---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Friday, December 28, 2012

“အစ္စလာမ် နှင့် အစားအစာ”


- “တွိုင်ယိဗါတ်” သန့် ရှင်းစင်ကြယ် ၍ “ဟလာလ်”တရားဝင် ခွင့်ပြုထားသော အစားအစာသည်

(၁) သက္က၀ါ တရားနှင့်ယုံကြည်ချက် အပေါ်တိုက်ရိုက်ဆက်စပ်ခြင်း-

ထို့ ပြင်တ၀ အသင်တို့ သည် မိမိတို့ အား အလ္လာဟ်အရှင်မြတ်က ပေးသနားတော်မူသည်များအနက်မှ(စားသုံး)ခွင့်ပြုထားတော်မူသော သန့် စင်သောအရာများကို စားသုံးကြလေကုန်။ ၄င်းပြင်အသင်တို့ သည် မိမိတို့ သက်ဝင်ယုံကြည်လျက်ရှိကြကုန်သော အလ္လာဟ်အရှင်မြတ်အားသာ ကြောက်ရွံကြလေကုန်။ကုရ်အာန် (5း88)

(၂) “အေဘာဒသ်”တစ်ရပ်ဖြစ်ခြင်း-

သို့ ရာတွင် အသင်တို့ သည် မိမိတို့ အား အလ္လာဟ်အရှင်မြတ်က ချီးမြင့်ပေးသနားတော်မူသောအရာများအနက် သန့် ရှင်းစင်ကြယ် သော၊စားသုံးခွင့်ပြုတော်မူသော၊အရာများကိုစားသုံးကြလေကုန်။ ထိုမှတပါး အသင်တို့ သည် အလ္လာဟ်အရှင်မြတ်ကိုသာ ခ၀ပ်ကိုးကွယ် ကြပါလျှင် ထိုအရှင်မြတ်၏ကျေးဇူးတော်များနှင့်စပ်လျဉ်း၍ ကျေးဇူးတင်ရှိကြလေကုန်။ ကုရ်အာန် (16း114)
.
“ကျမ်းမြတ်ကုရ်အာန်မှ “ဟလာလ်”သတ်မှတ်ခွင့်ပြုထားသော အစားအစာ”

- နွယ်ပင်များ၊ကောက်ပဲသီးနှံများ၊သစ်သီးဝလံများ၊သစ်ဥ/သစ်ဖုများ၊ စားသုံးခွင့်ပြုထားခြင်း၊ ကြည့်-ကုရ်အာန် (6း141)

- ခြေလေးချောင်းတိရစ္ဆာန် များကိုစားသုံးခွင့်ပြုထားခြင်း၊ကြည့်-ကုရ်အာန် (6း142)

- နို့ ရည် ကိုသောက်သုံးရန်ခွင့်ပြုထားခြင်း၊ကြည့်-ကုရ်အာန် (166း6)

- ပျားရည်ကို ဆေးဝါးအဖြစ်သောက်သုံးရန်ခွင့်ပြုထားခြင်း၊ ကြည့်-ကုရ်အာန် (166း9)

- ရေသတ္တ၀ါများကိုစားသုံးခွင့်ပြုထားခြင်း၊ကြည့်-ကုရ်အာန် (16း14)
.
“ကုရ်အာန်ကျမ်းမြတ်မှ “ဟရာမ်”တားမြစ်ထားသောအစားအစာများ”

- အလိုအလျောက် သေသော တိရစ္ဆာန်သည်၎င်း၊သွေးသည်၎င်း၊ ၀က်တိရစ္ဆာန်၏အသားသည်၎င်း၊အလ္လာဟ်အရှင်မြတ်မှတပါး အခြားကို ရည်စူးထားသော တိရစ္ဆာန်သည်၎င်း၊လည်မျို(ညှစ်၍ဖြစ်စေ၊ လိမ်၍ဖြစ်စေ)သေရသောတိရစ္ဆာန်သည်၎င်း၊ရိုက်နှက်၍ဖြစ်စေ ထိခိုက်၍ဖြစ်စေသေသော တိရစ္ဆာန်သည်၎င်း၊မြင့်ရာမှကျ၍သေသော တိရစ္ဆာန်သည်၎င်း၊ဦးချိုဖြင့်ဝှေ့ ခတ်ခြင်းခံရ၍သေသော တိရစ္ဆာန်သည် ၄င်း၊(အသက်မထွက်မှီတရားတော်နှင့်အညီ)အသင်တို့  “ဇဗ်ဟ်” လှီးဖြတ်နိုင်ခဲ့သော တိရစ္ဆာန်များမှအပ သားရဲတိရစ္ဆာန်များကိုက်ခဲ သတ်ဖြတ်ထားသော တိရစ္ဆာန်သည်၎င်း၊အသင်တို့ အပေါ်၌ “ဟရာမ်” ဟူ၍တားမြစ်ထားပြီးဖြစ်သည်။ရုပ်ပွါးဆင်းတုများထားရှိရာဌာနများတွင် ပူဇော်သက္ကာပြုရန် လှီးဖြတ်ထားသော တိရစ္ဆာန်သည်၎င်း၊မဲမြှားတို့ ဖြင့် အသင်တို့ ဝေစုဝေပုံ ခွဲခြင်းသည်၎င်း၊အသင်တို့ အဘို့ (စားသုံးခြင်းမပြုကြရန်) “ဟရာမ်”တားမြစ်ထားပြီးဖြစ်ချေသည်။ ဤသည်တို့ ကား ပြစ်မှုဒုစရိုက်များပင်တည်း။ ကုရ်အာန် (53း)
.
“ဟရာမ်”အဖြစ်တားမြစ်ထားသော်လည်း အခြေအနေတစ်ရပ်ပေါ်မူတည်၍ တပ်မက်ကျူးလွန်ခြင်းမရှိဘဲ စားသုံးခြင်းကိုခွင့်ပြုထားသည်။ ကုရ်အာန် (16း 115)
.
ထို့ ကြောင့် မွတ်စလင်မ် တစ်ဦးအနေဖြင့် မိမိစားသုံးသည့် (အရာ)အစားအစာသည်

(၁) “ဟလာလ်”အလ္လာဟ်အရှင်မြတ်က ခွင့်ပြုထားပြီးဖြစ်ရမည်။

(၂) “တွိုင်ယိဗါတ်”သန့် ရှင်းစင်ကြယ်မှုရှိရမည်။

အစားအစာတစ်ခုသည် “တွိုင်ယိဗါတ်” သန့် ရှင်းစင်ကြယ်မှုရှိသော်လည်း “ဟလာလ်”ခွင့်ပြုထားခြင်းမရှိလျှင် “ဟရာမ်”စားသုံးခွင့်မရှိချေ။ထို့ အတူ “ဟလာလ်”ခွင့်ပြုထားသော်လည်း “တွိုင်ယိဗါတ်”သန့် ရှင်းစင်ကြယ်ခြင်းမရှိလျှင် စားသုံးခွင့်မရှိချေ။  
.
Post by IYS member Ko Ye Han

No comments: