---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Friday, January 29, 2010

Rumi's poem

.............

ကျေးဇူးတင်တယ် ရူမီ

ရူမီရေ-
ခင်ဗျားကို
အစ္စလာမ့်ရောင်ခြည်မှာ တွေ့လိုက်တော့-
ကျွန်တော်- ပျော်သွားမိတယ်။
ဟိုး၊ ငယ်ငယ်-----
ရသကဗျာများ ကျွန်တော်- လိုက်စားတော့
ခင်ဗျားရေးတဲ့- ရူဘိုင်ယတ် ကဗျာများ၊
ကျွန်တော့-ရင်ကို ဖမ်းစားခဲ့။
ကျွန်တော်ဟာ--ခင်ဗျားကဗျာထဲက
ဇတ်ကောင် တစ်ခုရယ်ပါ။
အဖေါ်မဲ့တဲ့ ညများ
ခင်ဗျားရဲ့ စာသားတွေကို
ဖရ်စီလို ကျွန်တော် ညီးတွားခဲ့တာ---
ဒီနေ့ထိပါပဲ။
အထူးသဖြင့်- ခင်ဗျားက ခင်ဗျားရဲ့ ဆရာကို တမ်းလို့၊
ကျွန်တော်က- ကျွန်တော့ရဲ့ ဆရာကို လွမ်းလို့ပေါ့။

(ကိုဌေးလွင်ဦး - Islam Myanmar)

Monday, January 25, 2010

Not more than 3 days

မွတ်စလင်မ်ဟူသည် ညီအစ်ကိုမောင်နှမများ ဖြစ်ကြသည်။
သည်ကုရ်အာန် အာယတ်တော် နှင့် တမန်တော်မြတ်၏ ဟာဒီးစ်တော်ကို ပြန်လည်ဝေမျှလိုက်ပါသည်။ နှလုံးသွင်းပြီး ကျင့်သုံးနိုင်ကြပါစေ။ မွတ်စလင်မ်အပေါင်း စည်းလုံးညီညွတ်ပြီး ချစ်ခင်နိုင်ကြပါစေ။ အာမီးန်။

Allah, the Exalted, says: "The believers are nothing else than brothers (in Islamic religion). So make reconciliation between your brothers.'' (49:10)
.
"But do not help one another in sin and transgression.'' (5:2)
.
Hadith - Sunan of Abu Dawood 4894, Narrated Abu Hurayrah The Prophet said: It is not allowable for a believer to keep from a believer for more than three days.

If three days pass, he should meet him and give him a salutation, and if he replies to it they will both have shared in the reward; but if he does not reply he will bear his sin (according to Ahmad's version) and the one who gives the salutation will have come forth from the sin of keeping apart. Ref : http://muttaqun.com/greeting.html

1591. Anas bin Malik (May Allah be pleased with him) said: The Messenger of Allah (PBUH) said, "Do not desert (stop talking to) one another, do not nurse hatred towards one another, do not be jealous of one another, and become as fellow brothers and slaves of Allah. It is not lawful for a Muslim to stop talking to his brother (Muslim) for more than three days.''[Al-Bukhari and Muslim] Commentary: "Hijran'' means to terminate contacts and speech. All the things mentioned in this Hadith are prohibited for the reason that they go against the spirit of Muslim brotherhood. Muslims are ordained to maintain the bond of Islamic fraternity.
1592. Abu Ayyub Al-Ansari (May Allah be pleased with him) said: The Messenger of Allah (PBUH) said, "It is not lawful for a Muslim to desert (stop talking to) his brother beyond three nights, the one turning one way and the other turning to the other way when they meet, the better of the two is one who is the first to greet the other.''[Al-Bukhari and Muslim].

Commentary:1. Since Islam is a religion based on the nature of man, it has a suitable concession in all his natural affairs. When there occurs a dispute between two Muslims then unpleasantness and contraction of mind are bound to result from it. In such a situation they naturally do not like to speak or maintain contact with each other. Islamic Shari`ah has acknowledged the validity of this reaction and granted permission to the party to suspend speech for three days. Since longevity of suspension of contact leads to severe hatred and animosity which increases dissension in society, creates obstruction in family relations and injures the bond of friendship, Muslims have been ordered not to let this temporary unpleasantness and turbidity go beyond a period of three days.
.
Now we still breathing. We have chance to ''Tao-bah'' (pray for forgiveness and du'a for save from shaitan). Than turn back to each other and make understanding.
.
Sympathy + Love + Peace = Unity.
Unity make us stronger and not easy to destroy by other.
.
**Ya Allah please forgive us.
.
Peace and blessing be upon you.

Wednesday, January 20, 2010

အမျိုးသမီး အခွင့်အရေး


ကျမ- ကုရ်အန်ကို မသိမှီ
အစ္စလာမ်ကို ဇဝေဇ၀ါ ဖြစ်ခဲ့။
ရိုးရာအလွှာ-
အကာ အထပ်ထပ်
ရစ်ပတ်- ထွက်မရ။
မိန်းကလေး ဖြစ်ရတာ
ဒုက္ခပါလား။

ကမ္ဘာ့ဘာသာ- ကျမ်းစာတွေ ဖတ်
မိန်းကလေး ဖြစ်ရတာ-
ဘယ်ဘာသာမှာ မြတ်သလဲပေါ့။

ဘုရားဆုပန်ခွင့် မရှိ၊
ပရော်ဖက် ဖြစ်ခွင့်မရှိ၊
ဘာသာတရားက သတ်မှတ်
အမြတ်တကာ့ အမြတ်ဆုံး
မိန်းကလေး- တစ်ယောက်အတွက်
လမ်းဆုံးနေခဲ့။
ကဲ-ဘာကောင်းသေးလဲ
မိန်းကလေး အတွက်၊
ထွက်လမ်းမရှိ၊ ပန်းတိုင်မရှိ၊
လူဖြစ်ရခြင်း ဂုဏ်ရည် နတ္ထိ။

ကုရ်အန်ကို- အပျင်းပြေဖတ်မိ
တွေ့ရှိတဲ့ အသိတွေ ပြောင်းခဲ့တယ်။
လူဟာ ဉာဏ်စဉ် (၀ဟီ) ရတာ အမြင့်ဆုံးတဲ့
အဲ့ဒီအထဲ- မယ်ရယံသခင်မလည်း ပါလေရဲ့။

လူရဲ့ အမြင့်ဆုံးပန်းတိုင်
ဖို-မ မခွဲ အတူတူပဲ ရယ်လို့-
အစ္စလာမ်ကသာ ပေးနေတယ်။
ကျေးဇူးတင်လိုက်တာ- အစ္စလာမ်ရယ်
ငြိုငြင်မိသမျှ- ခ၀ါချမိပါရဲ့။
..........

Sunday, January 17, 2010

အမျိုးသ္မီးများ၏ အေ့သိကာ့ဖ်ထိုင်ခြင်း

မွတ်စလင်မ်အမျိုးသ္မီးများ၏ အေ့သိကာ့ဖ်ထိုင်တရားအားထုတ်ခြင်းအကြောင်း သိကောင်းစရာ။

အကြင်သူသည် ရာမဇာန်လ၏နောက်ဆုံး ၁၀ ရက်တွင် အေ့သီကာ့ဖ်ထိုင်ခဲ့သော် ထိုသူအား အလ္လာဟ်အရှင်မြတ်သည် ဟာဂ်ျ နှစ်ကြိမ်နှင့် အွမ္မရာဟ်နှစ်ကြိမ်ပြုသည့် အကျိုးစဝါဗ်ပေးမည်ဖြစ်ကြောင်း။ ရာမဇာန်လ၏နောက်ဆုံး ၁၀ ရက်တွင် အေ့သီကာ့ဖ်ထိုင်ခြင်းသည် စွန္နသ်သေကီဖာယာဟ်ဖြစ်သည်။

** လမ်းညွန် **

ရာမဇာန်လ ၂၀ ရက်နေ့ နေမဝင်မီအလျင် အေသီကာ့ဖ် နီယာ့သ်ပြုရမည်။ နေဝင်ပြီးမှ နီယာ့သ်ပြုလျှင် မတ်စ်နူးန် အေသီကာ့ဖ် မပိုင်ချေ။ အေသီကာ့ဖ်ထိုင်ခွင့်ရှိသူ၏ အရည်အချင်းများကား မွတ်စလင်မ်ဖြစ်ရမည်၊ အသိညဏ်ရှိသူဖြစ်ရမည်။ စွန္နသ် နှင့် ဝါဂျိဗ် အေသီကာ့ဖ်၌ ရိုဇာဟ်နှင့်အတူထိုင်ရမည်။ နမာ့ဇ် ၅ ကြိမ် ဝတ်ပြုရမည်။ သံဝါသပြုမှုမှ သန့်ရှင်းပြီးဖြစ်ရမည်။ အိမ်ထောင်ရှင် အမျိုးသ္မီးသည် ခင်ပွန်း၏ခွင့်ပြုချက်ရှိရမည်။ ဓမ္မတာရာသီလာချိန်နှင့် မီးဖွားခါစ အချိန်များတွင် အေသီကာ့ဖ်ထိုင်ခြင်းကိုရှောင်ကြည်ရမည်။ အကယ်၍ အမျိုးသ္မီးများ အေသီကာ့ဖ်ထိုင်နေစဉ် ဓမ္မတာရာသီပေါ်လာလျှင် အေသီကာ့ဖ်မှထွက်လိုက်ရမည်။ တဖန် ၎င်းကိုဖြည့်စွက်ရန် ဝါဂျိဗ်ဖြစ်သည်။

အမျိုးသ္မီးများသည် မိမိတို့အိမ်အတွင်း နမာ့ဇ်ဝတ်ပြုသည့်နေရာတွင် အေသီကာ့ဖ် နီယာ့သ်ပြု၍ထိုင်ရ၏။ အခင်းကြီး အခင်းလေးသွားခြင်းမှအပ အခြားမည်သည့်ကိစ္စအတွက်မျှ ထိုင်နေရာမှ ရွှေ့၍မရပေ။ အိမ်ရှေ့ခန်း သို့မဟုတ် အိမ်အတွင်းရှိအခြားအစိတ်အပိုင်း သို့ပင်မသွားရပေ။

အိမ်ထဲ၌နမာ့ဇ်ဝတ်ပြုရန် သီးသန့်နေရာသတ်မှတ်ထားခြင်းမရှိလျင် အေ့သီကာ့ဖ်မထိုင်မီ နေရာတစ်နေရာကို ရွေးချယ်၍ ထိုင်ရပေမည်။ အေ့သီကာ့ဖ်ထိုင်ရာ၌ ကန့်လန့်ကာထည့်ရန်မထည့်ရန် နှင့်စပ်လျှင်း၍ နှစ်မျိုးစလုံးခွင့်ပြုသည်။ ကန့်လန့်ကာကြောင့် ကြွားဝါမှု၊ ပြစားမှုကိုစိုးရိမ်ရသော် မထည့်ဘဲနေခွင့်ရှိသည်။ အာရုံတည်ငြိမ်နေစေရန် ထည့်ခွင့်ရှိသည်။

ကိုယ်တိုင်ထွက်၍ရေချိုးခွင့်ရှိသည်။ ပြီးလျှင်ပြီးချင်း ပြန်လာရမည်။ အမျိုးသ္မီးသည် အေ့သီကာ့ဖ်ထိုင်နေစဉ်ဧည့်သည်နှင့်တွေ့ရန် အိမ်ရှေ့သို့ထွက်ပြီး စကားစမြည်မပြောရ။ နောက်ဖေး ချက်ပြုတ်ခန်းထဲဝင်၍ ချက်ပြုတ်ခြင်းမပြုရ။ သို့သော်မိမိ အေ့သီကာ့ဖ်ပြုရာမှ ဗာဟီယကိစ္စကိုညွန်ကြားနိုင်သည်။ သားရေးသ္မီးရေးနှင့်ရောင်းဝယ်ရေးကို စသည့်ကိစ္စများကို တိုတိုနှင့်လိုရင်းပြောဆိုခွင့်ရှိ၏။ ဆီလူးခြင်း၊ ဆံပင်ဖီးခြင်း၊ အဝတ်ဟောင်းလဲလှယ်ခြင်း၊ ခြေသည်း၊ လက်သည်းညှပ်ခြင်းများပြုပိုင်သည်။ အစ္စလာမ်နှင့်ဆန့်ကျင်သောစာပေများ ဖတ်ခြင်း၊ နားထောင်ခြင်းများ မပြုအပ်ပေ။ ဤတွင် တီဗီကြည့်ခြင်းလည်းအကျုံးဝင်ရာ ရှောင်ကြည်ရပေမည်။

အကြင်သူသည် ယုံကြည်စွာ စဝါးဗ် (ကုသိုလ်) အကျိုးကို မျှော်ကိုးလျက် အေ့သီကာ့ဖ်ထိုင်လျှင် ထိုသူမှာ မိမိ၏ ယခင် (သေးငယ်သော) အကုသိုလ်များအတွက် လွတ်ငြိမ်းချမ်းသာခွင့်ရပေမည်။ ထို့ပြင် အေ့သီကာ့ဖ်ထိုင်နေသူသည် မကောင်းမှုဒုစရိုက်များမှ အလျဉ်းရှောင်ကြည်၍ တရားအားထုတ်နေသူဖြစ်ရာ အပြင်၌ရှိသောသူများ ပြုကျင့်အားထုတ်သည့် ကောင်းမှုများ၏အကျိုးစဝါဗ်များကိုလည်း ထိုသူရရှိပေမည်။ (ဟာဒီးစ်ဩဝါဒတော်)

အေ့သီကာ့ဖ်ထိုင်သူသည် အေ့သီကာ့ဖ်၌ရှိနေစဉ် စက္ကန့်တိုင်း မိနစ်တိုင်း အတွက် အေဗာဒသ် ပြုနေကြောင်း ရေးမှတ်ခြင်းခံရပေသည်။ ၎င်း၏ အိပ်စက်ခြင်း၊ စားသောက်ခြင်း လှုပ်ရှားခြင်းစသည်များသည်ပင် အာဗာဒသ်၌အပါအဝင်ဖြစ်သည်။

အလ်ဟာဂ်ျ မော်လနာဟာဖိဇ် အဗ်ဒွလ်ကာဒိရ် ဆွာဟိဗ်၏ အေ့သိကာ့ဖ် စာအုပ်မှ အမျိုးသ္မီးများကဏ္ဍကို ကောက်နှုတ်တင်ပြသည်။

မှတ်ချက် : အေ့သိကာ့ဖ်တရားအားထုတ်နေစဉ် နမာ့ဇ် ၅ ကြိမ်ဝတ်ပြုခြင်း၊ သရာဝီဟ်ဆွလာသ် ဝတ်ပြုခြင်း၊ တာဟ်ကျွတ် ဆွလာသ် ဝတ်ပြုခြင်း၊ ကုရ်အာန် ရွတ်ဖတ်နေခြင်း၊ ဇကေလ် စိတ်ခြင်းများနှင့် ပျော်မွေ့နေမည်။ အေ့သိကာ့ဖ်တရားအားထုတ်နေခြင်းသည် ကိုယ်စိတ်နှစ်ဖြာသန့်ရှင်း၍ မိမိအားဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်အား ရိုးရိုးအချိန်များထက် ပိုသတိရနေခြင်းဖြစ်သည်။ အေ့သိကာ့ဖ်အတွင်း မိမိ၏ ရင်တွင်းဖြစ်ပေါ်လာသော ချစ်ခြင်းမေတ္တာတရားများကို ပိုခံစားရမည်။

မွတ်စလင်မ်အမျိုးသ္မီးများ အစ္စလာမ်သာသနာ့အကြောင်း အထွေထွေဗဟုသုတများကို ရှာဖွေစည်းပူးရင်း လိုက်နာကျင့်သုံးနိုင်ကြပါစေ။ အာမီးန်။ အစ္စလာမ်သာသနာသည် ယောက်ျား မိန်းမနှစ်ရပ်စလုံးအတွက်ဖြစ်သည်။

မေတ္တာရှေ့ထားလျှက်။

Thursday, January 14, 2010

ရန်သူ့လူ (မိုနာဖစ်က်)

(မိုနာဖစ်က်)

စပါးကိုဖျက်
သက်ကယ်- မြက်များ
ကပ်လျှက် ညပ်လျှက်
ရှိသော်ငြားလည်း-
စပါးစိုက်ရာ ကွင်းပြင်သာသို့
အဝေးမှကြည့် ထင်မြင်မိသည်
စိမ်းလန်းစိုမြ ကွင်းအလှမှာ
စပါးပင်ချည်း ဖြစ်မည်တည်း။
သာသနာဖျက်
မိုနာဖစ်က်များ
ရောလျှက် ပူးလျှက်
ရှိနေငြားလည်း-
အစ္စလာမ်ရောင်ဝါ ထွန်းလင်းရာသို့
အပြင်မှကြည့် သုံးသပ်မိလျှင်
ငြိမ်းချမ်းမှုဆောင် သာသနာ့ဘောင်၌
မူဆလင်ချည်း ဖြစ်မည်တည်း။
သက်ကယ်-မြက်နွယ်
ပေါင်းမျိုးထည်သော်
ပင်မျိုးစပါး-သိမ်ငယ်သွားလျှက်
မျိုးကောင်းမြေကွက် ပျက်ရသည့်နှယ်---။
ပူးသတ်ရန်သူ- ပေါများထူသော်
အစ္စလာမ့်ရောင်ဝါ မလင်းသာဘဲ
မှေးမှိန်ပျော့တော့ ရ၏တည်း။

ဌေးလွင်ဦး
.
ကဗျာပေးပို့သူ ကိုဌေးလွင်ဦး (Islam Myanmar) အားအထူးဘဲကျေးဇူးတင်ပါတယ်။

Sunday, January 10, 2010

''သားသား မုန့်ဘိုးနဲ့ ဗလီဆောက်မယ်''


လူဦးရေ တစ်ထောင်ခန့် ၀တ်ပြုနိုင်ရန် အစ္စလာမ့်ဝတ်ကျောင်းတော် တစ်ဆောင် ဆွီဒင်နိုင်ငံ၊ (စကရာဘိုရီ မြို့နယ်) ၌ တည်ဆောက်ရန် သက်ဆိုင်ရာ ဂေါပက လူကြီးများက မြေဝယ်ထားပါတယ်။ စီမံချက်ကြီးမှာ အားရစရာပင်- ၀တ်ကျောင်းတော် အတွင်း အမျိုးသား၊ အမျိုးသ္မီးများ ဆွလသ်ဝတ်ပြုမည့် ခန်းမကြီး၊ ဗဟုသုတ ဖလှယ်မည့် ဆွေးနွေးခန်း၊ စာကြည့်ခန်းများ စာသင်ခန်းများနှင့် ခေတ်မှီ စာကြည့်တိုက်ကြီးများ ပါဝင်စေပြီး၊ အဆောက်အဦးအပြင်၌ ကားများ၊ စက်ဘီးများ ရပ်နားနိုင်ရန် နေရာများလည်း ပါဝင်ပါတယ်။

၃-၀၁-၂၀၁၀ နေ့ တွင်ဝတ်ကျောင်းတော် ဖြစ်မြောက်ရေး အစည်းအဝေးမှာ၊ ဂျာမဏီ၊ ဖင်လန်၊ နော်ဝေး၊ ဆွီဒင်တို့မှ ဧည့်သည်တော်များလည်း တက်ရောက်ကြပါတယ်၊ အဲ့ဒီ ဧည့်သည်တော်များအနက် ဒေသခံ ဂျာမဏီ၊ ဖင်လန်၊ နော်ဝေး ဆွီဒင် လူမျိုးထဲမှ အစ္စလာမ်သာသနာထဲသို့ သက်ဝင်ယုံကြည်လာကြတဲ့ ပညာတတ်များလည်း ပါဝင် တက်ရောက်ခဲ့ပါတယ်။ ထိုမိတ်ဆွေများမှာ အာရဗီဘာသာကို စနစ်တကျ သင်ယူထားဟန် ရှိပါတယ်။ ကျမ်းမြတ်ကုရ်အာန်ကိုလည်း ကောင်းမွန်စွာ ဖတ်တတ် ကြပါတယ်။ မေတ္တာပို့ ဆလာဝပ်ဆလာမ်ကို နှလုံးလှိုက်လှဲ ဈာန်ဝင်စားလျှက် ရွတ်ဆိုကြတာ တွေ့ခဲ့ရလို့ စိတ်ထဲမှာ ဝမ်းသာ ပိတိဖြစ်မိတယ်။ ၎င်းတို့၏ နှုတ်မှ အင်ရှာအလ္လာဟ်၊ မာရှာအလ္လာဟ်၊ အလ်ဟမ်းဒို့လိလာဟ် ဆိုတဲ့ ဘယ်အရာမှာ မဆို၊ အလ္လာဟ် အရှင်ကို မမေ့လျှော့တမ်း ကျေးဇူးတင်နေသံများကို ကြားနေရသည်မှာ တစ်မျိုးထူးဆန်းနေပြီး နားဝင်ချိုလှပါတယ်။

ဒီအစည်းအဝေးကြီးမှာ နှလုံးအထူးကု ဆရာဝန် တူရကီနွယ်ဘွား (ဒေါက်တာဟာရွန်) ထံမှ သိလာရတဲ့ ''သားသား မုန့်ဖိုးနဲ့ ဗလီဆောက်မယ်'' ဆိုတဲ့အကြောင်းကို ပြန်လည်ဖေါက်သည်ချချင်ပါတယ်။
လွန်ခဲ့တဲ့လက အဲ့ဒီ ဆရာဝန်ဟာ အသက် ငါးနှစ်သာ ရှိသေးတဲ့ သူ့သားလေးကို ဗလီမြေကွက်ဆီကို ခေါ်သွားပါတယ်။

သားလေးက : ပါပါ- ဒီမှာဗလီ ဘယ်တော့ဆောက်မှာလဲ၊-
ဆရာဝန် : ဆောက်မှာပေါ့သားရယ်
သား : မဆောက်သေးဘူးလား
ဆရာဝန် : ပါပါတို့မှာ ဗလီအတွက် လုံလောက်တဲ့ ငွေ မရှိသေးလို့ စောင့်နေရတယ်လေ သားရယ်
သား : ဒါဆိုသားသားလည်း ဗလီအတွက် ပိုက်ဆံပေးမယ်။ သားသား saturday, sunday တိုင်းဝယ်စားတဲ့ သကြားလုံးဘိုး မုန့်ဘိုးတွေကို ပေးမယ်။
ဆရာဝန် : သားက အမြဲတမ်း၊ အပတ်စဉ် မုန့်ဝယ်စားနေတယ်လေ။ သားသားအကြိုက် မဟုတ်ဘူးလား။
သား : ဟုတ်တယ်။ သားဒီအပါတ် သကြားလုံးတွေဝယ်ပြီးရင် နောက်အပါတ် မဝယ်တော့ဘူး အဲဒီ သကြားလုံးဝယ်မဲ့ ပိုက်ဆံကို ဗလီအတွက်ပေးမယ်။
ဖခင်ဖြစ်သူမှာ သား၏ စိတ်ခံစားမှုအပေါ် ပိတိပြုံး-ပြုံးနေမိတယ်။

နောက်ပိုင်း ရက်အနည်းငယ်ကြာသော် သားလေးရဲ့ အပေါ်သွား နဲ့နေသည်ကို ဖခင်ဖြစ်သူက သိသွားပြီး။ ဖခင်က နဲ့နေတဲ့ သွားကို ကိုယ့်ဖာသာကိုယ် ဆွဲနှတ်နိုင်ရင် ပိုက်ဆံ ၁၀၀ ပေးမယ်ဟု ပြောလိုက်မိသည်။ နောက်တစ်ရက်မှာ သားလေးက သွားကို ကိုယ်တိုင် ဆွဲနှတ်လိုက်ပါတယ်။ ဖခင် ဖြစ်သူက ကတိအတိုင်း သားရဲ့ ခေါင်းအုံးအောက်မှာ ငွေ ၁၀၀ ထည့်ပေးထားလိုက်ပါတယ်။ မနက် အိပ်ရာ က နိုးတော့၊ သားက ငွေ ၁၀၀ ကိုတွေ့ပြီး အရမ်းဝမ်းသာနေပါတော့တယ်။

ခလေးအမေက သားသား မေမေ့ကို ဒီငွေ ၁၀၀ ခဏချေးနော်။ နို့သွားဝယ်လိုက်မယ်လေ။ ညနေကြရင် ပြန်ပေးမယ် ဟု ပြောမိရာ-။
သားက : မရဘူး-- ဒီပိုက်ဆံကို ဘယ်သူမှ မပေးဘူး။ ဒီပိုက်ဆံ သားသားက ဗလီအတွက်ပေးမှာ။ ဟု ပြန်ပြောလိုက်လေသည်။

ဒီလို သားလေးရဲ့ အကြောင်းကို ကြားရတဲ့သူတိုင်း သဘောကျပြီး ရီမောရင်း တစ်ပြိုင်တည်းပင် အလ်ဟမ်းဒို့လိလာဟ် လို့ ဆိုကြပါ တယ်။ ခလေးကိုလည်း မမြင်ရပဲ ချစ်သွားကြပါတယ်။

ကျွန်မအနေရဲ့ စိတ်ထဲမှာ- ကလေးတစ်ယောက်ရဲ့ စိတ်စေတနာကို သိလိုက်ရတော့၊ အဲ့ဒီ ကလေးအတွက် အင်မတန်မှာ ဂုဏ်ယူ ၀မ်းမြောက်မိပါတယ်။ တစ်ပြိုင်နက်ထဲမှာပဲ- စားစရာ သောက်စရာရှိပါလျှက်နဲ့ တွန့်တိုစိတ် ရှိတတ်တဲ့ လူတွေအကြောင်းကိုလည်း စဉ်းစားမိပါတယ်။ ဘာကြောင့်များလဲ--- ပေါ့။

ဒီနှစ်၂၀၁၀ မှာ အဲ့ဒီ အစ္စလာမ့် ၀တ်ကျောင်းတော် ပနက်ရိုက်-ဆောက်တည်ပါတော့မယ်။- သူတစ်လက် ကိုယ်တစ်အားပေါ့။ ၀တ်ကျောင်း တော် လျှင်မြန်စွာ ပြီးမြောက်ရေးအတွက် မွတ်စလင်မ်များ ဆုတောင်းပေးကြပါ ရအောင်နော်-။

ကျေးဇူးတင်ပါတယ်။

Thursday, January 7, 2010

A moment of Peace

Beautiful Islamic call to prayer


Beautiful Recitation of Surah Al-Hashr


Surah Muzzammil