ဗုဒ္ဓဟူးနေ့က ဘန်ကောက်မြို့တော်ကြီးဟာ ၀ရုန်းသုန်းကား ဖြစ်နေပြီး ရှပ်နီခေါင်းဆောင်တွေလက်နက်ချသွား အပြီးမှာတော့ အ ဆောက်အဦ ၁၂ လုံးဟာ မီးတင်အရှို့ခံရတာကြောင့် အရေးပေါ်အခြေအနေဆုံးဖြတ်ရေးဗဟိုက ညမထွက်ရအမိန့် ထုတ်ပြန်လိုက် ရပါတယ်။
---
အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည်
Saturday, May 22, 2010
ဖရိုဖရဲနဲ့ပြိုလဲနေတဲ့ ဘန်ကောက်





အဆောက်အဦးအတော်များများ မီးတင်အရှို့ခံရပြီး တမြို့လုံးအနှံ့ လုယက်မှုတွေဖြစ်အပြီး နာရီများစွာအကြာမှာတော့ ညမထွက်ရ အမိန့်ကို ည ၈ နာရီကနေ မနက် ၆ နာရီထိ ကြေညာလိုက်ပါတယ်။ UDD ခေါင်းဆောင်တွေက လူထုစည်းဝေးပွဲကြီးကို အဆုံးသတ် ကြောင်း ကြေညာပြီး အမျိုးသားရဲဌာနချုပ်မှာ လက်နက်ချပြီးနောက်မှာ အခြေအနေတွေဟာ ၀ရုန်းသုန်းကားပိုဖြစ်လာတာ ဖြစ်ပါ တယ်။
“အကြမ်းဖက်သမားတွေဟာ သူတို့လုပ်ဆောင်ချက်တွေကို အဆုံးသတ်ရမယ်။ ဒီလိုမှမဟုတ်ဘူးဆိုရင် အစိုးရ အနေနဲ့ ပြတ်ပြတ် သားသားအရေးယူရမယ်” လို့ အရေးပေါ်ဗဟိုက သတိပေးပါတယ်။ ရတ်ချာဖရာဆွန်လမ်းဆုံက လူထုစည်းဝေးပွဲနေရာကို စစ်သား တွေ ချဉ်းကပ်လာတဲ့အခါမှာ UDD ခေါင်းဆောင်တွေ လက်နက်ချတာတွေ ဖြစ်လာပါတယ်။
ဒီနေရာကနေထွက်ခွာပြီး အိမ်ပြန်ကြဖို့ UDDခေါင်းဆောင် Jatuporn Prompan နဲ့ Natthawut Saikua တို့က ဆန္ဒပြသမားတွေကို ပြောပါတယ်။ “နောက်ထပ်လူတွေ အသေအပျောက်မရှိဖို့ ဒီလူထုစည်းဝေးပွဲကြီးကို အဆုံးသတ်ဖို့ ကျနော်တို့ ဆုံးဖြတ်လိုက်ပါတယ်၊ ဒါပေမဲ့ ရှပ်နီတွေဟာ ဒီမိုကရေစီတိုက်ပွဲကို စွန့်လွှတ်မှာ မဟုတ်ပါဘူး” လို့ မစ္စတာ နတ်သာဝပ်က ပြောပါတယ်။ ရှပ်နီတွေဟာ ဘန် ကောက်မှာ ဧပြီ ၁၂ ရက်နေ့က လူထုစည်းဝေးပွဲကြီးကို စတင်ခဲ့ပြီး ၀န်ကြီးချုပ်အဖိဆစ်အစိုးရကို လွှတ်တော်ဖျက်သိမ်းပြီး ရွေး ကောက်ပွဲသစ် ကျင်းပပေးဖို့ ဖိအားပေးခဲ့ပါတယ်။ ဗုံးနဲ့ M79 လောင်ချာတွေကိုင်ထားတဲ့ သေနတ်သမားတွေက အပြင်းအထန်ခုခံ တိုက်ခိုက်ခဲ့ပေမဲ့လည်း စစ်သားတွေကို ရှေ့ကိုတက်လာပြီး ဆာလာဒင်လမ်းဆုံကို ရှင်လင်းလိုက်ပါတယ်။ ဒီနောက်မှာ လုံခြုံရေးတပ် ဖွဲ့တွေဟာ UDD အမာခံနေရာကို ဆက်လက်ချီတက်လာပါတယ်။
၁နာရီ၄၅မီးနစ်၊ သူတို့ခေါင်းဆောင်တွေလက်နက်ချအပြီးမျာ ဆူပူလှုံ့ဆော်သူတွေက ထိုင်းစတော့အိတ်ချိန်း၊ ဘဏ်၊ မြို့တော်လျှပ်စစ် ရုံး၊ စင်ထရယ်ဝါးလ်ကုန်တိုက်ကြီးနဲ့ ဆီယမ်ရင်ပြင်ကရုပ်ရှင်ရုံတွေရှိတဲ့နေရာစတဲ့ နေရာ အတော် များများမှာ မီးတင်ရှို့ကြပါတယ်။ နောက်ပိုင်းမှာ ရုပ်ရှင်ရုံတွေ ပြိုကျသွားပါတယ်။ စစ်တပ်က ဖြိုခွင်းနှိမ်နှင်းရာမှာ အနည်းဆုံး ဆန္ဒပြသမား ၂ ယောက်နဲ့ အီတလီသ တင်းဓါတ်ပုံသမား ၁ ယောက် သေပါတယ်။ နိုင်ငံခြား သား ၃ ယောက်နဲ့ ထိုင်း ၁၅ ယောက် ဒဏ်ရာရပါတယ်။ သတင်းသမားတွေကို အစိုးရဘက်လိုက်ပြီး ရေးသား တင်ပြကြလို့ ဆန္ဒပြသမာတွေက ပြည်တွင်းသတင်းထောက်တွေအပေါ် ဒေါသထွက်ကြပါတယ်။ ဆူပူ လှုံ့ဆော်သူတွေက ရုပ်သံလိုင်း ၃ ထုတ်လွှင့်တဲ့ရုံးကို တိုက်ခိုက်ကြပြီး ကားတွေကို မီးရှို့ပစ်ပါတယ်။ အဆောက်အဦးထဲကို ရေပိုက် တွေနဲ့ထိုးပြီး ရေလွှမ်းအောင်လုပ်ပစ်ပါတယ်။ နောက် တနာရီလောက်မှာ ရုပ်သံလိုင်း ၃ ဟာ ရပ်သွားပါတယ်။ ဘန်ကောက်ပို့စ် သတင်းစာတိုက်က ၀န်ထမ်းတွေကိုလည်း ရှပ်နီတွေရဲ့ခြိမ်းခြောက်မှုကနေ အမြန်ကယ်ဆယ်လိုက်ရပါတယ်။
လုမ္ဗဏီဥယျာဉ်ပတ်လည်ကို ပြန်သိမ်းဖို့ စစ်တပ်စစ်ဆင်ရေး ပထမအဆင့်ဟာ အောင်အောင်မြင်မြင် ပြီးဆုံးခဲ့တယ်လို့ ယာယီပြော ဆိုခွင့်ရှိသူ Panitan Wattanayagorn က ကြေညာပါတယ်။ ဗုဒ္ဓဟူးနေ့ ၃ နာရီမှာ ဘန်ကောက်မှာ ၄ ယောက်သေပြီး လူ ၄၀ ဒဏ် ရာရပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ သောကြာနေ့ကတည်းကဆို သေဆုံး သူ စုစုပေါင်းဟာ ၄၃ ယောက်ဖြစ်ပြီး ဒဏ်ရာရသူ ၃၆၅ ယောက် ဖြစ်ပါတယ်။ ဧပြီလ ၁၀ ရက်နေ့ကစပြီး သေသူ ၇၁ ယောက်နဲ့ ဒဏ်ရာရသူ ၁၃၀၆ ယောက် ရှိသွားပါပြီ။
စစ်သားတွေနဲ့ ရှပ်နီဆန္ဒပြသမားတွေ တိုက်ခိုက်မှုမှာ မေလ ၁၄ ရက်ကနေ ၁၉ ရက်နေ့ထိ သေသူ စုစုပေါင်း ၅၂ ယောက်ရှိပြီလို့ အီရာဝမ် ကယ်ဆယ်ရေးဌာနက အစီရင်ခံပါတယ်။ အကြမ်းဖက်မှုတွေဖြစ်တဲ့ ၆ ရက်အတွင်း လူပေါင်း ၄၀၇ ယောက် ဒဏ်ရာရပါ တယ်။ ဒီအထဲက ၁၅ ယောက်ကို ဘန်ကောက်ဆေးရုံတွေက အရေးပေါ်ကုသရေးဆောင်မှာ တင်ထားရတယ်လို့ ကယ်ဆယ်ရေးဌာ နက ပြောပါတယ်။ ဗုဒ္ဓဟူးနေ့အကြမ်းဖက်မှုမှာ ၁၅ ယောက်သေပြီး ၁၀၃ ယောက် ဒဏ်ရာရပါတယ်လို့ ကယ်ဆယ်ရေးဌာနက ပြော ပါတယ်။
Ref : http://www.naytthit.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment