---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Friday, September 3, 2010

လိုင်လသွရ် ကဒရ်ညမြတ်၏ အရေးကြီးမှု


(၁)။ ဧကန်စင်စစ် ငါအရှင်မြတ်သည် ထိုအရာ (ကျမ်းမြတ်ကုရ်အာန် ) အား ကဒရ် ညမြတ်တွင်ချပေးတော်မူခဲ့လေ၏၊

(၂)။အို..တမန်တော်..... ကဒရ် ညမြတ်သည် မည်သို. သောညမျိုးဖြစ်သည်ကို အသင်သိပါသလော?

(၃)။ကဒရ်ညမြတ်သည် လပေါင်းတစ်ထောင် ထက်သာပိုကောင်းမြတ်ပေသည်။

(၄)။ထိုညတွင်ကောင်းကင်တမန်ဟဇရသ်ဂျိဗ်ရာအီလ်း (အတ်စ်လာသို ၀စလာမ်) နှင့် အခြားသော ကောင်းကင်တမန်အပေါင်းတို.သည် အလာဟ်အရှင်မြတ်၏အမိန်.တော်ဖြင့် ကောင်းချီးအလုံးစုံကိုယူဆောင်ပြီး ဆင်းသက်တော်မူ၏။

(၅)။ထိုကဒရ်ညမြတ်သည်ကား ချမ်းမြေ့သာယာမှုအပေါင်းနှင့် ပြည့်စုံသောညဖြစ်ပြီး နံနက်မို.သောက်ချိန်အထိ ထူးမြတ်မှုရှိနေပေသည်။
(ကုရ်အာန် ၉၇း၁)

ယင်းစူရာအာယာသ်းတော်သည် မက္ကာဟ် ရွှေမြို.တော် တွင်ကျရောက်ခဲ့သည်၊ အာယာသ်းပေါင်း ( ၅ ) အာယာသ်းပါရှိ၏၊ ကျရောက်ပုံနှင့်စပ်လျဉ်းပြီးရှေံတွင်ဖော်ပြပါအံ့။
အလာဟ်အရှင်မြတ်သည်ခုနှစ်ရက် တစ်ပါတ်အနက် သောကြာနေ.ကိုလည်းကောင်း၊ တစ်ဆယ့်နှစ်လ အနက် ရမ်သွာန်လမြတ်ကိုလည်းကောင်း ၊ထူးမြတ်မှုများ ချီးမြင့်ထားတော်မူသည်၊ထိုကဲ့သို.ပင် ညများအနက် "ရှာဗေကဒရ် " မည်သော ညတစ်ညကိုလည်း ဖန်ဆင်းတော်မူခဲ့၏ ၊ ယင်းညကို အာရဗီဘာသာဖြင့် (လိုင်လသွရ်ကဒရ်)ဟုခေါ်သည်။

လိုင်လသွရ် ကဒရ်ဟုခေါ်ဆိုရခြင်းမှာ
.....................................................
ထိုညဥ့်မြတ်အား အဘယ့်ကြောင့် လိုင်လသွရ်ကဒရ် ဟုခေါ်ဆိုရပါသနည်း ?ကျမ်းမြတ်ကုရ်အာန် အကျယ်ပြန် (သဖ်စီရ်း) ပညာရှင်များက ယင်းအကြောင်းအရာနှင့်စပ်လျဉ်းပြီး အကြောင်းရင်း (၃) ရပ်ဖော်ပြထားပါသည်။
(၁)လိုင်လသွရ်ကဒရ် စာလုံးတွင် "ကဒရ်" ၏အဓိပ္ပာယ်မှာ သတ်မှတ်ချက်၊ ကံကြမ္မာနှင့်ဟူရု် အဓိပာယ်ရသည်၊ အဘယ့်ကြောင့်ဆိုသော် ထိုညဥ့်မြတ်တွင် အဖန်ဆင်းခံအားလုံးအတွက် ယခုရမ်ဇာန်မှနောင်ရမ်ဇာန်လမြတ်အထိ လူသားတို.၏ ကံကြမ္မာသတ်မှတ်ချက်များအား ထိုညမြတ်တွင် သက်ဆိုင်ရာ ဖရှစ်ရှ်သာ များထံ အပ်နှင်းလိုက်သည်။ ထို.ကြောင့် ယင်းညအား လိုင်လသွရ်ကဒရ် ဟု ခေါ်ဆိုရခြင်းဖြစ်သည်၊
(၂) ဒုတိယ အကြောင်းအရင်းမှာ "ကဒရ်" စာလုံး၏အနက်အဓိပ္ပာယ်မှာ ကြီးကျယ်မြင့်မြတ်ခြင်းဟူရ်ုလည်းဖြစ်ပေသည်၊ အဘယ့်ကြောင့်ဆိုသော် ထိုညမြတ်တွင်နိုးနိုးကြားကြား ၊ ကြိုးကြိုးစားစား အီဗာဒာသ်း ခ၀ပ်မှုပြုသူသည် အလာဟ်အရှင်မြတ်ထံတော်ပါး ဂုဏ်သိက္ခာ ကြီးမြင့်သူဖြစ်ပေသည် ၊
(၃)တတိယအကြောင်းအရင်းမှာ "ကဒရ်" ဟူသောစာလုံးသည် "ကျဉ်းမြောင်းခြင်း " ဟုအဓိပ္ပာယ်ရသည်။ုအကြောင်းမှာ ထို(လိုင်လသွရ်ကဒရ်) ညဥ့်မြတ်တွင် ထိုည၏ ထူးမြတ်မှုကြောင့် ဖရစ်ရ်သာ ၊ ကောင်းကင်တမန်များ များပြားစွာ ပထ၀ီမြေပြင်သို.ဆင်းသက်လာကြသည် မှာ ယင်းတို.ကြောင့် မြေနေရာပင် ကျဉ်းမြောင်းသွားကြပေသည် ၊
အထက်ပါအကြောင်းအရင်းများကြောင့် ယင်းညမြတ်အား " လိုင်လသွလ်ကဒရ် " ဟုခေါ်ဆိုရခြင်းဖြစ်ပါသည်

ကဒရ် ညမြတ်၏ ထူးခြားချက်များ
..............................................
(၁)ထိုညမြတ်သည်နေ၀င်ချိန်မှစတင်ပြီး နံနက်မို.သောက်ချိန်အထိ ငြိမ်းချမ်းသောညပင်ဖြစ်ခြင်း၊
(၂)ထိုညတွင်ကောင်းကင်တမန်များသည် အလာဟ်အရှင်မြတ်အမိန်.တော်ဖြင့် ကောင်းမြတ်သော အရေးကိစ္စဟူသမျှကိုယူဆောင်ပြီးကမ္ဘာမြေပေါ်သို.ဆင်းသက်လာကြခြင်း၊
(၃)အထူးသဖြင့် ကောင်းကင်တမန်ကြီးဟဇရာသ်း ဂျိဗ်လာအီလ်း (အတ်စ်လာသို ၀စလာမ်)သည်ထိုညတွင် ဆင်းသက်လာခြင်း၊
(၄)ထိုညကားလပေါင်းတစ်ထောင်ထက်ပိုမွန်မြတ်ခြင်း
(၅)ထိုညတွင်ကုရ်အာန်ကျမ်းတော်မြတ်ကျရောက်ခဲ့ခြင်း
(၆)ထိုညတွင်ကောင်းကင်တမန်များထံမှမုအ်မင်န်များအပေါ် " စလာမ် " မေတ္တာပို.သမှုရှိနေခြင်းတို.ဖြစ်ကြလေသည်၊

မှတ်သားဖွယ်ရာ
.........................
ကျမ်းတော်မြတ်ကုရ်အာန် သည်(၂၃)နှစ်တိုင်တိုင် တမန်တော်မြတ်(ဆွလလ်လားဟုအလိုင်မ်ဟိဝဆွလာမ်)အပေါ်သို.ကျရောက်ခဲ့သည်။ယင်းအပြင် ပထမဦးဆုံး ကုရ်အာန်ကျမ်းတော်မြတ်ကျရောက်ချိန်တွင်ကိုယ်တော်မြတ် (ဆွလလ်လားဟုအလိုင်မ်ဟိဝဆွလာမ်)၏ သက်တော်မှာ (၄၀) နှစ်စတင်သည့်အချိန်ဖြစ်ပြီး ရဗွီအွလ်အောင်ဝလ်လမြတ်တွင်ကျရောက်ခဲ့သည်။
.
ယင်းအပြင် ကုရ်အာန်ကျမ်းမြတ်တွင်ကျမ်းမြတ်ကုရ်အာန် ကျရောက်ခဲ့သည့်အချိန်နှင့်စပ်လျဉ်းပြီးအချိန်ကာလ (၃)နေရာကို ရည်ညွှန်းထားလေသည်၊ယင်းတို.မှာ .............
.
(၁) လမြတ်ရမ်ဇာန်
(၂)ကဒရ်ညနှင့်
(၃) ဗရာအသ်း, ညတို.ဖြစ်ကြသည်၊..
.
ထိုကာလ(၃)မျိုးလုံးတွင်ကျမ်းမြတ်ကုရ်အာန်ကျရောက်ကြောင်းသိရှိရပေသည်၊ဆိုလိုသည့်သဘောမှာ ကျမ်းတော်မြတ်ကုရန်အာန်၏တစ်နေရာတွင် "လမြတ်ရမ်ဇာန်တွင် ကုရ်အာန်ကျမ်းတော်မြတ်ကျရောက်ခဲ့သည်ဟု"ဖေါ်ပြပါရှိ၏၊အချို.နေရာတွင်ကဒရ်ညမြတ်တွင်လည်းကောင်း၊ရှာဗေဗရာအာသ်းညမြတ်တွင်လည်းကောင်းကျရောက်ခဲ့သည်ဟုဖေါ်ပြပါရှိလေသည်။
အကြောင်းအရာတခုနှင့်တခု မည်သို.ဆက်စပ်မှုရှိပါသနည်း?၊
ယင်းနှင့်စပ်လျဉ်းပြီးဟဇရသ်ရှာဟ်အဗ်ဒုလ်အဇီဇ်း(ရဟ်)သခင်က ထိုကဲ့သို.ရေးသားထားတော်မူသည်၊......................
ရှေးဦးစွာ ကျမ်းတော်မြတ်ကုရ်အာန်တခုလုံးသည် (လောင်ဟေ့မဟ်ဖူဇ်း)ထိမ်းသိန်းထားတော်မူသော ကျောက်စာမှ (ဗိုင်သွလ်အိဗ်ဇသ်)မို.ကောင်းကင်ပင်ပထမထပ်ရှိနေရာသို.တစိပြိုင်တည်းကျရောက်လာလေ၏၊ထိုအချိန်သည်ရမ်ဇာန်လမြတ် ကဒရ် ညတွင်ဖြစ်ခဲ့သည်။
ယင်းအပြင် (လောင်ဟေမဟ်ဖူဇ်း)ကျောက်စာကြီးအား စောင့်ကြပ်သည့် ဖရှစ်ရ်သာ ကောင်းကင်တမန်များကို အလာဟ်အရှင်မြတ်က ယင်းကျောက်စာကြီးမှ ကူးယူပြီးမိုးကောင်းကင် ပထမ ထပ်သို. ယူဆောင်သွားရန်အမိန်.ပေးသည့်အချိန်ကား "ရှဗေဗရာအာသ်း " ညဖြစ်ခဲ့သည်၊
.
ထိုမှတဖန် တမန်တော်မြတ်(ဆွလလ်လားဟုအလိုင်မ်ဟိဝဆွလာမ်)သက်တော် (၄၀) စတင်သည့်အချိန် ရဗီအွလ်အောင်ဝလ်လတွင် (ဗိုင်သွလ်အိဇ်ဇသ်)မို.ကောင်းကင်ပထမထပ်နေရာမှ တမန်တော်မြတ်ကြီးအပေါ်သို. လိုအပ်သလို ကျရောက်ခဲ့ပြီး (၂၃)နှစ်တာ ကာလအတွင်းအပြီးသတ်ကျရောက်ခဲ့ပါသည်၊
ယင်းအပြင် ကိုယ်တော်ကွယ်လွန် (၀ဖါသ်း)ဖြစ်သည့် အချိန်မှာ (၆၃) နှစ်ဖြစ်ခဲ့သည်၊
(သဖ်စီးရေ.အဇီဇီ- ပါရာ, ကဏ္ဍ၃၀/စာ၄၃၈)

