---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Monday, August 23, 2010

75 days in Bangkok - part 1

.
2010 မေလဆန်းမှာ ကျောင်းကအိမ်ပြန်တာနဲ့ လျှောက်ထားတဲ့ Passport
လာရွေးရန် ဆိုတဲ့ အကြောင်း ကြားစာလေးကိုတံခါးဖွင့်တာနဲ့
ကြမ်းပြင်ပေါ်မှာ တွေ့လိုက်ရလို့ ဝမ်းသာသွားပါတယ်။
Passport ရွေးပြီးတာနဲ့ သက်ဆိုင်ရာလူကြီးတွေကို ဘန်ကောက်
သွားလည်တော့မဲ့ အကြောင်း ကြားပြီး လေယဉ်လက်မှတ်ဝယ်ရန်
အင်ငာာနက်ပေါ်မှာ ကြည့်လိုက်ပါတယ်။ နောက် ၂ ရက်
မှာဘဲ လေယဉ်လက်မှတ်ဝယ်ပြီး လိုတဲ့စာရွက်စာတန်းတွေ
စုစည်းလိုက်ပါတယ်။ ကျောင်းက မေလ ၂၁ ရက်နေ့မှပြီးမယ်ဆိုတော့
ဆရာမသင်တာ သိပ်စိတ်မပါတော့ပါဘူး။ နားကြားထဲခဲတံ
ထိုးပြီး ကျောင်းခုံကို လက်ချောင်းလေးတွေနဲ့ဖွဖွလေး
ခေါက်နေမိတယ်။ မျက်လုံးတစ်စုံက ကျောင်းအပြင်က ချယ်ရီပန်းပင်
တွေကိုငေးမောကြည့်ရင်း ဟိုး.... အဝေးမှာရှိတဲ့ အဖေကို
ဘဲသတိရနေပါ တော့တယ်။ ဟင်း.... မတွေ့တာလည်း ၅ နှစ်တောင်
်ရှိပြီဘဲလေ။

ကိုယ့်အဖြစ်ကို ကျောင်းခန်းထဲက classmateအစ်မတွေက
ပြုံးပြီးကြည့်နေပါတယ်။ သူတို့ထက်လည်းငယ် ကျောင်းနဲ့
ဆရာမတွေဘက်က မဟုတ်မမှန်တာမြင်ရင် မကြောက်မရွံ့
ထပြောတတ်တဲ့အကျင့်၊ ဆရာမတွေကိုအကြံပေး တတ်တဲ့
အကျင့်၊ မဟုတ်မခံအကျင့် တွေရှိတဲ့ဒီညီမကို အတန်းထဲက
အစ်မတွေက ချစ်ကြတယ်လေ။ ကျောင်းပြီးတဲ့နေ့ မှာတော့
ကျောင်းဆရာကြီးက ''တို့သင်ခဲ့တဲ့ အတန်းတွေထဲမှာဒီအတန်းက
ကျောင်းသူ ကျောင်းသားတွေက အတော်ဆုံးတဲ့'' ကျောင်းသားအားလုံး
ဟေးကနဲပျော်ပြီး ထအော်ကြတာပေါ့။ မေလ ၂၁ရက်နေ့မှာ
အောင်လက်မှတ်ကို ပျော်ပျော်ရွှင်ရွှင်နဲ့လည်း
ရယူခဲ့ရတယ်၊ လျှောက်လည်းလည်ရတယ်။ စာနဲ့ပင်ပန်းခဲ့ရပြီး ဒီနေ့
မှာတော့ ကောင်းကောင်းပျော်ခဲ့ရတာပေါ့။

ကျောင်းပိတ်တာနဲ့ မိတ်ဆွေတွေအတွက်
အဖေအတွက် လက်ဆောင်တွေဝယ်သေတ္တာတွေပြင်နဲ့အချိန်က
ခဏလေးနဲ့ ကုန်သွားပါတယ်။ အိမ်မှာလည်းမွေးထားတဲ့ Guppy ငါးတွေနဲ့
မွေးကင်းစ ငါးပေါက်စလေးတွေ ဘယ်လို
ကြည့်ရမယ် အပင်တွေဘယ်နှစ်ရက်တစ်ခါရေ လောင်းရမယ်
အပ်ခဲ့ပါတယ်
အဲ ... မေလ ၃၁ ရက်နေ့မှာ ဘူတာရုံကိုဆင်းခဲ့ပါတယ်။ အိမ်နဲ့ ဘူတာရုံက ၁၀ မိနစ်ဘဲလမ်းလျှောက်ရပါတယ်။ အမြန်ရထား ၁ နာရီဆီးပြီး Airport bus ပေါ်ကောက်တက်လိုက်ပြီး နာရီဝက်မှာ လေဆိပ်ကိုရောက်လာပါတယ်။

No comments: