သောကြာနေ့မှာ သို့ မဟုတ် ညမှာ တမန်တော်မြတ် (ဆွ) ထံသို့ ဒရူးသ် အကြိမ် ၁၀၀ ပို့ခဲ့လျှင် ထိုသူ၏ လိုအင်ဆန္ဒပေါင်း၁၀၀ ကိုပြည့်စေမည်။ လိုအင်ဆန္ဒ ၇၀ ကိုအာခေရတ်အတွက် ၃၀ ကို လောကတွင် ဖြည့်စွက်တော်မူမည်။ ကိယာမသ်နေ့ တွင်တမန်တော်မြတ်(ဆွ) ၏ ကြားဝင်အသနားခံပေးမှုကိုရရှိမည်
ဂျူမုအဟ်နေ့ အစွရ်နမာဇ်ဝတ်ပြုပြီးနောက် နမာဇ်ဝတ်ပြုသည့်နေရာမှမထမီ အောက်ပါဒရူးသ်ကို အကြိမ် ၈၀ ဖတ်ပါက နှစ်ပေါင်း ၈၀ မှ ဂိုနာဟ်များကို ခွင့်လွှင့်ချမ်းသာပေးခြင်းခံရမည်။ သြော်နှစ်ပေါင်း၈၀ လူ့လောကမှာမနေရသေးလို့ ကိုယ့်ကိုယ်ကို နှစ်၈၀ ဂိုနာမရှိသေးဘူးလို့မထင်နဲ့နော်... {အလ္လာဟ်ဟွန်းမ္မ ဆွပ်လိအလာ မုဟမ္မဒိ နင်းန် နဘီယိလ် အွန်မ္မီယိ ဝအလာ အားလိဟိ ဝစလ်လင်မ် သပ်စ်လီးမာ}
သောကြာနေ့တွင် စူရာဟ် ကဟပ်ဖ် ဖတ်လျှင် ခြေထောက်မှစပြီး မိုးကောင်းကင်အထိ နာမ်ပိုင်းဆိုင်ရာ လင်းဝင်းမှုရှိမည် သောကြာညတွင် စူရာဟ်ဒူခါန် ဖတ်လျှင် ဖရစ်ရှ်သာ ၇၀၀၀၀ ကထိုသူ့အတွက် အစ်စ်သိဂ်ဖာရ် ပြုပေးကြသည်။ ဂျူမုအဟ်နေ့ ဂျူမုအဟ်နမာဇ်အပြီး စူရာဟ် ဖာသိဟာ၊ စူရာဟ် အစ်ခ်လားစွ်၊ စူရာဟ် ဖလပ်က်၊ စူရာဟ်နားစ် တို့ကို ၇ ကြိမ်စီဖတ်လျှင်ရှိသမျှ မွတ်စလင်မ် အမျိုးသား အမျိုးသမီးတို့ ၏ အရေအတွက်နှင့် အညီကုသိုလ်စဝါးဗ်ကို ချီးမြှင့်ပေးသနားခြင်းခံရမည်။ ရှေ့လာမည့် ဂျူမုအဟ် နေ့ အထိ မကောင်းခြင်းဟူသမျှမှစောင့်ရှောက်တော်မူမည် ဟူ လာရှိသည်

Special thanks to Brother Saw Lwin and sister Nyein Aye Zin