ကဒရ် ညမြတ်သည် တမန်တော်မြတ်ကြီး၏အွမ္မသ်သားများအတွက် သီးသန်.ဖြစ်ခြင်း
...................................................................................................................
လိုင်လသွရ်ကဒရ်ခေါ် ကဒရ်ညမြတ်သည် ကိုယ်တော်၏ အွမ္မသ် နောက်လိုက် များအတွက် သာသီးသန်. ချီးမြှင့်ခြင်းခံရပြီးအခြားမည်သည့် အွမ္မသ် အုပ်စုကိုမျှချီးမြှင့်ခြင်းမခံရပေ။ယင်းကိတ်စနှင့်စပ်လျဉ်းရ်ုဟဒီစ်းတော်တွင်လာရှိထားပေသည်..။
.
ဟဇရသ်အနက်စ်(ရသွီယလ်လားဟုသအားလာအန်ဟုမား)သခင်က ဆင့်ပြန်ခဲ့သည်။တမန်တော်မြတ်(ဆွလလ်လားဟုအလိုင်မ်ဟိဝဆွလမ်)မိန်.ခြွေတော်မူသည်မှာ.........
.
"ဧကန်အမှန်အလာဟ်အရှင်မြတ်သည်ကဒရ်ညမြတ်အားငါကိုယ်တော်၏အွမ္မသ်သားများအတွက်သာလျင် ချီးမြင့်တော်မူ၏။ထို.အလျင် မည်သည့်အွမ္မသ် နောက်လိုက်ကိုမျှ ချီးမြင့်ခြင်းမခံရပေ။
(ဒွရ်ရေ.မန်ဆူရ်းကျမ်း) အတွဲ ၆ / စာ ၃၇၁-

စူရာဟ်, ကဒရ်ကျရောက်ရသည့်နောက်ခံသမိုင်း
......................................................................
(အွမ္မသ် ) အုပ်စုအတွက် ကဒရ် ညမြတ်သီးသန်.ဖြစ်ရသည့်အကြောင်းအရင်းနှင့်စပ်လျဉ်းပြီးကျမ်းတော်မြတ်ကုရ်အာန် အကျယ်ပြန် (သဖ်စီရ်း)ပညာရှင်များကအောက်ပါအတိုင်းရေးသားဖွင့်ဆိုထားသည်ကို တွေ.ရှိရပါသည်။
(၁)ဟဇရသ်မူဂျာဟိဒ်(ရဟ်) သခင်က အမိန်.ရှိသည်မှာ.....
.
ဗနီအိစ်စရာအိလ်အနွယ်ဝင်အမျိုးသားတဦးရှိခဲ့သည်။ထိုအမျိုးသားသည် ညအခါ (အီဗာဒသ်း) ခ၀ပ်မှုတွင်ရှိနေပြီး နေ.အခါ ရန်သူများနှင့် တိုက်ခိုက်ရန် ဂျေဟာဒ်း စစ်မြေပြင်တွင်ပါဝင်လေ့ရှိသည်။ နှစ်ပေါင်းတထောင် အထိရှိခဲ့သည်။ ထိုအတိုင်းကျင့်ကြံခဲ့သည်။ သို.ဖြင့် အလာဟ်အရှင်မြတ်သည် အာယတ်တခုအားချပေးခဲ့တော်မူလေသည်၊ ယင်းအာယသ်း၏လိုရင်းသဘောမှာ " ကဒရ် ညမြတ်သည် လပေါင်းတစ်ထောင် " ထက်သာ ပို ကောင်းမြတ်ပေသည် ဟူ၏ ။
.
အလိုသဘောမှာ ထို ကဒရ် ညတစ်ည၏ အီဗာဒသ်းခ၀ပ်မှုသည် လပေါင်းတစ်ထောင် ကောင်းမှု ပွားများခြင်းထက် ပိုကောင်းမြတ်လေသည်ဟု လာရှိပေသည်။
(ဂျာမိအွလ်ဗယာန်)

(၂)ဟဇရသ်းအလီ(ရသွီယလ်လားဟုသအားလာအန်ဟုမား)သခင်နှင့် အွရ်ဝါဟ်(ရသွီယလ်လားဟုသအားလာအန်ဟုမား)သခင်တို.က ဆင့်ပြန်ခဲ့သည်။
.
တမန်တော်မြတ်ကြီး(ဆွလလ်လားဟုအလိုင်မ်ဟိဝဆွလမ်) သခင်သည်တစ်နေ.သောအခါဗနီအိစ်စလာအီလ်း ပုဂ္ဂိုလ် (၄)ပါးအကြောင်းကိုပြောပြခဲ့သည်။...ယင်းတို.မှာ ..........
.
(၁) ဟဇရသ် အိုင်ယူဗ်း(အတ်စ်လာသို ၀စလာမ်) ၊
(၂)ဟဇရသ် ဇကရီယာ (အတ်စ်လာသို ၀စလာမ်) ၊
(၃)ဟဇရသ် ဟဇ်ကီလ်း (အတ်စ်လာသို ၀စလာမ်) ၊
(၄)ဟဇရသ် ယူရှအ်ဗင်န်နူန်း(အတ်စ်လာသို ၀စလာမ်) ၊ တို.ဖြစ်ကြသည်။
.
ယင်းပုဂ္ဂိုလ် (၄)ပါးတို.သည် နှစ်ပေါင်း (၈၀) တိုင်တိုင် အလာဟ်အရှင်မြတ်၏ အမိန်.ကို ဖီဆန်ခြင်းမရှိပဲ အိဗာဒသ်း ခ၀ပ်မှုများတွင်သာ ကုန်လွန်ခဲ့ကြသည်။........
ကိုယ်တော်မြတ် (ဆွလလ်လားဟုအလိုင်မ်ဟိဝဆွလမ်) ၏ အတိုပါ မိန်.ခြွေစကားရပ်ကိုကြားသိရပြီး ဆွဟာဗာ တော်တော်များများ တအံ့တသြ ဖြစ်ကြကုန်၏ ။
.
ဟဇရသ်ဂျိဗ်ရာအီလ်း( အတ်စ်လာသို ၀စလာမ်) ကြွမြန်းရောက်ရှိလာပြီးပြောကြားသည်မှာ....
.
"အို...............ကိုယ်တော်!"
အသင်၏အွမ္မ်သည် ထိုပု၈္ဂိုလ်များ၏နှစ်ပေါင်း(၈၀)အီဗာဒသး ခ၀ပ်မှုများအပေါ် အံ့သြ အားကျနေကြသည် ။ အလာဟ်အရှင်မြတ်သည် ထို. ထက် အံ့သြစရာ ကောင်းသော စကားရပ်များ အားအသင်၏ အွမ္မသ်သားများအပေါ်သို.ပို.ချပေးလိုက်သည် ဟုပြောကြားပြီး စူရာဟ် "ကဒရ်" အားဖတ်ကြားပြသတော်မူ၏။...........
.
ဧကန်အမှန်ငါအရှင်မြတ်သည် ထို(ကျမ်းမြတ်ကုရ်အာန်)အား ကဒရ် ညဥ့်မြတ်တွင် ပို.ချပေးသနားတော်မူ၏၊ထို ကဒရ် ညဥ့်မြတ်သည်ကား လပေါင်းတထောင် ထက်သာ ပိုကောင်းမြတ်ပေသည် ။....
(ကုရ်အာန် )
.
ယင်းစူရာဟ်သည် ကိုယ်တော်နှင့်ကိုယ်တော်၏ အွမ္မသ် နောက်လိုက်များအတွက် အံ့သြအားကျနေသည့်အရာထက်ပိုရု ပင် အံ့သြစရာ ကောင်းပေသည်ဟုကောင်းကင်တမန်ဂျီဗရာအီလ်း(အတ်စ်လာသို ၀စလာမ်)ကပြောကြားလေသည်။ထိုသတင်းကိုကြားပြီး တမန်တော်မြတ်(ဆွလလ်လားဟုအလိုင်မ်ဟိဝဆွလမ်) နှင့်ဆွဟာဗဟ် သခင်ကြီးများသည်ပျော်ရွှင်မဆုံးဖြစ်သွားကြကုန်၏။......
(ဒွရ်ရေ.မန်ဆူရ်း-အတွဲ၆ / စာ၃၇၁)

ကျမ်းမြတ်ကုရ်အာန်သည်အဘယ့်ကြောင့်ညချမ်းအချိန်တွင်ကျရောက်ခဲ့ပါသနည်း
...................................................................................................................
ကျမ်းတော်မြတ်ကုရ်အာန်အားမည်သို.သော အမြော်အမြင်ကြောင့် ညချမ်းအချိန်ချပေးရပါသနည်း။ ထိုမေးခွန်းနှင့်ပတ်သတ်ပြီးရှိတ်ခ်အစ်စမာအီလ်း(ရဟ်)သခင်က အောက်ပါအတိုင်းဖြေဆိုရေးသားထားသည်။...
ညချမ်းအချိန်ကျမ်းတော်မြတ်ကုရ်အာန် ကျရောက်ရခြင်းမှာ.....
.
(၁) ဗရကာသ်း မင်္ဂလာ အဖြာဖြွာနှင့်ကောင်းချီးအဖုံဖုံ တို.သည်လည်းကောင်း၊ မေအ်ရာဂ်ျကောင်းကင်ဘုံခရီးသော်လည်းကောင်း ညအချိန်တွင်သာဖြစ်ပေါ်ခဲ့သည်။
.
(၂)ညချမ်းအချိန်သည်ဂျန္ဒသ် သုခဘုံ၏တစိတ်တဒေသ ဖြစ်ပြီး အပန်းဖြေ အနားယူသည့် အချိန်လည်းဖြစ်သည်။
.
(၃) နေ.အချိန်သည်ကား ဒိုဇခ် ငရဲနှင့်ဆင်တူပြီး ပင်ပန်းနွမ်းနယ်ခြင်း၊ဆင်းရဲဒုက္ခ ခံရခြင်း၊ ရိုဇီ ရိက္ခာ အတွက် အပင်ပန်း ခံရခြင်းတို. ရှိနေပေသည်။
.
(၄)ညအချိန်သည် မိမိ၏ ချစ်ဇနီးနှင့် ဆုံတွေ.ရသည့် အချိန်ဖြစ်ပြီး နေ.အချိန်သည်ကား ချစ်သူနှင့်ခွဲခွာ ရသည့် အချိန်ဖြစ်သည်။
.
(၅)ညအချိန်ပြုလုပ်ကျင့်ဆောင်သော အီဗာဒသ်း ခ၀ပ်မှုသည် နေ.အချိန်ပြုလုပ်သည့် ခ၀ပ်မှုထက် သာပိုပြီး ထူးမြတ်မှုရှိခြင်းတို.ကြောင့် ဖြစ်သည်။
.
နောက်ဆက်ပြီးတင်ပြပေးသွားပါ့မယ် နော် အားလုံးပဲ
အတ်စ်လားမုအာလိုင်မ်းကွမ်း
နေကောင်းလို.ပျော်ရွှင်စေပြီး ရမ်ဇာန်လမှာ ရိုဇာ တလလုံးထားနိုင်တဲ့ သော်ဖီစ်
အလာဟ်ပေးသနားတော်မူပါစေ ( အာမင်း)
.
forward mail.

No comments: