊ ဆား၊ ငံပြာရည်တို့နဲ့ နယ်ပြီး နာရီဝက်လောက် နှပ်ထားပါ။ ပြီးရင် ဆီနဲ့အဲဒီကြက်သားတွေကိုကြော် အိုးမှာမကပ်အောင် နဲနဲမွှေပေး။ ကြက်သားကျက်လာရင် soup ဖြစ်အောင် ရေထည့် ဆား-ငံပြာရည်ထပ်ဖြည့်ပြီး soup ရေပွက်ပွက်ဆူလာရင် အိုးကို မီးဖိုကချလို့ရပါပြီ။

၂) ကော်ပြန့်ကြော်ပါ (vegetable spring roll) မမီးက လုပ်ပြီးသားကော်ပြန့်ကို ထိုင်းဆိုင်ကဝယ်ပြီးကြော်တယ်။

၃) တရုတ် ဟာလာလ် ငဖယ်တုံး (chiu chow fish cake) ကိုပါးပါးလှီးပြီးကြော်ပါ။

၎) ရေနွေးတည်ထားပါ ရေနွေးဆူလာရင် ကန်စွန်းရွက် အရိုးလေးတွေကို အဲဒီအိုးထဲထည့်ပြီး အရင်ပြုတ် ၅ မိနစ်ကြာရင် အရွက်တွေပါထည့်ပြုတ်ပါ။

၅) ပြုတ်ပြီးသားမုန့်ဖတ်ကို ကိုယ်စားသလောက်ပုဂံထဲထည့်၊
ကြက်သားပြုတ် နဲ့ soup ရေထည့်၊
ကော်ပြန့်ကြော်နဲ့ တရုတ်ငဖယ်ကြော်တွေကို အရွယ်အသင့်အတင့် ကပ်ကျေးနဲ့ဖြတ်ပြီးထည့်၊
yen ta fo sauce (halal) အနီရောင်ကို လက်ဖက်ရည်ဇွန်း ၃ဇွန်းထည့်၊
ပြုတ်ထားတဲ့ကန်စွန်းရွက်အရိုးအရွက်တွေထည့်၊
ငရုတ်သီးမှုန့်ထည့်၊
ငရုတ်ဆီ လက်ဖက်ရည်ဇွန်း တစ်ဝက် အစပ်ကြိုက်ရင်လည်း ၁ ဇွန်းထည့်၊
ဆား ငံပြာရည် လိုရင်ထပ်ထည့်၊
သံပုရာရည်/ရှောက်ရည်ညှစ်ထည့်
အားလုံးကိုပုဂံထဲမှာ ရောသမမွှေပြီး မြိန်မြိန်ရှက်ရှက် သုံးဆောင်လို့ရပါပြီ။

Hope you enjoy :)

အားလုံးကိုခင်မင်တတ်တဲ့
မမီး

Wednesday, November 17, 2010

Happy Eid Mubarak

Sunday, November 14, 2010

Fastingon the day of Arafa



Special thank to Sister Rose

Saturday, November 13, 2010

ကုရ်ဘာနီ မပြုပိုင်သော သားကောင်များ

.
၁ . နားရွက်ပြတ်နေသော သေားကောင်အား ကုရ်ဘာနီ ပြုခြင်း မပိုင်။ (အာလမ်ဂီရိကျမ်း၊ တွဲ- ၄၊ စာ ၈၁)

၂. လျှာပြတ်၍ မိမိအစားအစာကို မစားသောက်နိုင်သော သားကောင် (အာလမ်ဂီရိကျမ်း၊ တွဲ -၄၊ စာ ၈၀)

၃. သိုး၊ ဆိတ်တို့တွင် နို့တိုင် တစ်တိုင် ကန်းနေသော သားကောင် (ရှာမီကျမ်း၊ တွဲ - ၅၊ စာ - ၂၁၃)

၎. ကျွဲ၊ နွားတို့တွင် နို့တိုင် ကန်းနေသော သားကောင်။ ထိုနည်းတူစွာ နို့အုံဖြတ်ထားရသော သားကောင်၊ နို့အုံတွင် ဒဏ်ရာရရှိနေပြီး နွားငယ်အား နို့မတိုက်နိုင်ဖြစ်နေခြင်း၊ ရောဂါထင်ရှားစွာရှိနေသော သားကောင်များကို ကုရ်ဘာနီ မပြုပိုင်ပါ။ (အာလမ်ဂီရိကျမ်း၊ တွဲ-၄၊ စာ-၈၀)

၅. ကျွဲ၊ နွားတို့တွင် နို့တိုင် တစ်တိုင်ကန်း၍ ခြောက်နေခဲ့သော် ကုရ်ဘာနီ ပြုပိုင်၏ ။ သို့သော် နှစ်တိုင်ကန်းပြီး ခြောက်သွေ့နေခဲ့သော် သို့မဟုတ် ပြတ်နေခဲ့သော် ကုရ်ဘာနီ မပြုပိုင်ပါ။ (ကေဖာယသွလ်မွဖ်သီကျမ်း၊ တွဲ - ၈၊ စာ -၁၈၇)

၆. ဖို + မ အင်္ဂါ ဇာတ်ပါသော ဆိတ်မ ကုရ်ဘာနီ မပြုပိုင်။ ခဆွီ (သင်းကွတ်) သားကောင် ပိုင်၏ ။ (အဇီဇွလ်ဖသ၀ါကျမ်း၊ တွဲ - ၁၊ စာ - ၇၁၄)

၇. သားကောင်၏ မျက်စိ နှစ်ဖက်လုံး ကန်းနေမှု၊ (သို့မဟုတ်) မျက်လုံးတစ်လုံးကန်း၍ တစ်လုံးမြင်ရပြီး၊ ၄င်းမြင်နေရသော မျက်စိသည် သုံးပုံ တစ်ပုံ (သို့မဟုတ်) ထို့ထက်ပင် မမြင်ရတော့ပါမူ၊ အလားတူ နားရွက်၏ သုံးပုံတစ်ပုံ (သို့မဟုတ်) ထို့ထက်ပင် ပို၍ ပြတ်နေပါက ၄င်းသားကောင်တို့အား ကုရ်ဘာနီ ပြုခြင်း မပိုင်။

၈. သားကောင်သည် ခြေသုံးခြောင်းနှင့်သာ သွားလာနိုင်ပြီး စတုတ္ထခြေဖြင့် ထောက်ပင် မထောက်နိုင်ပေ။ (သို့မဟုတ်) စတုတ္ထခြေဖြင့် ထောင်နိုင်ရုံသာ ရှိ၍ ၄င်းခြေဖြင့် မသွားနိုင် ဖြစ်နေသော် ယင်းသားကောင်အား ကုရ်ဘာနီ ပြုပိုင်ခွင့် မရှိပေ။ အကယ်၍ ထိုခြေသည် သွားလာသည့်အခါ မြေပေါ်တွင် ထောက်၍ သွားနိုင်ပြီး သွားရာတွင် ၄င်းခြေကို အားပြုနိုင်လျက် ထော့နဲ့ ထော့နဲ့ သွားနိုင်လျင် ထိုသားကောင်အား ကုရ်ဘာနီ ပြုပိုင်၏ ။
(ရဒ်ဒွလ်မုဟ်သားရ်ကျမ်း၊ တွဲ - ၅၊ စာ- ၃၁၆)

၉. သားကောင်သည် အလွန်ပိန်ချုံး၍ အရိုးပေါ် အရည်တင်ဖြစ်နေသည့် အဖြစ် (သို့မဟုတ်) ဇဗဟ် လည်လှီးသော နေရာအထိ မိမိကိုယ်တိုင် မသွားနိုင်ပါက ယင်းသားကောင်အား ကု၇်ဘာနီ ပြုလုပ်ခြင်း မပိုင်ပေ။ သို့သော် ရောဂါကြောင့် မဟုတ်ပဲ ပင်ကိုယ်ကပင် ပိန်သည့် အမျိုးဖြစ်ပါက ပိုင်သွားသည်။သို့သော် ၀၀ဖြိုးဖြိုး သားကောင်အား ကုရ်ဘာနီပြုလုပ်ခြင်းသည် သာပို၍ ကောင်း၏ ။ (ရဒ်ဒွလ်မုဟ်သားရ်ကျမ်း၊ တွဲ - ၅၊ စာ - ၂၈၂)

၁၀. သွားမရှိသော သားကောင်အား ကုရ်ဘာနီပြုခြင်းမပိုင်၊ အကယ်၍ ကျန်ရှိနေသောသွားများ သည် ကျိုးသည့်သွားထက် များနေလျှင်ကုရ်ဘာနီ ပိုင်၏ ။ (ဒွရ်ရေ့မွခ်သာရ်ကျမ်း၊ တွဲ -၅၊ စာ - ၃၂၂)

၁၁. မွေးရာပါ နားရွက်မပါသော သားကောင်အား ကုရ်ဘာနီ ပြုခြင်း မပိုင်။ အကယ်၍ နားရွက်သည် သုံးပုံတစ်ပုံ (သို့မဟုတ်) သည့်ထက်ပိုပြီး ပြတ်နေပါ ကလည်း မပိုင်ပေ။ သို့သော် မွေးရာပါနားရွက်ပါပြီး အနည်းငယ်သေးနေပါက ကုရ်ဘာနီ ပိုင်သွားသည်။ (ဒွရ်ရေ့မွခ်သာရ်ကျမ်း၊ တွဲ - ၂၊ စာ -၃၂၂)

၁၂. မွေးရာပါဦးချိုမပေါက်လာသော (သို့မဟုတ်) ဦးချိုကျိုးနေသော သားကောင်အား ကုရ်ဘာနီ ပြုပိုင်၏ ။ သို့သော် ဦးချိုသည် အမြစ်မှကျိုးသွားမည်၊ (သို့မဟုတ်) ကျွတ်သွားမည်။ ၄င်းနောက်ထိုကျိုးသော နေရာမှဒဏ်ရာဒဏ်ချက်သည် ဦးနှောက်ထိတိုင်ရောက်ရှိသွားသော် ယင်းသားကောင်အား ကုရ်ဘာနီ ပြုခွင့်မရှိတော့ပေ။ ( ဖသ၀ါရဟီမီကျမ်း၊ တွဲ - ၆၊ စာ - ၁၆၁)


By Hay Shan