---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Sunday, November 21, 2010

ခင်မင်တဲ့ မောင်နှမတွေ အတွက် Yen ta fo တရုတ်ခေါက်ဆွဲ




တရုတ်ခေါက်ဆွဲချက်နည်းကို မေးတဲ့သူလေးတွေတိုးလာလို့ ဒီနေ့အားချိန်ရှိတုန်း ရေးပြီးပို့စ် တင်ပေးလိုက်ပါတယ်

ဒီနေ့ Yen ta fo တရုတ်ခေါက်ဆွဲချက်စားဖြစ်ပါတယ်။ တရုတ်လူမျိုးတွေ Asia ကို migrant လုပ်သွားတုန်းက Yen ta fo လည်းပါသွားတာပေါ့။ Thai - Malaysia မှာ မွတ်စလင်မ်ဆိုင်မဟုတ်ရင်တော့ ကိုယ်မစားတဲ့ အသားတွေပါတယ်နော်။ Asiaသွားလည်တတ်တဲ့သူတွေ သတိတော့ထားပေါ့။

About Yen ta fo
------------------
Yen ta fo Noodle is came from chinese langue “ Ngueng Ngoue Foo” when go to taijew chinese , They call Yueng Tao Foo , Then to Thai , we call Yen ta fo

Ngueng Ngoue Foo is mean bean – cured cheese

ဒီခေါက်ဆွဲက မြန်မာပြည်ကိုမရောက်ဘူးထင်ပါတယ်။ တရုတ် Taijew ဘက် ကအစာပါ။ Taijew လူမျိုးတွေက ထိုင်းနဲ့မလေးကို migrant လုပ်ခဲ့ကြတယ်လေ။ တရုတ်ခေါက်ဆွဲကို soup ရည်နဲ့စားသုံးကြတာ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံတွေမှာ များတယ်။ မြန်မာပြည်မှာခေါက်ဆွဲကြော်များတယ်လို့ထင်ပါတယ်။

တရုတ်ခေါက်ဆွဲချက်နည်း
--------------------------
၁) ကြက်သားရင်အုံသားကိုပါးပါးလှီး ပြီး ငရုတ်ကောင်း မှုန့် (black pepper)၊ ကြက်သွန်ဖြူမှုန့်၊ ဆား၊ ငံပြာရည်တို့နဲ့ နယ်ပြီး နာရီဝက်လောက် နှပ်ထားပါ။ ပြီးရင် ဆီနဲ့အဲဒီကြက်သားတွေကိုကြော် အိုးမှာမကပ်အောင် နဲနဲမွှေပေး။ ကြက်သားကျက်လာရင် soup ဖြစ်အောင် ရေထည့် ဆား-ငံပြာရည်ထပ်ဖြည့်ပြီး soup ရေပွက်ပွက်ဆူလာရင် အိုးကို မီးဖိုကချလို့ရပါပြီ။

၂) ကော်ပြန့်ကြော်ပါ (vegetable spring roll) မမီးက လုပ်ပြီးသားကော်ပြန့်ကို ထိုင်းဆိုင်ကဝယ်ပြီးကြော်တယ်။

၃) တရုတ် ဟာလာလ် ငဖယ်တုံး (chiu chow fish cake) ကိုပါးပါးလှီးပြီးကြော်ပါ။

၎) ရေနွေးတည်ထားပါ ရေနွေးဆူလာရင် ကန်စွန်းရွက် အရိုးလေးတွေကို အဲဒီအိုးထဲထည့်ပြီး အရင်ပြုတ် ၅ မိနစ်ကြာရင် အရွက်တွေပါထည့်ပြုတ်ပါ။

၅) ပြုတ်ပြီးသားမုန့်ဖတ်ကို ကိုယ်စားသလောက်ပုဂံထဲထည့်၊
ကြက်သားပြုတ် နဲ့ soup ရေထည့်၊
ကော်ပြန့်ကြော်နဲ့ တရုတ်ငဖယ်ကြော်တွေကို အရွယ်အသင့်အတင့် ကပ်ကျေးနဲ့ဖြတ်ပြီးထည့်၊
yen ta fo sauce (halal) အနီရောင်ကို လက်ဖက်ရည်ဇွန်း ၃ဇွန်းထည့်၊
ပြုတ်ထားတဲ့ကန်စွန်းရွက်အရိုးအရွက်တွေထည့်၊
ငရုတ်သီးမှုန့်ထည့်၊
ငရုတ်ဆီ လက်ဖက်ရည်ဇွန်း တစ်ဝက် အစပ်ကြိုက်ရင်လည်း ၁ ဇွန်းထည့်၊
ဆား ငံပြာရည် လိုရင်ထပ်ထည့်၊
သံပုရာရည်/ရှောက်ရည်ညှစ်ထည့်
အားလုံးကိုပုဂံထဲမှာ ရောသမမွှေပြီး မြိန်မြိန်ရှက်ရှက် သုံးဆောင်လို့ရပါပြီ။

Hope you enjoy :)

အားလုံးကိုခင်မင်တတ်တဲ့
မမီး

2 comments:

Unknown said...

မမီးရေ...မွတ်ဆလင်လူမျိုးတွေဟာဘာဖြစ်လို့ ဝက်သားမစားသလဲဆိုတဲ့ အကြောင်းအရင်းကိုအတိအလင်းရှင်းပြထားတာမတွေ့ ရဘူး၊ အဲ့ဒါ..မမီးဘဲအထောက်အထားနှင့်တကွယုတ္တိရှိရှိ ရှင်းပြပေးပါ ခင်ဗျား။

Ordinary person said...

အကြောင်းရင်းကို စုံလင်စွာလေ့လာထားပြီးနားလည်တဲ့
လူတွေ၊ သူတပါးကိုမုန်းတီးမှုမရှိတဲ့လူတွေ
အတွက်ကတော့ ယုတ္တိရှိကိုရှိတယ်။

မေးတဲ့သူက မိမိဖြူစင်မှုကိုဖော်ပြနိုင်ပြီး မိမိဘယ်သူဘယ်ဝါ ဘယ်ဘလော့ကလဲဆိုတာ ကိုယ့်ဘလော့ဂ် url လင့်ဂ်နဲ့ တပါတည်းရေးတင်ခဲ့ပြီး
မေးခွန်းမေးတဲ့အကြောင်းရင်းတို့ကို ယဉ်ကျေးစွာရေးထားတဲ့ကွန်မန့်တွေ
ကို အချိန်ရရင်ရသလိုဖြေပေးမယ်။

အရင်ပေးခဲ့တဲ့ကွန်မန့်ကတော့ ရေးပေးချင်တဲ့ စေတနာတောင် ဘယ်နားရောက်
သွားမှန်းမသိတော့ဘူး။

ဝက်နဲ့ပတ်သက်တာကိုလည်း တစ်နေ့ပို့စ်တင်ရန် အစီအစင်ရှိပါတယ်။

ခုပေးခဲ့တဲ့လင့်ခ်ကိုဝင်လို့မရပါ။