---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Wednesday, March 27, 2013

မျက်ကမ်းမျိုးချစ်များသည် ဗုဒ္ဓ၏ လမ်းစဉ်ကိုသွေဖယ်ပြီး မိမိအတ္တကိုသာ ကိုးကွယ်နေကြပြီလား

ဗုဒ္ဓမြတ်စွာဘုရား ပွင့်ပေါ်ခဲ့ခြင်းသည် ဗုဒ္ဓဘာသာဝင်များအတွက် သီးသန့်  ကန့် သက်ချက်
နဲ့ ပေါ်ထွန်းခဲ့ခြင်း မဟုတ်။

မြန်မာပြည်အတွက် သီးသန့် ပေါ်ထွန်းခဲ့ခြင်းလဲမဟုတ်။
မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ၊ လာအို၊ ကမ္ဘောဒီယား၊ အိန္ဒိယ နိုင်ငံများ အတွက်သီး
သန့် ပေါ်ထွန်းခဲ့ခြင်းမဟုတ်။

အတိအကျပြောရသော်...ကမ္ဘာသူ၊ ကမ္ဘာသား များ၏ ကောင်းကျိုးချမ်းသာအတွက် ဖြစ်သည်။
လူသားအားလုံး၏ ကောင်းကျိုးချမ်းသာအတွက်ဖြစ်သည်။
သက်ရှိသတ္တ၀ါ အားလုံး၏ ကောင်းကျိုးချမ်းသာအတွက်ဖြစ်သည်။
သဘာဝ ပတ်ဝန်းကျင်အတွက် ဖြစ်သည်။

ဗုဒ္ဓဘာသာဝင်များ၏ အဆင့်မြင့် ကိုယ်ကျင့်သိက္ခာအတွက်ဖြစ်သည်။
လူသားအားလုံး၏ အဆင့်မြင့် ကိုယ်ကျင့်သိက္ခာ အတွက်ဖြစ်သည်။

ကုလားဟူ၍ မခွဲခြားခဲ့။ တရုတ်ဟူ၍ မခွဲခြားခဲ့။
အသားဝါ မဲ သည်ဟူ၍ မခွဲခြားခဲ့။
အသားဝါဟူ၍ မခွဲခြားခဲ့။
အသားဖြူဟူ၍ မခွဲခြားခဲ့။

အဟုတ်သော်ကား..... လူသားပဓာန၀ါဒ အတွက် ပေါ်ထွန်းခဲ့သည်။
အဟုတ်သော်ကား.... မြတ်စွာဘုရားသည် လူမျိုးကြီးစနစ်ကို တော်လှန်၍
အောင်မြင်သော လက်ရှိ သာသနာတော်ကို တည်ထောင်ခဲ့သည်။
ဇာတ်စနစ် ခွဲခြားခြင်းကို တော်လှန်ပြီး အောင်မြင်သော ဗုဒ္ဓသာသနာတော်ကို တည်ထောင်ခဲ့သည်။

ကျမ်းကိုး (သီလက္ခန္ဓ၀ဂ်၊ အမ္ဗဋ္ဌသုတ္တန်။)

Ref : ဘာသာပေါင်းစုံ လူမျိုးစုံ သူငယ်ချင်းများ ငြိမ်းချမ်းရေးအဖွဲ့ 

1 comment:

sweet said...

မျတကောင်းမွန်တဲ့ဆောင်းပါးလေးပါ။