---


အစ္စလာမ်မို့ အလိုင်ကွမ်း
အစ္စလာမ့်ရောင်ခြည် ဘလော့ဂ်မှ လှိုက်လှဲစွာကြိုဆိုပါသည


Tuesday, December 7, 2010

အစ္စလာမ် နှစ်သစ်ကူး


မူဟာရမ် ၁ ရက်နေ့ (ခ) အစ္စလာမ်နှစ်သစ်နဲ့ပတ်သက်ပြီး မွတ်စလင်မ် တစ်ဦးနဲ့တစ်ဦးခံစားချက်တွေမတူကြပါဘူး။ ဒီလို နေ့ထူးကို သိမှတ်ခြင်းအားဖြင့် သာသနာ့ကျင့်စဉ်တွေကို ကြိုးစားအားထုတ်ကြရန် အစ္စလာမ်သာသနာအတွက် အသက်ပေးခဲ့ကြသော တမန်တော်များ၊ အီမာန်သခင်ကြီးများ နှင့် ဆွဟာဗာ သာဝကကြီးများအား သတိရပြီး ဆုမွန်ဒိုအာတောင်းပေးကြရန် မွတ်စလင်မ်များကို အထူးနှိုးဆော်အပ်ပါတယ်။

အစ္စလာမ်သာသနာသည် နှစ်သစ်ဟူ၍ သောက်ခြင်း မူးခြင်း အပျော်အပါးလိုက်ခြင်းတို့မှရှောင်ကြည်ပြီး မိမိ၏ နှစ်ဘဝအရှင်ကို သတလျှက်၊ မြတ်နဗီတမန်တော်၏ ဩဝါဒတော်များ ကိုလိုက်နာလျှက်ရှိကြသည်။ သစ္စာတရားအပေါ်မှာ အသက်ရှင်လျှက်ရှိကြသည်။

မြန်မာမွတ်စလင်မ်များမှာ ကျမ်းမြတ်ကုရ်အာန်၏ သွန်သင်ဆုံးမမှုကို လိုက်နာကြရင်း မြန်မာဘုရင်အဆက်ဆက်တွင်သော်လည်းကောင်း၊ ခေတ်အဆက်ဆက်တွင်သော်လည်းကောင်း မြန်မာနိုင်ငံနှင့် လူမျိုးတို့အတွက် အသက်ပေး၍ ကာကွယ်ခဲ့ကြသည်မှာ သမိုင်းထင်ရှားရှိနေဆဲဖြစ်ပါသည်။

မမီး

No comments: