---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Friday, March 18, 2011

ထိုင်းခရမ်းချည်သီးငါးပိချက်

ချက်နည်း
-----------
၁) ကြက်သွန်ပါးပါးလှီး
၂) ကြက်သား အနည်းငယ်ကိုနုတ်နုတ်စင်း
၃) ၃၈၀ ဂရမ် ခရမ်းချည်သီးအနစ် (သံဘူး)
၎) နွနွင်းမှုန့်
၅) ဆား
၆) သကြား
၇) ငံပြာရည်
၈) ထိုင်း ပုဇွန်ငါးပိ (ဟာလလ်တံဆိတ်ပါ)
၉) ငရုတ်သီး တစ်တောင့် ထောင်း
၁၀) ငရုတ်အကျက်မှုန့် half teaspoon (အစပ်ကြိုက်ရင် ပိုထည့်နိုင်သည်)
၁၁) ဆီ
်၁၂) နံနံပင်ပါးပါးလှီး

ဆီပူထဲမှာ ကြက်သွန်ကိုကြော်ပါ၊ ပျော့လာရင် နွနွင်းမှုန့်၊ ဆားတို့နဲ့နယ်ထားတဲ့ကြက်သားနုတ်နုတ်စင်းကို ကျွတ်ခါနီးထိကြော်ပါ။ ကြော်ပြီးပုဂံတစ်ခုမှာဖယ်ထားပါ။ ကြက်ကြော်ဆီထဲမှာပဲ ခရမ်းချည်သီးအနစ် ကို နံပတ် ၄ - ၁၀ တို့နဲ့ ဆီပြန်တဲ့အထိ မကြာခဏ မွှေပေးပြီးကြော်ပါ။ ဆီပြန်လာရင် ကြက်နုတ်နုတ်စင်းကြော်ကိုရောမွှေပေးပါ။ အိုးကိုမီးဖိုကချပြီး ခရမ်းချည်သီးငါးပိချက်ပေါ်မှာနံနံပင်ဖြူးထည့်ပါ။

ခရမ်းချည်သီးငါးပိချက်ကို တို့စရာ ဆလပ်ရွက်၊ သခွါးသီးတို့နဲ့မြိန်ရည်ရှက်ရည်စားသုံးနိုင်ပါပြီ။
ထမင်းစားပြီး Indian cardamom (ဖာလာစေ့) Lipton tea လေးကို သကြားထည့် (နွားနို့မပါ) ပူပူလေးသောက်ပါ။ အရောင်လှပြီး အနံ့မွှေးတာကြောင့် လူကိုလည်းလန်းစေပါတယ်။

မှတ်ချက် : ထိုင်းလူမျိုးတွေက ခရမ်းချည်သီးငါးပိချက်ကို haram အသားနဲ့ချက်ကြတယ်။ ထိုင်းမွတ်စလင်မ်မှကြက်သားနဲ့ချက်တာမို့ ထိုင်းသွားလည်တတ်တဲ့လူတွေ သတိထားကြပါ။ ခရမ်းချည်သီးငါးပိချက်ကို ထိုင်းဘာသာစကားနဲ့ နမ်းဖလစ်က်အောင်ဂ်လို့ခေါ်ပါတယ်။

Saturday, March 12, 2011

ဂျပန် နျူကလီးယားစက်ရုံပေါက်ကွဲ အရေးပေါ်ကြေညာ

နျူကလီးယားစက်ရုံပေါက်ကွဲမှုဂျပန်အရေးပေါ်ကြေညာ


စနေ, 12 မတ် 2011

နျူကလီးယား စက်ရုံပတ်လည် ၁၂ မိုင်အတွင်းကနေ လူတွေ ရွှေ့ပြောင်းနေထိုင်ကြဖို့ ဂျပန်ဝန်ကြီးချုပ် နာအိုးတိုးခန် (Naoto Kan) က တိုက်တွန်းလိုက်ပါတယ်။ ဒီစက်ရုံမှာ စနေနေ့က ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။

အစိုးရရဲ့ နံပါတ်တစ် ဦးစားပေးလုပ်ငန်းကတော့ စက်ရုံရှိရာ ဖူကူရှီးမားမှာရှိတဲ့ ပြည်သူလူထုရဲ့ လုံခြုံရေးဖြစ်ပါတယ်လို့ ၀န်ကြီးချုပ်က ပြောပါတယ်။ စက်ရုံဝန်းကျင်မှာ ဓါတ်ရောင်ခြည်ဖြာထွက်မှု အဆင့် တက်လာနေပါတယ်။

စနေနေ့က ပေါက်ကွဲမှုကြောင့် ဓါတ်ပေါင်းဖိုရှိတဲ့ အဆောက်အဦး ပျက်စီးသွားခဲ့ပေမဲ့ ဓါတ်ပေါင်းဖိုရဲ့ သတ္တုအကာကတော့ မပျက်စီးခဲ့ပါဘူးလို့ ဂျပန်ဝန်ကြီးချုပ် ပြောကြားပြီး မကြာခင်မီမှာပဲ ပြောရေးဆိုခွင့်ရှိသူ ယူကီရို အီဒါနို က ပြောပါတယ်။

အခြေအနေနဲ့ပတ်သက်ပြီး သတင်းအချက်အလက်တွေကို စုဆောင်းနေပါတယ်လို့ အပြည်ပြည်ဆိုင်ရာ အနုမြူ စွမ်းအင် အေဂျင်စီ IAEA က ဆိုပါတယ်။ စက်ရုံအပြင်မှာ ဓါတ်ရောက်ခြည်ထွက်နေတာက ပုံမှန်ထက် များနေတယ်လို့ ဂျပန် မီဒီယာတွေက သတင်းရေးသားနေကြပါတယ်။

ဂျပန်နိုင်ငံဟာ မကြုံခဲ့ဖူးတဲ့ ဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်လို့ မစ္စတာ ခန် က ဆိုပါတယ်။

တိုင်းပြည်တ၀ှမ်း ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေရာမှာ ဂျပန် စစ်သား ၅ သောင်းက ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်နေကြပါတယ်လို့ ၀န်ကြီးချုပ်က ပြောပါတယ်။

လူပေါင်း ၁,၃၀၀ ကျော် သေဆုံး ဒါမှမဟုတ် ပျောက်ဆုံးနေတယ်လို့ ဂျပန် မီဒီယာသတင်းတွေက တင်ပြကြပါတယ်။ ကမ်းခြေတလျှောက်သွားနေတဲ့ ရထား ၄ စင်းဟာ ဆူနာမီလှိုင်းလုံးတွေ တက်လာပြီးတဲ့နောက် ပျောက်ဆုံးနေတယ်လို့ ကျိုဒို သတင်းဌာနက ဆိုပါတယ်။

လှိုင်းတွေက ၃၅ ပေလောက် တက်လာတဲ့အခါ ယာဉ်တွေ အဆောက်အဦးတွေကို တိုက်ချလိုက်သလို ဖြစ်သွားခဲ့ပြီး တရွာလုံး ရေထဲ ပါသွားတာတွေ ရှိခဲ့ပါတယ်။ ငလျင်နဲ့ ဆူနာမီကြောင့် အဝေးပြေး လမ်းမကြီးတွေနဲ့ အခြေခံအဆောက်အအုံတွေ ဂျပန်နိုင်ငံမှာ ပျက်စီးသွားခဲ့ရပါတယ်။ လူတွေအများကြီးဟာ အမိုးတွေပေါ်မှာ ဒါမှမဟုတ် လွတ်ရာမှာ ပိတ်မိနေကြတဲ့အတွက် ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက်လည်း အခက်အခဲတွေ့နေရပါတယ်။

လာမယ့်ရက်တွေမှာ လျှပ်စစ်မီး တနိုင်ငံလုံး နေရာတော်တော်များများမှာ ပြတ်တောက်မယ်လို့ ဂျပန် Tepco လျှပ်စစ်ကုမ္ပဏီက သတိပေးထားပါတယ်။

ငလျင်လှုပ်ရာ အနီးဆုံးမြို့ ဆန်ဒေးမှာ သေဆုံးသူ ရုပ်အလောင်း ၂၀၀ ကနေ ၃၀၀ အထိ တွေ့ရှိရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒီငလျင်ဟာ ဂျပန်မှာ အပြင်းထန်ဆုံး ငလျင်ဖြစ်ပြီး တကမ္ဘာလုံးမှာ နှစ်ပေါင်း ၁၀၀ အတွင်း နံပါတ် (၅) အပြင်းထန်ဆုံး ငလျင်ဖြစ်ပါတယ်။ လူ ၇၀၀ သေဆုံးပြီး ၁,၀၀၀ ကျော် ဒဏ်ရာရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

VOA News

ဆူနာမိဒုက္ခသည်များအတွက် ဒိုအာ တောင်းပေးကြပါနော်။

** ဗစ်မစ်လ္လာဟစ်ရဟမာနီးရ်ရဟီးမ် **

လာ-အေလာဟ၊အင်လ်လာ...အန်းတ၊ စွတ်ဗ်ဟာနက၊ အင်နီ၊ ကွန်းတို့၊ မေနတ်သွ်-သွာလေ့မီးန်...အာမီးန်

တမန်တော် ယူနွတ်စ် (အလိုင်ဟစ္စလာမ်) ငါးကြီးဗိုက်ထဲရောက်နေတုန်း တောင်းတဲ့ ဒိုအာဖြစ်ပါတယ်။ အခက်အခဲ အကြပ်အတည်းကိစ္စများနဲ့ရင်ဆိုင်နေရရင်တောင်းတဲ့ဒိုအာဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ မွတ်စလင်မ်တွေ၊ ဗလီတွေလည်းရှိကြပါတယ်။ ဖြစ်နိုင်ရင် ဂျပန်နိုင်ငံရှိဘာသာတိုင်း လူမျိုးတိုင်းအတွက်၊ သေသူများအတွက်၊ ဘေးဒုက္ခကြုံနေရသူများအတွက် သီးသန့်ဆွလာ့သ်ဝတ်ပြုပြီးဒိုအာများတောင်းပေးကြပါ။

Thursday, March 10, 2011

အစ္စလာမ်သာသနာနှင့် '' ဝိုင် '' သောက်ခြင်းအကြောင်းသိကောင်းစရာ

ကျမ်းမြတ်ကုရ်အာန်၌ တားမြစ်ထားခြင်း

(ကုရ်အာန် ၅:၉၀) အို မုအ်မင်န်သက်ဝင်ယုံကြည်သူအပေါင်းတို့ မုချဧကန် သေစာ အရက်သည်၎င်း၊ လောင်းတမ်းကစားခြင်းသည်၎င်း၊ ရုတ်ထု၊ ဆင်းထု အစရှိသည့် အရာများသည်၎င်း၊ မြှား (ဖြင့်ကံစမ်းခြင်း) သည်၎င်းအလွန်ဆိုးရွား ညှစ်ညမ်းလှသော အမှူကိစ္စများ ရှိုင်တွာန် အပြုအမူများသာ ဖြစ်၏။ သို့ဖြစ်ပေရာ အသင်တို့သည် ထို ဆိုးရွားညှစ်ညမ်းလှသော အရာကိုရှောင်ကြည်ကြကုန်လော့။ သို့မှသာလျှင်အသင်တို့အောင်မြင်ကြပေမည်။

ဘိုင်ဘယ်များ၌လည်း ဝိုင် သောက်ခြင်းကိုတားမြစ်ထားသည်

(A) “Wine is a mocker, strong drink is raging; and whosoever is deceived thereby is not wise.” [Proverbs 20:1]

(B) “And be not drunk with wine.” [Ephesians 5:18]

ဗုဒ္ဓဘာသာ ငါးပါးသီလထဲမှာလည်း အရက်ကိုရှောင်ကြည်ခိုင်းသည်

ငါးပါးသီလ
*ပါဏာတိပါတာ - သူ့အသက် သတ်ခြင်းမှ ရှောင်ကြည်ရန်
*အဒိန္နာဒါနာ - သူတစ်ပါး ပစ္စည်း ခိုးယူခြင်းမှ ရှောင်ကြဉ်ရန်
*ကာမေသုမိစ္ဆာစာရာ - သူတစ်ပါး သားမယား ပြစ်မှားခြင်းမှ ရှောင်ကြဉ်ရန်
*မုသာဝါဒါ - လိမ်ညာ ပြောဆိုခြင်းမှ ရှောင်ကြည်ရန်
*သုရာ မေရိယ - သေရည် အရက်သောက်ခြင်းမှ ရှောင်ကြဉ်ရန်

သူရာမေရိယ - သေရည်သေရက် သောက်စားခြင်း ( ကာယဒုစရိုက်၊ ၀ဇီဒုစရိုက်၊ မနောဒုစရိုက်ထဲမှာလည်း မပါဝင်) ကံ ကို ငါးပါးသီလထဲမှာ အဘယ်ကြောင့်ထည့်ထားရနည်းဆိုလျှင် “ ကာယကံ နဲ့ ၀ဇီကံ ဆိုင်ရာ အရေးအကြီးဆုံး (၄) ချက် ကို မည်သို့ပင် လိုက်နာရန်စိတ်ကူးရှိရှိ သေရည်သေရက် သောက်မိလျှင် ကာယကံ နှင့် ၀ဇီကံ နှစ်မျိုး စလုံးကို ထိန်းမရအောင် ချိုးဖောက်ရန်လွယ်ကူလွန်း၍ ကာယကံ နှင့် ၀ဇီကံ ဆိုင်ရာ အရေးအကြီးဆုံး (၄) ချက်၏ နောက်က အချုပ် အနေနှင့် သေရည်သေရက် ရှောင်ကြဉ်ရန် အချက် တစ်ချက်ဖြစ်သည်။

ဝိုင်သောက် သောသူနှင့်စားပွဲ တစ်ပွဲတည်းမထိုင်ရန်

(ကုရ်အာန် : ၀၄ အယ်နီစာ) အလ္လာဟ်အရှင်မြတ်၏လက္ခဏာတော်များကို ငြင်းပယ်ကြသည်ကို လည်းကောင်း၊ ပြက်ရယ်ပြောင်လှောင်ကြသည်ကိုလည်းကောင်း၊ ကြားကြရပါလျှင်၊ ယင်း (ငြင်းပယ်ပြောင်လှာင်သော) သူတို့သည် ထိုစကားကိုစွန့်၍ အခြားစကားများတွင် အာရုံမစူးစိုက်သမျှ ကာလပတ်လုံး အသင်တို့သည်၎င်းတို့နှင့်အတူ မထိုင်ကြကုန်အံ့။ သို့ထိုင်ကြပါလျှင် အသင်တို့သည်လည်း ထိုသူတို့ကဲ့သို့ပင် (အပြစ်ရှိသူများ) ဖြစ်သွားကြကုန်အံ့။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ် သည်’မုနာဖစ်က်’ အယောင်ဆောင် မုစ်လင်မ်တို့နှင့် ‘ကာဖိရ်’မယုံမကြည် သွေဖည်ငြင်းပယ်သော သူတို့ အားလုံးကို ‘ဂျဟန္နမ်’ငရဲဘုံတွင် စုပေါင်းတော်မူမည့် အရှင်ဖြစ်တော်မူပေသတည်း။

တနည်း။ မည်သည့်အခါမဆို (ကာဖိရ်)တို့က အရှင်မြတ်၏ မုက္ခပါဋ္ဌ်တော်ကို ငြင်းပယ်ကြသည်ကို၎င်း၊ ပြောင်လှောင်ကြသည်ကို၎င်း၊(သင်တို့)တွေ့မြင်ကြားသိရလျှင် ထိုသူတို့သည် ယင်းစကားအပြင်အခြား စကားဘက်သို့ အာရုံမပြောင်းကြသမျှကာလပတ်လုံး အသင်တို့သည် ၎င်းတို့နှင့်အတူ ထိုင်မနေကြကုန်လင့်။ (သင်တို့သည် အကယ်၍သာ) ထိုသူတို့နှင့်အတူ ထိုင်နေကြပါလျှင် အသင်တို့သည်လည်း ထိုသူတို့ကဲ့သို့ပင် ဖြစ်သွားကြကုန်လတ္တံ့။အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကုရ်အာန်ကျမ်းမြတ်တွင် သင်တို့အား မိန့်ဆိုထုတ်ပြန်ချမှတ်တော်မူထား၏ ။ ဧကန်စင်စစ်အလ္လာဟ်အရှင်မြတ်သည် (မုနာဖစ်က်)တို့နှင့် ကာဖိရ်တို့ကို ဂျဟန္နမ်တွင်စုပေါင်းထားတော်မူမည့်အရှင် ဖြစ်တော်မူ၏။

တမန်တော်မြတ်မိန့်ဆိုခဲ့သည်

မည်သူမဆို အလ္လာဟ်အရှင်မြတ် နှင့် နောက်ဆုံးနေ့ကိုယုံကြည်ပါက ဝိုင် သောက်သုံးနေသော စားပွဲ၌ အတူမထိုင်ကြလေနှင့်။ (Narrated by al-Tirmidhi, al-Adab, 2725; classed as hasan by al-Albaani in Saheeh Sunan al-Tirmidhi, 2246).

Not only those who drink are cursed but also those who deal with them directly or indirectly are cursed by Allah. According to Sunan Ibn-I-Majah Volume 3, Book of Intoxicants, Chapter 30 Hadith No. 3380.

်Narrated Abdullah ibn Umar: The Prophet (peace_be_upon_him) said: Allah has cursed wine, its drinker, its server, its seller, its buyer, its presser, the one for whom it is pressed, the one who conveys it, and the one to whom it is conveyed.

Narrated An-Nu'man ibn Bashir: I heard the Apostle of Allah (peace_be_upon_him) say: Wine is made from grape-syrup, raisins, dried dates, wheat, barley, millet, and I forbid you from every intoxicant (သေရည်သေရက် - ရစ်မူးစေသော).

အမေး - အဖြေ

မေး : ခရစ်ယာန်နှင့် ဂျူး လူမျိုးတို့တွင် ဝိုင် သောက်ခြင်းကိုခွင့်ပြုထားသည်။ အဘယ်ကြောင့် အစ္စလာမ်၌ ဝိုင်သောက်ခြင်းကို ဟရမ် ဟုသတ်မှတ်ထားပါသနည်း။

အဖြေ : ဖန်ဆင်းရှင်အားယုံကြည်သော ဘာသာတိုင်းသည် ဝိုင် သောက်ခြင်းကို တားမြစ်ထားသည်။ ခရစ်ယာန် Old Testament ထဲတွင်လည်း ဝိုင် သောက်ခြင်းကိုတားမြစ်ထားပါသည်။

(ကုရ်အာန် ၅:၉၀) အထက်၌ဖော်ပြပြီးဖြစ်သည်။

(ကုရ်အာန် ၅:၉၁) ဤမှတစ်ပါး အခြားမဟုတ်၊ ရှိုင်တွာန်မိစ္ဆာကောင်သည် သေရည်သေရက်ဖြင့်လည်းကောင်း၊ အလောင်းအစားဖြင့်လည်းကောင်း၊ အသင်တို့စပ်ကြားတွင် ရန်ငြိုးပွားမှု၊ မုန်းထားမှုများကိုဖြစ်စေလို၏။ ၎င်းပြင် (ရှိုင်တွာန်သည်) အသင်တို့ကို အလ္လာဟ်အရှင်မြတ်အား အောက်မေ့တသသတိရခြင်းမှလည်းကောင်း၊ ဆွလာတ်ဝတ်ပြု ခြင်းမှလည်းကောင်း၊ ပိတ်ပင်တား ဆီးလို၏။သို့ဖြစ်ပေရာ အသင်တို့သည် ရပ်တံ့ကြမည်သူများဖြစ်ကြသလော။

အနောက်တိုင်းမှ ပညာရှင်များ၊ ဆရာဝန်များ၊ သိပ္ပံပညာရှင်များသည် လူ့အသိုင်းအဝိုင်းအတွင်း ဝိုင် သောက်သုံးခြင်းကို ခွင့်ပြုပေးထားကြသည်တို့ကို ဆန့်ကျင့်လျက်ရှိကြသည်။

ဒီကနေ့ ဝိုင်ကို သစ်သီးဖျော်ရည်ဟု အလွယ်တကူမှတ်ယူ၍လည်းကောင်း၊ ခေတ်မှီလို၍လည်းကောင်း၊ ဘာသာခြားနှင့် စီးပွါးရေး၊ လူမှုရေးအရ ဆက်ဆံရာ၌လည်းကောင်း ဝိုင် ကိုသောက်သုံးကြသူများရှိနေကြပါသည်။ အထက်ပါ ကျမ်းမြတ်ကုရ်အာန်အာယာ့သ်တော်များနှင့် ဟာဒီးစ်တော်တို့သည် မိမိတို့အား အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်နှင့် မြတ်နဗီ တမန်တော်၏ ဩဝါဒတော်များကို (နာခံလိုသူတို့အတွက်) လိုက်နာကျင့်သုံးနိုင်ရန်၊ မိမိတို့၏ အီမန်ကိုပိုခိုင်မြဲစေရန် အထောက်အကူပေးနိုင်ပေလိမ့်မည်။

** လူတိုင်းတွင် မိမိတို့၏ အသိညာဏ်ကို အလ္လာဟ့်သိစိတ်နှင့် သန့်စင်ဖွံ့ဖြိုးစေပြီး၊ မိမိတို့၏ ခံစားမှုများကို အလ္လာဟ့်ချစ်စိတ်နှင့် သန့်စင်ဖွံ့ဖြိုးရန် ကြိုးပမ်းကြရ ပေမည်။ **

ဟရမ်ကိုရှောင်ကြည်၊ ဖြတ်တောက်နိုင်ခဲ့သူများကို ချီးကျူးလျက်...။

အပြည့်အစုံ ဖတ်ရှူရန် http://islamicislamic.com/halal_&_haram.htm

မေတ္တာစေတနာဖြင့် တင်ဆက်သည်။

Friday, March 4, 2011

အရှင့်ဥယာဉ်


အခါတစ်ပါး၌
အလွန်သာယာလှပသော
ပန်းဥယာဉ်သည် ကမ်းတစ်ဘက်
တောင်ပြာတန်းပေါ်တွင် တည်ရှိ၏။

ထိုအခါဝယ် ကျွန်ုပ်တွင်
ဆန္ဒဟူသော လှေတစ်စင်းရှိ၏။

သို့သော် တက်မ မရှိ။

ဇွဲကိုအရင်းခံ၍
တက်မ တစ်စုံကို ဖန်တီး၏။

ထိုဆန္ဒလှေအား
ခန္တီပင်လယ်၌ လှော်ခတ်၍
ဥယာဉ်သို့ ရောက်သော်
လှရောင်စုံ ပန်းမာလာတို့ကို
ပွေ့ပိုက်ရှူရှိုက်၏။

သို့သော် ရနံ့ မရှိ။

ပထဝီပေါ်၌ ရှိသမျှသော
ဥယာဉ်တို့သည်.....

စမ်းရည်ချောင်း၊ နို့ရည်ချောင်း၊
ပျားရည်ချောင်းများနှင့်
တသွင်သွင် စီးဆင်းလျက်ရှိသော
အရှင့်ဥယာဉ်လောက်
အဘယ်သာ အေးမြသာယာ၍
ပြည့်စုံပါအံ့နည်း .....။

ချီးမွမ်းထောပနာခြင်းအပေါင်းသည် အလ္လာဟ်အရှင်မြတ်အတွက်။

ကုရ်အာန် ၀၄၇း ၁၅။ မွတ္တကီ သူတော်စင်များ ကတိပေးခြင်းကို ခံကြရသော ဂျန္နတ် သုခဘုံ၏အခြေအနေမှာ(ဤသို့ ဖြစ်၏။) ယင်း ဂျန္နတ် သုခဘုံ၌ အနံ့အရသာ မပျက်သော ရေချောင်းများသည်လည်းကောင်း၊ အရသာ ပြောင်းလဲသွားခြင်းမရှိသော နို့ချောင်းများသည် လည်းကောင်း၊ သောက်သုံးသူတို့အဖို့ အထူးအနံ့ အရသာကောင်းသော ချောင်းများသည်လည်းကောင်း၊ ကြည်လင်သန့်ရှင်းစင်ကြယ်သော ပျားရည်ချောင်းများသည်လည်းကောင်း၊ ရှိကြပေမည်။ ထိုမှတပါး ၎င်းတို့အဖို့ ယင်း“ဂျန္နတ်”သုခဘုံ၌ သစ်သီးဝလံမျိုးစုံတို့သည်လည်း ရှိပေမည်။ ထိုမှတပါး ထိုသူတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ် အထံတော်မှ လွတ်ငြိမ်းချမ်းသာခွင့်သည်လည်း ရှိပေမည်။

ကုရ်အာန် ၀၄၇း ၁၉။ သို့ဖြစ်ပေရာ (အို-နဗီတမန်တော်၊) အလ္လာဟ်အရှင်မြတ်မှတပါး ဆည်းကပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျင်းမရှိကြောင်း ကောင်းစွာသိရှိ ယုံကြည်ထားပါလေ။ ထို့ပြင် အသင်သည် မိမိ၏ ချို့တဲ့မှုနှင့် စပ်လျဉ်း၍လည်းကောင်း၊ မုအ်မင်န် သက်ဝင်ယုံကြည်သူ ယောက်ျား၊ မိန်းမတို့အဖို့လည်းကောင်း၊ လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားအသနားခံပါလေ။ အမှန် စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ (အားလုံးတို့)၏လှည့်လည်သွားလာမှုကိုလည်းကောင်း၊ အသင်တို့၏ ခိုလှုံရာကိုလည်းကောင်း၊ ကောင်းစွာ သိရှိတော်မူပေသတည်း။