---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Monday, June 10, 2013

ကုလားမယားဖြစ်မှာထက် အများမယားဖြစ်နေကြတာ ၉၆၉ တို့သိထားကြ

"ခု ခဏ ခဏ (၉၆၉ တို့) ပြောပြောနေကြတာက ဗမာအမျိုးသမီးလေးတွေ ကုလားမယားဖြစ်ကုန်မယ် ဆိုတာ အားလုံးကြားကြရမှာပါ..။ ခုဖြစ်နေတာက ကုလားမယားထက် ပိုဆိုးတဲ့ အများမယား (ဗိုလ်ချုပ် အောင်ဆန်း ပြောတဲ့ ပြည့်တန်စာ) တွေက ပိုပိုများများလာတယ်..။ ကုလားမယားက ရေတွက်လို့ ရတယ်..။ အများမယားက ရေတွက်လို့ မရဘူး။
.
အဲဒီလို ဆင်းရဲနွမ်းပါးမှုကို အခြေခံတဲ့ ပြဿနာ၊ ပညာမတတ်မှုကြောင့် ဖြစ်တဲ့ အခြေအနေတွေကို လစ်လျူရှုပြီး ဘာမှမဟုတ်တဲ့ မမှုလောက်တဲ့ ကုလားအရေးကို ရှေ့တန်းတင်ပြီး ပြဿနာတွေ ဖွနေမယ်ဆိုရင် ဆင်းရဲမွဲတေမှုပပျောက်ရေးနဲ့ ပညာတတ်မြောက်မှု၊ တရားဥပဒေစိုးမိုးမှုဆိုတာတွေ ဘယ်တော့မှ မရောက်နိုင်။ ဗမာတွေက ဆက်လက်ပြီး ဆင်းရဲမြဲ ဆင်းရဲမယ်။ ဗမာတွေ ချမ်းသာရေးဆီ ဦးတည်မှ ပညာတတ်ရေးဆီ ဦးတည်မှ လမ်းစဉ်မှန်မယ်။
.
မချမ်းသာတဲ့ဗမာအမျိုးသမီးကို (ထိုင်း တရုပ် နဲ့) ကုလားကသာမက လမ်းဘေးကသူတောင်းစားကတောင် တောင်းရတဲ့ ပိုက်ဆံနဲ့ ပျော်ပါးခွင့်ရှိလာမယ်။ မချမ်းသာတဲ့ ဗမာတွေ ကိုးကွယ်တဲ့ ပညာမတတ်တဲ့ ဘုန်ကြီးတွေကို ဘယ်သူကမှ လေးစားမှာမဟုတ်ဘူး။ နိုင်ငံချမ်းသာမှ၊ နိုင်ငံဥပဒေစိုးမိုးမှ အမျိုးဘာသာသာသနာဆိုတာ လေးစားစရာဖြစ်လာမယ်။
.
ကွမ်းယာဆိုင်၊ သူတောင်းစားခွက်နဲ့ တဲသာသာ အိမ်စုတ်မှာ ရေးထားတဲ့ ၉၆၉ ကို ဘယ်သူမှ လေးစားမှာ မဟုတ်။ ဘီလ်ဂိတ်ရဲ့ အိမ်တံခါးမှာ ဘာမှ ရေးမထားလဲ သူဘာဆိုတာ သိတယ်။"
.
(ယနေ့ ဆရာတော်တစ်ပါးဆီမှ ကြားနာမှတ်သားခဲ့ရပါသည်။)
.
Copy from Tharthar Thartharlay's

No comments: