---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Saturday, February 6, 2010

(ခဲဘွယ်ဘောဇဉ်ကဏ္ဍ) နှင့် E code များ

အအူသို့၊ ဗစ်လ္လာဟေ့၊ မေနတ်ရှ် - ရှိုင်တွာန်နစ်ရ် ရဂျီးမ်။
ဗစ်စ် မစ်လ္လာ၊ ဟစ်ရ် ရဟ်မာ၊ နစ်ရ်-ရဟီးမ်။

ဧကန်စင်စစ်အလ္လာဟ်အသျှင်မြတ်သည် သက်ဝင်ယုံကြည်ပြီး ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ကြကုန်သောသူတို့ အားအကြင်ဥယာဉ်များသို့ဝင်ရောက်စေတော်မူမည်။ ထိုဥယာဉ်များအောက်မှ စမ်းရေချောင်းများသည် စီးတွေလျက်ရှိကြပေမည်။ (ကုရ်အာန် ၂၂:၁၄)

စင်စစ်အသင်တို့ရှေ့ဝယ်ဖတ်ကြားဖော်ပြပြီးဖြစ်သောတိရစ္ဆာန် များမှတစ်ပါး ကျန်ခြေလေးချောင်းတိရစ္ဆာန် များကိုအသင်တို့အဖို့ (ဟလာလ်) တရားဝင်စားသုံးခွင့်ပြုပြီးဖြစ်ချေသည်။ သို့ဖြစ်ပေရာ ဆင်းတုများတည်းဟူသော အညစ်အကျေးမှရှောင်ရှားကြလေကုန်။ (ကုရ်အာန် ၂၂:၃၀)

အို မုအ်မင်န်သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့သည် မိမိတို့ထားရှိလေသောပဋိညာဉ်ကတိဝန်ခံချက်များအတိုင်း လိုက်နာဆောင်ရွက်ကြလေကုန်။ လာလတ္တံ့သော မုက္ခပါဌ်တော်၌အသင်တို့အားကြားနာစေအံ့သော အရာများမှအပ (ကုလားအုတ်၊ ကျွဲ၊ နွား၊ သိုး၊ ဆိတ် ကဲ့သို့သော) ခြေလေးချောင်းရှိသော တိရစ္ဆာန်တို့သည်ကားအသင်တို့အဖို့ '' ဟလာလ် '' ဟူ၍စားသုံးခွင့်ပြုထားပြီးဖြစ်ချေသတည်း။ (ကုရ်အာန် ၅:၁)

အလိုအလျောက်သေသော တိရစ္ဆာန်သည်၎င်း၊ သွေးသည်၎င်း၊ ဝက်တိရစ္ဆာန်၏အသားသည်၎င်း၊ အလ္လာဟ်အသျှင်မြတ်မှတစ်ပါး အခြားကိုရည်စူးထားသောတိရစ္ဆာန်သည်၎င်း၊ လည်မျို (ညှစ်၍ဖြစ်စေ၊ လိမ်၍ဖြစ်စေ) သေရသော တိရစ္ဆာန်သည်၎င်း၊ ရိုက်နှက်၍ဖြစ်စေ၊ ထိခိုက်၍ဖြစ်စေသေသော တိရစ္ဆာန်သည်၎င်း၊ မြင့်ရာမှကျ၍သေသော တိရစ္ဆာန်သည်၎င်း၊ ဦးချိုဖြင့်ဝှေ့ခတ်ခြင်းခံရ၍သေသော တိရစ္ဆာန်သည်၎င်း၊ (အသက်မထွက်မီ တရားတော်နှင့်အညီ) အသင်တို့ ဇဗ်ဟ် လှီးဖြတ်နိုင်ခဲ့သောတိရစ္ဆာန်များမှအပ သားရဲတိရစ္ဆာန်များကိုက်ဖြတ်ထားသော တိရစ္ဆာန်သည်၎င်း၊ အသင်တို့အပေါ်၌ ဟရာမ် ဟူ၍တားမြစ်ထားပြီးဖြစ်လေသည်။ ရုပ်ပွါးဆင်းတုများထားရှိရာဌာနများတွင် ပူဇော်ရန်လှီးဖြတ်ထားသည့် တိရစ္ဆာန်များ၎င်း၊ မဲမြှားတို့ဖြင့် အသင်တို့ဝေစုဝေပုံ ခွဲထားသည်တို့ကို၎င်း အသင်တို့စားသုံးခြင်းမပြုကြရန် ဟရာမ် တားမြစ်ထားပြီးဖြစ်ချေသည်။ (ကုရ်အာန် ၅:၃)

အို မုအ်မင်န်သက်ဝင်ယုံကြည်သူအပေါင်းတို့ မုချဧကန် သေစာအရက်သည်၎င်း၊ လောင်းတမ်းကစားခြင်းသည်၎င်း၊ ရုတ်ထု၊ ဆင်းထု အစရှိသည့် အရာများသည်၎င်း၊ မြှား (ဖြင့်ကံစမ်းခြင်း) သည်၎င်းအလွန်ဆိုးရွား ညှစ်ညမ်းလှသော အမှူကိစ္စများ ရှိုင်တွာန် အပြုအမူများသာ ဖြစ်၏။ သို့ဖြစ်ပေရာ အသင်တို့သည် ထို ဆိုးရွားညှစ်ညမ်းလှသော အရာကိုရှောင်ကြည်ကြကုန်လော့။ သို့မှသာလျှင်အသင်တို့အောင်မြင်ကြပေမည်။ (ကုရ်အာန် ၅:၉၀)

မုချဧကန် ရှိုင်တွာန် မိစ္ဆာကောင်သည် သေစာအရက် (ကိုသောက်စားခြင်း) ဖြင့်၎င်း၊ လောင်းတမ်းကစားစေခြင်းဖြင့်၎င်း၊ အသင်တို့၏စပ်ကြားဝယ် ရန်ငြိုးပွါးမှူကို၎င်း၊ မုန်းတီးမှူကို၎င်း၊ ဖန်တီးရန်နှင့်အသင်တို့ကို အလ္လာဟ်အသျှင်မြတ်အားအောက်မေ့သတိရခြင်းမှ၎င်း၊ ဆွလာတ် ဝတ်ပြုခြင်းမှ၎င်း ပိတ်ပင်တားဆီးရန်သာလျှင် ကြံစည်လျက်ရှိလေ၏။ သို့ဖြစ်ပေရာ အသင်တို့သည် သေစာအရက်သောက်စားခြင်းနှင့် လောင်းတမ်းကစားခြင်းမှ ရပ်စဲကြပါမည်လော။ (ကုရ်အာန် ၅:၉၁)

''ဟလာလ် '' တရားဝင်စားသုံးခွင့်ပြုထားသောအစားအသောက်၊ '' ဟရာမ် '' တရားတော်မှခွင့်မပြုသောအစားအသောက်၊ Mushbooh (သို့) မာက်ရူ သည် ဟလာလ် (သို့) ဟရာမ် မသေချာသောအစားအသောက်ဖြစ်ပါသည်။ ဥရောပနိုင်ငံများ၌ မုန့် ၊ သကြားလုံး၊ ဂျယ်လီ၊ ဆေး နှင့် အစားအသောက်များတွင်ပါဝင်သောအရာများကို Ingredients နေရာတွင် E code များနှင့်ဖော်ပြထားပါသည်။ ဥရောပနိုင်ငံများတွင်နေထိုင်ကြသောမွတ်စ်လင်မ်များ နှင့် ဥရောပမှတင်သွင်းသော အစားအသောက်များ/ဆေးများ တွင် ဟလာလ်နှင့်ဟရာမ် ကိုကောင်းစွာခွဲချားနိုင်ပြီးစိတ်သန့်သန့်နှင့် ဟလာလ် စားသုံးနိုင်ရန် E codes information များကို http://special.worldofislam.info/Food/numbers.html မှကောက်နှုတ်၍အောက်တွင်ဖော်ပြလိုက်ပါသည်။မေတ္တာရှေ့ထားလျှက်။

FOOD INGREDIENT NUMBERS:
(E-numbers)
http://islam-yaungche.blogspot.com/search/label/%E1%80%9F%E1%80%9C%E1%80%AC%E1%80%9C%E1%80%B9%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7%E1%80%9F%E1%80%9B%E1%80%AC%E1%80%99%E1%80%B9

No comments: